အမှတ်တရလွှတ်တော်အဆောက်အဦး

Wednesday, August 27, 2008
        တလောကသတင်းတွေထဲမှာနေပြည်တော်မှာလွှတ်တော်အဆောက်အဦးအသစ်
ဆောက်နေတဲ.သတင်းဖတ်မိတော.လက်ရှိရန်ကုန်ကပြည်သူ.လွှတ်တ်ာအဆောက်အဦး
ကိုသတိရမိတယ်။မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)လက်ထက်မှာပြည်သူ.လွှတ်
တော်အစည်းအဝေးတွေပြုလုပ်ခဲ.တဲ.အဆောက်အဦးဟာရန်ကုန်မြို.ပြည်လမ်းမကြီးပေါ်
မှာရွှွှေတံဂုံစေတီကြီးရဲ.အနောက်ဖက်မုဂ်တည်.တည်.ကြားမှာပြည်သူ.ရင်ပြင်ပဲခံပြီးရှိနေ
ပါတယ်။ကြီးမားကျယ်ပြန်.တဲ.မြေကွက်၊စိမ်းစိုနေတဲ.သစ်ပင်ကြီးငယ်များစွာနဲ.ဝေဆာနေ
ပြီးအဆောက်အဦးကြီးကလည်းခန်.ငြားထည်ဝါလှပါတယ်။
         ထိုစဉ်တုံးကပြည်သူ.လွှတ်တော်အဆောက်အဦးလို.သာခေါ်တာ၊တစ်ကယ်တော.
အဲဒီမှာပြည်သူ.လွှတ်တော်၇ုံးနဲ.နိုင်ငံတော်ကောင်စီ၇ုံးဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်။ပင်မ
လွှတ်တော်ခန်းမကြီးရှိတဲ.အဆောက်အဦးဘက်ခြမ်းကိုပြည်သူ.လွှတ်တော်ရုံးအဖြစ်ဖွဲ.စည်း
ထားပြီး၊အလုံလမ်းဘက်ကအခြမ်း(လွှတ်တော်မုခ်ဦး)ညာဘက်အခြမ်းကိုတော.နိုင်ငံတော်
ကောင်စီ၇ုံးအဖြစ်ဖွဲ.ထားတာပါ။အဲဒီဘက်အခြမ်းရဲ.အပေါ်ထပ်မှာနိုင်ငံတော်ကောင်စီဝင်
တွေရဲ.၇ုံးခန်းတွေရှိပါတယ်။သူတို.ကအပေါ်ဆုံးအထပ်ပေါ.။န၀တခေတ်ကဒုတိယဗိုလ်ချူပ်
ကြီးဖုန်းမြင်.တို.အဲဒီ၇ုံးခန်းတွေမှာ၇ုံးထိုင်ခဲ.ကြသေးတာပေါ.။နိုင်ငံတော်လုံခြုံရေးကောင်စီ
ဝင်ဆိုတဲ.ရာထူးနဲ.သူတို.၀န်ကြီးရာထူးကပြုတ်ပြီးနောက်ပိုင်းပေါ.။အဲဒီအောက်ကအထပ်မှာ
တော.နိုင်ငံတော်ကောင်စီရဲ.အဖွဲ.ခွဲတွေ၊ဥပမာတရားစီရင်ရေးအဖွဲ.၊စီးပွားရေးရာအဖွဲ.စတဲ.အဖွဲ.
ငယ်လေးတွေရဲ.အစည်းအဝေးခန်းမတွေရှိပါတယ်။အောက်ဆုံးထပ်ကတော.သာမာန်၇ုံးဝန်
ထမ်းတွေရဲ.ရုံးခန်းတွေပေါ.။နိုင်ငံတော်ကောင်စီရုံးဘက်အခြမ်းကအဆောက်အဦးပုံစံဟာ
အလယ်မှာမြေကွက်လပ်ကြီးကိုဝန်းရံထားတဲ.စတုရန်းပုံအဆောက်အဦးပါ။ပြည်သူ.လွှတ်
တော်ကတော.အစည်းအဝေးခန်းမကြီးရှိတဲ.အတွက်လုံးချင်းပါ။အဲဒီမှာလည်းအောက်ဆုံး
ထပ်က၇ုံးဝန်ထမ်းတွေရဲ.၇ုံးခန်းတွေပါ။
         ပြည်သူ.လွှတ်တော်၇ုံးရဲ.အနောက်ဘက်အလုံလမ်းအခြမ်းမှာတော.နိုင်ငံတော်သမတ
အိမ်တော်ရှိပါတယ်။အယင်လွှတ်တော်အဆောက်အဦးမပြီးခင်တုံးကအဲဒီအိမ်တော်ဝန်းထဲမှာ
ပဲလွှတ်တော်အစည်းအဝေးတွေလုပ်တာပါ။နိုင်ငံတော်ကောင်စီ၇ုံးနဲ.ပြည်သူ.လွှတ်တော်ဟာ
မြန်မာပြည်ရဲ.ကျက်သရေဆောင်ရွှေတံဂုံစေတီတော်ကြီးနဲ.နီးကပ်စွာရှိနေတဲ.အတွက်သူ.ထက်
ကောင်းတဲ.နေရာတော.မတွေ.မိတော.ပါဘူး။နိုင်ငံတော်ရဲ.အဓိကတိုင်းပြည်ရဲ.ကံကြမ္မာကိုဆုံးး
ဖြတ်မယ်.အရေးကိစ္စတွေကိုဆွေးနွေးတဲ.အခါရွှေေ၇ာင်တစ်ဝင်းဝင်းနဲ.ရွှေတိဂုံစေတီကြီးကိုဖူး
တွေ.နေရတာကိုကတိုင်ပင်ဆွေးနွေးမယ်.ကြောင်းအရာတွေကိုဓမ္မနဲ.အညီဖြစ်စေဖို.ဖြစ်မနေ
ဘူးလာ။ဒါကလဲစိတ်ထားတတ်မယ်.သူရဲ.စိတ်နဲ.ပဲဆိုင်တယ်ထင်ပါတယ်။ ၁၉၈၈ ခုနှစ်တုံးက
ဦးစိန်လွင်ဟာရွှေတိဂုံစေတီတော်ကြီးကိုဖူးတွေ.နေရတဲ.ထိုလွှတ်တော်မုခ်ဦးကနေပဲကျောင်း
သားတွေကိုပစ်ခတ်နှိမ်နင်းဖို.အမိန်.ပေးခဲ.တာပါ။အခြေအနေနဲ.အခါအခွင်.ကိုအသုံးမချတတ်
သူအတွက်တော.ဘုရားဖူးလျက်ကငရဲလားမယ်.အလုပ်ကိုလုပ်နေမိလျက်သားဖြစ်တတ်ပါတယ်။

          အခုတော.ရှိနေပြီးသားအဆောက်အဦးကိုလစ်လျူရှုပြီးနောက်ထပ်တစ်ခုကိုနိုင်ငံပိုင်ငွေ
ကြေးအမြောက်အမြားအကုန်အကျခံပြီးထပ်ဆောက်တဲ.သူရဲ.ရွှေဥာဏ်တော်စူးရောက်မှုကတော.
အံ.သြမကုန်နိုင်တယ်လို.ပြောရတော.မှာပါ။

အဖေနှင်.သားများ

Saturday, August 23, 2008


                      
      သောကြာနေ.ကလန်ဒန်မှာပြုလုပ်တဲ.ပြင်သစ်၊အီတလီ၊သြတေးလျ၊နဲ.အိုင်းရစ်၊အင်ဂလန်က
မြင်းစီးအကျော်အမော်တွေပါတဲ.မြင်းစီးပြိုင်ပွဲမှာဒူဘိုင်းရဲ.ဘုရင်ခံစော်ဘွားရှိတ်မိုဟာမက်မာ.တွန်း
နဲ.သားများကအနိုင်ရသွားပါတယ်။အရှေ.အလယ်ပိုင်းကလူငယ်များရဲ.စိတ်ကူးယဉ်စံပြခေါင်းဆောင်
အဖြစ်နှစ်နှစ်ဆက်တိုက်စစ်တမ်းကောက်ယူသုတေသနပြုမှုမှာရွေးချယ်ခံရတဲ.ရှိတ်မိုဟာမက်ဟာ
တကယ်လည်းပုံပြင်ထဲကစစ်ဘုရင်တစ်ပါးအလားကာယဗလ၊ဥာဏဗလနဲ.ပြည်.စုံတယ်ဆိုတာဒီသ
တင်းနဲ.ဓါတ်ပုံကိုကြည်.တာနဲ.တင်သိနိင်ပါတယ်။သူရဲ.ထူးခြားဆန်းသစ်တဲ.အတွေးအခေါ်တွေနဲ.
သတ္တိရှိရှိဆုံးဖြတ်အုပ်ချူပ်နိုင်တဲ.အရည်အချင်းတွေကြောင်.ဒူဘိုင်းဟာယနေ.ကမ္ဘာမှာတစ်ရှိန်
ထိုးကျော်ကြားနေတာဖြစ်ပါတယ်။ယူအေအီးနိုင်ငံရဲ.မြို.တော်အဘူဒါဘီထက်ပိုပြီးတိုးတက်ကာ
ကမ္ဘာ.စီးပွားရေး၊နိုင်ငံရေးလောကမှာပါပိုမိုလူသိများအောင်စွမ်းဆောင်နိုင်တဲ.သူ.အရည်အချင်း
ကိုကြည်.ယင်အာရပ်ကမ္ဘာကလူငယ်များရဲ.စံပြခေါင်းဆောင်အဖြစ်ရွေးခံရတာမဆန်းဘူးလို.ဆို
ရမှာပါ။မြင်းလောင်းတာဝါသနာကြီးတာ၊နိုင်ငံခြားသားအလုပ်သမားတွေကိုလစာနည်းနည်းပဲပေး
ပြီးခိုင်းတာစသည်.မကောင်းကွက်တွေရှိပေမယ်.သူ.တိုင်းပြည်သားတွေအတွက်ကတော.ခေါင်း
ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။သူ.တင်မကသူ.ရဲ.သားများဟာလည်းမြင်းစီးချန်ပီယံ
တွေဖြစ်ပြီးသမီးတစ်ယောက်ကတော.အာရပ်နိုင်ငံများရဲ.ကာရာတေးရွှေတံဆိပ်ဆုကိုရထား
ပြီးယ္ခုလက်ရှိပီကင်းအိုလံပစ်မှာဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

            လက်ရုံးရည်ရောနှလုံးရည်ပါပြည်.၀တဲ.ခေါင်းဆောင်ကောင်းကိုရထားတဲ.ဒူဘိုင်းပြည်
သူများရဲ.ဘ၀နှင်.ဘယ်ဘက်လက်နှင်.တိုင်းပြည်ရဲ.ဘဏ္ဍာကိုခိုးပြီးညာဘက်လက်နှင်.မိမိရဲ.ပြည်
သူပြည်သား၊ရဟန်းရှင်လူတွေကိုနှိပ်စက်တဲ.ကိုယ်တော်ရွှေရဲ.ပြည်သူပြည်သားတွေဖြစ်ရတဲ.ကျွန်
တော်တို.တစ်တွေရဲ.ဘ၀တွေကတော.ပြောပြလို.မရနိုင်လောက်အောင်ကွာခြားတယ်ဆိုယင်ဒီ
ဒူဘိုင်းကိုမရောက်ဘူးတဲ.သူ၊ဒူဘိုင်းအကြောင်းပြည်.ပြည်.စုံစုံမဖတ်ဘူးတဲ.သူဆိုယင်တော.ဘယ်
သိနိုင်မလဲပေါ.ဗျာ။

သွေးယူရမယ့် မနက်ဖြန်

Sunday, August 17, 2008
ရင်ကိုလာမှန်တဲ.ကဗျာတစ်ပုဒ်ဖတ်မိလို.ခွင်.တောင်းပြီးတင်လိုက်တယ်။သုံးထားတဲ.စကားလုံး
တွေကအားမာန်အပြည်.နဲ.မို.ဖတ်မိသူကိုစိတ်ဓါတ်ခွန်အားတွေတက်ကြွစေတယ်။စိတ်စွမ်းအား
မြှင်.စာပေပေါ.။ဘယ်လိုရှုထောင်.ကပဲကြည်.ကြည်.ကျွန်တော်တို.အတွက်မနက်ဖြန်တိုင်းဟာ
မျှော်လင်.ချက်၊တိုက်ပွဲပါပဲ။



သွေးယူရမယ့် မနက်ဖြန်

ငါတို့ရဲ့မနက်ဖြန်ကို......

ငါတို့ကိုယ်တိုင် သွေးယူရလိမ့်မယ်

ပြန်မရနိုင်တော့တဲ့ တမ်းတစိတ်နဲ့

အပေါင်ဆုံးလက်မှတ်ကြီးကိုင်ပြီး..

ငိုင်နေရမယ့် ဘ၀တွေမဟုတ်ပါဘူး......

အားလုံးရဲ့ပိုင်ဆိုင်မှုကို...

ငါတို့ပေါင်နှံခဲ့တာမှ မဟုတ်တာ...။

အရိုးဘဲကိုက်ဘူးတဲ့ ခွေးတစ်အုပ်က

လက်ဝါးကြီးအုပ်ပြီး ဘုရင်လုပ်ချင်နေတာလေ...။

ခင်ဗျားဖြစ်ဖြစ် ကျုပ်ဖြစ်ဖြစ်...

မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ်.....

တိုက်ပုံနဲ့ရင်ဖုံးဝတ်ပြီး....

ကိုယ့်ကိုကိုယ် မှန်ထဲမှာ

ရဲရဲပြန်ကြည့်ရဲတဲ့ တစ်နေ့....

ငါတို့တစ်နေရာမှာ ပြန်ဆုံရလိမ့်မယ်..။

နွားကွဲလို့ကျားဆွဲတာ

လူကြားကောင်းပေမယ့်...

