Varieties of Photos....
Saturday, December 29, 2012
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေ၊ကာတွန်းပြကွက်
လေးတွေတင်ပြလိုက်ပါတယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်။ ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသ
တည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်
တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်
နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲဝါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာ
မို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာ၊ ကာတွန်းဆရာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
 သာကီမျိုးဟေ့ ဒို့ ဗမာ...
 လေ့ လာမှတ်သား ပညာရှိစကား...
 အခုတော့ ဖွဘုတ်၊ ဖွရှင်မင်းတရားကြီးတွေဖြစ်နေကြပါပေါ့ လား...
 အကယ်၍သာ မှန်ခဲ့ ပါမူ... အကျွန့် လိုရာ၊ ပြည့် စေသော်....
သင်၏လို၇ာပြည့် စေသော်...
 လျှပ်တစ်ပြက် လူ့ ကဲခတ်နည်း နိဿရည်း...
 အရပ်ထဲလည်းခက်လှပါပြီ... ဒီပွဲရူးကြောင့် ရှက်လှပါသည်...
 စကားပြောလျှင် ဥဏ်ဖြင့် ယှဉ်...
 ဖုန်းတွေမယူခင်....
 သြော်... အိုင်ဖုန်း၊ အိုင်ပတ် ကြောင့် အသဲကွဲ၇တဲ့ ဒုက္ခ...
 တစ်ခေတ်တစ်ခါကပေါ့ ကွယ်....
 နိုင်ငံရေးသမားများ သတိထား...
 ရှောင်လေဝေးဝေး.... ခွေးဖြစ်ဘေး...
 အဟုတ်တကယ်စိုးပါသည်.... ကျူပ်တကယ်ခိုး ( အာဏာ ) ပါသည်....
 ဒီနိုင်ငံမှ မတိုးတက်၊ ဘယ်နိုင်ငံတိုးတက်မလည်း ....
စနေနေ့ တွေခံသွားလို့ ....
 လမ်းဖောက်တဲ့ သူ... လမ်းမပျောက်တဲ့ သူ...
အသေချာဆုံးပါပဲ....
Your love is lifting me higher: World's tallest teen girl towers over boyfriend as they take trip to Brazilian beach
Monday, December 24, 2012
ထို့ ကြောင့် ဤအရာကို...အချစ်ဟုခေါ်ပါသည်
ကျော်သက်မိန်းကလေး၊ ဘရာဇီးလ်နိုင်ငံသူကလေး ယ်လစ်နီ ဒါကုစ်ဆေးလ်ဗာ ဟာ သူမ
ဒို ဒါဆေးလ်ဗား ကာဗယ်လ်ဟို နှင့် လက်ချင်းချိတ်ကာ လျှောက်လှမ်း လျှက် ချစ်သူကိုအနမ်းပန်း
ချွေဖို့ ခါးကိုင်းကာ ခေါင်းငုံ့ မွှေးကြူခဲ့ ပါတယ်....
ဘရာဇီးလ်နိုင်ငံ၊ဆာလီနိုပိုလစ် အရပ်မှဆယ်ကျော်သက်မိန်းကလေး အနေဖြင့် သူမ၏ဦးနှောက်
အတွင်း အကြိတ်ကြောင့် မရပ်မနားထွားကြိုင်းလာနေသည့် အတွက် ခန္ဓာကိုယ်မတန်တစ်ဆကြီး
မားကာအရပ်လည်းအလွန်ရှည်လျားနေရပါတယ်...
The height of passion: Brazil's tallest teen, Elisany da Cruz 
Silva with her boyfriend, Francinaldo da Silva Carvalho in Salinopolis, 
Brazil
ကိုယ်ကတော့ မြင့် မြင့် ကိုပဲကြိုက်တယ်... အမြင့် ကိုပဲမှန်းတယ်...
ချစ်ခြင်းနဲ့ သက်သေတည်.... အချစ်သာလျှင်ပဓာန...
