ရွေ့ လျားနေသောလျှို့ ဝှက်ဆန်းကြယ်ကျောက်တုံးများ....
Saturday, October 31, 2009
အမေရိကန်နိုင်ငံ၊ အနောက်တောင်ဘက်ပိုင်း၊ ကယ်လီဖိုးနီးယားပြည်နယ်နှင့် နီဗားဒါးပြည်နယ်
နှစ်ခုအစပ်၊ နယ်ခြားဒေသကြီးတွင်တည်ရှိသောသေမင်းတမန်တောင်ကြား ( Death Valley )
ဟုဆိုသည်....
ကမ္ဘာ့ သုတစွယ်စုံ အဘိဓာန် ၀ီကီပီးဒီယား၏အဆိုအရ ရွက်လွှင့်နေသော၊ ရွေ့ လျားနေသော
ကျောက်တုံးများမှာ လူသို့ မဟုတ် တိရိစ္ဆာန်များ၏ ထိခိုက်ရွေ့ လျားတွန်းထိုးသက်ရောက်မှုမပါ
ပဲ သူ့ အလိုလိုသာ ရွေ့ လျားနေခဲ့ ကြသည်မှာ စွပ်ကြောင်းကြီးများပင် အထင်းသာမြင်တွေ့ နိုင်
ပါသည်...
အခုလို ကျောက်တုံးများအလိုလိုရွေ့ လျားရခြင်း၏အကြောင်းအရင်းအမှန်ကို မသိရှိရသေးပေ...
သို့ အတွက် ဘူမိဗေဒ ပညာရှင်များအတွက်သုတေသနပြု လေ့ လာစရာဖြစ်လာခဲ့ ရပေသည်...
I’m gonna quote Wikipedia, because I couldn’t do better myself, so here it goes:
The sailing stones (sliding rocks, moving rocks) are a geological phenomenon where rocks move in long tracks along a smooth valley floor without human or animal intervention. They have been recorded and studied in a number of places around Racetrack Playa, Death Valley, where the number and length of travel grooves are notable. The force behind their movement is not understood and is subject to research.
ကျောက်တုံးများ၏ရွေ့ လျားရာ လမ်းကြောင်းနှင့် အကွာအဝေးများသည်လည်း တစ်ခုနှင့် တစ်
ခုမတူညီပဲ မကြာခဏပြောင်းလဲတတ်ကြသည်....တစ်ချို့ ကျောက်တုံးများက တစ်တုံးနှင့် တစ်
တုံး အစပိုင်းတွင် အတူတူယှဉ်ပြိုင်၍ ရွေ့ လာကြပြီးကာမှ တစ်ခုသောကျောက်တုံးက ရုတ်တစ်
ရက် ဘယ် သို့ မဟုတ် ညာဘက် သို့ ဦးတည်ချက်ပြောင်းရွေ့ သွားပြီးတစ်ခါတစ်ရံ လာရာလမ်း
ကြောင်းဘက်သို့ ပင် ပြန်လှည့် သွားတတ်ပေသည်...
ရွေ့ လျားသောအကွာအဝေးသည်ပင်လျှင် အရွယ်အစားတူ၊ သဏ္ဍာန်တူ ကျောက်တုံးနှစ်တုံး
အတူတူ တစ်ပြိုင်နက်ရွေ့ လျားနေကြရာမှ ကျောက်တုံးတစ်ခုကရုတ်တရက် ဖြတ်ကျော်တက်
သွားတတ်သလို တစ်နေရာတွင်လုံးဝရပ်တန့် နေရစ်ခဲ့ သည်လည်းရှိတတ်ပေသေးသည်....
Sliding rock trails fluctuate in direction and length. Some rocks which start next to each other start out traveling parallel, but one may abruptly change direction to the left, right, or even back the direction it came from. Length also varies because two similarly sized and shaped rocks could travel uniformly, then one could burst ahead or stop dead in its track.
သူတို့ ရွေ့ လျားသည့် နှုံးကလည်း အမျိုးမျိုးအပြောင်းအလဲ ရှိပေသေးသည်...မည်သူတစ်ဦး
တစ်ယောက်မျှ ထိုကျောက်တုံးများ ရွေ့ လျားသွားတာကိုမြင်တွေ့ ရသည်မဟုတ်သည့် အပြင်
မည်သူမျှလည်း ထိုကျောက်တုံးများကို ရွေ့ လျားစေသည်မဟုတ်သည့် အတွက် ကျောက်တုံး
များ မည်သည့် ရွေ့ လျားနှုံးဖြင့် ရွေ့ နေကြသည်ကို မည်သူမျှ မသိကြပေ....
Speed is an unknown variable. Since these stones are rarely transported and nobody has witnessed the movement, the speeds the rocks travel at are not known.
ဘူမိဗေဒပပညာရှင် Jim McAllister နှင့်  Allen Agnew  တို့ ဟာ ၁၉၄၈ ခုနှစ်မှာ အဆိုပါ
ကျောက်တုံးများရဲ့ ရွေ့ လျားရာလမ်းကြောင်းကိုရေးဆွဲမှတ်တမ်းတင်ခဲ့ ကြတာဖြစ်ပါသည်....
အမေရိကန်နိုင်ငံ အမျိုးသားဥယျာဉ်ဌာနမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များကနောက်
ပိုင်းမှာ ကျောက်တုံးတွေရဲ့ ရွေ့ လျားမှု လမ်းကြောင်းများကိုထပ်မံပြီးမှတ်တမ်းတင်ခဲ့ ကြသည်...
၎င်းနောက် Life မဂ္ဂဇင်းကြီးက အဆိုပါအကြောင်းအရာကို ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာဖော်
ပြခဲ့ သည်...အဆိုပါကျောက်တုံးများ ရွေ့ လျားရခြင်းအကြောင်းခန့် မှန်းပြောဆိုခြင်းများအဆို
ပါအချိန်မှ စတင်ခဲ့ သည်ဟုဆိုပါသည်.....မမြင်နိုင်သောစွမ်းအားစုများကအဆိုပါကျောက်တုံး
များကိုရွေ့ လျားအောင်ပြုလုပ်သည်ဟုဆိုသူများကဆိုသလို တစ်ခြားရှင်းမပြနိုင်သောအကြောင်း
ချင်းရာဖြေရှင်းချက်များစွာလည်းပေါ်ထွက်လာခဲ့ ပါသည်.....
Geologists Jim McAllister and Allen Agnew mapped the bedrock of the area in 1948 and made note of the tracks. Naturalists from the National Park Service later wrote more detailed descriptions and Life magazine featured a set of photographs from The Racetrack. Speculation about how the stones may move started at this time. Various explanations have been put forward over the years that have ranged from the supernatural to the very complex.
သုတေသနပညာရှင်များဟာ ကျောက်တုံးတစ်ချို့ ကိုနှစ်ပေါင်းများစွာ လေ့ လာစမ်းသပ်ခဲ့ ကြ
ပါသည်...သူတို့ လေ့ လာခဲ့ တဲ့ ကျောက်တုံး နှစ်ဆယ့် ငါးတုံးထဲက ဆယ်တုံးဟာ ပထမဦးဆုံး
ဆောင်းရသီမှာ မေရီအန်း (ကျောက်တုံးကိုနာမည်ပေးထားတာ ) Stone A အပါအ၀င် အလျား
ပေ ၂၁၂ ပေအထိ ရွေ့ လျားခဲ့ ကြပါသည်....
နောက်ထပ် ထပ်ပြီးလေ့ လာခဲ့ တဲ့ ဆောင်းရာသီခြောက်ခုထဲကနှစ်ရာသီမှာတော့ ကျောက်တုံး
တွေ ရွေ့ လျားတာကိုတွေ့ ရှိခဲ့ ရသည်...နွေရာသီမှာတော့ ကျောက်တုံးတစ်တုံးမှ မရွေ့ လျား
ပါဘူး...ဆောင်းရာသီမှာတောင်မှရွေ့ တဲ့ ကျောက်တုံးရှိသလို လုံးဝမရွေ့ တဲ့ ကျောက်တုံးတွေ
လည်းရှိပါတယ်...
ခုနှစ်နှစ်ကြာ စူးစမ်းလေ့ လာသုတေသနပြုခဲ့ တဲ့ ကျောက်တုံးအလုံး ၃၀ မှာ နှစ်လုံးကလွဲလို့ 
ကျန်တဲ့ ကျောက်တုံးအားလုံး ရွေ့ လျားခဲ့ ပါတယ်တဲ့ ....
သနပြု လေ့ လာခဲ့ သမျှထဲမှာ အရွယ်အစားအသေးဆုံးပါပဲ...အသေးဆုံးမို့ သူဟာရွေ့ လျားမှု
စုစုပေါင်း ၈၆၀ ပေနဲ့ အများဆုံးဖြစ်ခဲ့ တာပါ...ဆောင်းတွင်းတစ်ခုမှာကို ၆၅၉ ပေနဲ့ တစ်ရာသီ
အတွင်း ဝေးဆုံးရွေ့ လျားမှုလည်းဖြစ်ခဲ့ သည်ဟုဆိုပါသည်...
အကြီးဆုံးရွေ့ ခဲ့ တဲ့ ကျောက်တုံးကတော့ ပေါင် ရှစ်ဆယ် ( ကီလို ၃၆ ) လေးပါသတဲ့ ....
Researches studied some stones for several years. Ten of the initial twenty-five stones moved in the first winter with Mary Ann (stone A) covering the longest distance at 212 feet (64.5 m). Two of the next six monitored winters also saw multiple stones move. No stones were confirmed to have moved in the summer and some winters none or only a few stones moved. In the end all but two of the thirty monitored stones moved during the seven year study. At 2.5 inches (6.5 cm) in diameter Nancy (stone H) was the smallest monitored stone. It also moved the longest cumulative distance, 860 feet (262 m), and the greatest single winter movement, 659 feet (201 m). The largest stone to move was 80 pounds (36 kg).
