Saturday, December 31, 2011
နှစ်သစ်မင်္ဂလာ...

နှစ်သစ်တစ်ခုရောက်ခဲ့ ပြန်လေပြီ....
ကန်ရေပြင်လိုကြည်လင် အေးချမ်း....နှလုံးစိတ်ဝမ်း ချမ်းမြေ့ ကြပါစေသတည်း....


















Friday, December 30, 2011

ပျော်သလားဟေ့ မောင်တို့ ရေ...

ပျော်စရာတွေ့ ယင်၊ သိမြင်ကြားသိရယင် ဖြစ်ပေါ်လာနိုင်တဲ့  နောက်ဆက်တွဲတွေကို မစဉ်းစားပဲ စိတ်လွတ်
ကိုယ်လွတ်ပျော်တတ်ကြတာ လူ့ သဘာဝပါပဲ....
ဘာရယ်မဟုတ်ပါဘူး...အင်တာနက်မှာတွေ့ မိလို့ စိတ်အပန်းပြေစေဖို့ တင်ပြပါတယ်...
ခရစ်သက္ကရာဇ်ရဲ့ နှစ်သစ်မှာ သတိလက်လွတ်အပျော်မလွန်စေဖို့ သတိပေးယင် အားလုံးပဲ....
နှစ်သစ်မင်္ဂလာပါခင်ဗျာ !!!!....



A Father and Son

Thursday, December 29, 2011


အဖေဆိုတာ...

So true.
ဒီအတွေးအခေါ်လေးကိုနှစ်ပေါင်းတော်တော်ကြာကြာကတည်းက မြန်မာလိုဖတ်ခဲ့ ဖူးပါတယ်...
အခုတော့ အင်တာနက်ပေါ်မှာ စာနဲ့ တကွဓါတ်ပုံလေးများနဲ့ ပါတွဲပြီးတွေ့ လို့ ပြန်လည်တင်ပြလိုက်ပါတယ်..


ကျွန်တော်အသက် ၄ နှစ်သားလောက်က...
ငါ့ အဖေဟာ အရာရာအားလုံးကိုတတ်သိနေတယ်...
ငါ့ ဘ၀ရဲ့ လိုရာအားလုံးကိုဖြည့် ဆည်းပေးနိုင်တယ်လို့ ယုံကြည်ခဲ့ တယ်....

ကျွန်တော် ၆ နှစ်သားအရွယ်လောက်ရောက်တော့
ကျွန်တော်နှိုက်နှိုက်ချွတ်ချွတ်၊ ရှာရှာဖွေဖွေ၊ ပေါက်ပေါက်ရှာရှာ၊ ကတ်သီးကတ်သတ်မေးသမျှ
အဖေမဖြေနိုင်တော့ ဘူး....
ကျွန်တော် ၈ နှစ်သားအရွယ်....
အဖေတို့ ခေတ်နဲ့ ကျွန်တော်တို့ ခေတ် အခြေခအနေချင်းမတူတော့ဘူးလေဗျာ...
၁၄ နှစ်သားအရွယ်မှာတော့....
အဖေဟာ ရှေးဟောင်းအဖိုးကြီး၊ ရှေးကျတဲ့ အဘိုးကြီးလို့ ထင်လာမိပါတော့ တယ်....
အသက် ၂၁ နှစ်အရွယ် ...မာန်အတက်ဆုံးအချိန်....
အဖေဘာတစ်ခုမှ အသေအချာသိတာမရှိဘူး...လို့ ထင်ခဲ့ ပါတယ်....

ကျွန်တော့် အသက် ၂၅ နှစ်ရောက်တော့ ....
နည်းနည်းစဉ်းစားဆင်ခြင်တတ်လာပါပြီ.... ဒီကိစ္စ ( ကျွန်တော်ကြုံတွေ့ နေ၇တဲ့ ပြဿနာ ) နဲ့ ပါတ်
သက်လို့ အဖေသိနားလည်နေပါလား...ဒါပေမယ့် လည်း အဖေ့ အသက်အရွယ်နဲ့ ဒါမျိုးသိတာ
မဆန်းပါဘူးလေ....