The height of passion: Brazil's tallest teen, Elisany da Cruz Silva with her boyfriend, Francinaldo da Silva Carvalho in Salinopolis, Brazil
Loved up: At 6ft 8in-tall, Elisany towers over her smitten 
partner, who is just 5ft 4in
အချစ်ကြောင့် မညီမျှမှုဆိုတာလည်းမရှိနိုင်တော့ ပြီ...
Loved up: At 6ft 8in-tall, Elisany towers over her smitten partner, who is just 5ft 4in
ိုဆက်ဆံတာ၊ ကျွန်မကိုပြောဆိုဆက်ဆံတာတွေက အထာညက်လွန်းလို့ ပဲ သူ့ ကိုသဘောကျ
သွားခဲ့ ၇တာပါ... တစ်ခုပဲဒုက္ခရောက်တာကတော့ ကျွန်မတို့ အတူလက်ချင်းချိတ်ပြီး တွဲသွားကြ
ဒါပေမယ့် လည်း ကျွန်မကသူ့ ရွေးချယ်ဲ့ တာမဟုတ်ပါဘူး... ဘုရားသခင်ကသာ ကျွန်မအတွက်
ရွေးချယ်ပေးခဲ့ တာဖြစ်ပါတယ်..." လို့ အောင်မြင်ကျော်ကြား မယ့် အလားအလာကောင်းတွေနဲ့ 
ပြည့် နေတဲ့ မော်ဒယ်မိန်းကလေးက ဗီယက်နမ်အခြေစိုက်သတင်းဌာနကိုပြောကြားခဲ့ ပါတယ်... 
Tender: The couple says the extreme height difference does not 
matter
အကြည့် ချင်းဆုံလို့ ရင်ခုန်ပြီဆိုယင် အရပ်မြင့် တာ၊ နိမ့် တာတွေမလိုတော့ ပါဘူးလေ....
Tender: The couple says the extreme height difference does not matter
Love no matter what: Francinaldo says his girlfriend, who aspires 
to be a model, is a 'beautiful person'
ယောကျာင်္းကိုဘယ်တော့ မှ မော်မကြည့် ရဲဘူးပေါ့ ... 
ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပေါ့ ....
Love no matter what: Francinaldo says his girlfriend, who aspires 
to be a model, is a 'beautiful person'
တုံးခုလို့ မှ လှမ်းမရယင်... ခုန်ပြီးတော့ ခူးမယ်... မှတ်ထားကွယ်...
ငါဟာယောကျာင်္းတစ်ယောက်ဖြစ်တယ်...
Love no matter what: Francinaldo says his girlfriend, who aspires to be a model, is a 'beautiful person'
The pair are happy together and she loves nothing more than 
stooping to kiss him and giving him clothes from the top shelf which he 
cannot reach
အပြစ်မမြင်ပါဘူး... ချစ်ချင်တာပဲ သိတဲ့ နောက်....
The pair are happy together and she loves nothing more than stooping to kiss him and giving him clothes from the top shelf which he cannot reach
မိန်းကလေးကို ဘယ်လိုများပွေ့ ဖက်နိုင်ပါသလဲလို့ မေးမန်းကြတဲ့ အခါ လိုလျင်ကြံဆနည်းလမ်း၇
ဆိုတဲ့ စကားလိုပဲ ဘာမဆိုဖြစ်အောင်လုပ်နိုင်တဲ့ နည်းတွေရှိပါတယ်လို့ သူကဆိုပါတယ်...
" ကျွန်တော့် ကောင်မလေးက မိန်းမလှလေးပါဗျာ... အရပ်ကလေးရှည်နေပေမယ့် လည်း လှပါ
တယ်...မျက်နှာလေးကကို ချစ်စရာကောင်းပါတယ်... ကျွန်တော့် အတွက်ကတော့ အရပ်ရှည်တဲ့ 
ချစ်သူမိန်းကလေးရတာ အရးမကြီးပါဘူး... ဘယ်သူတွေဘာပဲပြောပြောကျွန်တော်ကတော့ ဂရု
မစိုက်ပါဘူး..." လို့ သူကဆိုပါတယ်...
