Friday, July 29, 2011

အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ....

မိတ်ဆွေကြီး ကိုမိုးအခန်းမှာ အင်တာနက်ခေတ္တသုံးလို့ ရတုံး ယခင်စုထားတဲ့ ပုံလေးတွေတင်လိုက်ပါတယ်...
အပျင်းလည်းပြေ၊ ဗဟုသုတလည်းတိုးပွားနိုင်ပါစေသတည်း...
လာရောက်ဖတ်ရှုအားပေးသူများအား ကျေးဇူးတင်ပါတယ်...
ဟုတ်တယ်ဗျာ...
အဲဒါတွေဖတ်ပြီးမှ ကိုယ်အသက်ကြီးမှန်းသိလာတော့ တယ်...

ကိုယ်ပိုင်စက်ဘီင်္းရထားဆိုတာဒါမျိုးထင်တယ်...

ရှည်လျားထွေပြားလှချည်လားဆာဒူးရယ်...

သူတို့ ဆီမှာလေထိုးကျွတ်ဖာဆိုင်ဖွင့် ရင်တော့ ထမင်းငတ်မှာ အသေအချာပဲ...

ပထမပုံကိုကြည့် ယင်တော့ သိပ်အန္တရယ်မရှိဘူးထင်ရပေမယ့် 
ဒုတိယပုံကိုကြည့် လိုက်တော့ မှ အောင်မယ်လေး ...ကံကောင်းလို့  ဆိုရမယ်...

ကြီးကျယ်မြင့် မြတ်သူ၊ လူတော်တွေက အကြံကောင်းဥာဏ်ကောင်း၊ စိတ်ကူးကောင်းတွေ
တီထွင်ကြံဆမှုတွေအကြောင်းပြောဆိုတတ်ကြပြီး...သာမာန်လူတွေကတော့ ပါတ်ဝန်း
ကျင်က အကြောင်းအရာအတွေကိုပြောဆိုလေ့ ရှိကြကာ....လူစွမ်းလူစမရှိသူ
တွေကတော့ သူများတွေအကြောင်းပဲ ( အကျိုးမရှိတဲ့ ကိစ္စတွေကိုသာ )
ပြောနေလေ့ ရှိပါတယ်တဲ့ ...

 အခုမှပဲ မြင်ကွင်းတွေကို အားရပါးရကြည့် ရ၊ မြင်ရတော့ တယ်...
ကောင်းပါလေ့ စိတ်ကူး...

 မကြာသေးခင်ကမှ လွန်မြောက်ပြီးဆုံးသွားတဲ့  ဒူဘိုင်းက ဘလော့ ဂ်ဂါ ညီမ နှစ်ယောက်ရဲ့ မွေးနေ့ 
မှာ ဒီလို အထူးစပါယ်ရှယ် မွေးနေ့ ကိတ်မျိုးနဲ့ ကျင်းပပေးချင်လိုက်တာ...အင်တာနက်မရလို့ 
မွေးနေ့ လွန်မှကျင်းပပေးနိုင်တာ ကိုပီတာကြီးကိုစိတ်မဆိုးစိတ်မဆိုးကြနဲ့ နော်...
Happy Birthday !!!!  ပါ ချစ်ညီမတို့ ရေ...

 သူတွေးတာလည်း ဟုတ်တော့ ဟုတ်သား...
ဂူဂယ်ကတောင်အဖြေမပေးနိုင်ဘူး...


 မီးမီး ကိုမော်ဒယ်အဖြစ် မျက်နှာဖုံးမှာထည့်  ပေးမှာလားဟင်...!!!

 သူကတော့ ....
အင်တာနက်မသုံးရလည်း အေးအေးဆေးဆေးပါပဲ...
နှစ်လုံးမြေကျ စိတ်အေးလက်အေးအနားယူနေနိုင်တယ်...


 အလုပ်နဲ့ လက်တွေ့ ပြတာက အပြောထက်ပိုကောင်းပါတယ်တဲ့ ဗျာ...

စိတ်ကောင်းရှိဖို့ ပထမပါတဲ့ ...မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကလည်းမိန့် ဆိုခဲ့ ပါတယ်ဗျာ...

Thai fined RM4,680 for running brothel 'camp'

Thursday, July 28, 2011

စခန်းချကာ လမ်းပြလို့ ဖမ်းရပါတယ်

 






အနေအထားတွေ ဘယ်လိုပင် ယိုယွင်းနေပါစေ 
အဓိက ကတော့ အဓိကပါပဲ
စင်္ကာပူမှာက အိမ်ခန်း၊ဆိုင်ခန်းခ ဈေးကြီးတယ်လေ

