Tuesday, April 16, 2013
Happy Myanmar New Year !!!!
ပျိုမေတို့ လှသည်ထက်လှမယ်ဆိုယင်....
Sunday, April 14, 2013
Fire Facials: Crazy Chinese Fire Treatment which sets your face on fire
အလှအပတရားနဲ့ ပါတ်သက်ပြီး သူတို့ ကိုယ်သူတို့ လှဖို့ သာဆိုယင် အမျိုးသမီးတွေဟာ ခန္ဓာကိုယ်နာ
ကျင်ခံစားမှု ဆင်းရဲဒုက္ခလည်းခံနိုင်ကြပါပေတယ်...
ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ အလှအပနဲ့ ပါတ်သက်ပြီး သည်းခံကြမှာလည်းဆိုတာကို
တော့ စဉ်းစားဖို့ လိုမယ်ထင်ပါတယ်....
တရုတ်နိုင်ငံကအမျိုးသမီးတွေကတော့ ပျိုမေတို့ လှသည်ထက်လှမယ်ဆိုယင် သူတို့ ခန္ဓာကိုယ်ကို မီး
နဲ့ ရှို့ မယ်လို့ ဆိုယင်တောင် အရှို့ ခံကြမယ်ဆိုတာ ဒီသတင်းလေးကသက်သေပြနေပါတော့ တယ်...
ပျိုမေတို့ လှသည်ထက်လှမယ်ဆိုယင်....
ပထမဓါတ်ပုံထဲမှာဆိုယင် အ၀ါရောင်အနှစ်တွေထူပိန်းနေအောင်မျက်နှာမှာလူးထားတဲ့ အမျိုးသမီးတစ်
တဲ့ ပုံပါပဲ....
တာဖြစ်ပါတယ်....
" အမေက အလှပြင်ဆိုင်သွားပြီး မျက်နှာအလှပြင်လို့ ကျွန်မလည်းသူနဲ့ လိုက်သွားခဲ့ တာပါ... အဲဒီမှာ
မြင်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မတကယ်ကိုတုန်လှုပ်သွားခဲ့ ရပြီး ဆက်တောင်မကြည့် ရဲတော့ပါဘူး..."
ယူနိုင်ခဲ့ ပါတယ်...
အသေအချာလေ့ ကျင့် သင်ကြားပေးထားတဲ့ အလှပြုပြင်သူတွေနဲ့ သာ ဂရုတစိုက်ပြုလုပ်မယ်ဆိုယင်တော့
အခုလိုလူ့ ခန္ဓာကိုယ်ပေါ် မီးရှို့ ပြီးအလှပြုပြင်ပေးတဲ့ လုပ်ရပ်ဟာ ဘေးအန္တရယ်မဖြစ်စေပဲ လုံခြုံစိတ်ချရ
ပါတယ်လို့ တရုတ်နိုင်ငံမှ အလှပြင်ဆိုင်များက အခိုင်အမာပြောဆိုခဲ့ ကြပါတယ်...
" ကျွမ်းကျင်တဲ့ အလှဖန်တီးရှင်ကသာ ပြုလုပ်ပေးမယ်ဆိုယင် အရေပြားကို မီးမလောင်ပဲ အပူဓါတ်၊ အ  
နွေးဓါတ်သာရမှာဖြစ်ပါတယ်... ဒါကြောင့် ဒီဖြစ်စဉ်ဟာ ဘေးအန္တရယ်ကင်းရှင်းပါတယ်..." လို့ ဟူလျောင်
သို့ သော်လည်း အင်္ဂလန်နိုင်ငံ Mail Online မှ သတင်းဆောင်းပါးတစ်ခုကတော့ အဆိုပါလုပ်ရပ်ဟာ အ
လွန်အမင်းဘေးအန္တရယ်များလှပါတယ်လို့ ဆိုထားပါတယ်...
Women have always had to endure a certain amount of pain to make themselves beautiful. But how far is actually considered too far? Apparently, there isn't a limit to what Chinese women would do to look good, even if it means setting themselves on fire.
The photograph below shows a woman with a thick yellow face-pack, a towel covering half her face and two balls of fire over her eyes. Yet she looks completely unperturbed. Taken by a Chinese girl when she accompanied her mother to the beauty parlor, the pic has been doing the rounds of several websites ever since it was posted on a Chinese message board last month. Along with the pic the girl posted this message: “My mom went to get her face done at the beauty salon so I went with her. What I saw… instantly shocked me… I couldn't look.” Well, she did look long enough to get a nice shot of her mom’s eyes on fire.