ကျားကွဲလို့ခွေးဆွဲတာ.....

ရာဇ၀င်နာတယ်..။

..........

ငါတို့အပေါင်ဆုံးသွားတာ မဟုတ်ပါဘူး

အလုခံထားရတာပါ

ဘယ်နေ့နောက်ဆုံးဆိုတာ...

သတ်မှတ်ချက်မရှိတဲ့ တိုက်ပွဲ

ဇွဲရှိမယ်ဆို.......

မနက်ဖြန်တိုင်းဟာ.....တိုက်ပွဲဘဲဟေ့..။


သစ်နက်ဆူး

ဘာရထားလည်းမေးပါဦး

Saturday, August 16, 2008
ဖတ်စေချင်တဲ.ဆောင်းပါးကောင်းလေးတစ်ပုဒ်ပါ။လင်.ခ်ကိုတိုက်ရိုက်ညွန်းလို.ရပေမယ်.
ကိုယ်.ဘလော.မှာပါမှတ်တမ်းအနေနဲ.ရှိစေချင်လို.ပါ။တော်ကြာမူရင်းဘလော.ကပိတ်သွား
ခဲ.ယင်မကျန်ရစ်ခဲ.မှာစိုးလို.ပါ။ ပိတောက်မြေဘလော.ကယူထားတာပါ။