ယခုနှစ်အစောပိုင်းကာလကတည်းက စင်္ကာပူနိုင်ငံသို့ အလည်အပါတ်ရောက်ရှိခဲ့ သည့် အသက် ၄၄ နှစ်အ
ရွယ်ရှိ ရမ်မရစ်အပီစစ် ဟာ ဟိုဂန်းရိပ်သာ အမှတ် အနီးရှိ တောအုပ်အတွင်းသို့ မကြာခဏသွားရောက်
နေခဲ့ တတ်ပါတယ်
၎င်းနှင့် တစ်နိုင်ငံတည်းသား ထိုင်းလူမျိုး ပရာမော့ ဆိုသူက ထိုတောအုပ်ကလေးအတွင်းမှာ ယာယီတဲက
လေးဖြင့် လျှို့ ဝှက်ဇိမ်ခန်းဖွင် လှစ်ထားခဲ့တာဖြစ်ပါတယ်
လွန်ခဲ့ သည့် ဇွန်လ ရ၇က်နေ့ က အဆိုပါ ပြည့်တန်ဆာခေါင်း ထိုင်းနိုင်ငံသို့ ခေတ္တအလည်အပတ်ပြန်
သွားခိုက် ၎င်းက ရမ်မရစ်ကို ဇိမ်ခန်း အားအုပ်ချူပ်ရန် လွှဲအပ်ကာထားရစ်ခဲ့ ပါတယ်
အင်္ဂါနေ့ မှာတော့ ရမ်မရစ်ကို ဒေသဆိုင်ရာတရားရုံးတစ်ခုက ဒါဏ်နေငွေ စင်္ကာပူဒေါ်လာ ၂၀၀၀ ပေးဆောင်
စေခဲ့ ပါတယ် 
သူက ဇိမ်ခေါင်း ပရာမော ကို ကူညီပြီး ဇွန်လ ရက်နှင့် ၈ ရက်နေ့ များတွင် ထိုစခန်းအားစီမံခန့် ခွဲအုပ်ချူပ်
ပေးခဲ့ တယ်လို အပြစ်ရှိကြောင်းဝန်ခံထွက်ဆိုခဲ့ ပါတယ်
တ၇ားရုံးမှတ်တမ်းများအရ ၎င်းနှင့် ပြည့် တန်ဆာနှစ်ဦးအား ဇွန်လ ရက်နေ့ ည ၁၁ နာရီ ခွဲ တွင် ရဲအရာရှိ
များက ၀င်ရောက်စီးနင်းကာဖမ်းဆီးခဲ့ ရမိတယ်လို့ ဆိုပါတယ်
On his visits to Singapore since early this year, Ramrit Apisit, 44, would frequent a forested area off Hougang Avenue 3.
A fellow Thai national, identified only as Pramot, was operating a prostitution den there in makeshift huts.

When the pimp returned to Thailand on June 5 for a visit, he left Ramrit in charge.
On Tuesday, Ramrit, 44, was fined S$2,000 (RM4,680) by a district court. He had pleaded guilty to assisting Pramot to manage a place of assignation on June 7 and 8.
According to court documents, he and two prostitutes were nabbed in a raid by police officers at 11.30pm on June 8.
Source: The Straits Times/ANN
Friday, July 22, 2011
ဒူဘိုင်းတွင်အင်တာနက်လိုင်းမရခြင်းအကြောင်းတရား…
 
ယနေ့ ကမ္ဘာတွင် အထင်ရှားဆုံး၊ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီးများအားလုံးနီးပါး၏ရုံးခွဲများ

တည်ရှိသောဒူဘိုင်းကဲ့ သို့ ကမ္ဘာကျော်မြို့ ကြီးတွင် ရွာငယ်ဇနပုဒ်မှလာသော ကိုပီတာတစ်ယောက် အငြိမ်
မနေနိုင်ပဲအလုပ်အသစ်သို့ ပြောင်းခဲ့ မိရာမှ ယခင်နေထိုင်ခဲ့ ရာအဆောင်မှ အလုပ်အကိုင်အသစ်၏အ
ဆောင်သို့ ပြောင်းရွေ့ လာခဲ့ ရာတွင် ယခင်သုံးစွဲခဲ့ သည့် အင်တာနက်လိုင်းအားစွန့် လွှတ်ခဲ့ ရပြီး လိုင်းအ
သစ်ထပ်လျှောက်ဖို့ လိုအပ်လာခဲ့ ပါတော့ တယ်…
ပြောင်းရွေ့ ရောက်ရှိခဲ့ သောနေရာကား လူနေရပ်ကွက်များနှင့် ဝေးကွာသည့် ဝန်ထမ်းအများစုနေထိုင်ကြ
သည့် သီးသန့် တိုက်တာများတည်ရှိသည့် နေရာဖြစ်ရကား ဈေးဆိုင်၊ ကုန်တိုက်၊အင်တာနက်ဆိုင်များရှိရာ
အရပ်နှင့် အလှမ်းဝေးလေသတည်း….
လိုင်းမရခင်စပ်ကြား အင်တာနက်ကဖေးသို့ သွားရောက်သုံးမည်ဆိုပါက အနီးဆုံးနေရာကား ကုန်တိုက်တစ်
ခုအတွင်းရှိ ဆိုင်တစ်ဆိုင်ဖြစ်ပြီး ယခုကဲ့ သို့ ပူပြင်းသည့် ရာသီဥတုတွင် ထိုနေရာသို့ လမ်းလျှောက်၍မသွား
နိုင်လောက်အောင် အပူချိန်ပြင်းရကား မရိုးသားသည့် ဒရိုင်ဘာများ ကြီးစိုးသည့် ဒူဘိုင်းတက္ကစီကိုအားကိုး
ရပါတော့ သည် ….
အနီးဆုံးလမ်းမှသွားလျှင် ၁၀ လောက်ကျမည့် ခရီးကို ကိုရွှေကုလားဒရိုင်ဘာများက ပိုမိုရှည်လျားသည့်လမ်း

မှကွေ့ ပါတ်မောင်းကာ ၂၀ လောက်ကျအောင်မောင်းလေသည်…
အနီးဆုံးဆိုသည့် အနှီအင်တာနက်ဆိုင်းကား စက်ပေါင်း လေးငါးဆယ်ရှိကာ လာရောက်သုံးစွဲသူတစ်ဦးဦးမှ ဒေါင်းလုပ် ပြုလုပ်ခဲ့ ပါက အင်တာနက်လိုင်းကား မိတစ်ချက်၊ မမိတစ်ချက်ဖြင့်  ရေးသမျှသတင်း ၊ ဖတ်သမျှ
ဆိုဒ် စာမျက်နှာများ မတက်ခြင်း၊ ပြုတ်ကျခြင်းများဖြင့် အစွမ်းပြတတ်လေသည်မို့ ရွှေပြည်သို့ ပြန်ရောက်နေ
လေသလားဟုပင် ထင်မှတ်မှားမိပါပေသည်….
သို့ နှင့် မိမိအခန်းတွင် လာရောက်တပ်ဆင်ပေးမည့် အင်တာနက်လိုင်းရပါစေကြောင်း အလုပ်ကုမ္ပဏီအား အဆောတလျင်တိုက်တွန်းပြီး ယခင်လျှောက်ခဲ့ စဉ်ကအတိုင်း ကုမ္ပဏီမှ လိုအပ်သည့် ထောက်ခံစာ၊ ခွင့် ပြု