Chinese salons claim that the fire treatment is completely safe and harmless, if performed very carefully by highly trained therapists. According to Huo Liao therapist Suzie Lyng, “When administered by a trained therapist, the skin does not get burned but is warmed. Therefore, the procedure is safe.” But an article in the Mail Online says beauticians in the UK are calling it an extremely dangerous treatment.
Talk about pigheaded... this one's got two: Piglet fights for survival after being born with rare deformity
Friday, April 12, 2013
ခေါင်းနှစ်လုံးနဲ့ ဝက်ကလေး....
ခေါင်းမာတဲ့ အကြောင်းများပြောမလို့ လား..... ဒီဝက်ပေါက်ကလေးဆိုယင်တော့ ခေါင်းကြောနှစ်ထပ်မာ
တယ်လို့ ဆိုရမှာဖြစ်ပါတယ်.... ဘာဖြစ်လို့ လည်းဆိုတော့ ဒီဝက်ကလေးမှာ မွေးကတည်းကခေါင်းနှစ်လုံး
ပါရှိနေခဲ့ လို့ ပါပဲ....
ခဲ့  တာဖြစ်ပြီး နှာခေါင်းနှစ်ခု၊ နားရွက်နှစ်ခု နဲ့ မျက်လုံးကတော့ခေါင်းနှစ်လုံးကနေ မျှကြည့် ရမယ့်အနေနဲ့ 
နှစ်လုံးပါဝင်နေတာဖြစ်ပါတယ်....
အသက်ရှည်ရှည်နေရမှာမဟုတ်ဘူးလို့  ထူးခြားဆန်းကြယ်လှတဲ့ ဝက်ကလေးကို စမ်းသပ်စစ်ဆေးခဲ့ တဲ့ 
တိရိစ္ဆာန်ဆရာဝန်က ဆိုပါတယ်....
Seeing double: According to this little piglet there is-nout wrong with having two heads
 ခေါင်းနှစ်လုံးရှိတော့  နှစ်ဖက်မြင်ရတာပေါ့ .....
Seeing double: According to this little piglet there is-nout wrong with having two heads
ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဝက်ကလေး ပဋိသန္ဓေတည်ကတည်းက သားမျိုးဥဟာ နှစ်ခုကွဲပြီး
ဖြစ်ခဲ့ ပေမယ့် အစောပိုင်းအခြေအနေမှာပဲ နှစ်ကောင်စလုံးဆက်လက်ကြီးထွားဖို့  မဖြစ်ပဲရပ်ဆိုင်းခဲ့ ပြီး တစ်
ကောင်တည်းအဖြစ်နဲ့ သာ ပုံသဏ္ဍာန်ထူးခြားစွာနဲ့ ဆက်လက်ဖြစ်တည်ခဲ့ တာဖြစ့်ပါတယ်....
အခုလိုပဋိသန္ဓေတည်ခြင်းဆိုင်ရာအဖြစ်ထူး၊ အဖြစ်ဆန်းမျိုးဟာ တိရိစ္ဆာတွေမှာရော၊ လူတွေမှာပါ ဖြစ်တတ်
ပြီး နောက်ပိုင်းတွင် ရင်ချင်းဆက်၊ ဦးခေါင်းချင်းဆက် စသည့် အမွှာမျိုးများမွေးဖွားလေ့ ရှိတတ်ပါတယ်...
များနဲ့ လိပ်များလည်း ပေါ်ထွက်ခဲ့ ကြောင်း သတင်းမီဒီယာများတွင်ဖေါ်ပြခဲ့ ကြပါတယ်....
Talk about being pig-headed! This newborn piglet may prove to be twice as stubborn as its siblings as it has not one, but two heads.
The little pig saw the light of day in a village in Jiujiang, east China's Jiangxi province and has two snouts, two ears and a shared eye.
Unfortunately a local vet who examined the rare pig said the deformity would make it difficult for it to survive to adulthood.
The condition is believed to be axial bifurcation, also known as polycephaly, which occurs when an embryo begins to split into twins but the process is haltered in its early stages.
The mutation occurs in both animals and humans, with a further development resulting in conjoined twins.
Although a rare condition , two-headed kittens, sharks and turtles have all been reported in the media in recent years.
