Varieties of Photos
Thursday, May 31, 2012
အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါ
တယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်..
ဒီလိုကျတော့ လည်း သူ့ ခြေတုကအသုံးဝင်တယ်...
တက်နိုင်တဲ့ သူယူလို့ များဆိုလေသလားပဲ...
ဈေးလည်းသက်သာရမယ်...တွင်းလည်းနက်နက်တူးပေးမယ်တဲ့ ...
သူတို့ ဆီမှာလည်း ဒီ သုဘရာဇာလုပ်ငန်းက အပြိုင်အဆိုင်ဈေးကွက်စနစ်ရှိတာပါပဲလား...
တိရိစ္ဆာန်တွေကိုသနားပါလေ...
ယခင်နဲ့ ယခုကိုရီးယား ဘယ်လိုကွာခြားသလဲဆိုတာသာကြည့် တော့ ....
သူတို့ တောင်ဖြစ်နိုင်သေးယင် ...ကိုယ်တွေလည်းဘာလို့ မဖြစ်နိုင်ရမှာလည်း...
အမလေးကံကောင်းလို့ ...
ဗျာ!!!....အဲဒါကမှ တစ်ကယ်ဘ၀ပျက်တာပါပဲ...
အဲဒီလိုများအသံထွက်ကြသလားပဲ....
ဒါကြောင့် ခွေးပဲမွေးချင်တယ်....
ချစ်စရာ ကျစ်ဆံမြီးဆံပင်....
ဘုရားဟောကျမ်းစာ လာရှိသည်နှင့် အညီ... သေရည်အရက်သူနှစ်သက်ရတာပါတဲ့ ...
သူတို့ ဆီများပြောပါတယ်...
စိတ်ကူးယဉ်ဆန်တဲ့ နေရာအခင်းအကျင်းလေး....
ဟုတ်ကဲ့ ....အတွင်းခံဘောင်းဘီလေးလည်းစက်ထဲထည့် လိုက်ပါရစေ....
ဘယ်သူမှမရှိတုံးလေ...
အထူးကွန်မန်ဒိုလေ.... သေနတ်သမားနှစ်ယောက်လောက်ကို သနားတယ်...
အင်း အတည့် သာဘာသာပြန်လိုက်ရယင်တော့ ...
ငယ်တုံးလေး ခိုင်းရတာ...ကြီးလာယင် ကြမ်းတိုက်ခိုင်းယင် လုပ်ချင်ကြတာမဟုတ်ဘူး...
ယခင်နဲ့ ယခု ဒီလိုကွာပါတယ်....
ဟားဟားဟား....ရယ်လိုက်ရတာ ...သွားတောင်ကျွတ်ထွက်တယ်...
ဒီလိုကားမျိုးတော့ သူတို့ ဆီမှာ ( ရုရှားမှာ ) လည်းရှိတယ်ဗျာ...
 မိန်းမနဲ့ ယောကျာင်္း အဲဒီလိုကွာပါတယ်....
 အရာရာယုံလို့ မရဘူးနော်....တော်ကြာ ဒီလိုရွှေရည်စိမ်ထားတဲ့ ကားကို
တစ်စင်းလုံးရွှေနဲ့ လုပ်ထားတယ်ဆိုပြီး လိမ်သွားဦးမယ်...
ကျွန်တော်ဖုံးမဖြေတဲ့ အခါ....
အမေကတော့ ငါ့ သားလေး ဘေးဒုက္ခများတွေ့ နေပြီလားလို့ စိုးရိမ်ပါတယ်...
အဖေကတော့  ဒီကောင်မဟုတ်တာတွေလုပ်နေပြီ ( သူ့ လိုပဲ ) လို့ ထင်ပြီး...
သူငယ်ချင်းကတော့ ဒီကောင်အိပ်နေတုံးလို့ ထင်တတ်တယ်...
