Wednesday, February 13, 2013
အမေ….
တယ်လို့ ဆိုတာမို့ ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် ကလေးဘ၀ကတည်းမှစပြီး ပြုစုစောင့် ရှောက်လာ
တဲ့ ငြိမ်းချမ်းအေးမြတဲ့ အပြုံးပိုင်ရှင်အမေ့ ထံမှာပဲ အမေချစ်တဲ့ သား၊ အမေ့ ကိုချစ်တဲ့ သားအဖြစ် သံသရာ
တစ်လျှောက်လုံး ဆုံဆည်းချင်ပါတယ်အမေ….
                ၁၆ နှစ်လုံးလုံးအမေ့ ကိုလုပ်ကျွေးခွင့် ရခဲ့ ပေမယ့် လည်း တုနှိုင်းမမှီတဲ့ အမေ့ မေတ္တာနဲ့ ယှဉ်
လိုက်ယင်တော့ အမေ့ ကိုသားကျေးဇူးဆပ်ခဲ့ တဲ့ ကာလလေးဟာ အမြဲစီးဆင်းနေတဲ့ မိခင်ဧရာဝတီမြစ်ကြီး
မှာ တစ်ခဏတာမျှရေပြန်ထိုးတဲ့ဆန်ရေအငယ်လေးတစ်ခုသာသာပဲ၇ှိမှာပါအမေရယ်….
                 အသက် ၈၀ ဆိုတာအခုခေတ်လူတွေသက်တမ်းနဲ့ ဆိုယင် မနည်းလှပါဘူးလို့ ဆိုနိုင်ပေမယ့် 
သားအတွက်ကတော့ အမေ သံသရာခရီး၇ှည်ကိုရုတ်တရက်ထွက်သွားခဲ့ တာဟာမြန်လွန်းလှပါတယ်လို့ ဆို
ချင်ပါတယ်အမေ….
                  အမေ့ ရဲ့ နောက်ဆုံးအချိန်လေးမှာ အမေ့ ဘေးမှာသားကိုရှိစေချင်သလိုသားကလည်းအမေ့ 
သိမ့် နိုင်ခဲ့ ပါတယ်အမေ….
                  ပြီးတော့ အမေ့ ကိုမိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှ မိရိုးဖလာလွန်ဗုဒ္ဓဘာသာဝင်ကောင်း
တစ်ယောက်ဖြစ်အောင်၊ပါရမီတွေဖြည့် ဆည်းနိုင်အောင်တရားစခန်းတွေအကြိမ်ကြိမ်ဝင်ပြီးသတိပဌာန်
တရားတွေ အားထုတ်နိုင်ဖို့ ၊ ရဟန်းဒါယိကာမဖြစ်အောင်သားကိုယ်တိုင် ဒုလ္လဘရဟန်းဝတ်ပေးနိုင်ခဲ့ ခြင်း
တို့ ဖြင့် အမေ့ ကို ဓမ္မနဲ့ ကျေးဇူးဆပ်နိုင်ခဲ့ တဲ့ အတွက်လည်းအမေ့ အတွက်သား ကျေနပ်နှစ်သိမ့် နိုင်ခဲ့ ပါ
တယ်အမေ...
                  ဒါပေမယ့် အမေရယ်… သားအိမ်ပြန်ရောက်လို့ သုံးလအတွင်းမှာပဲ အမေသားတို့ ကို စိတ်ချ
လက်ချထားခဲ့ တာကတော့ မြန်လွန်းလှပါတယ်… အဝေးတစ်နေရာက သားပြန်ရောက်လာလို့ အားတင်း
ထားတဲ့ စိတ်တွေလျော့ ချလိုက်တာလားလို့ လည်းသားထင်မိပါတယ်… အမေ့ မြေးလေးတွေနဲ့ အမြဲပျော်
ရွှင်နေတဲ့ ပုံရိပ်တွေသားဘယ်လိုမေ့ ပျောက်နိုင်ပါ့ မလည်းအမေ….
                    အမေနဲ့ သားတို့ ဒီဘ၀မှာရှိနေခဲ့ စဉ် ပုထုစဉ်ပီပီ အမှားမကင်းတာမို့ အမေ့ အပေါ်သားပြစ်
မှားကျူးလွန်ခဲ့ မိတာတွေရှိယင် ခွင့် လွှတ်ပါလို့ သားတောင်းပါကန်တော့ ပါတယ်အမေ….အမေအမြဲတမ်း
ခွင့် လွှတ်မယ်ဆိုတာလည်းသားယုံကြည်ပါတယ်အမေ…
                     ထပ်ပြောပါရစေအမေ…. သံသရာအဆက်ဆက် အမေချစ်တဲ့ သား၊ အမေ့ ကိုချစ်တဲ့ သား
အဖြစ်နဲ့ ပစ္ဆိမနောက်ဆုံးဘ၀အထိ အကြိမ်ကြိမ်ဆုံတွေ့ နိုင်ရပါစေအမေ….
                                                                         အမေချစ်တဲ့ သား....
Tuesday, February 5, 2013
"မသိရာဆီပြန်သွားရလိမ့် မယ်"
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး....
လူ့ ဘ၀ တစ်ကြိမ်တစ်ခါရရှိဖို့ တိရစ္ဆာန်ဘ၀ပေါင်း တစ်ရာလောက်ကျင်လည် ရင်းနှီးခဲ့ ရတယ်။
တိရစ္ဆာန်ဘ၀က ပါလာတဲ့ အရှိန်အဟုန် သတ္တိစရိုက်ဥာဉ်တွေ
မပြယ်တတ်သေးတော့ လူတွေဟာ မေ့ မေ့ မျောမျောကြီးနဲ့ 
အာရုံခံစားပါလေရော။ တစ်ခါ တစ်ဖက်က အာရုံငါးပါး ဖမ်းစားမှုကလည်း လူတွေကို မေ့ လျော့ အောင် ပြုစားထားသလို ရှိတဲ.အတွက်
"မေ့ ကျင့် " ရလာကြတယ်။
နေတော့ လည်း မေ့ လျော့ တွေဝေ၊ သေတော့ လည်း ဒီလိုပဲ မေ့ လျော့ တွေဝေ ၊
မောဟနဲ့ သေမယ်ဆိုရင် လာရာလမ်းကို ပြန်ရမယ်။ လာရာလမ်းဆိုတာကတော့ 
မောဟဘုံလို့ ခေါ်တဲ့ တိရစ္ဆာန်ဘ၀တွေဆီပဲပေါ့ ။
မသိရာက စခဲ့ ပြီး မသိရာမှာ ဆုံးခဲ့ ရင် မသိရာဆီပြန်သွားပြီး၊
မသိရာက ပြန်စရလိမ့် မယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး