Muslim girl, 19, 'stoned to death after taking taking part in beauty contest'
Tuesday, May 31, 2011
မယ်ပြိုင်ပွဲဝင်မိလို့ ကျောက်တုံးဖြင့် ထုသတ်ခံရသည့် ယူကရိန်းနိုင်ငံသူ မွတ်ဆလင်မိန်းကလေး...
မယ်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မိလို့  သဘောထားတင်းမာသူ မွတ်ဆလင်များရဲ့ ဒေါသထွက်မှုခံခဲ့ ရ
တယ်လို့ ဆိုတဲ့ ကတ်တရာကိုရင်....
Murdered: Katya Koren was attacked after taking part in a beauty contest which her friends said angered hardline Muslims
ယူကရိန်းနိုင်ငံတွင် လှယဉ်ကျေးမယ်ပြိုင်ပွဲတွင်ပါဝင်ခဲ့ မိသည့် မွတ်ဆလင်မိန်းကလေးတစ်ဦးအား အစ္စလာမ်
ဘာသာရေးဥပဒေ ရှာရီးယား အရကျောက်တုံးဖြင့် ပစ်ပေါက်ကာ သတ်ဖြတ်ခဲ့ သည်ဟုဆိုပါတယ်...
အသက် ၁၉ နှစ်အရွယ်ရှိ ကက်တရာကိုရင် ရဲ့ ရုပ်အလောင်းကို ကရိုင်းမီးယားဒေသမှ ရွာကလေးတစ်ရွာရှိ
သူမနေထိုင်ရာအိမ်အနီးတွင်တွေ့ ရှိခဲ့ ကြရတာဖြစ်ပါတယ်...
သူမဟာ ခေတ်ဆန်သည့် ဆယ်ကျော်သက်အရွယ်ကြိုက်အ၀တ်အစားများကိုဝတ်ဆင်ရတာကိုနှစ်သက်ပါ
တယ်လို့ သူမရဲ့ သူငယ်ချင်းများကဆိုကြပြီး မွတ်ဆလင်လူငယ်သုံးဦးက သူမကိုသတ်ဖြတ်ခဲ့ တာဖြစ်ပြီး ၎င်း
တို့ ရဲ့ လုပ်ရပ်ဟာ အစ္စလာမ်ဘာသာထုံးစံအရ တရားမျှတမှုရှိတယ်လို့ ဆိုခဲ့ ကြသည့် အတွက် ရဲတပ်ဖွဲ့ က
ယခုအခါစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေခဲ့ ပါတယ်...
Rural: Katya Koren lived in the Crimea region of the Ukraine where her body was found buried in woodland
 ကတ်တရာလေးနေခဲ့ သည့် ဒေသ၊ ဒီလိုလှပသည့် တောတောင်ရေမြေဒေသတွင် ကြေကွဲဝမ်းနည်းဖွယ်ရာ
အရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ်မျိုးတွေ ရပ်တန့် ကုန်ဆုံးစေလိုပါပြီ....
Rural: Katya Koren lived in the Crimea region of the Ukraine where her body was found buried in woodland
အဆိုပါလူငယ်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ်ရှိ ဘီဟယ်လ်ဂါဇီယေ့ ဗ် ကိုတော့ ရဲတပ်
ဖွဲ့ ကယခုအခါဖမ်းဆီးထားခဲ့ြ့ပီဖြစ်ပြီး သူမဟာ ရှာရီးယား ဘာသာရေးဥပဒေကိုချိုးဖောက်ခဲ့ တာဖြစ်တယ်
လို့ ၎င်းက ရဲတပ်ဖွဲ့ ကိုပြောကြားခဲ့ ပါတယ်...
သူမဟာ ဒေသဆိုင်ရာမယ်ပြိုင်ပွဲမှာ သတ္တမနေရာရရှိခဲ့ ပါတယ်...
သူမဟာ အစ္စလာမ်ဥပဒေကိုချိုးဖောက်ခဲ့ တာမို့ ( သူမကိုသတ်ဖြတ်ခဲ့ မှုအပေါ် ) ၎င်းအနေနှင့်နောင်တမရ
ရှိကြောင်း ဂါဇီယေ့ ဗ် ကဆိုပါတယ်...
ရိုက်နှိက်ကန်ကျောက်၊ ထုနှက်ထားလို့ ဒါဏ်ရာများဖြင့် ပြည့် နေသည့် သူမရဲ့ ရုပ်အလောင်းကို တောအုပ်
တစ်ခုအတွင်းမြုပ်နှံထားခဲ့ သည်ကို သူမသေဆုံးပြီး ရက်သတ္တပါတ်တစ်ပါတ်အကြာမှာတွေ့ ရှိခဲ့ ကြရတာဖြစ်
ပါတယ်...
ရဲတပ်ဖွဲ့ ကတော့ လူသတ်မှုဖြင့်အမှုဖွင့် ဆိုစုံစမ်းစစ်ဆေးနေပါတယ်...
ကျောက်တုံးဖြင့် ပစ်ပေါက်ထုသတ်ကာအပြစ်ပေးခြင်းဟာ မွတ်ဆလင်ဘာသာဝင်များအတွင်း သဘောထား
ကွဲလွဲကြသည့်အကြောင်းအချက်တစ်ခုဖြစ်ပြီး တစ်ချို့ ကအစ္စလာမ်ဘာသာရေးဥပဒေအရ တရားမျှတမှုရှိ
တယ် ( ယခုလိုကျောက်တုံးဖြင့် ထုသတ်ရတာ ) လို့ ယူဆကြပြီး တစ်ချို့ ကတော့ ထိုယူဆချက်ကို သဘော
မတူကြပါဘူး....
A teenage Muslim girl was stoned to death under 'Sharia law' after taking part in a beauty contest in Ukraine.
Katya Koren, 19, was found dead in a village in the Crimea region near her home.
Friends said she liked wearing fashionable clothes and police are now investigating claims that three Muslim youths killed her and claimed her death was justified under Islam.
One of the three, named as Bihal Gaziev, 16, now under arrest, told police she had 'violated the laws of Sharia'.
She came in seventh place in a beauty contest in her region.  Gaziev said he had no regrets about her death because she had violated the laws of Islam. 
Her battered body, buried in a forest, was found a week after her death. Police have opened a murder probe.
Stoning is a divisive subject among Muslims, with some groups interpreting it as Islamic law and others disagreeing. 
Vietnamese police banned from wearing sunglasses and hiding behind trees
Monday, May 30, 2011
နေကာမျက်မှန်မတပ်ရ၊သစ်ပင်နောက်တွင်မပုန်းရတော့ သည့် ဗီယက်နမ်ရဲများ.. 
ဗီယက်နိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ( ပြည်ထဲရေးဝန်ကြီးဌာန ) မှ ရဲတပ်ဖွဲ့ ဝင်များအားအများပြည်သူ
များမြင်တွေ့ သိရှိနိုင်သည့် နေရာများတွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း နေကာမျက်မှန်တပ်ဆင်ထား
ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စာဖတ်ခြင်း၊ ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး ( ရှိုးထုတ်ခြင်း ) များမပြုလုပ်ရန်
တားမြစ်ပိတ်ပင်သည့် ညွှတ်ကြားချက် ထုတ်ပြန်ခဲ့ ပါတယ်...
အသစ်ထုတ်ပြန်လိုက်သည့် အမိန့် ညွှန်ကြားချက်အရ ဗီယက်နမ်ပြည်သူ့ ရဲများဟာ ကိုယ်အမူအရာ၊ နှုတ်အ
မူအရာ သင့် တင့် လျောက်ပတ်စွာရှိရမည်ဖြစ်ပြီး တာဝန်ချိန်တွင် တာဝန်ကျသည့် နေရာတွင်ရှိရမှာလည်း
ဖြစ်ပါတယ်...
မှတ်ထားနော်...အခုကစပြီး ဒါမျိုးတွေခွင့် မပြုတော့ဘူးတဲ့ ....
ဗီယက်နမ်မှာပြောပါတယ်...
ထိုညွှန်ကြားချက်အရ ရဲတပ်ဖွဲ့ ဝင်များဟာ ဖမ်းဆီးဒါဏ်ငွေရိုက်နိုင်ဖို့ သစ်ပင်များနောက်ကွယ်တွင် ပုန်း
အောင်းစောင့် ဆိုင်းနေတာမျိုးပြုလုပ်နိုင်မှာမဟုတ်ပါဘူး....
၎င်းတို့ ဟာတာဝန်ချိန်အတွင်းနှင့် ရဲတပ်ဖွဲ့ စခန်းအတွင်းအရက်သေစာသောက်စားခြင်းမှလည်းတားမြစ်
ထားခြင်းခံရသလို မည်သည့် အချိန်၊ မည်သည့် နေရာတွင်မဆို အရက်အလွန်အကျွံသောက်စားမူးယစ်ခြင်း
ကိုလည်း ခွင့် မပြုပါဘူးလို့ ဝန်ကြီးဌာနကဆိုပါတယ်...
ဒါ့ အပြင် လမ်းဘေးပလက်ဖောင်းပေါ်တွင်တည်ခင်းေ၇ာင်းချသည့် စားသောက်ဆိုင်များတွင်လည်း ၀ယ်ယူ
စားသောက်နိုင်ခွင့် မရှိပါဘူး...
ရွှေပြည်ကြီးမှာလည်း သစ်ပင်ကွယ်ပြီး အလစ်အငိုက်စောင့် ဖမ်းတတ်တဲ့ ယာဉ်ထိန်းရဲများရှိတာ အများပြည်
သူအသိပါပဲ...
လုပ်သင့် လုပ်ထိုက်တဲ့ စည်းကမ်း၊ တားမြစ်ချက်များပါပေပဲ...
The Vietnamese Ministry of Public Security have issued instructions banning police in the country from wearing black sunglasses, from smoking, from reading books and from putting their hands into pockets while on duty at public places.
Under the new order, officers from the People's Police of Vietnam must keep appropriate manners and be in the right position when on duty.
This means traffic police must not hide behind trees to ambush and issue fines.
They are also prohibited from drinking alcohol during their working time and at the police station, and are not allowed to be heavily drunk at any time or any place, the ministry said. They also cannot eat at restaurants that illegally encroach onto pavements.
Zimbabwean policeman held in jail for past three weeks for using Robert Mugabe’s personal toilet
Sunday, May 29, 2011
နေရာတကာဝင်မပါနဲ့ ....
The police officer was on duty at a trade fair in the city of Bulawayo earlier this month when he was caught using a loo reserved for President Robert Mugabe (pictured) 
အာဏာရှင်ကြီး ရောဘတ်မူဂါဘီ...
ဇင်ဘာဘွေနိုင်ငံ၊ ဘူလာဝါယိုမြို့ တွင်ယခုလအစောပိုင်း၌ပြုလုပ်ခဲ့ သည့် ၊ ကုန်စည်ပြပွဲမှ တာဝန်ကျရဲအရာ
ရှိတစ်ဦးဟာ နိုင်ငံတော်သမ္မတီး ရောဘတ်မူဂါဘီ အသုံးပြုဖို့ သီးသန့် သတ်မှတ်ထားသည့် အိမ်သာကိုမှ ( အန္တရယ်ကိုမလွယ်ထားနိုင်သဖြင့် )သွားရောက်အသုံးပြုခဲ့ မိသည့် အတွက် ဖမ်းဆီးခံရကာ ထောင်သွင်းအ
ကျဉ်းချထားခြင်းခံခဲ့ ရပါတယ်...
တာဝန်ကျရဲတပ်ကြပ် အလွိုက်စ်မာဘူနူ ဟာ အသက် ၈၇ နှစ်အရွယ်ရှိ အာဏာရှင်ကြီးရဲ့ ရွှေအိမ်သာကိုမှ
အသုံးပြုခဲ့ မိသဖြင့် လွန်ခဲ့ သည့် သုံးပါတ်လုံးလုံး ရဲစခန်းအချူပ်ထဲမှာ နေခဲ့ ရပါတယ်...
