Cool Gadgets 2

Saturday, April 30, 2011
စိတ်ကူးဆန်းဆန်း၊ ပုံစံဆန်းဆန်းပစ္စည်းများ ( ၂ ) ....

Large collection of awesome gadgets.
ထူးထူးဆန်းဆန်းစိတ်ကူးစိတ်သန်းများနဲ့ တီထွင်ထားတဲ့ အိမ်တွင်းဖြစ်ပစ္စည်းဆန်းလေးများပါ....


 



















Chinese Psychologist Promotes Himself with Underwear Model

Friday, April 29, 2011
 တရုတ်နိုင်ငံမှ စိတ်ရောဂါဆရာဝန်တစ်ဦး၏ကြေငြာဆန်း....

ဒေါက်တာဟေး အမည်ရှိတရုတ်နိုင်ငံမှ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ ရှန်ကျင်းဇ် မြို့ တော်မှလမ်း
ပေါ်တွင် အတွင်းခံဝတ်စုံသာဝတ်ဆင်ထားသည့်အမျိုးသမီးငယ်တစ်ဦးနှင့် အတူ ၎င်း၏ဆေးခန်းအတွက်
ကြေငြာထွက်ခဲ့ သဖြင့် အင်တာနက်သုံးစွဲသူ တရုတ်နိုင်ငံသားများ ( အင်တာနက်မှ ထိုဓါတ်ပုံများမြင်တွေ့ 
ခဲ့ ကြရ၍ ) အံ့ အားသင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ ကြရပါတယ်...
ဒါဟာ လုပ်ငန်းရှင်များအတွက်သမားရိုးကျလုပ်ငန်းကြေငြာတစ်ခုမဟုတ်တာတော့ သေချာပါတယ်...
ဒီလိုအဆန်းထွင်ကြေငြာတဲ့ သူကလည်း စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်တစ်ဦးဖြစ်နေတာမို့ သူ့ အနေ
နဲ့ လူတွေရဲ့ မှတ်သိတုံ့ ပြန်မှုကို တတ်သိနားလည်နေတာဖြစ်ပါတယ်...
ဒါကြောင့် လည်း( အခုလိုအေးချမ်းတဲ့ ကာလမှာ အတွင်းခံအ၀တ်အစားသာဝတ်ဆင်ထားသည့် အမျိုးသမီး
ငယ်တစ်ဦးနှင့် အတူလမ်းပေါ်မှာ ထွက်လာပြီး ကြေငြာလို့ ) လူတွေအထိတ်တလန့် ၊ တစ်အံ့ တစ်သြဖြစ်
စေမယ့် ဖန်တီးချက်ကို စီစဉ်ခဲ့ တာဖြစ်မှာပါ...
သူက ဘရာစီယာနှင့် ပင်တီဘောင်းဘီသာဝတ်ဆင်ထားသည့် အမျိုးသမီးငယ်ကို " နိုင်ငံတော်ရဲ့ အဖိုးတန်
သားကောင်းရတနာ၊ စိတ်ရောဂါအထူးကုဆရာဝန်၊ တစ်နှစ်လျှင်ဝင်ငွေ ယွမ်ဆယ်သန်း၊ ဆေးခန်းရောင်း
မည်" ဟူသောဆိုင်းဘုတ်ကို ကိုင်မြှောက်စေခဲ့ ပါတယ်...

ထိုအမျိုးသမီးငယ်က မတ်တပ်ရပ်ပြီးဆိုင်းဘုတ်ကိုကိုင်မြှောက်နေချိန်မှာတော့ စိတ်ရောဂါကုဆရာဝန်ကြီးက ကုလားထိုင်တစ်လုံးပေါ်မှာသက်တောင့်သက်သာထိုင်ပြီး လမ်းသွားလမ်းလာများ စုရုံးရောက်ရှိကာ မိုဘိုင်းဖုံးများဖြင့် ဓါတ်ပုံရိုက်ကူးသည်ကို ခံယူရင်းသတင်းမီဒီယာများအားစောင့် ဆိုင်းနေခဲ့ ပါတယ်...

ယခုကဲ့ သို့ လူအများအံ့ အားသင့် စေမည့် နည်းလမ်းကိုသုံးသည့် သူ့ ရဲ့ နည်းလမ်းဟာ ထိရောက်တယ်လို့ 
ဆိုရပေမယ့် ဖော်ချွတ်ကာ ဆိုင်းဘုတ်ကိုင်မတ်တပ်ရပြရသည့် မိန်းကလေးကတော့ ပျော်ရွှင်နိုင်မှာမဟုတ်
တာအသေအချာပါပဲ...
ထိုကဲ့ သို့ အရှက်လုံရုံမျှဝတ်ဆင်ပြီးကြေငြာပြဖို့ သူမအနေနှင့် ငွေကြေးတစ်စုံတစ်ရာရရှိမှာမှန်ပေမယ့် အေး
ချမ်းလှတဲ့ ဆောင်းနေ့ တစ်နေ့ မှာထိုသို့ ပြုလုပ်နိုင်ဖို့ ကတော့ မလွယ်လှပါဘူး...
လမ်းသွားလမ်းလာမြင်တွေ့ သူများရဲ့ ပြောကြားချက်အရ မိနစ် ၂၀ လောက်အတွင်းမှာပဲအေးလွန်းလို့ သူမ
ရဲ့ အသားအရေတွေနီလားပြီး အ၀တ်အစားတွေပြန်ဝတ်ခဲ့ လိုက်ပါတယ်...
ဒါပေမယ့် ထိုအချိန်ကာလကတော့ ဆရာဝန်ကြီးမျှော်မှန်းတာထက် ( သူ့ ဆေးခန်းကို ) လူသိပိုများသွားစေ
တာအမှန်ပါပဲ....