ကယ်ရင်လို့ အမည်ပေးခဲ့ တဲ့ ကျောက်တုံး stone J ကတော့ ၂၉ လက်မ ၁၉ လက်မ နဲ့  ၂၀
လက်မ အတိုင်းအတာ ရှိတဲ့  ဒိုလိုမိုက်ကျောက်အမျိုးအစားဖြစ်ပြီး ခန့် မှန်းချေ ပေါင် ၇၀၀ လေး
ပါတယ်...( ကီလို ၃၂၀ ပေါ့  ) ....
သူ့ ကို လေ့ လာခဲ့ တဲ့ အချိန်အတွင်းမှာတော့  ကယ်ရင် ဟာလုံးဝကိုမရွေ့ လျားခဲ့ ပါဘူးတဲ့ .....
သူ့ ရဲ့ ပေ၅၇၀ ကျော်စွပ်ကြောင်းအဖြောင့် ကြီးကတော့ တောင်ပေါ်ကနေ ပြုတ်ကျခဲ့ စဉ်တုံးက
ဖြစ်ပေါ်ခဲ့ တဲ့ အရှိန်ကြောင့် တစ်ခါတည်းရွေ့ လျားခဲ့ စဉ်တုံးကဖြစ်ပေါ်စေခဲ့ တာဖြစ်နိုင်ပါတယ်...
Karen (stone J) is a 29 by 19 by 20 inch (74 by 48 by 51 cm) block of dolomite and weighs an estimated 700 pounds (about 320 kg). Perhaps not surprisingly Karen didn't move during the monitoring period. The stone may have created its 570 straight and old track from momentum gained from its initial fall onto the wet playa.
ပြင်းထန်တဲ့ လေတိုက်နှုံးနဲ့  ရေခဲတမျှအေးစက်မှုဟာလည်း အခုလိုကျောက်တုံးတွေရဲ့  ထူးဆန်း
အံ့ သြဖွယ်ရာ အလိုအလျောက်ရွေ့ လျားစေမှုရဲ့  အကြောင်းတရားလို့ လည်းဆိုကြပါသေးတယ်...
ဒါပေမယ့်  အဲဒီယူဆချက်ဟာဖြစ်နိုင်ချေသက်သက် တစ်ခုမျှသာဖြစ်ပါတယ်.....
စွာနဲ့ အသိခက်နေတုံးပါပဲ...
Wind and ice both are the favored hypothesis for these mysterious sliding rocks. But as those are only hypothesises, we can say that the mystery remains...
မြက်နုကြိုက်တတ်လွန်းတဲ့ နွားအို....
Friday, October 30, 2009
ဆိုမာလီနိုင်ငံမှ အသက် ၁၁၂ နှစ်ရှိအဘိုးအိုတစ်ဦးဟာ သူ့ ထက်အသက် ၉၅ နှစ် ငယ်သော
မိန်းကလေးတစ်ဦးနှင့် အကြင်လင်မယားအဖြစ်ပေါင်းသင်းရန် လက်ထပ်ခဲ့ တယ်လို့ ဆိုပါတယ်...
ပြီးတော့ သူက အဲဒီကလေးမလေးနဲ့  သားသမီးများတောင်ရချင်ပါသေးတယ်တဲ့ ဗျာ....
သူ့ အတွက်ကတော့ မုတ်ဆိတ်ပျားစွဲတာပေပဲလားမသိ....
အသက် ၁၁၂ နှစ်ရှိပြီလို့ ဆိုတဲ့  အဘိုးကြီး Ahmed Muhamed Dore  နဲ့ သူ့ ရဲ့ သတို့ သမီး
အသက် ၁၇ နှစ်သာရှိသေးတဲ့ ကောင်မလေးတို့ ရဲ့ မင်္ဂလာဧည့် ခံပွဲကို ဧည့် ပရိတ်သတ်ရာနဲ့ 
ချီပြီးတက်ရောက်အားပေးခဲ့ ကြပါတယ်...
ဆိုမာလီနိုင်ငံ၊ အလယ်ပိုင်း ဒေသမှာပြုလုပ်တဲ့  အဲဒီလက်ထပ်ပွဲမှာ ဇနီးမယား ငါးယောက်နဲ့ 
သားသမီး ၁၈ ယောက် ရှိပြီဖြစ်တဲ့  အဘိုးကြီးက သူရဲ့ နောက်ဆုံးဇနီး အသစ်စက်စက်လေး
Safia Abdulleh  နဲ့ လည်း နောက်ထပ်ကလေးတွေရ ချင်ပါသေးတယ် လို့ ဆိုပါတယ်....
” ဒီနေ့ ဟာဖြင့် ကျွန်တော့် ဘ၀ရဲ့ အိပ်မက်တွေ တစ်ကယ်ဖြစ်လာအောင် ထာဝရဘုရား
သခင် ကကူညီစောင်မခဲ့ ပါပြီ....” လို့ သူက Galguduud မှာပြုလုပ်တဲ့ လက်ထပ်ပွဲ အခမ်း
အနားအပြီးမှာပြောကြားခဲ့ ပါတယ်...
သတို့ သမီးရဲ့ မိသားစုကလည်း ကောင်မလေးဟာ သူမရဲ့ ခင်ပွန်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေ
ပါတယ်လို့ ဆိုလိုက်ပါတယ်...
သူ့ အသက်အရွယ်နဲ့ ဆိုသူ့ ရဲ့ မြေး၊ လောက်သာရှိသေးတဲ့ မိန်းကလေးကို ယူထားတဲ့ အဘိုး
အိုက သူတို့ နှစ်ဦးစလုံးဟာ ဆိုမာလီနိုင်ငံ တစ်ရွာတည်းမှာနေထိုင်သူတွေဖြစ်ပြီး သူ့ အနေ
နဲ့  ကလေးမလေးအရွယ်ရောက်အောင် စောင့် ဆိုင်းနေခဲ့ တာပါလို့  ဆိုပါတယ်...
သြော်...ကြောင်ဖားကြီးကသိပ်မစားချင်ရှာဘူး....
Guriceel မြို့ မှာပြုလုပ်ခဲ့ တဲ့ အဆိုပါ လက်ထပ်ပွဲကတော့  အာဖရိကတိုက်က နိုင်ငံတစ်ခုဖြစ်
တဲ့ ဆိုမာလီ နိုင်ငံရဲ့ နှစ်ပေါင်းရာနဲ့ ချီတဲ့ ကာလအတွင်းမှာတော့ ပထမဦးဆုံးကျင်းပတဲ့  အ
သက်အရွယ်ဒီလောက်ကွာခြားသူနှစ်ဦးဖြစ်တဲ့  ကညာပျိုနဲ့ ဇရာအိုတို့ ရဲ့ မင်္ဂလာပွဲဖြစ်ပါတယ်....
”ကျွန်တော်သူမကို အတင်းအကြပ်လက်ထပ်ခဲ့ တာ မဟုတ်ပါဘူး...ကျွန်တော် သူမအပေါ်
ထားရှိတဲ့ မေတ္တာကို သူမနားလည်သဘောပေါက်ယုံကြည်လာအောင် ကျွန်တော့် ရဲ့ မိန်းမ
ကျမ်းကျေတဲ့ အတွေ့ အကြုံ တွေအသုံးချခဲ့ တာပါ...အဲဒါကို သူမ နားလည်ယုံကြည်လို့ လက်
ထပ်ခဲ့ တာပါ....” အဘိုးအိုက ဘီဘီစီသတင်းဌာန ကိုပြောပြခဲ့ ပါတယ်...“
တယ်လည်းလာတဲ့ အဘိုးကြီးပါလားနော်....
သူ့ ရဲ့ လက်ရှိဇနီးနှစ်ယောက်နဲ့ သားသမီးများကလည်း သူအခုလို မိန်းမငယ်ငယ်လေး ထပ်
ယူတာကို သဘောတူကြပါတယ်...သတို့ သမီးရဲ့ မိဘတွေကလည်းသဘောတူခဲ့ ကြပါတယ်...
လို့ အဘိုးကြီးကပြောပါတယ်...
ဆိုမာလီနိုင်ငံတွင်အရွယ်ရောက်ပြီးမိန်းမကလေးများကို အသက်အရွယ်ကြီးသူ အမျိုးသားများ
နှင့် ထိမ်းမြားလက်ထပ်လေ့ ရှိသော်လည်း ယခုကဲ့ သို့  သေခါနီးသက်ကြားအို အဘိုးကြီးနှင့် 
လက်ထပ်တာမျိုးကတော့ ရှားပါတယ်တဲ့ ....
အဘိုးအို Dore ဟာ အသက် ၁၁၂ နှစ်ရှိပြီလို့ ဆိုပေမယ့်  သူ့ မှာသက်သေပြစရာ အ
ထောက်အထား မွေးစာရင်းတော့ မရှိပါဘူး...
ယခုလက်ထပ်တဲ့ မိန်းကလေးဟာ အဘိုးအိုရဲ့ ဆဌမမြောက် မယားဖြစ်ပြီး သူ့ ရဲ့ ဇနီး သုံး
ယေက် ကတော့ သေဆုံးသွားခဲ့ ပြီးဖြစ်ပါတယ်...
ဆိုမာလီနိုင်ငံမှာတော့  အသက်ကြီးသူအမျိုးသားများနှင့်  သူတို့ နှင့် စာလျှင် အလွန်အသက်
ငယ်သေးသည့် မိန်းကလေးများ လက်ထပ်ထိန်းမြားခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲတဲ့ ဗျာ...
ကဲ...ဒီနွားအိုကြီးကတော့ မြက်နုကြိုက်တတ်လွန်းပါတယ်ဗျာ....
ကဲ...ကိုသားကြီးရေ....
စိတ်ဓါတ်မကျနဲ့ နော်.....ကောင်မလေးတွေများအဖြေမပေးယင်...
ဆိုမာလီကိုသာသွားဗျာ....
Somalian, 112, marries teenage girl 95 years his junior... and plans to have children.
Compared to Methuselah, he probably seemed a good catch.
Hundreds of people have attended the wedding of Ahmed Muhamed Dore, who says he is 112, and his bride, aged 17.
At the ceremony in central Somalia, Mr Dore - who already has 18 children by five wives - said he would like to have more with his new wife, Safia Abdulleh.
'Today God helped me realise my dream,' he said, after the wedding in the region of Galguduud.