အစ်ကိုကတော့ ဒီကောင်ဂိမ်းဆော့ နေလို့ ဖုံးမဖြေတာလို့ ယုံပြီး...
ချစ်သူကောင်မလေးကတော့ တစ်ခြားကောင်မတွေနဲ့ ပျော်မြူးနေတာဖြစ်မှာပေါ့ လို့ 
သ၀န်တွေကြောင်နေချိန်မှာ...
ကျွန်တော်ကတော့ ဖုံးပျောက်လို့ အသည်းအသန်ရှာနေရပါတယ်ဗျာ...
Sentenced to death for singing at wedding
Wednesday, May 30, 2012
မင်္ဂလာဆောင်ပွဲတွင် သီဆိုမိလို့ သေဒါဏ်ပေး...
မင်္ဂလာဆောင်မှာ ကမိလို့ ဘ၀ဆုံးတော့ မလို့ ...
နမူနာအဖြစ်တင်တဲ့ ပုံပါ...
Picture used for illustrative purposes only. (GETTY/GALLO)
မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် သီဆိုကခုန်ခဲ့ ခြင်းကြောင့် အမျိုးသမီး ၄ ဦးနှင့် အမျိုး
သား ၂ ဦးတို့ အား ပါကစ္စတန်နိုင်ငံမြောက်ပိုင်းတွင် သေဒါဏ်အပြစ်ပေးရန်အမိန့် ချမှတ်ခဲ့ ပါ
တယ်....
ကိုဟစ်စတန်နယ်မှ တောင်တန်းများထူထပ်သည့် ဝေးလံသီခေါင်သည့် ရွာကလေးတွင်ကျင်းပ
သည့် အခမ်းအနားတွင် ထိုလူ ၆ ယောက်တို့ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေသည်ကို ဖုံးဖြင့် ရိုက်ကူး
ခဲ့ ခြင်းဖြစ်ပါတယ်...
တင်းကြပ်စွာတားမြစ်ထားသည့် ( အမျိုးသမီးများ အမျိုးသားများနှင့် ရောနှောကာနေထိုင်ခြင်း၊
 သီဆိုကခုန်ခြင်းမပြုရဟုသော) လူမျိုးစုဆိုင်ရာ ဓလေ့ ထုံးစံအား အာခံကာ ဂါဒါရွာကလေးတွင်
ယခုကဲ့သို့ အတူကခုန်သီဆိုခဲ့ ခြင်းကြောင့်  ဒေသခံဘာသာရေးခေါင်းဆောင်များက အပြစ်ပေး
ခဲ့ တာဖြစ်တယ်လို့ ထိုဒေသရှိ အစိုးရအုပ်ချူပ်ရေးဆိုင်ရာတွေကဆိုပါတယ်...
" ဒေသခံဗလီဆရာတွေက ထိုဗီဒီယိုကလစ်ထဲတွင်ပါဝင်သည့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား၂
ဦးတို့ အား သတ်ပစ်ရန် အမိန့် ထုတ်ပြန်ခဲ့ ပါတယ်..." လို့ ထိုအရပ်ဒေသဆိုင်ရာ ရဲအရာရှိ အဘဒူ
မာဂျစ်အဖရီဒီ ကအေအက်ဖ်ပီ သတင်းဌာနကိုပြောကြားခဲ့ ပါတယ်...
" အစတုံးကတော့ အမျိုးသားများကိုအယင်သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ ကြတာဖြစ်ပါတယ်... ဒါပေမယ့်
၎င်းတို့ ထွက်ပြေးသွားသွားလို့ အမျိုးသမီးတွေ အချိန်အတိုင်းအတာတစ်ခုအထိ သက်သာရာရ
သွားခဲ့ ကြတာဖြစ်ပါတယ်... ကျွန်တော်ကတော့ ၎င်းတို့ ကိုဖမ်းဆီးဖို့ အဖွဲ့ တစ်ဖွဲ့ စေလွှတ်လိုက်
ပြီး သတင်းကိုနားစွင့် နေပါတယ်... အမျိုးသမီးတွေကိုတော့ ၎င်းတို့ နေအိမ်တွေမှာပဲနေခိုင်းထား
ပါတယ်" လို့ ထိုအရာရှိကဆိုပါတယ်...