ထိုဆရာကြီးရဲ့ ကြေငြာပုံကိုရှုစားလှည့် ပါကုန်....

လက်သည်းခြေသည်းညှပ်တယ်၊ နားဖာကလော်တယ်....အဲလေ မဟုတ်ပါဘူး...
 
အထူးကု...အဲလေ....အရူးကုပါခင်ဗျာ....


ကြိုက်သလောက်ရူးပါစေ ...ကျွန်တော်နဲ့ တွေ့ ယင် ပိုရူးစေရမည်...
တစ်နှစ်ကို ယွမ်ငွေဆယ်သန်းဝင်တာမို့ လမ်းပေါ်မှာ ကုလားထိုင်တစ်လုံးနဲ့ ဆေးခန်းဖွင့် တာပါ...

မြန်မြန်လုပ်ပါဦးလေးရယ်....
 
ဒီမှာချမ်းလို့ သေတော့မယ့် ... သူ့ ကျတော့ ကုတ်နဲ့ ဘာနဲ့ အကျအနထိုင်လို့ 


A certain psychologist who goes by the name of Doctor He has shocked Chinese netizens after he showed up on the streets of Shenzen City, China, with a woman in her underwear, who helped him advertise his services.
I know it’s not the most common way to look for employers, but you have to understand this guy is a psychologist; he knows how the human brain works so I guess he decided a shocking approach was the easiest way to grab the attention he needed. So He hired a girl to stand beside him on the street, dressed only in underwear and holding a sign that said ““National treasure, Mental Illness Specialist, 10 million yearly salary, searching for buyer.” Meanwhile he just sat quietly in his chair, waiting for the media and watching as passers-by gathered to take photos with their cellphones.
Very straightforward marketing strategy I must say, but I bet the girl hated every minute of her performance. While she may be comfortable getting paid for showing up in her underwear, doing so on a winter day must not have been easy. As a matter of fact, witnesses say her skin quickly turned red from the cold, and she put her clothes back on after about 20 minutes. But that was more than enough for the doctor to reach his goal.

Cool Gadgets

Wednesday, April 27, 2011
စိတ်ကူးဆန်းဆန်း၊ ပုံစံဆန်းဆန်းပစ္စည်းများ....

Large collection of awesome gadgets.
ထူးထူးဆန်းဆန်းစိတ်ကူးစိတ်သန်းများနဲ့ တီထွင်ထားတဲ့ အိမ်တွင်းဖြစ်ပစ္စည်းဆန်းလေးများပါ....

နေအိမ်ခန်းအပြောင်းအရွှေ့ ကြောင့် အလုပ်များနေပါသဖြင့် တစ်ရက်နှစ်ရက်မျှပို့ စ်တင်ခြင်းပြုနိုင်မည်
ဟုတ်ကြောင်း မိတ်ဆွေအပေါင်းအားအသိပေးတောင်းပန်အပ်ပါတယ်ခင်ဗျာ...


















 

Foreign maids' extra service in the park

Tuesday, April 26, 2011
ဟောင်ကောင်အိမ်ဖော်တစ်ချို့ ၏အားလပ်ရက် အပမ်းမကြီး၊ဖြတ်လမ်းနည်းဖြင့် ငွေရှာနည်း...