The bride's family said she was 'happy with her new husband'.
Mr Dore said he and his bride - who is young enough to be his great-great-grand-daughter - were from the same village in Somalia and that he had waited for her to grow up to propose.
The marriage in the town of Guriceel is being described by Somalian historians as the first of its kind in the Horn of Africa nation for over a century.
'I didn't force her, but used my experience to convince her of my love; and then we agreed to marry,' Mr Dore was quoted by the BBC as saying.
He said his children and two other wives agreed to the marriage, as did Abdulle's parents.
The pair celebrated their marriage late Tuesday in central Somalia before hundreds of guests.
Somali adolescent girls are often married off to older men, but it is rare for a man as old as Dhore to marry a girl of Abdulle's age.
Dhore claims to be 112, but there is no way to verify the claim.
This marriage was his 6th; three of Dhore's wives have died.
Marriages between older men and girls many years younger than them are common in Somalia
Polygamy is widely practiced in predominantly Muslim Somalia.
အကယ်၍သာ....
Thursday, October 29, 2009
ကဲ မနှင်းရေ....
     တက်ဂ်ထားတဲ့ ပို့ လေးဖြေပါပြီ...အကယ်၍သာကမ္ဘာများပျက်ခဲ့ ယင်တဲ့ ...
     ကိုယ်ရည်သွေးသလိုလည်းဖြစ်မှာစိုးရသေးတယ်ဗျာ...
     ရေးဆိုတော့ လည်းရေးပြီပေါ့ ....
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့် ကိုယ်ကို ၊ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေကို၊မိသားစုကို...
စတဲ့ စွဲလမ်းနိုင်တာတွေအားလုံးကို မစွဲလမ်းမိအောင်သတိပေးနိုင်မယ့် ကျွန်တော်ကြည်ညိုတဲ့ 
ဆရာတော်ဘုရားကြီးတွေ၊ ( အများကြီးမဟုတ်ပါ...တစ်ပါးဆိုယင်တောင်လုံလောက်ပါပြီ....)
ပြီးတော့ ကျွန်တော်နဲ့ စိတ်သဘောအယူချင်းတူမျှတဲ့ ဓမ္မမိတ်ဆွေတစ်ယောက်နှစ်ယောက်ဆို
ယင်လည်းလုံလောက်ပါပြီ...
ကျန်တာတော့ စွဲလမ်းနိုင်တဲ့ အရာ၊လူပုဂ္ဂိုလ်၊ မည်သူတစ်ဦးတစ်ယောက်မျှ အနားမှာရှိမနေစေ
ချင်ပါ...ရှိနေခဲ့ မယ်ဆိုယင်လည်းတိုးတိုးတိတ်တိတ်နဲ့ ပဲရှိနေစေချင်ပါတယ်...။
၂။ဘာတွေခံစားနေရမလဲ..
ကျန်းမာရေးကောင်းနေမယ်ဆိုယင်တော့ ဘာကိုမှ အထူးအထွေ ခံစားနေရမယ် မထင်ဘူး...
သေခြင်းသဘောကိုတွေးတောဆင်ခြင်နေမိမလားပဲ...ဒါမှမဟုတ် ဖြစ်ပေါ်နေတဲ့ သဘာဝ
တရားတွေကို အရှိအတိုင်းပဲ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကပ်ပြီးသိနေချင်တယ်...။
၃။ ဘာတွေပြင်ဆင်ထားမလဲ
ကိုယ့် ဘ၀ရဲ့ နောက်ဆုံးအချိန်ကို ကိုယ်ပြုခဲ့ တဲ့ ဒါန၊သီလကောင်းမှုတွေကိုနှလုံးသွင်းပြီးနေစေ
မလား၊ သတိပဌာန် ဘာဝနာနဲ့ ပဲ သတိကပ်ပြီးနေမလား ဆိုတာကတော့  အဲဒီအချိန်မရောက်
ခင်အထိ ကြိမ်ဖန်များစွာကိုယ်ပြုခဲ့ တဲ့  အလုပ်က စကားပြောမှာပါ...အခုအထိတော့ ဒါန၊သီလ
ပြုတာက ပိုများနေပါသေးတယ်...
အမြတ်ဆုံးပန်းတိုင် အတွက်ကတော့ သတိဦးစီးတဲ့ စိတ်အာရုံစူးစိုက်မှု အလေ့ အကျင့် တရား
ဆိုတာသဘောပေါက်ထားပေမယ့်  အချိန်ပေးပြီးမလုပ်ဖြစ်သေးပါ...မလုပ်နိုင်သေးပါ...
လုပ်နိုင်အောင်တော့ ကြိုးစားရပါဦးမည်...
၎။ ၀မ်းနည်းမိမှာက
အဲဒီအချိန်အထိ လားရာဂတိမြဲတဲ့ အဖြစ်၊ ကျင့် ကြံအားထုတ်နိုင်သောခေတ်မှာ လူဖြစ်ခဲ့ လျှက်နဲ့ 
မကြိုးစား၊မကျင့် ကြံ၊အားမထုတ်ခဲ့ ရတာကိုပေါ့ ....ဒါကလောကုတ္တရာအပိုင်း...
လောကီပိုင်းကတော့ ဝမ်းနည်းစရာသိပ်ရှိမယ်မထင်ပါ...
အားလုံးဟာအချိန်တန်လျှင် ဒီလမ်းသွားရမှာမို့ ထူးပြီးတော့  တော့ ဝမ်းနည်းမိမယ်မထင်...
ဒါမှမဟုတ်....သံယောဇဉ်အားလုံးကိုဖြတ်တောက်နိုင်သေးသူ မဟုတ်ခဲ့ ယင်တော့ ဝမ်းနည်းပူ
ဆွေးဖြစ်မိဦးမှာပင်....
၅။ကြောက်လန့်မိတာက..
ရဟန္တာနဲ့ အနာဂမ်မဖြစ်သရွေ့ ကြောက်လန့် တတ်သေးတယ်ဆိုတော့  ကိုယ်လည်းကြောက်လန့် 
နေမိဦးမှာပါ....တရားနှလုံးမသွင်းနေခဲ့ ယင်ပေါ့ ....
၆။ကိုယ်နဲ့ အတူဆောင်ထားချင်တာ....ရှိနေချင်တာ...
ကိုယ့် ပတ်ဝန်းကျင်နဲ့  ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့ အရာအားလုံးကို သတိလေးနဲ့ သိနေနိုင်တဲ့ စိတ်
အလေ့ အကျင့် လေးပါ...ဖြစ်နိုင်ယင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဓမ္မစာအုပ်အချို့ နဲ့ 
ဖားအောက်တောရ ဆရာတော်ဘုရားကြီးရဲ့ တရားတော် အသံတော်တစ်ချို့ လည်းနောက်ဆုံးအ
ချိန်မှာ ဖတ်ရှု နာယူချင်ပါသေးတယ်...
၇။ဘာတွေများရေးမိလေမလဲ..
ဘာမှမရေးချင်ပါ...အဲဒီအတွက်ကိုလည်းစိတ်မရောက်စေချင်ပါ....
ဂ။တွေးမိတွေးရာ အတွေး
သတိမရှိတဲ့ အချိန်မှာတော့ တွေးမိတွေးရာတွေနေမိမှာပါပဲ... ကိုယ်ကချစ်တဲ့ သူ...ကိုယ့် ကိုချစ်
တဲ့သူ...ကိုယ်ပြုထားခဲ့ တဲ့ ကောင်းမှု၊မကောင်းမှုများ...အို...စုံလို့ စုံလို့ ... တွေးမိနေမှာကတော့ အများကြီးပါပဲ...ဒါပေမယ့် အဲဒီအတွေးတွေကိုဖြတ်ပြစ်ရမယ်.....ပစ္စုပ္ပန်အခိုက်လေးကိုပဲစိတ်ရှိနေ
အောင်ကြိုးစားရမယ်....
၉။ဂုဏ်ယူချင်တာက
ကျေးဇူးရှင်မိခင်ကြီးစိတ်ချမ်းသာအောင် အများကြီးမဟုတ်တောင် အတိုင်းအတာတစ်ခုအထိ
ပြုစုလုပ်ကျွေးနိုင်ခဲ့ ပြီ...( သူကကိုယ့် ကိုပြုစုလုပ်ကျွေးလာတာကနှစ်တွေအများကြီးလေ...)
မိခင်ကြီးအတွက် အနှိုင်းမဲ့ ကျေးဇူးဆပ်ခြင်းအားဖြင့်  သတိပဌာန် ၀ိပဿနာတရားများ ပွား
များအားထုတ်နိုင်အောင် တိုက်တွန်းအားပေး၊ ပို့ ဆောင်ကုသိုပြုနိုင်ခဲ့ ပြီ...
မိခင်ကြီးကိုယ်တိုင်ရဟန်းအမ ဖြစ်အောင်မိမိ ကိုယ်တိုင်ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ ပေး
ပြီးပြီ...
အနှိုင်းမဲ့ သာသနာတော်အတွက် အများကြီးမဟုတ်တောင် တစ်စုံတစ်ရာ ပွားများကျင့် ကြံ
အားထုတ်ကြိုးပမ်းခဲ့ ပြီ...ဒါန၊သီလ၊ဘာဝနာ....
အမြတ်ဆုံးသော အနှိုင်းမဲ့ ဓမ္မအလှူ ၊ လူမှုရေးအကူ...လူတစ်ဦးချင်းစီမှ၊ လူသားများစွာအ
တွက် ....
ကျွန်တော့် အသက်အရွယ်နှင့် စာလျှင်....အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်ဖွယ်ရာ
ကောင်းမှုများပြုခဲ့ ပေပြီ....
သာသနာရေး၊ဘာသာရေး၊လောကီလောကုတ္တ နှစ်ဖြာသော ဗဟုသုတများစွာ သိမြင်ပြန့် 
ပွားအောင်ကြိုးစားခဲ့ ပြီ....
စသည်...စသည်....
သေချာတာကတော့  ကျွန်တော်ဟာကမ္ဘာမြေကြီးအတွက် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်မနေခဲ့ 
တာပါပဲ...
