နိုင်ရိုဘီမှာ အပိုင်ဆိုပြီ....
ရွှေပြည်ကြီးနဲ့ ဝေးကွာလှတဲ့ ရပ်ဝေးမြေခြားပြည်ပမှာ အနေကြာတဲ့ ကိုပီတာတစ်ယောက်လည်း
ကိုယ့် ရပ်ကိုယ့် မြေ၊ ကိုယ့် ဒေသကိုပြန်ချင်နေပါပြီ...
ဒီကြားထဲရွှ့ရင်သိမ်းသစ်စအပျိုမလေးလို နုသစ်ဖူးရစ်လှတဲ့ သယံဇာတ၊ သဘာဝရေမြေ၊တော
တောင်တွေနဲ့ လှပတဲ့ နိုင်ငံမို့ အခုလိုခေတ်သစ်၊ စနစ်သစ်မှာ ရင်းနှီးမြုပ်နှံမယ့် သူတွေကလည်း
အလုအယက်စိတ်ဝင်တစားနဲ့ ရှိနေကြတာမို့ အလုပ်အကိုင်အခွင့်အလမ်းများလည်းပက်ပက်စက်
စက် များပြားလာလိမ့် မယ်လို့ မျှော်မှန်းတွေးဆနေမိသေးတဲ့ အပြင် ပြန်လာခဲ့ ပါချစ်မိတ်ဆွေဆို
ပြီး ဟစ်ကြွေးအော်ခေါ်နေတဲ့ သူကလည်းရှိတာမို့ အလုပ်အကိုင်မရလည်းကိုယ်ပိုင်လုပ်ငန်းလေး
ပဲလုပ်မယ်လို့ စိတ်ကူးပေမယ့် ရှိတဲ့ ဖွတ်ကလိဒင်္ဂါးနဲ့ တော့ မဖြစ်နိုင်ချေဘူးရယ်လို့ စိတ်ဓါတ်ကျ
နေတုံး ကင်ညာနိုင်ငံ မြို့ တော်နိုင်ရိုဘီမှ ကိုယ်ပိုင်ဈေးဆိုင်၊ ကုန်စုံဆိုင်တွေရဲ့ ပုံတွေမြင်လိုက်ရ
တော့ မှပဲ ကိုယ်လည်း သူတို့ လောက်တော့ တတ်နိုင်ပါပေတယ်ဆိုပြီး အားတက်မိပါတော့ 
တယ်....
ဘာပဲဖြစ်ဖြစ် အမျိုးချစ်တဲ့ အနေနဲ့ ပြည်တော်ပြန်မယ်ဗျာ...ဟဲဟဲ...
ကဲ ....
Steve Bloom ဆိုသူရိုက်ကူးထားတဲ့ ကင်ညာက အကြင်နာရမယ့် ပုံလေးတွေကြည့် ကြ
ရအောင်လားဗျာ...
Photographs by
Steve Bloom capture the life
of storekeepers in Nairobi, the capital of Kenya, who sell their
services or goods in a poverty-stricken region.
အရင်းအနှီးသိပ်အများကြီးမလိုတဲ့ ရိုးရာပရဆေးဆိုင်...
ပုံလေးနဲ့ တစ်ကွကြေငြာလိုက်တော့ ရောင်းအားသွက်ရပြီပေါ့ ...
ကိုယ်လိုပဲ နိုင်ငံခြားပြန် ဂျိုကျိုးနားရွက်ပဲ့ လေးများနဲ့ တွေ့ လိုစုမိယင် အခုလိုမျိုးဖက်စပ်
ဟိုတယ်လေးလောက်တော့ ဖြစ်နိုင်ပါတယ်...ရွှေပြည်ကြီးရောက်ယင်ဆက်သွယ်ကြပါဗျာ...
ဒါမှမဟုတ် ခရိုနီတွေလက်ဝါးကြီးအုပ်ထားတဲ့ ဓါတ်ဆီဆိုင်တွေကို အပီအပြင်လိုက်ပြိုင်ဖို့ 
အတွက် ဒီလိုမျိုးဓါတ်ဆီဆိုင်လည်းထောင်မယ်လို့ ကြံစည်စိတ်ကူးမိပါတယ်...
ရှယ်ရာပါဝင်လိုသူများစုံစမ်းဆက်သွယ်ပါ...
စီးပွားရေးလက်ခွဲအနေနဲ့ ဆိုနီတံဆိပ်သီးသန့် ပဲ ကိုင်မယ့် ရုပ်မြင်သံကြားစက်အရောင်းဆိုင်တွေ
လည်းထပ်ဖွင့် လိုက်ဦးမယ်....