ဟောင်ကောင်တွင် လာရောက်လုပ်ကိုင်နေကြသည့် အိမ်ဖော်အမျိုးသမီးတစ်ချို့ ဟာနားရက်များတွင် ပန်း
ခြံများ၌ ငွေရလွယ်သည့် နည်းလမ်းအသစ်များနဲ့ ငွေရှာလာတတ်ကြပါတယ်...
ဟောင်ကောင်တွင်အိမ်ဖော်အလုပ်သမများကို အပါတ်စဉ်ရုံးပိတ်ရက် ( တနင်္ဂနွေနေ့ ) ၌အနားပေးတတ်ကြ
တာမို့ နည်းလမ်းသစ်ရှာတွေ့ ကြသည့် အိမ်ဖော်အမျိုးသမီးများဟာ မာအွန်ရှန်း ပန်းခြံ၌စုံစည်းလေ့ ရှိပြီးအား
ပေးမည့် ဖောက်သည်များကို စောင့် မျှော်နေတတ်ကြပါတယ်...
ဟောင်ကောင်ဒေါ်လာ ၁၀၊ ၂၀ ခန့် ( တစ်ဒေါ်လာလျှင် ဟောင်ကောင် ၇.၈ ခန့် ရှိပါမည် ) ပေးကာမျှဖြင့် 
အားပေးသူ အမျိုးသားများဟာ ထိုအိမ်ဖော်အမျိုးသမီးများ၏မည်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကိုမဆို ထိ
တွေ့ ကိုင်တွယ်ခွင့် ရမှာဖြစ်ပါတယ်...
ရက်သတ္တပါတ်ကြာလေ့ လာစုံစမ်းပြီးနောက်တွင်တော့ အိမ်ဖော် ၇ ယောက်၊ ၈ ယောက်ခန့် ဟာ ပန်းခြံ၏
ဆေးလိပ်သောက်သုံးခွင့် ရှိသည့် ဖက်ခြမ်းတွင် ဆုံစည်း၊စုရုံးလေ့ ရှိကြသည်ကို ဟောင်ကောင် စင်တောင်း
နေ့ စဉ်သတင်းစာက တွေ့ ရှိခဲ့ ပါတယ်...

အညောင်းလည်းပြေ...ငွေလည်းရ...
လွန်ခဲ့ သည့် တနင်္ဂနွေနေ့ မှာတော့ အသက် ၆၀ ကျော်အရွယ်ရှိအမျိုးသားတစ်ဦးကို ထိုအမျိုးသမီးတစ်ချို့ 
နှင့် စကားပြောဆိုနေခဲ့ သည်ကိုတွေ့ ရှိခဲ့ ရပါတယ်...
ပထမတော့အမျိုးသားဟာ မိန်းကလေးတစ်ယောက်၏ပခုံးပေါ်တွင်၎င်း၏လက်ကိုတင်ကာ ရယ်မောနောက်
ပြောင်နေခဲ့ တာဖြစ်ပါတယ်...
သို့ သော်ထိုမိန်းကလေးမှ ၎င်းအား နားတွင်ကပ်ကာတစ်စုံတစ်ရာတီးတိုးပြောဆိုခဲ့ ပြီးနောက်တွင်တော့ ထို
အမျိုးသားအနေနှင့် ပိုမိုအတင့် ရဲလာခဲ့ ပါတော့ တယ်...
သူဟာ မိန်းကလေးကိုနှိပ်နယ်ပေးပြီးနောက်၊ မဖွယ်မရာပုံစံဖြင့် အနောက်ဖက်မှနေပြီးသိုင်းဖက်ခဲ့ ပါတော့ 
တယ်...

၎င်းနောက်ထိုအမျိုးသားဟာ နောက်ထပ်အမျိုးသမီးတစ်ဦးကို ထိုင်ခိုင်းစေခဲ့ ကာ မဖွယ်မရာကိုင်တွယ်ခဲ့ ပါ
သေးတယ်...
ထိုသူဟာအမျိုးသမီးများကို ဟောင်ကောင်ဒေါ်လာ တစ်ဆယ်တန်တစ်ချို့ စီပေးပြီးနောက်ထွက်ခွာသွားခဲ့ ပါ
တယ်...
ထိုကိစ္စနှင့် ပါတ်သက်ပြီး ၎င်းတို့ အနေနှင့် တိုင်ကြားချက်တစ်စုံတစ်ရာမရရှိသေးပါကြောင်း ဟောင်ကောင်ရဲ
တပ်ဖွဲ့ ကဆိုလိုက်ပြီး ထိုပန်းခြံကိုတော့ ကင်းလှည့် စောင့် ကြည့် မှုများပိုမိုပြုလုပ်သွားမယ်လို့ ဆိုပါတယ်...

လူအမျိုးမျိုးစိတ်အထွေထွေဆိုတာတစ်ကယ်မှန်လှပါတယ်...