ထိုအဖြစ်အပျက်ဟာ လူမျိုးစုနှစ်စုအကြား အချင်းများကြရာမှ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ ရတာဖြစ်
ပြီး ယောကျာင်္းများနှင့် မိန်းမများ ရောနှောနေထိုင်ကြတဲ့ သက်သေမရှိပါဘူးလို့ လို့ အဖရီဒီ ကဆို
ပါတယ်...
" ဗီဒီယိုထဲမှာတော့ သူတို့ အားလုံး သီးခြားစီ ( အမျိုးသား၊ အမျိုးသမီး သီးသန့် ) ခွဲနေကြတာ
တွေ့ ရပါတယ်... ကျွန်တော်ကိုယ်တိုင် ထိုဖုံးနဲ့ ရိုက်ထားတဲ့ ဗီဒီယိုကိုကြည့် ခဲ့ ရပါတယ်... အဲဒီအ
ထဲမှာပါတာက အမျိုးသမီး ၄ယောက်သီချင်းဆိုနေကြပြီး အမျိုးသား ၁ ယောက်ကလည်း တစ်
ခြားသတ်သတ်နေရာမှာ ကနေတာဖြစ်ပြီး နောက်ထပ်အမျိုးသားတစ်ယောက်ကလည်း နောက်
ထပ်ရိုက်ထားတဲ့ နေရာတစ်ခုမှာ ထိုင်နေတာသာဖြစ်ပါတယ်..."  လို့ သူကဆိုပါတယ်...
" ဒါဟာ လူမျိုးရေးဆိုင်ရာ မုန်းတီးမှု၊ အငြင်းပွားမှုဖြစ်ပါတယ်... ဒီဗီဒီယိုကလစ်က လူမျိုးစုတစ်
စုကို သိက္ခာချဖို့ စီရင်ဖန်တီးထားတာဖြစ်ပါတယ်...."  လို့ သူကထပ်ပြီးပြောပြခဲ့ ပါတယ်...
ပါကစ္စတန်နိုင်ငံတွင် အနည်းဆုံး အမျိုးသမီးပေါင်း ၉၄၃ ဦး ၎င်းတို့ ၏မိသားစုသိက္ခာကျ အရှက်
ရစေမှုဖြင့် လွန်ခဲ့ သည့် နှစ်က အသတ်ခံခဲ့ ရတယ်လို့ နိုင်ငံဆိုင်ရာ လူ့ အခွင့် အရေးကော်မရှင်
ကဆိုပါတယ်...
အဆိုပါကိန်းဂဏာန်းများက ရှေးရိုးစွဲမွတ်ဆလင်ဝါဒီများကြီးစိုးသည့် ပါကစ္စတန်နိုင်ငံတွင် ဒုတိယ
တန်းစားအဖြစ်သတ်မှတ်ချိုးနှိမ်ခံရသည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုခံရသည့် ပမာ
ဏ မည်မျှမြင့် မားသည်ကို ညွှန်ပြနေပါတယ်...
Four women and two men have been sentenced to death in northern Pakistan for singing and dancing at a wedding, police say.
Clerics issued a decree after a mobile phone video emerged of the six enjoying themselves in a remote village in the mountainous district of Kohistan, 176km north of the capital Islamabad.
Pakistani authorities in the area said local clerics had ordered the punishment over allegations that the men and women danced and sang together in Gada village, in defiance of strict tribal customs that separate men and women at weddings.
"The local clerics issued a decree to kill all four women and two men shown in the video," district police officer Abdul Majeed Afridi told AFP.