Condition: The pretty 17-year-old who aspires to be a model, has a
 form of gigantism caused by a tumour of the pituitary gland.
ဦးနှောက်အကြိတ်ကြောင့် မရပ်မနား အရပ်ရှည်နေပြီးထွားကြိုင်းနေပမယ့် ...
အဓိက ကတော့ အဓိကပါပဲ....
Condition: The pretty 17-year-old who aspires to be a model, has a form of gigantism caused by a tumour of the pituitary gland
Surgeons removed the tumour causing her height condition two years
 ago after her story was first publicised
ဆရာဝန်တွေကတော့ ထိုဦးနှောက်အကြိတ်ကို လွန်ခဲ့ တဲ့ ၂ နှစ်ကတည်းကခွဲစိတ်
ဖယ်ရှားခဲ့ ပြီးပါပြီ... သူမအကြောင်း သတင်းတွေမှာဖော်ပြပြီးလို့ လူသိများ
လာခဲ့ ပြီးနောက်ပေါ့ ...
Surgeons removed the tumour causing her height condition two years ago after her story was first publicised
အယ်လစ်စ်နီ စာ အရပ်ရှည်လွန်းတာမို့ ကျောင်းကားလည်းစီးလို့ မရတဲ့ အပြင် အတန်းဖော်တွေ
ကလည်း စနောက်လွန်းတာမို့ ကျောင်းထွက်ခဲ့ ရပါတယ်....
" အိမ်မှာနေယင်ပိုတောင်ဆုးပါသေးတယ်... သတိမထားလိုက်တာနဲ့ မျက်နှာကြက်ကသစ်သား
တန်းနဲ့ ခေါင်းနဲ့ ဆောင့် မိတော့ တာပါပဲ..." လို့ လည်းသူမကဆိုပါတယ်...
သူမဟာ မိခင်ဖြစ်သူ အန်နာမာရီယာဆေးလ်ဗား၊ ပထွေးဖြစ်သူ လူးဝစ်ဇ်ဂျော့ ဂ်တို့ အပြင် ညီမ
လေးများနဲ့ အတူ အိမ်ငယ်လေးတစ်ခုမှအတူနေထိုင်ပါတယ်...
သမီးလေးကတော့  တစ်ခြားသာမန်မိန်းကလေးတွေလိုပဲဖြစ်ချင်တပါပဲ၊ တစ်ခါတစ်လေသူစိတ်
မကောင်းဖြစ်မယ်ဆိုတာ ကျွန်မနားလည်ပါတယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်... 
Family: Elisany da Cruz Silva with her mother Ana Maria Ramos in 
Salinopolis in the north of Brazil
 မအေမတူ၊ ဖအေမတူတဲ့ သမီးရှည်....
Family: Elisany da Cruz Silva with her mother Ana Maria Ramos in Salinopolis in the north of Brazil
Elisany with her mother, Ana Maria Ramos, and sister, Meire. Her 
quick growth caused her migraines and pains in her limbs
 မိခင်ဖြစ်သူ မာရီယာ ရာမို့ စ်၊ ညီမဖြစ်သူ မေရာ တို့ နှင့် အတူ...
အရပ်မတန်တဆရှည်လာနေတာမို့ ခေါင်းကိုက်ရောဂါနဲ့ အဆစ်အမြစ်တွေ
ကိုတဲ့ ရောဂါပါရနေရှာပါတယ်...
Elisany with her mother, Ana Maria Ramos, and sister, Meire. Her quick growth caused her migraines and pains in her limbs
Elisany with her mother, Ana Maria Ramos, and sister, Meire. Her 
quick growth caused her migraines and pains in her limbs
အချစ်တံဆိပ်ခပ်နှိပ်လို့ ပေးမယ်...