အပါတ်စဉ်တနင်္ဂနွေနေ့ တိုင်းနားရက်ရတာမို့ ဟောင်ကောင်မှအိမ်ဖော်အလုပ်သမများရဲ့ ဘ၀ဟာ အရှေ့ အ
လယ်ပိုင်းဒေသမှ အိမ်ဖော်များနှင့် စာယင်အလွန်အင်မတန်ကံကောင်းကြပါတယ်...
လစာလည်းပိုများ၊ လူ့ အခွင့် အရေးလည်းပိုရကြတာမို့ နားရက်ရတဲ့ အချိန်များကိုအကျိုးရှိအောင်အသုံးချ
မယ်ဆိုယင် သူတို့ အတွက် ပိုပြီးတိုးတက်ဖို့ အခွင့် အလမ်းပါပဲ...
ဆော်ဒီ၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး အစရှိသည့် အာရပ်နိုင်ငံများမှာလာရောက်လုပ်ကိုင်နေသည့် အိမ်ဖော်
များမှာတော့ တစ်ပါတ်တစ်ရက်၊ တစ်လတစ်ရက်မပြောနှင့် ၊ တစ်နှစ်လုံးနေလို့ တစ်ရက်မျှနားရက်မရသည့်
အပြင် အိမ်ရှင်အမျိုးသမီး၏အဆူအဆဲ၊ အမျိုးသားအပါအ၀င် အရွယ်ရောက်သည့်သားများ၊ ဆွေမျိုးတော်
စပ်သည့် အမျိုးသားများ၏ မဖွယ်မရာထိတွေ့ ကိုင်တွယ်ပြောဆိုဆက်ဆံမှု၊ အတင်းအဓမ္မကျင့် မှုမျိုးစုံကို
လည်းခံတတ်ကြရပါသေးတယ်...
ထိုငရဲများမှလွတ်မြောက်အောင်ထွက်ပြေးသူအိမ်ဖော်များကိုလည်း အပြင်မှစောင့် ပြီးပိုမိုဆိုးသွမ်းသည့် 
လောကငရဲ ( ပြည့် တန်ဆာအဖြစ်ရောင်းစားမည့် ) သို့ ပို့ ပေးမည့် သူများကလည်း ရှိနေကြတယ်ဆိုတာ
မကြာခဏပါတတ်သည့်သတင်းများအရသိရှိရပါတယ်...

ဟောင်ကောင်ဗစ်တိုရီးယားပန်းခြံနှင့် ကမ်းနားတစ်လျှောက်မှာ တနင်္ဂနွေနေ့ တွေဆို ( ဟိုစဉ်ကတော့ ဖိလစ်
ပိုင်အမျိုးသမီးများက အများဆုံးဖြစ်ပါတယ်...) နားရက်ရတဲ့ အိမ်ဖော်အမျိုးသမီးတွေ ထောင်နှင့် သောင်း
နှင့် ချီပြီးတော့ ကိုမြင်တွေ့ ကြရမှာဖြစ်ပါတယ်...( စင်္ကာပူမှာတော့ အောချတ်လမ်းပေါ့ )
မိုးမလင်းခင် အရက်၊ဘီယာမူးပြီးကနေသူတွေရှိသလို၊ အုပ်စုလိုက် ၀ိုင်းဖွဲ့ ကာ မိမိတို့ ကိုးကွယ်ယုံကြည်ရာ
ဘာသာအလိုက် ၀တ်ပြုဆုတောင်းနေတာ ( ခရစ်ယာန်ဘာသာဝင်တွေကအများစုပါ ) ကိုလည်း ကျွန်တော်
ကိုယ်တိုင်တွေ့ ကြုံခဲ့ ဖူးပါတယ်...
တစ်ချို့ ကျတော့ ကိုယ်ပိုင်ထမင်းဗူးလေးနှင့် ခြင်းကလေး၊ ဗန်းကလေးယူလာကာ စုံစံနဖာပစ္စည်းလေးတွေ
လည်းချရောင်းနေတတ်ကြပါသေးတယ်...
ဟောင်ကောင်ရောက်သင်္ဘောသားများ၊ လုပ်သမားများအတွက်ကတော့ အချိုရှာသကာတွေ့ ဆိုသလိုပါပဲ...
ထိုအမျိုးသမီးအုပ်စုရှိရာကိုနှစ်ခါဖြတ်မလျှောက်ရပါဘူး...သဘောတွေ့ ရာ၊ အဖော်လိုနေသူအမျိုးသမီးတစ်
ယောက်တော့ အသေအချာရတာပါပဲ...
အသက် ၅၀ ကျော်သင်္ဘောသားအဖိုးကြီးတွေတောင် ဖိလစ်ပိုင်အမျိုးသမီးရည်းစားရကြတာအမှန်ပါ...
အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေမမျှတော့လည်း ရရှာအဖော်ရှာ၊ပျော်ကြရတာပါပဲ...
(ဟောင်ကောင်နိုင်ငံသားများကတော့ ထိုအိမ်ဖော်များကို ရည်းစားမထားတတ်ကြဘူးလေ...ဒီတော့ ခရီး
သွားဟန်လွဲရောက်ကြသူများနဲ့ တစ်ခြားအာရှနိုင်ငံသား ကိုရွှေများ၊ အိန္ဒိယ၊သီရိလင်္ကာ၊ စသည့် နိုင်ငံသား
များ ရည်းစားအလွယ်တစ်ကူရကြတာပါပဲ...)
ကိုပီတာရောလို့ မမေးနဲ့ ...အသက်သာအသေခံလိုက်မယ်မပြောဘူး...
တစ်ကယ်ပါဗျာ...ဘယ်သူနဲ့ မှ တစ်ခါမှ ...မတစ်ခါခဲ့ ဘူးပါဘူး...