အသက် ၃၀ အရွယ်မှာတော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး အဖေ့ ဆီက အကြံအဥာဏ်တောင်းယင်
ကောင်းမယ်လို့ ကျွန်တော်တွေးလာမိပါပြီ....
အသက် ၃၅ နှစ်အရွယ်....
နောက်ဆို ဘယ်ကိစ္စမဆို အဖေ့ ကိုမတိုင်ပင်၊ မမေးမြန်းပဲ တစ်ဇွတ်ထိုးမလုပ်တော့ ဘူး...
လို့ စိတ်ဆုံးဖြတ်လိုက်ပါပြီ...

အသက် ၅၀ အရွယ်....
ဒီကိစ္စမှာ ငါ့ နေရာမှာ အဖေသာဆိုယင် ဘယ်လိုများလုပ်မလဲ....

ကျွန်တော် အသက် ၆၀....
အဖေဟာ တစ်ကယ့် ပညာဗဟုသုတနဲ့ ပြည့် စုံကြွယ်ဝလှပါတယ်...
ဒါပေမယ့် ငါသူ့ ကိုဘယ်တော့ မှ အလေးမထားခဲ့ ဘူး... အခုတော့ အဖေ့ ကို
ရှိစေချင်လိုက်တာ...အဖေသာရှိယင် သူ့ ဆီက ငါအများကြီး လေ့ လာသင်ယူနိုင်မှာ
အသေအချာပါပဲ...



ကျွန်တော်ငယ်စဉ်ကကွယ်လွန်သွားခဲ့ သည့် ဖခင်ကြီးသို့ အမှတ်တရ....

Nasty tackle split footballer's scrotum

Wednesday, December 28, 2011

အမှန်အကန်ကွဲတဲ့ ဘော...ပွဲ...

ဂီလ်လင်ဟမ် အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ခရစ်ဝှဲပ်ဒေးလ် တစ်ယောက် လွန်ခဲ့ သည့် ဘောက်
ဆင်းဒေးနေ့ က ကရောလေးတွင် ပြိုင်ဖက်အသင်းအား ၂ ဂိုး၁ဂိုးဖြင့်နိုင်ခဲ့ သည့်ကစားသည့် ပွဲတွင် တစ်မူ
ထူးခြားစွာဖြင့် ဒါဏ်ရာရရှိခဲ့ ပါတယ်...
ဖြစ်ပုံကတော့ တစ်ဖက်အသင်းမှကစားသမားတစ်ဦး ၎င်းထံမှဘောလုံးအား ဖျက်ထုတ်ခဲ့ရာတွင် ၎င်း၏ဝှေး
စေ့ အား ထိခိုက်မိပြီး ကွဲထွက်သွားခဲ့ ရပါတယ်....
၎င်း၏ကလပ်အသင်း အနေဖြင့် ကိုးပွဲဆက်တိုက်အနိုင်ရစေခဲ့ သည့် အဆိုပါနေ့ က ကစားပွဲ၏ နောက်ဆုံး
အချိန်ပိုင်းတွင် ဖြစ်ခဲ့ သည့် အဖြစ်အပျက်ကြောင့် အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမား၏ဒါဏ်ရာအား ပြု
စု ကုသပေးခဲ့ ပါတယ်....

 ဘ၀တော့ဆုံးပါပြီ...
အပွဲပွဲနွှဲလာသမျှ...ဒီတစ်ပွဲကျမှပဲ ဘောကွဲရရှာတယ်...


" အဲဒါဟာ တော်တော်အဖြစ်ဆိုးတဲ့ ထိခိုက်ဒါဏ်ရာရမှုတစ်ခုဖြစ်ပါတယ်.... တော်တော်ကို၊ တစ်ကယ်ပဲစိတ်
မချမ်းမြေ့ စရာကောင်းလှတဲ့ အဖြစ်အပျက်ပါ....သူ့ အနေနဲ့ တော်တော်ကို ထိခိုက်ခံစားရမှာဖြစ်ပါတယ်....
သူ့ ဇနီးဖြစ်သူလည်း ဒီအဖြစ်အပျက်ကြောင့် စိတ်ဆင်းရဲရမှာ အသေအချာပါပဲ...." လို့ အသင်းမန်နေဂျာ
အန်ဒီ ဟက်ဆင်သလာ ကပြောကြားခဲ့ ပါတယ်...
ဝှဲပ်ဒေးလ် တစ်ယောက်တော့ဖြင့်လာမည့် သောကြာနေ့ တွင် ဒါဂင်ဟမ် နှင့် တံတားနီ အသင်းတို့ ကစား
ကြမည့် ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မသေချာတော့ ကြောင်းဖြင့် လည်း အသင်းမန်နေဂျာ ဟက်ဆင်သလာ
က အတည်ပြုပြောကြားခဲ့ ပါတယ်....