လူဆိုတာ ကိုယ်မြင်ဖူးတာ ကြားဖူးတာတွေကို အခြေခံပြီး စဉ်းစားတာဆိုတော့ ဘဝ အတွေ့အကြုံမတူရင် အမြင်လည်းမတူဘူး၊ ဒီလိုလူတွေ အချင်းချင်းတွေ့ဆုံတော့ မတူတဲ့ အမြင်တွေ ဖလှယ်ကြတာ သိပ်အကျိုးရှိတယ်။ မင်းဘယ်သူ၊ ငါဘယ်သူ ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ ရရင်သိပ်ကောင်းမယ်၊ အခုတော့ အဲဒီလို မသိကြတော့ ကြားလူက ဝင်နှောင့်တာ၊ ဝင်ရန်တိုက်တာ ဖြစ်လာနိုင်တယ်။ တချို့စာအုပ်တွေမှာ ဒီလိုဖတ်ရတယ် (စာအုပ်ပြုစု သူ၏ အမြင်ဟု မဆိုလိုပါ၊ ဆွန်ဇူး၏ အမြင် ဖြစ်ပါသည်)။
စစ်ဗိုလ်ချုပ်တို့၏ အခြားအမြင့်မားဆုံး အရည်အချင်းတရပ်မှာ ရန်သူတို့၏အင်အားစုများကို ပူးပေါင်းခြင်း မပြုနိုင်အောင် ဟန့်တား ထားနိုင်မှုဖြစ်သည်။
ရန်သူ့နိုင်ငံအား ထိခိုက်နစ်နာစေရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ရန်လိုအပ်၏။ ထိုနည်းလမ်းများမှာ ရန်သူ့နိုင်ငံမှ အကြံပေးပညာရှိ မူးမတ်များကို သွေးဆောင်စည်းရုံး၍ စွန့်ခွာစေခြင်း၊ သူလျှို အထောက်တော်များ စေလွှတ်၍ အုပ်ချုပ်ရေး ပျက်ပြားအောင် ဖန်တီးစေခြင်း၊ အာဏာရှိ မူးမတ်များအား ပရိယာယ်သုံး၍ သွေးကွဲစေခြင်း၊…..ရန်သူ၏ မဟာမိတ်များက ရန်သူကို မကူညီစေရန် သံတမန်နည်းများဖြင့်ဆောင်ရွက်ခြင်း၊ အဓိကအားဖြင့် နိုင်ငံရေးနှင့်သံတမန်ရေးရာများတွင် လှည့်ဖျားစစ်ဆင်ရာ၌ ရန်သူ၏ မဟာမိတ်နှင့် ရန်သူတို့အကြား သဘောထားကွဲလွဲစေရန် လည်းကောင်း၊ ရန်သူ့အဖွဲ့အစည်းအတွင်း စည်းလုံးမှုပြိုကွဲစေရန် လည်းကောင်း ဖန်တီးခြင်းမျိုး ဆောင်ရွက်သင့်သည်။
(စစ်မဟာဗျူဟာအမြင် ၊ ဗိုလ်မှုးကြီးမြင့်အောင်)
(ဆုန်ဇု၏စစ်ပညာကျမ်း၊ လကရ(ထွေ) ၀၀၁၀၊ လေ့ကျင့်ရေးညွှန်ကြားရေးမှုးရုံး၊ ၁၉၅၉ ခုနှစ်၊ ဧပြီလ)
ကိုယ့်အချင်းချင်း မပွင့်လင်းနိုင်တာကို အဲဒီလို အခွင့်ကောင်းယူပြီး ခြုံခိုတိုက်မည့်သူတွေကို တော့သတိထားကြပါ၊ ကိုယ့်စကားကို ထောက်ခံသလိုလိုနဲ့ အလွန်အကျွံဘက်ဆွဲသွားရင် ကိုယ်ကိုယ်တိုင်တားပေးပါ။ အခု တိုင်းပြည်အတွက် တကယ့်စေတနာနဲ့ ပြောတဲ့ သူတွေ အများကြီးတွေ့ရလို့ သိပ်ဝမ်းသာတယ်။
Cbox မှာဆဲတဲ့ဆရာတွေကိုလည်း မှာချင်တယ်၊ တခါတလေ ဆဲလိုက်တာက စိတ်ထဲက အကျိတ်အခဲတွေ ဖွင့်ထုတ်လိုက်ရလို့ စိတ်ကျန်းမာရေးအတွက်တောင် ကောင်းတယ် ပြောရမယ်၊ ဒါပေမယ့် ဆဲချည်းနေရင် နောင်ဘာမှ ရှည်ရှည်ဝေးဝေး မစဉ်းစားပဲ ကိုယ်မကြိုက်တိုင်း ဆဲချည်းပဲနေတဲ့ အကျင့်ဆိုးကြီး ပါသွားဦးမယ်။ ဒေါသအလျှောက်တော့ ဆဲပြီးပြီ၊ ဒေါသမပါပဲ ငါတကယ် ပြောသင့်တာ ဘာလဲ ဆက်စဉ်းစားစေချင်ပါတယ် ။
နောက်တခုက ဆွေးနွေးရာမှာ လူငယ်တွေကို စဉ်းစားပေးစေချင်တယ်။ မသိလို့ ရိုးရိုး သားသား ကန့်ကွက်တာ၊ မေးခွန်းထုတ်တာကို “ခွေးသားလေး၊ မင်းဘာသိလို့လဲ၊ ဒါတွေဟိုဟာတွေသိရဲ့လား၊ မသိပဲလာမပြောနဲ့ ” လို့ချည်း အညွန့်ကျိုးလောက်အောင် မဟောက်ပဲ စိတ်ရှည်သည်းခံပြီး ရှင်းပြစေချင်ပါတယ်။ အဖိုးကြီးတွေ “ငါ့မြေးကြီးလာရင် မင်းမြေးတွေကိုသတ်လိမ့်မယ်ကွ” ဆိုပြီး ရန်ညိုးတွေကို အမွေပေးတာမျိုးတွေလည်း မလုပ်စေချင်ပါ။ ကိုယ့်အချင်းချင်းကြားက ရန်ညှိုးတွေ ကိုယ့်သင်္ချိုင်းမှာ တပါတည်း မြှုပ်လိုက်စေချင် ပါတယ်။
ဦးနုက စင်ပြိုင်အစိုးရကြေငြာလို့ ဦီးနေဝင်းက အာဏာသိမ်းခိုင်းလိုက်တာ အခုထိ အားလုံး ဒုက္ခရောက်နေရပါတယ်။ အခုလည်း လူငယ်စစ်သားလေးတွေနဲ့ လူငယ်ကျောင်းသားလေး တွေ ရန်စောင်နေတာ တိုင်းပြည်အနာဂတ်အတွက် မကောင်းပါ။
ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာလည်း ပြောချင်ပါတယ်။ ဗိုလ်ချုပ်မှုးကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး အတွက်ပါ။ ဘယ်သူမှ ချို့ယွင်းချက် မကင်းပါ၊ အိမ်ထောင်ရေးပြဿနာ၊ မိသားစုပြဿနာ လူတိုင်းမှာ ရှိပါတယ်၊ သမိုင်းထဲက ခေါင်းဆောင်တွေရဲ့ ဘဝတွေကို လေ့လာကြည့်ပါ၊ ပြောချင်ရင်လည်း ခေါင်းဆောင်မှုကိစ္စနဲ့ မနွယ်စေချင်ပါ၊ ဥပဒေချိုးဖေါက်ရင် တရားစွဲပါ၊ ခေါင်းဆောင်မှုမှားရင်၊ ညံ့ဖျင်းရင် နေရာက ဖယ်ရှားပြစ်ပါ။ လူမှုရေးကိစ္စတွေကိုတော့ ကိုယ်ချင်းစာသောအားဖြင့် လျစ်လျူရှုစေချင်ပါတယ်။
နောက်တခုကတော့ အချင်းချင်း နားလည်မှုရှိအောင်ကြိုးစားကြဖို့၊ ကောင်းတာတွေလည်း မြင်ကြဖို့ ပြောချင်ပါတယ်။ ကိုယ်တိုင် လက်နက်ကိုင် တိုက်လာပြီး ကိုယ့်သားမြေးတွေ ကျတော့ ဒီလိုဒုက္ခတွေ မကြုံစေချင်တော့လို့ အလျော့ပေးလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ၊ “မတရားတာ လုပ်ရင်မခံဘူး၊ ဘာပဲဖြစ်ဖြစ် ပြန်ချမယ်” ဆိုတဲ့ လူငယ်တွေ၊ နိုင်ငံခြားမှာ စားဝတ်နေရေးအတွက် ရုံးကန်နေရတဲ့ကြားထဲက အချိန်လေး ဖဲ့ပေးပြီး မမောနိုင်မပန်းနိုင် ကိုယ့်နိုင်ငံအရေး ပြောဆိုငြင်းခုံနေတဲ့သူတွေ၊ အားလုံးဟာ လေးစားစရာလူတွေပါ (ဒီလို အခြေအနေဆိုးကြီးကို အမြတ်ထုတ်အခွင့်ကောင်းယူပြီး မတရားစီးပွားရှာနေသူတွေကိုတော့ ဖယ်ရှားသင့်ပါတယ်) ။ တချို့လူတွေကတော့ ဘေးလွတ်ရာ ပြေးခိုရင်း ကိုယ့်လူမျိုးတွေကို ဒုက္ခတွင်းမှာ ချန်ထားခဲ့ရတာ ကြည့်ပြီး ကိုယ့်ကိုကိုယ် အပြစ်မကင်းသလို ခံစားရပြီး ဒီဒုက္ခကနေ မြန်မြန်ကျွတ်စေချင်လွန်းလို့ အသေခံ ဗုံးခွဲခိုင်းတဲ့သူကခိုင်းး၊ နအဖ လုပ်သမျှတရားသလား၊ မတရားသလား မကြည့်တော့ပဲ အတင်းအလျှော့ပေးခိုင်းသူကခိုင်းနဲ့ မှားယွင်းတဲ့ အကြံတွေပေးနေမိတာ လဲရှိရဲ့။ ရိုးရိုးသားသား ဒီလိုပြောမိတဲ့သူတွေကို ပိုက်ဆံပေးတဲ့သူအကြိုက်လိုက် ပြောနေတဲ့ “နိုင်ငံရေး ဖာသည်” တွေနဲ့ တန်းတူထားပြီး ဆဲဆိုပြစ်တင်တော့ မပြုသင့်ဘူး ထင်ပါတယ်။
စကားစပ်လို့ ဆိုရရင် ဒေါ်အောင်ဆန်းစုကြည်ကို sanction ကိစ္စနဲ့ အပြစ်တင်တာ မတရားဘူးလို့ ရှေ့နေလိုက်ပါမယ်။ လက်ရှိကမ္ဘာမှာ လက်နက်မကိုင်ဘူးဆိုရင် ဥပဒေဘောင်အတွင်းက တရားဝင်အရေးယူနိုင်တာ ဒီတနည်းပဲရှိပါတယ်။ လုံခြုံရေးကောင်စီမှာလဲ ဒီလက်နက်ပဲသုံးပါတယ်။ နအဖရဲ့မတရားမှုတွေကိုလည်း ဆန့်ကျင်တယ်၊ လက်နက်လည်း မကိုင်ချင်ဘူး၊ လေနဲ့ဆန့်ကျင်ရုံ မဟုတ်ပဲ တကယ်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လိုရင် ဒီနည်းပဲရှိပါတယ်၊ အခုကြုံရတဲ့ ပြဿနာက ဒီနည်းက ဆင်းရဲသားတွေကို ပိုထိပြီး၊ လူတွေဘယ်လောက်ကြပ်ကြပ် ဆင်းပေးစရာမလိုတဲ့ အစိုးရမျိုးမှာသွားသုံးမိလျက်သား ဖြစ်နေလို့ပါ။ ဒီထက်ကောင်းတဲ့နည်းကို ရှာဖွေကျင့်သုံးသင့်ပါတယ်၊ တကယ်လို့ sanction သာမရှိခဲ့ရင်လည်း နအဖ ရဲ့ အချိုး၊ လေသံ ဘယ်လိုရှိမယ် အားလုံး မှန်းကြည့်လို့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားတခွန်းပြောလိုက်တာနဲ့ sanction တွေ ပြန်ရုပ်သွား လိမ့်မယ်ဆိုတာကတော့ လေးလေးဝါး (ကလေးအတွေး) သာ ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စက အနောက်နိုင်ငံတွေရဲ့ ကျင့်ဝတ်ဂုဏ်သိက္ခာနဲ့ ပိုဆိုင်ပါတယ်၊ မြန်မာအစိုးရဘက်က ခိုင်လုံတဲ့ ကတိတွေ ပေးနိုင်မှ၊ အလားအလာကောင်းတွေ ရှိလာမှ ပြန်ရုပ်လိမ့်မယ် ထင်ပါတယ်။
ဆက်စပ်ပြောရရင် အတိုက်အခံတွေကို လက်နက်ကိုင်စေချင်တာ နအဖ ဘက်က ဖြစ်ပါတယ်။
“မင်းတို့တောခိုချင်ရင် နယ်စပ်အထိ လိုက်ပို့ပေးမယ်” လို့ တောင်စိန်ခေါ်ဖူးပါတယ်။
သဘောထားကွဲလွဲမှုတိုင်းကို ဒီလို အင်အားသုံးဖြေရှင်းတာ မကောင်းတဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။ အရင်ပြည်တွင်း သူပုန်ခေတ် ကလည်း ညှိနှိုင်းရေးနဲ့ အပြုတ်တိုက်ရေးမှာ အရွေးမှားလို့ အခုထိ ပြဿနာရှည်ခဲ့ ရပါတယ်။ ကိုယ့်သဘောထားကို သဘောမတူတဲ့ သူတိုင်းကို ရက်ရက်စက်စက် နှိပ်ကွပ်တာ အမျိုးသားနိုင်ငံရေး မဟုတ်ပါ။ အမျိုးသား နိုင်ငံရေးကို တားဆီးနေတာ ဖြစ်ပါတယ်၊ တမျိုးသားလုံး ကိုယ်ပြောစရာရှိတာ ပြောဆိုညှိနှိုင်းနိုင်မှ အမျိုးသားနိုင်ငံရေး ဖြစ်ပါမယ်။ နအဖဘက်က ပြုပြင်သင့်တဲ့ အပိုင်းဖြစ်ပါတယ်။ မကောင်းတဲ့ “အပြုတ်တိုက်” အစဉ်အလာကို စွန့်လွှတ်သင့်ပါပြီ။
တပါတည်း အတိုက်အခံဘက် က NLD အကြောင်း ကျွန်တော့်အမြင်ကို ဆက်ပြောပါရစေ။
ပါတီတွင်းဒီမိုကရေစီစသည်ဖြင့် ငြင်းခုံမှုများနဲ့ ပတ်သတ်လို့ ပြောရရင် organizational structure ဆိုတာ အဲဒီအဖွဲ့က ဆောင်ရွက်မည့် functions တွေအတွက် အကောင်းဆုံး ဖြစ်အောင် tune လုပ်ထားရပါတယ်။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားတဲ့ အဖွဲ့ကို စစ်တိုက်ခိုင်း ရင် ဆွေးနွေးငြင်းခုံနေတာနဲ့ အကုန်သေကုန်ပါလိမ့်မယ်။ ထက်အောက်အမိန့်နာခံမှု၊ တာဝန်ယူမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို တိုင်းပြည်အုပ်ချုပ်ခိုင်းရင် အကုန်ပျက်စီး မွဲပြာကျကုန်လိမ့်ပါမယ်။ ကိုယ်လုပ်မရတဲ့ အလုပ်ကို ဇွတ်မလုပ်သင့်ပါ၊ အများနစ်နာပါတယ်။ မြန်မာပြည်မှာရှိတဲ့ အဖွဲ့အစည်းတိုင်းလိုပဲ NLD လည်းဖွဲ့စည်းပုံညံ့တာ အဆန်းမဟုတ်ပါ၊
မြန်မာတွေအားလုံး အဓိကထား သင်ယူလေ့လာရမည့် ပညာရပ်ဖြစ်ပါတယ်။ နအဖရော NLD မှာပါ လူသစ်လဲသင့်တာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သတ္တိ၊ ပညာ၊ စိတ်ဓါတ် ကောင်းတဲ့ လူငယ်လူသစ်တွေ ဘယ်မှာလည်း။ လုပ်ပါ့မယ်ဆိုရင်ကော လူငယ်တွေရဲ့ အတွေးအမြင် အသစ်တွေနဲ့ လုပ်ခွင့်ရပါ့မလား၊ လိုအပ်လို့ ၁၈၀ ဒီဂရီ လမ်းကြောင်းပြောင်းမယ်ဆိုရင် ခွင့်ပြုမှာလား။ လူငယ်အချင်းချင်း ညှိနှိုင်းရသွားလို့ အဆင်ပြေသွားရင် တားဆီးမှာလား။ လမ်းမှား၊ စံနစ်မှားကြီးကိုပဲ ဆက်လျှောက်ရမယ်ဆိုရင် ဘယ်လိုလူကောင်းက ဝင်လုပ်ပါ့မလဲ။ လောဘကြီးတဲ့ အခွင့်အရေးသမား၊အထက်ဖားအောက်ဖိ၊ conscience မရှိတဲ့ လူငယ်တွေပဲ ဝင်လုပ်လိမ့်မယ်။ အစစ်အမှန်ပြောင်းလဲမှုရှိမယ်၊ ကိုယ်နဲ့ မိသားစု အန္တရာယ်မရှိရင် တိုင်းပြည် အတွက် ဦးလည်မသုန်လုပ်မဲ့ လူငယ်၊ လူလတ်တွေ အများကြီးထွက်လာလိမ့်မယ်၊ အခုတော့ နအဖရဲ့ ရက်ရက်စက်စက်လုပ်တဲ့ အကျင့်ကို ကြောက်ရလို့ အရေးကြုံရင် ရူးချင်ယောင် ဆောင်နေကြတယ်။ ဒီလောက်နှိပ်ကွပ်နေချိန်မှာ ပါတီတွင်းဒီမိုကရေစီဟာ “ကျားလိုက်တုန်း ဝါစဉ်ရွေး” ဖြစ်နေလိမ့်မယ်။ လူသစ်တွေတင်သင့်တာတော့ အမှန်ပါ။ ဒါပေမယ့်လာလုပ်ဝံ့တဲ့ လူငယ်ရှားပါတယ်၊ မဟုတ်မခံချင်စိတ်တခုတည်းနဲ့ ဘဝပျက်၊ အသက်အသေခံဝံ့တဲ့ သတ္ထိခဲတွေသာ လောလောဆယ်ရှိနေပါတယ်။ နအဖကတော့ ၉၀ ရလာဒ်ဟာ NLD ပျက်မှ ပျက်မှာမိုလို့ သေချာပေါက်ဖျက်ဖို့ ကြိုးစားပါလိမ့်မယ်။ ပါတီတွင်းဖြစ်ရပ်မှန်တွေကို အင်တာနက် ကတဆင့် ပြည်သူကို မတင်ပြနိုင်တာ အဆိုးဆုံး အားနည်းချက်လို့ ထင်ပါတယ်။
တတိယအုပ်စု (Third Party) အမည်ရ ပုဂ္ဂိုလ်တွေ အကြောင်းပြောပါမယ်။ သူတို့တွေ အားလုံးက ဒုက္ခရောက်နေတဲ့ ပြည်သူလူထု၊ ယိုယွင်းယိမ်းယိုင်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကို ထောက်ထားပြီး ကိုယ့်ဘက်က မှန်ပေမယ့် နအဖကို အတိုက်အခံချည်းပဲ ဆက်မလုပ်နဲ့၊ တတ်နိုင်သလောက်အလျော့ပေး ရသလောက်အခွင့်အရေးယူပြီး တိုင်းပြည် ကောင်းရာကောင်းကြောင်းတွေ စလုပ်ထား ကြဖို့ တိုက်တွန်းကြ ပါတယ်။ ရည်ရွယ်ချက် တူကြပေမယ့် လက်တွေ့လုပ်ဆောင်ပုံ ကွာခြားကြပါတယ်။ တချို့က နအဖ ကို မျက်နှာချို သွေးတာလွန်ပြီး နအဖ မတရားတာတွေကိုတောင် ကာကွယ်ဖာထေးလွန်းလို့ ဖာသည်ကြီးလို့ အပြောခံရတယ်၊ နအဖ ကြက်တူရွေးက မပေးတဲ့ ကတိတွေကို ရမှာသေချာတယ်လို့ မစားရ
ဝခမန်းတွေ ကဲပြောကြတယ်၊ နအဖက မျက်နှာပြောင်တိုက်ပြီး သူရေးတဲ့စည်းကမ်း သူဖေါက်သွားတော့ သူတို့လဲ မျက်နှာပြောင်တိုက်ပြီး မသိချင်ယောင်ဆောင်နေကြတယ်။ တရားမျှတမှုတို့၊ အမှန်တရားတို့ကို ဂရုမစိုက်ဘူးဆိုရင် ဘာလို့နိုင်ငံရေးလုပ်နေမလဲ။ အခု အမှန်ကို လေသံတောင် မဟရဲရင် လွှတ်တော်ထဲကျမှ တကယ်ဖဲ့မယ်ဆိုတာ စိတ်ချရပါ့မလား။ နအဖကို ပူးသတ်ပြီး ဇပ်ကနဲ ဓားနဲ့ထိုးမယ့်သူတွေ လောလောဆယ် အလေ့အကျင့်ရအောင် ဒေါ်အောင်ဆန်းစုကြည် ကျောကိုဓားနဲ့ ထိုးနေကြတယ်။ ရောမကို ပိုချစ်လို့ ဆီဇာ့ကို သတ်လိုက်ရတယ် ပြောဦးမလား မသိပါ။ တတိယလမ်းကြောင်းတခု ရှာမပြပဲ နအဖ လမ်းကိုလိုက်မယ့်သူတွေကို တတိယအုပ်စုလို့ သတ်မှတ်ရ ခက်နေတယ်။ ရည်ရွယ်ချက် ကောင်းတဲ့ ပညာတတ်တွေဖြစ်ပေမယ့် စိတ်ဓါတ်နဲ့ ရပ်တည်ချက်တွေကို အားမရဘူး၊ ကိုယ့်ဇာတ်ကိုယ်နိုင်အောင်သာ ကကြပါလို့ပဲ ပြောချင်တော့တယ်။ မွန်မြတ်တဲ့ လက်တွေ့လုပ်ရပ်နဲ့ တတိယအုပ်စုတွေ ထွန်းကား လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
နောက် ဘာဆက်လုပ်လို့ ဘာဆက်ဖြစ်ကြမယ် နဲ့ပတ်သတ်လို့ ဆွေးနွေးနေကြတာတွေကို ပြန်စုစည်းတင်ပြရရင်တော့ အင်အားသုံးတဲ့ နည်းမှာ လုံခြုံရေးကောင်စီ အမေရိကန်တဦးဦးရဲ့ ခေါင်းဆောင်မှု အောက်ကနေ စစ်ရေးအရ အရေးယူတာနဲ့ တရုတ်၊ အိန္ဒိယတို့ ပူးပေါင်းပါဝင်တဲ့ ထိထိရောက်ရောက် စီးပွားရေးပိတ်ဆို့မှုနည်း ၂ ခုကို တင်ပြကြပါတယ်။
တွေ့ဆုံ ဆွေးနွေးရေးနည်းမှာ တရုပ်၊ အိန္ဒိယ တို့ရဲ့ကြားဝင်ကူညီမှုဖြင့် နအဖနှင့် အတိုက်အခံ တွေ ဆွေးနွေးပြီး
၁။ ၉၀ ရလာဒ်ကို အကောင်အထည်ဖေါ်ကာ NLD က အစိုးရ ဖွဲ့ခြင်း ( ၉၀ ရလာဒ်ကို အစမဖျောက်နိုင်ရင် ၁၉၉၀ အစိုးရ နဲ့ ၂၀၁၀ အစိုးရ စင်ပြိုင် ဖြစ်လာနိုင်ပါတယ်၊ ဒီလိုမဖြစ်အောင်၊ တကယ်လို့ ဖြစ်လာရင် နအဖ က အင်အားသုံးဖြိုခွင်းပါလိမ့်မယ်)
၂. နအဖ နဲ့ NLD ပူးတွဲ အစိုးရဖွဲ့ခြင်း၊ သို့မဟုတ် နအဖ က key positions များလောက်သာယူထားပြီး ကျန်နေရာများဖြင့် NLD က အစိုးရဖွဲ့ခြင်း။
၃. Roadmap ကို All-inclusive ဖြစ်အောင်ပြင်ဆင်ပြီးမှ ဆက်လုပ်ခြင်းတို့ကို ဆွေးနွေးတာ တွေ့ရပါတယ်။
ဒါတွေဘာမှ ဖြစ်မလာရင်တော့ လက်ရှိ နအဖ စိတ်တိုင်းကျ Roadmap အတိုင်း ရွေးကောက်ပွဲ ဝင်ကြရမှာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးကြတာတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ရကြမလား၊ သူတို့ကကော ဝင်ပြိုင်မလား၊ အခုလက်ရှိမတရားအတားအဆီး အချုပ်အချယ်တွေကို ဖယ်ပေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုနဲ့ NLD ပါတီ အလျင်အမြန် ပြန်လည်အင်အားကြီး လာနိုင်မလား၊ ဒီလိုဖြစ်မလာအောင် ဘယ်နည်းတွေနဲ့ နအဖ ညစ်မလဲ၊ လက်ရှိအနိုင်ရ NLD မဖျက်ရသေးပဲ နအဖ ရွေးကောက်ပွဲလုပ်ပြီး အစိုးရအသစ်တင်ဝံ့ပါ့မလား၊ အစိုးရသစ်ထဲ အချောင်ဝင်ထိုင်နေတဲ့ စစ်သားတွေကို အစိုးရဘယ်နှစ်ဆက်လောက်ပြီးရင် ဖယ်ရှားနိုင်မလဲ၊ အစိုးရသစ်မှာ တရားဝင် စစ်တပ်သြဇာ ကျသွားမလား၊ ပိုအားကောင်းလာမလား စသည်တို့ဖြစ်ပါတယ်။ နအဖ အနေနဲ့ကတော့ သူတို့လူ သမ္မတ ရရင်ရ၊ မရရင်လည်း ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်ရဲ့ တထီးတနန်းကြီးစိုးမှုကို ဆက်လက်ထိန်းသိမ်းဖို့ နှစ်ဆင့်ကာထားပါတယ်။ ဒီလို စစ်တပ်က တရားဥပဒေအထက်မှာ ရှိနေသ၍တော့ နယ်တွေမှာ စစ်တပ်ရဲ့ လူအခွင့် အရေးချိုးဖေါက်မှုတွေ ကနေ ဒေသခံတိုင်းရင်းသားတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့လဲ ဆိုကြပါတယ်။ လက်ရှိမှာတော့ နအဖ ဘက်က ညီလာခံတက်ထားတဲ့ အဖွဲ့တိုင်းကို သူတို့ရဲ့ အခါပေး တဆညပါတီ၊ ပြည်သူအရေခြုံ ကြံ့ဖွံ့ပါတီတို့နဲ့ ဖိအားပေး မဟာမိတ်ဖွဲ့စေပြီးတော့ တိုင်းရင်းသားမဲတွေအရယူ ဖို့စီစဉ်ထား ပါတယ် (ကြံ့ဖွံ့မှာ ဝန်ထမ်းတွေကို ဖိအားပေး ထည့်သွင်းထားတဲ့အတွက် ဝန်ထမ်း နိုင်ငံရေး မလုပ်ရ စည်းကမ်းအရ တဖွဲ့လုံးကို နိုင်ငံရေး ပါတီပြောင်းဖို့ ဥပဒေအရ အခက်အခဲ ရှိနိုင်ပါတယ်၊ ကလိမ်ကကျစ်တခု ထပ်လုပ်ရပါမယ်)။ တိုင်းရင်းသားတွေကတော့ ကိုယ့်တိုင်းရင်းသား အကျိုးကာကွယ်မည့် အရပ်သားပါတီတခုဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်ခိုင်းမယ်၊ ကိုယ်ဒေသအတွင်း ရွေးကောက်ပွဲ တရားမျှတမှုရှိအောင် လက်နက်ကိုင်အဖွဲ့က စောင့်ရှောက် ပေးမယ် စသည်ဖြင့် စဉ်းစားနေပုံ ရပါတယ် (ဒီနေရာမှာ အဲဒီ လက်နက်ကိုင်အဖွဲ့က ဘက်လိုက်မှုလုပ်မလုပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲရလာဒ်ရရင် လက်နက်ကိုင် အဖွဲ့ကို ဖျက်ဖို့သဘောတူမှာလား၊ နအဖက ဘယ်အဆင့်ကတည်းက လက်နက်ကိုင်အဖွဲ့ကို အတင်းဖျက်ခိုင်းမလဲ စသည်ဖြင့် စဉ်းစားစရာ ရှိပါတယ်)။ စုစည်းထားတဲ့ အတိုက်အခံသဘောမရှိတော့ပဲ save your own ass သဘောနဲ့ ရွေးကောက်ပွဲ ဝင်ကြရမည့်ပုံပါ။ တက်လာတဲ့ အစိုးရ အဆက်ဆက်ကလည်း တနိုင်ငံလုံးအတွက် အကောင်းဆုံးမဟုတ်တဲ့ ဖွဲ့စည်းပုံနဲ့ ဖြစ်သလို၊ ရသလောက် ဆက်စခန်းသွားရမှာ ဖြစ်ပါတယ်။ တပ် နဲ့ ပြည်သူ၊ တိုင်းရင်းသားအချင်းချင်းကြား အကြေအလည် မဖြေရှင်းရသေးလို့ မကျေနပ်ချက်တွေ ဆက်မျိုသိပ်ထားကြရမှာ ဖြစ်ပါတယ်။ ကောင်းအောင်ပြင်မယ် ဆိုရင်လည်း ပြင်ရ ခက်အောင်လုပ်ထားတဲ့ အတားအဆီး အမျိုးမျိုးကို အရင် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီခရီးကို အဲဒီပုံအတိုင်းသွားဖို့ တတိယအုပ်စုတွေက စိတ်စောနေကြပါပြီ။
နောက် တခုက ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲချင်းကွာခြားပုံပါ၊ ပထမတခုကို ဗိုလ်စောမောင် က လုပ်ပေးပြီး နောက်တခုကို ဗိုလ်သန်းရွှေက လုပ်မှာပါ။ သူတို့နှစ်ယောက်ရဲ့ စိတ်ဓါတ်ချင်း ကွာခြားမှုဟာ အဓိကဖြစ်ပါမယ်၊ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ဗိုလ်သန်းရွှေရဲ့ သိက္ခာသမာဓိကို ပြနေပါတယ် ။ အချို့ တတိယအုပ်စုတွေကတော့ နအဖ ကို ရင်မဆိုင်ပဲမွေးထားတဲ့ အားတွေ အကုန်စုပြီး ရွေးကောက်ပွဲဝင်ဖို့တာစူနေပါပြီ၊ ရထားကြီးထွက်တော့မယ်၊ တက်ကြ၊ တက်ကြလို့ ဆော်သြနေကြပါတယ်၊ ဘယ်သွားမယ့် ရထားလည်း သေချာမပြောကြပါဘူး၊ တော်ကြာ မန္တလေးသွားမယ့်သူ မြို့ပတ်ရထားစီးမိနေမှာ စိုးရိမ်ရပါတယ်။ ဝါဆောသွားမှာလား၊ ဆိုက်ဗေးရီးယား ပို့မှာလား၊ Auschwitz မှာ ဂိတ်ဆုံးမှာလား အရင်စုံစမ်းကြပါဦး၊ ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ရမယ် ကြိုစဉ်းစားကြပါဦးလို့ တိုက်တွန်း ချင်ပါတယ်။
နောက်ဆုံးပိတ်အနေနဲ့ မဖြစ်နိုင်မှန်းသိပြီးသား အတွေးတခုကို တင်ပြချင်ပါတယ်။ နိုင်ငံခြား သားတိုင်းက မင်းတို့မြန်မာတွေကို ကူညီချင်ရင် အဖွဲ့တွေများလွန်းလို့ ဘယ်သူနဲ့ ဆက်သွယ် ရမှန်း မသိဘူးလို့ ပြောကြတယ်။
အရင်က လွတ်လပ်ရေးဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ ဖဆပလလို အများစုပါဝင်တဲ့ တပ်ပေါင်းစုဖွဲ့ပြီး ဘုံရန်သူ ကိုလိုနီ နယ်ချဲ့စံနစ်ကို ဖယ်ရှားနိုင်ခဲ့တယ်။ အခုလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ အတိုက်အခံ အားလုံး စုစည်းပြီး မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့ကြီးဖွဲ့ ၊ မြန်မာတနိုင်ငံလုံး၊ တကမ္ဘာလုံးက လက်ခံနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး လမ်းကြောင်းတွေကို ချပြပြီး တပ်မတော်ကိုလည်း “ကျုပ်တို့တွေ ဒီအတိုင်းလုပ်ရင် နိုင်ငံပြိုကွဲစရာ မဖြစ်နိုင်ပါဘူး၊ အားလုံးကို ဒုက္ခပေးနေတဲ့ ဘုံရန်သူ စစ်အာဏာရှင် စံနစ်ဆိုးကို ဖျက်သိမ်းကြစို့” ဆိုပြီး proposal တင်နိုင်ရင် ကောင်းမယ်ထင်တယ်။ တပ်မတော်ထဲမှာလည်း ကမ္ဘာ့အခြေအနေ အရပ်ရပ်ကိုလည်းမြင်နိုင်၊ ဒါတွေနဲ့ ကိုက်ညီမယ့် တပ်မတော်အတွက် လမ်းကြောင်းအသစ်ကိုလည်း ချနိုင်မယ့် အိုင်ဒီယာ အသစ်နဲ့ လူငယ်တွေ နေရာရလာရင် ကောင်းမယ်လို့ ထင်ပါတယ်။ Crimson Tide ဆိုတဲ့ ရုပ်ရှင်တခုထဲမှာ Nuclear လက်နက်တင် ရေငုပ်သင်္ဘောတစီးပေါ်မှာ CO ကြီးက “ဂျပန်ကို အနုမြူကြဲတာ မှန်တယ်၊ ငါသာဆိုရင် တလုံးထပ်ကြဲဦးမယ်” ဆိုပြီး သင်ယူလာတဲ့ ဒုတိယကမ္ဘာစစ်မီတဲ့ သမ္ဘာရင့်စစ်သားကြီး၊ XO လေးက “စစ်ပွဲမှာ တကယ့်ရန်သူအစစ်ကစစ်ပွဲပဲ၊ မတတ်သာလို့ စစ်ဖြစ်ရင် အမြန်ဆုံး ပြန်ရပ်နိုင်အောင် ကြိုးစားရမယ်” ဆိုပြီး သင်ယူထားတဲ့ တက်သစ်စ၊ ပြဿနာတခုကို နှစ်ယောက် မတူတဲ့ အမြင်နဲ့ ရှင်းကြပြီး နောက်ဆုံးမှာ CO ကြီးက ခေတ်သစ်မှာ သူကငါ့ထက်ပိုသင့်တော်တယ်ဆိုတာ လက်ခံပြီး သူကAနားယူ၊ လူငယ်လေးကို ရာထူးတင်ပေးသွားတာ သဘောကျတယ်။ Old Gen တွေ အနားယူပြီး New Gen တွေကို လက်လွှဲရမယ့် အချိန်ရောက်ပြီလို့လည်း ယုံကြည်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓါတ်တွေ၊ အရည်အချင်းတွေကြောင့် လက်တွေ့ဖြစ်နေတာတွေ မြင်ရပြန်တော့ မြန်မာပြည်ကြီး ကမ္ဘာ့ထိပ်တန်းရောက်နေတဲ့အကြောင်း အိမ်မက်မက်နေတုန်း “ဆိုက်ကား အားလား” ဆိုမှ လန့်နိုးလာတယ်ဆိုတဲ့ ဟာသကို သတိရမိတယ်။ “မင်းကမှ လေးလေးဝါး အစစ်” လို့ပြောရင်လည်း စိတ်ဆိုးမယ် မဟုတ်ကြောင်းပါ ခင်ဗျား။
လေးစားစွာဖြင့်
ရွှေဘ