၁၀။ရှာကြံဖြေသိမ့်မိတာက
သာသနာတော်ထွန်းကားတဲ့ ခေတ်နဲ့ တွေ့ ခဲ့ ရတယ်...အကျင့် သီလ၊ ပညာဥာဏ်တွေနဲ့ 
ပြည့် စုံတဲ့ ဆရာတော်ဘုရားကြီးတွေကို ဖူးတွေ့ ဆည်းကပ်ခဲ့ ရတယ်...( ဆရာတော်ဘုရား
ကြီးများကို ကိုယ်တိုင်ရော) ဓမ္မစာပေ၊ တရားအသံတော်များနှင့် ပါ ကြည်ညိုဆည်းကပ်နိုင်ခဲ့
တယ်...
မကောင်းမှုတွေပြုခဲ့ တာရှိပေမယ့် လည်း ငရဲကိုတိုက်ရိုက်၊သေချာပေါက်သွားနိုင်တဲ့  ပဉ္စာ
နန္ဒိယ ကံ ( အမိ၊အဖ သတ်တဲ့ ကံ ၊ မြတ်စွာဘုရားကိုသွေးစိမ်းတည်စေတဲ့ ကံ ၊ သံဃာ သင်း
ခွဲတဲ့ ကံ ၊  နိယတမိစ္ဆာဒိဌိ ယူတဲ့ ကံ ) တွေ မှလွတ် တဲ့ အတွက် အင်မတန်မှဆိုးဝါးတဲ့ ဘဝ
ကိုမရောက်နိုင်ဘူးလို့  ယုံကြည်ဖြေသိမ့် နိုင်တယ်...
အဲဒီအတွက် အနေမြတ်ခဲ့ တယ်...
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်ကနေ စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့ 
တယ်၊ အစမထင်လည်ပတ်နေတဲ့ သံသရာဝဋ်ဆင်းရဲမှ ကင်းရာကင်းကြောင်းလမ်းစကောင်း
ကို စတင်ခြေလှမ်း ခဲ့ ရပြီ....
ကံလမ်းပေါ်လျှောက်လူတစ်ယောက် အဖြစ်မှသည် ဥာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်
အဖြစ်သို့ ရောက်ရှိခဲ့ ရပြီ...
ဒီထက်ဝမ်းသာစရာ ကား.....
မရှိနိုင်တော့ ပြီ....
ကြွားဝါလိုခြင်းအလျင်းမရှိပါပြီ.....
ရေးဆိုလို့ ရေးလိုက်ရပါပြီ....
အမြင်မတော်အမှားအယွင်းများရှိခဲ့ ယင်ခွင့် လွှတ်စေလိုပါတယ်...
ရွှင်လန်းချမ်းမြေ့ တရားတွေ့ ကြပါစေသော်ဝ်....
ကမ္ဘာပျက်မည့် ကောလာဟလ
Wednesday, October 28, 2009
ကမ္ဘာကြီးပျက်ခဲ့ မယ်ဆိုယင်....တဲ့ 
ဘလော့ ဂ်တွေပေါ်မှာတော့ သူများတွေပြောနေ၊ရေးနေကြတာတွေ့ ဖူးပါတယ်...
၂၀၁၂ မှာ ကမ္ဘာပျက်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ .....
ဒါနဲ့ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကဒီအကြောင်းနဲ့ ပါတ်သက်ပြီးဘယ်လို
များဟောထား၊ပြောထားတာတွေများရှိ သလဲလို့ လေ့ လာကြည့် လိုက်တော့ ဒီလို
ကမ္ဘာပျက်တာနဲ့ ပါတ်သက်တာလေးတွေတွေ့ ရလို့  ဒီတက်ဂ်ထားတာလေးမပြောခင်ဗဟုသုတ
အနေနဲ့ အရင်ပြန်ပြောချင်ပါသေးတယ်...
အခုလိုပဲ ကမ္ဘာကြီးပျက်တော့ မယ်တို့ ၊ ဘာတို့ ဆိုပြီးမဖြစ်သေးတာတွေဖြစ်တော့ မယ့် အ
ကြောင်းသတင်းစကားတွေကို တစ်ဦးစနှစ်ဦးစကနေ လူအများစုပေါင်းပြီးပြောဆိုကြတာကို
ကောလာဟလ လို့ ခေါ်ပါတယ်...
တစ်ကယ်အမှန်ဖြစ်ပေါ်လာမယ့် အရာတွေရှိသလို ဟုတ်မလိုလိုနဲ့ ဖြစ်မလာတာတွေလည်း
ရှိသပေါ့ ...ဒါကအရပ်ထဲကကောလာဟလ ပေါ့ ...( အရပ်စကားနဲ့ ပြောယင်ကောလဟာလ
လို့ အများစုက ဆိုကြပါတယ်...)
အဲဒီကောလာဟလ ကလည်းငါးမျိုးတောင်ရှိဆိုပဲ....
(၁) ကပ္ပကောလာဟလ
      ကမ္ဘာပျက်မည့် ကောလာဟလ
(၂) စက္ကဝတ္တိကောလာဟလ
      စကြ၀တေးမင်းပေါ်ပေါက်လာမည့် ကောလာဟလ
(၃)ဗုဒ္ဓကောလာဟလ
     မြတ်စွာဘုရားပွင့် ထွန်းပေါ်ပေါက်လာမည့်  ( ဘုရားဖြစ်အောင်ကျင့် ကြံအားထုတ်မည့် သူ
     ပေါ်ပေါက်လာမည့် ) ကောလာဟလ
(၄)မင်္ဂလကောလာဟလ
    (ပရိတ်ကြီး ၁၁ သုတ်ထဲက ) မင်္ဂလသုတ္တန်ပေါ်ပေါက်လာရန်အတွက် ကြိုတင်ပြီးဖြစ်ပေါ်သော
     ဘယ်အရာကမင်္ဂလာရှိတယ်...စသည်ဖြင့် ပြောဆိုကြသော ကောလာဟလ
(၅)မောနေယျကောလာဟလ
     ကျင့် နိုင်ခဲ သော ဘုရားသာသနာတွင်၊ကျင့် နိုင်ခဲသော မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုစေ
     နိုင်သောအကျင့် တရား ကောလာဟလ
             တို့ ဖြစ်ပါတယ်....
ဒီနေရာမှာတော့  ကမ္ဘာပျက်မယ့် အကြောင်းမို့  ကမ္ဘာကြီးတစ်ကယ်ပဲပျက်တော့ မည်လော...
ကမ္ဘာတစ်ခုဟာ ဘယ်လောက်ကြာကြာတည်တံ့ သလဲဆိုတာလေးကိုပဲ ဗဟုသုတအဖြစ်ပြန်
လည်တင်ပြချင်ပါတယ်...
အခုလက်ရှိ ကမ္ဘာကို ဗုဒ္ဓတရားတော်များအရ ဘဒ္ဒ ကမ္ဘာလို့ ခေါ်ပါတယ်....
ဗုဒ္ဓဘုရားငါးဆူပွင့် မယ့် ကမ္ဘာပေါ့ ....
အခုထက်ထိ ဘုရားပေါင်းလေးဆူပွင့် ခဲ့ ၊ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ ပြီးတာမို့ နောက်ထပ် ဗုဒ္ဓဘုရား
တစ်ဆူ ( အရိမေတ္တိယျ ဘုရား ) ပွင့် ထွန်းပေါ်ပေါက်ဖို့ ကျန်ပါသေးတယ်...
အဲဒီအတွက် ဒီကမ္ဘာကြီးဟာလုံးဝ ကိုပျက်စီးသွားဖို့ မရှိပါ....
လူအမြောက်အများ သေကြေပျက်စီးမယ့်  သဘာဝဘေးအန္တရယ်တွေ၊ စစ်ပွဲတွေ၊ ရောဂါဘေး
အန္တရာယ်တွေ၊ အငတ်ဘေးတွေတော့ ဖြစ်မှာပါ...သို့ သော် သက်ရှိလူသား၊တိရိစ္ဆာန်တွေ တစ်
ဦးတစ်ယောက်မျှမကျန်ရအောင် အလုံးစုံပျက်စီးခြင်းကတော့ မဖြစ်နိုင်သေးပါဘူး...
ကျွန်တော့် အထင်တော့ လူတွေရဲ့ ကိုယ်ကျင့် သီလတွေ အကြီးအကျယ်ချိုးဖောက်ကြတဲ့ အခါ၊
ကာမဂုဏ်အာရုံတွေကို အလွန်အမင်း၊အကြီးအကျယ် မှားမှားယွင်းယွင်းခံစားသုံးဆောင်ကြတဲ့
အခါ၊မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ စတဲ့  ဗြဟ္မစို တရားတွေအကြီးအကျယ်ခေါင်းပါးလာတဲ့ 
အခါတွေမှာ လူတွေသံဝေဂတရားတွေရစေဖို့ ဒီလိုကောလာဟလ တွေပေါ်ပေါက်လာရတယ်
လို့ ပဲထင်ပါတယ်...
ကဲ....
ကမ္ဘာပျက်မယ့် ကောလာဟလအကြောင်းလေး ပါဠိတော်ဘာသာပြန်ကတော့ ဒီလိုဆိုထားပါတယ်...
ကပ္ပကောလာဟလ
ကမ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ခေါ်ဆို၏။
ကမ္ဘာပျက်လုနီးလာသော အခါ မပျက်မီနှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိ
သောကာမာဝစရနတ်တို့သည် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကိုဖားယားချ
ကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာသုတ်ကာအလွန်မသက်သာသော အသွင်အ
ပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျှက်---
အချင်းတို့….