The world's tallest teenage girl walks hands in hands with her boyfriend, the picture of young love despite a staggering 1ft 6in height difference.
Elisany da Cruz Silva, 17, measures an unbelievable 6ft 8in tall and has to bend down to plant a kiss on her 5ft 4in lover Francinaldo da Silva Carvalho, 22.
The youngster, from Salinopolis in Brazil, has a form of gigantism because of a tumour on her pituitary gland, which regulates growth. Doctors have since removed the tumour.
The aspiring model told Vietnam-based broadcaster BTV: 'What really attracted me was his personality, the way he acts with people and the way he acts with me.
'The only thing that really affects us is when we hang out holding hands - it seems like he is my little brother or son.
'But I didn't choose him, God did.'
Construction worker Francinaldo says his friends ask things about how he hugs her, but he tells them there is a way of doing everything.
He added: 'She is a beautiful person. She is tall but she is so pretty, with a beautiful face. I don't mind having a tall girlfriend.
'I feel free and relaxed as a person and don't care what people say.'
Elisany was too tall to ride the school bus and says she left school because of teasing from classmates.
She added: 'It's hard when I'm inside home. I get distracted and hit the wood in the ceiling with my head.
Elisany lives in a small house with her sisters and mother Ana Maria Silva and step-father Luiz Jorge.
Her mother said: 'I want her be like the other girls because I know she feels weird and sometimes wants to be like them.'
Friday, December 21, 2012
အာရှမှာပဲဒီလိုရှိတယ်အစ်ကို...
 အာရှဒေသက ကမောက်ကမပုံတွေပါပဲ...
တို့ ကအနုပညာကို ငယ်ကတည်းက ဒီလိုခုံမင်မြတ်နိုးတတ်တာလေ...
အဲဒီနိုင်ငံမှာထုတ်လုပ်တာမို့ ကို သတိပေးရတာပါ...
ပျိုတိုင်းကြိုက်တဲ့ ခေါင်းဆောင်ကြီးပေါ့ ... ငယ်ဂုဏ်လေးကလည်းရှိသေးတယ်လေ...
အခုတော့ ပိုင်ရှင်ကြီးနဲ့ .... ( သူ့ မိန်းမတောင် ကိုယ်ဝန်ရှိနေပြီဆိုပဲ...)
စိတ်မပူပါနဲ့ ... မိုးပျံပူပေါင်းမကယ်နိုင်ယင်တောင် ကရိန်း ( ၀န်ချီစက် ) ကကယ်မှာပါ...
ဖိုးကံကောင်းဆိုတာ သူ့ လိုလူမျိုးခေါ်တာထင်တယ်....
အားလုံးပါအောင်သယ်မယ်...
တရုတ်ဘိုးတော် ဦးတည်ဘွားနဲ့ ဆွေမျိုးတော်သလား...
မိန်းမသားမို့ ပါရှင်... ရင်မှာမျိုသိပ်မထားဘူး...ကြင်နာတာတွေကို...
ကွာခြားလိုက်ပုံက...
က္ကုတ္ထိယခေါ်မိန်းမတို့ သည်.... ဒီလိုလေးဆိုလည်းချစ်မှာလား...
အကြံတော်ပိုင်လိုက်ပုံက....
သွပ်ပြားဟာနဲ့ သွပ်ပြားဟာကို....
သံယောဇဉ်အမျှင်တန်းကို ... 
ခပ်မိုက်မိုက်ပဲ... မိုက်ထားလိုက်ပုံကတော့ ...
တို့ ကတော့ ဒီလိုသတင်းဆို ထမင်းထက်ပိုခုံမင်တယ်...
ရထားစီးယင်းလည်း မျက်နှာပေါင်းတင်တာ အာရှမှာပဲရှိမယ်နော်....
တွဲလက်တွေ မယိုင်မလဲ... ခိုင်မြဲစေနော်...
ဘယ်လောက်ပဲရှည်ရှည်... သူထိန်းထားနိုင်တယ်....
