သောက်မိတာမှား

Tuesday, September 30, 2008
     အစ္စလာမ်ဘာသာဝင်တွေရဲ.ဥပုတ်လကတော.ဒီနေ. စက်တင်ဘာ ၃၀ ရက်နေ.မှာပြီးဆုံး
သွားပါပြီ။သူ.နိုင်ငံမှာနေတော.လဲသူ.ထုံးစံအတိုင်းဥပုတ်လအတွင်းမိုးလင်းကနေ၀င်တဲ.အထိ
လူမြင်ကွင်းမှာဘာမှမစားမသောက်ပဲနေရတာတော.ကသိကအောင်.နိုင်လှပါတယ်။ရှိသမျှစား
သောက်ဆိုင်တွေလည်းပိတ်ထားတာဆိုတော.နေ.ခင်းဖက်အပြင်မထွက်တာအကောာင်းဆုံး
ပါပဲ။အခုမနေနိုင်လို.အအေးလေးသောက်မိပါတယ်ကိုယ်ကျိုးနဲတဲ.အကြောင်းလေးသတင်း
စာမှာပါလာလို.ဖတ်ကြည်.ပါဦး။

Police and The Courts

Ramadan violators penalised

Dh1,000


Dubai: A salesman and a female visitor who publicly drank juice during daytime in Ramadan were each fined Dh1,000 for breaking article 313 of the Federal Penal Code.
The Dubai Court of Misdemeanours found 30-year-old Lebanese salesman, S.O., and 28-year-old Russian woman, O.D., guilty of violating the Federal Penal Code, thus marking the first verdict of its kind since Ramadan started on September 1 this year.
The couple were caught publicly drinking juice in the waiting room of an Eppco station before iftar.
The duo pleaded not guilty and asked for leniency as they were non-Muslims and were unaware that their act was punishable by law here.
Offence
A Public Prosecution source explained that eating or drinking in public before sunset during Ramadan is classified as a crime, which offends religious faith and rituals.
"The punishment against such a crime is a maximum one month imprisonment or a maximum Dh2,000 fine... it depends on the judge's discretion," said the source.
An Arab witness, identified as T., spotted the couple drinking juice in a station. He reported them to the police, who referred the duo to court.
The ruling is still subject to appeal.

ကိုဂျူးရဲ.မှတ်ချက်

Monday, September 29, 2008
  ဒါလဲကိုဂျူရဲ.ကွန်မန်.လေးပါ။agree to disagree ပေါ.ခင်ဗျာ။သူ.အကြိုက်ကိုယ်.အကြိုက်ဆို
တာလည်းရှိသေးတာကိုး။ကျွန်တော်ကတော.မည်သည်.ပါတီဝင်မှလည်းမဟုတ်ပါ။စာဖတ်ဝါသနာ
သက်သက်သာရှိသူ။မှန်၏မမှန်၏ကတော.ဖတ်သူသာဆုံးဖြတ်ရန်သာ။

ခုတလော နအဖ သတင်းစာတွေ ဘလော့တွေမှာ NLDက ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို စွန့််လွှတ်ပြီး နအဖစိတ်ကြိုက် ၂၀၁၀ခုနှစ်မှာ နောက်တစ်ခါရွေးကောက်ပွဲထပ်ဝင်ပြိုင်ဘို့ ဘေးတီးပေါ်လစီဆောင်းပါးတွေ တော်တော်များများနေရာယူလာပါတယ်။ မိတ်ဆွေကြီး ကိုပိတောက်ကလဲ အားကျမခံရေးပါတယ်။ ဘာ Compromise မှမပါဘဲ နအဖ လုပ်ခွင့်ပေးထားတဲ့ဘောင်ထဲကဘဲ NLDက တဘက်သတ် အလျှော့ပေးပူးပေါင်းဖို့။
NLDခမျာလဲ နအဖနဲ့ လက်တွဲအလုပ်ဖြစ်ချင်လွန်းလို့ ခြေသလုံးမဖက်ရုံတမယ် အလျှော့ပေးကမ်းလှမ်းနေတာပါဗျာ။ နောက်ဆုံး သူတို့ကို နည်းမှန်လမ်းမှန်လွှတ်တော်ခေါ်ပေးရင် အစိုးရမဖွဲ့ပါဘူး၊ နအဖကိုအာဏာပြန်အပ်ပါ့မယ်၊ ဒါမှမဟုတ်အခြေခံဥပဒေပြန်လည်သုံးသပ်ရေး လုပ်ငန်းလေးကို အတူလက်တွဲ လုပ်ကြရအောင်ပါ၊ နအဖအာဏာယူထားပါ၊ နအဖကဘဲ ရွေးကောက်ပွဲလုပ်ပေးပါ ဆိုတဲ့အထိဘဲ။

နအဖက ဘာမှပြန်မပြောသေးဘူး ကိုပိတောက်က NLDကမ်းလှမ်းချက်တွေဟာ ၁၉၉၀ရလဒ်ကိုအခြေခံလို့ တစ်ခုမှအလုပ်မဖြစ်နိုင်ဘူး၊ စိတ်ကူးရင်မှုသက်သက်သာဖြစ်တယ်ဆိုပြီးပယ်ချလိုက်ပါတယ်။ နအဖဆွဲတဲ့အခြေခံဥပဒေဟာ နအဖအသာစီးယူထားတာတွေ များတာမှန်ပေမဲ့ ဒီမိုကရေစီ ဘက်သား ပါတီတွေအတွက် လှုပ်သာရှားသာရှိပါတယ်၊ မြန်မာ့နိုင်ငံရေး ရှေ့တစ်လှမ်းတက်ဖို့ဆိုရင် ဒီအခြေခံဥပဒေဘောင်ထဲက လုပ်ဖို့ဆိုတာလက်တွေ့ အကျဆုံးနဲ့အဖြစ်နိုင်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်ဆိုပြီး နအဖအခြေခံဥပဒေကိုအကောင်းမြင်ဘက်က ဇောင်းပေးရေးသား သွား ပါတယ်။

မှန်ပါတယ်၊ ကိုပိတောက်ပြောသွားတာတွေကတော့ ချောလို့ဘဲ၊ ဒါပေမဲ့ ဒီနေရာမှာ မေးစရာမေးခွန်းတွေရှိနေတယ် -

(၁) အစိုးရက NLD ကို ၁၉၉၀ရွေးကောက်ပွဲနိုင်တဲ့ရလဒ်ကို စွန့််လွှတ်ပါလို့သာပြောနေတယ် ဘာကြောင့်စွန့်လွှတ်ရမှာလဲ၊ ဘာအတွက်စွန့်လွှတ် ရမှာလဲ၊ တရားသဖြင့် reason မပေးနိုင်ဘူး။

(၂) ရလဒ်ကို စွန့်လွှတ်ပေးလိုက်ရင် မြန်မာနိုင်ငံမှာ အစိုးရတစ်ခုဟာ ရွေးကောက်ပွဲလုပ်ပြီး ကိုယ်မကြိုက်သူနိုင်တဲ့အခါ အကြောင်းအမျိုးမျိုးပြ အသိအမှတ်မပြု၊ အာဏာမလွှဲဘဲနေတာ မှန်တယ်လို့လက်ခံလိုက်သလိုဖြစ်မနေဘူးလား။ မဟုတ်တာလုပ်ထားပြီး ပီပီပြင်ပြင်နဲ့ နာနာညစ်ရင် မြန်မာတွေ မခံနိုင်ပါဘူး၊ ဒူးထောက်ကြရတာပါဘဲလို့ နောင်လာနောင်သားတွေအတွက် တလွဲသင်ခန်းစာပေးခဲ့သလိုများ ဖြစ်မနေဘူးလား? တိုင်းပြည်အတွက်ရှေ့ရေးမကောင်းဘူး။

(၃) နအဖအစိုးရအပေါ်ယုံကြည်မှုကဘယ်လောက်ရှိသင့်လဲ။ ယခင်ပြောခဲ့တာတွေ၊ လုပ်ရပ်တွေအရဒီမိုကရေစီစနစ်ကိုဦးတည်တဲ့ အပြောင်းအလဲတွေမလုပ်ချင်လို့ ၁၉၉၀ရလဒ်ကိုအသိအမှတ်မပြုဘဲ အခြေခံဥပဒေဆွဲပြီးရွေးကောက်ပွဲနောက်တစ်ခါထပ်လုပ်တာဆိုတော့ သူ့ဆီက ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ ရလာလိမ့်မယ်လို့ စိတ်ချယုံကြည်မျှော်လင့်ပြီး ပုံအပ်သင့်သလား။ ဘယ်သူတာဝန်ယူနိုင်လဲ၊ စောင့်မကြည့်သင့်ဘူးလား? တကယ်တန်း မရရင်ဘယ်လိုလုပ်မလဲ?

ဒီမေးခွန်းသုံးခုကိုဖြေကြည့်တော့ (၁) ၁၉၉၀ရွေးကောက်ပွဲကို NLDနိုင်သွားလို့ အသိအမှတ်မပြုတာ၊ အာဏာမလွှဲတာဖြစ်တယ်၊ နောက်ထပ်နိုင်ရင်လည်း အသိအမှတ်ပြုမှာမဟုတ်လို့ ၀င်မပြိုင်သင့်ဘူး (၂) နောင်လာနောင်သားတွေ အတွက် တလွဲသင်ခန်းစာဖြစ်စေတယ်၊ မြန်မာလူမျိုးတွေ သိက္ခာကျလှတယ်၊ လက်မခံသင့်ဘူး။ (၃) လုံးလုံးလျှားလျှားမယုံသင့်ဘူး၊ စောင့်ကြည့်သင့်တယ် ဆိုတဲ့ အဖြေဘဲ ရတယ်။

ဒါကြောင့် -
၁၉၉၀ရလဒ်ကို စွန့်လွှတ်ပြီး ၂၀၁၀ရွေးကောက်ပွဲကို NLDပါတီက အသိအမှတ်ပြု ၀င်မပြိုင်သင့်ဘူး၊ အစိုးရသက်တမ်းတစ်ခုလောက်တော့ အနဲဆုံး စောင့်ကြည့်သင့်တယ်။ (ဆရာနေ၀င်းမောင်က NLDဟာ ၂၀၁၀မှာ တစ်ဝက်ဘဲဝင်ပြိုင်ပြီး အာဏာမမက်မောဘူးဆိုတာ ပြသင့်တယ် လို့ပြောခဲ့တယ်၊ ကျွန်တော်ကတော့ လုံးလုံးဝင်မပြိုင်တာနဲ့ ပြတာ ပိုကောင်းမယ်ထင်တယ်။)

အသိအမှတ်မပြုခြင်းဖြင့် ရလာမဲ့အကျိုးးဆက်တွေက - ရွေးကောက်ပွဲအပြီးမှာ နအဖအတွက် ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်ဘို့ တာဝန်ပိုကြီးမယ်၊ တိုင်းပြည်အဘက်ဘက်ကကောင်းအောင်ကျိုးစားဖို့ တွန်းအားဖြစ်လာမယ်၊ မြန်မာလူမျိုးတွေ မဟုတ်မတရားအလုပ်မခံဘူး၊ ခံနိုင်ရည်ရှိတယ်ဆိုတာ ကမ္ဘာကိုပြနိုင်မယ်။ နောင်လာနောင်သားတွေအတွက် စံပြနမူနာကောင်းဖြစ်မယ်။ ကိုပိတောက်တို့ပြောသလို ၂၀၁၀ရွေးကောက်ပွဲပြီးရင် ဒီမိုကရေစီပါတီတွေ လှုပ်ရှားလို့ ရမယ်မရဘူးဆိုတာ ဘယ်သူမှတာဝန်မယူနိုင်ဘူး၊ ဒါကြောင့် အသိအမှတ်ပြုဘို့ မလောဘဲ စောင့်ကြည့်တာမှန်တယ်။ ဒီ option ကို NLD ကိုင်ထား ရမယ်။ အခုငြင်းနေမဲ့အစား နအဖက တိုင်းပြည်ရဲ့ဒီမိုကရေစီစနစ် တိုးတက်ရာတိုးတက်ကြောင်းကို ဖေါ်ဆောင်နိုင်ပြီဆိုရင်၊ လူ့အခွင့်အရေးတွေလေးစားလိုက်နာလာပြီဆိုရင် အချိန်မရွေးအသိအမှတ်ပြု ပူးပေါင်းလို့ရပါတယ်။ နအဖကိုညစ်ထားတာမဟုတ်ဘူး။ နအဖကို စိတ်ကောင်းစေတနာကောင်းနဲ့ အရည်အခြင်းပြဘို့အခွင့်အရေး ပေးထားတာ။

ဖြစ်နိုင်တဲ့ အကျိုးမဲ့က - NLDကို ဖျက်သိမ်းခံရနိုင်တယ် ဆိုတာတစ်ခုဘဲရှိတယ်။ ဘာမှမလျော့ပါးပါဘူး။ ခုလည်း ဘာလှုပ်ရှားနေရလို့လဲ။ နောက်ပြီး၁၉၈၉ကထဲက ဥပဒေအရမှတ်ပုံတင်ထားတဲ့ တရားဝင်နိုင်ငံရေးပါတီဟာ ရွေးကောက်ပွဲ မ၀င်ရုံနဲ့တော့ အလိုလိုပျက်မသွားဘူး ထင်တယ်။ တခြားနိုင်ငံကနိုင်ငံရေးပါတီတွေလည်း ရွေးကောက်ပွဲကိုသပိတ်မှောက်တာ ခဏခဏ ကြားဘူးပါတယ်။ ရွေးကောက်ပွဲဝင်တဲ့ အခါဝင်မယ် မ၀င်နိုင်ရင်မ၀င်ဘဲနေမယ်၊ သူ့သဘော၊ မ၀င်လို့ ပါတီပျက်မသွားဘူးထင်တယ်။ အစိုးရက တမင်ဖျက်မှပျက်မယ်။
ကိုင်း-နောက်ဆုံး အဆိုးဆုံးဖြစ်တဲ့ အစိုးရကညစ်ပတ်ပြီပါတီးဖျက်ခံရလဲ NLDဆိုတာ ဦးစူးစမ်းပြောသလိုဆို နာမည်ဘဲ၊ Decoration ဘဲ။ မရှိလို့ဘာမှမဖြစ်ပါဘူး။ ကမ္ဘာသိမြန်မာသိပုဂ္ဂိုလ်တွေမို့ တသီးပုဂ္ဂလအဖြစ်လည်းဝင်ပြိုင်နိုင်တာဘဲ။ လိုအပ်ရင်ပါတီအသစ်ထပ်ထောင်လဲ ရတာဘဲ။ နာမည်ရှိပြီးသားမို့ မြန်မာပြည်နိုင်ငံရေးမှာသူတို့ ဘေးရောက်မသွားနိုင်ပါဘူး၊ လုပ်နိုင်တဲ့ alternative တွေအများကြီးလို့ ပြောချင်တာပါ။ လုပ်တာမလုပ်တာတော့ မသိပါ။ ဒီအကွက်တွေကို NLDလဲမြင်မှာပါ။
သေချာပါတယ် နအဖက Compromise မလုပ်ဘဲနဲ့တော့ NLDက နောက်တစ်ခါရွေးကောက်ပွဲ ၀င်မပြိုင်ပါဘူး။ ဘေးတီးပေါ်လစီဆောင်းပါးတွေ ရေးနေရင် မောရုံဘဲရှိမယ်။

ကိုပိတောက်ကနောက်နေပြန်ပါပြီ၊ ပါတီစုံရွေးကောက်ပွဲပါဆိုမှ အစိုးရဆန့်ကျင်သူရော ထောက်ခံသူပါ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးမယ် ဆိုတာအဆန်းလုပ်ပြောနေတယ်။ ပါတီစုံဒီမိုကရေစီစနစ်မှာ ဒီအခွင့်အရေးမပေးလို့ ဘာပေးရမှာလဲ။ ဒီလောက်တော့သိမယ်ထင်တာ။
၈၈တုံးက မဆလပါတီက ဒေါက်တာမောင်မောင်ပေးတဲ့ အခွင့်အရေးမယူမိလို့ နှစ်တွေဒီလောက်ကြာကုန်ရတယ်လို့ ကိုပိတောက်ကပြောချင် တယ်လား၊ ၁၉၉၀မှာ ဒီကနေ့လိုဘဲ တပ်မတော်ဦးစီးချုပ်ကလုပ်ပေးတဲ့ရွေးကောက်ပွဲမို့ ယုံယုံကြည်ကြည်ဝင်ခဲ့ကြပါသဗျား။ ကိတ်မုန့်တစ်တုံး စားဘူးခဲ့ပြီလေ၊ အခုဟာကနောက်တစ်တုံးစားဘို့ ဆရာတို့ကဘေးတီးနေတာ။ ဒေါက်တာမောင်မောင်လို အရပ်သားက လုပ်သွားတယ်ဆို ကြားကောင်းပါသေးတယ်။