ဤနှစ်မှစ၍နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကမ္ဘာလောကကြီးသည်ပျက်စီးတော့ပေမည်၊
မဟာသမုဒ္ဒရာ သည် ခန်းခြောက်တော့မည်၊မဟာသမုဒ္ဒရာသည်လည်းခြောက်ခန်းတော့မည်၊
ပထ၀ီမြေကြီးသည်၎င်း၊မြင်းမိုရ်တောင်မင်းသည် ၎င်း၊ဤအလုံးစုံတို့သည်(မီးဖျက်မည့်ကမ္ဘာဖြစ်လျှင်)
မီးလောင်၍ပျက်စီးကုန်လိမ့်မည်၊(ရေဖျက်မည့်ကမ္ဘာဖြစ်လျှင်)ရေလွှမ်းမိုး၍ ပျက်စီးကုန်လိမ့်မည်၊
(လေဖျက်မည့်ကမ္ဘာဖြစ်လျှင်)လေပြင်းလေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊မြင်းမိုရ် သမုဒ္ဒရာ
တို့၏ တည်ရာ ဤမဟာပထဝီမြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကမ္ဘာလောကကြီး ပျက်စီးလိမ့်မည်၊
အိုအချင်းတို့…
သင်တို့ သည် မေတ္တာတရားကိုပွားများကြကုန်လော့၊ကရုဏာတရားကိုပွားများကြကုန်လော့၊မုဒိတာ
တရားကိုပွားများကြကုန်လော့၊ ဥပေက္ခာဗြဟ္မစိုရ် တရားကိုပွားများကြကုန်လော့။အမိ အဖတို့ကို
ရိုသေစွာ ပြုစုလုပ်ကြွေးကြကုန်လော့၊သက်ကြီးသူအို ရိုသေထိုက်သူတို့ကို ရိုသေကြကုန်လော့၊
ကုသိုလ်ကောင်းမှုတို့၌ အစဉ်နှိုးကြားကြကုန်လော့၊မမေ့မလျော့ကြကုန်လင့်…. ဟူ၍ အနှံ့အပြား
လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ဤသို့ကြွေးကြော်သည်ကို အကြောင်း
အစပြူ၍ ကမ္ဘာကြီးပျက်တော့မည်တဲ့…ကမ္ဘာကြီးပျက်တော့မည်တဲ့ ဟူ၍ လူအများစုရုံးကာ
နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို ကပ္ပကောလာဟလ
ဟူ၍ခေါ်ဆိုကြပါသည်။
ကမ္ဘာပျက်မယ့် ကောလာဟလတော့ သိရပြီ....
ကျွန်တော်တို့ နေထိုင်ရာဒီကမ္ဘာကြီးဘယ်လောက်သက်တမ်းရှည်သလဲ၊ရှည်မလဲဆိုတာကိုရော
ထိုထိုပါဠိတော်များမှာဘယ်လိုပြောထားသလဲဆိုတော့ ....
ပဗ္ဗတသုတ် -
သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာ ဘုရားကို ရှိခိုးလျက်
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား...
''အရှင်ဘုရား ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း'' ဟု လျှောက်၏။
ရဟန်း ကမ္ဘာသည် ရှည်လျားလှ၏၊ ထိုကမ္ဘာကို ''ဤမျှသော နှစ်တို့'' ဟူ၍ လည်းကောင်း၊
''ဤမျှသော နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အထောင်တို့'' ဟူ၍
လည်းကောင်း၊ ''ဤမျှသော နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု
မိန့်တော်မူ၏။
အရှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်း
တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား
မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးသည်
အလျားအားဖြင့် တစ်ယူဇနာ အနံအားဖြင့် တစ်ယူဇနာ အစောက်အားဖြင့်
တစ်ယူဇနာ ရှိ၏၊ ထို ကျောက်တောင်ကြီးကို ယောက်ျားသည် အနှစ်တစ်ရာ အနှစ်
တစ်ရာ လွန်သောအခါ၌ ကာသိတိုင်းဖြစ် အဝတ်ဖြင့် တစ်ကြိမ်တစ်ကြိမ်သာ
ပွတ်တိုက်ရာ၏၊ ရဟန်း ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျင်စွာသာလျှင်
ကုန်ခြင်းဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်းဆုံးခြင်းသို့ မရောက်ရာ။
ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊ ရဟန်း ဤသို့ ရှည်လျားလှသော ကမ္ဘာတို့၏
''တစ်ခုသောကမ္ဘာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်ရာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာ
တစ်ထောင်'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်သိန်း'' ဟူ၍ မပြောဆိုအပ်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်း ဤသံသရာ၏အစကို မသိနိုင်၊ ရှေ့အစွန်းသည်။ပ။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော
သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည် သာလျှင်တည်း၊ တပ်ခြင်း ကင်းခြင်းငှါ သင့်လှသည်
သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည် သာလျှင်တည်းဟု ဟောတော်မူ၏။ 128
၅ - ပဗ္ဗတသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
ဒါကတော့ လက်ရှိကမ္ဘာကြီးရဲ့ အကြောင်းပေါ့ ....
ဒီလက်ရှိကမ္ဘာကြီးမတိုင်မီကလည်း တစ်ခြားကမ္ဘာတွေလည်းရှိခဲ့ သေးသလို၊ ဒီကမ္ဘာကြီးပျက်စီး
ပြီးသွားယင်လည်းနောက်ကမ္ဘာအသစ်တွေပေါ်လာဦးမှာပါပဲ...ဤသို့ ဖြစ်လာလိုက်၊ပျက်သွားလိုက်
သည်ကိုပင်လျှင်၊ ဘ၀တွေအကြိမ်ကြိမ်ဖြစ်နေရသည်ကိုပင်လျှင် သံသရာဟုခေါ်ရသည် မဟုတ်ပါ
လား....
ကဲ...
ကြုံကြိုက်လို့ တစ်ဆက်တည်းပဲ ကုန်လွန်ပျက်သုန်းခဲ့ ပြီးသောကမ္ဘာများအကြောင်းလဲ လောက
ဗဟုသုတ၊ ဓမ္မဗဟုသုတအဖြစ်ဖတ်လိုက်ပါဦး...
သာဝကသုတ်
သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်။ပ။ မြတ်စွာဘုရားအား ''အသျှင်ဘုရား ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် အဘယ်မျှလောက် များပါကုန်သနည်း''ဟု လျှောက်၏။ ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် များလှကုန်၏၊ ထိုလွန်ကုန်ပြီးသော ကမ္ဘာတို့ကို ''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်း
ကောင်း၊ ''ဤမျှသော ကမ္ဘာအရာတို့''ဟူ၍လည်းကောင်း၊ ''ဤမျှ သော ကမ္ဘာအထောင်တို့'' ဟူ၍လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်း'' တို့ ဟူ၍ လည်းကောင်း ရေတွက် ခြင်းငှါ မလွယ် ဟု မိန့်တော်မူ၏။
အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်းတို့
တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့ ဤသာသနာတော်၌
အနှစ် တစ်ရာ အသက်တမ်းရှိသည် ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော တပည့်
'သာဝက' လေးယောက်တို့သည် နေ့တိုင်း နေ့တိုင်း ကမ္ဘာကပ်ပေါင်းတစ်သိန်း ကမ္ဘာကပ်ပေါင်း
တစ်သိန်းကို အောက်မေ့ကုန်ရာ၏၊ ထိုသို့ အောက်မေ့စဉ် အနှစ်တစ်ရာ အသက်တမ်း ရှိသည်
ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော ဤတပည့် 'သာဝက' လေးယောက်တို့သည်
အနှစ်တစ်ရာ ကို လွန်သောအခါ၌ သေခြင်းကို ပြုကုန်ရာ၏၊ ရဟန်းတို့ ထိုတပည့် 'သာဝက' လေးယောက်တို့သည် ကမ္ဘာတို့ကို ကုန်အောင် မအောင့်မေ့နိုင်သည်သာတည်း။
ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် ဤသို့ များလှကုန်၏၊ ထိုကမ္ဘာတို့ကို
''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာ အရာတို့''ဟူ၍ လည်းကောင်း၊
''ဤမျှသော ကမ္ဘာအထောင်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်းတို့'' ဟူ၍
လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကုန်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။
လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။ 130
၇ - သာဝကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
ကဲ...ဒါတွေကတော့ ကမ္ဘာကြီးပျက်မှာနဲ့ ဆိုင်တဲ့ ဗဟုသုတတွေပဲပေါ့ ...
အထက်ပါဗဟုသုတများကို ဆရာလေးတစ်ပါးရဲ့ သုခကာမိဘလော့   နဲ့  ဆရာတော်
ဦးလောကနာထရဲ့ ဓမ္မစာမျက်နှာများ မှရယူပြီးပြန်လည်တင်ပြပါတယ်...
လောကသုတ၊ ဓမ္မသုတ များတိုးတက်ပွားများနိုင်ပါစေ...
ကုသကြဦးမလား...တရုတ်ရိုးရာဆေးကုနည်းတစ်ဖုံ...
မိတ်ဆွေ ....
သင်နေမကောင်းဖြစ်နေပါသလား...
အောက်ပါဓါတ်ပုံများတွင်ဖော်ပြထားသောနည်းဖြင့် ကုသလိုက်ပါက သင့် ရောဂါဝေဒနာများ
သက်သာပျောက်ကင်းသွားပါလိမ့် မယ်...
တရုတ်နိုင်ငံက နေမကောင်းဖြစ်သူကိုကုသပေးတဲ့ ၇ိုးရာဆေးကုသနည်းတစ်မျိုးပါတဲ့ ...
ရောဂါပိုးတော့ မသိ...လူကတော့ မသေ့ တစ်သေ ခံစားရမည်မှာ အသေအချာပင်...
ဖျားရဲယင်ဖျားကြည့် ...ဦးတရုတ်ကြီးရှိတယ်...
မဟုတ်တရုတ် ဆိုတဲ့ စကားလုံးနဲ့  တစ်ကယ်ကိုပဲလိုက်ဖက်ပါပေတယ်...
သူ့ လိုသာဆို လက်ရှိဆေးသိပ္ပပညာရှင်တွေ ထမင်းငတ်ကုန်မယ်...
ဆေးပစ္စည်းအစုံ...အမယ်စုံဖြင့် .....
တရုတ်တိုင်းရင်းသမားတော်ကြီး ဦးလူရွှီး...လူနာစောင့် မျှော်နေစဉ်....
ဆရာ့ ရဲ့ ကုချက်က ပလင်းခွံ၊ဘူးခွံတွေနဲ့  ရောဂါပိုးတွေကို
ကျောဘက်ကနေစုပ်ယူနည်းပါပဲ...