Gillingham winger Chris Whelpdale suffered an unusual injury in the 2-1 Boxing Day win at Crawley, as a tackle split open his scrotum.
The 22-year-old was given treatment to the wound, which occurred late on in a victory that extended the club's winning run to nine games.

"It's a horrific injury," boss Andy Hessenthaler said. "It's absolutely disgusting. He's going to be very sore, and I'm sure his wife won't be too happy either."

Hessenthaler confirmed that Whelpdale is now a doubt for Friday's game with Dagenham & Redbridge.

Bangladesh village captivated by dog-monkey bond

Monday, December 26, 2011

ဘင်္ဂလားဒေ့ ရှ်က ခွေးနဲ့ မျောက် သံယောဇဉ်....

ဘင်္ဂလားဒေ့ ရှ်နိုင်ငံအရှေ့ မြောက်ပိုင်းမှ မြို့ ကြီးပြကြီးနှင့် ဝေးကွာလှသည့် ကျေးလက်တောရွာတစ်ခုမှ ခွေး
တစ်ကောင်ဟာ မျောက်ကလေးတစ်ကောင်အား ကျန်းမာရှင်သန်လာအောင် နို့ တိုက်ကျွေးနေခဲ့ သဖြင့် လူ
အများ စိတ်ဝင်စားကာ ထင်ပေါ်ကျော်ကြားနေပါတော့ တယ်...
အဆိုပါမျောက်ငယ်အား (၎င်းတို့ ၏စိုက်ခင်းများအားဝင်ရောက်ဖျက်ဆီးသည့် မျောက်အုပ်နှင့် အတူပါလာ
သည့် အတွက် ) စိတ်ဆိုးဒေါသထွက်နေသည့် ရွာသားများထံမှ ကယ်တင်ထားခဲ့ ခြင်းဖြစ်ပါတယ်...

ခွေးမကြီးနို့ မျောက်ကလေးစို့ ....
မိတဆိုးလေးမို့ အကြင်နာပိုခဲ့ လေသလား...


လူပေါင်းများစွာဟာ ဘစ်ရှဝါနတ်ပုရ် ရွာကလေးမှ ခွေးပိုင်ရှင် ရှီပါရီဇာ ရဲ့ နေအိမ်သို့ လာေ၇ာက်ကာ ခွေး
သားပေါက်ကလေး ၇ ကောင်ရှိသည့် ခွေးမကြီး မင်းတူ နှင့် မျောက်ကလေးတို့ ၏ ထူးခြားဆန်းကျယ် စွာ
သံယောဇဉ်တွယ်ကာ ခွေးသားအုပ်မကြီးအတွင်း နေထိုင်လျှက်ရှိသည်ကို ကြည့် ရှုနေကြပါတယ်...
အဆိုပါမျောက်ငယ်အား ၎င်းတို့ ၏စပါးခင်းကို လာရောက်ဖျက်စီးသည့် မျောက်အုပ်ကြီးထံမှ ရွာသားများ
ဖမ်းဆီးခဲ့ စဉ်က ရက်ပိုင်းမျှသာ အရွယ်ရှိသေးတာဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်သူ ဗြိတိသျှ၊ ဘင်္ဂလားဒေ့ ရှ်နွယ်
ဖွား ရီဇာ ကပြောကြားခဲ့ ပါတယ်....
" (အိမ်ရောက်လာပြီး) နောက်နေ့ မှာပဲ မျောက်ငယ်လေးဟာ တစ်ခြားခွေးသားပေါက်ကလေးများနှင့် အတူ
မိခင်ခွေးမကြီးထံမှ နို့ ကိုစို့ ပါတော့ တယ်...
အဲဒီကတည်းကစပြီး ခွေးမကြီး မင်းတူ ကလည်း သင်းကွဲမျောက်ကလေးကို မိမိရင်သွေးပမာ မွေးမြူခဲ့ တာ
ဖြစ်ပြီး ယခုအခါ ခွေးမကြီးနှင့် တစ်ကွ ခွေးသားပေါက်ကလေးများနှင့် အတူ အိပ်စက်လေ့ ရှိပါတယ်..." ဟု
၎င်းက ဆိုပါတယ်...

