ဆန္ဒခံယူပွဲသုံးသပ်ချက်

Friday, June 13, 2008
ဆန္ဒခံယူပွဲလည်းပြီးရော “ကိုပိတောက်တယောက်တော့ သူ ဥပဒေတွေဖတ်ပြီးလျှောက်ပြောထားတာတွေ တခုမှ ဖြစ်မလာတော့ အတော်ရှက်နေမှာပဲ၊ မျက်နှာပူဖို့ကောင်းတယ်၊ စကားမစပဲနေမှ” လို့ တွေးနေတာ၊ သူရေးတဲ့ “ဆန္ဒခံယူပွဲကို ဆန်းစစ်ခြင်း” တွေ့မှပဲ “ဟိုက်၊ ရှာလပတ်ရည်”ဲဖြစ်သွားတယ်။ လူသန်း ၄၀ လောက်သက်သေရှိတဲ့ မဲ၂၅သန်း လိမ်မှုကြီးကို မသိလိုက်ရအောင် ငါ့ဆရာတွေ နိုင်ငံခြားမှာနေတာမှ ဟုတ်ရဲ့လား၊ အင်္ဂါဂြိုဟ်များ ရောက်နေလား တွေးမိတယ်၊ ပြည်တွင်းမှာ မိတ်ဆွေတွေရှိတယ်လည်း ပြောတယ်၊ ဘယ်လိုမိတ်ဆွေတွေက ဒါတွေကို ပြောမပြပါလိမ့်လို့လည်း အစဉ်းစား ကြည့်မိတယ်။

သူ့ပြည်တွင်းက မိတ်ဆွေတွေပြောမပြလို့ သူ့ဘာသာ အဝေးက တွက်ဆကြည့်ပုံက ဒီလိုပါ။ နာဂစ်နဲ့ လူတသိန်းကျော်သေပြီး ၄သန်း လောက်ဒုက္ခရောက်နေချိန်မှာ ၉၈.၁၂% မဲလာပေးရခြင်းကတော့ လာမပေးရင် အစိုးရက Vote No လုပ်တယ်လို့ ကိုယ့်ကိုထင်မှာစိုးလို့ ကြောက်ကြောက်နဲ့ အကုန်လာပေးကြတာဖြစ်မယ်တဲ့။ မဲရုံရောက်တော့ ဘာပေးရင် ကောင်းမလဲ စဉ်းစားပြန်တော့ ကန့်ကွက်မဲပေးမိရင် ၈၈၈၈ လိုပြန်ဖြစ်နေမယ်၊ အခု နအဖ Roadmapလည်း အကောင်းသားပဲ၊ မောင်မင်းကြီးသား နအဖ ကျေးဇူးနဲ့ ငါတို့ဘဝတွေလည်း အတော်တိုးတက်လာပြီ၊ ထောက်ခံမဲပဲ ပေးသကွာဆိုပြီး ပေးခဲ့ကြလို့ ၉၂.၄၈ % ရတာ နေမှာပဲလို့ တွက်သကိုး။ ဒီထဲမှာ ကြံ့ဖွတ် ၂၄ သန်းနဲ့ အမျိုးသမီးရေးရာတို့၊ မီးကင်နဲ့ကလေးတို့ကို ကြည်ညိုလို့ သူတို့စည်းရုံးတာ လက်ခံပြီး ထောက်ခံလိုက်တ့သူတွေလည်း ပါနိုင်တယ်တဲ့ခင်ဗျ။