ပလတ်စတစ်ဗူးခွံ၊ ပုလင်းခွံနဲ့  ၀ါးကျည်တောက်ပါမကျန် အခွံလွတ်မှန်သမျှအကုန်သုံးတဲ့ ...
အခွံလွတ် ဆေးနည်းပေါ့ ....
ပုလင်းများဖယ်လိုက်သောအခါ...အကွင်းများတစ်ကယ်ပေါ်ပေါက်လာ...
သုမနကျောမှာတော့ ဒဏ်ရာများနဲ့ ပေါ့ ....
လေဟာနယ်ပုလင်းလွတ်နဲ့ တင် မသက်သာသေးဘူးဆိုယင်...
ဦးတရုတ်ကြီးမေတ္တာဝေတယ်...လူနာတွေ မီးလောင်ပါစေ....
ဖျားရဲယင်ဖျားကြည့် ...ဦးတရုတ်ကြီးရှိတယ်..
Desperate farmers sell wives to pay debts in rural India
Monday, October 26, 2009
 ချစ်တီးကုလားကိုမယားပေး၍အကြွေးဆပ်ရ
အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ ရှ် ပြည်နယ်နှင့်  မတ္တရာပရာဒေ့ ရှိ ပြည်နယ် တို့ တည်ရှိသော
Bundelkhand ဒေသကြီးတွင် မိုးခေါင်ရေရှားမှုကြောင့် စိုက်ပျိုးသီးနှံများမဖြစ်ထွန်းပဲ အကြွေး
များပြန်မဆပ်နိုင်သဖြင့် လယ်သမားများမှာ ကြံရာမရဖြစ်နေကြရသည်ဟုဆိုသည်...
ယခုကဲ့ သို့ ရာသီဥတုဆိုးဝါးပြီးစပါးဆန်ရေပြတ်လတ်သည့် နှစ်ကို ဆက်လက် အသက်ရှင်နိုင်ရန်
လယ်သများအများစုကတော့  ” ပိုက်ဆံဝါလား ” ဟု ဟင်ဒီဘာသာဖြင့် ငွေကြေးချမ်းသာကြွယ်
ဝသူများဟု အဓိပ္ပါယ်ရသူများထံ ချဉ်းကပ်ကြရ၊ ငွေတိုးချေးကြရလေသည်...( ပိုက်ဆံဆိုတဲ့ 
စကားဟာ ဟင်ဒီဘာသာကဆင်းသက်လာတာ အခုမှပဲ သိတော့ တယ်ဗျာ...)
အစိုးရထံမှာတရားဝင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ အဆိုပါ ငွေတိုးချေးစားသူတွေရဲ့ အတိုးနှုံးက
တော့ ကြောက်ခမန်းလိလိ များပြားပါတယ်လို့ လယ်သမားများကဆိုပါတယ်....
အတိုးတွေများလာပြီဆိုယင်တော့  ငွေချေးတဲ့ သူဌေးတွေကပြန်ဆပ်ဖို့  တောင်းဆိုပါတော့ တယ်...
အဲဒီအခါပြန်မဆပ်နိုင်တဲ့  လယ်သမားတစ်ချို့ ကတော့ အဲဒီငွေတွေအတွက် တစ်သက်လုံး သူတို့ 
ကြွေးရှင် ဆီမှာအလုပ်လုပ်ပြီးဆပ်ကြရပါတယ်...
တစ်ချို့ ကတော့ မိုးကမရွာ၊ ရေကမရမို့ စိုက်ပျိုးထားတာတွေ မအောင်မြင်လို့ ငွေပြန်မဆပ်နိုင်တာ
ကြောင့်  အကြွေးရှင်တွေတောင်း သမျှ ပေးရပါတယ်တဲ့ ...
အဆိုပါအကြွေးရှင်သူဌေးတောင်းတဲ့ အထဲမှာ လယ်သမားတွေရဲ့ ဇနီးမယားတွေပါ ပါဝင်ပါတယ်တဲ့ ....
ဟိုးတုံးကမြန်မာနိုင်ငံကိုအင်္ဂလိပ်တွေအုပ်ချူပ်ခဲ့ စဉ်ကပြောခဲ့ ဖူးတဲ့  ချစ်တီးကုလားက အကြွေးနဲ့ 
သိမ်းတယ်ဆိုတဲ့ စကားဟာ အခုထက်ထိ အိန္ဒိယမှာ ရှိနေတုံးပါပဲ....
” အဲဒီလို လင်ကအကြွေးမဆပ်နိုင်လို့ မယားကို သိမ်းပိုက်တဲ့ အဖြစ်အပျက်ဟာ အခုအထိတစ်ကယ်
ကိုရှိနေပါသေးတယ်...” လို့ အမည်မဖော်လိုသူ လယ်သမားတစ်ဦးရဲ့ ဇနီးကပြောပြပါတယ်....
သူမကို အကြွေးရှင်ချစ်တီးသူဌေးက သူမရဲ့ ယောကျာင်္းဆီကနေ ၀ယ်ယူခဲ့ တာ ( အကြွေးနဲ့ သိမ်း
ခဲ့ တာ )  ပါတဲ့ ...
ရက်ပေါင်း ၃၀ ကြာအောင် အဲဒီ လူ ( ချစ်တီး ) ဟာသူမကို သူနဲ့ အတင်းအကြပ် အတူနေစေခဲ့ 
ပါတယ်...အဲဒီနောက်သူမရဲ့ အဖြစ်အပျက်ကို လူတွေသိသွားတဲ့ အခါမှာ သူမဟာရဲစခန်းကိုတိုင်
ကြားခဲ့ တဲ့ တိုင်ကြားချက်ကို ပြန်ရုပ်သိမ်းပြီး သူမရဲ့ ယောကျာင်္းကလည်း သူမကိုပြန်ခေါ်သွားခဲ့ 
ပါတယ်...
အိန္ဒိယနိုင်ငံမှာတော့  အမျိုးသမီးတွေကို အနိုင်ကျင့် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်ကြတာ အစဉ်
အဆက်ကိုဖြစ်နေခဲ့ ပါပြီလို့ အိန္ဒိယနိုင်ငံ လူမှုဘ၀ သုတေသနဗဟု ဌာနက ရန်ဂျနာကုမာရီ
ကပြောပြခဲ့ ပါတယ်...
မခံနိုင်လို့ သက်ဆိုင်ရာအာဏာပိုင်တွေထံကို တရားစွဲ ဆိုခဲ့ ယင်လည်း အဆိုပါအမျိုးသမီးတွေ
ကို အားပေးထောက်ခံသူက အနည်းငယ်ပဲရှိပါတယ်လို့ သူမက ပြောကြားခဲ့ ပါတယ်...
အဲဒီအကြောင်းဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါသေးတယ်....
မူရင်းသတင်းကတော့ ဒီလိုပါ....
In the region of Bundelkhand, spanning the two northern Indian states of Uttar Pradesh and Madhya Pradesh, drought, debt and desperation have pushed people to extremes. To survive the bad years, some farmers say they turn to the "Paisawalla" -- Hindi for the rich man who lends money. Farmers say the loans from these unofficial lenders usually come with very high interest.
When the interest mounts up, lenders demand payment. Some farmers work as bonded laborers for a lifetime to pay off their debts. Others here say because of years of little rain and bad harvests they are forced to give money lenders whatever they ask for. Sometimes that includes their wives.
"It happens sometimes when somebody borrows money," says a farmer's wife who did not want to be identified. She should know, considering what police say she told them. She said a rich man bought her from her husband. "He did buy me," she says. "That's why he told me he bought me." For 30 days she says the man forced her to live with him. When her case drew public attention, she retracted her police report and her husband took her back.
Ranjana Kumari with India's Centre for Social Research says the exploitation of women is common in the region. And, she says, there is little support for women in India who have the courage to file a case with authorities.
ဝဋ်နှင့် ကြမ္မာမမှီပါခဲ့ ....
Spider girls
ကျွန်မတို့ အပြင်ကိုထွက်ခဲတယ်ရှင့် .....အပြင်ထွက်ရမှာကြောက်တယ်...
We don't go out much , we get nervous...
cojoined twins Ganga and  Jamuna
ဆပ်ကပ်ပြပွဲဖြင့် ဝင်ငွေရှာရတယ် .....
Money-spinners ... sisters perform in circus act
အိန္ဒိယနိုင်ငံမှ ရင်ခြင်းဆက် အမွှာညီအစ်မများဖြစ်သော ဂင်္ဂါနှင့် ယမုနာ ( မြစ်တွေကိုအမှီပြုပြီး
နာမည်ပေးထားတာ ) တို့ ဟာ သူမတို့ မိသားစု ဘ၀ရပ်တည်ရှင်သန်နိုင်ရေးအတွက် ပင့် ကူညီ
အစ်မများ၏ အထူးအဆန်းပြပွဲ အဖြစ်ရုံသွင်းပြသကာ ငွေရှာထောက်ပံ့ နေကြရပါတယ်...
ခေင်းနှစ်လုံး၊ ခြေထောက်သုံးချောင်း၊ လက်လေးဘက် တို့ ပါရှိတဲ့ အသက် ၃၉ နှစ် ရှိအမွှာညီ
အစ်မစုံတွဲဟာ ကမ္ဘာပေါ်မှာသက်ရှိထင်ရှားရှိနေတဲ့  အရှားပါးဆုံးသော ကိုယ်ချင်းဆက်အမွှာတွေ
ထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်...
အထူးအဆန်းအဖြစ် မြင်တွေ့ လိုသူတွေဟာ အဆိုပါအမွှာပူးညီအစ်မရဲ့  အင်းဆက်ကောင်ကဲ့ သို့ 
တွားတွားသွားတာတွေ ပါဝင်တဲ့  ငါးနာရီကြာစင်တင်ပွဲကို သူမတို့ ဇာတိဒေသမှာ ကျင်းပတဲ့ အုပ်
စုလိုက် အမြောက်အများ သွားရောက်ကြည့် ရှုကြပါတယ်...သူတို့ ညီအစ်မ ရရှိတဲ့ ကြေးကတော့ 
ပေါင်စတာလင် ၂၆ ( ၄၂ ဒေါ်လာ ) ဖြစ်ပါတယ်...