သံယောဇဉ်ဆိုတာ ဖြစ်တတ်ပါတယ်လေ...

" တစ်စုံတစ်ယောက်ယောက်ကများ မျောက်ကလေးကို နောက်ပြောင်ခဲ့ ယင်လည်း ခွေးမကြီးမင်းတူ က
ဒေါသတစ်ကြီးနဲ့ ဟောင်ပါတယ်... မျောက်ကလေးဟာ ခွေးမကြီးကျောပေါ်ကနေသွားလေရာတစ်ရွာလုံး
လိုက်ပါလေ့ ရှိပါတယ်...
ကျွန်တော်မျောက်ကလေးကို တွေ့ ခဲ့ တာအခုဆိုယင် တစ်လရှိခဲ့ ပါပြီ...ဒါပေမယ့် တောထဲပြန်သွားမယ့် အ
ရိပ်အယောင်၊ လက္ခဏာတောင်မပြပါဘူး..." လို့ လည်း သူကပြောကြားခဲ့ ပါတယ်...


A dog in remote northeastern Bangladesh has become a minor celebrity by breastfeeding a baby monkey back to health after it was rescued from angry villagers.

Scores of people have flocked to Shipar Reza's house in Bishwanathpur village to witness the unusual addition to the litter of his dog Mintu, who is also mother to seven puppies. The baby monkey was just a few days old when villagers seized it from a troop of monkeys that had damaged a paddy rice field, said Reza, a British-Bangladeshi.

'The next day, the baby monkey joined the other puppies and began suckling with Mintu. Since then Mintu has adopted the abandoned monkey as her own baby. It now sleeps with Mintu and other puppies,' he said.

'Mintu barks and reacts angrily if anyone disturbs the baby monkey, which travels around the village by riding on Mintu's back. It's now a month since I found the monkey, but she shows no sign of going back to the wild,' he said.

Only in Africa (2)...

Sunday, December 25, 2011

အာဖရိကမှာပဲ ဒီလိုရှိတယ်အစ်ကို... ( ၂ )
 
ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းတစ်ထောင် ကိုယ်စားပြုတယ်လို့ ဆိုကြတာမို့ စာရေးဖို့ စိတ်မပါ...
အချိန်မရတဲ့ အခါမျိုး ဒီလိုပုံလေးတွေပဲကြည့် ပြီး ဖြန့် ထွက်၊ ဖြည့် စွက်တွေးကာ အပန်းဖြေကြပါကုန်...
အာဖရိကမှာပဲ ဒီလိုရှိတယ်အစ်ကို ( အစ်မများလည်းပါပေသပေါ့ ....)  လို့ စိတ်ကူးအတွေးနဲ့ အမည်ပေး
လိုက်ပါတယ်....

အာဖရိက ကကိုအာကျယ်...

တိုက်ရင်းတိုးချဲ့ ...တိုးချဲ့ ရင်းတိုက်....
တပ်သားဦးရေပြောပါတယ်...
အေးရာအေးကြောင်းဖုံးပြောတဲ့ ကိုရွှေအာဖရိက...




နွားဆွဲတဲ့ ...တိုယိုတာ ထော်လာဂျီ...

ဆီဖိုးလည်းမကုန်၊ လေထိုးကျွတ်ဖာ၊ တာယာကွဲစရာ၊ လဲစရာလည်းမလိုတဲ့ ဆိုင်ကယ်...