အဓိက ကတော့ “မဲလိမ်တာရှိလည်း နည်းနည်းပဲနေမှာပါ၊ လူတွေကိုယ်က ကြိုက်သွားလို့ အသားကုန် ဝိုင်းထောက်ခံ လိုက်တာနေမှာပဲ´ လို့သူတွက်ဆမိပါသတ့။ဲ ဗျိုး၊ ပြည်တွင်းက ဆရာတွေစွတ်ရီမနေကြနဲ့ဦး။ ဒီနေရာမှာ အရင်ဆုံး ထည့်စဉ်းစားရမယ့် ကိန်းဂဏန်းတွေက လူဦးရေအားလုံး ဘယ်လောက်ရှိတယ်၊ သတင်းစာ ဘယ်နှစ်စောင်ရောင်းရတယ်၊ ဘာသာပြန်မရလို့ မြန်မာလိုပဲရှိတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဘယ်နှစ်အုပ်ရောင်းရတယ် စသည်ဖြင့်ပါ၊ နောက်ပြီးရင် လူတွေ သတင်းစာမှာ ဘာတွေကိုပဲဖတ်ပြီး ဘာတွေကိုဖတ်တောင် မကြည့်ဘူး၊ ကြံ့ဖွတ်၂၄ သန်းဆိုတာ အမာခံ ဘယ်နှစ်ယောက်လဲ၊ ကျန်တာဘယ်သူတွေကို ထည့်တွက်ထားသလဲ၊ ကော်မရှင်လူကြီးတွေ က ဘယ်လောက်ဖိုး သမာသမတ်ရှိလို့ သူတို့ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ဘယ်လောက်ယုံသင့်သလဲ စသည်ဖြင့်ပါ။

ကိုင်း၊ ဒီတခါကတော့ ကျုပ်ရမ်းတီးဖို့ အလှည့်ပဲ၊ သူ့မိတ်ဆွေစစ်တွေက မပြောပြတဲ့ အတင်းအဖျင်းတွေကို ပြောပြပါမယ်၊

တကြောင်းက ကိုပိတောက်ပြောသလို “အကြောင်းအရင်းမှန်ကိုမသိရင် ကောက်ချက်ချမှားမယ်။ ကောက်ချက် ချတာမှားရင် လုပ်နည်း မှားမယ်၊ လုပ်နည်းမှားရင် အရှုံးသံသရာမှာပဲ လယ်နေမှာပဲ” ဆိုသလို ကိုယ့် online မိတ်ဆွေတွေကို မဖြစ်စေချင်တာလည်း ပါသဗျို့။ က၊ဲ ပွဲစမယ်၊ ကလေးတွေ လက်ခုပ်တီးပါ။ အရင်ဦးဆုံးညစ်တာကတော့ ဖွဲ့စဲည်းပုံမူကြမ်းထဲမှာပါတဲ့ “ထက်ဝက်ကျော် ထောက်ခံဆန္ဒမ”ဲ ကို “ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏မဲအများဖြင့်” လို့ ခိုးပြင်လိုက်တာပဲ ဖြစ်ပါတယ်။ နောက် ၇၄ ဆန္ဒခံယူပွဲဥပဒေကို နံမည်ပြောင်းပြီး ပြန်သုံးရာမှာ ကော်မရှင်အဆင့်ဆင့်က အဖွဲ့ဝင်တွေညစ်ရင် အရေးယူရမည့် ဥပဒေ အပိုဒ်တွေကို ဖြုတ်ထား လိုက်တယ်လို့လည်း ကြားရပါတယ်။ နိုင်ငံတကာက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ငြင်းလိုက်ပါတယ်။ အစောကြီးတည်းက မဲလိမ်ဖို့ ပြင်ဆင်ထားတဲ့ပုံပါ။

ကျုပ်စပ်စုရသလောက်က ရပ်ကွက်/ကျေးရွာ အဆင့်ကော်မရှင်တွေကို မြို့နယ်မှာ စုစည်းပြီး သင်တန်းပေးတဲ့အခါ စစ်တပ်က ဗျူဟာမှုးတွေကလာပြီး သြဝါဒကထာ မြွက်ကြားကြပါသတ့၊ဲ နိုင်ငံတော်အကြီးအကဲက အနိုင်ရအောင်လုပ်ရမယ်လို့ လမ်းညွှန်ထားတယ် လို့ တမျိုး၊ ထောက်ခံမဲအနည်းဆုံး ၅၀% ရ, ရမယ် ဆိုတာတဖုံ၊ ကြိုတင်မဲဘယ်လောက် ရာခိုင်နှုန်းရ, ရမယ်လို့ တနည်းနဲ့ဆိုပဲ။ သာမန်ခပ်တင်းတင်းပြောတာရှိသလို “လူတွေကမဲကလေးပဲ ရင်းရမှာ၊ မင်းတို့က ဘဝနဲ့ ရင်းသွားရမယ်တို့၊ ဘာတို့ ခြိမ်းခြောက် တာမျိုးလဲ ရှိတယ်ဆိုပဲ၊

ဆန္ဒခံယူပွဲပြီးပြန်တော့လည်း လျာထားချက်မပြည့်မီတဲ့ ရယက၊ မယက တွေကို ဖြုတ်ပစ်တာ၊ နယ်ပြောင်းတာတွေ လုပ်သေးသတ့၊ဲ ကြိုတင်ဗြောင်ဆန္ဒပေးရာမှာ အမှားပေးတဲ့ဝန်ထမ်းတွေကို တန်ပြန်အမှားပေးတဲ့ အနေနဲ့ နယ်ပြောင်းတာတို့၊ ခရီးထွက်သွားလို့ ဆိုပြီးမဲလာမပေးတဲ့ မိသားစုက ဝန်ထမ်းကို ဝန်ထမ်းဝတ္တရားပျက်ကွက်တဲ့ ပုဒ်မနဲ့ သတိပေးစာ ထုတ်တာတို့လည်း ကြားရပြန်တယ်။

ဖွဲ့စည်းပုံကို လူတွေတကယ် ကြိုက်မကြိုက်ကတော့ ပြောရခက်ပဲ၊ ဒါတွေကို နားလည်ဖို့၊ ဘာကောင်းပြီး ဘာညံ့သလဲ သုံးသပ်ဖို့က တော်ရုံလူအတွက် လွယ်တာမဟုတ်ဘူး။ ပညာရှင်တွေရဲ့ အမြင်၊ အပြောတွေကို လိုက်နားထောင်မှရတယ်။

ဆန္ဒခံယူပွဲနီးရင် လွပ်လပ်စွာ ပြောဆိုသုံးသပ်ခွင့်ပေးမယ်ဆိုတဲ့ နအဖလည်း အနားနီးတော့ ထောက်ခံဖို့ချည်း တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ ရွာတကာလှည့်နည်းတွေကနေ သတင်း၊ ဆောင်းပါး၊ သီချင်း၊ ဇာတ်လမ်းတွေ ဦးစားပေး တစ်နဲ့ အချိန်ပြည့် လွှင့်လိုက်တာ နာဂစ်တောင် လွှတ်ပေးလိုက်သလို ဖြစ်သွားတယ်။ နိုင်ငံခြားရေဒီယို နားထောင်တဲ့ လူတွေပဲ ဖွဲ့စည်းပုံ မတရားတာ သေချာသိလို့ မကြိုက်ကြဘူး။ တော်တော်များများကတော့ “အမျိုးသားညီလာခံကရေးထားတယ်၊ စစ်တပ်ရဲ့ စိတ်ကြိုက်” ဆိုကတည်းက သူတို့တည်မြဲဖို့ ရေးထားတယ်လို့ပဲ နားလည်လိုက်ကြတယ်။ ကန့်ကွက်လိုက်ရင် ထပ်ကြာသွားဦးမယ်၊ ဒါပေမယ့် သောက်မြင်ကပ်ကပ်နဲ့ ကြက်ခြေခတ်လိုက်ဦးမယ်လို့ တေး, ထားကြတယ်။ ဒါပေမယ့် “ဒီအစိုးရက သိပ်ယုတ်မာတာ၊ တော်ကြာငါ့ကို တနည်းနည်းနဲ့ မှတ်ထားပြီး ပြသနာရှာနေရင် ဒုက္ခပဲလို့” မတွေးမိတဲ့လူတော့ မရိှဘူး။ စစ်သားထဲကတောင် “မတရားတာ သိပါတယ်၊ အရပ်ထဲမှာပေးရရင် ကန့်ကွက်မယ်၊ တပ်ထဲမှာပေးရင်တော့ ထောက်ခံမှ ဖြစ်မယ်လို့” ပြောတာလည်း ရှိတယ်။