Foreign maids have found a way of making quick bucks at a park in Hong Kong.
The workers, who are given off on weekends, have got together at Ma On Shan Park to fish for customers.
For just a few tens of HK dollars (10 HK dollar = RM3.90), a man can touch the woman wherever he wants.
After weeks of observations, Sing Tao Daily noticed that a group of about seven to eight maids usually gathered at the smoking zone of the park.
On one Sunday, a man, in his 60s, was spotted chit-chatting with a few women.
At first they were just talking and telling jokes with the man putting his arm on one of the women's shoulder.
But after she whispered in his ear, the man became very daring.
He gave the woman a massage, then hugged her from behind and stuck his lower abdomen to her buttocks.
The man then pulled another woman to sit down and groped her breasts.
He gave the women a few ten-dollar notes before leaving.
Police said they have yet to receive any complaints over the matter, but would beef up patrols at the park.
Source and Photo credit: Sing Tao Daily, HK

Woman gives birth to 20th child Leonora Nameni is the most prolific mother in Ukraine.

Monday, April 25, 2011
ယူကရိန်းက သားသမီးနှစ်ဆယ်ယောက်မြောက်မွေးသည့် မိခင်...


ယူကရိန်းနိုင်ငံမှ အသက် ၄၁ နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးဟာ အယောက်နှစ်ဆယ်မြောက်ရင်သွေးကို
မွေးဖွားခဲ့ ပါတယ်...
မိခင်ရောကလေးပါ ကျန်းမာလျှက်ရှိတယ်လို့ ဆိုပါတယ်...မိခင်ဖြစ်သူ လီယိုနိုရာက သူမအနေနှင့် ကလေး
များဆက်လက်မွေးဦးဖို့ စီစဉ်ထားပါတယ်လို့ လည်းဆိုလိုက်ပါတယ်...
ယူကရိန်းနိုင်ငံအနောက်ပိုင်း၊ ရွာတစ်ရွာမှာနေထိုင်သည့် သူမရဲ့ မိသားစုကြီးမှာ သားဆယ်ယောက်၊ သမီး
ဆယ်ယောက်ရှိပြီဖြစ်ပါတယ်...
အကြီးဆုံးသား ဂျိုနသန် ကအသက်နှစ်ဆယ်ရှိပြီး၊ အိမ်ထောင်ကျသွားခဲ့ ပါပြီ...
သားသမီးခြောက်ယောက်က အလုပ်အကိုင်ကိုယ်စီနဲ့ ဖြစ်ပြီး ရှစ်ယောက်ကတော့ ကျောင်းနေကြကာ၊ကျန်
သည့် ခြောက်ယောက်ကတော့ကျောင်းတက်ဖို့ အသက်မပြည့် ကြသေးပါဘူး...
၎င်းတို့ အနေနှင့် သားသမီးများအားလုံးကို ပညာကောင်းစွာသင်ပေးပြီး ရှေးထုံးစဉ်လာများကိုလည်းလေး
စားလိုက်နာကြရန် ဆုံးမသွန်သင်ပေးပါတယ်လို့ ဇနီးမောင်နှံနှစ်ဦးကပြောကြားခဲ့ ပါတယ်...
၎င်းတို့ မိသားစုနေအိမ်မှာတော့ ရုပ်မြင်သံကြားကြည့် ခွင့် မပေးပါဘူး...
( ကြည့် ကြယင်လည်း ဟိုလိုင်းကြည့် မယ်၊ သည်လိုင်းကြည့် မယ်နဲ့ ငြင်းခုံနေကြမှာအသေအချာပါပဲ...)

မွေးလည်းမွေးနိုင်ပါပေတယ်ဗျာ...

The 41-year-old gave birth to her 20th child recently. Both the baby boy and mother are well.
Leonora said she was not going to stop there and planned to have more children.
The big family with 10 sons and 10 daughters lives in a village in the west, Ukrainews reported.
Jonathan, the eldest in the brood, is 20 years old and is already married.
Six of the children are already working, eight are at school, and six are preschoolers.
The couple said they give their children a good education and teach them to respect traditions. TV is denied in the family.
Source: Xinhua