သူ့ အရပ်နဲ့ သူ့ ဇတ်နဲ့ ကတော့ ဟုတ်လို့ ...စင်္ကြာဝတေးမင်းလို့ များထင်နေသလားပဲ....


အဲဒီလောက်ကြီးတာကတော့ အာဖရိကမှာပဲရှိမှာပါ....

ကျိုက်ထီးရိုးက လူအထမ်းသမားတွေမြင်ယင် အတုယူနေဦးမယ်...
ထမ်းခကို ကိုယ်တစ်ယောက်တည်းပဲယူရုံပဲ...

အချစ်နဲ့ အဆက်အသွယ်မပြတ်....

သြော်...အပျင်းပြေ မိတ်ဖြစ်ဆွေဖြစ် သေနတ်ပစ်တတ်ကြပုံရပါတယ်....


ရှုပ်နေတာပဲ...ဘာကိုဆိုလိုချင်မှန်းတောင်မသိတော့ ဘူး...
ဘာကြောင့် မဖွင့် သလဲဆိုတော့ ပိတ်ထားလို့ ပါတဲ့ ခင်ဗျ...
ရှင်းလိုက်တဲ့ အဖြေ....

French Muslim jailed for punching nurse who tried to remove wife's burqa during childbirth

Saturday, December 24, 2011

မီးဖွားမည့် ကိုယ်ဝန်ဆောင်ဇနီးသည်၏မျက်နှာဖုံး

အ၀တ်အားဖယ်ရှားသည့် သားဖွားအကူသူနာပြုအား

ဝင်ရောက်ထိုးကြိတ်သည့် ပြင်သစ်မွတ်ဆလင်အမျိုး

သားအားထောင်ဒါဏ်ချမှတ်...


Veiled: Nassim Mimoune was jailed for punching a nurse who removed his wife's burqa. (Stock image)
နေထိုးတဲ့ အခါနေပြောက်ကလေးတွေ...ရေချိုးတဲ့ အခါ ရေပေါက်ကလေးတွေ...
ထိနေတာတောင်မှ စိတ်ထဲမှာသ၀န်တို ...မနာလိုဖြစ်မိအောင်...ချစ်မိရပါတယ်......
ချစ်သူ့ မျက်နှာ...ကိုယ့် အတွက်သာဖြစ်ရပါ့ မယ်...
Veiled: Nassim Mimoune was jailed for punching a nurse who removed his wife's burqa. (Stock image)


မီးဖွားနေစဉ်အတွင်းဇနီးဖြစ်သူ၏ မျက်နှာဖုံးအ၀တ်အား ဖယ်ရှားခဲ့ သည့် သားဖွားမီးယပ်သူနာပြုတစ်ဦး
အား ၀င်ရောက်ထိုးကြိတ်ခဲ့ သည့် မွတ်ဆလင်အမျိုးသား ခင်ပွန်းဖြစ်သူအား ပြင်သစ်နိုင်ငံတွင် ထောင်
ဒါဏ်အပြစ်ပေးလိုက်ပါတယ်...
အသက် ၂၄ နှစ်အရွယ်ရှိ နာဆင်မီမုံး ဟာ သူ၏ဇနီးသည်အား ကလေးမမွေးဖွားမီ ပြုလုပ်သင့် ပြုလုပ်ထိုက်
သော အမျိုးသမီးအင်္ဂါအစိတ်အပိုင်းများဆိုင်ရာ စမ်းသပ်စစ်ဆေးမှုပြုလုပ်သူ ၀မ်းဆွဲဆရာမအား လိင်မှု
ဆိုင်ရာ ကျူးကျော်စော်ကားသူဟု စွပ်စွဲပြောဆိုခဲ့ သည့် အတွက် မွေးခန်းထဲမှ မောင်းထုတ်ခံခဲ့ ရပြီးဖြစ်ပါ
တယ်....
အဲဒီနောက် မွေးခန်းပြတင်းမှန်မှတစ်ဆင့် သူနာပြုဆရာမ ကလေးမွေးဖွားဖို့ ပြင်ဆင်နေစဉ် ဇနီးသည်၏
မျက်နှာဖုံးအ၀တ်အား  ဖယ်ရှားနေသည်ကို ၎င်းအနေနှင့် တွေ့ ရှိခဲ့ တာဖြစ်ပါတယ်...
သူဟာ ချက်ထိုးထားသည့် တံခါးအား ဖျက်ဆီးဝင်ရောက်ကာ သူနာပြုအမျိုးသမီး၏မျက်နှာအား ထိုးကြိတ်
ရိုက်နှက်ခဲ့ ပြီး ဇနီးသည်၏မျက်နှာအားဖုံးအုပ်ကာကွယ်မည့် အစ္စလမ်ဘာသာဆိုင်ရာမျက်နှာဖုံးအား ပြန်
ဝတ်ပေးရန်တောင်းဆိုခဲ့ ပါတယ်...
ဇနီးသည်ဖြစ်သူမှ သားယောကျာင်္းလေးမွေးဖွားနေချိန်တွင် မီမုံး အား ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ ရှိ ဆေးရုံ
မှ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက နှင်ထုတ်လိုက်ပြီး ရိုင်းစိုင်းစွာ စော်ကားမှုအတွက် ဖမ်းဆီးလိုက်ပါ
တယ်....