ကားဈေးတွေ ပက်ပက်စက်စက်ကျတာမို့ လူတိုင်းကားဝယ်စီးနိုင်တော့ မယ်လေ...
ဒါကြောင့် ဈေးကွက်လိုအပ်ချက်ကြီးမားမယ့် ကားရေဆေးလုပ်ငန်းလည်း မလုပ်မဖြစ်
လုပ်ရမယ့် အထဲမှာ ပါတယ်လေ... တွဲရက်ကတော့ မြင်တဲ့ အတိုင်း အသက်ပြည့် သူများ
သာ ၀င်ရောက်ဆင်နွှဲရမယ့် ဝန်ဆောင်မှုလုပ်ငန်းတဲ့ ...
အရှုံးမရှိ၊ ကျိန်းသေပေါက်အမြတ်ရစေမယ့် အရက်ဘားလည်း အပီအပြင် ဖွင့် မယ်လေ...
ဘယ်တော့ မှအရှုံးမပေးလေနဲ့ ....ဘ၀ဆိုတာတိုက်ပွဲတဲ့ ...
သောက်ပွဲနဲ့ ဆက်နွှဲစို့ တူပျော်ပျော်ပေါ့ ...
ဆံပင်ညှပ်၊ အလှပြင်လုပ်ငန်းဆိုတာကလည်း ထမင်းမစားယင်သာနေမယ် ဆံပင်မညှပ်ပဲ၊
အလှမပြင်ပဲ မနေကြမှာမို့ သေချာပေါက် အကျိုးအမြတ်ရှိမှာပါပဲ...
လက်မလွှတ်သင့် တဲ့ လုပ်ငန်းပေါ့ ...
ချောမောခန့် ငြားခြင်းဆိုတာ သင့် ရဲ့ မွေးရာပါအခွင့် အရေးပါလို့ ကြေငြာလိုက်မယ်လေ....

ပြင်ဆင်ထုံးဖွဲ့ ၊ ဖြတ်ညှပ်ပုံသွင်းနိုင်တဲ့ ဆံပင်ပုံဆံများကတော့ လျှံထွက်၊ လန်တက်နေတာပါပဲ...
ကြိုဆိုပါတယ်မိတ်ဆွေ.... ဒါပေမယ့် ပိုက်ဆံမပါယင် ၀င်မလာခဲ့ နဲ့ နော်...
ဒီဖက်မှာငွေအယင်ချေပြီးမှ ဟိုဖက်မှာ ပစ္စည်းယူပါ....
စီးပွားရေးလုပ်ရတာ လွယ်မှတ်လို့ ဗျာ...
တစ်နေရာရာမှာ တရားမျှတမှုမရှိပဲ နိုင်ထက်စီးနင်းလုပ်တာဟာ နေရာတိုင်းမှာ တရားမျှတမှု
မရှိတာနဲ့ အတူတူပါပဲ....ဘာတဲ့  One is too many တဲ့ နော်... ပူပူနွေးနွေးလေးပြောသွားတာ...

ဖက်စပ်လုပ်မယ့် သူမရှိလည်းကိုယ့် ဘာသာကိုယ်တစ်ဦးတည်းတည်ထောင်မယ့် ဟိုတယ်
ပေါ့ ဗျာ... ပိုင်ရှင်လည်းကိုပီတာပဲ...မန်နေဂျာလည်းကိုပီတာပဲ... ဧည့် ကြိုလည်း ကိုပီတာ
ပါပဲ...လုံခြုံရေးလည်း ကိုပီတာပါပဲ...
ခင်တယ်မင်တယ်ဆို လာတည်းကြနော်....
ဒါကတော့ ယောက်ဖကိုလွှဲပေးထားတဲ့ လက်ခွဲဟိုတယ်ပေါ့ ...
အိမ်အကူ အကျိုးဆောင်လုပ်ငန်းလည်း မခေဘူးဗျနော်...
ရွှေပြည်ကြီးမှာက ပြည်တော်ပြန်လူ့ မလိုင်တွေများလာမယ့် အပြင် ပြည်တွင်းနေလူချမ်းသာ
တွေလည်း ပေါများလာမှာဆိုတော့ လိုအပ်ချက်က မြင့် မားလာမယ်လေ...
ပြည်ပကိုတော့ လုံးလုံးမပို့ ပါဘူး...အမျိုးဘာသာ ကာကွယ်ရမယ်လေ...
အသားငါးဆိုလည်း ငွေစကြေးစရှိသူတွေများတော့ဝယ်ခြမ်းစားသောက်ကြဦးမှာမဟုတ်လား...