စာ အား တောင်းဆိုကာ ဒူဘိုင်း၏ နှစ်ခုတည်းသော အင်တာနက်လိုင်းကုမ္ပဏီမှ တစ်ခုဆီသို့ အလျင်အမြန်
သွားရောက်ခဲ့ တော့ သည်….( လက်ရှိနေထိုင်ရာအဆောက်အဦတွင်ထို အင်တာနက်ကုမ္ပဏီမှ အထိုင်စက်
လာရောက်တပ်ဆင်ထား၍ ထိုကုမ္ပဏီမှပေးသောအင်တာနက်လိုင်းသာ လျှောက်၍သုံးရပါသည်၊တစ်ခြား
လိုင်းကို သုံးလို့ မရ၊ လျှောက်လို့ မရပေ….သူတို့ ဆီတွင်အင်တာနက်လိုင်းလျှောက်ရန်အလုပ်သမားဆိုလျှင် 
သက်ဆိုင်ရာကုမ္ပဏီမှ မကန့် ကွက်ကြောင်း၊
ထောက်ခံစာပြရန်လိုအပ်လေသည်…အလွတ်လျှောက်ပြီး လစဉ်ကြေးများမပေးဆောင်ပဲ ပြေးကြသူများရှိခဲ့ 

လို့ ယခုကဲ့ သို့ တင်းကြပ်ထာားပုံရပါတယ်….)
ထိုအင်တာနက်ကုမ္ပဏီရုံးခွဲသို့ ရောက်လျှင် ပါလာသည့် စာရွက်စာတမ်း၊ နိုင်ငံကူးလက်မှတ်မိတ္တူ၊ အလုပ်ဗီ
ဇာမိတ္တူများ စုံလင်စွာပြသပြီး အင်တာနက်လိုင်းရလိုကြောင်းလျှောက်ထားရာအနှီကုမ္ပဏီကြီးမှ ထိုစာရွက်
စာတမ်းများနှင့် ပင်မလုံလောက်သေး၊ မိမိလက်ရှိနေထိုင်ရာ အဆောက်အဦ၊ အခန်းပိုင်ရှင်နှင့် ချူပ်ဆိုထား
သည့် အိမ်ရှင်၊အိမ်ငှားစာချူပ် မိတ္တူပါမှသာရှေ့ ဆက်ဆောင်ရွက်ပေးနိုင်မည်ဟု ကောင်တာမှ ကုလားဒိန်က ရှင်းလင်းပြတ်သားမိန့် ကြားစွာမိန့် ကြားလေသည်မို့  မိမိအလုပ်ကုမ္ပဏီသို့ မျက်နှာငယ်ဖြင့် ပြန်လာကာဇတ်
ကြောင်းကိုပြန်ပြောင်းပြောဆိုသော်၊ ၀န်ထမ်းရေးရော မန်နေဂျာ အန်တီကြီးမှ ကုမ္ပဏီပိုင်ရှင်သူဌေးနှင့် အိမ်
ခြံမြေကုမ္ပဏီတို့ ချူပ်ဆိုထားသော သန်းနှင့် ချီကာ အပေးအယူရှိသည့် ပုဂ္ဂိုလစာချူပ်၊အိမ်ရှုင်အိမ်ငှားစာချူပ်
အား ၀န်ထမ်းအားလုံးအတွက်တစ်ယောက်ချင်းစီသို့ ပေးသလိုအဘယ်နည်းဖြင့် အသင်မောင်ပီတာလက်သို့ 
မိတ္တူကူး၍ပေးနိုင်ငံနည်းဟု မြွေတွေ့ သော သူငယ်မပမာ စူးစူးဝါးဝါးအော်ဟစ်ကာ အားပေးပြောကြားခဲ့ 
လိုက်သည်မို့ အင်တာနက်ချိတ်ကာ ခေတ်မှီမှီ၊ ကမ္ဘာသိကြည့် မြင်မည်ဟုအားခဲကာ ဘလော့ ဂ်တွင် လည်း
အပျင်းပြေရယ်စရာအတည်၊ သတင်းတွေလာချေပြီဟု အတည်တစ်ပေါက်ဖြင့် ဖြီးဖျန်းကာ မှန်းတုတ်၊ ရမ်း
တုတ်မည်ဟူသော စိတ်ကူးယဉ်အိပ်မက်သည်လည်း မတ်တပ်ကပင်ပြိုလဲခဲ့ ရချေပြီတည်း…
( သူ့ ဘက်ကကြည့် တော့ လည်းမှန်တာပါပဲလေ ...ထိုအိမ်ငှား၊ တိုက်ငှားစာချူပ်ကို ရာနှင့် ချီသောအရေအ
တွက်မျှရှိသည့် ဝန်ထမ်းအားလုံးကို ပေးရမယ်ဆိုယင်လည်း ဘယ်ဟုတ်တော့ မလည်း...)
လိုင်းမသုံးပဲ broadband wireless ကို USB ဖြင့် သုံးမည်ဆိုလျှင်ဖြစ်နိုင်ပါသော်လည်း လစာကောင်းသူအ

ရာရှိမင်းများ၊ သူဌေးသူကြွယ်များသာတတ်နိုင်မည့် ဈေးနှုံးမို့ ထိုစိတ်ကူးကိုလည်း အသာလျော့ ကာ အင်တာ
နက်လျှောက်နိုင်မည့် အခြေအနေရောက်အောင် မိမိကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်ပေးမည့် မိုးနတ်မင်း
ကြီး စိတ်စေတနာကောင်းဖြင့် ကူညီစောင်မမည့် နေ့ ကိုသာမျှော်လင့် စောင့် စားနေရသည်မို့ အချိန်ကာလ
တစ်ခုအထိသတင်းများတင်ဆက်မှု အဆင်မပြေဖြစ်နေပါဦးမည်…
လောလောဆယ်တော့ အဆိုပါအနီးဆုံးအင်တာနက်ဆိုင်တွင် တစ်ပါတ်တစ်ခါ နားရက်ကလေးတွင်တော့ မိ