3D porn film outsells Avatar

Sunday, April 24, 2011
ကမ္ဘာ့ ပထမဦးဆုံး 3D အချစ်အကြမ်းကား Avatar ကိုကျော်ဖြတ်ကာဝင်ငွေစံချိန်ချိုး...
Movie poster /PA
မကောင်းတာ၊ မဟုတ်တာဆို ကြိုက်တတ်တာ လူတွေရဲ့ သဘောပါပဲ...
ကမ္ဘာ့ ပထမဦးဆုံး 3D အချစ်အကြမ်းဇတ်ကားဟာ စတင်ရုံတင်သည့် နေ့ (ဖွင့် စနေ့ ) မှာပင် Avatar ဇတ်
ကားဝင်ငွေစံချိန်ထက်ပိုကာ ရောင်းရခဲ့ ပြီးအရောင်းစံချိန်တင်ခဲ့ ပါတယ်...
ရုပ်ရှင်ဝါသနာရှင်များဟာ ဟောင်ကောင်တစ်ဝှမ်းရုပ်ရှင်ရုံများတွင် စတင်ပြသခဲ့ သည့် အကြမ်းအရမ်းအချစ်
ဇတ်ကြမ်း ဇတ်ကားကို ပထမဦးဆုံးကြည့် ရှုနိုင်ကြဖို့ အတွက် အလုအယက်တိုးဝှေ့ ကြည့် ရှုခဲ့ ကြတယ်လို့ 
အင်္ဂလန်နိုင်ငံထုတ် သူရိယသတင်းစာကြီးကဖော်ပြခဲ့ ပါတယ်...
ဇတ်ကားစပြပြချင်းပထမဦးဆုံးနေ့ မှာပင် ဟောင်ကောင်တွင် ယခင်က ကမ္ဘာကျော်ဒါရိုက်တာ ဂျိမ်းစ်ကင်မ
ရွန်ရိုက်ကူးခဲ့ သည့်  ၂၀၀၉ ခုနှစ်တွင်ပြသခဲ့ သော 3D သိပ္ပံဇတ်ကား Avatar ပထမရက်လက်မှတ်ရောင်း
ရငွေ စတာလင်ပေါင် ၂၀၇၆၃၈ ( ဒေါ်လာ ၃၃၂၂၂၀ ) ထက်ကျော်လွန်ကာ စတာလင်ပေါင် ၂၁၉၈၅၂
( ဒေါ်လာ ၃၅၁၇၆၃ ) ဖြင့် ရရှိခဲ့ ပြီး စံချိန်သစ်တင်ခဲ့ ပါတယ်...
ကုန်ကျငွေ ၁.၉ ပေါင်စတာလင်သန်း ရှိခဲ့ သည့် ကန်တုံစကားပြော အဆိုပါလူကြီးကြိုက်ဇတ်ကားဟာ လုံးဝ
အ၀တ်အစားမပါ၊ ကိုယ်လုံးတီးအပြည့် ဖြင့် ရိုက်ကူးထားပြီး အချစ်ဇတ်ကြမ်း၊ ဇတ်ဝင်ခန်းများကိုတော့ ခပ်
မှိန်မှိန်အကာအကွယ်ဖြင့်ဖန်တီးရိုက်ကူးထားပါတယ်...
       
ဇတ်လမ်းသဘောကတော့ မင် မင်းဆက်ကာလကိုနောက်ခံပြုကာ အိမ်ထောင်မှုသုခမရရှိနိုင်သည့် ပညာရှိ
သုခမိန်တစ်ဦး ၎င်း၏ဇနီးဟောင်းထံတွင် အချစ်စစ်၊ သာယာမှုပြန်လည်ရရှိခံစားရသည့် အကြောင်းရိုက်ကူး
ထားခြင်းလည်းဖြစ်ပါတယ်....
ထိုဇတ်ကားဟာ ၁၉၉၁ ခုနှစ်ကလည်းဟောင်ကောင်တွင် ၎င်းအမည်နှင့် ပင်ရိုက်ကူးထုတ်လုပ်ခဲ့ သည့် ဇတ်
ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...
ထုတ်လုပ်သူ စတီဖင်ရှူး က " ကျွန်တော်တို့ ဟာ ပရိတ်သတ်ကြီးရဲ့ ဆန္ဒကိုဖြည့် ဆည်းပေးလိုက်နိုင်ပြီဖြစ်
ပါတယ်... လူတွေက ဒီလိုဇတ်ကားမျိုးကိုလည်း 3D နဲ့ ရိုက်ကူးသင့် တယ်လို့ အမြဲပဲတွေးထင်ခဲ့ ကြပါတယ်။
လူတွေက အသစ်အဆန်းဆိုစိတ်ဝင်စားကြတယ်လေ..." လို့ ပြောကြားခဲ့ ပါတယ်...
၁၉၉၁ ခုနှစ်ကရိုက်ကူးဖြန့် ချီခဲ့ စဉ်ကလည်း အဆိုပါ ဇင်နှင့် အချစ်ဇတ်ကြမ်း ဇတ်ကားဟာ ဟောင်ကောင်
လူကြီးကြိုက်ရုပ်ရှင်သမိုင်းမှာ ၀င်ငွေစံချိန်တင်ခဲ့ ပါတယ်...

စိတ်ဆိုသည်မှာ မကောင်းမှု၌သာအစဉ်မွေ့ လျော်သည် ဆိုတာတယ်မှန်တာပဲ....
ဒါကြောင့် လည်း ဖွင့် သမျှဘီယာဆိုင်၊ အရက်ဆိုင်၊ အနှိပ်ခန်း အလုပ်မဖြစ်တာခပ်ရှားရှားပါပဲ...