ကိုပိတောက်ပြောသလို တိုင်းပြည်မှာ ဒီမိုကရေစီပါတီတွေ လှုပ်ရှားနေပြီ၊ ဒိမိုကရေစီအခွင့်အရေးတွေ ရသင့်သလောက်ရနေပြီဆိုလဲ ဒေါ်စုနဲ့ NLDကို ကျွန်တော်တို့ မလိုတော့ဘူး၊ မေံလိုက်တော့၊ သူတို့ကို ရာဇ၀င်ထဲမှာ ထားခဲ့ကြစို့ပေါ့။

စေတနာဖြင့်၊
ကိုဂျူး

အမဲစက်နဲ.ထားခဲ.မလား

             ပိတောက်မြေကကိုဂျူးရဲ.ဆောင်းပါးဖြစ်ပါတယ်။ဗဟုသုတတော.အနည်းဆုံးရတာပေါ.ဗျာ။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်ကချစ်တဲ့ တပ်မတော်ခေါင်းဆောင်မပေါ်ခဲ့တာ အနှစ် ၅၀ ကျော်လာပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကိုချစ်တယ်၊ ရိုးသားမှုရှိတယ်။ ပြည်သူကိုမလိမ်ဘူး၊ တာဝန်ယူမှုရှိတေယ်၊ တပ်မတော်ကို ခုတုံးလုပ်ပြီး မိမိအတွက် ကိုယ်ကျိုးမရှာခဲ့ဘူး။ ဒါကြောင့်လည်းပြည်သူတွေက သူ့ကို ယုံကြည်တယ်၊ ချစ်တယ်။ ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်ချုပ်သန်းရွှေစတဲ့ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေ သုံးဦးလုံးတစ်ယောက်မှ ဒီလိုအရည်အချင်းတွေမရှိလို့ ပြည်သူတွေရဲ့မေတ္တာကိုမရကြ၊ ဘ၀မှာမအောင်မြင်ခဲ့ကြပါဘူး၊ တပ်မတော်ခေါင်းဆောင်တွေ နှမြောဘို့ကောင်းလှပါတယ်၊ တတိယမျိုးဆက် ရောက်နေပါပြီ၊ ကိုယ့်ရာထူး အာဏာတည်မြဲရေးအတွက် မြန်မာ့တပ်မတော်ကို နစ်သည်ထက်နစ်အောင်လုပ်၊ ကိုယ့်ကိုကိုယ် ပြည်သူတွေလေးစားအောင် မနေကြဘဲ ပြည်သူတွေလေးစားတဲ့ အမျိုးသားခေါင်းဆောင်တွေကို မြန်မာ့သမိုင်းက ဖျောက်ဖျက်နိုင်ဘို့ကျိုးစားလာကြတဲာ့အထိပါဘဲ။ ခေတ်သစ်မြန်မာ့ တပ်မတော်သမိုင်းကို ပြန်ကြည့် ကြရအောင်။
ဗိုလ်ချုပ်နေ၀င်း၊ တော်လှန်ရေးကောင်စီနဲ့ မဆလခေတ
၁၉၆၂ခုနှစ်မတ်လမှာ ၀န်ကြီးချုပ်ဦးနုထံက မြန်မာ့တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေ၀င်းက စစ်တပ်နဲ့ အာဏာသိမ်းပိုက်ခဲ့ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဟာ မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် တစ်ဦးပါ။ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တစ်ဦးပါ၊ ဗြိတိသျှနယ်ချဲ့လက်အောက်က လွတ်လပ်ရေးကျိုးပမ်းခဲ့တဲ့ နိုင်ငံရေးသမားသခင်တစ်ဦးပါ။ ဒါပေမဲ့သူ အာဏာရတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် သစ္စာမဖောက်တန်း လက်မောင်းသွေးသောက် သစ္စာဆိုခဲ့တဲ့ ရဲဘော် သုံးကျိပ် အပါအ၀င် တော်လှန်ရေးရဲဘော်ရဲဘက်တွေ၊ ဒေါက်တာဘမော်၊ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ အပါအ၀င် လွတ်လပ်ရေး ကျိုးပမ်းခဲ့သူ နိုင်ငံရေးသမား လုပ်ဖေါ်ကိုင်ဘက်တွေ သမ္မတကြီး စပ်ရွှေသိုက်၊ မန်းဝင်းမောင်၊ ဆမားဒူဝါးဆင်ဝါးနောင် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တရားသူကြီးချုပ်ဦးမြင့်သိန်း၊ ရှေ့နေချုပ်ဦးချန်ထွန်းစတဲ့ ဥပဒေကျွမ်းကျင်သူတွေအားလုံးကို အကြောင်းမဲ့ နှစ်ရှည်ထောင်သွင်း အကျဉ်းချထားလိုက်ပြီး တိုင်းပြည်ကိုစစ်တပ်နဲ့ ခတ်ကြမ်းကြမ်း အုပ်ချုပ်ခဲ့ပါတယ်။ ဇူလိုင်လ(၇)ရက်မှာ ရန်ကုန်တက္ကသိုလ်ထဲက သပိတ်မှောက်ကျောင်းသားများကို စစ်အင်အားအသုံးပြုပြီး ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။ အာဏာသိမ်း အစိုးရအဖွဲ့ခေါင်းဆောင် စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ ပြည်သူကို ပထမဦးဆုံး မိန့်ခွန်းပြောရာမှာတောင် “ဒါးဒါးချင်း ဒုတ်ဒုတ်ချင်း” ဆိုပြီး စိန်ခေါ် လူမိုက်စကားပြောခဲ့သူဖြစ်ပါတယ်။
သူ့လို သူတပါးအိမ်ယာပြစ်မှားသူ၊ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်အချင်းချင်းအပေါ်မှာ သစ္စာမရှိသူ၊ လူနဲစုတိုင်းရင်းသားတွေ အပေါ်အနိုင်ကျင့်တတ်သူ၊ သားသမီးအရွယ်ကျောင်းသူ၊ ကျောင်းသားများကိုညှာတာစိတ်မရှိသူ၊ ဥပဒေကိုလေးစားရမှန်းမသိသူ၊ ပြည်သူကို လက်နက်နဲ့စိန်ခေါ်တတ်သူ စစ်ခေါင်းဆောင်တစ်ဦးဟာ မြန်မာ့တပ်မတော်ကိုခုတုံးလုပ်ပြီး မြန်မာနိုင်ငံနဲ့ပြည်သူလူထုကို ၂၆နှစ်လုံး အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့ပါတယ်။ သူနဲ့သဘောထားခြင်းမတိုက်ဆိုင်တဲ့ နိုင်ငံရေးအတိုက်အခံများကို ချေမှုန်း နှိပ်ကွပ် အပြီး ၁၉၇၄ခုနှစ်မှာ သူစိတ်ကြိုက်ဆွဲတဲ့ အခြေခံဥပဒေအရ မြန်မာနိုင်ငံဟာ တစ်ပါတီစနစ်ကိုကျင့်သုံးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) ဖြစ်လာပြီး ဥက္ကဌ ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ တစ်ခုတည်းသော နိုင်ငံရေးပါတီအဖြစ်နဲ့ မြန်မာနိုင်ငံကို ဦးဆောင်ခဲ့ပါတယ်။ အတိုချုပ်ရရင် ဗိုလ်ချုပ်နေ၀င်း အာဏာရယူထားစဉ်အတွင်းမှာ မြန်မာနိုင်ငံမှာ စစ်တပ်ကြီးစိုးရေး စစ်ဝါဒ စနစ်ဆိုးကြီး ခေါင်းထောင်လာခြင်းဖြစ်ပါတယ်။ စစ်ဝါဒကိုလက်မခံလိုတဲ့ ကျောင်းသားလေးတွေ၊ ပြည်သူတွေမကျေမနပ်ဖြစ် ကန့်ကွက်ဆန္ဒပြမှုများကိုလဲ ဂရုပြုလက်ခံ ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ စစ်အင်အားသုံးပြီး နှိမ်နင်းခဲ့သလို နိုင်ငံရေးအမြင်မတူသူများ၊ သဘောထားမတိုက်ဆိုင်သူများ၊ အတိုက်အခံခေါင်းဆောင်များကိုလဲ ကြီးလေးသောပြစ်ဒါဏ်များပေးပြီး ကြမ်းတမ်းစွာ နှိပ်ကွပ်လေ့ ရှိပါတယ်။ စစ်ဗိုလ်ကြီးများရဲ့ စီးပွားရေးမကျွမ်းကျင်မှု အကျင့်ပျက်ချစားမှုများကြောင့် မြန်မာနိုင်ငံဟာ အချိန်တိုအတွင်း ဆင်းရဲမွဲတေ သွားခဲ့ပါတယ်။ နောက်ဆုံး၁၉၈၆ခုနှစ်မှာ တိုင်းပြည်စီးပွားရေး အဆောက်အဦးတစ်ခုလုံး ဘုန်းဘုန်းလဲပြိုကျ ပျက်စီးသွားပြီး တင်ရှိနေတဲ့ အကြွေးတွေမဆပ်နိုင်တော့လို့ အရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့တဲ့မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဘ၀ကို ရောက်သွားပါတော့တယ်။
၁၉၈၈မှာ ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ(မဆလ)နဲ့တစ်ပါတီစနစ်ကို ပြည်သူလူထုက မကြေမနပ် လမ်းမပေါ်ထွက်အုံကြွ ဆန္ဒပြပြီးဒီမိုကရေစီတောင်းဆိုတဲ့ အရေးအခင်းကြီး တစ်ခုဖြစ်ပွားခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး အရေးအခင်းပါဘဲ။ ထိုစဉ်က စစ်တပ်ကြောထောက်နောက်ခံယူထားတဲ့ မဆလပါတီအစိုးရဟာ စစ်အင်အားအကူအညီ မပါဘဲလူထုကိုအုံကြွမှုကို နှိမ်နင်းဘို့ကျိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ဗိုလ်ချုပ်နေ၀င်းဟာ မြန်မာနိုင်ငံကို စစ်တပ်လက်ထဲ အပ်ခဲ့ဘို့ ဆုံးဖြတ်လိုက်ပြီး ပြည်သူကိုနောက်ဆုံးနှုပ်ဆက် စကားပြောရာမှာတောင် “စစ်တပ်ဆိုတာ ပြစ်ရင်မှန်အောင်ပြစ်မယ်၊ မိုးပေါ်ထောင် မဖောက်ဘူးကွ” လို့ မာန်ဖြီပြပြီး အာဏာစွန့်သွားခဲ့ပါတယ်။ နောင်သူသေတဲ့အထိ ပြည်သူတွေရဲ့ မေတ္တာကိုမရခဲ့ပါဘူး။ မြန်မာနိုင်ငံ သမိုင်းမှာ ပထမဦးဆုံး ပြည်သူကလမ်းပေါ်ထွက်ဆန္ဒပြ ဖြုတ်ချခံရတဲ့ တပ်မတော်ခေါင်းဆောင်အဖြစ် ဇတ်သိမ်းပါတယ်။ နယ်နယ်ရရ တော့ မဟုတ်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင်ကသူမဖခင်ရဲ့ လုပ်ဖေါ်ကိုင်ဘက်ဟောင်းဖြစ်သူ ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်နေတဲ့ မြန်မာနိုင်ငံရေးမှာ ၀င်ရောက်စွပ်ဖက် ပတ်သက်လေ့မရှိဘဲ ခတ်ခွာခွာ နေခဲ့သူတစ်ဦးပါ။ ဒေါ်အောင်ဆန်းစုကြည် အရေးအခင်းအတွင်း နာမည်ကြီးလာပြီး ပြည်သူလူထုထောက်ခံမှုရလာတော့ ဗိုလ်ချုပ်နေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်းက ဒေါ်စုနဲ့ မုတ်ဆိတ်ကုလားပုံ ကိုယ်လုံးတီးပုံဆွဲပြီးအောက်က “ကုလားအုပ်မ-နင့်လင်ကုလားကိုခေါ်ပြီး မြန်မာပြည်က အခုချက်ခြင်း ပြန်ထွက် သွား” ဆိုတဲ့စာရေးထားတဲ့ စာရွက်တွေ ရန်ကုန်မြို့လုံးအနှံ့ ညဘက်မှာ လိုက်ကပ်ပါတယ်။ အဲဒီအချိန်က ဗိုလ်ချုပ်စောမောင်ဟာ တပ်မတော်ထောက်လှမ်းရေးကို တိုက်ရိုက်အမိန့်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မို့ အကုန်သူသိပါတယ်။ ဒါတွေပြောနေတာ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်၊ လူထုခေါင်းဆောင်အနေနဲ့ မြန်မာနိုင်ငံမှာ လက်မခံနိုင်ဘူးဆိုတာ ဗိုလ်ချုပ်နေ၀င်းတို့ သားအဖ စခဲ့တဲ့၊ ရှုပ်ခဲ့တဲ့ ဇတ်လမ်းဆိုတာသိစေချင်လို့ပါ။ မြန်မာ့ပြည်မှာ “၁၉၈၈တွင် ပြည်သူအပေါင်းက ဗိုလ်ချုပ်နေ၀င်းကို ဖြုတ်ချ၍ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင်အဖြစ်တင်မြှောက် လိုက်ကြလေသတည်း” လို့သမိုင်းတွင်သွားမှာမျိုးကို သူတို့လုံးဝအဖြစ်မခံနိုင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ပြိုင်ဘက်လိုသဘောထားတဲ့ ဗိုလ်ချုပ်နေ၀င်းဟာ သူ့ကိုဖယ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသမီးကို ပြည်သူက တင်တယ် ဆိုတာကို ဘယ်နည်းနဲ့မှ မခံနိုင်ပါဘူး။ ခုထိ တပ်မတော်ကို လမ်းမှား ပို့ပြီး မြန်မာနိုင်ငံကို ဒုက္ခပေးနေတာ အဲဒီစိတ်ဓါတ် ရိုက်သွင်းခံထားရလို့ပါ။
ဗိုလ်ချုပ်မှုးကြီးစောမောင်ရဲ့ (န၀တ) ခေတ်
၁၉၈၈မှာ်တက်လာတဲ့ န၀တဥက္ကဌဗိုလ်ချုပ်စောမောင်အစိုးရဟာ ဗိုလ်ချုပ်နေ၀င်းက ရော့-မင်းတို့အာဏာယူကြ၊ ဆန္ဒပြတဲ့ ကောင်တွေကို ဆော်စမ်းကွာဆိုလို့သာ သေနပ်ကိုင်ပြီးတက်လာတာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဘို့ ဘာမှစိတ်ကူး မရှိပါဘူး၊ ဗိုလ်ချုပ်နေ၀င်း လောင်းရိပ်မိနေသူမို့ စိတ်ကောလူကော အဆင်သင့်မဖြစ်ပါဘူး။ ဈေးကွက်စီးပွားရေးလဲ ဟုတ်တိပတ်တိ မလုပ်တတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလဲ ပီပီပြင်ပြင်မလုပ်ရဲမို့ ၁၉၉၀ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရေစီတောင်းဆိုသူတွေကို နှိပ်ကွပ်တာကလွဲလို့ ပြည်သူနဲ့တပ်မတော် ပြန်လည်သင့်မြတ်ရေးကို ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ရွေးကောက်ပွဲ လုပ်ပေးပြီး အရင်မဆလလက်ထဲ အာဏာပြန်လွှဲဘို့လောက်ဘဲ စိတ်ကူးဥဏ်ရှိပါတယ်။ ရွေးကောက်ပွဲလုပ်ရင်လည်း မဆလဘဲ နိုင်မယ်လို့ ဆရာကြီးတွေကို အထင်ကြီး နေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁) ရပ်ကွက် မဲဆန္ဒနယ်မြေက လွှတ်တော်ကိုယ်စားလှယ်အရွေးခံဘို့ စာရင်းတင်သွင်းတာမှာ ဖြုတ်ချခံလိုက်ရတဲ့ မဆလ ပါတီကိုယ်စားလှယ်ဦးလဘန်းဂရောင်းက အင်္ဂလိပ်လူမျိုးနဲ့ အိမ်ထောင်ပြုထားသူဖြစ်လို့ နိုင်ငံခြားသားတစ်ယောက်ရရှိတဲ့ အခွင့်အရေးမျိုးကို ရရှိခံစားနေသူဖြစ်တယ်ဆိုပြီး ကန့်ကွက်ပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်း ရွေးချယ်တင်မြှောက်ပွဲကော်မရှင်ခုံရုံးက ဒေါ်စုအပေါ် ဦးလဘန်းဂရောင်း၏ စွပ်စွဲမှုများ ကျိုးကြောင်းခိုင်လုံမှုမရှိသဖြင့် ရွေးကောက်ခံပိုင်ခွင့် ရှိသည်လို့ ဆုံးဖြတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးလိုက် ပါတယ်။ ပျော်လွန်းလို့ လူတွေ လမ်းမပေါ်ထွက် “က” ကြတာမှတ်မိတယ်။ ဒါပေမဲ့ နောက်နေ့မှာတော့ ဗိုလ်ချုပ်စောမောင်ကိုယ်တိုင် TV မှာပေါ်လာပြီး ရန်ကုန်တိုင်းခုံရုံး လူကြီးတွေကိုကြိမ်းမောင်းပြီး ဗဟိုရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်ကနေ တစညကိုယ်စားလှယ်ကို အယူခံတင်ခိုင်းအနိုင်ပေးပြီး ဒေါ်စုရဲ့ကိုယ်စားလှယ်လောင်းလျောက်လွှာကို ပယ်လိုက်ပါ တော့တယ်။ ဒါပြန်ပြောရတာလဲ ၁၉၉၀ရွေးကောက်ပွဲမှာ န၀တ အစိုးရအနေနဲ့ ဒေါ်စုမပါရအောင် ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းတွေမှာ ဘယ်လိုအတင်းအဓ္ဓမ ၀င်စွပ်ခဲ့သလဲဆိုတာသိစေချင်လို့ပါ။ သိမှီသူတွေအများကြီးရှိပါတယ်။ အထောက်အထားတွေ မိန့်ခွန်းတွေ၊ သတင်းစာတွေမှာ ပါပါတယ်။ ပြန်ရှာဖတ်ကြည့်ပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အစကထဲကလဲ အာဏာလိုချင်သူမဟုတ်၊ တိုင်းပြည်အကြီးအကဲ၊ သမ္မတ၊ ၀န်ကြီးချုပ်လုပ်ချင်သူ မဟုတ်လို့ ရွေးကောက်ပွဲလဲ မ၀င်ပါဘူးပြောနေတာကို န၀တဥက္ကဌ ဗိုလ်ချုပ်စောမောင်စပ်ဆော့ပြီး နိုင်ငံရေးလှုပ်ရှားမှု လုပ်မယ်ဆို နိုင်ငံရေးပါတီထောင်ရမယ်၊ နိုင်ငံရေးပါတီထောင်ရင် ရွေးကောက်ပွဲဝင်ကိုဝင်ရမယ်ဆိုလို့ ဒေါ်စု၊ NLD ပါတီနဲ့ ၁၉၉၀ရွေးကောက်ပွဲ ရလဒ် ဆိုတာ ဖြစ်လာတာပါ။