ကဲ... ဘာတတ်နိုင်သေးလည်း... ကြိုက်သလောက်ပူပါစေလေ....
Thursday, December 20, 2012
မြောက်ကိုရီးယားနှင့် သွားလေသူ ကင်ဂျူံအီးလ်အကြောင်း တစ်စေ့ တစ်စောင်း....
ကမ္ဘာ့ အရူးသွပ်ဆုံးအာဏာရှင်တွေထဲမှာတစ်ဦးအပါအ၀င်ဖြစ်ခဲ့ တဲ့ သွားလေသူကင်ဂျူံအီးလ်တို့ 
ယားနိုင်ငံရဲ့ အကြောင်း တစ်စေ့ တစ်စောင်း ဂရပ်ဖစ်ပါပဲ...
နိုင်ငံဟာ အမေရိကန်နဲ့ (ထိုစဉ်က)ဆိုဗီယက်တို့ စီယိမ်းတဲ့ ခေါင်းဆောင်တွေကြောင့် တောင်နဲ့ 
မြောက် ဆိုပြီးကိုရီးယားနှစ်နိုင်ငံ(စစ်ဖြစ်ကာ)ကွဲခဲ့ ကြရပါတယ်...
လက်နက်ကိုင်စစ်သားဦးရေ ၂.၂ သန်းကျော်ရှိတဲ့ တရုတ်၊ ၁.၄၇ သန်းကျော်ရှိတဲ့ အမေရိကန်၊ ၁.၄၁ သန်းကျော်ရှိတဲ့ အိန္ဒိယနိုင်ငံတို့ ပြီးလျှင် ၁.၁သန်းကျော်အင်အားရှိတဲ့ ကမ္ဘာ့ စတုတ္ထ
မြောက်စစ်အင်အားအကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်...
မေရိကန်၊ ရုရှားတို့ နဲ့ ၁.၇ရာခိုင်နှုံးသုံးတဲ့ တရုတ်နိုင်ငံတို့ ထက်စာရင်အလွန်မြင့် မားတာကိုတွေ့ 
ရမှာဖြစ်ပါတယ်... ( အကျိုးဆက်ကတော့ နိုင်ငံကတိုင်းသူပြည်သားတွေငတ်တာပါပဲ...)
တစ်ချိန်ကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာတတ်မြောက်ရေးလှုပ်ရှားမှုဆိုတဲ့ ဝါဒဖြန့် မှုတွေလှိုင်
လှိုင်သုံးခဲ့ တဲ့ ရွှေပြည်ကြီးလိုပဲ လူတိုင်းစာတတ်မြောက်စေဖို့ အသက် ၁၆ နှစ်အထိ မသင်မနေရ
စနစ်နဲ့ နိုင်ငံတော် ကစီစဉ်ဆောင်ရွက်တဲ့ ပညာရေးစနစ်နဲ့ ၉၆ ရာခိုင်နှုံးအထိတစ်ကလေးငယ်
များကျောင်းအပ်ခဲ့ ၊ ကျောင်းတက်ခဲ့ ပြီး တစ်နိုင်ငံလုံးစာတတ်မြောက်မှုနှုံး ၉၉ ရာခိုင်နှုံးရှိတာ
မို့ အမေရိကန်နိုင်ငံနဲ့ အဆင့် တူပြီး ၉၇ ရာခိုင်နှုံးရှိတဲ့ ဂ၇ိ၊ ၉၀ ရာခိုင်နှုံးရှိတဲ့ ဘရာဇီးလ်၊ ၄၉.၉
ရာခိုင်နှုံးရှိတဲ့ ပါကစ္စတန် နိုင်ငံတွေထက် စာတတ်မြောက်မှုနှုံး ပိုများပါတယ်....