" အားလို.တောင်မအော်နိုင်ပါ "

Wednesday, August 13, 2008
    သမီးရေ...

            တစ်ချိန်တုံးကဖေဖေတို.တိုင်းပြည်မှာအခုလိုမျိုးအဖြစ်အပျက်တွေဟာတစ်ကယ်
ရှိခဲ.တယ်ဆိုတာဒီစာကိုသမီးဖတ်နိုင်တဲ.၊စဉ်းစားနားလည်နိုင်တဲ.အချိန်မှာဖတ်နိုင်ဖို.ဖေဖေ
အမှတ်တရစုဆောင်းထားခဲ.တယ်။ သမီးလေးဖတ်ဖို.အတွက်ပေါ.။




 


မိုးမခသတင်းစာမျက်နှာမှရယူပါသည်။

ပျောက်ဆုံးပျက်ပြယ်ခဲ.သောအိပ်မက် ( သို.မဟုတ် ) အကြိုက်ဆုံးပို.စ်တစ်ခု

Sunday, August 10, 2008
        လွန်ခဲ.သောဆယ်စုနှစ်နှစ်ခုကကျွန်တော်တို.လည်းသူတို.ပြည်သူတွေလိုပင်မျှော်လင်.ချက်အိပ်မက်
တွေဖြင်.ရှင်သန်ခဲ.ကြ၊သမိုင်း၏အလှည်.အပြောင်းကြိုးပမ်းမှုဖြစ်စဉ်ကြီးတွင်ပါဝင်ခဲ.ကြသည်။သို.သော်
အမိတိုင်းပြည်၏ကြမ္မာကပင်ငင်ခဲ.လေသလား၊ပါဝင်ဦးဆောင်ဆင်နွှဲခဲ.သူများ၏နိုင်ငံရေးပွဲသိမ်းကစား
ကွက်ပင်မှားယွင်းခဲ.လေသလားမသိ၊ဓမ္မနှင်.အဓမ္မအားပြိုင်မှုတွင်အဓမ္မကအားသာခဲ.သည်။အရှေ.ဆီမှာ
သန်းခဲ.သောရောင်နီကားပျောက်ဆုံးပျက်ပြယ်ခဲ.လေပြီ။ယ္ခုတော.ပျောက်သောလမ်းမှာစမ်းတစ်ဝါးဖြစ်ခဲ.
ကြရပေပြီ။
          ဖတ်မိသူတို.အတွေးအမြင်ဗဟုသုတ၊သမိုင်းသင်ခန်းစာအနည်းငယ်မျှပင်ရသည်ဆိုငြားအံ.၊မူရင်းပို.စ်
တင်သူ၏ရည်ရွယ်ချက်အထမြောက်ပါလိမ်.မည်။ယ္ခုတော.ထိုစဉ်ကအိပ်မက်နှင်.လက်တွေ.ကိုဆက်စပ်ခဲ.
ကြသူတို.၏ရွှေေ၇ာင်နေ.ရက်များအားအမှတ်တရရေးထားသောမခင်မမမျိုး၏ပို.စ်အားပြန်လည်တင်ပြထား
ပါသည်။