ဒေသဆိုင်ရာသတင်းများအရမှုခင်းရဲစုံထောက်ကြီးကို ဘူလာဝါယိုမြို့ ကကုန်စည်ပြပွဲမှာလွန်ခဲ့ သည့် မေလ 
၇ ရက်နေ့ က တာဝန်ချိန်တွင် ပျက်ကွက်ခဲ့ သည်ကိုတွေ့ ရှိခဲ့ ကြတာဖြစ်ပါတယ်...
အစောင့် ရဲတပ်သားများက မာဘူနူ ကိုတားဆီးဖို့ ကြိုးစားခဲ့ ကြပါသေးတယ်...သို့ သော်လည်း သူဟာ ထိုသူ
များကိုအတင်းအဓမ္မကျော်ဖြတ်ကာအိမ်သာထဲသို့ အလျင်အမြန်ဝင်ရောက်ပြီး တံခါးပိတ်ခဲ့ လိုက်တယ်လို့ 
ရဲတပ်ဖွဲ့ ၏တရားစွဲဆိုချက်တွင် ဖော်ပြထားပါတယ်...
သဘာဝရဲ့ စေ့ ဆော်မှုအရ မတားဆီးနိုင်သည့် ကိစ္စကိုဖြေရှင်းပြီးနောက် ရဲတပ်ကြပ်ကြီး မာဘူနူ ဟာ၎င်းရဲ့ 
တာဝန်များကိုဆက်လက်ထမ်းဆောင်ခဲ့ ပါတယ်...
သို့ သော်လည်း ရေအိမ်တော်အစောင့် များက ထိုအဖြစ်အပျက်ကို ရဲထောက်လှမ်းရေးများထံသတင်းပို့ ခဲ့ 
လို့ သူ့ ကိုနောက်တစ်နေ့ မှာ ဖမ်းဆီးခဲ့ ကြတာဖြစ်ပါတယ်...
ထိုစဉ်ကတည်းကစပြီး မာဘူနူတစ်ယောက် ရဲအချူပ်ခန်းမှာနေခဲ့ ရတာဖြစ်ပြီး ရဲတပ်ဖွဲ့ ဆိုင်ရာစည်းကမ်း
ဖောက်ဖျက်မှုအတွက် ကြားနာစစ်ဆေးမှုအတွက်ယနေ့ လာရောက်အစစ်ခံရမှာဖြစ်ပါတယ်...
ထိုကိစ္စနှင့် ပါတ်သက်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ မန်လင်ကိုစီမိုယို က ဌာနတွင်းဆိုင်ရာ ကိစ္စရပ်တစ်
ခုဖြစ်တယ်လို့ ပြောဆိုကာ သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ ပါတယ်...
အာဏာရှင်ရောဘတ်မူဂါဘီ ဟာဇင်ဘာဘွေနိုင်ငံကို ၁၉၈၀ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရအောင်
ကြိုးပမ်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့ ပြီးကတည်းက အုပ်ချူပ်ခဲ့ တာဖြစ်ပါတယ်...
သူ့ ရဲ့ ဆိုးဝါးရက်စက်သည့် အုပ်ချူပ်မှုအောက်တွင် လျှို့ ဝှက်စုံထောက်အဖွဲ့ နှင့် ရဲတပ်ဖွဲ့ တို့ ဟာ နိုင်ငံရေး
အရ စိုးရိမ်ဖွယ်ရှိသူ့ များကို မတရားခြိမ်းခြောက်၊ နှိပ်စက်၊ အနှောင့် အယှက်ပေးခဲ့ ကြပါတယ်...
ယခုအခါ အိုမင်းချိနဲ့ နေပြီဖြစ်သည့် အာဏာရှင်ကြီးဟာ ၎င်း၏အာဏာသက် ၃၁ နှစ်အတွင်း နိုင်ငံကို ဆိုဗီ
ယက်နိုင်ငံပုံစံမျိုး သူရဲကောင်း၊ ကယ်တင်ရှင်ပုံစံမျိုးသဏ္ဍန်ဖန်တီးကာ တစ်နိုင်ငံလုံးကို အကြောက်တရား
ဖြစ်ထွန်းစေခဲ့ ပါတယ်...
အသက် ၈၇ နှစ်ရှိ အာဏာရှင်ကြီးကို လျှို့ ဝှက်ရဲထောက်လှမ်းရေးများနှင့် ကိုယ်ရံတော်တပ်ဖွဲ့ ကြီးက ၎င်း
သွားလေရာ လိုက်ပါကာ အထူးကာကွယ်စောင့် ရှောက်ပေးနေသည်ဟု လေ့ လာသူများက ဆိုပါတယ်...
၎င်း၏ယာဉ်တန်းနှင့် မတော်တစ်ဆကြုံကြိုက်မိသည့် ကားသမားများဟာလည်း ကိုယ်ထိလက်ရောက်ကျူး
လွန်နှိပ်စက်ခြင်းများခံရပြီး ဥပဒေအရ တိုင်တန်းအရေးယူခွင့် လည်းမရရှိခဲ့ ကြပါဘူး...
ယခုကဲ့ သို့ အိမ်သာအသုံးပြုမှုအတွက်ကြောင့် အဖမ်းခံရခြင်းအပေါ် လူ့ အခွင့် အရေးဆိုင်ရာ ရှေ့ နေ ဘီးထ
ရစ်မတက်တွာ ကတော့ ရဲတပ်ကြပ်ကြီးမာဘူနူကို မည်သည့် စည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုမှာဖြစ်
သလဲဆိုတာမေးခွန်းထုတ်လိုက်ပါတယ်...
" သမ္မတကြီးရဲ့ အိမ်သာဆိုတာကိုအတိအကျပြဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်ရှိရပါ့ မယ်...ဒါပေမယ့် အ
ခုဟာက အများပြည်သူသုံးအိမ်သာဖြစ်နေပါတယ်...
သူတို့ ( သက်ဆိုင်ရာတာဝန်ရှိသူတွေ ) ဟာအစိုးရပြန်တမ်းမှာကို ဒီကိစ္စကိုကွဲကွဲပြားပြားကြေငြာချက်ထုတ်
ပြန်ထားရမှာဖြစ်ပါတယ်... သူတို့ အဲဒီလိုမလုပ်ထားတာကတော့ သေချာပါတယ်ဆိုတာ ကျွန်မအလောင်း
အစားတောင်လုပ်ရဲပါတယ်..." လို့ ရှေ့ နေအမျိုးသမီးကဆိုခဲ့ ပါတယ်...
The police officer was on duty at a trade fair in the city of Bulawayo earlier this month when he was caught using a loo reserved for President Robert Mugabe has been arrested and held in jail .
Sergeant Alois Mabhunu has spent the past three weeks in police custody after he used the 87-year-old despot's loo.
According to local reports, the murder squad detective was caught short while on duty at a trade fair in the city of Bulawayo on May 7.
He rushed to the first toilet he could find, which had been reserved for use by the President Mugabe during his visit to the show.
Police guards tried to block Mabhunu's access, but he fought his way through and locked himself in, the police charge sheet reportedly claims.
Having relieved himself, Sergeant Mabhunu then resumed his duties. But the toilet guards reported the incident to the secret police and he was arrested the next day.
Mabhunu has been held in a police detention barracks ever since. He was due to appear before a police disciplinary hearing today.
Police spokesperson Mandlenkosi Moyo refused comment, saying it was an 'internal matter'.
Robert Mugabe has ruled Zimbabwe ever since he helped it win independence from Britain in 1980.
Under his despotic regime, the police and security services have harassed anyone thought to pose a political threat.
During his 31 years in power, the now frail former military leader has developed a fearsome, Soviet-style cult of personality.
Observers say the 87-year-old autocrat is fiercely protected by large squadrons of secret police and soldiers wherever he goes. 
Motorists who accidentally get in the way of Mugabe's motorcade are routinely assaulted and have no recourse to the law.
Commenting on the toilet arrest, human rights lawyer Beatrice Mtetwa questioned what offence Sergeant Mabhunu was being charged with.
'There has to be a law saying the toilet is the president's, but this was a public one', she said.
'They will have had to issue a proclamation in the government gazette specifying it. I bet they didn't do that.'
Saddest Picture of the Century
 ရာစုနှစ်ရဲ့ ကြေကွဲဖွယ်အကောင်းဆုံးဓါတ်ပုံ...
ပူလစ်ဇာဆုရ ဆူဒန်နိုင်ငံတွင်ရိုက်ကူးခဲ့ သည့် ဓါတ်ပုံ....
Pulitzer Prize winning photograph in Sudan by Kevin Carter.
အဆိုပါဓါတ်ပုံကိုရိုက်ကူးခဲ့ သူ ကီဗင်ကာတာ...
ဒီဓါတ်ပုံကတော့ တကယ့် ကိုကြေကွဝမ်းနည်းစရာကောင်းလှပါတယ်...
ထိုကလေးသူငယ်ကို မကယ်တင်ပဲ ထိုဓါတ်ပုံရိုက်ကူးပြီး ချက်ချင်းထွက်ခွာသွားခဲ့ သူ ဓါတ်ပုံဆရာအပါအ၀င်
မည်သူမျှ ထိုကလေးငယ်ရဲ့ နောက်ဆက်တွဲကံကြမ္မာ မည်သို့ ဆက်ဖြစ်ခဲ့ သည်ကိုမသိရှိခဲ့ ကြရပါဘူး...
၁၉၉၃ ခုနှစ်၊ မတ်လ တွင် ကီဗင်ကာတာတစ်ယောက် ဆူဒန်နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်ခဲ့ ပြီးယခုဓါတ်ပုံ
ကိုရိုက်ယူခဲ့ တာဖြစ်ပါတယ်...
ထိုဓါတ်ပုံဟာသူ့ ကို နာမည်ကျော်ပူလစ်ဇာဆုကိုဆွတ်ခူးရယူနိုင်ခဲ့ သလိုသူ့ ရဲ့ သေမင်းကိုပါယူဆောင်လာ
ခဲ့ ပါတယ်...
ဓါတ်ပုံထဲမှာ အစားအစာငတ်မွတ်ခေါင်းပါးမှုဒါဏ်ကြောင့် အဟာရဓါတ်ပြတ်ကာသေလုမြောပါးဖြစ်နေသည့် 
ကလေးငယ် (မိန်းကလေး)တစ်ယောက်ဒုက္ခသည်ခိုလှုံရေး (ကယ်ဆယ်ရေးစခန်း) သို့ ရောက်အောင် အား
တင်းပြီး သွားနေခိုက် မောပန်းနွမ်းနယ်လွန်းလို့ ခေတ္တနားနေစဉ် လင်းတတစ်ကောင်က ထိုကလေးငယ်လေး
သေမည့် အချိန်ကို အနီးအနားတွင်စောင့် ဆိုင်းနေတာဖြစ်ပါတယ်...
ထိုထိတ်လန့် ဖွယ်ရာ ဓါတ်ပုံကြောင့် ပဲ အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တာရအတွင်းတစ်စိတ်တစ်ပိုင်း ပါ
ဝင်တည်ရှိနေသည့် ဆူဒန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ( အငတ်ဘေး ) အခြေအနေအမှန်ကို တစ်
ကမ္ဘာလုံးက လူတွေသတိပြုမိသွားခဲ့ ကြရပါတယ်...
ဓါတ်ပုံဆရာ ကီဗင်လည်း ကလေးငယ်ကို ကူညီကယ်တင်မည့် အစား မိနစ် ၂၀ လုံးလုံးအဆိုပါဓါတ်ပုံရိုက်
ကူးနိုင်ဖို့ ပြင်ဆင်စောင့် ဆိုင်းနေခဲ့ သည့် အပေါ် အသေအချာစစ်ဆေးမေးမြန်းခံခဲ့ ရပါတယ်...