အဲဒီလိုတင်ဆက်ပြသလို့  ရတဲ့ ငွေဟာ မိသားစုဝင်ပေါင်း ၂၂ ဦးရှိတဲ့ သူမတို့ မိသားစုကြီး အတွက်
တော့ လ၀က်စာ ( နှစ်ပါတ်စာ ) စားရိတ်သာဖြစ်ပါတယ်...
” ကျွန်မတို့ ကို အထူးအဆန်းတွေဆိုပြီး လူတွေက စိတ်ဝင်တစ်စားလာကြည့် ကြတာပါ...” လို့ 
ယမုနာ ကပြောပါတယ်...
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂေါနယ်မှာ သူတို့ နှစ်ဦးကိုမွေးဖွားခဲ့ တုံးက အရပ်လက်သည်နှစ်ယောက်
ဟာ အံ့ သြထိတ်လန့် ပြီး သတိလစ်လဲကျသွားခဲ့ ကြပါတယ်တဲ့ ....
၎င်းနောက် ကလေးမလေးနှစ်ဦးဟာ ခါးရိုးပိုင်းမှာဆက်နေကြပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့  ပုံ
မှန်အလုပ်လုပ်နေတဲ့ အစိတ်အပိုင်း အသီးသီးဖြစ်ပြီး၊ ခြေထောက်သုံးချောင်းမှာ၊ တစ်ချောင်းသာ
အသုံးပြုလှုပ်ရှားနိုင်ပါတယ်...
သူတို့ ရဲ့ အခြားခြေထောက်နှစ်ချောင်းကတော့  တစ်ခုအဖြစ်ပူးကပ်နေပြီး ခြေချောင်းကလေးတွေ
ကိုးခုရှိပါတယ်...
”ကျွန်မတို့ အပြင်ကိုသိပ်မထွက်ကြပါဘူး...အပြင်သွားရမှာကြောက်တယ်...”  လို့  ဂင်္ဂါ ကပြောပါ
တယ်...
လိုက်ကြမှာကိုပါပဲ...တစ်ကယ်လို့ ခွဲစိတ်ခဲ့ ယင် အသက်အန္တရယ်ရှိတယ်လို့ ဆရာဝန်တွေက
ပြောခဲ့ ကြတာလေ...
 ဒါပေမယ့်  ခန္ဓာကိုယ်ချင်းဆက် အမွှာများခွဲစိတ်ကုသရာမှာကျွမ်းကျင်သူ ဆရာဝန်ကြီး ဂျိမ်းစတိမ်း
ကတော့  သူတို့ ကိုခွဲစိတ်ယင် အသက်ရှင်နိုင်ပါတယ်လို့  မကြာမှီမှာထုတ်လွှင့် တော့ မယ့်  ဒစ်စ
ကာဗာရီ ရုပ်သံလိုင်းမှာပြောကြားခဲ့ ပါတယ်...
ဒါပေမယ့်  သူတို့ ညီအစ်မကတော့  တစ်သက်မခွဲပဲ အခုလိုပဲအတူတူနေသွားကြဖို့  ရွေးချယ်ခဲ့ ကြ
ပါတယ်...
” ဘုရားက ကျွန်မတို့ ကို ဒီိလိုနေဖို့ ဖန်ဆင်းခဲ့ တာပါ....” လို့  သူရဲ့ ညီမကိုဖက်ပြီး ဂင်္ဂါကပြောခဲ့ 
ပါတယ်....
ဆေးပညာသဘောအရ ဘယ်လိုပင်ရှင်းပြစေကာမူ....
         ကျွန်တော်ကတော့  ၀ဋ်ကြွေးလို့ သာထင်မိပါတယ်....
မူရင်းသတင်းကတော့ ဒီလိုဖော်ပြထားပါတယ်...
CONJOINED twins Ganga and Jamuna Mondal support their family with a bizarre circus act - billed as The Spider Sisters.
The 39-year-old pair, who have two heads, three legs and four arms, are among the rarest types of twins in the world.
And curious spectators flock to see them crawl insect-like across the stage in their native India for five hours a night - in return for just £26 in wages.
The cash is enough to feed their extended family of 22 for a fortnight.
Jamuna says: "People are drawn to us. They think we are strange."
When the twins were born in West Bengal, two shocked midwives fainted.
Doctors found the girls were joined at the pelvis, but each has a normal upper body and one functioning leg.
Their other two legs are fused into a single limb with nine toes.Ganga says: "We don't go out much as we get nervous."
Another of the sisters' fears is being separated - after doctors warned it could be fatal.
But US conjoined twins expert Dr James Stein said they COULD survive after testing them in TV documentary Human Spider Sisters - on Discovery at 9pm tomorrow.
Yet the sisters opted to stay together. Cuddling her sister, Ganga says: "The way God made us is the way we will live."
University opens porn course
Sunday, October 25, 2009
ကာမသျှတ္တရ ဒီပလိုမာ....
University opens porn course
ဒီလိုမျိုးအခန်းတွေဆိုယင်ထွက်သွားလို့ ရတယ်ဆိုတာတောင်....
တစ်ယောက်မှမထွက်သွားကြပါဘူး....
ထိုင်ဝမ် နိုင်ငံမှ တက္ကသိုလ်တစ်ခုဟာ တက္ကသိုလ်ဝင်ကျောင်းသူ၊ကျောင်းသားများအတွက် ညစ်ညမ်း
ရုပ်ရှင်ခေါ် အပြာကားများကို ဘယ်လိုကြည့် ရှုခံစားပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ် သုတေသနလုပ်တဲ့ 
အကြောင်းအရာဘာသာရပ်တစ်ခု ဖန်တီးဖွင့် လှစ်သင်ကြားပို့ ချမှု စတင်ခဲ့ ပါတယ်တဲ့ ....
ထိုင်ဝမ်နိုင်ငံ Providence  တက္ကသိုလ်ရဲ့ လူထုဆက်သွယ်ရေးဌာနမှ ယခုနှစ် စာသင်နှစ် အတွက်
အဆိုပါ ဘာသာရပ် သင်တန်းကို ဖွင့် လှစ်ခဲ့ တာဖြစ်ကြောင်း United Daily သတင်းဌာနက သတင်း
ပေးပို့ ခဲ့ ပါတယ်...
အဆိုပါဘာသာရပ်သင်တန်းကို အောင်မြင်ဖို့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့  ညစ်ညမ်းရုပ်ရှင်
အပြာကားရဲ့  ထုတ်နှုတ်ပြသချက်တစ်ခုကို ကြည့် ရှုခံစားသူရဲ့  စိတ်ပိုင်းဆိုင်ရာတုံ့ ပြန်မှုကို ပညာ
ရပ်ရှုထောင့် ကနေ ခွဲခြမ်းစိတ်ဖြာတဲ့ ဆယ့် ငါးမိနစ်စာ စာတမ်းတင်ဆက်မှုတစ်ခုကိုပြုလုပ်ပေးရမှာ
ဖြစ်ပါတယ်...
စိတ်ပူပန်ကြောင့် ကြမှုဖြစ်နေတဲ့  အမည်မဖော်လိုသူကျောင်းသားတစ်ဦးက ” တစ်ကယ်လို့ ဘာ
သာရပ်မှာဂုဏ်ထူးမှတ်ရခဲ့ ယင် မိဘတွေကို ဘယ်လိုရှင်းပြရ မလဲတောင် မသိပါဘူး...” လို့ မှတ်
ချက်ပြုခဲ့ ပါတယ်...
အကယ်၍ဘာသာရပ်ဆိုင်ရာရုပ်ရှင်၊ ပြကွင်း၊ ပြကွက်တွေဟာ သိပ်ကိုပီပြင်၊ ထင်ရှားလွန်းနေယင်
ကျောင်းသားတွေအနေနဲ့  စာသင်ခန်းထဲကနေ အပြင်ကိုထွက်သွားနိုင်ပါတယ်ဆိုတဲ့  သဘော
တူကြောင်း စာရွက်တစ်ရွက်ကိုလည်း လက်မှတ်ထိုးကြရပါတယ်...
အဆိုပါဘာသာရပ် လက်ထောက်ပါမောက္ခ ဆရာမ Chen Mingmei ကတော့ သင်တန်းစဖွင့် 
ကတည်းက အခုအချိန်အထိ သင်ကြားပြသတဲ့ ရုပ်ရှင်ရဲ့  ကြမ်းကြမ်းရမ်းရမ်းပြကွက်တွေကို
ရောက်ယင် ကျောင်းသား၊ကျောင်းသူတစ်ချို့ မျက်လုံးများ ခေတ္တခဏ ဖုံးအုပ်ထားတာက လွဲလို့ 
စာသင်ခန်းကနေ ထွက်သွားတာတစ်ယောက်မှမရှိသေးပါဘူး လို့ ဆိုပါတယ်...( စိတ်ဝင်စား
တာလေ...စိတ်ဝင်စားကြတာ...)
အဲဒီဘာသာရပ်အတွက်လျှောက်ထားတက်ရောက်သူပေါင်း ၅၀ ကျော်ရှိခဲ့ ပြီး သူတို့ အားလုံးနီး
ပါးက ယခင်ကတည်းက အဲဒီလို ရုပ်ရှင်ကားတွေကြည့် ခဲ့ ဖူးပါတယ်လို့ ဝန်ခံပြောကြားခဲ့ ကြပါ
တယ်...
ဘာတွေများသင်ကြားရမှာပါလိမ့်  ဆိုတဲ့ စူးစမ်းလေ့ လာချင်စိတ်က အဆိုပါ ဘာသာရပ်သင်တန်း
ကိုတက်ရောက်စေရခြင်းရဲ့  အဓိကအကြောင်းရင်းဖြစ်ပြီး၊ အများစုက သူတို့ ဒီဘာသာရပ်ကိုသင်
ကြားလေ့ လာနေတာ သူတို့ မိဘတွေ မသိကြသေးဘူးလို့ ဆိုပါတယ်...