( ဒါပေမယ့် သင်ရတဲ့ စာ၊ ဖတ်ခွင့် ရှိတဲ့ စာ၊ ဖတ်ရတဲ့ စာတွေကလည်း တို့ တာဝန်အေ၇းသုံးပါး၊
ရေစီ စတဲ့ ဝါဒဖြန့် စာပေတွေ၊ စာပေစိစစ်ရေးလက်ထွက်တွေမို့ နိုင်ငံမှာတော့ အိမ်နီးချင်းတောင်
ကိုရီးယားထက် အဆများစွာနောက်ကျနေခဲ့ ပါပြီ....)
တရားဝင်ကြေငြာထားတဲ့ နိုင်ငံအမည်ကတော့ မြောက်ကိုရီးယားပြည်သူ့ ဒီမိုကရက်တစ် နိုင်ငံ
လို့ ဆိုပေမယ့်  အမှန်တစ်ကယ်ကတော့ အာဏာရှင်စနစ်နဲ့ အုပ်ချူပ်တဲ့ တိုင်းပြည်ပါပဲ... ( အဖေ
သေတော့ သားက ခေါင်းဆောင်တက်လုပ်တာ ၃ ဆက်တောင်ရှိပြီလေ....)
အသက် ၁၇ နှစ်ပြည့် တဲ့ နိုင်ငံသားတိုင်းမဲပေးခွင့် ရှိတယ်လို့ ဆိုသော်လည်း မဲပေးရွေးချယ်စရာ
ကတော့ တစ်ပါတီပဲရှိပါတယ်... ( လွန်ခဲ့ တဲ့  မြန်မာ့ ဆိုရှယ်လစ်ခေတ်ကိုလွမ်းချင်စရာပဲ....)
ဥပဒေဖေါက်ဖျက်ကျူးလွန်သူများကို ပြန်လည်ပညာပေးတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၅၀၀၀၀
လောက်ဆန့် တဲ့ အကျဉ်းထောင်များလည်းထားရှိကာနှိပ်ကွပ်ပါတယ်...
သေဒါဏ်ပေးခံရသူများကိုလည်း အများပြည်သူမြင်ကွင်းဖြစ်သည့် အားကစားကွင်းများတွင် အ
ပြစ်ပေးစီရင်လေ့ ရှိပါတယ်...
နိုင်ငံခြားကို ဖုံးဆက်ရုံ၊ အစားအသောက်ကိုခွင့် ပြုချက်မရှိပဲ ထုတ်လုပ်ရောင်းချရုံမျှဖြင့် လည်း
သေဒါဏ်အပေးခံနိုင်ရပါတယ်...
ဒါဏ်ပေးကွပ်မျက်ခြင်းခံခဲ့ ရပါတယ်...
ပြီး သမ္မာကျမ်းစာဖြန့် ဝေတဲ့ ခရစ်ယာန်ဘာသာဝင်များလည်း သေဒါဏ်အပြစ်ပေးခံနိုင်ရသလို
တဲ့ သတင်းတွေသာ ပါရှိနေပါတယ်...
ခွင့် မရှိပါဘူး...
ဦးလို ကျင်ကြီး၊ ကျင်ငယ်စွန့် ခြင်းမရှိပါဘူးလို့ လည်းဆိုပါတယ်...
သူပထမဦးဆုံးကစားတဲ့ ဂေါက်သီးရိုက်ပွဲမှာ သတ်မှတ်ရိုက်ချက်ထက် ၃၈ ချက်လျော့ ရိုက်ကာ
တစ်ချက်ထဲနဲ့ ၁၁ ကျင်းဝင်အောင်ရိုက်နိုင်ပါတယ်လို့ ဆိုပါတယ်.... ( သြော်... နေဘုရားသား
တော်လေလားပဲ....)
ကြီးတွေမွေးမြူမယ်လို့ လည်း ရွှေဥာဏ်တော်စူးရောက်ခဲ့ သူလည်းဖြစ်ပါတယ်... (တစ်နိုင်ငံလုံး လောင်စာဆီဖူလုံဖို့ ကြက်ဆူဆီစိုက်မယ့် ရွှေဥာဏ်ရှင်ကြီးနဲ့ နင်လားငါလားပါပဲ...)