                        People Power Movement from Phillippines


ဖိလစ်ပိုင်အမျိုးသားတို့၏လူထုလှုပ်ရှားမှုအောင်ပွဲ

၁၉၈၀ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလ။
တနည်းဆိုသော် တတိယအကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ရောက်ရှိပျံ့နှံ့ချိန်။
ယင်းကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ လူထုလှုပ်ရှားမှုကြီးကား အံ့မခန်းဖွယ် အောင်မြင်ခဲ့သည်။ အာဏာရှင် မားကိုးစ်၏ အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော် ကျင့်သုံးနိုင်ခဲ့သည်။
ဤကာလ သမိုင်းကြောင်းကို အတိုချုံး လေ့လာကြည့်ကြပါစို့။
ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ သမ္မတသက်တမ်းမှာ လေးနှစ်သက်တမ်းနှစ်ကြိမ်သာဖြစ်သော်လည်း အာဏာရှင် မားကိုးစ်က အနှစ်နှစ်ဆယ်ကြာအောင် အုပ်ချုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတအဖြစ်၊ရွေးကောက်ခံရပြီး နောက်ပိုင်းကာလ၌ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေငြာ၍ သူ့စိတ်ကြိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ထပ်မံရေးသားခဲ့သည်။
စစ်တပ်ကို သူ့သြဇာအောက်သို့ သိမ်းသွင်းခဲ့သည်။ စာနယ်ဇင်းနှင့် စီးပွားရေး လုပ်ငန်းများအား မောင်ပိုင်စီးခဲ့သည်။ လာဘ်စားမှု၊ ဖမ်းဆီးထောင်ချမှု၊ လုပ်ကြံမှု၊ သတ်ဖြတ်မှုများဖြင့် ထင်ရာစိုင်းနေသော မားကိုးစ်အစိုးရ၏ အုပ်ချုပ်ခံ ပြည်သူများမှာကား နေ့စဉ်နှင့်အမျှ ထိတ်တလန့်လန့်၊ ကျီးလန့်စာစား၊ ဆင်းရဲ ငတ်ပြတ်မှုများကို ခံစားရင်း-----၊
ရာဇ၀င်လာ ဆိုရိုးတခုရှိသည်။
“အချုပ်အခြာ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်“ တဲ့။
ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာကား ပြည်သူ့ထံမှ မသက်ဆင်း။ မားကို့စ်နှင့် သူ၏ အပေါင်းအပါမား လက်တွင်းမှ သက်ဆင်းနေသည်။ ပြည်သူတို့ ဘာလုပ်ကြမည်နည်း။
“မတရားမှုသည် ဥပဒေဖြစ်လာသောအခါ ပုန်ကန်လှုပ်ရှားမှု ပြုလုပ်ရန်မှာ တာဝန်တရပ်ဖြစ်ပေသည်”တဲ့။
ဤသည်ကား ကမ္ဘာတ၀ှမ်း လူထုလှုပ်ရှားမှုများ၏ ဥပဒေသ။
ပြည်သူတို့ ပုန်ကန်ရတော့မည်။ လူထုလှုပ်ရှားမှုများ အကောင်အထည် ဖော်ရတော့မည်။ ဤကာလ ဖိလစ်ပိုင် အမျိုးသားတို့၏ ရင်တွင်းတွင်ကား မကျေနပ်မှု ဒေါသ မီးလျှံများ ဟုန်းဟုန်းတောက်လျက်။
လူထု၏ မကျေနပ်မှု အရှိန်အဟုန် ကြီးမြင့်နေဆဲတွင် လှုပ်ရှားမှု ပေါ်ပေါက်စေခဲ့သော အဖြစ်အပျက်က ဖြစ်ပွားလာခဲ့သည်။ နာမည်ကျော် လူသိများလှသော နိုင်ငံရေးခေါင်းဆောင် အာကွီနိုအား လုပ်ကြံသတ်ဖြတ်မှု၊ အသုဘသတင်းအား သတင်း အမှောင်ချမှု။
ပြည်သူတို့သည်းမခံနိုင်တော့။ ဖိနှိပ်ချုပ်ချယ်မှုက များလှပြီ။ မတရားမှုများက များလှပြီ။
ဤသို့ဖြင့် လူထုလှုပ်ရှားမှု လှိုင်းလုံးကြီး အရှိန်မြင့်လာသည်။ အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရမည်။ မားကိုးစ်အစိုးရကို ဖြုတ်ချပစ်ရမည်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်ကို တောင်းဆိုရမည်။
နောင်နှစ်နှစ်ခွဲ ကာလတလျှောက် လူထုလှုပ်ရှားမှုကြီးကို အကောင်အထည် ဖော်ခဲ့ကြသည်။ လူထုလူတန်းစားမရွေး။ အထက်လွှာ လူတန်းစားများပင် ပါဝင်ခဲ့ကြသည်။ အားလုံး၏ ရင်ထဲမှာကား ဆန္ဒတခုတည်း။ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့လည်းမခွဲပဲအားလုံးဦးတည်ခဲ့ကြသည်က အာဏာရှင်စနစ်ကို ဖြုတ်ချပစ်ရေး။
သည်လိုအခြေအနေတွေကို ဖောက်ထွက်နိုင်ဖို့ မားကိုးစ်က ကြိုးစားသည်။ သမ္မတရွေးကောက်ပွဲ ကျင်းပခြင်းနည်းလမ်းဖြင့်။ ရွေးကောက်ပွဲတွင် လုပ်ကြံ သတ်ဖြတ်ခံရသူ အာကွီနို၏ ဇနီးက မားကိုးစ်နှင့် ယှဉ်ပြိုင်အရွေးခံသည်။ ရွေးကောက်ပွဲအား တရားမျှတစွာ ကျင်းပခဲ့ခြင်းမရှိ။ မဲခိုးသည်။ လူရိုက်ပွဲများ ကျင်းပသည်။ နောက်ဆုံးတော့ မားကိုးစ်ပင် ရွေးကောက်ပွဲ၌ အနိုင်ရသူဟု အစိုးရက ကြေငြာရသည်။
အကြမ်းမဖက်ရေး လူထုလှုပ်ရှားမှုကြီး စတင်လေပြီ။ ကိုရီအာကွီနိုက ပြတ်သားစွာ ကြေငြာသည်။
“အကြမ်းမဖက်သော နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုအား စတင်မည်။ အကယ်၍ မအောင်မြင်လျှင် အခြားနည်းလမ်းများသို့ ပြောင်းသင့်လျှင် ပြောင်းရမည်“တဲ့။ ခေါင်းဆောင်တယောက်၏ အမြော်အမြင်ရှိသော ဆုံးဖြတ်ချက်။
၁၉၈၆ခု၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင်ကား ကာကွယ်ရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ မားကိုးစ်အစိုးရမှ နှုတ်ထွက်လိုက်ကြသည်။ “ကာကွယ်ရေး”ဆိုသည့် စကားလုံးကို သူတို့နှစ်ဦးလုံး ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ကာကွယ်ရေးဆိုသည်မှာ လာဘ်စားနေသော မားကိုးစ်ပစိုးရကို ကာကွယ်ရေး မဟုတ်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရေး။ ဒါကို သဘောပေါက်နားလည်သော တပ်မတော် အကြီးအကဲများ၏ စကားသံကား “လာဘ်စားသော မားကိုးစ်အစိုးရအား ကာကွယ်စောင့်ရှောက်မည့်အစား အသက်စွန့်ရန်သာ အဆင်သင့် ရှိပါသည်”တဲ့။ မည်မျှ ဂုဏ်ယူ လေးစားဖွယ် ကောင်းပါသနည်း။
နောက်တော့ ရေဒီယိုတခုမှ အသံလွှင့် ကြေငြာသည်။ စစ်ရုံးကို ၀န်းရံ၍ မားကိုးစ်၏ စစ်တပ်များအား ပိတ်ဆို့ရန်။ ထောင်သောင်းမကသော လူထုကြီးက တခဲနက် လိုက်နာခဲ့ကြသည်။ ပင်မသပိတ်စခန်း ကမ့်ကရိမ်းသို့ ဦးတည်ရာ လမ်းများတလျှောက် သစ်ပင်များခုတ်လှဲခြင်း၊ ဘတ်စ်ကားများ ရပ်တန့်ပိတ်ဆို့ထားခြင်းများ ပြုလုပ်ကြသည်။ လူထုကြီးတရပ်လုံး လမ်းမပေါ်သို့ ထွက်၍ တော်လှန်ရေးသမားများအား အကာအကွယ် ပေးခဲ့ကြသည်။ လူထုနှင့် တော်လှန်ရေးတသားတည်းကျချိန်တွင် အောင်ပွဲဆိုသည်ကား မဝေးတော့။
အာဏာရှင် မားကိုးစ်ကလဲ ခေသူမဟုတ်။ တော်လှန်ရေးသမားများ၏ အချက်အချာ ဗဟိုဌာနကို တိုက်ခိုက်ရန် မရင်းစစ်သည်များ၊ တင့်ကားများ၊ လက်နက်ကိုင်စစ်သားများ စေလွှတ်သည်။ ယင်းစစ်သားများနှင့် လူထုကြီးကား မနီလာမြို့ လမ်းများပေါ်တွင် ပက်ပင်းတိုးလေပြီ။ လူထုကြီး မည်သို့တုန့်ပြန်ခဲ့ပါသနည်း။
တင့်ကားများ လူအုပ်ထဲသို့ စတင်ဝင်လာသည်နှင့် လူထုကြီးက တင့်ကားများ ရှေ့တွင် ထိုင်ချလိုက်သည်။ တော်လှန်ရေးအချက်အချာ ကမ့်ကရိမ်းသို့ အာဏာရှင် မားကိုးစ်၏ စစ်သည်များ မရောက်စေရ။
လူထုကြီး၏ တခဲနက် ခိုင်မာသော စိတ်ဓာတ်နှင့် စစ်သားများ၏ ဆင်ခြင်ဥာဏ် မရှိပဲ အမိန့်ဆိုသည်ကိုသာ နာခံတတ်ရှာသော စိတ်ဓာတ်တို့ ယှဉ်မိသော တခဏ။
တင့်ကားများရပ်သွားသည်။ လူထုကြီးမှ သကြားလုံးနှင့် ဆေးလိပ်များ သွားပေးသည်။ အမျိုးသမီးငယ်များမှ ပန်းများသွားကမ်းသည်။
တင့်ကားများ ရှေ့တိုးကြည့်သည်။ လူထုကြီးကား ထိုင်နေသော နေရာတွင်သာ မလှုပ်မရှက်။
စစ်တပ်အကြီးအကဲမှ သေနတ်ဖြင့်ပစ်မည် ခြိမ်းချောက်သည်။ သံဃာတော်များနှင့် သီလရှင်များ ရှေ့သို့တိုးထွက်၍ တင့်ကားများရှေ့တွင် ဒူးထောက်လိုက်ကြသည်။ တရားဓမ္မများ ရေရွတ်လျက်။ လူထုကြီးကလဲ မလှုပ်မရှက်။
တင့်ကားများ ပြန်ကွေ့ထွက်သွားသည်။ လူထုအားကို သူတို့ အရှုံးပေးလိုက်ရပြီ။
မားကိုးစ်က ညမထွက်ရ အမိန့်ထုတ်သည်။ မည်သူမျှ မလိုက်နာ။ မည်သူမျှ ဂရုမစိုက်ကြ။ တော်လှန်ရေးသမားအချို့က ရုပ်မြင်သံကြား အသံလွှင့်ရုံကို ၀င်စီးလိုက်နိုင်သည်။ ထောင်သောင်းမကသောသူများ အသံလွှင့်ရုံကို ၀န်းရံပေးထားသည်။ မားကိုးစ်စစ်သားများရောက်လာတော့ လူထုကြီးက လက်ဆွဲနှုတ်ဆက်သည်။ မုန့်များဝေသည်။ စစ်တပ်ကြီး ပြန်ဆုတ်ခွာသွားသည်။
အာဏာရှင်မားကိုးစ်၏ ဘ၀မှာကား သူ့လက်ကိုင်တုတ် စစ်တပ်ကိုပင် အာဏာမတည်တော့။ ပြည်သူ့ရင်သွေးစစ်သည်များသည် အမိအဖရင်း ပြည်သူတို့၏ နှလုံးသားကို ခံစားနားလည်သွားကြပြီ။ ပထွေးမားကိုးစ်၏ မက်လုံးပေး အယုံသွင်း စကားသံများကို မယုံကြည်ကြတော့။ ကိုယ့်မိဘ ရင်းကို ပြန်သတ်ခိုင်းနေသော အမိန့်အာဏာများကို မလိုက်နာကြတော့။
နောက်ဆုံးတော့ အနှစ်နှစ်ဆယ်ကျော် သက်တမ်းရှည်ခဲ့သော အာဏာရှင်ကြီး မားကိုးစ်သည် ခွေးတကောင်အလား တိုင်းပြည်မှ ထွက်ပြေးရတော့သည်၊ လူထုအားကား ကြီးမားပေစွ။
နိဂုံးချုပ်ဆိုရသော် ဖိလစ်ပိုင်နိုင်ငံ၏ အောင်ပွဲရ လူထုတိုက်ပွဲကား လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကာလက ဖြစ်ပွားခဲ့ပေသည်။ ယခုအနှစ်နှစ်ဆယ်ကျော် ကာလတွင်လည်း ဤသို့သော လူထုတိုက်ပွဲကို စည်းလုံးညီညွတ်စွာ၊ အောင်မြင်စွာ ဆင်နွှဲ၍ မြန်မာ့သမိုင်း၏ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။ နောင်အနှစ်နှစ်ဆယ်ကာလတွင် တစုံတဦးက ရေးသားလာသော “မြန်မာအမျိုးသားတို့၏ လူထုလှုပ်ရှားမှုအောင်ပွဲ” ဟူသော ဆောင်းပါးတပုဒ်အား “သြော်- ဖတ်ချင်စမ်းပါဘိ”