မိ၏မိသားစုနှင့် အဆက်အသွယ်ရနိုင်ရန်တော့ သည်းခံ၍သုံးနေရပါဦးမည်…
ရုံးမှ ကွန်ပြူတာကို အသုံးပြုကာသတင်းတွေအလျင်အမြန်ခိုးဖတ်ကာ USB ဖြင့် ကူးကာ အခန်းတွင် ဘာသာ
ပြန်သည့် နည်းကလည်း အဆိုပါ USB မှ မည်သို့ ဖြစ်သည်မသိ အချက်အလက်များဖွင့် ၍မရဖြစ်ကာformat
လုပ်ရမည်ဟု စာတမ်းချည်းသာပေါ်လာခဲ့ ၍ format လုပ်လိုက်ရာယခင်ပြန်ထားသောသတင်းများအပါအ

ဝင်အချက်အလက်များအားလုံး ကုန်အောင်ပျောက်သွားသည်မို့ ထိုနည်းကိုလည်း စွန့် လွှတ်လိုက်ရပါတော့ 
သည်။
ယခုမှပင် ဖောင်စီးယင်းရေငတ်နေသလိုဖြစ်နေရသည့် မိမိအဖြစ်ကိုကြည့် ပြီး ရွှေပြည်ကြီးမှဇွဲနပဲကြီးစွာဖြင့် 

ရသမျှအခွင့် လေးသုံးကာ စိတ်ရှည်ဇွဲသန်၊ သီးခံပြီး ဘလော့ ဂ်ရေးနေသည့် ကိုသက်တန့် ၊ မနိုင်းနိုင်းအပါ
အ၀င်ဘလော့ ဂ်ဂါအပေါင်းအား ပိုမိုလေးစားကာ စာနမိပါတော့ တယ်...
Thursday, July 21, 2011
German soldier finds 1m euros that fell off the back of a lorry


ယူရိုဒေါ်လာငွေ ၁ သန်း ( ဒေါ်လာ ၁.၄၃ သန်း ) ကောက်တွေ့ ပြန်အပ်သည့် ဂျာမန်စစ်သား…



ဂျာမနီနိုင်ငံမှ စစ်သားတစ်ယောက်ဟာ ယူရိုငွေ ၁သန်း (ဒေါ်လာ ၁.၄၃ သန်း) ကျော်ပါဝင်သည့် ငွေတိုက်
သေတ္တာများအား တွေ့ ရှိပြီး နောက်နှစ်ရက်အကြာတွင် ပြန်လည်အပ်နှံခဲ့ ပါတယ်…

အဆိုပါစစ်သားဟာ ဂျာမနီနိုင်ငံတောင်ပိုင်း၊ ဘာဗေးရီးယာဒေသ ဘက်ကစ်ဆင်ဂျင် မြို့ အထွက် ကားလမ်း
မကြီးတစ်ခုဘေးတွင် အဆိုပါငွေသေတ္တာများအား တနင်္လာနေ့ ကတွေ့ ရှိခဲ့ ခြင်းဖြစ်ပါတယ်…

အာဏာပိုင်များကအဆိုပါငွေသေတ္တာများအားတင်ဆောင်လာသည့် လော်ရီကားပေါ်မှ ကျသွားခဲ့ ပြီးနောက်
အပူတစ်ပြင်း လိုက်လံရှာဖွေနေခဲ့ တာဖြစ်ပါတယ်…

အဆိုပါစစ်သားက ငွေသေတ္တာများကို ရဲတပ်ဖွဲ့ ထံသို့ ပေးအပ်ခဲ့ လိုက်တာဖြစ်ပြီး ရဲတပ်ဖွဲ့ အနေနှင့်  ထိုစစ်
သားအား ပြစ်မှုဆိုင်ရာဥပဒေများဖြင့် တရားစွဲဆိုသင့် မသင့် ကို စဉ်းစားဆုံးဖြတ်နေဆဲဖြစ်ပါတယ်…



ဒေသဆိုင်ရာအထက်တန်းဥပဒေအရာရှိ ရိန်နာဗောက် ကပြောကြားရာမှာ အဆိုပါစစ်သားအနေဖြင့် ငွေ
သေတ္တာများအားတွေ့ ရှိပြီးနောက် ရဲတပ်ဖွဲ့ ထံချက်ချင်းမအပ်ပဲ နှစ်ရက်ကြာသိမ်းထားခဲ့ ရခြင်း၏ရည်ရွယ်
ချက်ကို သဲသဲကွဲကွဲမသိရှိရသေးကြောင်းဆိုပါတယ်…
ငွေသေတ္တာများတင်ဆောင်ထားသည့် လော်ရီကားကြီး၏တံခါးသူ့ အလိုလိုပွင့် ထွက်လာပုံရပြီးသေတ္တာများ
ကားပေါ်မှပြုတ်ကျလာသည်ကိုတွေ့ မြင်ခဲ့ ရသည်ဟု မျက်မြင်သက်သေများက ဆိုကြပါတယ်…

တစ်ခြားသောမျက်မြင်သက်သေတစ်ဦးကလည်း စစ်ကားတစ်စီး ရပ်တန့် ပြီးတစ်စုံတစ်ရာကိုကားထဲသို့ တင်
ဆောင်ခဲ့ သည်ကိုမြင်တွေ့ ခဲ့ ရတယ်လို့ သတင်းပေးခဲ့ ပါတယ်….
ရဲတပ်ဖွဲ့ ကတော့ ယခုထုတ်ပြန်ကြေငြာချက်ဟာ စစ်တပ်အပေါ်၎င်းတို့ ရဲ့ စုံစမ်းစစ်ဆေးနေမှု ကိုညွှန်းဆိုခဲ့ 
ပြီးဖြစ်တယ်လို့ ဆိုပါတယ်…

ကောက်ရတဲ့ ငွေယူရိုဒေါ်လာ ၁ သန်း (ဒေါ်လာ ၁.၄၃ သန်း) ပြန်ပေးတယ်…ဆိုတော့ ဂျမန်စစ်တပ်မို့ သာ
ယုံလိုက်ရပါတယ်…


A German soldier has turned in safe-deposit boxes containing more than 1m euros ($1.43m; £890,000), two days after finding them. The soldier found the boxes beside a motorway exit near the Bavarian town of Bad Kissingen on Monday.