ထိုဓါတ်ပုံရိုက်ကူးခဲ့ ပြီး ၃ လအကြာမှာတော့ သူဟာ ကိုယ့် ကိုယ်ကိုသေကြောင်းကြံကာ သေဆုံးသွားခဲ့ ရ
ပါတော့ တယ်....
( သိပ်ပြီးတော့ လည်းမဝေးလှတော့တဲ့ ကုလသမဂ္ဂကယ်ဆယ်ရေးစခန်းကို ထိုကလေးငယ်အား ကယ်ဆယ်
သယ်ယူပို့ ဆောင်မပေးခဲ့ သည့် ထိုဓါတ်ပုံဆရာ နောင်တအကြီးအကျယ်ရသွားမှာ အသေအချာပါပဲ....)
မစာမနာပြောရယင်တော့ သေသင့် ပါတယ်လို့ တောင်ဆိုရမလားပဲ...
ဘ၀မှာ ကိုယ်မျှော်မှန်းသလိုဖြစ်မလာသူများ၊ မျှော်လင့် မထားသည့် အခက်အခဲ၊ ကံမကောင်းအကြောင်းမ
လှမှုများဖြစ်ခဲ့ ရသများ၊ မိမိအလိုရှိသည့် အကြောင်းအရာ၊ ရုပ်ဝတ္တုပစ္စည်း၊ အခြေအနေ စသည် (တစ်ကယ်
တော့ လည်းထိုအရာများမရခဲ့ ၊ မဖြစ်ခဲ့ လို့ လည်း မိမိဘ၀ ပျက်မသွား၊ အသက်သေမသွားလောက်ပါ...)
များ မရရှိခဲ့ သူများ သတိပြု၊ ဆင်ခြင်ဖွယ်ရာပါပဲ...
တစ်ခါတစ်လေတော့ ကိုယ့်ဘ၀နဲ့ ကိုယ်၊ ကိုယ့် အတွေးနဲ့ ကိုယ်တော့ အေ၇းတစ်ကြီး၊ ဘ၀ပျက်မတတ်ခံစား
ထင်မှတ်ရပေမယ့် အခုလိုအခြေအနေဆိုးတွေနဲ့ နှိုင်းယှဉ်လိုက်ယင် ကိုယ်ကြုံတွေ့ နေရတာတွေ၊ ခံစားနေရ
တာတွေဟာ ထင်သလောက်အခြေအနေမဆိုးဘူးဆိုတာ တွေ့ လာရပါလိမ့် မယ်...
In March 1993 Kevin Carter made a trip to southern Sudan and took this photograph. The picture would later bring him the Pulitzer prize, but also death. The girl had stopped to rest while struggling to reach the refugee camp, nearby a vulture is waiting her to die. It is a horrific picture that gave people a true look at the dire condition in Sub-Saharan Africa.
Kevin then came under a lot of scrutiny for spending over 20 minutes setting up the photo instead of helping the child. Three months after taking the photo, he committed suicide.
School in ban on hugging
Saturday, May 28, 2011
သတိ !!! လက်ဆွဲမနှုတ်ဆက်ရ၊ လက်ဝါးမရိုက်ရ၊ ဖက်ပြီးမနှုတ်ဆက်ရ...
သြော်...အတန်းဖော်သူငယ်ချင်း အချင်းချင်းတောင်ဒီလိုနှစ်သိမ့် မှုပေးလို့ မရပါလား.....
လန်ဒန်မြို့ မှကျောင်းတစ်ကျောင်းသည် တက်ေ၇ာက်သင်ကြားနေသည့် ကျောင်းသူ၊ကျောင်းသားအချင်းချင်း
တစ်ဦးနှင့် တစ်ဦး လက်ဝါးချင်းရိုက်ကာ အထိမ်းအမှတ်ပြုခြင်း၊ လက်ချင်းဆွဲကာနှုတ်ဆက်ခြင်းများအပြင်ရင်
ခွင်ချင်းအပ်ပြီး ဖက်ကာနှုတ်ဆက်ခြင်း ( မိန်းကလေးများအချင်းချင်း ) ကိုပင် ခွင့် မပြုပဲ တားမြစ်ခဲ့ ပါတယ်..
ယခုကဲ့သို့ ကျောင်းသား၊ကျောင်းသူများ တစ်ယောက်နှင့် တစ်ယောက် မထိရဟူသည့် စည်းကမ်းထုတ်ပြန်
တားမြစ်ရခြင်းမှာ အချင်းချင်း ရန်ဖြစ်ကြခြင်း၊ အနိုင်ကျင့် ကြခြင်းများမှတားဆီးကာကွယ်နိုင်ရန်အတွက် အုပ်
ချူပ်ရေးမှူးကစီမံခဲ့ ခြင်းဖြစ်ပါတယ်...
အသက် ၁၅ နှစ်ရှိ ဒေနာချူန်း အမည်ရှိကျောင်းသူဟာ သူငယ်ချင်းမိန်းကလေးဖြစ်သူတစ်ဦးကို ပွေ့ ဖက်
နှုတ်ဆက်ခဲ့ လို့ လန်ဒန်မြို့ တောင်ပိုင်း၊ ခရွိုင်ဒွန်အရပ်ရှိ The Quest ကျောင်းမှ ထိန်းသိမ်းခံခဲ့ ရပါတယ်...
အဒင်တန်ကွက်သစ်အနီးအနားမှာနေထိုင်သည့် အသက် ၃၃ နှစ်ရှိ မိခင်ဖြစ်သူ အနီတာကတော့ အဆိုပါ
စည်းကမ်းဟာ အစွန်းရောက်လွန်းပြီး သဘာဝလည်းမကျ၊ ရယ်စရာကောင်းနေကြောင်းဖြင့် ဆိုပါတယ်...
" အကယ်၍ ကလေးတွေဟာတစ်ဦးနဲ့ တစ်ဦး ပွေ့ ဖက်နှုတ်ဆက်ခြင်းမပြုနိုင်ကြရအောင်တားဆီးထားခံရ
မယ်ဆိုယင် သူတို့ တစ်တွေဟာ လူ့ ပါတ်ဝန်းကျင်၊ လူ့ အသိုင်းအ၀န်းမှာ ပြောဆိုနေထိုင်ဆက်ဆံတတ်ကြ
တော့ မှာမဟုတ်ပါဘူး...
နွေးထွေးတဲ့ ဆက်ဆံရေးဆိုတာငယ်ကတည်းကဒီလို ချစ်ချစ်ခင်ခင်နေမှ ဖြစ်လာရတာ...
ကျောင်းဆိုတာက ကလေးတွေကို လူမှုေ၇းဆက်ဆံတတ်အောင်၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ ဖက်နှုတ်
ဆက်ခြင်း စသည်ဖြင့် စတင်သင်ကြားပေးရမယ့် နေရာဖြစ်ရမှာပါ....တစ်စုံတစ်ခုမှားယွင်းလုပ်ဆောင်မိယင်၊
ထင်သလိုဖြစ်မလာခဲ့ ယင် ပွေ့ ဖက်ကာနှစ်သိမ့် မှုခံရမှ စိတ်သက်သာရာရတတ်ကြတာပါ....
ကျွန်မဖြင့် တစ်သက်လုံးအခုလို ရူးကြောင်ကြောင်နိုင်တဲ့ စည်းကမ်းမျိုးတစ်ခါမှမကြားဖူးပါဘူး..." လို့ ပြော
ကြားခဲ့ ပါတယ်...
ဆယ်တန်းကျောင်းသူ ဒေနာ ကလည်း " မနက်က သမီးရဲ့ သူငယ်ချင်းကို ဖက်ပြီးနှုတ်ဆက်မိတာနဲ့ သမီး
တစ်ယောက်ထဲခွဲထိုင်နေခဲ့ ရပြီး အနားပေးချိန်လည်းမသိလိုက်ရပါဘူး...သူတို့ ကသမီးတို့ ကိုစက်ရုပ်တွေလို
ဖြစ်အောင်လုပ်နေကြတာပါ..." လို့ ဆိုခဲ့ ပါတယ်...
ဆာရာဟုပ်ရဲ့ သမီး အသက် ၁၅ နှစ်အရွယ်ရှိကျောင်းသူလေးလည်း သူမရဲ့ သူငယ်ချင်းနှင့် လက်ဝါးချင်းရိုက်
ပြီး နှုတ်ဆက်မိလို့ ဒုက္ခရောက်ခဲ့ ရပါသေးတယ်...
" ဒါဟာတစ်ကယ့် ကိုအေးစက်စက်နိုင်လှတဲ့ စည်းကမ်းပါ...ကလေးတွေဟာ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ခင်
မှုတွေပျောက်ဆုံးကြမှာကတော့ ဝမ်းနည်းစရပါပဲ..." လို့ လည်းသူမကဆိုပါတယ်...
အဆိုပါကျောင်းတွင် အသက် ၁၁ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းသား၊ကျောင်းသူ ၈၀၀ ရှိပါတယ်...
ကျောင်းသား၊ကျောင်းသူအချင်းချင်းတစ်ဦးနှင့် တစ်ဦးမသင့် မမြတ်ဖြစ်ရာကနေ အနိုင်ကျင့် မှုတွေ၊ ရန်ဖြစ်
မှုတွေအထိဖြစ်လာနိုင်တာမို့ တစ်ဦးနှင့် တစ်ဦး ထိတွေ့ ဆက်ဆံမှုမပြုလုပ်ရအောင်တားမြစ်ထားတာဖြစ်ပါ
တယ်လို့ ပြောရေးဆိုခွင့် ရှိသူကဆိုပါတယ်...
ကျောင်းအုပ် အန်ဒီခရော့ ဖ်ကလည်း ပညာသင်ကြားရေးနှင့် တစ်ဦးကိုတစ်ဦးလေးစားမှုမှာ မရှိမဖြစ်အရေး
ပါတဲ့ စည်းကမ်းသေ၀ပ်တဲ့ ပါတ်ဝန်းကျင်အခြေအနေဖြစ်ဖို့ ယခုလို စည်းကမ်းထိန်းချူပ်ခြင်းကအထောက်အ
ကူဖြစ်စေပါတယ်လို့ ထပ်လောင်းပြောကြားခဲ့ ပါတယ်....
A London school has banned pupils from giving each other high-fives, handshakes - or even HUGS.
Governors imposed the "no contact" rule as they say it prevents fighting or bullying.
Dayna Chong, 15, was thrown into detention for cuddling a female pal at The Quest Academy, in Croydon, South London.
Mum Anita, 33, from nearby New Addington, said the policy was "extreme" and "ludicrous".
She said: "If the kids can't even hug each other at school some of them will never learn how to be socially interactive.
"School is supposed to be where we start teaching our children how to be social - shaking hands, hugging, opening up. You need an embrace to comfort you when things go wrong. I've never heard of anything so crazy in my life."
Year Ten pupil Dayna said: "I was just hugging my friend in the morning to say hello and I had to sit on my own and miss out on break because of it.
"They're trying to turn us into robots."
Fellow mum Sarah Hope's 15-year-old daughter got into trouble for giving a friend a high-five.
She said: "It's a very, very cold policy. I think it's sad that the children are missing out on this sort of closeness."
The Quest Academy has 800 pupils aged from 11 to 18.
A spokesman said: "Physical contact between students is not allowed because it is often associated with poor behaviour or bullying and can lead to fighting."
Principal Andy Crofts added: "It creates a disciplined environment which is essential for learning and respect." -
www.thesun.co.uk
Friday, May 27, 2011
သင်ယူရအခက်ဆုံးနှင့် အလွယ်ဆုံးဘာသာစကားများ...
Most Crazy Shoes Ever
Thursday, May 26, 2011
ပုံစံအဆန်းဆုံးရှူးဖိနပ်များ...