မီမုံးအား ပြင်သစ်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ မှ တရားသူကြီးက  " သင်၏ဘာသာရေးဆိုင်ရာ ထုံးတမ်း
စဉ်လာကျင့် ဝတ်များက အများပြည်သူ ( ကျန်းမာရေး၊ လုံခြုံရေး စသည့် ) ဆိုင်ရာ တရားဥပေဒထုံးတမ်း
များထက် (အမြဲတမ်း) ပိုပြီး သာလွန်လိုက်နာသင့် တယ်လို့ မယူဆနိုင်ပါဘူး..." ဟုပြောကြားကာ ၎င်းအား
လွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ က ထောင်ဒါဏ် ခြောက်လ ကျခံစေရန်အမိန့် ချမှတ်ခဲ့ ပါတယ်....

A Muslim man who punched a nurse for trying to remove his wife's burqa during childbirth has been jailed in France.
Nassim Mimoune, 24, had already been expelled from the delivery room for branding the midwife a 'rapist' as she carried out an intimate examination of his wife.
Then through a window he spotted the nurse taking off his wife's burqa as she prepared to give birth.
He smashed open the locked door and hit the woman in the face, demanding she replace the full Islamic face veil.
As his wife delivered a baby boy, Mimoune was ejected from the building by security men from the hospital in Marseille and arrested for assault.
A judge in the southern French port jailed Mimoune for six months on Wednesday, telling him: 'Your religious values are not superior to the laws of the republic.'

Only in Africa (1) ...

Thursday, December 22, 2011

အာဖရိကမှာပဲ ဒီလိုရှိတယ်အစ်ကို... ( ၁ )

ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းတစ်ထောင် ကိုယ်စားပြုတယ်လို့ ဆိုကြတာမို့ စာရေးဖို့ စိတ်မပါ...
အချိန်မရတဲ့ အခါမျိုး ဒီလိုပုံလေးတွေပဲကြည့် ပြီး ဖြန့် ထွက်၊ ဖြည့် စွက်တွေးကာ အပန်းဖြေကြပါကုန်...
အာဖရိကမှာပဲ ဒီလိုရှိတယ်အစ်ကို ( အစ်မများလည်းပါပေသပေါ့ ....)  လို့ စိတ်ကူးအတွေးနဲ့ အမည်ပေး
လိုက်ပါတယ်....


ဘာနဲ့ ပဲမမ...ဗလကြီးဖို့ အဓိကပါပဲလေ....
ကြောင်ဖြူပဲဖြစ်ဖြစ်...ကြောင်နက်ပဲဖြစ်ဖြစ် ကြွက်မိဖို့ ကအဓိကပါပဲ လို့ ...
ဖိုးဖိုးကြီးတိန့် ရှောင်ဖိန်တောင်ပြောခဲ့ သေးတာပဲမဟုတ်လား...

မိုးသို့ ယံချီ....တင်ဆောင်မည်....


သတို့ သမီး ....အသို့ နည်း...