"It was decided that the men will be killed first, but they ran away so the women are safe for the moment. I have sent a team to capture them and am waiting to hear some news," he said, adding that the women had been confined to their homes.
Afridi said the events stemmed from a dispute between two tribes and that there was no evidence the men and women had been mingling.
"All of them were shown separately in the video. I've seen the video taken on a cell phone myself. It shows four women singing and a man dancing in separate scenes and then another man sitting in a separate shot," he said.
"This is tribal enmity. The video has been engineered to defame the tribe," he added.
The Human Rights Commission of Pakistan said at least 943 women and girls were murdered last year for allegedly defaming their family's honour.
The statistics highlight the scale of violence suffered by many women in conservative Muslim Pakistan, where they are frequently treated as second-class citizens.
Guiness World Record For 2012
၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထူးဆန်းမှတ်တမ်းများ....
ကမ္ဘာ့ အရှည်ဆုံး သတို့ သမီးဝတ်စုံ....
လုပ်စရာမရှိကြောင်ရေချိုးဆိုသလိုပေါ့ ....အဲဒီလိုလုပ်လိုက်လို့ ဘာများအကျိုးထူး
သွားမလဲ ....ဒီမှတ်တမ်းဝင်လို့ လည်းဘာမှထူးလာမှာမဟုတ်ပါဘူး...
Longest wedding dress train
ကမ္ဘာ့ သက်ရှိ အရပ်အပုဆုံးလူသား....
နီပေါနိုင်ငံမှဖြစ်ပါတယ်...
 World's shortest living man, ever
ကမ္ဘာ့ အသက်အကြီးဆုံး အမွှာလူသားပါ....
 Oldest twins
မျက်လုံး ၂ လုံးစလုံးဖုံးကွယ်ထားပြီး ပစ်လွှတ်လိုက်သောမြှားများကိုဖမ်းယူနိုင်သူပါ....
Most arrows caught by hand in two minutes while blindfolded
ပြောင်းဖူးပေါက်ပေါက်တွေကို ဖောက်နေယင်း တစ်မိနစ်အတွင်း ၂၆ ခု အမိအရဖမ်းယူ
နိုင်သူပါတဲ့ .....
Most popping popcorn caught with both hands
The same man has also caught 26 pieces of popping popcorn in one minute.
ပုလင်းဖုံးကို ခေါင်းဖြင့် တိုက်ပြီးဖွင့် နိုင်သူ...
တစ်မိနစ်အတွင်း ပုလင်းအဖုံးပေါင်း ၂၄ ခုကိုခေါင်းဖြင့် တိုက်ကာဖွင့် နိုင်သူကတော့ 
 Most bottle caps removed with the head
The most bottle caps removed with the head in one minute is 24. It was achieved by Ahmed Tafzi in Hamburg, Germany.
 အသက်အကြီးဆုံး ယောဂဆရာမကြီးပေါ့ ...
ဒီမှာတော့ အသက်ကိုမဖော်ပြထားပါဘူး... ၈၀ ကျော် ၉၀ တော့ ရှိပါလိမ့် မယ်...
Oldest yoga instructor
လက်စလီတစ်ပ်တွန် အမည်ရှိအမျိုးသမီးဟာ ခရီးဆောင်အိတ်အတွင် သူမတစ်ကိုယ်လုံး
ဝင်ရောက်နိုင်ဖို့ ၅.၄၃ စက္ကန့် သာ အချိန်ကြာပါတယ်...
 Fastest time to enter a suitcase
It took 5.43 seconds for Leslie Tipton to enter a zipped suitcase.
ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ပြဇတ်မင်းသမီး၊ သရုပ်ဆောင်....
အစ္စရေးနိုင်ငံမှ သရုပ်ဆောင်အမျိုးသမီးကြီး ဟန်နာမာရွန် ဟာပြဇတ်ကလာခဲ့ တာ နှစ်ပေါင်း
၈၃ နှစ်ရှိခဲ့ ပါတယ်တဲ့ ....