The authorities had been searching urgently for the cases after they fell off a lorry transporting cash. The soldier handed them in to police, who have yet to decide if he should face criminal charges.
Regional senior prosecutor Rainer Vogt said it was not clear what the man's intention was in keeping the safe-deposit boxes for two days before going to the police. Witnesses said they saw the boxes fall out of the lorry after a door apparently swung open by itself.
Another witness reported seeing a military vehicle stop and load something inside. Police said this statement had already directed their investigation towards the military.


အပန်းဖြေစရာပုံရိပ်ကမ္ဘာ....

Wednesday, July 20, 2011


အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ 
ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ 
လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...

အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာချင်း
လွဲချော်သွားနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်
ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါ
သနာအရ၊ အပျော်ဗဟုသုတအနေနဲ့ သီးသန့် ခွင့် မတောင်းပဲတင်တာမို့ သိခဲ့ လျှင်တောင်မှ ခွင့် လွှတ်နိုင်
မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...

အချစ်ရဲ့ နွေးထွေးမှုကိုရှာဖွေ၍တွေ့ ရှိခဲ့လေပြီလား...

ရတာမလို...လိုတာမရမို့  တစ်ကိုယ်တည်း အပျိုကြီးမမများပါတဲ့....
ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူးဗျာ...

 ဒီစာရင်းက အပြည့် အစုံတော့ ဟုတ်မယ်မထင်ဘူး....

 ထွင်တိုင်းလည်းကောင်းတာမဟုတ်...

 ချစ်၍ခေါ်ရာ...လိုက်တော်မူပါ မောင်မောင်...

 အသည်းကွဲ....အချစ်နာအတွက် အကောင်းဆုံးကုထုံးတဲ့ ဗျာ...
တွေးမနေနဲ့ ...ဆွေးမနေနဲ့ အမြန်ဆုံးသာ ကုသကြပါဗျာ...

 ဇိမ်ကျနေတဲ့ ကုလားအုတ်...

 တစ်ကိုယ်ရေလွမ်းဆွတ်မှု....
တစ်ခါတစ်လေတော့ လည်း အဲဒီလိုနေရာမျိုးသွားချင်ပါတယ်...
သူတို့ ကမှတစ်ကယ်သစ္စာရှိတာ....
စိတ်ချယုံကြည်စွာ မွေးထားနိုင်ပါတယ်...

တစ်ဦးချင်းပုဂ္ဂိလအမြင်နဲ့ ဆိုယင် ကျွန်တော့် အယူအဆကလည်း ရှေးဟောင်းပစ္စည်းဆိုတာ
( သမိုင်းဝင်အထောက်အထားကလွဲယင် ) ဘာမှသိပ်ပြီးထူးဆန်းတယ်လို့ မထင်ပါဘူးဗျာ...

 အိုဘားမားကကြိုသိနေတယ်လေ...
( မုဒိန်းမှုနဲ့ အဖမ်းခံ၊ တရားစွဲခံနေရတဲ့ IMF အကြီးအကဲလေ...)
 အင်း...အတွယ်အတာ၊ အကွယ်အကာ အနှောင်အဖွဲ့ တွေနဲ့ သူလေးကိုရွေးရမလား...
အမြင်အာရုံမှာ ထင်လာရုံဝင်မစဲစေတဲ့ ...ကြင်နာပုံတကယ်ထူးမယ့် စေတနာရှင်
သူကလေးကိုပဲရွေးရမလား...

 ဘီယာရယ်၊ ပီဇာရယ်...ဒီဟာရယ်...
မောင်ဘာကိုရွေးမလဲ...

 မော်ဒယ်ဆို ဒီလိုမှ....

ယုတ္တိဗေဒနဲ့ ကြောင်းကျိုးဆက်စဉ်းစားလိုက်တော့ ....
Tuesday, July 19, 2011
British banking consultant retrains as witch doctor








ဗြိတိသျှလူမျိုး ဘဏ်လုပ်ငန်းများဆိုင်ရာအတိုင်ပင်ခံပညာရှင်တစ်ဦးဟာ အာဖရိကတိုင်းရင်းနတ်ဆရာအ
ဖြစ်ခံယူနိုင်ရန် အာဖရိကနိုင်ငံ တောတောင်ခြုံပုတ်များထူထပ်သည့် ဒေသတွင် သုံးလကြာ ဆင်းရဲပင်ပန်းစွာ
ဖြင့် သုံးလကြာ လေ့ ကျင့် သင်ယူခဲ့ ပါတယ်…

အင်္ဂလန်နိုင်ငံ၊ ဘာ့ ခ်ရှိင်းယားနယ်၊ မိုင်ဒင်ဟက်ဒ် အရပ်မှမိသားစုစဉ်ဆက်မွေးဖွားနေထိုင်ခဲ့ သည့် အသက်

၃၂ နှစ်ရှိ သောမတ်စ်ဟိဖီးလ်ဒ် ဟာ သုံးရက်တိုင်တိုင်မအိပ်မစက်နေခဲ့ ခြင်း၊ နံနက် ၂ နာရီခွဲတွင်ထကာ အာဖရိကလူမျိုးတို့ ၏ရိုးရာအကများကရခြင်း၊ ဆိတ်သွေးများအံရခြင်း စသည်ဖြင့် ဆန်ဂိုမာ ဟုခေါ်သည့် 
နတ်ဆရာ၊ စုန်းဆရာ၊ ကဝေဆရာ၊ ဆေးဆရာ အဖြစ်ရောက်ရှိယင် လေ့ ကျင့် ခဲ့ ရပါတယ်…