A movie billed as the world's first 3-D porn film has broken a box office record - outselling Avatar on its opening day.
Film fans flocked to see 3D Sex and Zen: Extreme Ecstasy after it opened in packed cinemas across Hong Kong, reports The Sun.
It took £219,852 on its first day, eclipsing the previous record for Hong Kong set by James Cameron's 2009 3-D sci-fi epic which earned £207,638.
The £1.9million Cantonese-language film features full nudity and camouflaged lovemaking scenes.
Set in the Ming dynasty, it tells the tale of a sexually frustrated scholar who realises his ex-wife is the love of his life.
The production is a remake of a 1991 Hong Kong movie by the same name.
Producer Stephen Shiu said: "We met people's expectations. People have always thought that you need 3-D technology for this kind of content. So people were very curious."
The original 1991 film Sex and Zen is still the highest-grossing Hong Kong adult movie of all time.

Pedestrian lights show couple in flagrante delicto when green

Friday, April 22, 2011
ဟော်လန် လူကူးမျဉ်းကြားမီးပွိုင့် အချက်ပြပုံဆန်းချက်...
လူကူးမျဉ်းကြားမီးပွိုင့် တစ်ခုမှအချက်ပြသင်္ကေတ မီးလုံးဟာ နောက်ပြောင်တတ်သူများရဲ့ ( မီးပွိုင့် ထိန်းချူပ်
မှုကွန်ပြူတာစနစ်အားခိုးကြောင်ခိုးဝှက်ဝင်ရောက်ထိန်းချူပ်ကာ ) ချိန်ကိုက်ပြောင်းလဲထားသောကြောင့် 
လမ်းဖြတ်ကူးသူများသွားလာဖြတ်ကူးနိုင်ကြောင်းအချက်ပြသည့် အစိမ်းရောင်လင်းသည့် အချိန်တိုင်း အမျိုး
သားနှင့် အမျိုးသမီး ချစ်တင်းနှောနေကြသည့် ပုံကိုပြသနေသည့် အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနမှတာဝန်
ရှိသူအကြီးအကဲများကစုံစမ်းစစ်ဆေးနေကြပါတယ်...
တစ်ယောက်ကိုတစ်ယောက် ကုန်းပိုးစီးပြီးတော့ မကူဖြတ်ပါနဲ့ လို့ လည်းအဓိပ္ပါယ်ရနိုင်ပါသေးတယ်...
ဟော်လန်နိုင်ငံ၊ နမ်ဝီဂျင် ဒေသမှမီးပွိုင့် မှဖြတ်ကူးသူများဟာ ထိုရင်သိမ့် တုန်ပြကွက်ကို ကြည့် ဖို့ ခလုတ်ကို
ယာဉ်အသွားအလာအများဆုံးအချိန်တွေမှာပင် ကြောင့် နှိပ်နေကြတာမို့ ယာဉ်ကြောများပိတ်ဆို့ ရပ်တန့် ခဲ့ 
ကြရပါတော့ တယ်...
လူတွေက အမျိုးသားနဲ့ အမျိုးသမီး ချစ်ပွဲဝင်နေကြပုံကိုမြင်ရဖို့ ( လမ်းဖြတ်ကူးဖို့ မော်တော်ကားများအားရပ်
တန့် စေဖို့ အချက်ပေးသည့် ) ခလုပ်ကိုပဲတစ်ချိန်လုံးနှိပ်နေကြတာမို့ မော်တော်ယာဉ်များကလည်း အမြဲ
တမ်းရပ်ပေးနေကြရပါတယ်...ကားမောင်းသူဒရိုင်ဘာများလည်း ထိုပြကွက်ကြောင့် အာရုံတွေထွေပြားပြီး
မော်တော်ယာဉ်များကိုနောက်ကနေ၀င်တိုက်ကုန်ကြပါတယ် လို့ ယာဉ်ထိန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့ 
ပါတယ်...
ကွန်ပြူတာဟက်ကာများအနေနှင့် မြို့ ကလေးရဲ့ မော်တော်ယာဉ်မီးပွိုင့် ထိန်းချူပ်မှုစနစ်ကို မည်ကဲ့ သို့ ခိုး
ဝှက်ဝင်ရောက် ( ပါ့ စ်ဝါ့ ဒ်ရယူ ) ကာ ထိုမဖွယ်မရာပုံများထည့်သွင်းစီမံနိုင်ခဲ့ သည်ကိုပို့ ဆောင်ရေးဆိုင်ရာ
တာဝန်ရှိသူများက စုံးစမ်းစစ်ဆေးနေကြပါတယ်...
" ထို ( ထိန်းချူပ်မှုစနစ်ကွန်ယက်သို့ ) မည်သူဝင်ရောက်နှောင့် ယှက်နိုင်ခွင့် ရသွားခဲ့ သည်ကိုစုံစမ်းနေပါ
တယ်..." ဟု မြို့ တော်အုပ်ချူပ်ရေးဆိုင်ရာပြောရေးဆိုခွင့် ရှိသူတစ်ဦးကဆိုခဲ့ ပါတယ်...
သြော်...
ကိုယ့် ထမင်းကိုယ်စားပြီး မနေနိုင်မထိုင်နိုင် လုပ်ချင်တတ်တဲ့ ဝါသနာမျိုးရှိတဲ့ သူလည်း ရှိတာပါပဲ...