 World's longest career in theater
Israeli actress Hanna Maron has been on stage for 83 years.
ဓါတ်ပုံကြည့် တာနဲ့ တင်လုံလောက်နေပါပြီ....ဘယ်လောက်ရှည်တယ်ဆိုတာအတိုင်းအတာ
အတိအကျမပါပေမယ်...
 Longest ears on a dog
ကမ္ဘာ့ အကြီးဆုံးတယောပါ....
Largest violin
ဂျပန်နိုင်ငံက ဆပ်ကပ်ပြပွဲတစ်ခုမှာ ကြိုးတစ်ချောင်းထဲမှာကိုပဲ ခွေး ၁၃ ကောင်က တစ်ပြိုင်
နက်ထဲ ခုန်နိုင်ခဲ့ ကြတာမို့ တစ်ကြိမ်တည်းအများဆုံးကြိုးခုန်တဲ့ သည့် ခွေးအရေအတွက်အများ
ဆုံး စံချိန်တင်သွားခဲ့ ပါတယ်....
Most dogs skipping on the same rope
13 dogs has skipped the rope at the same time in a Japanese circus.
အသက် ၂၃ နှစ်အရွယ်ရှိ ဘာရင်တန်အာဗင် ဟာစက်တစ်လုံးတပ်လေယာဉ်လေးဖြင့် 
ကမ္ဘာ တစ်ပါတ်ပျံသန်းမောင်းနှင်နိုင်ခဲ့ တဲ့ အသက်အငယ်ဆုံးလူသားဖြစ်ပါတယ်...
Youngest person to fly solo around the world
Barrington Irving, a 23-year-old aerospace student, has circumnavigated the globe in his single-engine plane.
World's shortest woman
အီလီနွိုက်ပြည်နယ်၊ ဆန်ဒိုဗယ်အရပ်မှ အသက် ၂၂ နှစ်အရွယ်ရှိ ဘရစ်ဂျစ်ဂျော်ဒန်ဟာ 
အရွယ်ရှိ မောင်ဖြစ်သူ ဘရက်ကလည်း သူမလိုပဲအရပ်ပုလို့ ကမ္ဘာ့ အသက်အငယ်ဆုံး အရပ်
Multiple record holder
Bridgette Jordan, 22, from Sandoval, Illinois, is 67 cm (2 ft. 3 in.) tall and is a multiple record holder, as she is also one of the shortest living siblings with her 20-year-old brother Brad.
ဒီခွေးမကြီးကလည်း ပုံကြည့် ရုံနဲ့ ကမ္ဘာ့ အရပ်အမြင့် ဆုံးခွေးမ ဆိုတာသိသာနိုင်ပါတယ်...
World's tallest living female dog
ခေါင်းပေါ်တွင် ရေဖန်ခွက်အား ဟန်ချက်ညီအောင်ထိန်းထားယင် လှေကားထစ် ၁၀ ထစ်
ကိုဆင်းနိုင်တဲ့ အတွက် ဒီ သြစတေးလျန်းသိုးထိန်းခွေးဟာလည်း ကမ္ဘာ့ ထူးဆန်းမှတ်
တမ်းဝင်ခဲ့ ရပါတယ်...
Most steps walked down by a dog facing forwards balancing a glass of water
This Australian Shepherd has walked down 10 steps while balancing a glass of water.
စကိုင်းဘရိုဘာ့ ဂ် အမည်ရှိတဲ့ သူကလေးကတော့ တင်းနစ်ရိုက်တံတစ်ခုအတွင်း ၃ မိနစ်
အတွင်း ၇ ကြိမ်တိတိ ၀င်နိုင်ထွက်နိုင်ခဲ့ လို့ အကြိမ်အများဆုံးဝင်နိုင်ထွက်နိုင်သူအဖြစ် ထူးဆန်း
မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်...
 Most times to pass through a tennis racket
Skye Broberg has passed her body through a tennis racket seven times in three minutes.