ပြည်သူတွေဘက်ကကြည့်ရင်တော့ ၁၉၉၀ရွေးကောက်ပွဲလုပ်ပြီးလွှတ်တော်မခေါ်တာ၊ အာဏာမလွှဲတာဟာ ပြည်သူကိုသစ္စာဖောက် တာပါ။ တပ်မတော်သမိုင်းမှာ တကဲ့ အမဲစက်ကြီးပါ။
ကမ္ဘာ့အလယ်မှာ ဗိုလ်ချုပ်စောမောင်ရဲ့န၀တအစိုးရဟာ တက်လာတုန်းကပေးခဲ့တဲ့ဂတိတွေ ဘယ်ရောက်ကုန်မှန်းမသိ အားလုံး ချိုးဖောက်တဲ့ အစိုးရဆိုပြီး နာမည်ကြီးသွားတယ်၊ ၁၉၉၃မှာသူ့တပည့်တွေကဘဲ ရူးတယ်လို့စွပ်စွဲပြီး အတင်းအကြပ် ရာထူးက ဖယ်ရှား တာ ခံလိုက်ရပါတယ်။ တပ်မတော်ခေါင်းဆောင်လုပ်ပြီး ပြည်သူကိုလိမ်တဲ့ သိုးမဲအစစ်ဟာ ဗိုလ်ချုပ်စောမောင်ပါဘဲ။ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံး ရူးပြီးသေတဲ့ တပ်မတော်ခေါင်းဆောင်လို့လဲ ပြောလို့ရပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ (နအဖ) ခေတ်
၁၉၉၃မှာ ဗိုလ်ချုပ်သန်းရွှေခေါင်းဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)အစိုးရဆိုပြီး နာမည် ပြောင်းတယ်။ နိုင်ငံရေးစာမျက်နှာသစ်ဖွင့်လိုက်ပြီဆိုပြီး အခြေခံဥပဒေသစ်ဆွဲမယ် အမျိုးသားညီလာခံ ခေါ်ပါတယ်။ NLDကလဲ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရပါတီမို့ လွှတ်တော်ခေါ်ပေးပါ၊ မခေါ်ပေးနိုင်ရင်လဲဆွေးနွေးပါ။ နအဖကအမျိုးသားညီလာခံ တက်စေချင်ရင် တက်ပေးမယ်ဆိုပြီး ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်အောင် လျှော့ပေးခဲ့ပါသေးတယ်။ ၁၉၉၃ အမျိုးသားညီလာခံ တက်ပါတယ်။ အခြေခံမူ ၁၀၉ချက်တွေဘာတွေဆွဲတဲ့အထိ သည်းခံနေသေးတယ်။ တပ်မတော်က နိုင်ငံရေးဦးဆောင်မှုအခန်းမှာ ပါဝင်ထမ်းရွက်မယ်ဆိုပြီး စစ်ဦးစီးချုပ်က လွှတ်တော်မှာအမတ် ၂၅% ယူမဲ့ကိစ္စလုပ်လာတယ်။ NLDကဒီအခွင့်အရေးတွေဟာ နအဖလိုချင်တိုင်း တဘက်သတ်ယူလို့မရပါဘူး။ ပြည်သူတွေသဘောတူပါမှ ပေးလို့ရပါမယ်၊ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပါဆိုတော့လဲ နအဖက အဖက်လုပ်အကြောင်းတောင် မပြန်ဘူး။ နအဖကမူမှန်ဘူး။ လုပ်ချင်ရာဘဲဆက်လုပ်နေလို့ ပြောမရတဲ့အဆုံးမှာ NLDက အမျိုးသားညီလာခံကို ဒီအတိုင်းဆို ဒီမိုကရေစီနည်းလမ်းနဲ့ မညီညွတ်ဘူး၊ မပါတော့ဘူး ဆိုပြီးကန့်ကွက်ပြီး ထွက်သွားတယ်။ လိုက်ဖမ်းပြီးပြန်တက်ဘို့ စည်းရုံးတာဘဲ၊ ၅-၆ယောက်လောက် ဖဲ့ထုတ်နိုင်ပေမဲ့ မြန်မာသမိုင်းမှာ နအဖလုပ်တဲ့ အမျိုးသားညီလာခံ လည်းရွေးကောက်ပွဲအနိုင်ရပါတီက သဘောမတူလို့ စွန့်ခွာလမ်းလျှောက်ထွက်သွားတဲ့ ညီလာခံ ဘ၀ရောက်သွား ခဲ့ရတယ်။ သမိုင်းမကောင်းပြန်ဘူး၊ ရှက်ရမ်းရမ်းပြီး NLDမပါလဲ ဆက်လုပ်မယ်၊ ဘာမှမဖြစ်ဘူး ဂရုမစိုက်ဘူး ကြေညာခဲ့ပေမဲ့ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး၊ ဟိုလိုလိုဒီလိုလိုနဲ့ ၁၉၉၅မှာ ဘာမှမကြေညာဘဲ ရပ်လိုက်ရတော့တယ်။ NLDနဲ့ အတိုက်အခံတွေ ကိုတော့ ခေါင်းမဖေါ်နိုင်အောင် နှိပ်ကွပ်ပါတော့တယ်။ NLDအဖွဲ့ဝင်တွေကို မတရားဖမ်းထောင်ချ၊ ဖြစ်တဲ့နည်းနဲ့ နှုပ်ထွက်ခိုင်း၊ နှုပ်ထွက်လွှာတွေ အတင်းအကြပ်လက်မှတ်ထိုးခိုင်း၊ NLDလွှတ်တော်အမတ်တွေကို လူထုကပြန်ဖြုတ်ချပါတယ်ဖြစ်အောင် အစိုးရကိုယ်တိုင် ကန့်ကွက်ပွဲတွေ စီစဉ်သတင်းစာထဲထည့် ၁၉၉၅ကစပြီး တိုင်းပြည်ကိုတောက်လျှောက် အာဠာဝက တိုက်တော့တာဘဲ။ NLDဆို ကျူပင်ခုတ်ကျူငုတ်မကျန်အောင် စိတ်ရှိတိုင်း နှိပ်ကွပ်ခဲ့တယ်။
ဒီလိုလုပ်တော့ နအဖလဲ ပြင်ပကမ္ဘာနဲ့ဆက်ဆံရေးတွေကျဆင်းသွားတယ်။ တိုင်းပြည်ထဲ နိုင်ငံခြားသတင်းထောက်တွေလာမှာစိုးလို့ အာဆီယံအလှည့်ကျသဘာပတိတောင်မလုပ်ရဲဘူး။ အနောက်နိုင်ငံတွေနဲ့ပတ်သက်ဖို့ဆို ဝေလာဝေး၊ Sanction တွေ လာလိမ့်မနော် ပြောလဲ ဂရုမစိုက်ဘူး၊ ပိုဆိုးပြမယ်ကြိမ်း။ ဒါပေမဲ့ တကယ်စီးပွားရေး ပိတ်ဆို့မှုလုပ်ခံရတော့ အကြံတုန်းဥဏ်တုံး ဒီတိုင်းငုတ်တုပ်ခံခဲ့ရတယ်။ ဘာမှဟုတ်တိပတ်တိ မခုခံမကာကွယ်နိုင်ဘူး။ ပထမဦးဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစိုးရရဲ့ အတိုက်အခံအပေါ် မတရားမှုတွေကို မဲခွဲခံရတဲ့ မြန်မာအစိုးရ ဖြစ်လာတယ်။ ဗိုလ်ချုပ်သန်းရွှေခေါင်းဆောင်တဲ့ နအဖအစိုးရအဖွဲ့ဟာ ကမ္ဘာသိ လူဆိုးစာရင်းဝင် အစိုးရဖြစ်သွားပါတော့တယ်။
ပြည်တွင်းမှာလဲ ခရီးသွားနေတဲ့အတိုက်အခံပါတီ ခေါင်းဆောင်ကို ဒီပဲယင်းမှာဝိုင်းရိုက်တယ်၊ မသေတော့ဖမ်းပြီး အကြယ်ချုပ်ချထား တယ်။ အတိုက်အခံပါတီ ရုံးတွေချိတ်ပိတ်ပြီး ပါတီဝင်တွေကို အမျိုးမျိုး အမှုဆင်ဖမ်းထောင်တွေချတယ်။ ဘိန်းပြစ်တောင်ဖမ်းလိုက် သေးတယ်။ ဒီမိုကရေစီတောင်းဆိုသူတွေအပေါ် မတရားမှုတွေအများကြီး ကျူးလွန်လာရတယ်။ နိုင်ငံရေးမှာ မလှုပ်နိုင်အောင် တအားတင်းကြပ်ထားရတဲ့အတွက် တိုင်းရင်းသားပြည်သူတွေ မလုပ်သာမကိုင်သာဖြစ်ပြီး ပြည်တွင်းစီးပွားရေးတွေ ပိုပိုပြီး ကျဆင်း လာတယ်။ နောင်တစ်ချိန် တိုင်းပြည်ရဲ့အဓိက မောင်းနှင်အားဖြစ်ရမဲ့ လူငယ်ယောက်ျားလေး၊ မိန်းကလေးတွေ ကိုယ့်မိဘ၊ ကိုယ့်အိမ်ကိုယ့်ရွာတွေကိုစွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေကို အစုလိုက်အပြုံလိုက် ထွက်ခွာသွားကြတယ်။ ကုန်ဈေးနှုန်းတွေ တက်လာ တယ်။ ပြည်သူတွေစာရိတ္တ ပျက်ကုန်တယ်။
ဒီပဲယင်းကိစ္စအပြီး ပေါက်တဲ့နှဖူးမထူးတော့ဘူးဆိုပြီး ပြည်သူကို ဒုတိယအကြိမ်တပါတ်ရိုက်ဘို့ ၂၀၀၅မှာ အမျိုးသားညီလာခံကို ဆက်လုပ်မယ်ဆိုပြီး ကိုယ့်စိတ်ကြိုက်ရွေးထားသူတွေနဲ့ အခြေခံဥပဒေကိုဆွဲတယ်။ ပိုဆိုးတာကဒီတစ်ခါ ပြည်သူ့ကိုယ်စားလှယ် မပါသလောက်ဖြစ်သွားတယ်။ NLDခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေစတဲ့ ကန့်ကွက်မယ် ထင်သူတွေ အကုန်ဖမ်းထားပြီး ၂၀၀၈မှာ ဆန္ဒခံယူပွဲလုပ်ပြီး အခြေခံဥပဒေကို ပြည်သူ၉၂%က ထောက်ခံတယ်ဆိုပြီး အတည်ပြု လိုက်တယ်။ ဒီအခြေခံဥပဒေနဲ့ ၂၀၁၀မှာ ရွေးကောက်ပွဲ အသစ်ပြန်လုပ်မယ်ဆိုတော့ အတိုက်အခံကတိုင်းပြည်အတွက် အကျိုးမရှိဘူး ဆိုပြီး လက်မခံဘူး၊ ၁၉၉၀ရွေးကောက်ပွဲမှာ NLD ကနိုင်လို့ အာဏာမလွှဲချင်လို့ ၂၀၁၀ရွေးကောက်ပွဲကို နအဖက ထပ်လုပ်တာလေ၊ ရွေးကောက်ပွဲနိုင်ပြီးသား NLDပါတီက နောက်တစ်ခါ ထပ်ဝင်ပြိုင်ပေးရအောင် အရူးမှမဟုတ်တာ။ ဘယ်ဝင်ပြိုင် ပါတော့မလဲ၊ လုပ်ချင်ရာလုပ် ၂၀၀၈အခြေခံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး တရားမ၀င်ဘူး လုပ်ကရော။ အခုတော့ အဲဒီအခြေအနေမှာ နအဖ road map တစ်လစ်ကြီး ဖြစ်နေတယ်။
ကုလသမ္မဂကလဲ အကြီးဆုံးအတိုက်အခံပါတီကြီးက အသိအမှတ်မပြုဘူး၊ တရားမ၀င်ဘူးကြေညာထားတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ အားလုံးဝင်ပါနိုင်အောင် အတိုက်အခံနဲ့ ပြေလည်ဘို့တော့လုပ်ပါ။ ရွေးကောက်ပွဲကို ကူညီပါ့မယ် ဆိုတာကို နအဖက ၀မ်းသာအားရ ဒို့ road map ကို ကုလကတောင် ထောက်ခံပါတယ်ဆိုပြီး အသားယူနေတယ်။
မြန်မာ့တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ဘာတွေပြောနေနေ တကယ်တန်းဒီမိုကရေစီစနစ် ကိုယုံကြည်သူ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကိုသာ ဖက်တွယ်ထားလိုသူဖြစ်မှန်း နိုင်ငံတကာကသိသွားပါပြီ။ image ပျက်သွားပြီ။ သူခေါင်းဆောင် နေသမျှကာလပါတ်လုံး နိုင်ငံတကာထောက်ခံမှုမရနိုင်တော့ဘူး၊ ဘယ်ကမ္ဘာ့ ဒီမိုကရေစီခေါင်းဆောင်ကမှလဲ သူ့ဘက် ပါမှာမဟုတ်ဘူး။ သူ့လက်ထက်မှာ ပိတ်ဆို့အရေးယူမှုတွေ၊ Sanctionတွေ လျှော့ပါးသွားဘို့ မရှိပါဘူး၊ တိုးလာဘို့ဘဲ မြင်ပါ တယ်။
သူ့လဲအပြစ်မပြောပါဘူး၊ ဒါမျိုးဘဲတွေ့ဘူးတယ်လေ၊ ဒီနည်းဘဲတတ်တာမဆန်းပါဘူး။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ သွားလေသူ ဗိုလ်ချုပ်နေ၀င်းထက် ဆိုးတဲ့လမ်းကို တဖြေးဖြေးသွားနေပြီလို့ဆိုကြတယ်၊ ဗိုလ်ချုပ်နေ၀င်းက အတိုက်အခံတွေအားလုံးဖမ်း ထောင်ထဲထည့်ထားပြီး သူ့စိတ်ကြိုက် အခြေခံဥပဒေဆွဲတယ်။ သမ္မတကြီးတက်လုပ်တယ်၊ ပါတီဥက္ကဌကြီး တက်လုပ်တယ်။ နှစ်ရှည်လများအလွန်အကျွံအာဏာယူထားမိတော့ ပြည်သူတွေလမ်းပေါ်ထွက်ဆန္ဒပြတာခံရပြီး နာမည်ပျက်နဲ့ဇတ်သိမ်းရတယ်။ အရင်သူ့အတွက် အသက်ပေးမယ်ဆိုပြီး မော်မကြည့်ရဲတဲ့ သစ္စာရှိတပည့်တွေကဘဲ သူမသေခင်အကြယ်ချုပ်ချထားပြီး သူ့သားသူ့မြေးလူမမယ်လေးတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ်တွေပေးပြီး ထောင်ထဲထည့်ထားတာ ခံရတယ်။ သူသေတော့ အကျဉ်းရုံးပြီးအသုဘကို လူအစိပ်ထက်ပိုလိုက်မပို့ရဘူး၊ အထိမ်းအမှတ် ရုပ်ထုအုတ်ဂူမလုပ်ရ မီးရှို့ပြီး ပြာကို ရန်ကုန်မြစ်ထဲမျှောဘို့ အမိန့်ထုတ်တာ ခံရတယ်။ သမိုင်းမကျန်အောင်လုပ်ခံရတယ်။ မတန်ပါဘူး။
ဗိုလ်ချုပ်သန်းရွှေလဲ ဒီနည်းဘဲတတ်ရင် ဒီလမ်းအတိုင်းသွားမှာဘဲ။ ရှင်းနေတာဘဲ ဗေဒင်မေးစရာမလိုပါဘူး။ ရွေးစရာလမ်း မရှိပါဘူး။ ဒီလိုသံသယာလည်နေတာကြီးကိုရှောင်ချင်ရင် သူလုပ်ပုံကိုင်ပုံ ပြင်မှရမယ်။ ကျွန်တော်တို့ပြည်သူတွေက အနေသာကြီးပါဗျာ။ နောက်တက်လာဦးမဲ့ စတုထ္ထမျိုးဆက်တပ်မတော်ခေါင်းဆောင်တွေ ဘယ်လမ်းရွေးမလဲ၊ တပ်မတော်ခေါင်းဆောင်အဆက်ဆက် ဗိုလ်ချုပ်နေ၀င်း လှည်းကျိုးကြီးကို ထမ်းလာတာ ဘယ်တော့ပြီးမှာလဲ။
မြန်မာနိုင်ငံမှာတပ်မတော်အစိုးရအဆက်ဆက် ဘာကြောင့်မအောင်မြင်ခဲ့ကြသလဲဆိုတာ သေချာစဉ်းစားရင် ရှင်းရှင်းဘွင်းဘွင်းကြီး မြင်သာပါတယ်။ နအဖအစိုးရမှမဟုတ်ဘူး ဘယ်စစ်အာဏာရှင်အစိုးရမဆိုလက်နက်ရှိလို့ ကိုယ့်ကိုမထောက်ခံသူတွေအပေါ် မတရားအနိုင်ကျင့် ချင်ရင် ကျင့်ချင်သလိုကျင့်လို့ရတယ်။ ညစ်ချင်သလို ညစ်နိုင်တယ်။ ဒါ အစွမ်းအစ မဟုတ်ပါဘူး၊ ဂုဏ်မယူပါနဲ့။
ပြင်တတ်ရင်သားစဉ်းမြေးဆက် နာမည်ကောင်းရမယ်၊ ရာထူးဥစ္စာစည်းဇိမ်တွေလဲတပြားမှမလျှော့ပါးသွာစေရဘဲပြင်တဲ့နည်းရှိတယ်၊ အလွယ်လေးပါဗျာ။ မြန်မာ့တပ်မတော်ကိုတော့ နာမည်ပျက် အမဲစက်ကြီးနဲ့ ဒီအတိုင်း မထားခဲ့ကြပါနဲ့။
စေတနာဖြင့်၊
ကိုဂျူး