အရောင်းသွက်မှာသေချာတယ်....လုပ်ဖြစ်အောင်လုပ်ရမယ့် လုပ်ငန်းတစ်ခုပဲ...
တတ်မြောက်ကျွမ်းကျင်တဲ့ အဖျက်လုပ်ငန်းနဲ့ တော့ အံကိုက်ပဲပေါ့ ...
အားလပ်ချိန်လေးတွေမှာ ကလိယင်း အပိုဝင်ငွေလေးလည်းရပေါ့ ...
ကားတွေ၊ ယာဉ်တွေများလာမှာမို့ လေထိုးကျွတ်ဖာလည်း လုပ်မယ်လေ...
ဇနီးကိုတော့ အလကားဘယ်ထားမလည်း မျက်စေ့ အောက်မှာလည်းရှိ၊ အလုပ်လေးနဲ့ 
တင့် တင့် တယ်တယ်လည်းဖြစ်အောင် ဈေးဆိုင်၊ ကုန်စုံဆိုင်လေးတည်ပေးထားမယ်လေ...
သူ့ ကိုပို့ မယ်လို့ ကတိပေးထားတဲ့ လန်ဒန် လည်းအမောပြေလေးဖြစ်အောင် ဆိုင်းဘုတ်
လောက်တော့ လုပ်ပေးလိုက်မယ်လေ...
အမြင်ကျယ်ပြီး အကွက်မြင်တဲ့ လင်ယောကျာင်္းကိုရလို့ သူ့ ခမျာလည်း အမြင်တွေကျယ်လာ
ရရှာပါပြီ....
ဘုရားသခင်ဖွင့် မဖွင့် တော့ မသိဘူး... ကိုပီတာဖွင့် တဲ့ ဆိုင်ကတော့ ပိတ်လို့ ကိုမရဘူး...
တံခါးမရှိလို့ လေ....
ဘာ....လိုးရှင်းလူးတဲ့ အခွေ...ဟုတ်လား...ဟိုအခွေ၊ သည်အခွေများရှိတယ်လို့ လာမမေးနဲ့ ...
အပိုင်ဝယ်ယင် စက်ထဲတစ်ခါတည်းကူးထည့် ပေးလိုက်မယ်....ဘယ်တော့ မှ မငှားဘူး...
လူကလည်းနုနု၊ နှလုံးသားကလည်း နုနုမို့ အချစ်သီးသန့် ကားတွေချည်းတင်ပစ်မယ်...
အနုပညာဓါတ်ခံကလည်းရှိတာမို့ ဂီတနဲ့ ပါတ်သက်တဲ့ လုပ်ငန်းလည်း လုပ်ဦးမှာ....
သားသမီးတွေပွားစီးမယ်ဆိုတော့ ဟိုတယ်နဲ့ တင်မလုံလောက်တော့ ဘူး...
ဘေးနားမှာ ဆေးဆိုင်ပါတွဲဖွင့် လိုက်မယ်လေ....တည်းခိုနေထိုင်ယင်း အရေးတကြီးလိုအပ်မယ့် 
ကိစ္စတွေအတွက် ဆေးဝါးဆိုလည်းမပူရတော့ ဘူးပေါ့ ....
အုပ်...အုပ်ပြီးမှထရတဲ့ အုက္ကဌကြီးရဲ့ ပုံလည်း မပျက်မကွက်ချိတ်ပါ့ မယ်...
အ၀တ်တွေလျှော်ဖွပ်၊ မီးပူတိုက်တဲ့ လုပ်ငန်းလဲ မကျန်စေရပါဘူး...
ယောက္ခမဆီက အမွေရထားတဲ့ မီးပူအကောင်းစားကြီးကမြင်တဲ့ အတိုင်းပဲလေ...
ဖက်ရှင်ပုံဒီဇိုင်းလှလှလေးတွေလည်းအင်တာနက်မှာရှာကြံထားတာမို့ စက်လည်းချူပ်
ဦးမယ်ဗျာ....
သတင်းမီဒီယာခေတ်ကြီးမို့ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးလည်းချန်ထားလို့ ဘယ်ဖြစ်မလည်း....
နောက်ဆုံးကြံရာမရယင်တော့ ပိုင်ပိုင်နိုင်နိုင်ကြီးကိုကျွမ်းကျင်တဲ့ ဘာသာရပ်ဖြစ်တဲ့ ...
ဒီအလုပ်ပဲလုပ်တော့ မယ်ဗျာ... အလုပ်မရှိလို့ မဖြစ်ဘူးလေ...သူ့ ခမျာလည်းမပေါ့ မပါးကြီးနဲ့ 
မဟုတ်လား....
ရွှင်လန်းချမ်းမြေ့ ကြပါစေ....