World's Most Friendliest Countries
Wednesday, April 10, 2013
ကမ္ဘာပေါ်မှာခင်မင်နှစ်လိုဖွယ်ရာအကောင်းဆုံး (သွားရောက်လည်ပါတ်ဖို့ ) နိုင်ငံများစာရင်းမှာ ရေခဲပြင်တွေ
ဖုံးလွှမ်းနေတဲ့ အိုက်စ်လန်နိုင်ငံက ထိပ်ဆုံးအမှတ် ၁ နဲ့ ဗိုလ်စွဲသွားပါတယ်လို့ ကမ္ဘာ့ စီးပွားရေးဖိုရမ်က အ သစ်ထုတ်ပြန်လိုက်တဲ့ သတင်းအရသိရှိရပါတယ်...
သာယာလှပတဲ့ ရှုခင်းများရှိသော်ငြားလည်း ဘိုလီးဗီးယားနိုင်ငံသူ၊ နိုင်ငံသားများကတော့ ဖော်ရွှေမှုမရှိဆုံး
ခင်မင်နှစ်လိုဖွယ်ရာမရှိဆုံးအဖြစ် သတ်မှတ်ခံရပါတယ်...
This map ranking countries from red (most welcoming) to pale blue (least welcoming) shows the top 20 friendly countries in the world. The UK comes 55th and the US 102nd
ခင်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် အနီရောင်များနှင့် ဆေးခြယ်ထားပြီး အပြာရောင်ဖျော့ ဖျော့ ကတော့ 
ခင်မင်နှစ်လိုဖွယ်ရာမရှိဆုံးပါပဲတဲ့ ...
This map ranking countries from red (most welcoming) to pale blue (least) shows the top 20 friendly countries in the world. The UK comes 55th and the US 102nd
ကမ္ဘာကျော်အမေရိကန် အန်ကယ်ဆန်ကတော့ သိပ်ပြီး မဖော်ရွေတဲ့ စာရင်းအဖြစ် သူငယ်ချင်းဖြစ်ဖို့ အ
ကောင်းဆုံး ၁၀၂ နိုင်ငံ ( စုစုပေါင်း နိုင်ငံ ၁၄၀ မှာ ) အဖြစ်နံပါတ်ချိတ်ခဲ့ ပြီး ကိန်းကြီးကန်းကြီးနိုင်လှတဲ့ 
အင်္ဂလန်နိုင်ငံသားများကတော့ နံပါတ် ၅၅ ချိတ်ပါတယ်...
ကျေးပျူငါမှု၊ ဧည့် ဝတ်ကျေမှုတွေကိုအခြေခံပြီး အဆင့် ခွဲခြားသတ်မှတ်ပေးခဲ့ တာဖြစ်ပါတယ်...
ကမ္ဘာ့ ခင်မင်နှစ်လိုဖွယ်အကောင်းဆုံး ထိပ်ဆုံးဆယ်နိုင်ငံတွေကတော့ အိုက်စ်လန်၊ နယူးဇီလန်၊ မော်ရိုကို၊  မက်စီဒိုးနီးယား၊ သြစတြီးယား၊ ဆီနီဂေါ၊ ပေါ်တူဂီ၊ ဘော့စ်နီးယား ဟာဇီဂိုဗီနား၊ အိုင်ယာလန် နဲ့ ဘာကီနာ ဖာဆို နိုင်ငံတွေပဲဖြစ်ပါတယ်....
ကမ္ဘာ့ ဖော်ရွေမှုမရှိဆုံး၊ ခင်ဖို့ မကောင်းဆုံးနိုင်ငံများကတော့ မွန်ဂိုလီးယား၊ ဘူလ်ဂေးရီးယား၊ဆလိုဗက်၊ ပါ ကစ်စတန်၊ အီရန်၊ လတ်ဗီးယား၊ ကူဝိတ်၊ ရုရှားဖယ်ဒရေးရှင်း၊ ဗင်နီဇွဲလား နဲ့ ဘိုလီဗီးယားတို့ ဖြစ်ပါတယ်...
အကောင်းဆုံးနံပါတ် ၁၅ အဖြစ် ယူအေအီးကိုထည့် ထားကတော့ ထူးဆန်းလှပါတယ်...
ဒူဘိုင်းက အဖြူကောင်တွေကို အလိုလိုက်အကြိုက်ဆောင်ထားလို့ ဆိုတာ မမေးလည်းသိသာပါတယ်...)