သူဟာ ခြုံပုတ်များထဲတွင်အိပ်စက်ရပြီး ရိုးရာဝတ်ရုံများဝတ်ဆင်ခဲ့ ရသလို ဒေသခံများက ဝေးလံသီခေါင်

သည့် မိုဇမ်ဘစ်နယ်နှင့် ကပ်လျှက်ရှိသည့် မပူမာလန်ဂါပြည်နယ်၊ မန်ဂ၀မ်နီ ရွာကလေး တွင် လျှို့ ဝှက်မြုပ်နှံ

ထားသည့် တိရိစ္ဆာန်များ၏ခန္ဓာကိုယ်အစိတ်အပိုင်းများအားလည်း တောနင်းရှာဖွေပြခဲ့ ရပါတယ်…

သူဟာ သင်ကြားပြသပေးသူဆရာများပြောကြားသည်ကိုနားလည်နိုင်ရန် ဒေသခံဘာသာ ဆီဆ၀ါတီ စကား

ကိုလည်းသင်ကြားခဲ့ ရပါသေးတယ်…

ဆရာများကသူ့ ကို ဂိုဂိုမန်ဒါဝီ လို့  နာမည်အသစ်ပေးခဲ့ ကြပါတယ်…
သူ့ လွန်ခဲ့ သည့် တနင်္ဂနွေနေ့ အထိကိုမိသားစု၊ မိတ်ဆွေများအားလုံးနှင့် အဆက်အသွယ်ဖြတ်ထားစေခဲ့

သည်မှာမိဘနှစ်ပါးဖြစ်သူ အယ်လီနှင့် ဘရိုင်ယန်ဟိဖီးလ်ဒ် တို့ သားဖြစ်သူရဲ့ နတ်ဆရာဖြစ်အောင်ပွဲအခမ်း

အနားကိုတက်ရောက်ရန် တောင်အာဖရိက နိုင်ငံကိုလေယာဉ်ဖြင့် တနင်္ဂနွေနေ့ ကရောက်ရှိခဲ့ သည့် အချိန်

အထိဖြစ်ပါတယ်…

သူဟာ ဆန်ဂိုမာ ပညာ ( အာဖရိကနတ်ဆရာ၊ ပညာ) အကြောင်းကိုဒေသခံမိတ်ဆွေတစ်ဦးထံမှ လေ့ လာ

သိရှိခဲ့ ရတာဖြစ်ပြီး ၎င်း၏အလုပ်ဖြစ်သည့် ဘဏ်များအား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စွန့် စားခြင်းများ၊ ဘဏ်စနစ်

သတင်းအချက်အလက်များလုံခြုံရေးဆိုင်ရာ အကြံပေးခြင်းတို့ ကို လွန်ခဲ့ သည့် ဖေဖော်ဝါရီလက စွန့် လွှတ်

ခဲ့ ပြီး နတ်ဆရာအဖြစ် နှစ်ပေါင်းများစွာလေ့ လာကာ နောက်ဆုံးလက်တွေ့ လေ့ ကျင့် သင်ယူခဲ့ တာဖြစ်ပါ

တယ်…

“ ဒါဟာ ကျွန်တော်က လုပ်မယ်လို့ ဆုံးဖြတ်လုပ်ကိုင်ခဲ့ တာမဟုတ်ပါဘူး….တစ်ခြားနည်းလမ်းတွေများစွာထဲ

ကမှ လုပ်ဖြစ်အောင် ကျွန်တော့် ကို ရွေးချယ်စေခဲ့ တာဖြစ်ပါတယ်… လေ့ ကျင့် သင်ယူရတာတွေဟာ များ

ပြားလှပြီး အဆင့် ဆင့် မို့ ခပ်ပေါ့ ပေါ့ နဲ့ လုပ်ခဲ့ တာမဟုတ်ပါဘူး…” လို့ သူကဆိုခဲ့ ပါတယ်…

သူ့ ရဲ့ လောလောလတ်လတ်တတ်ကျွမ်းနားလည်ခဲ့ သည့် ပညာရပ်နှင့် ပါတ်သက်ပြီး မည်ကဲ့ သို့ ဆက်လက်

အသုံးပြုမယ်ဆိုတာမဆုံးဖြတ်ရသေးပေမယ့်  သူကတော့ ကိပ်တောင်းမြို့ တွင် အခြေချရန် အိမ်တစ်လုံးဝယ်
ယူဖို့ ရည်ရွယ်ထားပါတယ်….

A British banking consultant has retrained as a witch doctor after a gruelling three months' initiation in the South African bush. Thomas Heathfield, 32, whose family hail from Maidenhead in Berkshire, renounced sleep for three days, rose at 2.30am to dance for the tribal ancestors and vomited up goats' bloods as part of his training to become a "sangoma".

He slept out in the bush, wore traditional robes and was sent to hunt for the animal body parts hidden by locals in the remote village of Mangweni, close to the Mozambican border in Mpumalanga province. He had to learn enough of the local siSwati language to understand his instructors, who also gave him a new name, Gogo Mndawe

He was banned from all contact with family and friends until last Sunday, when his parents Ally and Brian Heathfield flew out to South Africa to attend his graduation ceremony. He said he first learned about sangomas from a local friend and spent many years studying the practice before giving up his job advising banks on risk and information security in February to train as one himself.



"It's not something you just decide to do – it chooses you rather than the other way round and it's such a massive process that you don't enter into it lightly," he said. While still undecided about how he will use his new-found skills, he intends to settle in Cape Town and buy a house.