အိမ် အမည်ရှိရုပ်သံစီးရီးရိုက်ကူးခဲ့ တဲ့ ဟူးလော်ရီတစ်ယောက် ဇတ်လမ်းတွဲတစ်ပုဒ်ကို
ဒေါ်လာ ၄ သိန်းရခဲ့ လို့ သရုပ်ဆောင်ခအများဆုံးရတဲ့ ရုပ်သံဇတ်လမ်းတွဲ မင်းသား
အဖြစ် မှတ်တမ်းတင်ခံခဲ့ ရပါတယ်...
Highest paid actor in a TV drama
Hugh Laurie of FOX’s "House" pulls in $400,000 per episode.
ကမ္ဘာ့ လက်သည်းအရှည်ဆုံးပိုင်ရှင်အမျိုးသမီးပါ....
 Longest fingernails on a pair of female hands
သံကွင်း၊ သံချောင်းတွေ အများဆုံးထိုးစိုက်ထားတဲ့ ကမ္ဘာ့ အကြောင်ဆုံးအမျိုးသားပေါ့ ...
ကျွန်တော်ကတော့ အဲဒီလိုပဲသတ်မှတ်ပါတယ်...
Most piercings on a male
ကမ္ဘာ့ အကြီးဆုံးအာဖရိကပုံစံ ဆံပင်ပိုင်ရှင်ပါ....
 Largest afro 
ကမ္ဘာ့ လျှာအရှည်ဆုံးအမျိုးသမီးပါ...
သူ့ ဒါဏ်ကတော့ ခံနိုင်မယ်မထင်ဘူး...
 Longest tongue on a female
ကမ္ဘာ့ အရှည်ဆုံးနှုတ်ခမ်းမွှေးပိုင်ရှင်ပါ....
Longest moustache
Stunning and serene: Incredible images of the Moon Bridge in Taipei capture this magical, misty landscape
Tuesday, May 29, 2012
ကြယ်သည့် ပုံရိပ်...
နံနက်ခင်းကားမြူနှင်းတို့ အုပ်ဆိုင်းကာ ငြိမ်သက်အေးချမ်းတိတ်ဆိတ်လျက် လေနုအေးကလေးကလည်း
တိုးတိတ်ငြင်သာစွာရှိနေသည်မို့ တိုင်ဝမ်နိုင်ငံမှ စိတ်နှလုံးငြိမ်းချမ်းဖွယ် နေရာကလေးကား အိမ်မက်ထဲမှ
ပုံပြင်ဆန်ဆန်၊ ဂန္တ၀င်ဆန်ဆန်မြင်ကွင်းကဲ့သို့ ပင်ဖြစ်နေပါတော့ တယ်...
ကြည်လင်အေးမြကာ ငြိမ်သက်နေသည့် ရေပြင်ကလည်း ပါတ်ဝန်းကျင်ရှုခင်းအား ထင်ဟပ်သရုပ်ဖော်နေ
ဒီလိုရှုခင်းမျိုးကြောင့် လည်း ထိုင်ဝမ်နိုင်ငံအား အနောက်နိုင်ငံများအတွက်တော့ ဒီလ်ဟာဖော်မိုဆာ၊ သာ
ယာလှပသည့် ကျွန်းဟု နာမည်ကျော်ကြားထင်ရှားခဲ့ တာ မဆန်းပါဘူး...
ကင်နောက်ခံနဲ့ ဓါတ်ပုံအား bbe022001 ဟုသာရေးထားသည့် ပါရမီရှင်ဓါတ်ပုံဆရာတစ်ဦးက Flickr တွင်
တင်ထားခဲ့ တာဖြစ်ပါတယ်...