ကြံကြံဖန်ဖန်...အသည်းယားအောင်သိပ်လုပ်တယ်...
လူ့ ခြေထောက်အစစ်နဲ့ တစ်ထေရာထဲပဲ...
ထူပါပေ့ ဆန်းပါပေ့ လို့ တောင်ဆိုနိုင်ပါတယ်...
ဟိုတုံးကတော့ ဆင်ကြယ်ဆိုပြီး ခေတ်စားခဲ့ တယ်...အခုတော့ လေဒီကြယ်ပေါ့ ...
ဟင်းချက်စရာမရှိယင်စွပ်ပြုတ်လုပ်သောက်လို့ ရမယ်...
သဘာဝအလှအပကိုမြတ်နိုးသူအတွက်...
ဂီတသံစဉ်တေးတွေကို စီဒီ၊ အမ်ပီသရီးနဲ့ လမ်းလျှောက်ယင်း၊ပြေးယင်းနားထောင်မယ်ပေါ့ ...
သူ့ ဒီဇိုင်းကလည်း ခပ်ဆန်းဆန်းပါပဲ....
ဆပ်ကပ်သမား၊ မျက်လှည့် ဆရာရဲ့ ဖိနပ်လေလား....
ခြေထောက်ကလေးကို မုန့် ဖက်ထုပ်လိုထပ်ထားမယ်....
ဒီဖိနပ်ပိုင်ရှင်ကတော့ 
မျက်လှည်ဆပ်ကပ်လူပျက်ကလောင်း ဖိနပ်ပေါ့ ...
How to make paper planes ?
Wednesday, May 25, 2011
ငယ်စဉ်ကတော့ လေယာဉ်ပျံတွေကျောင်းသုံးဗလာစာအုပ်ထဲကစာရွက်တွေဆုတ်ဖြဲပြီးပြုလုပ်ဆော့ ကစား
ခဲ့ ဖူးပေမယ့် အခုလောက်တော့ အမျိုးစုံမလုပ်တတ်ခဲ့ ပါဘူး...
သားငယ်၊သမီးငယ်များ၊ တူ၊တူမများ၊ ကလေးငယ်များကိုပြုလုပ်ပေးချင်သူများအတွက် ဗဟုသုတရစေဖို့ 
ရည်ရွယ်ပါတယ်...
Indian Sadhu Has Kept His Right Hand Up for the Last 38 Years
Tuesday, May 24, 2011
၃၈ နှစ်ကြာ လက်မြှောက်ထားခဲ့ သည့် ဆာဒူး ...
 ကမ္ဘာမြေ...ငြိမ်းချမ်းပါစေ...
အိန္ဒိယနိုင်ငံမှ ဆာဒူးတွေဟာ ဘာသာရေးဆိုင်ရာကျင့် ကြံမှုအနေဖြင့် ခက်ခဲပင်ပန်းဆင်းရဲ၊ပြင်းထန်သည့် 
ကျင့် စဉ်မျိုးစုံကိုလုပ်ဆောင်ကြပါတယ်...
မတ်တပ်ရပ်အိပ်ခြင်း၊ တစ်သက်လုံးရေတစ်ခါမှမချိုးခြင်း၊ အချိန်ကာလအလွန်ကြာမြင့် စွာအစာမစားပဲဥပုတ်
စောင့် ခြင်း စည့် ဖြင့် အမျိုးစုံကျင့် ကြပါတယ်...
သို့ သော် အမ်မာဘာရတီအမည်ရှိ ဆာဒူကြီးရဲ့ ကျင့် စဉ်ကတော့ အထူးဆန်းဆုံးလို့ ဆိုနိုင်ပါတယ်...
အိန္ဒိယနိုင်ငံမှ ဆာဒူး အမ်မာဘာရတီ ဟာသူတော်စင်တစ်ပါးဖြစ်ပြီး သူရဲ့ ညာဖက်လက်ကို ၁၉၇၃ ခုနှစ်က
တည်းကမြှောက်ထားခဲ့ တာ ( အခုထက်ထိ ပြန်မချသေးဘူး.) လို့ သူကအခိုင်အမာပြောဆိုခဲ့ ပါတယ်...
ယခု နှစ်ပေါင်း ၃၈ နှစ်အကြာမှာတော့ သူ့ ရဲ့ လက်ဟာ ဘယ်လိုမှအသုံးပြုလို့ မရတဲ့ အရိုးနဲ့ အရေပြားသာ
လျှင်ဖြစ်နေခဲ့ ပေမယ့် သူကတော့ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှ သျှီဝ နတ်ဘုရားကို ကိုးကွယ်ယုံကြည်သူတွေအ
တွက် ပူဇော်ပသရာအထိမ်းအမှတ်တစ်ခုဖြစ်နေခဲ့ ပါပြီ...
၁၉၇၀ ခုနှစ်အထိ အမ်မာဘာရတီဟာ သာမန်လူလတ်တန်းစားတစ်ယောက်အဖြစ်ဘ၀ကို ရိုးရိုးအေးအေး
နေထိုင်ခဲ့ သူဖြစ်ပါတယ်...သူ့ မှာအလုပ်ရှိတယ်၊ အိမ်ရှိတယ်၊ ဇနီးမယားတစ်ယောက်နဲ့ ကလေးသုံးဦးရှိပါ
တယ်...
သို့ သော် တစ်နေ့ နံနက်ပိုင်းမှာသူအိပ်ယကနိုးလာခဲ့ ပြီးအရာရာအားလုံးကိုစွန့် လွှတ်ကာ ဟိန္ဒူသျှီဝ နတ်
ဘုရားကိုသာ အလုပ်အကျွေးပြုတော့ မယ်လို့ ဆုံးဖြတ်ခဲ့ ပြီးနောက်မှာတော့ ထိုမိသားစု၊ အလုပ်အကိုင်၊ အိမ်
စတာတွေဟာ သူ့ အတွက်ဘာမှအရေးမပါတော့ ပါဘူး...
သူဟာ ဆာဒူတွေဝတ်ဆင်လေ့ ရှိကြတဲ့ နံငယ်ပိုင်းလေးသာဝတ်ပြီး သုံးချောင်းထောက်ခရင်းခွတစ်ခုကိုကိုင်
ကာ အရပ်တစ်ကာလှည့် လည်သွားလာနေပါတော့တယ်....
သုံးနှစ်ကြာပြီးနောက် ၁၉၇၃ ခုနှစ်မှာတော့ အမ်မာဟာ သူ့ ကိုယ်သူလောကီအာရုံတွေခံစားနေဆဲပဲလို့ သိ
မြင်သဘောပေါက်လာခဲ့ လို့ ထိုအာရုံတွေမှကင်းဆိတ်စေရန် သူ့ ရဲ့ ညာဘက်လက်ကို တစ်ချိန်လုံးမြှောက်
ထားခဲ့ ဖို့ ဆုံးဖြတ်ခဲ့ လိုက်ပါတော့ တယ်....
ယခုနှစ်ပေါင်း ၃၈ နှစ်ကျော်ကြာခဲ့ ပြီးတာတောင် သူ့ လက်ကတော့ မြှောက်လျှက်ပဲရှိနေပြီး (အကြောတွေ
ဆိုင်းကုန်လို့ ) သူ့ အနေနဲ့ ထိုလက်ကိုလှုပ်ရှားအသုံးပြုချင်တယ်ဆိုယင်တောင် အသုံးပြုလို့ မရတော့ ပါဘူး။
တစ်ချို့ ကတော့အမ်မာဘာရတီဟာ ကမ္ဘာအနှံ့ အပြားဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် စိတ်မချမ်းမြေ့ ဖြစ်
ရလို့ ငြိမ်းချမ်းရေးအတွက် ရည်စူးပြီးသူ့ ရဲ့ ညာဖက်လက်ကိုမြှောက်ထားခဲ့ တာဖြစ်တယ်လို့ ဆိုကြပြန်ပါသေး
တယ်...
အတ္တကိလ မထာနုယောဂ လို့ ခေါ်တဲ့ ကိုယ့် ကိုယ်ကိုညှင်းပန်းနှိပ်စက်တဲ့ အကျင့် ပါပဲ...
စေတနာမှန်ပေမယ့်လုပ်ရပ်မမှန်တာကြောင့် လိုရာခရီးပန်းတိုင်မရောက်ပါဘူး...
 Photo via Rediff
ဟာရစ်ဒွါနယ်၊ ကမ်ဘ်မယ်လာဒေသမှ လူအများကြည်ညိုကြသည့် ဆာဒူးတစ်ပါးဖစ်သည့် အမ်မာ ကတော့ 
၎င်း၏လုပ်ရပ်ကြောင့် တစ်ခြားသောဆာဒူးများလည်း ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်စွာနေထိုင်နိုင်
ရေးအတွက် ၎င်းတို့ ရဲ့ လက်များကိုမြောက်စေဖို့ အားကျစေခဲ့ တာမို့ တစ်ချို့ သောဆာဒူးများက ၇ နှစ်၊ တစ်
ချို့ ၁၃ နှစ်၊ တစ်ချို့ ၂၅ နှစ်အထိတိုင်အောင် လက်များကိုမြှောက်ထားခဲ့ ကြပါတယ်...
သို့ သော်ဤကဲ့ သို့ ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အဓိကအရေးပါသည့် အစိတ်အပိုင်းတစ်ခု လုပ်ငန်းဆောင်
တာများမဆောင်ရွက်နိုင်ရုံသက်သက်မျှမဟုတ်ပဲ နာကျင်ကိုက်ခဲမှုဝေဒနာလည်း တော်တော်ခံစားကြရတာ
ဖြစ်ပါတယ်...
ဘာရတီကိုယ်တိုင်က အလွန်ပြင်းထန်သည့် နာကျင်ကိုက်ခဲမှုကိုအချိန်ကာလကြာမြင့် စွာခံစားခဲ့ ရပြီး ယခု
နောက်ပိုင်းတော့ ဆက်လက်မခံစားရတော့ပါဘူးလို့ ဆိုခဲ့ ပါတယ်....
ဒါဟာဘာကြောင့် လဲဆိုတော့ သူ့ ရဲ့ လက်ဟာ အထက်မရောက်အောက်မရောက်ပုံစံဖြင့်  ချည့် နဲ့ ပြီးသိမ်
သွားခဲ့ ကာ မည်သည့် အခါမျှ ညှပ်ခဲ့ ခြင်းမရှိတော့ သည့် လက်သည်းများဖြင့် အဆုံးသတ်နေသည့် ဆက်
လက်အသုံးပြုလို့ မရတော့ သည့် အရိုးစုတစ်ခုလိုဖြစ်နေခဲ့ တာဖြစ်ပါတယ်...
မြတ်ဗုဒ္ဓရဲ့ တ၇ားဦးဓမ္မစင်္ကြာမှာတော့ ထိုအကျင့် မျိုးကို အတ္တကိလမထာနုယောဂေါ ( မိမိကိုယ်ကိုပင်ပန်း
ဆင်းရဲစေသော၊ မိမိကိုယ်ကိုနှိပ်စက်သောအကျင့် ၊ အရိယာတို့ ရဲ့ အကျင့် မဟုတ်၊ အကျိုးစီးပွားနှင့်မဆက်
စပ်သည့် အကျင့် ၊ အကျိုးမရှိသည့် အကျင့်  လို့ ဟောကြားပါရှိပါတယ်...
ဒါပေမယ့် သတိပြုဖို့ ကတော့ထိုကဲ့သို့ ကျင့် ကြံခြင်းကို ကာမသုခလိကာနုယောဂေါ လို့ ခေါ်တဲ့ ကာမဂုံတ
ရားတို့ ၌မွေ့ လျော်ပျော်ပိုက်သောအကျင့် ( သောက်သောက်စားစားလူ့ မင်းသား၊ အပျော်မျိုးစုံခံစားသူတို့ 
ရဲ့ အကျင့် တရား ) ကဲ့ သို့ ယုတ်ညံ့ တယ်လို့ မဟောခဲ့ ပါဘူး...