သူငယ်ချင်းကောင်းဆိုတာ

Saturday, September 27, 2008
Men always have better friends...
They will stand by you, no matter what ever be the matter....!!! 


Friends of Women:
A wife was not at home for a whole night. So she tells her husband, the very next morning, that she stayed at her (girl) friend's apartment overnight. So the husband calls 10 of her best (girl) friends and none of them confirm that she was with them.
Friends of Men:
A husband was not at home for a whole night. So he tells his wife the very next morning, that he stayed at his friend's apartment over night. So the wife calls 10 of his best friends and 5 of them confirm that he stayed at their apartments that night and another 5 are claiming that he is still with them!!

လောကနိယာမတရား

A fight is going on inside me

An old Man is teaching his grandson about life. "A fight is going on inside me," he said to the boy. "It is a terrible fight between two wolves.
"One is evil - he is anger, envy, sorrow, greed, regret, lies, self-pity, arrogance, guilt, resentment, inferiority, false pride, superiority and ego.
"The other is good - he is joy, peace, love, hope, serenity, humility, kindness, benevolence, empathy, generosity, truth, compassion and faith.
"This same fight is going on inside you -- and inside every other person, too."
The grandson thought for a minute and then asked his grandfather, "Which wolf will win?"
The old Man replied, "The one you feed."


ဖြန်.ကျက်တွေးပြီးအဖြေထုတ်ကာကျင်.ကြံနိုင်ပါစေ။

ဆုတောင်းမှားမိသူ

သူ.ဆုတောင်း

A man walks into a restaurant with a full-grown ostrich behind him. As he sits, the waitress comes over and asks for their orders.The man says, "I'll have a hamburger, fries and a coke," and turns to the ostrich, "What's yours?"
"I'll have the same," says the ostrich.
A short time later the waitress returns with the order. "That will be $6.40 please," and the man reaches into his pocket and pulls out the exact change for payment.
The next day, the man and the ostrich come again and the man says, "I'll have a hamburger, fries and a coke," and the ostrich says, "I'll have the same."
Once again the man reaches into his pocket and pays with exact change.
This becomes a routine until late one evening, the two enter again.
"The usual?" asks the waitress."No, this is Friday night, so I will have a steak,baked potato and salad," says the man, "same for me," says the ostrich.
A short time later the waitress comes with the order and says, "That will be $12.62." Once again the man pulls exact change out of his pocket and places it on the table.
The waitress can't hold back her curiosity any longer. "Excuse me, sir. How do you manage to always come up with the exact change out of your pocket every time?"
"Well," says the man, "several years ago I was cleaning the attic and I found an old lamp. When I rubbed it a Genie appeared and offered me two wishes.
My first wish was that if I ever had to pay for anything,I would just put my hand in my pocket and the right amount of money would always be there."
"That's brilliant!" says the waitress. "Most people would wish for a million dollars or something, but you'll always be as rich as you want for as long as you live!"
"That's right. Whether it's a gallon of milk or a Rolls Royce, the exact money is always there," says the man.
The waitress asks, "One other thing, sir, what's with the ostrich?"
The man sighs, pauses, and answers.....................
"My second wish was for a tall chick with long legs who agrees with everything I say."

ဖြစ်တတ်နိုင်လွန်းပါတယ်။

      တစ်ခါတစ်လေအထက်လူကြီးကကိုယ်မလုပ်ချင်တဲ.အလုပ်တစ်ခုကိုခိုင်းတဲ.အခါစက်က
အလုပ်မလုပ်ပဲကြောင်နေတတ်တယ်။အဲဒါဆိုသိပ်ပျော်တာပေါ.၊စက်ကိုလက်ညှိုးထိုးလိုက်၇ုံပဲ
လေ။ဒါပေမယ်လူကြီးရောက်လာလို.ကိုယ်လဲရှင်းပြရောအဲဒီစက်ကထကောင်းနေပြန်ရော။
လောကမှာဒီလိုမျိုးဖြစ်တတ်တာလေးတွေပါ။

Have you experienced any of these ?

Lorenz's Law of Mechanical Repair:
After your hands become coated with grease, your nose will begin to itch.

ငပိကိုင်ပြီးယင်ပိုပြီးတော.တောင်ယားတတ်သေးတယ်။
Anthony's Law of the Workshop:
Any tool, when dropped, will roll to the least accessible corner.

တစ်ခါတစ်လေရေသုံးလို.မရတဲ.နေရာမှာအိမ်သာသုံးစက္ကူလိပ်ကတံခါးဒေါင်.ကိုလိမ်.ကျ
သွားတတ်သေးတယ်။
Kovac's Conundrum:
When you dial a wrong number, you never get an engaged tone.

သမီးဆီဆက်တာအဖေ.ဖုံးနံပတ်မှားနှိပ်မိတာအဖိုးကြီးကတန်းကိုင်တာပဲ။သုံးခါလောက်တောင်
မြည်တာကိုမစောင်.ဘူး     
Cannon's Karmic Law:
If you tell the boss you were late for work because you had a flat tire, the next morning

you will have a flat tire.
သူလေးစောင်.နေပါတယ်ဆိုမီးပွိုင်.တိုင်းနီတယ်ဗျာ။အဲဒီနေ.မှ။
O'brien's Variation Law:
If you change queues, the one you have left will start to move faster than the one you

are in now.
တစ်ခါတစ်လေကိုယ်သွားမိတဲ.အတန်းကကိုယ်လဲရောက်ရော counter closed ဆိုတာတောင်ကြုံရ
တတ်သေးတယ်။
Bell's Theorem:
When the body is immersed in water, the telephone rings.

တို.ကတော.အလုပ်ထဲမှာအရေအိမ်ဝင်ရင်သူတို.ခေါ်ပြီ။ရုံးခန်းကနော်။
Ruby's Principle Of Close Encounters:
The probability of meeting someone you know increases when you are with someone

you don't want to be seen with.
အတိအကျပဲခိုးသွားပါတယ်ဆိုမောင်းနဲ.မှတဲ.တဲ.တိုးတယ်။(တစ်ရပ်လုံးသိအောင်ဖွမယ်.သူပေါ.)
Willoughby's Law:
When you try to prove to someone that a machine won't work, it will.

အဲဒီနေ.ကအဲဒီစက်ကိုမြစ်ထဲသွားပြီးလွှင်.ပစ်လိုက်ချင်တယ်။ဒါမှမဟုတ်ဆယ်ပေါင်တူနဲ.ထုပစ်
လိုက်ချင်တယ်။
Zadra's Law Of Biomechanics:
The severity of the itch is inversely proportional to the reach.

အရိုးထဲကယားတယ်ဆိုတာဒါမျိုးပေါ.ဗျာ။
Breda's Rule:
At any event, the people whose seats are furthest from the aisle arrive last.

ရုပ်ရှင်ရုံမှာမီးမှိတ်ပြီဆိုယင်လာကြပါပြီလေ။ယူထားတဲ.ခုံကဟိုးထောင်.ဆုံးမှာ။ပြီးယင်မမြင်
မစမ်းနဲ.ကိုယ်.ဖိနပ်ကိုပါခလုပ်တိုက်သွားသေးတာ။ဒါတောင်ခြေထောက်ကိုခုံပေါ်တင်ထားလို.။
Owen's Law:
As soon as you sit down to a cup of hot coffee, your boss will ask you to do 

something which will last until the coffee is cold.
သူမသိအောင်ထမင်းစောစောဆင်းစားပြီဆိုယင်သူခေါ်ပါပြီ။(ဘော.စ်လေ)

လေ.လာပါ၊သင်ယူပါ၊မမေ.ပါနှင်.

        လူကြီးများအတွက်ရယ်စရာဟာသလေးပါ။ဘာသာရေးကိုလှောင်ပြောင်လိုတဲ.စိတ်မရှိပါ။

A priest was driving along and saw a nun on the side of the road; he stopped and offered her a lift which she gladly accepted. She got in and crossed her legs, forcing her gown to open and reveal a lovely leg. The priest had a look and nearly had an accident. After controlling the car, he stealthily slid his hand up her leg. The nun looked at him and immediately said, "Father, remember psalm 129?"
The priest was flustered and apologized profusely.
He forced himself to remove his hand. However, he was unable to remove his eyes from her leg.
Further on, while changing gear, he let his hand slide up her leg again.
The nun once again said, "Father, remember psalm 129?"
Once again the priest apologized. "Sorry sister, but the mind is weak."
Arriving at the convent, the nun got out, gave him a meaningful glance and went on her way. On his arrival at the church, the priest rushed to retrieve a bible and looked up psalm 129. It Said," Go forth and seek; further up, you will find glory."
MORAL OF THE STORY:
Always be well informed in your job; or, you might miss great Opportunities!



                           source : six faces

Reference e-mail

    အင်တာနက်မှာforumတွေကိုမင်ဘာအသစ်ဝင်လို.ပဲဖြစ်ဖြစ်၊တစ်ချို.အရေးမကြီးတဲ.ကိစ္စတွေ
မှာကိုယ်ရေးအချက်အလက်တွေဖြည်.ရတဲ.အခါကိုယ်.ရဲ.e-mail လိပ်စာဖြည်.ပေးရတတ်ပါတယ်။
ကိုယ်သုံးနေကျလိပ်စာဖြည်.ပေးလိုက်ယင်တော.မလိုအပ်တဲ.အကြောင်းကြားစာတွေ၊ကြေငြာတွေ
forward mail တွေအမြောက်အများရောက်လာလို.မလိုအပ်ပဲdelete လုပ်ရတဲ.mailတွေအတွက်
အချိန်မကုန်စေနိုင်အောင်reference mail လေးတစ်ခုထားယင်ပိုကောင်းတာပေါ.။အခုအဲဒီအခက်
အခဲကိုဖြေရှင်းဖို.အတွက် mailinator ကိုသွားပြီးe-mail address တစ်ခုလုပ်လိုက်၇ုံပါပဲ။
    မူရင်းဆောင်းပါးလေးကဒီလိုပါ။



Today's URL
From: Loritha @ MindTree Ltd. (Chennai)
Mailinator is a free disposable e-mail address. The idea is to let a user create a new e-mail address on-the-fly, whenever needed, for instance while filling a form on a web site.
No Registration! No Sign-up!

မှားတဲ.အခါလည်းမှားပေမပေါ.

Friday, September 26, 2008
     ဒူဘိုင်းရဲတပ်ဖွဲ.ဒုရဲချုပ်ထံသို.လူတစ်ဦးကားရပ်နားရန်နေရာတစ်ခုတွင်ချဉ်းကပ်လာပြီးအပ်ထရာ
ဆောင်း(ultrasound) ရိုက်ထားသောစာရွက်တစ်ခုပြကာသူလွန်စွာနေမကောင်းဖြစ်နေကြောင်း၊
ဆေးကုဖို.အတွက်ငွေလိုအပ်နေကြောင်းပြောပြရာရဲအရာရှိကြီးသံသယ၀င်သွားခဲ.သည်။
    " သူ.ရဲ.ဆေးမှတ်တမ်းကိုကျွန်တော်ဖတ်လိုက်တဲ.အခါကိုယ်ဝန်ဆောင်အမျိုးသမီးကိုရိုက်ထားတဲ.
မှတ်တမ်းဖြစ်နေတယ်" ဟုဒုတိယရဲချူပ် Mr.Khamis Mattar Al Mazeina ကရေဒီယိုအစီအစဉ်တစ်
ခုတွင်ပြောပြပါတယ်။သူဟာအဲဒီလူလိမ်ကိုကင်းလှည်.ရဲကားတစ်စီးကိုခေါ်ပြီးဖမ်းခိုင်းလိုက်ပါတယ်။
          ဗဟုသုတနည်းပါးတဲ.ပြည်သူလူထုကိုဒီလိုလူတွေကအခွင်.အရေးယူပြီးလိမ်နေကြတာလို.
သူကပြောပါတယ်။ဆက်ပြီးယ္ခုဥပုတ်လ( Ramadan )ပထမဆယ်ရက်အတွင်းမှာကိုလိမ်လည်တောင်း
စားသူပေါင်း ၆၅ ဦးဖမ်းဆီးထားမိပြီးလို.သူကပြောပြသွားပါတယ်။
   မူရင်းသတင်းလေးလည်းတင်ပေးလိုက်ပါတယ်။

Beggar caught trying to con top

officer

Dubai:  When a man approached Major General Khamis Mattar Al Mazeina, Dubai Police Deputy Commandant General, in a parking lot and showed him an ultrasound scan saying that he was very ill and needed money, the top officer got suspicious.
"When I read the medical reports, I found it was an ultrasound scan of a pregnancy," Al Mazeina said in a radio report. He called a patrol car and got the man arrested. "

Such people take advantage of the public's lack of knowledge," said Al Mazeina, adding that police arrested 65 beggars during the first 10 days of Ramadan.