Cold place, warm heart: Reykjavik, in Iceland, offers visitors a friendly welcome
သဘာဝပါတ်ဝန်းကျင်က ရေခဲပြီးအေးစက်နေပေမယ့် နွေးထွေးတဲ့ နှလုံးသားလှလှလေးတွေ
Cold place, warm heart: Reykjavik, in Iceland, offers visitors the friendliest welcome in the world (as well as some stunning scenery)
This smiling Icelandic woman - dressed for the freezing climate - is typical of the cheery reception given to foreign visitors, the report says
ရိုးသားနွေးထွေးတဲ့ အပြုံးပိုင်ရှင်မို့ ဧည့် သည်နိုင်ငံခြားသားကို အားပေးကူညီတဲ့ စိတ်မျိုးဖြစ်စေတာပါ...
This smiling Icelandic woman - dressed for the freezing climate - is typical of the cheery reception given to foreign visitors, the report says
Foreign visitors to Bolivia may not find the warmest welcome, according to a new report by the World Economic Forum
ရိုးရိုးကုတ်ကုတ်နဲ့ အကျင့် ပျက်လာဘ်စားခြင်းမရှိတဲ့ ကမ္ဘာ့ လာဘ်စားမှုအကင်းဆုံး သမ္မတကြီး
ရှိတဲ့ ဘိုလီဗီးယားနိုင်ငံသားများကတော့ မဖော်ရွေကြပါဘူးတဲ့ .... ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံအရ
အများသူငါနဲ့ ခင်ခင်မင်မင်မနေတတ်တာလည်းဖြစ်နိုင်ပါတယ်...
Foreign visitors to Bolivia may not find the warmest welcome, according to a new report by the World Economic Forum
Bolivia, home to the Death Road from La Paz to Coroico (the world's most dangerous road) also boasts the world's least friendly people, according to a new report
မို့  လူတွေကလည်း မဖော်ရွေတာများလားလို့ ထင်မှတ်မှားနိုင်ပါတယ်...
Bolivia, home to the Death Road from La Paz to Coroico (the world's most dangerous road) also boasts the world's least friendly people, according to a new report
Despite the freezing climes, the people of Iceland are a friendly lot who will give the international visitor a warm welcomeအေးချမ်းလှတဲ့ နေရာမှာ ရေပူစမ်းနဲ့ အပမ်းဖြေ...
လာခဲ့ လှမ်းခဲ့ ပါလေ မိတ်ဆွေ....
Despite the freezing climes, the people of Iceland are a friendly lot who will give the international visitor a welcome as warm as their hot springs
ဘာသာရေး၊ လူမျိုးရေးဆိုင်ရာဒေသတွင်းပဋိပက္ခများကြောင့် လိုရာဆွဲကာ ဖော်ပြနေတဲ့ သတင်းတွေ
ကြောင့် ကျွန်တော်တို့ ရွှေနိုင်ငံကြီးမှာတော့ အိမ်နီးချင်းထိုင်းနိုင်ငံထက်အဆင့် များစွာနောက်ကျကျန်ပြီး
ဖော်ပြခံခဲ့ ရပါတယ်...
တစ်ကယ်ဆို ခင်မင်နှစ်လိုဖွယ်ရာအပြုံးနဲ့ ကုတင်ပေါ်တက်ပြီးတော့ တောင်နှစ်ယောက်တွဲဓါတ်ပုံအရိုက်ခံ
ခဲ့ သေးတာပဲ အဆင့် သတ်မှတ်ချက်လေးတော့ မြှင့် ပေးသင့် တာပေါ့....
Friday, April 5, 2013
မီးသတ်ဆရာတို့ ရဲ့ ဖြစ်မျိုးစုံလင်...
အင်တာနက်နဲ့ အလှမ်းကွာနေတဲ့ နေရာ၊ အွန်လိုင်းတက်ဖို့ အချိန်မရလောက်အောင်များနေတဲ့အလုပ်တွေ
ကြားထဲကပဲ သံယောဇဉ်ရှိလှတဲ့ ဘလော့ ကလေးကိုတစ်ချက်ပြန်ကြည့် မိတော့ လည်း အသစ်မတင်ရ
တာကြာပေါ့ ဆိုတဲ့ အတွေးလေးဝင်လာတာမို့ ရတဲ့ အချိန်လေးအတွင်း အယင်ကစုထားတဲ့ ပုံကလေးတစ်
Wednesday, February 13, 2013
အမေ….