ဘာဖြစ်လို့ လည်းဆိုတော့ သာမာန်သူတွေ၊ ဇွဲမရှိသူတွေမလုပ်နိုင်လို့ ပါပဲ...
Indian Sadhus perform all kinds of unusual tasks in the name of religion, like sleeping in an up-right position, never taking baths, fasting for long periods of time, but Amar Bharati’s choice is truly one of the most bizarre I’ve ever seen.
Sadhu Amar Bharati is an Indian holy man who claims he has kept his right hand raised in the air since 1973. Now, 38 years later, his hand is just a useless piece of skin and bone, but has become a symbol for Shiva worshipers around India.
Until 1970, Amar Bharati was an average middle-class man who lived a normal life. He had a job, a home, a wife and three children, but none of that mattered when he woke up one morning and decided to leave everything behind and dedicate his life to serving the Hindu god Shiva. He began wandering the roads of India dressed in his simple Sadhu clothes and carrying only his trusty Trishula (a metal trident). After three years, in 1973, Amar realized he was still too connected to the fading luxury and pleasures of mortal life, and decided to separate himself from them by raising his right arm and keeping it raised. 38 years later, his arm is still up and he couldn’t use it, even if he wanted to.
Other sources claim Amar Bharati felt disillusioned by all the fighting going on in the world, and decided to raise his right arm for peace. A respected Sadhu at the Kumbh Mela, in Haridwar, Amar has inspired other Sadhus to raise their arms for peace and harmony, and some of them have kept them raised for the last seven, thirteen, even 25 years. But doing something like this doesn’t just mean giving up the functionality of an important body part, it also implies dealing with a lot of pain. Bharati himself says he went through excruciating pain for a long time, but not anymore. That’s because his arm is completely atrophied and stuck in a bizarre, semi-vertical position, a useless bony structure ending in thick, twisted nails that he never clips.
Art student's performance led to death by asphyxiation
Monday, May 23, 2011
မော်ဒါန်အနုပညာရှင်ကျောင်းသားရဲ့ သရုပ်ဖော်တင်ဆက်မှုအနုပညာ... 
ကိုလံဘီယာနိုင်ငံမှအနုပညာကျောင်းသား ဂျွန်ဂျိုင်ရိုဗီလာမေးလ် ဆိုသူဟာဖန်တီးမှုသရုပ်ဆောင်အနုပညာ
ပြကွက်တစ်ခုတွင် ၎င်း၏ဦးခေါင်းကို အမှိုက်အိတ်တစ်လုံးဖြင့် စွပ်ခဲ့ပြီးနောက်သေဆုံးသွားခဲ့ ရပါတယ်...
၎င်းဟာ သူ့ ရဲ့ မွေးရပ်မြေဖြစ်သည့် ဘိုဂိုတာမြို့ နှင့် ပါတ်သက်ပြီးရည်ညွှန်းသရုပ်ဖော်သည့် အနေဖြင့် (လွတ်
လပ်မှုမရှိ၊ မွန်းကြပ်ပိတ်လှောင်ခြင်းကို ရည်ညွှန်းချင်လေသလားတော့ မသိပါဘူး...) အဆိုပါအမှိုက်အိတ်ကို
စွပ်ပြီးသရုပ်ပြနေခဲ့ စဉ် အသက်ရှူကြပ်ကာသေဆုံးခဲ့ ခြင်းဖြစ်ပါတယ်....
(မော်) ဒန်ဆရာ...ကံကြမ္မာငင်လေတော့ ...
သူ့ ရဲ့ မော်ဒန်သရုပ်ဆောင်မှုမှာ ဦးခေါင်းကိုအိတ်တစ်လုံးဖြင့်စွပ်ကာဖုံးအုပ်လိုက်ပြီး ခြေထောက်များကို
တော့ ရေထည့်ထားသည့် ပုံးတစ်ခုထဲမှာရှိစေကာ လက်တစ်ဖက်က ကြေငြာစာရွက်များနှင့် သံကြိုး၊ အခြား
လက်တစ်ဖက်က သစ်ရွက်တစ်ခုကို စွဲကိုင်ထားတာဖြစ်ပါတယ်...
ကိုလံဘီယာနိုင်ငံ၊ ဒယ်လ်ဘို့ စ် တက္ကသိုလ်မှာပြုလုပ်ခဲ့ သည့် အသက် ၂၅နှစ်အရွယ်ရှိ အနုပညာသင်တန်း
သားရဲ့ ပရိတ်သတ်များက ၎င်းအသက်ရှုကြပ်ကာ အကြောလိုက်ပြီး ဆန့် ငင်ဆန့် ငင်ဖြင့် တက်နေသည်ကို
အနုပညာသရုပ်ဖော်မှုအထွတ်အထိပ်ရောက်နေသည်ဟု ( အနုပညာမြောက်သရုပ်ဆောင်နေသည်ဟု ) ထင်မှတ်ကာ မည်သူမျှတုတ်တုတ်မလှုပ်ပဲအားပေးကြည့် ရှုနေခဲ့ ကြတာဖြစ်ပါတယ်...
YouTube link.
ပြပွဲပြီးနောက်မှာ သူဟာဦးနှောက်ပိုင်းဆိုင်ရာတုံ့ ပြန်လှုပ်ရှားမှုလုံးမရှိတော့ ကြောင်း၊ ၎င်းနောက်ငါးရက်အ
ကြာမှာတော့ သေဆုံးသွားပြီဖြစ်ကြောင်းကြေငြာခဲ့ ပါတယ်...
၎င်း၏မိခင်ဖြစ်သူက အနုပညာမြောက်တင်ဆက်ပြသရာမှာ ပိုမိုပြင်းပြစွာ၊ ထိရောက်စွာပြသနိုင်ဖို့ နည်းပေး
လမ်းပြမှုတွေပြုလုပ်ခဲ့ တယ်လို့ ဆိုခဲ့ ကြပြီး ယခုအခါမှာတော့ သေဆုံးရမှုအပေါ် တက္ကသိုလ်မှအလေးမထား
ဂရုမစိုက်ခြင်းကြောင့် ဖြစ်ရတာလို့ အပြစ်တင်ခဲ့ ကြပါတယ်...
အခုခေတ်ပေါ်တဲ့ မော်ဒါန်အနုပညာဆိုတာတွေကို အများစုတော့ နားမလည်၊ ခံစားလို့ မရတာအမှန်ပါပဲ...
ကိုယ်တိုင်ကပဲ ထိုးထွင်းဥာဏ်ချို့ တဲ့ လို့ လားမသိပါဘူး...
သူတို့ ဘာကိုရည်ညွှန်းသလည်းဆိုတာ စဉ်းစားလို့ ကိုမရပါဘူး...တည့် တည့် ပြောလည်းရတဲ့ဟာကို လူနား
မလည်အောင် သွယ်ဝိုက်ကွေ့ ကောက်ပြီး၊ မခက်ခက်အောင်ရေးနေ၊ ပြေနေတာကိုကပဲ မော်ဒါန်လားမသိ
တော့ပါဘူး...
Colombian art student John Jairo Villamil has died after covering his head with a rubbish bag during a performance piece. He suffocated during a performance about his perception of his hometown Bogota.
It involved him covering his head with a bag and placing his feet inside a bucket of water while holding a chain with bills in one hand and a leaf in the other.
The 25-year-old’s audience at the Universidad del Bosque, in Colombia, thought his heavy breathing and convulsions were part of the performance and did not react.
He was described as brain dead immediately after the show – which aimed to depict the perception of his hometown Bogota – and declared dead five days later. His mother is said to have provided tips on how to make the performance more shocking and is now blaming the university for neglect.
Ants build nest in teen's ears
Saturday, May 21, 2011
နားထဲမှာပုရွက်ဆိတ်အုံတည်...
 The girl's right ear is red and swollen
ထိုင်ဝမ်နိုင်ငံမှ အသက် ၁၆ နှစ်အရွယ်ရှိ မိန်းမပျိုလေးတစ်ဦး၏ နားထဲတွင် ပုရွက်ဆိတ်အုံတစ်ခုလုံးဖြစ်
တည်၊ ဖွဲ့ စည်းနေသည်ကိုတွေ့ ရှိခဲ့ ရသည်ဟုဆိုပါတယ်...
ထိုင်ဝမ်နိုင်ငံ၊ မြို့ တော် တိုင်ပေတွင်နေထိုင်သည့် အဆိုပါ မိန်းကလေးဟာ သူမ၏နားများယားယံသဖြင့် ဆ
ရာဝန်ထံသွားရောက်ပြသရာတွင်မှ ထိုကဲ့ သို့ ( ကလေးစိတ်က မကုန့် တစ်ကုန်၊ ပုရွက်ဆိတ်ကအုံ ဆိုတာ
အဲဒါမှ အမှန်ပါပဲဗျာ...) အဖြစ်ဆန်းဖြစ်နေသည်ကိုတွေ့ ရှိခဲ့ ရခြင်းဖြစ်ပါတယ်...
တိုင်ပေမြို့ တော် ဆေးရုံကြီး၏ နားနှင့် လည်ချောင်းရောဂါဌာနမှ ဆရာဝန်ကြီး ဒေါက်တာဟုံယွန်ဆန်း ကိုယ်
တိုင် သူမ၏ ညာဖက်နားအတွင်း ပုရွက်ဆိတ် အကောင် ၂၀ ကျော် အသိုက်ဖွဲ့ နေသည်ကိုတွေ့ ရှိခဲ့ ရခြင်း
ဖြစ်ပါတယ်...
သူမ၏ဘယ်ဖက်နားအတွင်းတွင်လည်း ပုရွက်ဆိတ်အနည်းငယ်ရှိနေပါသေးတယ်...
သကြားလုံးနှင့် အချိုကြိုက်တတ်၊ စားတတ်လေ့ ရှိသည့် မိန်းကလေးဟာ ထိုအချိုမုန့် များစားပြီး သူမ၏နား
ကို ကုတ်မိ၊ထိမိရာမှ ထိုနားသို့ ပုရွက်ဆိတ်များဝင်ရောက်လာခဲ့ ခြင်းဖြစ်ပုံရပါတယ်...
သူမ၏နားအတွင်းမှ ပုရွက်ဆိတ်များထွက်လာခဲ့ သည်ကို ယခင်ကတွေ့ ဖူးခဲ့ သော်လည်း ယခုကဲ့သို့ အိမ်ဖွဲ့ 
နေလိမ့် မည်ဟု လုံးဝမတွေးထင်ထားခဲ့ ပါဘူးဟု မိန်းကလေးကဆိုပါတယ်...
သူမ၏နားများဟာ နီရဲ၊ ယောင်ကိုင်းနေခဲ့ ပေမယ့် ကံကောင်းထောက်မစွာ ဆေးရုံသို့ အရောက်စောသွားသ
ဖြင့် သူမရဲ့ နားစည်ကို မထိခိုက်မှီ ( နားမကန်းမှီ ) ကုသနိုင်လိုက်ခဲ့ ပါတယ်...
သြော်...
ကိုယ့် နားထဲပုရွက်ဆိတ်အသိုက်ဝင်လုပ်၊ အိမ်ဖွဲ့ နေတာတောင်မသိတဲ့ မိန်းကလေးရယ်...
မင်းဘ၀ရှေ့ ရေးတော့ တစ်ကယ်ကိုရင်လေးမိပါတော့ တယ်...
A 16-year-old Taiwanese girl was found to have a whole nest of of ants in her ears.
The girl, from Taipei, discovered this when she went to see a doctor after suffering from itchiness in ears.