 

 

Sheik Zayed ဗလီသို.လေ.လာရေးခရီး


         ကွယ်လွန်သွားခဲ.ပြီဖြစ်တဲ.U.A.E နိုင်ငံရဲ.သမ္မတSheik Zayed Al Nayan အုတ်မြစ်ချပြီး
တည်ဆောက်ခဲ.တဲ.ကမ္ဘာ.အကြီးဆုံးဗလီတွေထဲကတစ်ခုဖြစ်တဲ.Sheik Zayed Al Nayan Mosque
ကိုဟိုတယ်ကနေလေ.လာရေးခရီးစီစဉ်ပေးလို.သွားရောက်လေ.လာခဲ.ရတယ်။ ၁၉၉၆ ခုနှစ်ကစပြီး
တည်ဆောက်ခဲ.တာမို.တည်ဆောက်ချိန်၁၂နှစ်တောင်ကြာခဲ.တာပါ။ဒါတောင်ပင်မဗလီအဆောက်
အဦးကြီးပဲပြီးသေးပါတယ်။တံတိုင်းတွေ၊ဂိတ်အ၀င်မုခ်ဦးတွေ၊ကားရပ်၇န်နေရာတွေ၊ပန်းပင်တွေ၊မြက်
ခင်းတွေစသည်ဖြင်.အချောသတ်လုပ်ငန်းတွေဆက်လုပ်နေတုံးပါပဲ။








        Sheik Zayed ဟာ U.A.E နိုင်ငံကိုခေတ်မှီတိုးတက်အောင်စွမ်းဆောင်နိုင်ခဲ.တဲ.ခေါင်းဆောင်
ပါ။အခုဗလီကိုလဲသူ.စိတ်ကူးနဲ.အမြော်အမြင်ကြီးစွာပဲနိုင်ငံခြားသားတွေ၊ဘာသာခြားတွေအစ္စလာမ်
ဘာသာနဲ.အာရပ်ယဉ်ကျေးမှုထုံးစံကိုသိမြင်နိုင်အောင်အခမဲ.ပေးဝင်ပြီးနာရီအပိုင်းအခြားနဲ.ဂိုက်တစ်
ယောက်ကရှင်းပြပေးနိုင်အောင်စီမံထားပါတယ်။ဓါတ်ပုံ၊ဗီဒီယိုလည်းစိတ်ကြိုက်အခမဲ.ရိုက်ခွင်.ပေးထား
ပါတယ်။ဒါဟာဘာသာရေးပြန်.ပွားဖို.အတွက်အတုယူသင်.တဲ.အချက်တစ်ခုပါ။
        Sheik Zayed ဗလီကြီးဟာဒူဘိုင်းကနေတစ်နာရီကျော်ကျော်ကားမောင်းသွားရတဲ.ယူအေအီး
မြို.တော်အဘူဒါဘီမြို.အ၀င်နားမှာတည်ရှိပါတယ်။၁၂ နှစ်ကျော်ကြာအောင်စိတ်တိုင်းကျတည်ဆောက်
ထားတာမို.ခန်းနားထည်ဝါလှပါတယ်။အဓိက၀တ်ပြုရာအဆောက်အဦးကြီးမှာသုံးထားတဲ.စကျင်
ကျောက်ပြားများဟာအီတလီနိုင်ငံကမှာယူတာဖြစ်ပြီးလှပတဲ.ပန်းပွင်.နွယ်ပင်ဒီဇိုင်းများနဲ.ထွင်းထု
ထားတာမို.အေးမြတဲ.အပြင်မျက်စေ.ပသာဒဖြစ်စရာပါ။အဲဒီကျောက်ပြားတွေထုတ်ယူတဲ.မိုင်းတွင်း
ဟာလည်းနောက်ထပ်ထုတ်လို.မရလောက်တဲ.အတွက်(ကုန်သွားလို.ပေါ.)ပိတ်လိုက်ပြီမို.သူတို.
ဗလီမှာသုံးတဲ.ကျောက်ပြားမျိုးတစ်ခြားဘယ်မှာမှမတွေ.နိုင်ပါဘူးဆိုပြီးဂိုက်လုပ်တဲ.အာရပ်အမျိုး
သားကဂုဏ်ယူဝင်.ကြွားစွာနဲ.ရှင်းပြပါတယ်။
  
 
                                  အာရပ်အမျိုးသမီးဝတ်စုံနဲ.နိုင်ငံတကာမှလှပျိုဖြူများ

  အ၀င်အ၀မှာသုံးတဲ.တံခါးကြီးတွေကautomatic ခလုပ်နဲ.အဖွင်.အပိတ်လုပ်လို.ရပြီးဆယ်.ရှစ်တန်
လေးပါတယ်။ပင်မ၀တ်ပြုခန်းနားကmain entrance မှာအထဲမ၀င်ခင်အမျိုးသမီးတွေကအနက်ရောင်
အာရပ်ဝတ်စုံတွေကိုအပေါ်ကနေထပ်မံဝတ်ဆင်ကြရတယ်။အထူးသဖြင်.ဆံပင်တွေကိုအုပ်မိအောင်
ခေါင်းဆောင်းကိုပြုပြင်ဝတ်၇ုံကြရတယ်။အမျိုးသားတွေကတော.ထွေအထူးလဲစရာမလိုပါဘူး။ဒါပေ
မယ်.ဘောင်းဘီတိုနဲ.တော.မ၀င်ရပါဘူး။

                                                ပင်မ၀တ်ပြုခန်းမကြီး

                                          ကျွန်တော်လဲအဲဒီအထဲမှာပါတာပေါ.

the place heading to pray


  အဓိက၀တ်ပြုခန်းကြီး main prayer hall ကတော.လူပေါင်း၇ထောင်စုပေါင်းဝတ်ပြုနိုင်အောင်
ကျယ်ဝန်းတယ်လို.ဆိုပါတယ်။ကြမ်းပြင်မှာခင်းထားတဲ.ပါရှန်းကော်ဇောကြီးကကမ္ဘာ.အကြီးဆုံး
ကောဇောဖြစ်ပြီးအီရန်နိုင်ငံမှာနှစ်နှစ်ကျော်ကြာအောင်ယက်လုပ်ခဲ.ရတာပါ။တန်ချိန်၄၇ တန်လေး
ပြီးလေယာဉ်မှာဒီအတိုင်းတင်လို.မရတာကြောင်.လေးပိုင်းခွဲပြီးတင်ဆောင်လာခဲ.ရတယ်။လူပေါင်း
၇ထောင်ကိုအတန်းလိုက်တစ်ညီတစ်ညာတည်းဝတ်ပြုနိုင်ဖို.ကော်ဇောမျက်နှာပြင်မှာခြေထောက်
နဲ.နင်းယင်သိသာတဲ.အမြင်.နဲ.အတန်းလေးတွေရှေ.နောက်ယက်လုပ်ထားတာမူရင်းဒီဇိုင်းလဲမထိ
ခိုက်ပဲစနစ်ကျပြီးအတုယူစရာကောင်းလှပါတယ်။

                                           ဒေါ်လာသန်းနဲ.ချီတန်တဲ.ဖန်မီးဆိုင်း

မျက်နှာကျက်ကနေအောက်ကိုကျအောင်ချိတ်ဆွဲထားတဲ.ဖန်မီးဆိုင်းကြီးတွေကတော.စုစုပေါင်း
၆ခုရှိပြီးတစ်ခုကိုအမေရိကန်ဒေါ်လာနှစ်သန်းကျော်ကုန်ကျပါတယ်တဲ.။မီးဆိုင်းတစ်ခုကို၃တန်လေး
ပြီးအဲဒီမီးဆိုင်းကိုလူတစ်ယောက်ဝင်လို.ရတဲ.ဓါတ်လှေခါးငယ်တစ်ခုလိုတပ်ဆင်ထားပြီးပြုပြင်ထိန်း
သိမ်းတဲ.အခါအောက်ကိုနှိမ်.ချ၊မြှင်.တင်လို.ရအောင်စီမံထားတယ်။

                                                   ရွှေနဲ.လုပ်တဲ.အချွန်း   

ဝတ်ပြုခန်းမကြီးရဲ.နံရံတစ်ဖက်မှာအစ္စလာမ်ဘာသာဝင်တွေရည်မှန်းဝတ်ပြုတဲ.မက္ကာ(ဆော်ဒီအာရေဗျနိုင်ငံ)
ရှိရာဖက်ကိုရည်ညွန်းပြီးအထိန်းအမှတ်ပုံစံတစ်ခုကို၂၄ကာရက်ရွှေအစစ်နဲ.ရွှေပိန်း
ချထွင်းထုပုံဖေါ်ထားတယ်။ပြီးတော.အဲဒီပုံစံရဲ.အထက်ဘေးဘယ်ညာမှာလည်းထာဝရဘုရားရှင်
အလ္လာရှင်မြတ်ရဲ.ဘွဲ.တော်ပေါင်းသုံးဆယ်ကိုရွှေချထားတဲ.စာလုံးတွေအဖြစ်ထွင်းထုထားပြန်ပါသေး
တယ်။ဗလီအဆောက်အဦးကြီးတစ်ခုလုံးရဲ.အမိုးခုံးထိပ်တွေမှာအချွန်နဲ.လခြမ်းတွေကိုလည်းရွှေအစစ်
တွေနဲ.ပြုလုပ်ထားပြီးစုစုပေါင်းရွှေတန်နဲ.ချီပြီးအသုံးပြုခဲ.တယ်လို.ဆိုတယ်။ဒီလောက်ကြီးမားပြီးလူ
ပေါင်းများစွာဝတ်ပြုတဲ.ဗလီကြီးကိုကွပ်ကဲဖို.တော.imeen လို.ခေါ်တဲ.ဗလီဆရာသုံးယောက်ပဲလို
အပ်ပါတယ်။ဝတ်ပြုတဲ.အခါလိုက်နာရမယ်.စည်းမျည်းများအတိအကျရှိပြီးအားလုံးသေချာစွာလိုက်
နာကြလို.အခုလိုလူနည်းနည်းနဲ.ကြီးကြပ်နိုင်တာဖြစ်တယ်။




                                                ဗလီဆရာရဲ.တရားဟောစင်
                                           

       အဲဒီဝတ်ပြုတဲ.နံရံဖက်မှာပဲတရားဟောတဲ.ဗလီဆရာအတွက်စင်မြင်.လေးတစ်ခုနဲ.မိုက်ကလွဲပြီးတစ်ခြား
ဘာပစ္စည်း၊ပရိဘောဂမှမရှိတာမို.မျက်စေ.ရှင်းပြီးလူပိုဆံ.နိုင်တာလည်းဖြစ်တယ်။ဗလီအ
တွင်းရောအပြင်ကကျောက်ပြားခင်းထားတဲ.ကွက်လပ်တွေပါပေါင်းယင်စုစုပေါင်းလူလေးသောင်း
ကျော်ဝတ်ပြုဆုတောင်းလို.ရအောင်ကြီးမားကျယ်ပြန်.လှပါတယ်။

 
Sheikh Zayed ရဲ.အုတ်ဂူ ( ခြံစည်းရိုးအတွင်းမှာမို.ဘာမှမမြင်ရပါ။)
၇ိုးရိုးသာမာန်အုတ်ဂူတစ်ခုမျှသာသေးသေးလေးမို.မမြင်ရခြင်းပါ။

        ကွယ်လွန်သွားခဲ.ပြီဖြစ်တဲ.Sheikh Zayed Al Nayan ကိုမြုပ်နှံထားတဲ.ဂူကိုလည်းဗလီပင်မအ
ဆောက်အဦးကြီးနဲ.ကပ်လျက်ပဲတွေ.ရပါတယ်။အဆောက်အဦသေးသေးလေးတစ်ခုနဲ.တွဲပြီးတော.
အမိုးတောင်မရှိပဲရိုးရိုးလေးပဲလုပ်ထားတာမို.နိုင်ငံ.ခေါင်းဆောင်ဆိုတဲ.သူရဲ.ဂုဏ်ပုဒ်နဲ.ဆိုယင်သေး
တောင်သေးတယ်လို.ထင်မိတယ်။အဲဒီအုတ်ဂူကိုတော.ဓါတ်ပုံရိုက်ခွင်.မရှိလို.မရိုက်ခဲ.ရပါဘူး။
       ဆယ်.နှစ်နှစ်ကျော်တည်ဆောက်ခဲ.ရပြီးဒီနှစ်ကုန်မှာအပြီးသတ်တော.မယ်.ဗလီကြီးရဲ.စုစုပေါင်း
ခန်.မှန်းကုန်ကျငွေကတော.အမေရိကန်ဒေါ်လာ၂.၂ ဘီလီယံပါတဲ.ခင်ဗျား။
       တစ်ခုဘ၀င်မကျဖြစ်ရတာတော.ထိုဗလီကြီးနဲ.ပတ်သက်တဲ.လက်ကမ်းကြော်ငြာစာရွက်၊စာ
အုပ်နဲ.အင်တာနက်စာမျက်နှာတောင်မရှိသေးတာမို.အချက်အလက်တွေအတွက်ကိုးကားစရာဖို.
မရနိုင်တာမို.ဂိုက်လုပ်တဲ.သူပြောတာမှတ်မိသမျှပြန်ရေးထားတာမို.ကွဲလွဲချက်အနည်းငယ်ရှိနိုင်
ပါတယ်။ကိုယ်ကလဲရှင်းပြပြီးယင်ကြေငြာစာရွက်ရမယ်ထင်လို.စာနဲ.မှတ်မထားလိုက်မိဘူး။ယူ
တတ်မယ်ဆိုယင်တော.သင်ခန်းစာပါပဲ။

      

ကိုလူပျိုနဲ.မမချော

Friday, September 19, 2008

                 မြန္ဂုိလီးယားနုိင္ငံကကမ ၻာ. အေသးဆံုးလူသားနဲ.ရုရွားကကမ ၻာ.အရှည်
ဆုံး(ခြေထောက်နော်) အမျိုးသမီးတို.ရဲ.အကြောင်းနဲ.ဓါတ်ပုံလေးပါ။ဒူဘိုင်းနိုင်ငံထုတ်
Gulf News သတင်းစာမှာပါတာကိုပြန်တင်ပြလိုက်ပါတယ်။


He Pingping from Inner Mongolia, the world's smallest man, sits on the lap of Svetlana Pankratova from Russia, the Queen of Longest Legs, as they pose at Trafalgar Square in London on Tuesday.

The long and short of it

London: He Pingping from Inner Mongolia, born with primordial dwarfism, holds the Guinness 
World Record for the smallest man at 74.61cm while Svetlana Pankratova from Russia holds 
the Guinness World Record for the longest leg of any woman at 132cm.
Pingping, the world's smallest man, sat on the lap of Svetlana Pankratova from Russia, the 
Queen of Longest Legs, as they pose at Trafalgar Square in London on Tuesday as the 
photographersclicked away..
         

သိသူဖော်စားမသိသူကျော်သွား

Meditation courses gain popularity among youth

By Ye Lwin
YOUNG people, both from Myanmar and overseas, are increasingly being drawn to meditation as a means of clearing the mind and cleansing the spirit, say a number of people familiar with the field.
During holiday periods in particular, most meditation centres in the country are full and, in contrast to earlier years, most participants – as many as 70 percent – are students and young people, and even children, says U Kaung Yin, a representative of the management of the Keppabeinnya Meditation Centre in Inndaing, Hlegu township, Yangon.
The secluded centre is located near Bago, a one-hour drive from downtown Yangon, and comprises 223 private single detached buildings on 22 acres of land.
“During the long holidays the centre is usually full – we can get 400 people, including foreigners. Most are students and young people. Only about 30 percent are older and retired people,” U Kaung Yin told The Myanmar Times.
The meditation courses sponsored by Venerable Chekinda, an associate professor at the International Theravada Buddhist Missionary University, are especially intended for children and the younger people in Myanmar. The course attracts many well-educated youngsters.
A four-day, three-night short training course in meditation is organised from time to time for children, teenagers and young adults at Chekinda’s monastery in Hmawbi township – a remote area one hour from downtown Yangon by car. Three or four times a year, separate short-term courses are offered to students at the basic education, matriculation and university levels. Each course trains more than 800 young people how to practise meditation. Accommodation and meals are free of charge.
The Venerable Chekinda sees particular merit in training children in meditation. “Meditation means seeing things as they really are. It is the way to eradicate misunderstanding and spiritual defilement, which are the main cause of all suffering,” the Venerable Chekinda said.
“I have come here 10 times to practise meditation. Thanks to meditation, I feel very comfortable dealing with people from all walks of life,” Ma Lei Yee Win, a medical student, told The Myanmar Times on the closing day of her meditation course in Hmawbi last month.
“Practising meditation has imbued in us a sense of intelligence for how to behave in our society and to live our lives happily,” she said.
“Developing clarity of spirit and consciousness helps concentrate the mind and helps us study,” she said. “It also helps us make the right decisions and choose the proper course of action.”
Ma Su Mon Hein, a third year medical student, has now become a firm believer in Buddhism after hearing a sermon preached by the Venerable Chekinda three years ago.
“My parents are traditional Buddhists but I never believed in Buddhism or God before. Even when I visited Shwedagon Pagoda I never paid homage. It was nothing to me, though I felt tranquil in my mind at seeing the pagoda,” Ma Su Mon Hein said.
“After listening to the Venerable Chekinda’s sermon, I gradually came to believe in Buddhism,” she added.
“This is the third time I have come here to pursue meditation through my own motivations and beliefs. Practising meditation helps me to live my life harmoniously within my society,” she said.
“I have acquired a much deeper concentration on my studies than I had before. Meditation also helps me to cleanse some of my spiritual defilement to a certain extent. I get used to being content with what I have,” Ma Su Mon Hein added.
“Before practising meditation, my mind was full of mess. Afterwards, things become clear and illusion and delusion gradually fade,” she said.
“We teenagers can easily tend to commit crime as our minds are not mature enough. As for me, my purpose in practising meditation is to control my mind and to avoid doing wrong,” Ko Aung Shwe Htun, a botanical student, explained.
“Practising meditation is the only way to control our complicated mind amid a daily life that seems ever more stifling,” he said.
“As meditation is a kind of mental training to ease stress and mental suffering, it is not intended solely for those who believe in Buddhism. Anyone can practise regardless of race or religion, age or time,” said Ma Mya Thida, who studied and practised meditation for a decade after matriculation. “It helps you distinguish very clearly between right and wrong.”
Ma Mya Thida believes that anyone who wants to enjoy peace of mind, maturity, mental healthy and tranquillity should practise meditation regularly because it can help practitioners liberate themselves from samsara – the cycle of life in the next existence – and attain nibbana, which is the extinction of all suffering.
In this centre, the Venerable Chekinda has lectured to the younger generation on how to improve social relationships; resolve misunderstandings among friends, parents and relatives; perform meritorious deeds; smooth the rough edges of the mind; and raise the intellect, Ko Nay Zaw Linn Oo said.
“Our centre is a branch of Mahasi Vippasana and founded by Thadhamaranthi Sayadaw. There are altogether six centres across the country. We invite all those who want to pursue meditation in our centre, including foreigners,” U Kaung Yin said.
“This is my first time to study and practise meditation. My parents and friends encouraged me to learn meditation in this centre while I was in Myanmar,” said Ko Ye Htwe, a 20-year-old student from Nanyang Technological University in Singapore.
Meditation encompasses a variety of techniques that develop mindfulness, concentration, tranquillity and insight, willpower and self-confidence. One can pursue meditation regardless of faith. Non-Buddhists often use these techniques to attain physical and mental health as well as for non-Buddhist spiritual ends. Buddhists pursue meditation as part of the path toward enlightenment and nibbana. In sum, meditation is a way to quiet the mind.