တယ်လို့ ဆိုတာမို့ ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် ကလေးဘ၀ကတည်းမှစပြီး ပြုစုစောင့် ရှောက်လာ
တဲ့ ငြိမ်းချမ်းအေးမြတဲ့ အပြုံးပိုင်ရှင်အမေ့ ထံမှာပဲ အမေချစ်တဲ့ သား၊ အမေ့ ကိုချစ်တဲ့ သားအဖြစ် သံသရာ
တစ်လျှောက်လုံး ဆုံဆည်းချင်ပါတယ်အမေ….
                ၁၆ နှစ်လုံးလုံးအမေ့ ကိုလုပ်ကျွေးခွင့် ရခဲ့ ပေမယ့် လည်း တုနှိုင်းမမှီတဲ့ အမေ့ မေတ္တာနဲ့ ယှဉ်
လိုက်ယင်တော့ အမေ့ ကိုသားကျေးဇူးဆပ်ခဲ့ တဲ့ ကာလလေးဟာ အမြဲစီးဆင်းနေတဲ့ မိခင်ဧရာဝတီမြစ်ကြီး
မှာ တစ်ခဏတာမျှရေပြန်ထိုးတဲ့ဆန်ရေအငယ်လေးတစ်ခုသာသာပဲ၇ှိမှာပါအမေရယ်….
                 အသက် ၈၀ ဆိုတာအခုခေတ်လူတွေသက်တမ်းနဲ့ ဆိုယင် မနည်းလှပါဘူးလို့ ဆိုနိုင်ပေမယ့် 
သားအတွက်ကတော့ အမေ သံသရာခရီး၇ှည်ကိုရုတ်တရက်ထွက်သွားခဲ့ တာဟာမြန်လွန်းလှပါတယ်လို့ ဆို
ချင်ပါတယ်အမေ….
                  အမေ့ ရဲ့ နောက်ဆုံးအချိန်လေးမှာ အမေ့ ဘေးမှာသားကိုရှိစေချင်သလိုသားကလည်းအမေ့ 
သိမ့် နိုင်ခဲ့ ပါတယ်အမေ….
                  ပြီးတော့ အမေ့ ကိုမိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှ မိရိုးဖလာလွန်ဗုဒ္ဓဘာသာဝင်ကောင်း
တစ်ယောက်ဖြစ်အောင်၊ပါရမီတွေဖြည့် ဆည်းနိုင်အောင်တရားစခန်းတွေအကြိမ်ကြိမ်ဝင်ပြီးသတိပဌာန်
တရားတွေ အားထုတ်နိုင်ဖို့ ၊ ရဟန်းဒါယိကာမဖြစ်အောင်သားကိုယ်တိုင် ဒုလ္လဘရဟန်းဝတ်ပေးနိုင်ခဲ့ ခြင်း
တို့ ဖြင့် အမေ့ ကို ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်ခဲ့ တဲ့ အတွက်လည်းအမေ့ အတွက်သား ကျေနပ်နှစ်သိမ့် နိုင်ခဲ့ ပါ
တယ်အမေ...
                  ဒါပေမယ့် အမေရယ်… သားအိမ်ပြန်ရောက်လို့ သုံးလအတွင်းမှာပဲ အမေသားတို့ ကို စိတ်ချ
လက်ချထားခဲ့ တာကတော့ မြန်လွန်းလှပါတယ်… အဝေးတစ်နေရာက သားပြန်ရောက်လာလို့ အားတင်း
ထားတဲ့ စိတ်တွေလျော့ ချလိုက်တာလားလို့ လည်းသားထင်မိပါတယ်… အမေ့ မြေးလေးတွေနဲ့ အမြဲပျော်
ရွှင်နေတဲ့ ပုံရိပ်တွေသားဘယ်လိုမေ့ ပျောက်နိုင်ပါ့ မလည်းအမေ….
                    အမေနဲ့ သားတို့ ဒီဘ၀မှာရှိနေခဲ့ စဉ် ပုထုစဉ်ပီပီ အမှားမကင်းတာမို့ အမေ့ အပေါ်သားပြစ်
မှားကျူးလွန်ခဲ့ မိတာတွေရှိယင် ခွင့် လွှတ်ပါလို့ သားတောင်းပါကန်တော့ ပါတယ်အမေ….အမေအမြဲတမ်း
ခွင့် လွှတ်မယ်ဆိုတာလည်းသားယုံကြည်ပါတယ်အမေ…
                     ထပ်ပြောပါရစေအမေ…. သံသရာအဆက်ဆက် အမေချစ်တဲ့ သား၊ အမေ့ ကိုချစ်တဲ့ သား
အဖြစ်နဲ့ ပစ္ဆိမနောက်ဆုံးဘ၀အထိ အကြိမ်ကြိမ်ဆုံတွေ့ နိုင်ရပါစေအမေ….