Dr Hung Yuan-Tsung, chief of the Otolaryngology division of Taipei City Hospital found over 20 ants in her right ear.
There were also a few ants in her left ear.
Apparently, the girl who loves eating sweet food on her bed had scratched her ears and that had attracted the ants.
The girl said there were a few occasions when she found ants crawling out from her eats, but had never imagined that the insects were actually living there.
Her infected ears were red and swollen but luckily for her, early treatment saved her ear drums.
Source: BCC
Psst! Did you know gossip's good for us? It helps us tell friend from foe, say scientists
Friday, May 20, 2011
ရှူး !!! တိုးတိုး...အတင်းပြောတာ ကျန်းမာရေးနဲ့ ညီညွတ်တယ်
ဆိုတာကြားပြီးပြီလား...
တစ်ခြားသူတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်းတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အလုပ်ရှာနေကြ
တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ဝေဖန်လေကန်၊ အတင်းပြောတာကိုမှ နှစ်သက်တယ်၊ သဘောကျမိ
တယ်ဆိုယင်ဖြင့် အပြစ်ကြီးတစ်ခုကျူးလွန်မိသလို၊ စိတ်မသက်မသာဖြစ်နေစရာမလိုပါဘူး....
ကျွန်ုပ်တို့ အားလုံး အတင်းအဖျင်းပြောဖို့ မွေးဖွားလာသလိုပါပဲ....လူသားအားလုံးဟာ မိမိအကြောင်း၊ သူ
တစ်ပါးအကြောင်းစိတ်ဝင်တစား သိချင်၊ ပြောချင်တတ်ကြတာ ဓမ္မတာပါပဲ...
လူ့ ဦးနှောက်ဟာ အသေးအဖွဲကိစ္စ၊ အတင်းအဖျင်းကိစ္စလေးတွေများပြောလေ ပိုမိုဖွံ့ ဖြိုးလေပဲဖြစ်တယ်လို့ 
သိပ္ပံပညာရှင်များက ဆိုကြပါတယ်...
အမှန်အားဖြင့် ဆိုရလျှင် တစ်ခြားသူများရဲ့ ရင်သိမ့် တုန်အတင်းအဖျင်းလေးတွေတစ်ဦးနဲ့ တစ်ဦးသတင်းဖ
လှယ်ပြောကြားကြတာကိုက မိမိရဲ့ ရန်သူနဲ့ မိတ်ဆွေ (မိမိအကျိုးကိုမလိုလားသူနှင့် လိုလားသူ ဘယ်သူဖြစ်
တယ်ဆိုတာ) ကိုခွဲခြားသိနိုင်ဖို့ အလျင်မြန်ဆုံး၊အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ လည်းဆိုကြပါ
တယ်....( ပြောတဲ့ စကားရဲ့ ရည်ရွယ်ချက်၊ အတိမ်အနက်ကိုတော့ စဉ်းစားချင့် ချိန်ဖို့ လိုပါတယ်...ပြောတိုင်း
ယုံ၊ ခံစားချက်ကြီးကြီးနဲ့ အလျင်အမြန်တုံ့ ပြန်တတ်တယ်ဆိုယင်တော့အမှားပါဖို့ ရာခိုင်နှုံးပိုများပါပြီ...)
Tittle-tattle: The human brain has evolved to thrive on gossip ¿ and the cattier the better, scientists say
 တိုးတိုး...တိုးတိုး...သဖန်းပိုးရတာကိုက အသွေးအသားထဲမှာ( ဦးနှောက်ထဲမှာ )မွေးကတည်းကပါလာတာ
အတင်းများများပြောလေ ပိုကောင်းလေ...ပိုတော်လေပါပဲတဲ့ ...
Tittle-tattle: The human brain has evolved to thrive on gossip ¿ and the cattier the better, scientists say
ယခုကဲ့ သို့ (ကမ္ဘာ့ အတင်းပြောသူများအားတက်ဖွယ်) လေ့ လာတွေ့ ရှိကြေငြာချက်ဟာ လူတွေရဲ့ ပုံရိပ်များ
နှင့် လူသားဦးနှောက်ဆက်စပ်မှုမည်မျှအရေးပါကြောင်း လေ့ လာစူးစမ်းခဲ့ ကြသည့်အမေရိကန်သုတေသန
ပညာရှင်များထံမှ ပေါ်ထွက်လာခဲ့ တာဖြစ်ပါတယ်...
၎င်းတို့ ရဲ့ လေ့ လာစမ်းသပ်ချက်များဟာ အမြင်များချိန်ထိုးပြိုင်ဆိုင်ခြင်း ဟူသောယူဆချက် တစ်ခုအပေါ်အ
ခြေတည်ဖန်တီးထားတာဖြစ်ပါတယ်...
သိရှိတုံ့ ပြန်တာကို လေ့ လာစမ်းသပ်ခြင်းမျိုးဖြစ်ပါတယ်...
အရေးပါစွာပင် ပုံရိပ်တစ်ခုချင်းစီပေါ်တွင် ဖြစ်တည်ခဲ့ သည့် အချိန်ကာလများမှာ လူသား၏သိစိတ်ဖြင့် ထိန်း
ချူပ်မှုအောက်တွင်မရှိခဲ့ ပေ...
အမျိုးသား၊ အမျိုးသမီး ၆၆ ယောက်တို့ အားပြုလုပ်ခဲ့ သည့် ပထမဦးဆုံးသောစမ်းသပ်သုတေသနပြုမှုတွင်
တစ်ခြားသူများ၏ဓါတ်ပုံများနှင့် ကိုယ်ရေးအချက်အလက်များအား ပြသခဲ့ ပါတယ်...
တစ်ချို့ သောသူများကတော့ ဖြတ်သွားဖြတ်လာတွေ့ မြင်သိရှိခဲ့ သည့် သာမန်လူပုဂ္ဂိုလ်များဖြစ်ပြီး တစ်ချို့ 
ကတော့ လူချင်းမတွေ့ မြင်ဖူးသူများဖြစ်ပါတယ်...
Pugh
 အတင်းအဖျင်းများတော့ ကျူပ်တို့ ဖြင့် မပြောပေါင်၊ နားမထောင်ပေါင်...အဓိပ္ပါယ်လုံးဝမရှိတာတွေ...
ဒါထက် သိပြီးပြီလား...@%#$&!....
တစ်ခြားလေ့ လာစမ်းသပ်ချက်များကတော့ သက်ကြီးရွယ်အိုများဈေးဝယ်ရာတွင် ကူညီသူများအကြောင်း၊
ကျောင်းနေဖက်သူငယ်ချင်းကို ကုလားထိုင်ဖြင့် ပစ်ပေါက်သူအကြောင်းစသည်ဖြင့် ကောင်းသတင်းရော မ
ကောင်းသတင်းပါ ပေးခဲ့ ၊ ပြောခဲ့ တာဖြစ်ပါတယ်...
ပါဝင်စမ်းသပ်သူများကို ၎င်းတို့ ၏မျက်စေ့ တစ်ဖက်ရှေ့ တွင်ပုံတစ်ပုံပြသခဲ့ ပြီးတစ်ခြားဖက်တွင် အိမ်တစ်ခု
၏ပုံကိုပြသခဲ့ ပါတယ်...
ထိုပုံများအပေါ် ၎င်းတို့ ၏ဦးနှောက်သိစိတ်ဖြတ်သန်းလက်ခံသည့်ဖြစ်ရပ်နှင့် အချိန်ပမာဏတို့ ကိုလေ့ လာ
ကြည့် ရှုမှတ်တမ်းတင်ခဲ့ ပါတယ်...
( ထိုအခါ ) ကျော်မကောင်းကြားမကောင်း၊ အတင်းအဖျင်းပြောဖွယ်ရာဖြစ်ခဲ့ သည့် သူများ၏မျက်နှာပြင်ပုံ
ရိပ်များပေါ်တွင် သိစိတ်ဖြစ်တည်မှုက တစ်ခြား ( စိတ်ဝင်စားဖွယ်သိပ်မရှိသည့် ) ပုံရိပ်များပေါ်ထက် အချိန်
ပိုမိုကြာမြင့် ခဲ့ တာကိုတွေ့ ရှိခဲ့ ရပါတယ်...
ဒုတိယစမ်းသပ်ချက်အရ ထိုသို့ စူးစမ်းသိမြင်လိုစိတ်ဖြစ်ရခြင်းဟာ ထိုပုဂ္ဂိုလ်များနှင့် သိကျွမ်းခင်မင်ခြင်းနှင့် 
သက်ဆိုင်ခြင်းမရှိတာကိုပြသခဲ့  ပါတယ်...
ထိုအချက်အလက်များအရ လူသားဦးနှောက်၊ သိစိတ်ဟာ ( သဘာဝတရားအားဖြင့် ) အတင်းအဖျင်းများကို
ပိုမိုသိလိုတာကိုတွေ့ ရှိရတယ်လို့ ဟားဗတ်တက္ကသိုလ်မှ သုတေသီများက ဆိုပါတယ်...
" ဤကဲ့ သို့ သတင်းဆိုးဖြင့် ကျော်ကြားသူများကိုပိုမိုစိတ်ဝင်စားသည့်ရွေးချယ်မှုဟာ ထိုသူများကိုအချိန်ပို
ကြာစွာလေ့ လာအကဲခတ်ပြီး ၎င်းတို့ ၏ကိုယ်ကျင့်အမူအယာများနှင့် ပါတ်သက်သည့် သတင်းအချက်အ
လက်များအား သိရှိကာလိမ်လည်လှည့် ဖြားခံရမှုများမှ ကာကွယ်နိုင်စေမှာဖြစ်ပါတယ်...
အတင်းအဖျင်းပြောဆို၊ နားထောင်၊ ဖတ်ရှု ခြင်းဟာ လူသားအချင်းချင်းပြောဆိုဆက်ဆံရာမှာ မရှိမဖြစ်တဲ့ 
အချက်တစ်ခုဖြစ်ပါတယ်...
ယခုကဲ့ သို့ လေ့ လာခြင်းဟာ လူ့ အသိုင်းအ၀ိုင်းအတွင်း လူသားများရဲ့ တစ်ကိုယ်ရေစိတ်နေသဘောထား၊
အကျင့် စာရိတ္တများကို ထိုသူများ၏ အောင်မြင်ကျော်ကြားမှု၊ ဆုံးရှုံးနစ်နာမှု၊ ကံမကောင်းအကြောင်းမလှမှု
များအပေါ် ပြောဆိုသိရှိစေရန်အားထုတ်ခြင်း (အတင်းပြောခြင်း) ဟာလူ့ အသိုင်းအ၀ိုင်း၏ သာမန်ပြုမူချက်
တစ်ခုအဖြစ်ထင်ဟပ်စေပါတယ်...ဒါဟာ ဖြစ်ရိုးဖြစ်စဉ်သဘောတရားတစ်ခုပါ...ဒါကြောင့် မို့ လည်းကျွန်ေ
တော်တို့ ဟာ လူမှုအဖွဲ့ အစည်းတွေနဲ့ အတူတူနေထိုင်နိုင်ကြတာဖြစ်ပါတယ်" ဟု ထိုသုတေသနပညာရှင်
များက သိပ္ပံဂျာနယ် ကိုပြောပြခဲ့ ကြပါတယ်။
အတင်းပြောခြင်းဟာ သန်းရှာ၊ သန်းတုပ်ခြင်းနှင့် သဘောအတူတူပါပဲလို့ လည်း ၎င်းတို့ ကထပ်လောင်းပြော
ဆိုခဲ့ ကြပါတယ်...
နေ့ စဉ်ကျွန်ုပ်တို့ ပြောဆိုခဲ့ သမျှအားလုံး၏ ၈၀ ရာခိုင်နှုံးဟာ အတင်းအဖျင်းသတင်းအမျိုးအစားလို့ သတ်
မှတ်လို့ ရနိုင်တဲ့ အထဲမှာပါရှိပါတယ်လို့ ယခင်ကပြုလုပ်ခဲ့ သည့် သုတေသနပြုချက်များအရလည်းသိရှိရပါ
တယ်....