ကလေးငယ်များအတွက်သတိပြုစရာ

Sunday, September 14, 2008
        မနေ.ကနှင်.ဒီနေ.နှစ်ရက်ဆက်တိုက်သတင်းစာတွေမှာတရုတ်နိုင်ငံကထုတ်လုပ်တဲ.နို.မှုန်.
တွေထဲမှာmelamine ဓါတ်ပစ္စည်းတွေပါလို.သောက်သုံးမိတဲ.ကလေးငယ်တွေရဲ.ကျောက်ကပ်မှာ
ကျောက်တည်ပြီးဆေးရုံရောက်ရ၊တစ်ချို.ကလေးတွေအသက်ဆုံးရှုံးရတာဖတ်ရတော.ကျွန်တော်
တို.ရွှေပြည်ကြီးအတွက်လည်းစိုးရိမ်မိတယ်။သူ.နိုင်ငံသားတွေအတွက်တောင်ဂရုမစိုက်တဲ.ဒီတ၇ုတ်
တွေဟာကျွန်တော်တို.နိုင်ငံကိုဒီလိုအရည်အသွေးနိမ်.တဲ.စားသောက်ကုန်နဲ.ဆေးဝါးတွေတင်သွင်း
မှာကတော.အသေအချာပါပဲ။ဒီလိုအသက်အန္တာရယ်ဖြစ်နိုင်တဲ.ဓါတုဆေးဝါးပစ္စည်းတွေပါတဲ.စား
သောက်ကုန်တွေကိုသုံးစွဲမိတဲ.ကျွန်တော်တို.နိုင်ငံသားတွေအဖြစ်ကတော.မတွေးရဲစရာပါ။သုံးစွဲ
မယ်.အထဲမှာကျွန်တော်ကိုယ်တိုင်၊ကျွန်တော.မိသားစုတွေလည်းပါဝင်နိုင်ပါတယ်။
      အစစအရာရာကုန်ဈေးနှုန်းတွေကြီးနေတဲ.ခေတ်ကြီးမှာပေါချောင်ကောင်းတရုတ်ပစ္စည်းတွေ
ကိုပဲအဓိကထားနေရတာပါပဲ။အဲဒီပစ္စည်းဆေးဝါးတွေရဲ.အရည်အသွေးကိုစနစ်တကျထိမ်းသိမ်းစစ်
ဆေးမယ်.အဖွဲ.အနေနဲ.လည်းမြန်မာပြည်အတိုင်းအတာနဲ.ထိထိရောက်ရောက်လုပ်နိုင်မယ်လို.
တော.မထင်ပါ။နောက်ဆုံးတော.ကိုယ်နဲ.လက်လှမ်းမှီသလောက်ကိုသာဒီသတင်းလက်ဆင်.ကမ်း
ရင်းကျန်တဲ.မြန်မာပြည်သားများကိုတော.သဗ္ဗေသတ္တာကမ္မသကာလို.ပဲနှလုံးသွင်းရတော.မှာပါပဲ။
      ခေတ်မှီဖွံ.ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီကိုပျော်ပျော်ပါးပါးကြီးချီလေတဲ.ချီလေလုပ်နေ
တဲ.သူများလည်းဒီတင်းဖတ်မိပြီးအပြစ်မဲ.နိုင်ငံတော်ရဲ.အနာဂတ်ကလေးငယ်များအတွက်ထည်.
သွင်းစဉ်းစားပြီးတရုတ်နိုင်ငံကအရည်အသွေးမပြည်.တဲ.ပစ္စည်းများကိုတင်သွင်းခွင်.မပြုသင်.ပါဘူး။
ပြောမယ်.သာပြောရတယ်စိတ်ကတော.မထင်ဆိုသလိုပါပဲ။ဘာသာတရားကင်းမဲ.တဲ.ကွန်မြူနစ်
နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တို.ရဲ.ဘယ်သူသေသေစိတ်ဓါတ်ကတော.ဒီသတင်းကိုဖတ်ကြည်.ရင်
သိနိုင်ပါတယ်။မူရင်းသတင်းလေးကိုတော.အောက်မှာပြန်တင်ပေးထားပါတယ်။

China widens milk powder inquiry to dairy farms

14 September 2008
 


BEIJING - China's investigation of the tainted milk powder that sickened hundreds of babies widened to its dairy-producing regions on Sunday, as officials attempted to track down the source of melamine in the milk.
One baby died and over 400 developed kidney problems after drinking formula made from milk powder sold by Sanlu Group, one of China's largest milk powder producers that is partly owned by New Zealand's Fonterra Co-operative Group.
Farmers or dealers suppling milk to Sanlu may have diluted it with water and then added melamine, a substance used in plastics, fertilisers and cleaning products, to make the milk's protein level appear higher than it actually was.
Teams travelled to Hebei, Guangdong, Heilongjiang and Inner Mongolia, the biggest dairy-producing regions, to reinforce local governments, ensure dairy inspections were fully carried out, and check milk powder already in circulation, said the General Administration of Quality Supervision, Inspection and Quarantine.
"The teams' primary mission is to underscore the priority the central government has given to the case," said the notice, posted on AQSIQ's website www.aqsiq.gov.cn on Sunday.
A Chinese health official, Gao Qiang, vowed on Saturday to bring food quality supervision to a "new level" after the scandal, which was first reported last week.
Sanlu admitted that its baby formula had been contaminated with melamine, which linked to deaths and illness of thousands of pets in the United States last year after it was added to pet food components exported from China.
It has stopped production of the milk powder and recalled products made before Aug. 6.
In Taiwan, authorities have sealed all Sanlu milk powder products that have yet to be distributed to retailers, after China's Taiwan Affairs Office said Sanlu had exported 25 tonnes of the milk powder to Taiwan in June.
"We've taken all the Sanlu milk powder off the shelves at stores," said Wang Cheng-huei, a deputy director-general of the Bureau of Standards, Metrology and Inspection at Taiwan's economics ministry.
Sanlu had begun receiving customer complaints in March that babies' urine was discoloured and that some had been hospitalised, the China Daily said on Saturday.
Many of the sick babies came from poor or remote areas, state media said. Babies in rural China are often raised on formula after their mothers return to work in cities, leaving them in the care of their grandparents. Urban mothers also supplement breast-feeding with formula.
In 2004, at least 13 babies in the eastern province of Anhui died after drinking fake milk powder that investigators found had no nutritional value. The scandal prompted government efforts to strengthen monitoring of food safety.

ကျွန်တော်ကြည်ညိုသောထိုင်းနိုင်ငံမှဆရာတော်ဘုရားကြီး

Monday, September 8, 2008
 
ဆရာတော်ဘုရားကြီးထေရုပ္ပတ္တိစာအုပ်

 
ချင်းမိုင်ရှိဆရာတော်ဘုရားကြီးသီတင်းသုံးခဲ.ရာကျောင်းတိုက်
        





      မြန်မာပြည်ထေရ၀ါဒသာသနာသမိုင်းတွင်ရှင်အရဟံမှအစပြုပြီးပထမရွှေကျင်သာသနာ
ပိုင်ဆရာတော်ဘုရားကြီး၊လယ်တီဆရာတော်ဘုရားကြီး၊မဟာဝိသုဒ္ဓါ၇ုံဆရာတော်ဘုရားကြီး၊
သက္ချတောင်ဆရာတော်ဘုရားကြီး၊ဘုန်းတော်ကြီးဦးသီလဆရာတော်ဘုရားကြီးများမှသည်မိုး
ညှင်းဆရာတော်၊မင်းကွန်းဇေတ၀န်ဆရာတော်၊စွန်းလွန်းဆရာတော်၊မိုးကုတ်ဆရာတော်၊ဝေဘူ
ဆရာတော်၊သဲအင်းဂူဆရာတော်၊မဟာစည်ဆရာတော်၊ပုသိမ်မြို.မိဂဒါဝုန်ဆရာတော်စသည်.စံ
လွန်တော်မူပြီးသည်.ဆရာတော်ဘုရားကြီးများနှင်.လက်ရှိသက်တော်ထင်ရှားရှိနေသေးသည်.
မောင်းထောင်မြေဇင်းတော၇ဆရာတော်၊ဖားအောက်တောရဆရာတော်၊မုံလယ်တောရဆရာ
တော်မဟာဗောဓိမြိုင်ဆရာတော်၊ရွှေတောင်ကုန်းသာသနာ.ရိပ်သာဆရာတော်စသည်.အကျင်.
သီလနှင်.ပြည်.စုံသည်.ပ၇ိယတ္တိ၊ပဋိပတ္တိဝန်ဆောင်ဆရာတော်ဘုရားကြီးများပေါ်ထွန်းခဲ.ရာ
မြန်မာပြည်သားတို.ကံထူးပေစွ၊အရတော်ပေစွ။
                    ထိုထိုဆရာတော်ဘုရားကြီးများထေ၇ုပတ္တိများဖတ်ရှုကြည်ညိုပြီးကိုယ်.မြန်မာပြည်
မှာသာထိုသို.အရိယာရဟန်းတော်များရှိလိမ်.မည်ဟုထင်မှတ်ထားရာမှမထင်မှတ်ပဲထိုင်းနိုင်ငံမှဆရာ
တော်ဘုရားကြီးတစ်ပါးအကြောင်းဖတ်ရှုမိရာမှရဟန်းဘ၀တစ်လျှောက်လုံးဓုတင်ဆောင်ကာအ
ကျင်.သီလနှင်.ပါတ်သက်ပြီးအပြစ်မရှိအောင်နေထိုင်ကျင်.ကြံတော်မူခဲ.သောဆရာတော်ကြီးအ
ကြောင်းကိုကြည်ညိုစွာနှင်.အကျဉ်းချုပ်တင်ပြလိုက်ပါသည်။
                      ထိုင်းဆရာတော်ဘုရားကြီး၏ဘွဲ.တော်မှာ Venerable Phra Acharn Mun
BhuridattaTheraဖြစ်ပါသည်။ဆရာတော်ဘုရားကြီးမှာ၁၉၄၉ခုနှစ်တွင်ပရိနိဗ္ဗာန်ပြုခဲ.ပြီဖြစ်ရာ
ကျွန်တော်တို.မြန်မာနိုင်ငံမှလယ်တီဆရာတော်ဘုရားကြီးများနှင်.ခေတ်ပြိုင်ဖြစ်ပါသည်။ဆရာ
တော်ဘုရားကြီး၏အထုပ္ပတ္တိကိုရေးသားသည်.ဆရာတော်မှာလည်းဆရာတော်ဘုရားကြီး၏တ
ပည်.ရင်းတစ်ပါးဖြစ်ပါသည်။(ကျွန်တော်ဖတ်ရှုရသည်မှာထိုစာအုပ်၏အင်္ဂလိပ်ဘာသာပြန်ဖြစ်
ပါသည်။)
                        ဆရာတော်ဘုရားကြီးသည်အစပိုင်းတွင်ဗုဒ္ဓါနုဿတိကမ္မဌာန်းပွားများ၍
နောက်ပိုင်းအသုဘကသိုဏ်းရှုပါသည်။ဝိပဿနာသို.မတက်နိုင်၍ဈာန်ပိုင်းတွင်တန်.နေခဲ.
ကြောင်း၊သေသေချာချာနည်းပြပေးမည်.ဆရာမရှိ၍ဖြစ်ကြောင်းမိန်.ကြားပါသည်။(ယနေ.ကမ္မ
ဌာန်းရိပ်သာများ၊ဆရာများ။များစွာရှိနေသောကျွန်တော်တို.ကံကောင်းပေစွတကား၊)၄င်းနောက်
သတိပဌာန်တရားပွားမှတရားထူးများရကြောင်းအထုပ္ပတ္တိ၌အမိန်.ရှိပါသည်။ဆရာတော်ဘုရား
ကြီးသည်အသက်ထက်ဆုံးတောရဆောက်တည်၍ဓုတင်ဆောင်သည်ဖြစ်ရာတစ်ကျောင်းထဲတွင်
အတည်တကျသီတင်းမသုံးခဲ.ပေ။တောရွာအနှံ.လှည်.လည်ဓုတင်ဆောင်ရာတွင်ကျွန်တော်တို.
မြန်မာနိုင်ငံနယ်နမိတ်အတွင်းတောတောင်များထဲသို.ပင်ရောက်ရှိလှည်.လည်သီတင်းသုံးခဲ.
ကြောင်းသိရသည်။မြန်မာပြည်သာမက၊လောနိုင်ငံ၊ကမ္ဗောဒီယားနိုင်ငံတောတောင်များသို.ပါ
ခရီးလှည်.လည်ဓုတင်ဆောက်တည်ခဲ.ကြောင်းကြည်ညိုရပါသည်။မြတ်စွာဘုရားဟောကြားသော
ဈာယေထဘိက္ခဝေဟူသည်.တရားတော်အတိုင်းခရီးဒေသစာရီလှည်.လည်ခဲ.သည်မှာကြည်
ညိုဖွယ်ရာပင်ဖြစ်ပါသည်။
                 ဆရာတော်ဘုရားကြီးတောရဆောက်တည်စဉ်ကြုံတွေ.ရသောအံ.မခန်းအဖြစ်ဆန်း
များကားဖတ်ရှု၍မငြီးနိုင်လောက်အောင်စိတ်ဝင်စားဖွယ်ကောင်းလှသည်။တောတောင်များတွင်ဓု
တင်ဆောက်တည်၍တရားအားထုတ်လိုသူရဟန်းတော်များအတွက်လမ်းပြပင်မှတ်ယူနိုင်သည်။
ဓမ္မတွင်စိတ်မြှုပ်နှံထားသောဆရာတော်ဘုရားကြီးကားကြမ်းပေ.ဆိုသည်.တော၊ဆိုးပေ.ဆိုသည်.
ဂူများကိုသာရွေး၍သီတင်းသုံးတရားထိုင်သည်။ကျားရိုင်း၊ဆင်၇ိုင်း၊မြွေဆိုးစသည်.တောရိုင်း
တိရိစ္ဆာန်များနှင်.ကြုံတွေ.ခဲ.ရသည်မှာလည်းအလီလီပင်။တရားအတွက်အသက်ကိုပင်မငဲ.ကွက်
သည်ကိုတပည်.များ၊နှောင်းလူတို.အတုယူဖွယ်ပင်။ဆရာတော်ဘုရားကြီးနှင်.နတ်နဂါးများတွေ.
ဆုံခြင်း၊နတ်ဗြဟ္မာများဆရာတော်ဘုရားကြီးထံတရားနာလာကြပုံ၊ဂျာမနီမှနတ်များဆရာတော်
ဘုရားကြီးထံအဖူးမျှော်လာပုံ၊ဆရာတော်ဘုရားကြီးအ၇ဟတ္တမဂ်၊ဖိုလ်သို.ဆိုက်ရောက်ပုံများ
ကိုလည်းဖော်ပြထားသည်မှာမြန်မာပြည်မှစွန်းလွန်းဆရာတော်၊သဲအင်းဂူဆရာတော်များ၏
ထေ၇ုပ္ပတ္တိများကိုသတိရစရာပင်။(အမှန်တော.ထိုင်းဆရာတော်ဘုရားကြီးကများစွာစောပါသည်။)
                  ဆရာတော်ဘုရားကြီးအကြောင်းဓမ္မာစရိယဦးဌေးလှိုင်ရေးသားသည်.ခရီးဖော်စာ
အုပ်တွင်ဓါတ်ပုံနှင်.တစ်ကွဖော်ပြထားသည်။ဦးဌေးလှိုင်ကလည်းဆရာတော်ဘုရားကြီးကိုရဟန္တာ
အဖြစ်ယုံကြည်စွာဖော်ပြထားပါသည်။အဘယ်ကြောင်.ဆိုသော်ဆရာတော်ဘုရားကြီးစံလွန်
တော်မူပြီးနောက်ဓါတ်တော်များလည်းကြွင်းပါသည်။ဆရာတော်ဘုရားကြီးချင်းမိုင်မှမီးရထားဖြင်.
ကြွချီတော်မူရာတွင်နတ်များကကောင်းကင်မှလာရောက်ဖူးမြှော်ပုံကိုဖတ်ရှုရသည်မှာကြည်နူးဖွယ်
ရာပင်ဖြစ်ပါသည်။ယနေ.အထိထိုင်းနိုင်ငံတွင်ဆရာတော်ဘုရားကြီး၏တပည်.စဉ်ဆက်များကတော
ရဓုတင်ဆောင်ကျောင်းများဖြင်.ဘုရားရှင်လက်ထက်ကကဲ.သို.သာသနာပြုနေသည်မှာလာရောက်
အားထုတ်သူနိုင်ငံခြားသားများ၊ထိုင်းနိုင်ငံသားရဟန်းတော်များဖြင်.တိုးတက်စည်ပင်နေသည်မှာသာ
သနာတော်အတွက်အားရစရာပင်ဖြစ်ပါတော.သည်။အင်္ဂလန်၊အမေရိကန်စသည်.နိုင်ငံများတွင်
လည်းကျောင်းခွဲများဖြင်.တိုးတက်စည်ကားကာဆရာတော်ဘုရားကြီး၏သာသနာပြန်.ပွားနေပါ
သည်။
              သူ.နိုင်ငံတွင်သူ.နိုင်ငံသားကမှပို၍သာသနာပြုနိုင်ပေလိမ်.မည်။ပုဂ္ဂိုလ်ကိုခင်မှတရား
ကိုမင်မည်ဟူသောဆိုရိုးစကားရှိပေသည်။ကျွန်တော်တို.မြန်မာတွေသတိပြု၇န်အချက်တစ်ခု
ပင်။မြန်မာရဟန်းတော် ၁၀ ပါးပြည်ပသို.သာသနာပြုသည်နှင်.သူတို.လူမျိုးတစ်ပါးသူ.နိုင်ငံတွင်
သာသနာပြုလျှင်အကျိုးဖြစ်ထွန်းမှုမည်ရွေ.မည်မျှကွာခြားမည်ကိုစဉ်းစားဆင်ခြင်သင်.သည်။ထို.
ကြောင်.ပြည်ပသာသနာပြုလုပ်ငန်းများတွင်ထိုင်းနိုင်ငံကမြန်မာနိင်ငံထက်ရှေ.ကိုကြိုရောက်နေ
သည်ဟုဆိုလျှင်အကြောင်းရင်းဇစ်မြစ်ကိုမသိသူများကယုံကြည်ကြမည်မဟုတ်ချေ။