အကြိုက်ဆုံးပို.စ်တစ်ခု သို.မဟုတ် Olympics and World Order

       ၈၈၈၈(ရှစ်လေးလုံးအရေးအခင်း)လည်းအနှစ်နှစ်ဆယ်တိုင်ခဲ.ပြီ။အမိမြန်မာနိုင်ငံတော်သည်ကား
ဖုတ်ဝင်နေသောနာတာရှည်လူမမာပမာတိုင်းပြည်၏စီးပွားရေး၊လူမှုရေး၊ပညာရေးတို.ကားအသက်ငင်
လျက်ရှိနေဆဲ။သမိုင်းတစ်ခေတ်မော်ကွန်းသစ်နိုင်ဖို.အစပျိုးခဲ.သူတို.အစကောင်းခဲ.သလောက်အနှောင်း
မသေချာခဲ.သဖြင်.ဖုတ်တစေသဘက်တို.အာဏာသက်ရှည်ကြာခဲ.လေပြီ။သေချာသည်ကတော.ကျွန်
တော်အပါအ၀င်အမှန်တရားကိုလိုလားသူတို.သမိုင်းနှင်.ချီရျုတာဝန်မကျေခဲ.ကြပါ။သို.အတွက်လည်း
မျိုးဆက်သစ်တို.အတွက်မျက်နှာပူရ၊အရှက်ရကြပါသည်။သို.သော်သည်မျှနှင်.မပြီးသေး။မိမိတို.ဘာတွေ
မှားခဲ.သနည်း။ဘယ်နေရာတွေမှာအားနည်းခဲ.သနည်း။မှန်ကန်စွာသုံးသပ်နိုင်ဘို.လိုပေမည်။ထိုအမှားများ၊
ပြုပြင်စရာများကိုယ္ခုဘလော.မိတ်ဆွေမခင်မမမျိုးက scholar ရှင်တစ်ယောက်ပီသစွာသုံးသပ်ထားပါသည်။
အမှန်တွေပြောရျုနာလိုခံခက်ဖြစ်ရန်မရှိပါ။ပြုပြင်လိုက်နာကျင်.သုံးရန်စဉ်းစားသင်.လှသည်မို.ပြန်လည်ကူး
ယူဖေါ်ပြအပ်ပါသည်။

ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာနှင့် မြန်မာ့အရေးအနှစ်နှစ်ဆယ်
(၂၀၀၈) ခုနှစ်၊ သြဂုတ်လ ရှစ်ရက်နေ့တွင် ကမ္ဘာ့အိုလံပစ်ပွဲတော်ကြီးကို တရုတ်နိုင်ငံတွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိဗက်အရေးကိစ္စများ၊ လုံခြုံရေးကောင်စီတွင် ဗွီတိုအာဏာကျင့်သုံးမှုများကြောင့် အိုလံပစ်ပွဲကျင်းပသည့် အိမ်ရှင်တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံများအကြား၊ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းများ အကြားတွင် အဝေဖန်ခံရမှု ရေပန်းစားနေသောနိုင်ငံဖြစ်သည်။ အခြားတဘက်တွင်လည်း မယုံကြည်နိုင်လောက်အောင် အရှိန်အဟုန်ဖြင့် ခုန်တက်လာသော စီးပွားရေးတိုးတက်မှုများကြောင့် စစ်အေးကာလပြီးချိန်မှစ၍ ကမ္ဘာ့နိုင်ငံရေးတွင် တပင်တိုင်မင်းသားကြီးဖြစ်နေသော အမေရိကန်နှင့် ယှဉ်ပြိုင်ဖက်ဖြစ်လာနိုင်မည်လားဆိုသည်ကို အကဲခတ်စောင့်ကြည့်လေ့လာခံနေရသော နိုင်ငံဖြစ်သည်။ ထိုသို့သော ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကာလတွင် မြန်မာ့ဒီမိုကရေစီအရေးကလည်း အနှစ်နှစ်ဆယ်ကြာကာလအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်ပွားလာသည်ကား အိုလံပစ်စတင်ကျင်းပသည့် သြဂုတ်လ ()ရက်နေ့သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က မြန်မာနိုင်ငံတွင် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး စတင်ခဲ့သည့် နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ ယခုဆောင်းပါးတွင် အဆိုပါ ဘေဂျင်းအိုလံပစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ၊ မြန်မာ့ဒီမိုကရေစီအရေးကိစ္စများနှင့် ပတ်သက်သည်များကို အနည်းငယ် တင်ပြဆွေးနွေးလိုပါသည်။
ဘေဂျင်းအိုလံပစ်ကျင်းပရာတရုတ်ပြည်
ပြည်တွင်းတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်ပကမ္ဘာ့အရေးတွင် လူသားချင်းစာနာမှုဖြင့် ၀င်ရောက်ကျူးကျော်စွက်ဖက်ရေးများအား ဗွီတိုအာဏာကျင့်သုံး၍ တားဆီးပိတ်ဆို့မှုများ၊ အာဏာရှင်နိုင်ငံများအား အကာအကွယ်ပေးမှုများ ပြုလုပ်နေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အိုလံပစ်ပြိုင်ပွဲကျင်းပခွင့်ပေးအပ်ချိန်မှ အစပြု၍ ကမ္ဘာတလွှားတွင် ကန့်ကွက်မှုများ၊ သပိတ်မှောက်မှုများ ဖြစ်ပွားလာခဲ့သည်။
ထိုသို့ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မည်သို့ပင် ကန့်ကွက်နေလင့်ကစား ဒီမိုကရေစီနိုင်ငံများအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ပြစ်တင်ဝေဖန်သည်ဆိုသော စကားလုံးများ တခါတရံ ပြောဆိုသည်မှလွဲ၍ တက်တက်ကြွကြွ ကန့်ကွက်ခြင်း မရှိလှ။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ ချစ်ကြည်စွာလက်တွဲရေးများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်ရေးတွင် အနှောင့်အယှက်ပြုနိုင်သူများကို ကြိုတင်ဖမ်းဆီးသည်အထိပင် ကာကွယ်ပေးခဲ့ကြသည်။
တိဗက်အရေးကိစ္စဖြစ်လာတော့ ကမ္ဘာ့အသံလွှင့်မီဒီယာတခုမှ ဥရောပဒီမိုကရေစီနိုင်ငံတခု၏ ၀န်ကြီးချုပ်အား လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား မည်သို့အရေးယူသင့်သနည်းဟု မေးမြန်းရာတွင် “ကုန်သွယ်မှုများများလုပ်တာနဲ့အမျှ စီးပွားရေးတိုးတက်လာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့နည်းသွားမှာပါ” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ လူ့အခွင့်အရေးပြဿနာရှိသော နိုင်ငံများအား စီးပွားရေးပိတ်ဆို့မှုများဖြင့် အရေးယူတတ်လေ့ရှိသော ဒီမိုကရေစီပရိုမိုးရှင်းလုပ်နေသည့် နိုင်ငံများအတွက် တရုတ်နိုင်ငံသည်ကား အဘယ်ကြောင့် ခြွင်းချက်ဖြစ်နေရသနည်း။
အဖြေကားရှင်းပါသည်။ တရုတ်နိုင်ငံ၏ economic power သည် ကမ္ဘာ့ဈေးကွက်ကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်နေသောကြောင့်ပင်။ ကမ္ဘာတ၀ှမ်း၌ ရောင်းချနေသည့် စားသောက်ကုန်၊ အ၀တ်အထည်၊ လူသုံးကုန်ပစ္စည်းတော်တော်များများတွင် made in China ဆိုသော စကားလုံးမပါသည့်ပစ္စည်းက ခပ်ရှားရှားဖြစ်လာနေပေပြီ။ နောက်ဆုံးစစ်လက်နက်ပစ္စည်းများတွင်ပင် တရုတ်ထုတ်ကုန်များက နေရာအနှံ့လွှမ်းမိုးလာခဲ့သည်။ သုံးဒေါ်လာခန့်သာတန်သည့် 72A အမျိုးအစား တရုတ်လုပ်မြေမြှုပ်မိုင်းများသည်ပင် ပြည်တွင်းစစ်ဖြစ်ပွားရာ နိုင်ငံများရှိ မြေပြင်နေရာအနှံ့တွင် perfect soldier များအဖြစ် နေရာယူထားခဲ့ကြသည် မဟုတ်ပါလား။ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာကို ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ
စစ်အေးကာလအပြီး အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများ၏ နိုင်ငံခြားရေးရာ မူဝါဒများ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ထိပ်ဆုံးမှ နေရာယူလာခဲ့သည်။ ဥရောပသမဂ္ဂ ၏ aid policy များတွင်လည်း လူ့အခွင့်အရေးအားလေးစားတန်ဖိုးထားမှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများသည် အရေးပါဆုံးသော သတ်မှတ်ချက်များ ဖြစ်လာခဲ့သည်။ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်တို့ကလည်း လူ့အခွင့်အရေးကဏ္ဍအရေးကြီးဆုံးဖြစ်သော good governance လိုအပ်ချက်ကို အာရုံစိုက်ဖော်ဆောင်ခဲ့ကြသည်။ နိုင်ငံရေးသိပ္ပံပညာရှင် Francis Fukuyama က 'The end of history' ဟုပင် အဆိုပြုခဲ့သည်။ Liberal international order သည် တခုတည်းသာ ကျန်ရှိတော့သည့် new world order အဖြစ် ရှုမြင်သုံးသပ်ခဲ့ကြသည်။ အမေရိကန်သမ္မတအဆက်ဆက်ကလည်း ဖူကူရာမ၏ အဆိုများကို သံယောင်ပြုခဲ့ကြသည်။ Immanuel Kant ၏ ဒီမိုကရက်တစ်ငြိမ်းချမ်းရေးစာတမ်းတွင် ဖော်ပြထားသကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် လစ်ဘရယ်ဒီမိုကရက်တစ် အုပ်ချုပ်ရေးတည်ဆောက်ခြင်းဖြင့် perpetual peace ကို ရရှိစေနိုင်မည် ဟူသော အချက်ကို အလေးအနက်ထားခဲ့ကြသည်။
သို့ပေမယ့် ကမ္ဘာကြီးပေါ်တွင် အမှန်တကယ်ဖြစ်ပွားခဲ့သည်များကတော့ ဤမျှလောက် မလွယ်ကူ၊ မအေးချမ်းခဲ့ပါ။ အခြားနိုင်ငံရေးသိပ္ပံပညာရှင်တဦးဖြစ်သူ Samuel Huntington ဆိုထားခဲ့သည့် clash of civilization သည် အမှန်တကယ်ပင် ဖြစ်ပွားလာခဲ့ပါသည်။ နိုင်ငံတကာ ဆက်ဆံရေးတွင် nation states များသည်သာ primary အဖြစ်ရှိပြီး၊ global order မှာလည်း ယဉ်ကျေးမှုဆိုင်ရာအဆိုများ၏ လွှမ်းမိုးမှုများပေါ်တွင် ပိုမိုတည်မှီလာခဲ့ပါသည်။ Confucian, Sinic, Islamic power blocs များ ပေါ်ပေါက်လာခဲ့ပါသည်။
အာရှနိုင်ငံများတွင် စင်ကာပူ၊ မလေးရှားနိုင်ငံများမှ ဦးဆောင်၍ Asian values ကို ကြွေးကြော်ခြင်းဖြင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်းဒေသများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများသည် အစ္စလာမ်ဘာသာကို undermine လုပ်သည်ဟူသော အဆိုများဖြင့် လည်းကောင်း၊ အမေရိကန်နှင့် မဟာမိတ်များ၏ ဒီမိုကရေစပရိုမိုးရှင်းနှင့် universal human rights ကို ဆန့်ကျင်အာခံခဲ့ကြသည်။ အစွန်းရောက်စစ်သွေးကြွဝါဒီများအတွက်ကား အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ရန်သူများစာရင်းသို့ သွတ်သွင်းခြင်းခံခဲ့ရသည်။ ကမ္ဘာတ၀ှမ်းတွင် အကြမ်းဖက်မှုများက စိုးမိုးလာခဲ့သည်။ ထိုအခါ အမေရိကန်က war on terror ကြေငြာ၍ ပြဿနာများကို ဦးဆောင်ဖြေရှင်းသည်။ ရလာဘ်မှာကား အမေရိကန်၏ လုပ်ဆောင်ချက်များသည် defensive strategy ပေါ်တွင် အခြေမပြုတော့ပဲ တစတစ doctrine of pre-emption ခေါ် အမေရိကန် homeland နှင့် ပြည်ပရှိအမေရိကန် interest များအား ရန်သူကမတိုက်ခိုက်ခင် မိမိက ဦးစွာစစ်ရေးအရ တိုက်ခိုက်အနိုင်ယူခြင်း အပေါ်တွင် အခြေပြုလာသည်။ တနည်းဆိုရလျှင် အမေရိကန်နိုင်ငံ၏ imperialist motive သည် တစတစ ကျယ်ပြန့်လာခဲ့သည်။ အီရတ်ကို ၀င်ရောက်ကျူးကျော်ပြီး နောက်ပိုင်းတွင်ကား ကမ္ဘာတ၀ှမ်းတွင် အမေရိကန်အား ဝေဖန်တိုက်ခိုက်မှုများ ပိုမိုများပြားလာခဲ့သည်။
အခြားတဘက်တွင်လည်း တရုတ်နိုင်ငံ၏ economic power မှာ ကမ္ဘာတ၀ှမ်းကို လွှမ်းမိုးလာခဲ့သည်။ စစ်အေးတိုက်ပွဲပြီးစဉ်မှစ၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ အဓိကအချက်နှစ်ချက်ကို အခြေခံထားသည်။ ပထမတချက်က ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာ conditions များကို maintain လုပ်ရန်ဖြစ်ပြီး၊ ဒုတိယတချက်မှာကား နိုင်ငံတကာ ambitions များကို frustrate လုပ်လာနိုင်မည့် အမေရိကန်နှင့် အခြားနိုင်ငံများ၏ လုပ်ကိုင်နိုင်ရည်ကို လျှော့ချရန်ဖြစ်သည်။ ယင်းအတွက် တရုတ်နိုင်ငံသည် multilateralism ကို အသုံးပြုဖော်ဆောင်ထားသည်။ အမေရိကန်၏ operative principle မှာလည်း balance of power ကို maintain ဆက်လုပ်ထားရန်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့အကြား strategic partners များအဖြစ် နေကြမည်လား၊ strategic competitors များအဖြစ် ရင်ဆိုင်လာကြမည်လား ဆိုသည်ကို မေးဖွယ်ရာ ဖြစ်လာသည်။
အမေရိကန်နိုင်ငံတခုတည်းတွင် တရုတ်နိုင်ငံ၏ industrialization ကို stall လုပ်နိုင်မည့် distributive power မရှိသကဲ့သို့ မည်သည့် အနောက်ဥရောပနိုင်ငံ၊ ဂျပန်နှင့်ရုရှားနိုင်ငံတို့မှလည်း ထိုသို့အမေရိကန်လုပ်မည့် လမ်းကြောင်းကို အကူအညီပေးဖွယ်ရာမရှိပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံကို အမေရိကန်မှ hostile လုပ်ခြင်းအားဖြင့် တရုတ်နှင့်ရုရှားပိုမိုနီးကပ်စွာ ပူးပေါင်းသွားစေခြင်းသာ အဖတ်တင်ကျန်ရစ်မည်ဖြစ်သည်။ သို့ဖြစ်၍ အမေရိကန်တွင် တရုတ်နိုင်ငံ ပါဝါတက်လာမှုကို accommodate လုပ်ရုံမှတပါး ရွေးချယ်ရာလမ်းမရှိ။ တရုတ်နှင့် strategic partner မဖြစ်သေးစေကာမူ strategic competitor ဖြစ်လာမည်ကား မဟုတ်နိုင်ပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက Geopolitics အရ အရေးကြီးဆုံးနိုင်ငံတနိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအား အမေရိကန်မှစစ်ရေးအရ ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းသည် ဖိုးလမင်းထံမှ ထမင်းဆီဆမ်း ရွှေလင်ဗန်းတောင်းနေသကဲ့သို့ပင်ဖြစ်ကာ မျှော်လင့်ချက်မှားများဖြစ်စေသည့် strategic failure တစ်ခုပင်ဖြစ်လေသည်။
အနှစ်နှစ်ဆယ်မြန်မာ့ဒီမိုကရေစီအရေး
မြန်မာ့ဒီမိုကရေစီအရေး အနှစ်နှစ်ဆယ်ကြာအောင် ရှည်ကြာနေရသည့် အကြောင်းရင်းများတွင် အတိုက်အခံများ စည်းလုံးမှုအားနည်းခြင်း၊ တပ်ဦးပါတီ၏ ဦးဆောင်မှုအရည်အချင်း ယုတ်လျော့ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်မှု နှောင့်နှေးခြင်း၊ အခွင့်အရေးသမားများ အရေခြုံဝင်ရောက်လာခြင်း၊ မဟာဗျူဟာ၊ နည်းဗျူဟာပိုင်းဆိုင်ရာ အတွေးအခေါ်အားနည်းခြင်း စသည်တို့သာမက ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲများကပါ အရေးပါသော အကွေ့အပြောင်းများကို ဖြစ်ပွားစေခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မြန်မာစစ်အစိုးရကို နိုင်ငံတကာ စာမျက်နှာများတွင် အကာအကွယ် ပေးနေသယောင်ဖြစ်နေခြင်းကို စစ်ဗိုလ်ချုပ်များနှင့် ထိုအစိုးရများကြားမှ စီးပွားရေးအကျိုးအမြတ်ကြောင့် ဟု လူအများက ထင်မှတ်ကြသည်။ အတိုင်းအတာတခုအထိ ပါဝင်သည်မှန်သော်လည်း၊ လက်တွေ့တွင်ကား မြန်မာ့အရေးသည် အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ power games များတွင် ကြားညပ်နေခြင်းသာ ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စီးပွားရေးယုတ်လျော့ကျဆင်းမှုများဖြင့် ပြည့်နှက်နေသော မြန်မာနိုင်ငံအား အာဆီယံမှ လက်ခံခဲ့သည့် အချိန်သည် cultural relativism သဘောတရားကို လက်ကိုင်ပြုကာ Asian values အဆိုများဖြင့် အာရှနိုင်ငံများမှ အနောက်အုပ်စုနိုင်ငံများ၏ ဒီမိုကရေစီပရိုမိုးရှင်းအပေါ် အားစမ်းနေသည့် ကာလတွင်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် တည်ကြက်သဖွယ် ဖြစ်ခဲ့ရသည်။ တဖန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးကို တင်နိုင်လာချိန်တွင်လည်း တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံကမှ challenge မလုပ်ရဲတော့သည့် economic power ကို ပိုင်ဆိုင်ထားသည့် အချိန်အခါတွင် ဖြစ်နေခဲ့ပါသည်။ စစ်မဟာဗျူဟာ လေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး မည်သည့်ရှုထောင့်မှပဲ ကြည့်ကြည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်အုပ်စုတပ်များဝင်ရောက်မှုကို မည်သည့်ရည်ရွယ်ချက်ဖြင့်ပင် ဖြစ်စေကာမူ လက်ခံမည်မဟုတ်သည်မှာ အသေအချာပင်ဖြစ်နေပေသည်။