Monday, July 18, 2011
Businessman hands out millions to the poor 
တရုတ်



ကနေဒါနိုင်ငံသားတရုတ်လူမျိုး ဆာရီးချန်း တစ်ယောက်သူ့ ရဲ့ ဘိုးဘွားမိဘများ၏မွေးရပ်မြေသို့ မကြာသေး
မီကာလများကပြန်လည်ခြေချရောက်ရှိခဲ့ ပါတယ်…

ဒီတစ်ကြိမ်တော့ ကနေဒါနိုင်ငံ၊ ကနေဒါဖေးချွေအပြည်ပြည်ဆိုင်ရာစက်မှုအုပ်စုကုမ္ပဏီကြီးရဲ့ ဥက္ကဌ ဖြစ်သူ
ဟာ ငွေစက္ကူယွမ်ငွေ ၃.၂ သန်း ပါတဲ့ အိတ်ကြီးကို၎င်းနှင့် အတူတစ်ပါတည်းယူဆောင်လာခဲ့ တာဖြစ်ပါ
တယ်…

စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးဟာ ထိုငွေများကို တရုတ်နိုင်ငံ၊ တောင်ပိုင်း ဟိုင်နန်ပြည်နယ်မှ ဆင်းရဲနွမ်း
ပါးသူများကိုပေးအပ်လှူဒါန်းခဲ့ တာဖြစ်ပါတယ်…

လှူဒါန်းငွေအများစုကို သက်ကြီးရွယ်အိုများ၊ မသန်မစွမ်းသူများ နှင့် ဆင်းရဲချို့ တဲ့ သည့် တက္ကသိုလ်ကျောင်း
သူ၊ကျောင်းသားများကို လှူဒါန်းခဲ့ တာဖြစ်ပါတယ်…

နောက်ထပ်ယွမ်ငွေ ၂ သိန်းကိုတော့ ဟိုင်းကိုမြို့ ၊ ရုန်ရှန်းကျေးရွာရှိဟိုင်နန် တိရိစ္ဆာန်ငယ်များ စောင့် ရှောက်
ကာကွယ်ရေးအသင်းကို လွှဲပြောင်းပေးအပ်ခဲ့ ပါတယ်…

ယခုကဲ့ သို့ ၎င်း၏လူသိထင်ရှားလှူဒါန်းခြင်းလုပ်ရပ်ဟာ တစ်ခြားသောချမ်းသာကြွယ်ဝသည့် သူဌေးများ
လည်း
ဤကဲ့ သို့ လှူဒါန်းမှု အစီအစဉ်များမှာ ဆက်လက်လုပ်ဆောင်ပါဝင်လာနိုင်စေရန်တိုက်တွန်းအားပေးသည့် 
အနေဖြင့်ရည်ရွယ်ခဲ့ ခြင်းဖြစ်တယ်လို့ ချန် ကဆိုပါတယ်…

ကန်တုံနွယ်ဖွား လူမှုအကျိုးဆောင် သူဌေးဟာ ယခုအချိန်အထိ ဆင်းရဲနွမ်းပါးသူများအား ယွမ်ငွေ ၁.၁၄ ဘီလီယံ လှူဒါန်းခဲ့ ပြီးဖြစ်ပါတယ်….

သာဓုခေါ်စရာပါပဲ….


Canadian Chinese Saree Chan stepped foot on his ancestors' homeland again recently.
This time, the chairman of Canada Fei Cui International Industrial Group Ltd brought along a bag containing 3.2mil yuan (RM1.5mil) in currency notes.
The businessman donated the money to the underprivileged in South China's Hainan province.
Most of the cash went to the elderly, the disabled and poor university students.
Another 200,000 yuan (RM92,943) was handed over to the Hainan Small Animal Protection Association in Rongshan village of Haikou city.
Chan said his high-profile charity event was aimed at encouraging more rich people to participate in such programmes.
The philanthropist of Cantonese descent has so far donated 1.14bil yuan (RM529.8mil) to help the poor in
China.

Source: China Daily / Hainan Net

Photo: CFP
Sunday, July 17, 2011

How to Spot a Liar

လိမ်တယ်၊ ညာတယ် လူညာကြီးတွေကို ဘယ်လိုများအကဲခတ်နိုင်မလည်းဆိုတာ နည်းပေးလမ်းပြကလေးပါ























Japanese man arrested for collecting saliva from schoolgirls

Saturday, July 16, 2011

ကျောင်းသူလေးများ တံတွေးကိုစုဆောင်းသူဂျပန်နိုင်ငံသားအားဖမ်းဆီး...


ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တွင် ကျောင်းသူလေးသုံးဦးအား တံတွေးထွေးခိုင်းပြီး ထိုဖြစ်စဉ်ကို မှတ်တမ်းတင်ရိုက်
ကူးခဲ့ သည့် အသက် ၅၅ နှစ်အရွယ်ရှိ အလုပ်လက်မဲ့ ဂျပန်အမျိုးသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ 
ကဆိုပါတယ်...
တိုရှီဟီကိုမီဇူနို အားမသင့် မလျော်၊ မဖွယ်မရာပြုတတ်မှုဖြင့် တိုကျိုမြို့ တွင်အဖမ်းခံခဲ့ ရတာဖြစ်ပြီး ထိုပြစ်မှု
အတွက် ၎င်းအနေနှင့် ထောင်ဒါဏ် တစ်နှစ် သို့ မဟုတ် ဒါဏ်ငွေ ယန်း တစ်သန်း (ဒေါ်လာ ၁၂၄၀၀) ပေး
ဆောင်ကျခံနိုင်ပါတယ်...

မီဇူနို ဟာ အသက် ၉ နှစ်မှ ၁၀ အတွင်းရှိမိန်းကလေးသုံးဦးကို လွန်ခဲ့ သည့် နှစ် အောက်တိုဘာလနှင့် ဒီဇင်
ဘာလများအတွင်း လမ်းများ၊ သို့ မဟုတ် တိုက်ခန်းအပြင်ဖက်များတွင် တစ်ဦးစီ ချဉ်းကပ်ခဲ့ တာဖြစ်ပြီး ၎င်း
အနေနှင့် တံတွေးများအား သုတေသနပြုလုပ်နေတာဖြစ်ကြောင်း၊ ထို့ ကြောင့် ၎င်းအားသူမတို့ ရဲ့ တံတွေး
များပေးစေလိုကြောင်းပြောကြားခဲ့ တယ်လို့ မြို့ တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူကဆိုပါတယ်...


သူများတွေ သွားရေကျတာကို သွားရေယိုတဲ့ သူကလည်းရှိသေးတယ်...

" ကလေးမလေးတွေ တံတွေးထွေးတာကို သူကဗီဒီယိုရိုက်ကူးပြီး မှတ်တမ်းတင်ခဲ့ ပါတယ်...သူက မိန်းက
လေးတွေကို ပါးစပ်ဟခိုင်းပြီး အာခံတွင်းပိုင်းနှင့် လျှာများကိုလည်း ဗီဒီယိုရိုက်ကူးခဲ့ါသေးတယ်...
သူကထိုကိစ္စရပ်များကို သူ့ ရဲ့ ပုံမမှန်တဲ့ လိင်စိတ်အာသာဖြေဖို့ အတွက် ပြုလုပ်နေခဲ့ တတ်တာဖြစ်ပါတယ်.."
လို့ ပြောရေးဆိုခွင့် ရှိသူကဆိုပါတယ်...
မီဇူနိုဟာ ၁၇ နှစ်အတွင်း တိုကျိုမြို့ နှင့် ၎င်းမြို့ အနီးအနားရှိ ဆိုင်တမား အရပ်မှမိန်းကလေးငယ်ပေါင်း၄၀၀၀ ခန့် ကိုချဉ်းကပ်ခဲ့ ပြီး ထိုအထဲမှ အယောက် ၅၀၀ တို့ ရဲ့ တံတွေးများကို စုဆောင်းရယူခဲ့ တယ်လို့ ရဲတပ်ဖွဲ့ 
ထံမှရရှိသောသတင်းအချက်အလက်များကိုအခြေခံပြီး သတင်းဌာနများကဖေါ်ပြခဲ့ ကြပါတယ်...

A 55-year-old jobless Japanese man has been arrested in Tokyo for having three schoolgirls spit out saliva and filming them in the process, police have said. Toshihiko Mizuno was caught in Tokyo on suspicion of "habitual indecency," which carries a penalty of up to one year in jail or a fine of one million yen ($12,400).
Mizuno separately approached the three girls, aged nine and 10, in October and December last year outside apartment towers or in the street, saying: "I am doing research on saliva. Give me your saliva," a Metropolitan Police Department spokesman said.

"He videotaped them as they spat out saliva. He also asked them to open their mouths and filmed their mouth interiors and tongues," the official said. "He has done so habitually to satisfy his sexual desire."
Media reports, quoting police sources, said that Mizuno had approached about 4,000 young girls and managed to collect saliva from about 500 of them over 17 years in Tokyo and neighbouring Saitama.
Friday, July 15, 2011
အပန်းဖြေစရာပုံရိပ်ကမ္ဘာ....

အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ အင်
တာနက်လိုင်း အဆင်မပြေခင်ကာလအတွင်း  ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေ
ဖို့  ယခင်အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေကို schedule နဲ့ တင်
ပြလိုက်ပါတယ်...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်
ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါ
သနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်တောင်မှ ခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...

ဖြည့် စွက်၊ဖြန့် ထွက်တွေးတောနိုင်ကြပါစေသတည်း...

သူ့ ဖြတ်ထိုးဥာဏ် ကောင်းလှပြန်....
သြော်...ကဲဗျာ...တစ်ထည်နဲ့ တောင်မလုံလောက်နိုင်တော့ဘူးနော်....
သူတို့ ဆီမှာတော့ နိုင်ငံတော်အကြီးအကဲစီးလေသလား...
ကိုယ့် ဆီမှာတော့ ဒါမျိုးဆို ဗီအိုင်ပီ နိဗ္ဗာန်ယာဉ်ပဲ... 

ဖြည့် စွက်တွေးမြင်ခြင်းအနုပညာ... 

ကိုယ်ကသူ့ ကို ဓါတ်ပုံရိုက်မလားလို့ ...သူကကိုယ့် ကိုပြန်ရိုက်နေတယ်ဗျာ... 

 ကဲ...အဲဒါကိုမှ ကြိုက်တတ်သူများအတွက် သီးသန့် ပါတဲ့ ....

 လုပ်သင့် ယင်တော့ လုပ်သာလုပ်ပစ်လိုက်ပါတဲ့ ဗျာ...

ကြီးမိုက်တစ်ယောက်အကြောင်း.... 

 ကညာပျိုနဲ့ ဇရာအို Remix....

ဂေါက်သီးလိုက်ကောက်စရာမလိုတဲ့ ဂေါက်ရိုက်ကျင့် နည်း.... 

စာကိုကျွမ်းကျွမ်းကျင်ကျင်လျင်လျင်မြန်မြန်ရိုက်နိုင်ဖို့ အတွက် နာမ်နှိမ်ပြီးယတြာချေနိုင်မယ့် 
ကီးဘုတ်ဖိနပ်...များများစီးပေးယင် မြန်မြန်ရိုက်တတ်လာလိမ့် မယ်... 

 ငှက်ပျောပင်စိုက် မိလိုက်ဖပါ ဆိုတဲ့ စကားပုံလိုပါပဲ....
အဖေ၊အမေထက်ပိုထက်တဲ့  အတိဇာတ သားနဲ့ သမီးပေါ့ ...

အိမ်မရှိသူများ ဂျပန်ဆူနာမီကြောင့် အိမ်အလုံးလိုက် ပျက်စီးပြီးမျောနေတဲ့ အိမ်တစ်လုံး
ပစိဖိတ်သမုဒ္ဒရာထဲမှာရောက်နေပါတယ်တဲ့ ...သွားရောက်ဆယ်ယူကြပါကုန်...
နောက်များမော်တော်ဆိုင်ကယ်နဲ့ သွားယင် ဒီလိုကုလားထိုင်မျိုးတင်ပြီးစီးနိုင်ပါတယ်...
ဒါမှနောက်ကနေထိုင်ပြီးအမိန့် ပေးတာပိုပြီးပီပြင်ပါလိမ့် မယ်...