                 မည်သို.ဆိုစေဓမ္မာစရိယဥိးဌေးလှိုင်တို.ပင်မဖော်ပြနိုင်ခဲ.သောအငြင်းပွားဖွယ်ရာ
မဂ်ဖိုလ်နိဗ္ဗာန်ဆိုင်ရာအချက်များပါစေကာမူတရားအားထုတ်လိုသူသူတော်စင်အပေါင်းတို.အ
တွက်ဖတ်သင်.ဖတ်ထိုက်သည်.စာအုပ်ကောင်းတစ်အုပ်ပင်ဖြစ်ပါသည်

          ဆရာတော်ဘုရားကြီး၏ထေရုပတ္တိကို www.what-buddha-taught.net  တွင်ဒေါင်းလုပ်
ယူ၍ဖတ်ရှုနိုင်ပါသည်။

နောက်တောင်ကျနေတဲ. compromise

Sunday, September 7, 2008
       ဖတ်မိပြီးကြိုက်တဲ.ပိတောက်မြေဘလော.ဂ်ကကိုဂျူးရဲ.ပို.စ်တစ်ခုပါ။ကျွန်တော.
အနေနဲ.အခုအချန်အထိဘယ်သူ.ရဲ.သီချင်း၊စာပေဖြစ်ဖြစ်အကုန်လုံးကိုခြွင်းချက်မရှိကြိုက်
တယ်ဆိုတာမရှိသေးပါ။ကိုယ်.စိတ်ထဲကလက်ခံချင်တာကိုပဲလက်ခံပါသည်။အခုလည်းကိုဂျူး
ရဲ.ဆောင်းပါးအားလုံးကိုကြိုက်သည်မဟုတ်တစ်ချို.ကိုကြိုက်ပြီးတစ်ချို.ကိုမကြိုက်ပါ။သို.
သော်လွတ်လပ်စွာသလောကွဲလွဲခွင်.ကိုတော.လေးစားပါသည်။အခုကြိုက်မိတဲ.ပို.စ်ကို
ခွင်.တောင်းပြီးတင်လိုက်ပါသည်။

တပ်မတော်ဘက်ကလဲ တပ်မတော်သာအမိ တပ်မတော်သာအဖ၊ ပြည်သူ့ဘက်ကလဲ ပြည်သူသာအမိပြည်သူသာအဖ၊ ဒီတိုက်ပွဲဟာ နှစ်တွေကြာညောင်းနေပြီ။ တိုင်းပြည်လည်း ဖွတ်ဖွတ်ကျေနေပြီ။ လူတွေလည်း အများကြီး ဘ၀ပျက်ဆင်းရဲခဲ့ပြီ။ အခုလည်း နအဖဟာ ပြည်သူ့ဆန္ဒအစစ်အမှန်မပါဘဲ စိတ်ကြိုက်ဆွဲထားတဲ့ ၂၀၀၈အခြေခံဥပဒေနဲ့ ၂၀၁၀မှာရွေးကောက်ပွဲလုပ်ပြီး စစ်အစိုးရပုံစံတစ်မျိုးနဲ့ ဆက်လက်ချီတက်ဦးမယ်။ ဒီပုံအတိုင်းဆို post election political situation က ဒေါ်စုနဲ့ နိုင်ငံရေးသမား တွေ လွတ်လမ်းမမြင်သေးဘူး။ အစိုးရက တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးဏ္ဍိုင်တွေကို ကိုင်ထားဦးမယ်။ economy က စီးပွားရေးပိတ်ဆို့မှု ရှိနေဦးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အကူအညီအထောက်အပံ့တွေ ဝေးနေဦးမယ်။ လက်ရှိနိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ၊ စီးပွားရေးအကျပ်အတည်းတွေ ထွက်ပေါက်မရှိ ပိတ်နေဦးမယ်။ ဒါကို ကျွန်တော်တို့က ဒီမိုကရေစီလို့ ခေါ်မယ်။ ဒီနည်းနဲ့ အေးချမ်း သာယာခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်မယ် ဆိုရင်တော့ အဆိုကျော်ကိုင်ဇာရဲ့ သီချင်းအတိုင်း ““စွမ်းမယ်ထင်လုပ်ကြည့်လိုက်လေ”” လို့ပြောရမှာဘဲ။ မြန်မာနိုင်ငံအတွက် ဘာတစ်ခုမှ အကျိုး မရှိပါဘူး။
အခု၂၀၀ရ-၂၀၀၈မှာ နအဖ pressure မိနေတယ်လို့ထင်တယ်။ အရင်လို ဖြစ်ချင်ရာဖြစ် မလုပ်ရဲတော့ဘူး။ ရွေးစရာနည်းလမ်း ကုန်သွားတာလည်းပါမယ်။ အရင်တက်လာခါစက Diplomacy ဆိုတာ ဖြူသလားမဲသလား မသိဘူး။ ဂရုလဲမစိုက်ဘူး။ မျက်ကန်းတစ္ဆေမကြောက် လုပ်ချင်ရာအကုန် လျှောက်လုပ်လာခဲ့တာဘဲ။ ၁၉၈၈ ဗိုလ်ချုပ်နေ၀င်းဟာ ရှက်တတ်လာတာမှာ ပြုတ်ကျသွားခဲ့ပါတယ်။ အရင်တုန်းကဆို ဦးနေ၀င်းလည်း ဘယ်လက်နှေးလိမ့်မလဲ၊ ထစ်ကနဲဆို သေနတ်ဆွဲပစ်တဲ့ ကောင်းဘွိုင်ကြီးပေါ့၊ မိတဲ့ကောင် ထောင်ထဲထည့် လာခဲ့တဲ့သူဘဲ။ ဒါပေမဲ့ ၁၉၈၈မှာ ဦးနေ၀င်း လူထုကိုရက်ရက်စက်စက် မလုပ်ရဲတော့ဘူး၊ ဆင်းပေးသွားခဲ့တယ်။ ရှက်တတ်လာတာကိုပြတာပါ။
အခုမြန်မာနအဖလည်း ၂၀၀၈အခြေခံဥပဒေအတည်ပြုပြီး သူတို့ကိုသူတို့ တရားဝင်အစိုးရဆိုတာ ကမ္ဘာမှာ လုပ်ချင်လာပြီ၊ စစ်အစိုးရ အခေါ်ခံရတာကို မကြိုက်တော့ဘူး၊ ရှက်တတ်လာပြီ။ ဒီမိုကရေစီနိုင်ငံတွေက နိုင်ငံခေါင်းဆောင်တွေ၊ သံတမန်တွေက သူတို့ကို သေချာကြည့်ရင် ရှိုးတိုးရှန့်တန့်နဲ့ မနေတတ်တော့ဘူး၊ တကယ်ပြင်ဘို့ စဉ်းစားနေပြီလို့ ထင်တယ်။
အခုနောက်ပိုင်း နာဂစ်မုန်တိုင်းအပြီးမှာတော့ နအဖ နဲနဲမာန်ကျသွားတယ်။ အရင်က မြန်မာပြည်ဟာ ဗုဒ္ဒဘာသာ တိုင်းပြည်၊ ခေါင်းဆောင်တွေကလဲ မင်းကောင်းမင်းမြတ်တွေမို့၊ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်သူတွေမို့ ဒီလိုဘေးဆိုးကပ်ဆိုးကြီးတွေ တစ်သက်လုံး ဘယ်တော့မှ မဖြစ်ဘူးဆိုပြီး ပြည်သူတွေ ယုံအောင် ခဏခဏ ပြောခဲ့ကြတယ်။ တော်ယုံကြီးကြီးမားမားဖြစ်လဲ လူမသိအောင်၊ သတင်းအပြင်မထွက်အောင် မှောင်ချထားနိုင်ခဲ့တယ်။ သူတို့ကိုသူတို့ မင်းကောင်းမင်းမြတ်တွေလို့ ယုံနေခဲ့ကြ တယ်။
အဲ-နာဂစ်မုန်တိုင်း မိလိုက်တာမှာ တညထဲနဲ့ သူတို့တွေ ဘာမှမဟုတ်ဘူး၊ ဆင်းရဲတဲ့သာမန်အစိုးရဘဲ၊ မြန်မာပြည်ဟာလည်း ဘာမှ မဟုတ်ဘူး၊ သူများနိုင်ငံတန်းတူဆင်းရဲတာဘဲ၊ ဘေးအန္ဒရယ်ဆိုးတွေကျရောက်နိုင်တာဘဲ၊ လူငါးရာ တစ်ထောင်သေတုန်းက ဖုံးဖိထား လို့ရတယ်၊ အခု လူသိန်းနဲ့ချီသေလိုက်တော့ ဖုံးဖိထားလို့လဲမရဘူး၊ တစ်သက်လုံး ယုံခဲ့သမျှ လေမုန်တိုင်းတစ်ည တိုက်လိုက်တာနဲ့ အားလုံး မျက်စီရှေ့မှာ ရှင်းရှင်းလင်းလင်း ပေါ်သွားတယ်။ နာဂစ်ကို အကောင်းဘက်ကစဉ်းစားရင်တော့ ဒါမြတ်တယ်။
မြန်မာနိုင်ငံအခြေအနေက အလှည့်အပြောင်းတစ်ခုတော့ ရောက်နေတာအမှန်ပါဘဲ။ ကောင်းလာမှာလား? ဆိုးသွားမှာလား? ဘာဖြစ်လာမဲ့ အလှည့်အပြောင်းလဲသာ ကြိုမပြောနိုင်တာ၊ လွယ်လွယ်လေးနဲ့ တစ်ခုခုတော့ အပြောင်းအလဲ ဖြစ်တော့မယ်။ အခြေအနေ တွေက ၂၀၀၈ နာဂစ်အပြီး၊ ဆန္ဒခံယူပွဲပြီးကထဲက ပြောင်းမှန်းမသိဘဲ ပြောင်းလဲသွားတယ်။
NLDက အရင်အနှစ်နှစ်ဆယ်လုံးလုံး ရွေးကောက်ပွဲနိုင်ထားလို့ သူသွားချင်တဲ့ ဒီမိုကရေစီလမ်းကို ရှေ့တိုးချင်တဲ့သူ၊ နအဖက ဒီမိုကရေစီကို ဖုတ်ပူမီးတိုက်အလျှင် အမြန်ပြောင်းလဲလိုက်ရင် ယူဂိုဆလဗ်လို တိုင်းပြည်ပြိုကွဲသွားမယ်။ ကိုဆိုဗိုလိုပြည်တွင်းစစ် ဖြစ်သွားမယ်၊ ကုလသမဂ္ဂတွေဘာတွေဝင်မရှုပ်နဲ့၊ ၀င်မပါနဲ့ မရဘူးလေဆိုပြီး ရှေ့မတိုးနိုင်အောင် တိုင်းပြည်ကို ဆွဲထားတယ်။ NLD ကို တိုင်မှာ ကြိုးနဲ့တုပ်ထားသူ။
ဒီကနေ့အခြအနေကတော့ နအဖက သူ့လမ်း (road map) နဲ့မှ ဒီမိုကရေစီတကယ်ရမှာဆိုပြီး အခြေခံဥပဒေအသစ်ဆွဲပြီး ၂၀၁၀မှာ ရွေးကောက်ပွဲလုပ်ဘို့ ရှေ့တိုးချင်သူ။ NLDက ဒီလိုမတရားမလုပ်နဲ့လေဆိုပြီး သဘောမတူဘူး၊ ငါတို့မပါဘူး၊ UN ဒီပုံစံမျိုးနဲ့ ၀င်မရှုပ်နဲ့၊ နအဖ ကိုယ့်ဖာကိုဖြစ်အောင်လုပ်ပစေ ဆိုပြီး ၀င်မပါဘူးလုပ်နေသူ။ ဆွဲထားသူ၊ နအဖနဲ့ NLD နေရာခြင်းက ပြောင်းပြန်ဖြစ် သွားတယ်လို့ မြင်တယ်။
မတူတာတစ်ခုရှိတယ် NLD က နအဖကို သူ့တုန်းကလို တိုင်မှာကြိုးတုပ်ထားလို့မရဘူး၊ နအဖလုပ်တာကို သဘောမတူရင် ၀င်မပါတာဘဲ တတ်နိုင်တယ်၊ ရပ်သွားအောင် မတားနိုင်ဘူး။ နအဖကလဲ အဲဒီဟာကို ဂယ်ပေါက်လို့ထင်ပြီး လျှောကနဲ ထွက် သွားတယ်။ ၂၀၀၈အခြေခံဥပဒေကို လေထဲမိုးထဲမှာတောင် အတည်ဖြစ်အောင် ဆန္ဒခံယူပွဲလုပ်ပြီး ၂၀၁၀မှာ ရွေးကောက်ပွဲကို လည်း လုပ်ဖြစ်အောင် လုပ်ကိုလုပ်မယ် လို့ ပြောလိုက်မိတယ်၊ ခုတော့ ကိုယ့်စကားနဲ့ကိုယ် မိသွားတယ်။ NLD မပါလဲ ရွေးကောက်ပွဲလုပ်ရတော့မယ်။ ဂယ်ပေါက်လို့ထင်ခဲ့တာ မဟုတ်ဘူး၊ NLD၀င်မပါရင် နောက်တက်တဲ့အစိုးရအတွက် ပိတ်ဆို့မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ငွေရေးကြေးရေး အကူအညီတွေနဲ့ ဝေးနေသေးမှန်း တွက်မိပုံရတယ်။ NLDကို ပြတ်ပြတ် သားသား မကိုင်သေးဘူး။ ဂန်ဘာရီကိုဖိတ်ပြီး ၂၀၁၀မှာ ၀င်အရွေးခံဘို့ နားချခိုင်းတယ်။ ဒီအချိန်မှာ ဒေါ်စုကကြားထဲက ဂန်ဘာရီကို ဖယ်လိုက်တယ်။ ဒီနေ့ သတင်းစာအရ နအဖရဲ့ ဆက်ဆံရေးဝန်ကြီး ဗိုလ်ချုပ်အောင်ကြည်ကိုပါ ထပ်ဖယ် လိုက်တယ်၊ ဒီလူတွေ လုပ်ပုံကိုင်ပုံ ဒီအဆင့်လောက်နဲ့ မရဘူး ပြောလိုက်တာ ထင်တယ်။ နအဖလုပ်ရှားဖို့ နေရာကျဉ်းသွားတယ်။ UNဆိုမျက်နှာဘယ်ထား ရမှန်းတောင် မသိတော့ဘူး။ ဘာဆက်ဖြစ်ဦးမလဲ မသိဘူး။ ကြည့်လို့ ကောင်းတယ်။