အခြားကျောင်းသားတစ်ယောက်ကလည်း ” သက်ဆိုင်ရာဘာသာရပ်တွေရဲ့ အမှတ်စာရင်းတွေ
ထွက်လို့ စာတိုက်ကနေပို့ လိုက်ယင် မိဘတွေ တွေ့ သွားမှာ တစ်ကယ်စိုးရိမ်မိပါတယ်.......
ရမှတ်တွေက ကောင်းနေယင်ဘယ်လိုပြောပြရမှန်းတောင် မသိပါဘူး....” လို့ ဝန်ခံပြောဆို
ခဲ့ ပါတယ်...
” အဲဒီ ဘာသာမှာတစ်ကယ်လို့  စာမေးပွဲကျ ခဲ့ ယင်တော့  အဲဒီကားတွေကိုများများကြည့် ခွင့် 
ပေးဖို့ အိမ်ကိုပြောနိုင်ပြီပေါ့ ....” လို့ လည်း သူကပြောကြားခဲ့ ပါတယ်...
ကဲ....
        ကိုသားကြီးတို့ ရေ....
               အဲဒီသင်တန်းတက်ချင်ရင်တော့  ထိုင်ဝမ်က ဆရာမ မကိကီ ဆီသာစာရင်းပေးသွင်း
                       ကြပါရန်....(  ဟဲ....ဟဲ...နောက်တာနော်....စိတ်ဆိုးနဲ့ ....)
ရွှေပြည်ကြီးမှာများဖွင့် လိုက်ယင် အဲဒီလိုသင်တန်းမျိုးကို တက်လိုက်ကြမယ့် ကျောင်းသားတွေ...
ဒါကမူရင်းသတင်းပါ....
A university in Taiwan has opened a course to teach students how to appreciate and analyse porn movies.
The Mass Communication Department of Providence University opened the course this semester, reports United Daily News.
To pass the course, students must give a 15 minute presentation in which they analyse an audience's psychological reaction to a porn clip from an academic perspective.
One worried student, who did not wish to be named, commented: "If I get a very good score in this course, I don't know how I'll explain it to my parents."
When registering for the voluntary course, students signed a paper agreeing that if the scenes were too explicit, they could choose to leave the classroom
The teacher, assistant professor Miss Chen Mingmei, said no students had ever left her class but some would briefly cover their eyes during the stronger scenes.
More than 50 students registered for the course, and most of them confessed that they had watched porn videos before.
Curiosity was given as the main reason for taking the course and most admitted their parents did not know what they were studying.
Another student admitted: "I am really worried my parents will see the score report when it is mailed home. I won?t know what to say if I get a high score
"However if I fail the course, I can speak to my parents and suggest that maybe I should watch more porn."
သတ်ပုံမှားတဲ့ အဖြစ်အပျက်များ ( ၂ )
Saturday, October 24, 2009
ပထမပိုင်းကိုနှစ်ခြိုက်သူများအတွက်....
အဖေ...ကျွန်တော့် ကိုဘယ်လိုစက်ဘီးမျိုးဝယ်ပေးတာလဲဗျာ...
ထိတော့ ထိတယ်...ဒါပေမယ့် ကွယ်....
ဖြစ်မှဖြစ်ရလေတယ်....
ကြံကြံဖန်ဖန်....
မှားတဲ့ အခါလည်းမှားပေမပေါ့ ....
သိပ်တော်တဲ့ သမ္မတကြီး...စာအုပ်တောင်ပြောင်းပြန်ဖတ်နိုင်တယ်...
နိုင်ငံရေးသမားဆိုတာ..အဲဒီလိုဟန်ဆောင်ကောင်းရတယ်...
သြော် cctv တဲ့ လားကွယ်...
မြင်သာမြင်ရ....မကြင်ရ
မကျီစားပါနဲ့ ....သခင်ကြင်နာပါ....
အကောင်ငယ်ပေမယ့် ...သူ့ ကိုတော့ ကြောက်ရတယ်နော်....
အိန်ကျယ်ပေါ့ .....
တစ်လွဲတစ်ချော်...
သြော်...ထားစရာရှားလို့ ကွယ်....
Thai festival is a hole lotta fun
Friday, October 23, 2009
Thai festival is a hole lotta fun
ထိုင်းနိုင်ငံက သတ်သတ်လွတ်ပွဲတော်...
ကျွန်တော်တို့ ရွှေပြည်ကြီးတွင် အိန္ဒိယကုလား၊ဟိန္ဒူလူမျိုးများမီးနင်းသည်ကိုတွေ့ ဖူးကြပေမည်...
မီးမနင်းမှီ၊၄င်းတို့ ၏ခန္ဓာကိုယ်အနှံ့ အပြား သံချွန်အရှည်များဖြင့် ထိုးစိုက်ပြီးအလှဆင်ကာ လှည့် 
လည်အလှူခံပြီး၊သံချွန်များစိုက်ထားသူများရော၊မစိုက်ထားသူများပါ ရဲရဲတောက်နေသောမီးပုံပေါ်
တွင်ဖြတ်နင်းလမ်းလျှောက်လေ့ ရှိကြသည်...
ယခုထိုင်းနိုင်ငံ၊ဖူးခက်မြို့ တွင်နှစ်စဉ်ဆယ်ရက်ကြာသတ်သတ်လွတ်ပွဲတော်တွင်တော့ 
မီးမနင်းပေမယ့်  အဓိဌာန်ဝင်သည့် သူများ၏မျက်နှာတွင် သေနတ်များ၊ ဓါးများနှင့် ချွန်ထက်
သောအရာဝတ္တုများအပါအ၀င် နာနတ်သီး၏အရိုးများကိုပင်ထိုးဖောက်ကာပါဝင်ဆင်နွှဲ ကြ
သည်ဟုဆိုပါတယ်...
ဆယ်ရက်ကြာကျင်းပတဲ့ ထိုပွဲတော်မှာ ပါဝင်သူများဟာလမ်းပေါင်း ကိုးလမ်းကိုအဆိုပါ ထိုး
ဖောက်ထားသော လက်နက်ကိရိယာများဖြင့်လှည့် လည်လေ့ ရှိကြသည် ...၄င်းတို့ ကထို
သို့ ပြုလုပ်သည်မှာ အကုသိုလ်များ၊ရောဂါဘယများကင်းဝေစေသောကြောင့် ဟူ၏...
အဘယ်အရာကို ကင်းစင်စေသည်တော့ မသိ၊ အသုံးပြုသည့် ဓား၊လှံ သံချွန်များတွင် သံချေး
မတက်စေရန်တော့  မျှော်လင့် ရပေသည်...
ကံအကျိုးပေးအလျှောက်၎င်းတို့ ပိုင်ဆိုင်၊သက်ဆိုင်ရာနေရာဒေသတွင်တော့ ကမ္မဇသိဒ္ဓိကြောင့် 
ထိုကဲ့ သို့ စွမ်းနိုင်မည်ဖြစ်သော်လည်း၊ အဆိုပါ နောက်ကွယ်မှမမြင်ရသော အောက်အဆင့် နတ်
စိမ်းများကို ကိုးကွယ်ယုံကြည်သူများအနေဖြင့် အခိုက်အတန့် အားဖြင့် အကြောင်းအားလျော်စွာ ရောဂါတစ်ချို့ တစ်လေ ပျောက်ကင်းမည်၊ စိတ်ကူးအကြံအစည်တစ်ချို့ အောင်မြင်ကောင်းအောင်
မြင်ပေလိမ့် မည်....ထိုထက်ပို၍ကား....
သို့ သော်..
သေချိန်တန်ကျလျှင်တော့ သေကြရသည်သာ၊နာချိန်ကျလျှင်တော့ နာရသည်သာ...
မည်သူမျှလဲ ထိုထိုပုဂ္ဂိုလ်များ မ စ စောင့် ရှောက်သောကြောင့် ဖူးခက်၏အချမ်းသာအကြွယ်ဝ
ဆုံးသူဌေးစာရင်းတွင်ပါမည်မထင်...
သံသရာဘေးမှလွတ်မည့် အရေးကား ပို၍ပင်ဝေးသေးတော့ သည်...
ထူးတိုင်းလည်းအားကိုးရန်မသင့် ၊ဆန်းတိုင်းလည်းမှီခိုဖို့ မထိုက်ပေ...
ဗဟုသုတရစေရန်အလို့ ငှာတင်ထားပါသည်...
အသည်းငယ်သူများ၊ကြောက်တတ်သူများမကြည့် လျှင်ကောင်းပါတယ်...
ဘာပဲပြောပြော၊ရွှေပြည်ကြီးကမီးနင်းတဲ့ ကုလားများကိုတော့  ဖူးခက်ကတရုတ်များက
သနားတယ်...
FORGET Download Festival, this is where the heavy metal's really at.
At the annual Vegetarian Festival in Phuket island, Thailand, guns, knives, sharp objects and even pineapples are shunted through piercings in local's faces.
The ten day freak-fest involves nine street processions and is all in aid of cleansing the body.
Cleansing? We just hope they sterilised that rifle.
သေနတ်နှစ်လက်နဲ့  အစိမ်းပူးတဲ့ သူ....
သြော်...သံကြိုးတောင်ဖောက်တာ...ဘာမှမဖြစ်...
Feeling ropey ... man with rope through face
ဒါကတော့ ပွဲသိမ်းပဲ....နာနာသီးကို အရိုးအရင်းကနေထိုးထွင်းထားတာ...
Totally tropical face....boy with pineapple...
ဘုရားဘုရား....မြင်ရ..ရင်ဝမှာ၊ မသက်သာပါတကား.....
Nife to see you....boy with knives through cheeks...
အရှင်လတ်လတ် ပြိတ္တာငရဲ ကျနေလေသလား...
Lip disservice.....painful lip rings....
လှည့် လည်ကာနွှဲပျော်....ယုံကြည်သူတို့ ရဲ့ ပွဲတော်...
Pierce of the action....locals on parade....
အာဂမိန်းမ...ထိုမိန်းမ....
Needle a hand here....a woman enjoys the event....
အော်...မောင်မင်းကြီးသားဘ၀...မလှပ၇ချေပြီ....
Oh my gash.....Metal shards through mouth...