( တစ်တိုင်းပြည်လုံးငတ်နေချိန်မှာ ) တစ်နှစ်ကို ဒေါ်လာ ၇ သိန်းဖိုး ဟန်နက်ဆီ၊ ၀ီစကီအရက်
ဘွဲ့ ထူးလည်းရခဲ့ ပါသေးတယ်... ( ကျွန်တော်တို့ ဆီလည်း ဘလူးလေဘယ်လောက်မှ အနိမ့် ဆုံး
ထားသောက်တဲ့ အဘတစ်ယောက်လည်း ရှိခဲ့ ဖူးပါတယ်လေ....)
နိုင်ငံတော်အကြီးအကဲသုံးဆောင်မယ့် ထမင်းမှာ ဆန်စေ့ တွေတစ်ရွယ်တည်းညီနေစေဖို့ ချက်
မယ့် ဆန်စေ့ တွေ ညီတူဖြစ်အောင်လည်း လက်အောက်ငယ်သားတွေက အထူးဂရုစိုက်ရွေးပေး
ရပါတယ်...
တယ်လို့ ဆိုပါတယ်... ( ကျွန်တော်တို့ ဆီက သွားလေသူ အဖေကြီးလည်း အဲဒီလိုလုပ်ခဲ့ တယ်လို့ 
သတင်းတွေထွက်ခဲ့ ပါတယ်... ဘယ်လိုပဲလုပ်လုပ် ဇရာ၊ မရဏ ကိုတော့ ဘယ်သူမှ မလွန်ဆန်
နိုင်လို့  သေခဲ့ ကြပါပြီ....)
များလည်း သူတို့ က စေချင်သလိုစေလို့ ရတယ်လို့ ပြည်သူများကို လိမ်လည်ဝါဒဖြန့် ခဲ့ ကြပါ
တယ်....
ယမ်း တစ်ဝိုက်အရပ်ပုသူမမြင်ချင်ဘူး၊ သူတို့ လိုအရပ်ပုသူတွေ မျိုးဆက်ပြန့် ကုန်မယ်လို့ ပြော
ခဲ့ လို့ အရပ်ပုသူတွေခမျာ လူသူမနီးတဲ့ ကျွန်းတွေပေါ်သွားရောက်နေထိုင်ရတဲ့ ထူးဆန်းအံ့ သြ
ဖွယ် တိုင်းပြည်တစ်ခုဖြစ်ပါတယ်....
Wednesday, December 12, 2012
အွန်လိုင်းမှာ ဖူးစာရှင်ရှာမယ်....
ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ဟိုးယခင်တုံးကလို လျှောက်သံပြန်ပေးခြေအေးဝမ်းယောင်လုပ်မနေကြ
တော့ ပဲ တိုးတက်လာတဲ့ နည်းပညာကိုအသုံးချပြီး အကဲစမ်းချင်တဲ့ လူငယ်တွေ ဗဟုသုတရယူနိုင်ပြီး
အန္တရယ်များရှောင်ရှားနိုင်ပါစေသတည်း....
အွန်လိုင်းမှာဖူးစာရှင်ဖြစ်ပြီး အိမ်ထောင်သည်ဘ၀တွေအထိရောက်တဲ့ သူတွေရှိပေမယ့် လည်း အလွန်
နည်းပါးတဲ့ အရေအတွက်ပဲဖြစ်ပြီး အွန်လိုင်းကဖူးစာရှင်ရှာတဲ့ စာမျက်နှာတွေကိုအသုံးချကာ လှည့် စားဖျား
ယောင်းပြီး မိန်းကလေးတွေကိုဖျက်ဆီးတာက ပိုများတယ်ဆိုတာ ဒီ ဂရပ်ဖစ်သရုပ်ပြတင်ဆက်မှုကိုကြည့် 
ယင်သိနိုင်ပါတယ်....