ထို ၈၀ ရာခိုင်နှုံးထဲကမှ ငါးရာခိုင်နှုံးကသာ ပြဿနာဖြစ်စေ၊ ဒုက္ခရောက်စေခဲ့ တာပဲဖြစ်ပါတယ်...
ဆိုတော့ ကာ...
ဒီနေ့ ထုတ်လွှင့် ပြသနေသည့် မီဒီယာများ၊ ရိုက်နှိပ်ထုတ်ဝေ၊ လွှင့် တင်နေသည့် သတင်းစာ၊အင်တာနက်
များပါအကြောင်းအချက်အလက်များဟာလည်း အတင်းအဖျင်းအုပ်စုထဲထည့် ယင်ရမယ်ထင်ပါတယ်...
လူဆိုတာလည်း သူများအကြောင်းပိုသိချင်ကြတာကိုး...
ဒါကြောင့် သူတစ်ပါးဒုက္ခရောက်စေမယ့် အကြောင်း၊ မဟုတ်မမှန်တဲ့ အကြောင်းကလွဲယင် ပြောကြမယ်ဟေ့ 
ကောင်းကောင်း အတင်းလို့ တောင်ဆိုရမလိုပါပဲ...
If you like nothing more than discussing people’s love lives and revel in speculating on which colleagues are looking for a new job, there’s no need to feel guilty.
For we are born to gossip, it seems. The human brain has evolved to thrive on tittle-tattle – and the cattier the better, scientists say.
In fact, exchanging juicy information about other people’s lives is a quick way to distinguish friends from foe and helps protect us from harm.
The proclamation comes from American researchers who studied how much importance the brain attaches to pictures of people.
Their experiments were designed around a phenomenon called binocular rivalry. This is where a different image is put in front of each eye and the brain ‘sees’ one and then the other.
Importantly, the amount of time spent on each image is usually not under the person’s conscious control.
In the first experiment, 66 men and women were shown photos of people and given pieces of information about them.
Some were mundane, such as they had walked past someone on the street or had drawn the curtains in the room.
Other tit-bits were positive or negative gossip, such as they had helped an elderly woman with her shopping or thrown a chair at a school friend. The volunteers then had one of the pictures placed in view of their left or right eye and an image of a house in front of the other.
 Their brains processed one image and then the other and the amount of time they spent on each picture was timed.
Their eyes and minds dwelt slightly longer on the faces of people embroiled in scandal, the scientists found.
A second experiment showed this was not simply due to them remembering information about the person better.
This means, say the Harvard University researchers, that the brain is naturally drawn to gossip.
They told Science journal: ‘This preferential selection for perceiving bad people might protect us from liars and cheaters by allowing us to view them for longer and explicitly gather more information about their behaviour. Gossip is a vital thread in human social interaction.
‘It is a way to learn socially relevant information about other people’s character or personality without having to directly experience their triumphs or misadventures. It is functional ... allowing us to live in big groups.’
Gossiping is the human equivalent of picking fleas off each other, they added.
Past research has shown that gossip accounts for up to 80 per cent of our conversations. Just five per cent is malicious.
Couple who claim to be Jesus Christ and Mary Magdalene set up base in Australia
Thursday, May 19, 2011
ယေရှုခရစ်နှင့် မေရီမက်ဒယ်လင်း ၀င်စားသူဟုဆိုသည့်ဇနီးမောင်နှံ....
ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကဲ့ သို့ ရုပ်ရည်ချောမောကြပါပေတယ်...
၎င်းတို့ ကိုယ်၎င်းတို့ ယေရှုခရစ်တော်နှင့် မေရီမဂ်ဒယ်လင်း ( ခရစ်တော်ပြန်လည်ရှင်သန်ထမြောက်လာခဲ့ 
သည်ကိုတွေ့ မြင်ခဲ့ ရသည့် ယုံကြည်သူ တပည့် မ ) ဟုအခိုင်အမာယုံကြည်ပြောဆိုနေကြသည့် ဇနီးမောင်
နှံတစ်စုံတို့ ဟာ (သြစတေးလျနိုင်ငံ) ကွင်းစလန်ပြည်နယ်၊ ဘိုင်ဘယ်ဘဲ့ လ်တ် အရပ်တွင် အခြေစိုက်ဌာန
ချူပ်၊ ကျောင်းတောင်တည်ထောင်ခဲ့ ကြပြီး နိုင်ငံတစ်ဝှမ်းမှ ကြည်ညိုယုံကြည်သူ တပည့် သာဝကများစွာ ရ
ရှိလာနေခဲ့ ကြပါတယ်...
နာမည်အစစ်အမှန်အားဖြင့် အလန်ဂျွန်မေလာ နှင့် မေရီဆူဇန်လပ် ဟုခေါ်ဆိုကြသည့် အဆိုပါမောင်နှံဟာ
ကင်ဂါရွိုင်းဒေသအနီး၊ ၀ီကက်စ်ဒေးလ် တောအရပ်ဒေသတွင်အခြေချနေထိုင်ကာ စည်းရုံးဟောပြောလျှက်
ရှိပြီး နောက်လိုက်နောက်ပါအယောက် ၃၀ မှ ၄၀ အထိရှိနေပြီဟု ၎င်းတို့ ကဆိုပါတယ်...
" ကျွန်တော့် နာမည်က ယေရှုဖြစ်ပါတယ်...ဒါဟာ ( နောက်နေတာမဟုတ်ပါဘူး...) အမှန်တကယ်၊ အလေး
အနက်ကိုပြောတာဖြစ်ပါတယ်..." လို့ မစ္စတာမေလ်လာ ကဆိုပါတယ်...
အင်ဂလိကန်အသင်းတော်၊ကက်သလစ်အသင်းတော်နှင့် ဘာသာရေးဆိုင်ရာဂိုဏ်းဂဏများအား စောင့် 
ကြည့် လေ့ လာသူများက ၎င်းတို့ ဆက်လက်ရှင်သန်နေထိုင်နိုင်ရေးအတွက် နောက်လိုက်နောက်ပါများအား
အလှူငွေကြေးထည့် ဝင်လှူဒါန်းခိုင်းသည့် အဆိုပါစုံတွဲဟာ ( မသိနားမလည်သည့်၊ ယုံကြည်လွယ်သူ )
နောက်လိုက်နောက်ပါများ ကိုစည်းရုံးသိမ်းသွင်းလာနိုင်ဖွယ်ရှိတယ်လို့ စိုးရိမ်မကင်းဖြစ်နေကြပါတယ်...
မစ္စတာမေလ်လာဟာ ၀ီလ်ကိစ်ဒေး အရပ်ရှိ ၁၆ ဟက်တာကျယ်ဝန်းသည့် ခြံမြေ၊ အိမ်ယာကို ၂၀၀၇ ခုနှစ်
တွင် ၀ယ်ယူခဲ့ တာဖြစ်ပြီး ၎င်း၏ မြင့် မြတ်သည့် သစ္စာတရား ယုံကြည်လိုက်နာသူတွေဟာလည်း ၎င်းတို့ ၏
ခင်မင်နှစ်လိုဖွယ်ရာ၊ ကြည်ညိုချစ်ခင်ဖွယ်ရာရုပ်ရည်အဆင်းရှိကြသည့်  အသက် ၄၇နှစ်ရှိဘာသာရေးခေါင်း
ဆောင်နှင့် ၎င်း၏ဇနီး အသက် ၃၂ နှစ်ရှိ မစ္စလပ် တို့ နှင့်နီးနီးနားနားနေထိုင်နိုင်ရန် ပါတ်ဝန်းကျင်အနီးအနား
ရှိမြေကွက်များကို ၀ယ်ယူလျှက်ရှိကြပါတယ်...
 ပြောသမျှယုံဖို့ ဆိုတာ...
ဥပဓိရုပ်ကလည်းအရေးကြီးတယ်နော်...
ထိုအဖွဲ့ ( ၀င်များ ) ၏ နေအိမ်ခြံယာများဝယ်ယူမှုကြောင့် အိမ်ခြံမြေဈေးကွက်အရောင်းအ၀ယ်များတိုးတက်
လာနိုင်လိမ့် မယ်လို့ အိမ်ခြံမြေအကျိုးဆောင်များနှင့် ဒေသခံများက အတည်ပြုပြောဆိုခဲ့ ကြပြီး နောက်
လိုက်တပည့်များက ထိုဒေသတွင် မြေကွက် ၃၀ အထိဝယ်ယူခဲ့ ကြပြီး နောက်ထပ်အိမ်ခြံမြေများလည်း အ
လွန်ပဲ အ၀ယ်လိုက်နေတယ်လို့ ဆိုပါတယ်...
နောက်လိုက်၊နောက်ပါများဟာ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ လေးသိန်းတန် အကျယ် ၂၄၀ ဟက်တာရှိအိမ်ခြံမြေ
တစ်ခုကိုဝယ်ယူကာ အပါတ်စဉ်အစည်းအဝေးမျာုးများပူးပေါင်းပါဝင်ပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာမှ လာ
ရောက်ကြသူများအတွက် ဗဟိုဌာနတစ်ခုတစ်ဆောက်ဖို့ စီစဉ်နေကြပါတယ်...
ကောင်းကင်မှကြည့်လျှင် လက်ဝါးကပ်တိုင်ပုံပင်ဖြစ်ပေါ်နေပါတယ်...
ထူးထူးခြားခြားတိုက်ဆိုင်စွာပင် အဆောက်အဦးများဆောက်ရန် သစ်ပင်ခြုံပုတ်များရှင်းလင်းခဲ့ သည့် နေရာ
တွင် ကြီးမားသည့် လက်ဝါးကပ်တိုင်ပုံသဏ္ဍာန်ကြီးတစ်ခုပေါ်ပေါက်လာနေခဲ့ ပါတယ်...
ထိုနေရာတွင်နေထိုင်သူများကတော့ ယခုကဲ့ သို့ ဖြစ်ပေါ်စဉ်ရန် တမင်ပြုလုပ်ခဲ့ တာမဟုတ်ပါဘူးလို့ ပြောဆို
ခဲ့ ပါတယ်...
ထူးထူးဆန်းဆန်းပါပဲ...
A couple who claim they are Jesus Christ and Mary Magdalene have set up base in Queensland's Bible Belt and are drawing in disciples from across the country. The pair, real names Alan John Miller and Mary Suzanne Luck, operate from rural Wilkesdale, near Kingaroy, where they claim to have been joined by 30-40 followers.
"My name is Jesus and I'm serious," Mr Miller says. Cult watchers and the Anglican and Catholic churches are concerned the pair, who ask followers to donate to sustain them, could draw in the vulnerable.
Mr Miller bought a 16ha property at Wilkesdale in 2007 and his Divine Truth followers have since been buying nearby blocks to be close to the charismatic leader, 47, and Ms Luck, 32.
Locals and real estate agents confirmed the group had sparked an unlikely property boom, with estimates they have bought up to 30 blocks and with new properties in high demand.
Followers joined forces in 2009 to buy a $400,000, 240ha property where they hold weekly meetings and plan to build a centre for international visitors. In an apparent coincidence, land clearing has created a giant cross on neighbouring properties. Locals insisted it was not carved deliberately.
Wafah Dufour - Osama bin Laden's Niece
Tuesday, May 17, 2011
အိုစမာဘင်လာဒင်ရဲ့ တူမ ပါတဲ့ ...