ဤသို့သော အခြေအနေတွင် အဆိုးဆုံးဖြစ်နေသည်ကား မြန်မာ့ဒီမိုကရေစီအရေးသည် တော်လှန်ရေးတခုတွင် ဖွင့်လှစ်ထားရှိရမည့် စစ်မျက်နှာ ငါးမျိုးအနက် နိုင်ငံတကာ စစ်မျက်နှာ (international battlefront) တခုတည်းကိုသာ ဦးတည်ထားသည့် အချက်ဖြစ်သည်။ (၁၉၉၆) မှ (၂၀၀၄) အထိ ကာလတလျှောက်တွင် မြန်မာ့ဒီမိုကရေစီအတိုက်အခံများသည် နိုင်ငံတကာ ကင်ပိန်းများကိုသာ အာရုံစိုက်ပြုလုပ်ခဲ့ကြပြီး၊ အခြားစစ်မျက်နှာများဖြစ်သော စစ်ရေးစစ်မျက်နှာ (military battlefront)၊ နိုင်ငံရေးစစ်မျက်နှာ (political battlefront) ၊ ယဉ်ကျေးမှုနှင့်ယုံကြည်သက်ဝင်မှုစစ်မျက်နှာ (cultural-spiritual battlefront) နှင့် လူမှုစီးပွားစစ်မျက်နှာ (social economic battlefront) များတွင် အာရုံစိုက်မှုနည်းခဲ့ကြသည်။ ပြည်တွင်းတွင်ရှိသော တိုက်ပွဲကို ပြည်ပမှ အမြောက်ပစ်၍ စစ်ကူပေးသည့် အလုပ်များကိုသာ ဦးစားပေးခဲ့ကြသည်။ ပြည်တွင်းတွင် မြေအောက်ယူဂျီကွန်ယက်များကို မြို့ပြကျေးလက်အဆင့်ဆင့် ထိုးဖောက်ချိတ်ဆက်ရမည့်အစား၊ ပြည်ပနိုင်ငံပြည်သူများ အာရုံစိုက်မှုရစေရေးတွင် အချိန်ပေးခဲ့ကြသည်။
တော်လှန်ရေး၏ အဓိကသော့ချက်ဖြစ်သော winning the hearts of people ဗျူဟာကို ပြည်တွင်းတွင် အကောင်အထည်ဖော်ရေးထက် ပြည်ပနိုင်ငံများတွင် အကောင်အထည်ဖော်ရေးကို အားသန်ခဲ့ကြသည်။ ပြည်ပနိုင်ငံပြည်သူများမှ သနားညှာတာစွာ ပေးအပ်သော ကရုဏာများကို သာယာခဲ့ကြသည်။ ပြည်ပအစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မြန်မာ့အရေးအတွက် statement လေးတခု ထုတ်ပေးလျှင်ပင် ဟုတ်လှပြီဟေ့၊ ငါကွဟု ကြွေးကြော်ခဲ့ကြသည်။ ထိုအချိန်များတွင် ပြည်တွင်းမှ ပြည်သူလူထုနှင့် တော်လှန်ရေးတို့ တစတစဝေးကွာမှန်းမသိ ဝေးကွာလာသည်ကို သတိမပြုမိခဲ့ကြ။ စစ်အာဏာရှင်စနစ်အောက်တွင် မွန်းကြပ်နေသော ပြည်သူလူထုအတွက် လွတ်မြောက်ရာလမ်းကို ဦးဆောင်ညွှန်ပြခြင်း မရှိခဲ့ကြ။ မျှော်လင့်ချက်မှားများ ပေးခဲ့ကြသည်။
(၂၀၀၅) ခုနှစ်မှ အစပြုပြီး ဒီမို ၂၀၀၆ ကြွေးကြော်သံများနှင့်အတူ လူထုတိုက်ပွဲလမ်းကြောင်းပေါ် ပြန်ရောက်လာသည်အထိ၊ ထိုအယူအဆများက ပျောက်ကွယ်သွားခြင်းမရှိခဲ့။ လူထုတိုက်ပွဲတခုတွင် နယ်အနှံ့ပျံ့နှံ့သွားမှု၊ ဖော်ဆောင်သူများမှ တိုက်ပွဲအရှိန်ကို ထိန်းသိမ်းထားနိုင်မှု၊ လူအများပူးပေါင်းပါဝင်လာမှု၊ အကျအဆုံးနည်းစွာနှင့် ထိရောက်နိုင်မှု၊ ပျောက်ကျားများကဲ့သို့ ဟိုနေရာပေါ်၊ ဒီနေရာပျောက်ဖြင့် အာဏာရှင်များအား လှည့်စားနိုင်မှု စသည်တို့သည် ပြည်ပနိုင်ငံပြည်သူများ သတင်းတခုထိုင်ကြည့်ပြီး သြော်- သူတို့တိုင်းပြည်မှာ ဒီလိုဖြစ်နေပါလား မှတ်ချက်ပေးခံရရန်၊ ပြည်ပနိုင်ငံအစိုးရများမှ မြန်မာစစ်အစိုးရအားပြစ်တင်ရှုတ်ချလိုက်ကြောင်း စတိတ်မင့် တခုထွက်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်မှုများထက် ပို၍ အရေးကြီးပါသည်။ ထိုသို့မဟုတ်ပဲ တော်လှန်ရေးတခုကို ဒီမိုကရေစီနိုင်ငံများတွင် ပြုလုပ်သည့် ကင်ပိန်းတခုကဲ့သို့သော အယူအဆများဖြင့် ပြုလုပ်နေပါက အောင်မြင်မှုရာနှုန်းနည်းနိုင်ပါသည်။ စက်တင်ဘာတော်လှန်ရေးကဲ့သို့ ပြည်သူလူထုမှ အမေရိကန်တပ်များဝင်လာမှာကို စောင့်မျှော်ရင်း ပြီးဆုံးသွားသည့် အမှားမျိုးထပ်မံမဖြစ်ပွားစေရန် ဂရုပြုကြရပါမည်။
ထို့အပြင် ပြည်ပအတိုက်အခံများတွင် standpoint နှင့် scope ကို အဖွဲ့အစည်းများ အလိုက် သတ်မှတ်ကြရန်လည်း လိုအပ်လာပြီဟု မြင်ပါသည်။ အနှစ်နှစ်ဆယ်ကာလတွင် မိမိတို့နှင့် အနီးကပ်ဆုံး ဆက်ဆံကြရသည်က အစိုးရများထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများတွင် အချို့က လူ့အခွင့်အရေးအဖွဲ့များ၊ အချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၊ အချို့က နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး၊ အချို့က အမျိုးသမီးအခွင့်အရေးအဖွဲ့များ စသည်ဖြင့် အမျိုးမျိုး ရှိပါသည်။ ထိုသို့ပူးတွဲလုပ်ဆောင်ရင်း မိမိတို့ အတိုက်အခံအင်အားစုများသည် စစ်အာဏာရှင်အားတိုက်နေသည့် တော်လှန်ရေးအဖွဲ့များ အသွင်မဆောင်တော့ပဲ အင်ဂျီအိုအဖွဲ့များ ပုံသဏ္ဍာန်ဖြစ်လာပါသည်။ report များထုတ်လိုက်၊ ပရောဂျက်များတင်လိုက်၊ ချပေးသည့် funds များဖြင့် ချပေးသည့် ပရောဂျက်များ လုပ်လိုက်၊ စတိတ်မင့်များ ထုတ်လိုက်ဖြင့် non- state actors များဖြစ်သည့် Transnational organizations အသွင် များပေါက်လာပါသည်။ မြန်မာနိုင်ငံမှ စစ်အစိုးရအားတိုက်နေသည့် collective identity က တစတစ ပျောက်ကွယ်လာပါသည်။
ဥပမာဆိုရလျှင်- ဘေဂျင်းအိုလံပစ်ကိစ္စ။ အိုလံပစ်အရေးတွင် အများဆုံး ကန့်ကွက်ကြသူများမှာ state actors များမဟုတ်ပဲ အင်ဂျီအိုများနှင့် လူ့အခွင့်အရေးအဖွဲ့များဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် ပိတ်ပင် တားဆီးမှုများ အများအပြား ပြုလုပ်ထားပါသည်။ သို့ဖြစ်၍ ထိုသို့ပိတ်ဆို့မှုကို တရုတ်သံရုံးရှေ့တွင် မြန်မာများသွားရောက်၍ ဆန္ဒပြသည်ဆိုလျှင် မှန်ကန်သောနည်းလမ်းဖြစ်သော်လည်း အိုလံပစ်ပွဲသပိတ်မှောက်ရန် လူ့အခွင့်အရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်သည်ကတော့ strategic failure ဖြစ်နိုင်ပါသည်။ အိုလံပစ်အား သပိတ်မှောက်သင့်သည်၊ မသင့်သည် ကိစ္စများကို ကျွန်မငြင်းခုန်နေခြင်းမဟုတ်ပါ။ သို့ပေမယ့် မြန်မာအတိုက်အခံများမှ သပိတ်မှောက်လိုက်ခြင်းဖြင့် တရုတ်နှင့် မြန်မာစစ်အစိုးရ ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် တွန်းပို့လိုက်သကဲ့သို့နှယ် ရှိနိုင်ကြောင်းကို ပြောဆိုနေခြင်းဖြစ်ပါသည်။ ဘေဂျင်းမှပေါ်လစီချမှတ်သူများသည် မြန်မာ့ဒီမိုကရေစီအရေးကို နှောင့်နှေးအောင် လုပ်နေခြင်းဆိုသည်ထက် သူနှင့်အနီးဆုံးဒေသတွင်းသို့ အနောက်အုပ်စုတပ်များ ၀င်မလာရေးကို ပိုမို အာရုံစိုက်သည်၊ တရုတ်-မြန်မာကုန်သွယ်ရေးမှ ရရှိနိုင်မည့် အကျိုးအမြတ်ကို ပိုမိုစိတ်ဝင်စားသည်။ သို့ဖြစ်ရာ မြန်မာအတိုက်အခံများမှ အနောက်နိုင်ငံတပ်များ ခေါ်လာသည်မဟုတ်ပဲ မိမိတို့ဘာသာ လူထုတိုက်ပွဲဖြင့် စစ်အစိုးရဖြုတ်ချခြင်းကိုမူ ၀င်ရောက်စွက်ဖက်မည်မဟုတ်။ နောက်ဆုံး ဗိုလ်ချုပ်များထွက်ပြေးလျှင် ခိုလှုံခွင့် ပေးမည်မှလွဲ၍ အသစ်တက်လာမည့် ကြားဖြတ်အစိုးရကို ကန့်ကွက်မည်မဟုတ်။ သို့ရာတွင် တရုတ်နိုင်ငံမှ လူ့အခွင့်အရေးကိစ္စများကို မြန်မာအတိုက်အခံများက ကန့်ကွက်ခြင်း signal ကိုတော့ အရေးတယူလုပ်သွားနိုင်ဖွယ်ရှိသည်။ မြန်မာအတိုက်အခံများနှင့်ဆိုလျှင် တရုတ်-မြန်မာ ဆက်ဆံရေး အခက်အခဲများ ဖြစ်လာနိုင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်ဆိုပါက စစ်အစိုးရနှင့်မှသာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကောင်းမွန်စွာထိန်းထားနိုင်မည်ဟု ယူဆလိုက်ပါက အခက်ပင် မဟုတ်ပါလား။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအရ ဒီမိုကရေစီရပြီးလျှင်လည်း မပတ်သက်၊ မဆက်ဆံပါ၊ ကုန်မသွယ်ပါ။ အမေရိကန်နှင့်ပဲ ကုန်သွယ်ပါမည် သွားလုပ်၍လည်း ရသည်မဟုတ်ပါ။ ရေရှည်ဆက်ဆံရေးအတွက် မလိုလားအပ်သော conflict ဖြစ်နိုင်ချေများကို ကြိုတင်လက်ရှောင်ထားသည်က အကောင်းဆုံးဖြစ်လိမ့်မည် ထင်မိပါသည်။
ကိုယ့်ဘ၀မှန်ကို ကိုယ်သိကြရန် လိုအပ်ပါသည်။ လူ့အခွင့်အရေးအဖွဲ့အစည်းအဖြစ်သာ လုံးဝရပ်တည်တော့မည်ဆိုလျှင်တော့ တမျိုးဖြစ်သည်။ ပြောစရာမရှိပါ။ ထိုကိစ္စများကိုသာ ဇောင်းပေးလုပ်ကြရန်ဖြစ်သည်။ မဟုတ်ပဲ တချိန်တွင် state actors များအဖြစ် ရပ်တည်မည်ဆိုလျှင်တော့ ခြေလှမ်းများကို ဂရုတစိုက်လှမ်းကြရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ထွန်းကားရန် ဦးစွာ လုပ်ဆောင်ရပါဦးမည်။ ဒေသတွင်းတခုလုံး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရန် လိုက်လံ enforce လုပ်ရန် ဖွံ့ဖြိုးဆဲ နိုင်ငံတခုအနေဖြင့် economic power နှင့် military power ရှိဦးမည်မဟုတ်ပါ။ သံခင်းတမန်ခင်းအရ အထိုက်အလျောက် ဆက်ဆံရသည်များ ရှိနေပါလိမ့်ဦးမည်။ ရန်သူတွေကြိုမရှာထားသင့်ပါ။
အာဆီယံနှင့် ဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ဘန်ဒေါင်းညီလာခံတခုတည်းနှင့်ပင် အာဆီယံထဲမှ အရေးပါသော နိုင်ငံများ၏ နိုင်ငံခြားရေးမူဝါဒကို သဘောပေါက်သင့်ကြသည်။ Asian values ဆိုင်ရာ claims များကို နားလည်သင့်ကြသည်။ အာဆီယံသည်လည်း မြန်မာစစ်ဗိုလ်ချုပ်များကို ကာကွယ်ပေးနေသည်ဆိုခြင်းထက် ဒေသတွင်း အနောက်အုပ်စုများ ၀င်ရောက်လွှမ်းမိုးလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အခြေစိုက်စစ်စခန်းတခု ခိုင်ခိုင်မာမာ ပေါ်ထွက်လာမည်ကို strategic calculation လုပ်ပြီး ဟန့်တားထားကြခြင်းဖြစ်သည်။ မြန်မာတို့မှ ကိုယ့်အားကိုယ်ကိုး၍ လူထုတိုက်ပွဲဆင်နွှဲကာ စစ်အစိုးရအား ဖြုတ်ချခြင်းကို ၀င်ရောက် ကန့်ကွက်ကြမည်မဟုတ်။ ဖိလစ်ပိုင်နိုင်ငံကဆိုလျှင် အားပေးမှုပင် လုပ်ပေလိမ့်ဦးမည်။ တက်လာသည့်အစိုးရကို အကူအညီများစွာ ပေးလာလိမ့်မည်။ အာဆီယံနှင့် သံတမန်ဆက်ဆံရေးပြေလည်ရန် အထူးလိုအပ်လှသည်။ အတိုက်အခံခေါင်းဆောင်များအနေဖြင့် “အာဆီယံက ပညာရှင်တွေလည်း ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတကာပညာရှင်တွေလောက် အဆင့်အတန်းမမှီဘူး” စကားပြောမျိုးကို ထပ်မံမပြောမိစေရန် ရှောင်ရှားကြစေလိုသည်။ အာဆီယံတွင်လည်း အနောက်နိုင်ငံတက္ကသိုလ်ကြီးများမှ ပါရဂူဘွဲ့များရထားသော ပညာရှင်များစွာ ရှိနေပါသည်။ စော်ကားသည်ဟု ခံယူလိုက်ကြလျှင်မကောင်းပါ။ စစ်အစိုးရနှင့် ပိုမိုနီးကပ်သွားအောင် တွန်းလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။
စစ်ရေး၊ စီးပွားရေးများတွင် ရန်သူ့လူ၊ ပြိုင်ဘက်လူများအား ကိုယ့်ဘက်ပါအောင် စည်းရုံးနိုင်ရေးသည် အလွန်ပင်ပညာသားပါ၍ ထိရောက်လှသော ဗျူဟာတရပ်ဖြစ်ပါသည်။ လုပ်ကိုင်နေသော လုပ်ရပ်များသည် ထိုဗျူဟာမြောက်လုပ်နေကြသည်လား၊ ရန်သူများအချင်းချင်း ပိုမိုစည်းလုံးသွားပြီး ရန်သူသစ်များပင် ပိုမိုတိုးပွားလာအောင် ဖော်ဆောင်နေကြသည်လား ဆိုသည်ကို ပြန်လည်ဆင်ခြင်ကြည့်စေလိုပါသည်။ ချစ်ကြည်ရေးမတည်ဆောက်နိုင်လျှင်တောင် ရန်သူမလုပ်သင့်ပါ။ စစ်အစိုးရအားဖိအားပေးရန် အာဆီယံကို အီးယူက ပြောပေးပါ။ အမေရိကန်က ပြောပေးပါ သွားလုပ်နေလျှင်တော့ ဒီပွဲကဘယ်တော့မှ ပြီးမည်မဟုတ်ပါ။ အာဆီယံသည် အီးယူလက်အောက်ခံမဟုတ်သလို၊ အမေရိကန်လက်အောက်ခံလည်း မဟုတ်ပါ။ ချဉ်းကပ်နည်းများ လိုအပ်လှပါသည်။
စစ်ရေးစစ်ရာများအသာထား။ အရပ်ဘက် ဥပမာလေးတခုကိုပင် တင်ပြလိုပါသည်။ လမ်းထဲတွင် အိမ်သုံးအိမ်ရှိသည်ဆိုပါစို့။ မိမိအိမ်တွင် ပထွေးက အိမ်ဦးစီးလုပ်နေပြီး တအိမ်လုံးအားနှိပ်စက်နေ၍ ရပ်ကွက်ထဲ ထွက်လာသည်။ အိမ်မှပထွေးအား အိမ်ဦးစီးအဖြစ်မှ ဖြုတ်ချလိုသည်။ အိမ်၏ညာဘက်တွင်ကား ပထွေးနှင့် မိတ်ဆွေအပေါင်းအသင်းဖြစ်နေသည့် ဦးတရုတ်ရှိသည်။ ဦးတရုတ်က ပထွေးကို သူ့၏ ဓနရှိန်ဖြင့် အကာအကွယ်ပေးထားသည်။ ဦးတရုတ်တွင် တိတ်တိတ်ပုန်းယူထားသော အငယ်အနှောင်းရှိသည်ထားပါတော့။ တခါ အိမ်၏ ဘယ်ဘက်တွင်ကား ဦးအာဆီယံခြံဝိုင်းရှိသည်။ ဦးအာဆီယံနှင့် ပထွေးတို့က စီးပွားရေးကူးလူးဆက်သွယ်မှုများရှိနေသည်။ ပထွေးထံမှ ထွက်လာ၍ ရပ်ကွက်ထဲရောက်လာသူသည် မည်သည့်အလုပ်ကို ဦးစားပေးပြုလုပ်သင့်သနည်း။ ရပ်ကွက်ရုံးတိုင်တော့လဲ အိမ်တွင်းရေးမို့ အရေးယူ၍မရကြောင်းဆိုနေပြီ။ သို့ဆိုလျှင် ထိုသူသည် ပထွေးအားအကာအကွယ်ပေးတတ်သော ဦးတရုတ်အား အမြင်ကပ်မှုဖြင့် အငယ်အနှောင်းယူသည်မှာမကောင်းကြောင်း ရပ်ကွက်ထဲတွင် လိုက်ပြောကာ ဦးတရုတ် တလင်တမယားစနစ်ကျင့်သုံးရန် သူ့ခြံရှေ့တွင် သွားရောက်ဆန္ဒပြတောင်းဆိုမည်လော (သို့မဟုတ်) ပထွေးနှင့် စီးပွားရေးတွဲလုပ်နေသည်ကို မကျေမနပ်ဖြစ်ကာ ဦးအာဆီယံခြံဝိုင်းအား ခဲနှင့် သွားထုမည်လော (သို့မဟုတ်) ပထွေးမကောင်းကြောင်း ရပ်ကွက်ထဲ လှည့်လည်ပြောကာ ဘာမှမလုပ်ပေးနိုင်သည့် ရပ်ကွက်သားများအား မျက်ရည်ခံလိုက်ထိုးပြောပြနေရင်း အချိန်ကုန်မည်လော (သို့မဟုတ်) ရရာလက်နက်များစု၊ ခြံတွင်းမှညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်ကာ ပထွေးအား တိုက်ခိုက်ပြီး အိမ်မှထွက်သွားအောင် လုပ်ကြမည်လော။ မည်သည့်အလုပ်လုပ်သင့်သည်ကို မိမိတို့ဘာသာ စဉ်းစားတွေးတောကြစေလိုသည်။
နိဂုံး
ချုပ်၍ဆိုရသော် ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာသည် အပြောင်းအလဲများစွာ ဖြစ်ပွားနေပါသည်။ သန်းပေါင်းများစွာသော ပြည်သူတို့၏ အရေးကို ပြောင်းလဲတတ်သော သဘာဝရှိသည့် စစ်မျက်နှာတွင် အခြေပြုထားခြင်း မပြုလုပ်သင့်ပါ။ လုံးဝမပြောင်းလဲသော အင်အားတခုကတော့ ရှိပါသည်။ ဤသည်မှာ ဖိနှိပ်မှုများကြားတွင် မွန်းကြပ်နေသော ပြည်သူလူထု၏ ပြောင်းလဲမှုကို တောင့်တနေသော လူထုအင်အားကြီးပင် ဖြစ်ပါသည်။ ထိုအင်အားကို မှန်ကန်စွာအသုံးပြုနိုင်မှု၊ လျှို့ဝှက်နက်နဲစွာ ရန်သူ့လူများကို စည်းရုံးနိုင်မှု၊ ပူးတွဲကြားဖြတ်အစိုးရအတွက် စနစ်တကျ nominate လုပ်နိုင်မှု၊ ယူဂျီမြေအောက်လုပ်ငန်းများနှင့် မီဒီယာအား မရောစပ်မှု၊ ကွင်းဆက်များ ပြတ်တောက်ခြင်းမရှိပဲ အချိန်နှင့်အညီ ချိတ်ဆက်လှုပ်ရှားနိုင်မှု၊ အလွယ်တကူ mobilize လုပ်နိုင်မှု၊ ခေါင်းဆောင်များ ပေါ်ထင်စွာမနေပဲ မှန်ကန်သောအချိန်၊ နေရာတွင် တိုက်ပွဲများ ဖော်ဆောင်နိုင်မှုတို့ဖြင့် အနှစ်နှစ်ဆယ် ရှည်ကြာနေသော မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို အဆုံးသတ်ကြပါစို့ ဟု ရေးသားလိုက်ရပေသည်။
တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၅၊ ၈၊ ၂၀၀၈)