ဒါတောင်မှ အဆိုပါပန်းဥယျာဉ်ဟာ တိုင်ဝမ်နိုင်ံရဲ့ စက်မှုဇုံတွေအလယ်မှာနီးကပ်စွာတည်ရှိနေတာဖြစ်ပြီး
တိုင်ပေမြောက်ပိုင်း နေဟူးစက်မှုဇုံဟာ အိုင်တီလုပ်ငန်းနဲ့ ရှော့ ပင်းစင်တာအဆောက်အဦးကြီးများတည်ရှိ
တာကြောင့် ထင်ရှားပါတယ်....
သို့ သော်လည်း ထိုဥယျာဉ်၊ နတ်စင်၊ ဘုရားပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့  လွမ်းမောဖွယ်ကောင်းတဲ့ 
တိုင်ဝမ်နိုင်ငံမှာ မီတာ ၃၀၀၀ ကျော်အမြင့် ရှိတဲ့ တောင်ပေါင်း ၂၀၀ ကျော်ရှိပြီး တစ်မူထူးခြားတဲ့ တော
တောင်ရေမြေသဘာဝတွေကြောင့် အဆန်းတစ်ကြယ်သာယာလှပတဲ့ ရှုမြော်ခင်းတွေ၊ ပင်လယ်ကမ်းခြေ
တွေ အမြောက်အများရှိနေပါတယ်...
Stunning: The sun cuts through the mist at DaHu park, Taipei, creating a photograph that looks more like a perfect paintingthe mist at DaHu park, Teipei, creating a photograph that looks more like a perfect painting
မြူနှင်းများကြားက ထိုးထွက်လာတဲ့ နေလုံးကြောင့် သက်ငြိမ်ပန်းချီကားတစ်ချပ်လိုဖြစ်နေ
တဲ့  ဓါတ်ပုံ....
Stunning: The sun cuts through the mist at DaHu park, Taipei, creating a photograph that looks more like a perfect painting
Anther world: The dead calm water coupled with the smokey soft atmosphere give an almost perfect reflection int the lake
ပကတိငြိမ်သက်နေတဲ့ ရေပြင်နဲ့ ပါးလွှာတဲ့ မြူနှင်းဝေ့ နေပုံက ကန်ရေပြင်မှာ တစ်သားထဲ
ပေါ်နေ....
Anther world: The dead calm water coupled with the smokey soft atmosphere give an almost perfect reflection int the lake
Breathtaking: The detail in these magnificent, mesmerising pictures allows you to escape into a magical world
အံ့ သြစရာကောင်းလောက်အောင်သာယာလှပတဲ့ ရှုခင်းတွေမို့ အိပ်မက်ထဲက၊ ဒဏ္ဍာရီပုံပြင်
တွေထဲကနေရာတွေများရောက်နေသလိုခံစားရပါလိမ့် မယ်...
Breathtaking: The detail in these magnificent, mesmerising pictures allows you to escape into a magical world
ထိုပုံတွေအားလုံးကြည့် ချင်ယင်တော့ အောက်ပါဖလစ်ကာဆိုဒ်မှာမြင်တွေ့ နိုင်ပါတယ်...
http://www.flickr.com/photos/29325798@N04/with/6773929698/
Morning mist hangs in the calm, still air adding to the dream-like magic of this tranquil setting in Taiwan.
The crystal clear water allows for a perfect reflection of an upside down world, almost playing tricks on the mind.
With scenery like this, it is no wonder that Taiwan was formerly known as the Beautiful Island - Ilha Formosa - to the West.
These remarkable, soft blue, monochrome pictures of The Moon Bridge, in DaHu (Big Lake) Park in Taipei, northern Taiwan, were taken by an arguably talented photographer, known simply as bbe022001 on Flickr.
The park itself in fact sits close to the industrial centre of Taiwan. The northern Neihu district of Taipei is famous for its IT industry and large shopping complexes.
But its parks and impressive mountains, dotted with temples and holy shrines, are unforgettably breathtaking.
Taiwan has more than 200 mountains that soar above 3,000 meters in height, and the unique geology and topography have created countless alluring landscapes and coastal scenes.