                                                                         အမေချစ်တဲ့ သား....
Tuesday, February 5, 2013
"မသိရာဆီပြန်သွားရလိမ့် မယ်"
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး....
လူ့ ဘ၀ တစ်ကြိမ်တစ်ခါရရှိဖို့ တိရစ္ဆာန်ဘ၀ပေါင်း တစ်ရာလောက်ကျင်လည် ရင်းနှီးခဲ့ ရတယ်။
တိရစ္ဆာန်ဘ၀က ပါလာတဲ့ အရှိန်အဟုန် သတ္တိစရိုက်ဥာဉ်တွေ
မပြယ်တတ်သေးတော့ လူတွေဟာ မေ့ မေ့ မျောမျောကြီးနဲ့ 
အာရုံခံစားပါလေရော။ တစ်ခါ တစ်ဖက်က အာရုံငါးပါး ဖမ်းစားမှုကလည်း လူတွေကို မေ့ လျော့ အောင် ပြုစားထားသလို ရှိတဲ.အတွက်
"မေ့ ကျင့် " ရလာကြတယ်။
နေတော့ လည်း မေ့ လျော့ တွေဝေ၊ သေတော့ လည်း ဒီလိုပဲ မေ့ လျော့ တွေဝေ ၊
မောဟနဲ့ သေမယ်ဆိုရင် လာရာလမ်းကို ပြန်ရမယ်။ လာရာလမ်းဆိုတာကတော့ 
မောဟဘုံလို့ ခေါ်တဲ့ တိရစ္ဆာန်ဘ၀တွေဆီပဲပေါ့ ။
မသိရာက စခဲ့ ပြီး မသိရာမှာ ဆုံးခဲ့ ရင် မသိရာဆီပြန်သွားပြီး၊
မသိရာက ပြန်စရလိမ့် မယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
World’s Widest Hips
Sunday, January 20, 2013
လှတာချက်စားလို့ မရဘူး....
သားသမီးလေးယောက်တို့ ၏မိခင် အသက် ၄၀ အရွယ်ရှိ မီကယ်ရပ်ဖ်ဖီနယ်လီ အမည်ရှိအမျိုး
သမီးကြီးကတော့ ကမ္ဘာ့ အကြီးဆုံး တင် ရှိသူဖြစ်ပါတယ်...
မီကယ်ရဲ့ ရင်တုန်ပန်းတုန် တင်ပဆုံအတိုင်းအတာကတော့ ကြောက်ခမန်းလိလိ ၈ပေ (၉၆လက္မ)၊
(၂.၄ မီတာ) ရှိပါသတဲ့ ....
သူမရဲ့ ကိုယ်အလေးချိန်ကလည်း ပေါင် ၄၂၀ ( ကီလို ၁၉၀ ) ပါတဲ့ ခင်ဗျာ...
ကဲ...
ခြင်္သေ့ လည်ပြန်၊ သမင်လည်ပြန် ဆရာကြီးတို့ အတွက် အကောင်းဆုံးဆောင်းတွင်းအနွေးထည်
ပါပဲ...
40-year-old mother of four Mikel Ruffinelli has world's widest hips. Mikel’s hips measure a staggering 8 feet (2.4 meters) in circumference and she weighs in at 420 pounds (190 kg’s).
 အလှတွင် တင်တင်ဆင့် ပါလို့ ...
 နှမလင် ကြင်ကြင် မြင့် ပါတဲ့ ....
 ယဉ်ယဉ်တင့် ပါတဲ့ ခင်နှမရယ်...
 သြော်.... ဘ၀င်တင့် ပါတဲ့  သူဇာနွယ်...
 ခင်သန္တာသက်ချိုပြုံးရယ်လို့ ...
 ကြင်နာကာ သက်ဆယ်မမုန်းပြီမို့ ...
 အိုဘယ့် .... မောင့် သက်သက်လယ်....
ဘ၀င်တုန်ရင်ခုန်လို့ မဆုံး...