တိုင်းပြည်လဲ စစ်အစိုးရအဆက်ဆက် နှစ်၅၀ကျော်လာပြီ မချမ်းသာနိုင်သေးဘူး။ မအေးချမ်းနိုင်သေးဘူး။ ဒီအချိန်မှာ ဘာလို့ နှစ်ဘက်လုံး ခေါင်းမာနေကြမှာလဲ? တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား သတ္တိရှိရှိနဲ့ အပေးအယူ အလျှော့အတင်း compromise လုပ်ကြဘို့သင့်ပြီ ထင်တာဘဲ။ နောက်တောင်ကျနေပါပြီ။ ကျွန်တော်တို့ ပြည်သူတွေကတော့ ဘယ်သူအုပ်ချုပ် အုပ်ချုပ်တိုင်းပြည်ကောင်းဘို့လိုရင်းပါ။ ဗိုလ်ချုပ်မှုးကြီးလဲ အရည်အချင်းရှိရင် အရွေးခံပါ။ မဲထည့်မယ်။ ဒေါ်စုလည်း တိုင်းပြည်အတွက် လုပ်နိုင်ရင်လုပ်ပေးပါ။ တပ်မတော်ကော NLDကောတူတူပါဘဲ။ ဘယ်သူမှမသာပါဘူး၊ ခြောက်ပြစ်ကင်း မဟုတ်ဘူး၊ အရည်အချင်းရှိသူတက်ရင် တိုင်းပြည်ကောင်းစားမှာဘဲ။ ဘယ်သူအရည်အချင်း ဘယ်လောက်ရှိလဲ အူဘယ်နှစ်ခွေရှိလဲ ပြည်သူတွေကသိပါတယ်။ တပ်မတော်သားတွေပါနေတာလဲရပါတယ်၊ ကျွန်တော်တို့ညီအစ်ကို သားသမီးတွေဘဲ၊ NLD လဲ ကျွန်တော်တို့ အတွက် အနစ်နာခံနေတဲ့ ခေါင်းဆောင်တွေဘဲ၊ မျှမျှတတစဉ်းစားကြည့်မယ်။
Compromise လုပ်ကြဖို့ ကျွန်တော် အကြမ်းဖြင်း မှန်းကြည့်သလောက် -
အတိုက်အခံက (၁) ၁၉၉၀ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ် (၂) ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ရွေးကောက်ပွဲကို အသိအမှတ်ပြု၊ ၀င်ပြိုင်၊ (၃) အရင်အစိုးရလုပ်ခဲ့တာတွေကို တရားမစွဲပါဘူး လူနဲ့ပစ္စည်း လုံခြုံမှု အာမခံ။
နအဖက (၁) *၂၀၁၀ ရွေးကောက်ပွဲကို အားလုံးဝင်ပြိုင်နိုင်အောင် လုပ်ပေး၊ (၂) လွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးကို အစိုးရက ၀င်မစွက်နိုင်အောင်လုပ်ပေး (၃) လွှတ်တော်သက်တမ်း ၂ ခါပြည့်ရင် တပ်မတော်သားအမတ် ၂၅% မထည့်တော့ဘူး ဆိုတာ အခြေခံဥပဒေထဲ ထပ်ထည့်။
ဒီလောက်ဆို သင့်တော်မလား? မျှတမလား? Thinking aloud ပေါ့၊ အမြင်မတူသူတွေ ရှိမှာပါ။ နှစ်ဘက်စလုံးအလျှော့ပေး Compromise ကတော့ လုပ်ကို လုပ်ရမှာဗျ။ မလုပ်လို့ မရဘူး။
* ကုလသမဂ္ဂကပြောတဲ့ “၂၀၁၀ ရွေးကောက်ပွဲကို အားလုံးဝင်ပြိုင်နိုင်အောင် လုပ်ပေး၊” ဆိုတဲ့အဓိပါယ်က အတိုက်အခံတွေ ၀င်ပြိုင်ခြင်အောင် သင့်တော်တဲ့ atmosphere လုပ်ခိုင်းတာပါ။ ဒေါ်စုနဲ့နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာ understood ပါ။
 

ဝံသာ မနုနိုင်ကြတော့သည့် အကြောင်း မေတ္တာစာ

Thursday, September 4, 2008
        မိုးမခမှာဖတ်မိသည်.ဆောင်းပါးတစ်ပုဒ်ကြိုက်လို.၊မှတ်စုအနေနဲ.သိမ်းထားချင်လို.
ပြန်လည်ဖော်ပြလိုက်ပါတယ်။


ဝံသာ မနုနိုင်ကြတော့သည့် အကြောင်း မေတ္တာစာ
စတုရင်္ဂဗလ
စက်တင်ဘာ ၂၊ ၂၀၀၈
          မကြာခင်က မျက်စိကြီး နားကြီး မြန်မာအမျိုးသမီးကြီးတဦးနှင့် စကားစပ်မိရာမှ စင်္ကာပူက ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က ၂၁ ရာစုအတွင်း မြန်မာလူမျိုး ပျောက်သွားနိုင်သည် ဆိုကြောင်း သိရလေသည်။ အနည်းငယ်ချဲ့ကားလွန်းသည်ဟု ဆိုနိုင်သော်လည်း မှန်သင့်သလောက် မှန်ပေ၏။
          တဘောင်လိုလို စနည်းလိုလိုနှင့် “တရုတ်ကဖိ၊ ရှမ်းက အိ၊ ရှိသည့် ဗမာ တောင်ရိုးမှာ” ဆိုသော ရှေးစကားသည် ယခုခေတ်တွင် များစွာ မှန်လာပေပြီ။
          အခြားသော ယိုးဒယား၊ ခမာ စသည့် အရှေ့တောင်အာရှသားများထက် မြန်မာလူမျိုးများသည် ပြည်ပလွှမ်းမိုးမှုဒဏ်ကို ပိုခံရသည် ထင်ပါ၏။ ဗီယက်နမ်တို့ကဲ့သို့ နှစ်ပေါင်း ထောင်ချီ၍ မြောက်အရပ်က အိမ်နီးချင်းကို တွန်းလှန်ခဲ့ရပါသည်။ မလေးတို့ကဲ့သို့လည်း အရင်းရှင်ကုန်ထုတ်စီးပွားရေးနှင့်အတူ ပါလာသည့် ဈေးပေါသည့် လုပ်အား အိန္ဒိယသားတို့ လွှမ်းမိုးမှုကိုလည်း ကြုံခဲ့ရပါ၏။ ဂျပန့်ကျေးဇူးကြောင့်သာ ကုလားများ ပြန်ပြေးကြသည်။ ဗိုလ်ချုပ်နေ၀င်း အမြင်ကျဉ်းမှုကြောင့် ဗမာ့စီးပွားရေးကို ကုလားတို့ လက်ဆုပ်ဖြေရသည်။
          သို့သော်လည်း ၁၉၄၁ ဂျပန်စစ်ရောက်မှ စ၍ ယနေ့တိုင်အောင် ၆၇ နှစ် လုံးလုံး ဗမာပြည်ကြီးသည် အင်္ဂါဂြိုလ်မင်း၏ တက်ရိပ်အောက်မှ မလွတ်နိုင်ပေ။ မြို့တော် (၀ါ) အဓိကစီးပွားရေး မြို့ကြီး၏ အလယ် ဘရင်းကယ်ရီယာများ လှည့်နေရသည်ဆိုသော တိုင်းပြည်တွင် အဘယ်ကဲ့သို့သော ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးကို ဆောင်ရွက်ကြမည်နည်း။
          စစ်ပြီးခေတ် ဦးနုလက်ထက် ပျူစောထီး ဒီမိုကရေစီ (၀ါ) ၆ လောင်းပြိုင် ရွေးကောက်ပွဲခေတ် ရန်ကုန်၊ မန္တလေးတကြော ပြည်တော်သာခဲ့ဖူးလေသည်။ ရာနှင့်ချီသော မြန်မာလူငယ်တို့ကို အမေရိကန်၊ အင်္ဂလန်သို့ အစိုးရစရိတ်နှင့် ပညာတော်သင် စေလွှတ်ခဲ့ဖူးသည်။
          သို့သော် အင်းလျားစောင်းတွင် အမေရိကန်အကြံပေး ပါရဂူနှင့် တက္ကသိုလ်ကျုတာ မမတို့ မွန်းလိုက်ပစ်ကနစ် ထွက်ကြချိန်ဝယ် မိုင် ၁၀၀ မျှမဝေးသော မြောက်ဘက် ပဲခူးရိုးမစောင်းမှာ ဖြတ် ၄ ဖြတ် စနစ်နှင့် မိတ်အင်ဘားမား ဗီယက်နမ်စစ် ခင်းနေကြသည်။
          ဘယ်အခါမှ အစေးမကပ်ခဲ့ကြဖူးသော မြန်မာနှင့် တိုင်းရင်းသားများကြားတွင်ကား ပင်လုံစာချုပ်ကြီး ဖုတ်ပူမီးတိုက် ထိုးပြီးနောက်ပိုင်း စစ်မှန်သော ရင်ကြားစေ့မှုဟူ၍ မရှိဘဲ မြန်မာနိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသား လူရည်တက်များအကြား နိုင်ငံရေး ကစားပွဲကြီးပမာ ဖြစ်နေပါတော့သည်။
          ကစားပွဲ အရှိန်ကောင်းနေချိန်မှာ တရုတ်နီနှင့် အမေရိကန်တို့ “ခိုးငွေ့ချင်းဆိုင် တန်ခိုးပြိုင်” ကြချိန်နှင့် သွား၍ တိုက်ဆိုင်နေပေသည်။ နိုင်ငံရေးသမား လူစွာ အချင်းချင်း ကွန်မြူနစ် ဆိုရှယ်လစ်ဟူ၍ ဆိုင်းဘုတ်ချင်းပြိုင်ပြီး လူသတ်ပွဲကြီး ဆင်ကြချိန်တွင် ပြည်ပအုပ်စုအသီးသီးကလည်း မီးလောင်ရာ အနုမြူဗုံး ကြဲပေးကြသည်။
          စင်စစ် ဗမာပြည်တွင် တွေ့ဆုံဆွေးနွေးရေး ဟူ၍ ခေတ်အဆက်ဆက် လုပ်ခဲ့သမျှ ဘာကြောင့် မအောင်မြင်ရသနည်း ဆိုသည့် အမေးကို ဖြေရာ၌ ပြည်ပပယောဂကို ထည့်သွင်းဆန်းစစ်ကြည့်ဖို့  လိုပါ၏။
          ကိုရီးယားကဲ့သို့ ၂ ခြမ်းကွဲ၍ တောင်နှင့် မြောက် ရှင်းရှင်းလင်းလင်း ဖြစ်မသွားနိုင်။ ဗီယက်နမ်ကဲ့သို့ တဘက်သတ်လည်း အနိုင်မယူနိုင်သော ဗမာပြည်တွင် ခမာနီကဲ့သို့ မျိုးဖြုတ်ပွဲ ဆင်မည့်သူ၊ ပြည်ပမှ မသာပွဲစား၊ ခေါင်းပွဲစားအဖြစ် လက်နက်ရောင်းမည့်သူများသာ ရှိသဖြင့် ဗမာပြည်ဆိုင်ရာ ဂျီနီဗာ ကွန်ဖရင့်ဆိုသည်မှာ ယောင်လို့ပင် အိပ်မက်မိနိုင်မည် မဟုတ်ပါတည်း။
          ဤကဲ့သို့ ဦးလူပေါများနှင့် အချင်းချင်း ပဋိပက္ခနေကြသဖြင့် ယန်းကီးနှင့် ပေါက်ဖော်တို့ စစ်မတိုက်တော့ဘဲ စီးပွားရေး ကူးသန်းနေကြသည်ကိုပင် သတိမထားမိတော့နိုင်။ သူတို့ချင်း အပေါ်ယံ ၀ါယောစစ်ခင်း၍ ဈေးကစားသည်ကိုပင် အဟုတ်မှတ်၍ ရွှေမြန်မာတို့ ယောင်လို့ ကောင်းနေကြတုန်း ဖြစ်သည်။
    အကျိုးဆက်ကား မြောက်အရပ်မှ ဈေးပေါသော ကုန်စည်လှိုင်းလုံးကြီးအောက်တွင် မြန်မာကုန်ထုတ်လုပ်ငန်းဆိုသည်မှာ လျှောမွေးဖြစ်ရတော့သည်။ အာဆီယံ ဖရီးတရိတ် မပေါ်ခင်ကတည်းက မြန်မာပြည်က ထွက်သမျှ ဖရီးရိုက်မည့်သူများက အဆင်သင့်။ လူတိုင်း ထမင်းနပ်မှန်အောင် “ရုန်း”ရသော တိုင်းပြည်၌ တန်းတူညီမျှရေး၊ လွတ်လပ်ငြိမ်းချမ်းရေး ဆိုသော စကားလုံးကြီးများမှာ ၀ါးမရသော ကျောက်ခဲများသာ ဖြစ်နေသည်။
          “ ငွေကို ယူသည်၊ မြေကို ယူသည်၊ ပြီးတော့ လူကိုပါ ယူသည်” ဆိုသည့် ရှေးသီချင်းကဲ့သို့ ဗမာပြည်က ထွက်သမျှ ဇီးစေ့နှင့် ဖွတ်လိပ် ကစ ရသမျှ ယူသည့် လူဝါမျိုးကြီးများသည် မြန်မာတပြည်လုံးကို လွန်ခဲ့သည့် နှစ် ၁၀၀ က အောက်ဗမာပြည်ကို ကုလား အပိုင်စီးသကဲ့သို့ ယခုလည်း တပြည်လုံးကို ဂန္ဓလရာဇ် ဇာတ်သွင်းဖို့ ကြံတော့သည်။
          ၁၃ ရာစု၊ ၁၇ နှင့် ၁၈ ရာစုများက မွန်ဂို မန်ချူး ကျုးကျော်စစ်၊ ၁၉၅၀ ကျော်က တရုတ်ဖြူစစ်များထက် ပိုကြောက်စရာ ကောင်းသည်က စီးပွားရေး၊ လူမှုရေးအရ ကိုလိုနီလုပ်ခြင်းပင်တည်း။
          အရာရာ ချွတ်ခြုံကျနေသော သာကီဝင်များကား ရုပ်မြင်သံကြားမှ ကိုရီးယားဇတ်သွင်းခြင်းကအစ အရှေ့အာရှ၏ သြဇာကို လွန်ဆန်နိုင်ကြသည် မဟုတ်။
          အညာကျေးလက်နှင့် တောင်ပေါ်ဒေသသားများက အစ ရန်ကုန်လူ့မလိုင်များအဆုံး “ရွာပြောင်း” ဖို့သာ ကြံနေကြခြင်းကို မျိုးချစ်စိတ် ရှုဒေါင့်က အပြစ်ဖို့ နေ၍မပြီးပေ။ သီပေါလက်ထက် မန္တလေးပျက်ခါနီးကလည်း အညာသားတွေ အောက်ပြည် ရွှေ့ခဲ့ကြဖူးသည် မဟုတ်ပါလား။ သူ သူ ကိုယ် ကိုယ် မည်သူမဆို “ အကောင်း” တော့ ကြိုက်တတ်ကြပါသည်။
          ထိုသို့ မပျော်သူကို ပျော်အောင် မထားနိုင်၍ ပြည်ပမြန်မာ အသိုင်းအ၀ိုင်းမှာ လူဦးရေ သန်းနှင့်ချီပြီး ဖြစ်လာရသည်။ ထိုအထဲတွင် တိုင်းပြည်ကို ရှေ့ဆောင် ရှေ့ရွက်ပြုမည် လူရည်တက်တွေ ဆုံးရှုံးရသည်မှာ အဆိုးဆုံးဖြစ်သည်။
          ပြည်ပရောက် မြန်မာများ အမျိုးသားလက္ခဏာကို မပျောက်အောင် ထိန်း၍ မြန်မာစိတ် (မြန်မာ့ပြည်ထောင်စုသားစိတ်) ကို အမြဲ နှလုံးသွင်းနိုင်မှသာ တိုင်းပြည်ထူထောင်ရေးအတွက် စိတ်ညွတ်နိုင်ကြပါလိမ့်မည်။ သို့မဟုတ်မူက ရှေ့က ပညာကျော်များ အဟောဖတ်ကြသလို ၂၁ ရာစုတွင် မြန်မာတို့ တိုင်းပြည်မပျောက်ခင် လူမျိုးပျောက်နှင့် ကြလိမ့်မည်။