YouTube link.
Traffic bosses are investigating how pranksters altered a set of pedestrian lights to show a couple making love whenever they turned green.
The lights in Nimwegen, Holland literally stopped the traffic when passers by stopped to gawp at them during rush hour.
One officer said: 'People kept pressing the button to see the couple having sex and of course every time they did, the traffic had to stop suddenly. We had quite a lot of rear end shunts from drivers who were too distracted.'
Transport officials are investigating how computer hackers managed to get into the town's traffic light system to manipulate the image. A Town Hall spokesman said: 'We are looking at who had access and opportunity.'
Wednesday, April 20, 2011


မလေးရှားမှာလည်း ဒီလိုရှိတယ်အကို....

ရယ်မောဖွယ်ရာ မလေးရှားက ဓါတ်ပုံများပါ...
စိတ်လက်ပေါ့ ပါးအပန်းပြေစေဖို့ ရည်ရွယ်ပါတယ်...


သြော်....တစ်ကယ်ပဲလားဗျာ...မိုးရွာယင်ရေပါတယ်ဆိုတာ...ထူးဆန်းပါပေ့ ဆရာရယ်...
Really? Wow. ( water on rain ) ...

ကုမ္ပဏီဒါရိုက်တာကြီးအသုံးပြုဖို့ သီးသန့် နော်....
တစ်ခြားသူတွေလာမသုံးနဲ့ ...
The sign indicates that the handicap area is for the director's use
စာလုံးပေါင်းသတ်ပုံ အရေးကြီးတယ်... မြင်ရတဲ့ သူတောင်မနေနိုင်ဘူး...ပြင်ပေးသွားတယ်...
A typo about steel being a crime.
စမ်းကြည့် မနေပါနဲ့ ...တစ်ခါတည်းသာသောက်သွားပါ....
သြော်....ဒရိုင်ဘာကို ဒရိုင်ဘာလိုပီပီသသဖြစ်စေချင်ပုံရတယ်...
What happens when you resort to cost-cutting measures during car servicing.


သိချင်ယင်...ကင်းမြီးကောက်သာထောင်ပြီးဖတ်ကြည့် ပေတော့ ....
Just stand on your head if you want to read the sign.
မှတ်တိုင်မှာ ကားစောင့်နေတာ...အလုပ်သွားမယ့် နွားလားကွယ်...
A bus stop or temporary shelter for cows?

အရေးကြီးပုဂ္ဂိုလ်၊ အထူးအရေးကြီးပုဂ္ဂိုလ် ( ဗီအိုင်ပီ၊ ဗီဗီအိုင်ပီများသာ ) ဆိုပဲ...
ယာယီတောင်မဟုတ်ဘူး...ရန်ကုန်မြို့ က အယင်အေဒီလမ်းလိုပေါ့ ...
The sign says: For VVIP and VIP only

တံတွေးထွေးပါ...သို့ သော်အသံအကျယ်ကြီးမမြည်ပါစေနဲ့ ...ဆိုပဲ...
တံထွေးကိုပစ်စလက်ခတ်ထွေးတဲ့ နေရာမှာတော့ တရုတ်ကို ဘယ်သူမှမမှီဘူးဆိုတာအမှန်ပါပဲ...
You can spit here. Just do it softly.

မောင်ရင်တို့ ...ကိုယ့် ကိုယ်ကိုအထင်ကြီးနေကြတယ်ဆိုပဲ... အနားတိုးလိုက်စမ်းပါတဲ့ ...
Sign spotted in a men's toilet.

သူခြိမ်းချောက်ပုံကတော့ စံပါပဲ...မခိုးရဲလောက်အောင်ပါပဲဗျာ...
A violent warning sign in a shop.

သြော်...မပစ်ရမယ့် နေရာမှာ အမှိုက်ပစ်မှတော့ ဂရုမစိုက်လို့ ပေါ့ နော်....
Saya kurang ajar suka buang sampah di sini. The sign says: I'm disrespectful for throwing garbage here

ညောင်းလာယင်တော့ ဘယ်လိုမှ ရှက်မနေနိုင်ပါဘူး...
ထိုင်လိုက်မှပဲ နေသာထိုင်သာရှိသွားတော့ တယ်...
A waiting room that desperately needs to upgrade its facilities.
ရှင်းတယ်တော်....ဘယ်သူမှလာတာမကြိုက်ဘူး...အားလုံးကိုမုန်းတယ်တဲ့ ...
 Listen to mee, indeed. It hates all of you.

အင်း ဘယ်လိုပြောရမလဲ...
ကြီးကြီးမားမားမလုပ်ပါနဲ့ ...သေးသေးမွှားမွှားလုပ်ပါတဲ့ ...
A sign pointing in the direction of the toilet, saying "kecil boleh, besar tak boleh", or " small can, big cannot".