လွန်ခဲ့ သည့် ရက်သတ္တပါတ်များအတွင်း ကမ္ဘာတစ်လွှား လှုပ်လှုပ်ရှားရှားဖြစ်သွားစေလောက်
အောင်သတင်းကြီးခဲ့ သည့် ၊ အမေရိကန်အထူးတပ်ဖွဲ့ မှ လျှို့ ဝှက်စစ်ဆင်ရေးဖြင့် ရှာဖွေတွေ့ ရှိ
ကာ၎င်းပုန်းအောင်နေထိုင်လျှက်ရှိသည့် ပါကစ္စတန်နိုင်ငံမှ နေအိမ်ခြံဝန်းအတွင်းသို့ လျှပ်တစ်ပြက်
ဝင်ရောက်သတ်ဖြတ်ခဲ့ သည့်  ကမ္ဘာ့ ထိပ်သီးအကြမ်းဖက်အယ်ခါယီဒါ ခေါင်းဆောင် အိုစမာဘင်
လာဒင်၏တူမဖြစ်သူ( လို့ ဆိုသည့် ) ၀ါဖာဒူဖိုး ရဲ့ ဓါတ်ပုံများဖြစ်ပါတယ်...
သူမကို အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ ပြီး ဆော်ဒီနှင့် ဥရောပနိုင်ငံများမှာ နေထိုင်လေ့ ရှိပါတယ်..
သူမဟာယခုအခါအသက် ၃၂ နှစ်ရှိပြီး ဂီတပညာရှင်နှင့် မော်ဒယ်အဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်..
( ဗြိတိသျှတော်ဝင်မင်းသားလေး ၀ီလီလျံ နဲ့ ကိတ်မစ်ဒယ်တန်တို့ တောင်ကံကောင်းသွားတယ်...
သူတို့ မင်္ဂလာဆောင်ပြီးမှ အိုစမာဘင်လာဒင်ကိုသတ်ဖြတ်ခဲ့ လို့ ၊ နို့ မို့ ဆိုသူတို့ သတင်းထက် အို
စမာဘင်လာဒင်ရဲ့ သတင်းက ပိုပြီးလူစိတ်ဝင်စားမှုဖြစ်သွားလိမ့် မယ်...)
Wafah Dufour is the niece of Osama bin Laden. She was born in the US. Used to live in Saudi Arabia and Europe. Now Wafah Dufour is 32 years old and works as musician and model.
အစ္စလာမ်အစွန်းရောက်ဝါဒီမိသားစုဝင်မိန်းကလေးတစ်ဦးအနေနှင့် ယခုလို အနောက်တိုင်းယဉ်ကျေးမှုပုံစံ
ခေတ်ပေါ်အ၀တ်အစားများနှင့် ဓါတ်ပုံအရိုက်ခံတယ်ဆိုတာကတော့ ပုံမှန်အားဖြင့် ဖြစ်နိုင်ဖွယ်မရှိပါဘူး...
သို့ သော်လည်း အမေရိကန်မှာနေထိုင်တယ်လို့ ဆိုတာမို့ ဒီလိုမျိုးဝတ်စားဆင်ယင်တာဟာသိပ်တော့ မဆန်း
လှပါဘူး....
နောက်ဆုံးထွက်ပေါ်လာခဲ့ တဲ့ သတင်းများအရ...
ဘကြီး ( ဦးကြီး ) ဖြစ်သူ အိုစမာဘင်လာဒင်ရဲ့ တိုက်အိမ်ကိုဝင်ရောက်စီးနင်းပြီး ကွန်ပြူတာ၊ ဆက်သွယ်ရေး
ပစ္စည်းများသိမ်းဆည်းယူဆောင်သွားတဲ့ အမေရိကန်ရဲ့ ထုတ်ဖော်ချက်အရ အိုစမာဘင်လာဒင် ဟာမဖွယ်မ
ရာအပြာဇတ်ကားများကြည့် ရှုဖွယ်ရှိတယ်ဆိုတာသိမ်းဆည်းတွေ့ ရှိရတဲ့ ထိုအပြာဇတ်ကားချပ်များအရသိရှိ
ရပါတယ်...
နောက်ပြီး ၀င်ရောက်စီးနင်းခဲ့ စဉ်ခင်ပွန်းဖြစ်သူကို ကာကွယ်ရန်စစ်သားများထံ ပြေးထွက်လာလို့ သေနတ်
ဖြင့် ပစ်ခံရပြီးခြေထောက်တွင်ဒါဏ်ရာရကာဆေးရုံတွင်တက်ရောက်ကုသခံနေရသည့်၊ ပါကစ္စတန်ထောက်
လှမ်းရေးတပ်များရဲ့ စစ်ဆေးမေးမြန်းမှုခံနေရသည့် အိုစမာဘင်လာဒင်၏ အသက်အငယ်ဆုံး ( ၂၄ နှစ်ရှိ ) 
ဇနီးဖြစ်သူရဲ့ ပြောကြားချက်အရ ထိုစဉ်ကသူမနှင့် အိုစမာဘင်လာဒင်တို့ ဟာ နှစ်ကိုယ်ယှဉ်တွဲလို့ အိပ်စက်
ရန် အခန်းမီးများပင်မှိတ်ခဲ့ ပြီးဖြစ်နေပါတယ်လို့ ဆိုပါတယ်....
အိုစမာဘင်လာဒင်ရဲ့ အလောင်းဓါတ်ပုံကိုကြည့် ခွင့် ရခဲ့ သည့် အမေရိကန်လွှတ်တော်၊ ကာကွယ်ရေးနှင့် 
လုံခြုံရေးရာကော်မတီဝင်၊ အမတ်မင်းရဲ့ ပြောကြားချက်အရလည်း အိုစမာဘင်လာဒင်ဟာ အောက်ခံဘောင်း
ဘီသာဝတ်ဆင်ထားလျှက်သေဆုံးခဲ့ တာဖြစ်တယ်လို့ လည်း သိရပါတယ်...
ပစ်သတ်ခံခဲ့ ရစဉ်က ဘာလက်နက်မှကိုင်ဆောင်ထားခြင်းမရှိခဲ့ သည့် အိုစမာဘင်လာဒင်ကို အမှန်တကယ်
ဆိုယင် အမေရိကန်စစ်သားတွေအနေနှင့်အရှင်ဖမ်းဆီးနိုင်ခဲ့ မှာဖြစ်ပါတယ်...
သို့ သော်လည်း သူ့ ကိုဖမ်းဆီးမိခဲ့ ယင် လူ့ အမေရိကန်ရဲ့ လူ့ အခွင့် အရေးဆိုင်ရာစံနှုံးများနှင့် အညီ တရား
စွဲဆိုစစ်ဆေး၊ မေးမြန်းရမှာဖြစ်သလို၊ သူ့ နောက်လိုက် အယ်ခါယီဒါအကြမ်းဖက်အဖွဲ့ ဝင်တွေရဲ့ ပစ်မှတ်ထား
လုပ်ကြံမှုများ ပိုမိုပေါ်ပေါက်လာနိုင်ဖွယ်ရှိတာမို့ အရှင်မဖမ်းပဲအသေပစ်သတ်လိုက်တယ်လို့ ယူဆရဖွယ်ရှိ
ပါတယ်...
The world's biggest boobs
Monday, May 16, 2011
ကမ္ဘာ့ အကြီးဆုံးလေလား....
သူမအရပ်ကား ၅ ပေ၊ ၃ လက်မ သာရှီသော်လည်း ချယ်လ်ဆီးချမ်း ကတော့ သူမ၏ရွှေရင်အစုံ၊ ရင်သိမ့် 
တုန်ကြီးများဟာ ကြောက်စရာကောင်းလောက်အောင်ပင် 164 XXX ဆိုဒ် ရှိတာမို့ ကမ္ဘာ့ အကြီးဆုံးရင်သား
များကိုပိုင်ဆိုင်သူဖြစ်ပါတယ်လို့ အခိုင်အမာကိုဆိုနေပါတော့ တယ်...
" ကျွန်မရဲ့ ခန္ဓာကိုယ်သာလျှင် ကျွန်မရဲ့ စီးပွားရေးပါပဲ...လူတစ်ချို့ ကထင်ကြပါတယ်...ကျွန်မဟာကြောင်
တောင်တောင်နိုင်တဲ့သူ၊ ဦးနှောက်မရှိသူလို့ လေ...ဒါပေမယ့် ကျွန်မကတော့ ဒီလိုကလွဲလို့ တစ်ခြားဘာကို
မှလုပ်မှာမဟုတ်ပါဘူး..." လို့ သူမကဆိုခဲ့ ပါတယ်...
သူမဟာ တရားဝင်တော့ ထိုကမ္ဘာ့ အကြီးဆုံးရင်သားပိုင်ရှင်ဘွဲ့ ကိုမရရှိသေးပါဘူး...သို့ သော်လည်းသူမရဲ့ 
ရင်သားများဟာတစ်ခုလျှင်အလေးချိန် ၂၆ ပေါင်ခန့် ရှိပြီးတစ်လလျှင် တစ်လက်မနှုံးဖြင့် မရပ်မနား ( အ
လိုအလျောက် )  ဆက်လက်ကြီးထွားနေတာမို့ ထိုဘွဲ့ ထူးကိုရရှိဖို့ ကတော့သေချာသလောက်ဖြစ်နေပါပြီ...
ယခုလိုကြီးထွားလာနေရတာကလည်း ယခုအခါတားမြစ်ပိတ်ပင်လိုက်ပြီဖြစ်သည့် ရင်သားအစုံအား ပိုလီပ
ရိုပိုင်လင်း ဓါတ်ပစ္စည်းဖြင့် ထည့် သွင်းမြုပ်နှံကာ ခွဲစိတ်ပြုပြင်ခဲ့ သောကြောင့် ဖြစ်ပါတယ်...
အဆိုပါ ဓါတ်ပစ္စည်းဟာ ရင်သားဆိုင်ကို နှိုးဆွကာ အရည်ကြည်များဖြစ်ပေါ်စေကာ ရင်သားများဆက်လက်
ကြီးထွားလာစေတာဖြစ်ပြီး မည်သည့် အချိန်တွင် ကြီးထွားမှုရပ်ဆိုင်းမည်ကိုတော့ မည်သူမှမသိရှိနိုင်ပါဘူး..
အမေရိကန်နိုင်ငံမှာနေထိုင်လျှက်ရှိသည့် သူမရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကလည်း အစ်ကို
ကာလသများအကြိုက် အဖော်အချွတ်ကချေသည်ပါတဲ့ ....
အစတုံးကတော့ ဒီလိုမရပ်မနားကြီးလာလိမ့် မယ်မထင်ဘူးလို့ ပြောနေလေသလား...
 သြော်...သူမရှေ့ ရေးမှ ရင်မလေးရယင် ဘယ်သူ့ ရှေ့ ရေးရင်လေးရပေဦးမလဲ...
အစီအစဉ်တင်ဆက်မေးမြန်းသူနှင့် အမှတ်တရ...
အခန်းတံခါးမှာ သူမနှင့် အ၀င်အထွက်ဆုံလိုက်လို့ ကတော့ မသက်သာ....
At just 5ft 3 inches tall, Chelsea Charms proudly claims to have the world's biggest breasts which measure up as a staggering 164XXX cup.
She calls them Itsy and Bitsy and they earn her thousands of dollars a year as they continue to grow at a rate of one inch a month due to the now-banned surgery she underwent.
Chelsea says: "My body is my business - Some people think I'm a freak, but I wouldn't have it any other way".
Although she’s not officially the world record holder, Chelsea, who is only 5ft 3 tall, is an obvious contender with both breasts continuing to grow at a rate of one inch a month.
The 5ft 3ins blonde told the pair how her breasts, which weigh around 26lbs each, are still growing.
All this thanks to a controversial and now banned operation in which a polypropylene string is implanted into each breast.
This coiled wire irritates the breast pocket, creating fluid, and nobody knows when this process is going to stop.
The stripper explained she wasn't always a fan of her boobs, thinking they were too big while she was at school.