ဒီလို ဒီလို....အထိန်းကုလားနဲ့ ဂိမ်းကစားကြတယ်...
(မိတ်ဆွေါ်ကြီးကိုမိုး ရဲ့ စကားငှားသုံးပါတယ်...)

အာဖရိကနည်း အာဖရိကဟန်နဲ့ ဆေးသုတ်ပြန်....


ကြံ့ ဖွတ် အဲလေ...ကြံ့ အတုနဲ့ ဆင်ကြံကြံ....

ရွှေပြည်ကြီးက လမ်းချိုင့် တွေကိုတော့ မှီနိုင်မယ်မထင်...

ခွေးအဆိုတာ ဒီလိုအကောင်မျိုးနဲ့ တူတယ်...



ဒီလိုမျိုး တင်နိုင်လို့ ကတော့ ....အုံနာအကြိုက်ပေါ့ ....

သူတို့ လက်ထဲရောက်တဲ့ တိုင်းပြည်ဆိုပြီး ဒီပုံအပါအ၀င် တစ်ခြားဓါတ်ပုံတစ်ချို့ နဲ့ ပို့ စ်တစ်ခု
တင်ခဲ့ ဖူးပါတယ်...အခုတော့ မူရင်းအရပ်က အာဖရိကတဲ့ ...

သူဟာ ဘူဇွာ....
( အမြတ်ကြီးစား ဂုတ်သွေးစုတ် လူတန်းစားပေါ့ ...)
လူကောင်းသူကောင်းလည်းဖြစ်နိုင်ပါတယ်...ပျော်စေပျက်စေ ပါ....


ရွှေမည်းလို့ ခေါ်တဲ့ ရေနံလည်းကြွယ်ဝကြပါတယ်....
အသားအရောင်နဲ့ တော့ ဟပ်နေတာပါပဲ...

ကတော်များနဲ့ ကျွန်တော် မဟုတ်ရပါဘူး....
သူတို့ ဆီက ဖိုးကံကောင်းပါ....

Brazilian baby 'born healthy with two heads... and both are suckling mother's breasts'

Wednesday, December 21, 2011

ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်အားမွေးဖွား...

ကျန်းမာစွာရှိသည့် အပြင် ဦးခေါင်းနှစ်လုံးစလုံးမှ နို့ 

စို့ နိုင်....



ဘရာဇီးနိုင်ငံသူအမျိုးသမီးတစ်ဦးမှ ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သည်ဟု ယနေ့ 
ထုတ်သတင်းများကဆိုပါတယ်...
၉.၉ ပေါင်ကိုယ်အလေးချိန်ရှိ အဆိုပါကလေးငယ်အားဘရာဇီးနိုင်ငံမြောက်ပိုင်း၊ပါရာပြည်နယ်ရှိ အနာဂျာ့ စ်
ဆေးရုံတွင် ဗိုက်ခွဲမွေးဖွားခဲ့ ရတာဖြစ်ပါတယ်....
ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးပါရှိပြီး နှလုံးတစ်ခုရှိကာ ခန္ဓာကိုယ်၏အရေးပါသောအင်္ဂါအစိတ်အပိုင်းများ
အားလုံး ပုံမှန်အလုပ်လုပ်လျှက်ရှိနေပါတယ်... 

 
Mother's pride: The mother insisted she was delighted with her newborn who weighed 9.9lbs
 ကလေးငယ်တွင်ဦးခေါင်းနှစ်လုံးပါရှိပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးလည်း
ကျန်းမာစွာလည်ပါတ်လှုပ်ရှားလျှက်ရှိပါတယ်...
The baby has two heads but all his organs are functioning healthily. The mother was said to have found about the abnormality only minutes before he was born
 

မွေးကင်းစကလေးငယ်မှာ ကျန်းမာရေးအထူးကောင်းမွန်ပြီး ဦးခေါင်း ၂ လုံးစလုံးဟာလည်း ပုံမှန်လည်ပါတ်
လှုပ်ရှားနေပါတယ်...
အဆိုပါပြည်နယ်၏ကျေးလက်တောရွာဒေသတွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီး
ဟာ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အပ်ထရာဆောင်း၊ ဓါတ်မှန်ရိုက်ကူးခဲ့ ခြင်းမရှိပဲ လွန်ခဲ့ သည့် တနင်္လာ
နေ့ နံနက်ပိုင်း ၁ နာရီအချိန် ကလေးမွေးခင် မိနစ်ပိုင်းအလိုတွင်သာ ဖြစ်ရပ်ဆန်းအားသိရှိခဲ့ ရခြင်းဖြစ်ပါ
တယ်....
မိခင်ဖြစ်သူဟာ မီးဖွားရန်ဗိုက်နာလာခဲ့ တာမို့ ဆေး၇ုံသို့ လာရန်ဆုံးဖြတ်ခဲ့ တာဖြစ်တယ်လို့ ဆေး၇ုံအုပ်ချူပ်
ရေးမှူး ကလောဒီရိုနော အက်စစ်ဒီဗာ့ စကွန်ဆယ်လို့ စ် က ဘရာဇီးနိုင်ငံမှ အိုပိုဗို သတင်းစာကိုပြောပြခဲ့ 
ပါတယ်... 

ဆရာဝန်တွေသူမကိုစစ်ဆေးကြည့် လိုက်သည့် အခါတွင်တော့ ကလေးငယ်တွင် ဦးခေါင်းနှစ်လုံးရှိနေသည်
ကိုသိရှိခဲ့ လိုက်ကြပြီး သာမန်မွေးဖွားမည်ဆိုပါက မိခင်ရောကလေးပါ အန္တရယ်ရှိနိုင်သည်ကို တွေ့ ရှိခဲ့ ကြ
ပါတယ်....
ကလေးငယ်မှာ မွေးဖွားခါနီးပုံမှန် ( ဦးခေါင်းအောက်စိုက်) ဖြစ်မနေပဲထိုင်လျှက်အနေအထားမို့ တစ်နာရီမျှ
ကြာအောင် ဗိုက်ခွဲမွေးဖွားခဲ့ ရပါတယ်...
ဆေးရုံအငယ်စားတစ်ခုမို့ ပြဿနာအခက်အခဲများရှိသော်ငြားလည်း ကျွန်မတို့ အနေနှင့် အဓိကရည်မှန်း
ချက်ဖြစ်သည့် မိခင်ရောကလေးငယ်ကိုပါ အသက်ကယ်တင်နိုင်ခဲ့ ပါတယ်....
အထူးသဖြင့် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေတာကိုက ကျွန်မတို့ အတွက် အဓိကအံ့ သြ၀မ်း
မြောက်ဖွယ်ရာ ဖြစ်နေခဲ့ ပါတယ် လို့ သူမကပြောကြားခဲ့ ပါတယ်...

 
Disbelief: The director of Santa Casa tells the assembled media of the startling pregnancy of a two-headed baby
 မယုံနိုင်လောက်အောင်အံ့ သြဖွယ်ရာကောင်းလှပါတယ်လို့ စုဝေးရောက်ရှိလာခဲ့ သည့် 
သတင်းမီဒီယာများအားပြောကြားနေသည့် ဆေးရုံဒါရိုက်တာ...
Disbelief: The director of the hospital tells the assembled media of the birth of a two-headed baby

A Brazilian woman has given birth to a baby with two heads, it was reported today.
The boy was born by caesarean at a hospital in Anajas, in Brazil's northern Para state, weighing 9.9lbs.

Scans show that while the child has two perfectly-formed heads, he has one heart and all his vital organs function as normal.

According to doctors the newborn is in perfect health and both heads have started nursing normally.

The 25-year-old mother, who lives in a rural area of the state, had no ultra-sound scans during her pregnancy and only found out about the abnormality minutes before the baby was born at 1am on Monday morning.

 

The hospital's director, Claudionor Assis de Vasconcelos, told Brazil's O Povo newspaper that the woman decided to travel to the hospital because she was feeling strong abdominal pains.
She said: 'When doctors scanned her they realised that the baby had two heads and that a normal birth would be a great risk both for mother and baby. The caesarean took an hour because the baby was sitting down.
'Despite all the problems we have as a small interior hospital we managed to save both mother and baby, which was our aim. And for us it was a great surprise to find out that the child was in really good health.'