ကန့်ကွက်လိုက်ရင် ၈၈၈၈ လိုပြန်ဖြစ်လိမ့်မယ်လို့ စစ်တပ်၊ အတိုက်အခံနဲ့ ပြည်သူ ဘယ်ဘက်ကမှ ပြောတာ မကြားခဲ့ပါ။ ဒီလိုထပ်ဖြစ်မှာ ကို လူတွေ မကြောက်ဘူးလို့ မဆိုလိုပါ ၊ ပြည်တွင်းမှာ ခေတ်စားတဲ့ ဟာသတခု ကိုပြောပြရင် သူတို့ဖြစ်ချင်တာ ဘယ်လိုဆိုတာ သိသာပါမယ် ၊ ဟာသလုပ်တဲ့လူတွေက “အမေရိကန်တပ်တွေသာ ဝင်လာလို့ကငါရှေ့ဆုံးကနေပြီး ပါးပိတ်ရိုက်ပစ်လိုက်မယ်၊ ဘာလို့ အခုမှ ဝင်လာရသလဲ ဆိုပြီးတော့” လို့ပြောကြပါတယ်။ နိုင်ငံခြားကို ချစ်လို့ မဟုတ်ပါ၊ စစ်တပ်ကို အရမ်းမုန်းပြီး အရမ်းကြောက်ရလို့ ဖြစ်ပါတယ်။

နောက်သတင်းတွေ ဆက်တိုက်ထွက်လာတော့တယ်။ ဘယ်နယ်မှာ မဲလာမပေးရင် ထောင်ဘယ်လောက်ကျမယ်၊ ရွာပြောင်းမယ် ပြောတယ်ကြားရတော့တာပဲ။ တနယ်မှာ ကန့်ကွက်မဲပေးလို့ရလားမေးတော့ “ခင်ဗျားတို့ နောင်ရေးလည်း ကြည့်ဦးလေ” လို့ ပြန်ဖြေဆိုပဲ။ ရပ်ကွက်/ကျေးရွာ လူကြီးတွေကနေ လူတွေကို နိုင်ရင်နိုင်သလို၊ ချဉ်ရင်ချဉ်သလို ရိုက်ကြတော့တာပဲ၊ ချင်းကျေးရွာလူကြီးတယောက်က သူ့ချင်းတွေကို ကြက်ခြေခတ်ရင် အချုပ် ၃ ရက်ကျမယ် လျှောက်ပြောနေလို့ ခင်ဗျားကိုဘယ်သူပြောသလဲ မေးတော့ “မြို့က (မြို့နယ်က) ပြောတယ်” လို့ ပြန်ပြောတယ်။ ဒါမျိုးကိစ္စတွေက ရေတွက်လို့မကုန်နိုင်ပါ။

တကယ်စ, ပေးတော့ နိုင်ငံခြားရောက် မြန်မာတွေ ကြိုတင်မဲပေးတာက စတာပဲ၊ သံရုံးက ဖိတ်စာရထားတဲ့သူပဲ လက်ခံသေးတယ်၊ သူ့ဘာသူ မိုင်ဘယ်နှစ်ရာ အဝေးက လာပေးပေး၊ လက်မခံလို့ မပေးခဲ့ရတဲ့သူတွေလည်းရှိတယ်။၊ လူသိန်းနဲ့ ချီနေတဲ့ မြို့တွေမှာ လက်ရေးနြဲ့ပင်ထားတဲ့ ဖွဲ့စည်းပုံ ၃ အုပ်ကို သံရုံးအတွင်းမှာပဲ ဖတ်လို့ ရတယ်တို့၊ NO ပါတဲ့အင်္ကျီ၊ ဦးထုပ် ဝတ်ထားရင် မပေးရဘူးတို့၊ အခွန်ရှင်းပြီးသားကို ဦးစားပေးမယ်တို့၊ တနေ့ကို လာတန်းစီတဲ့လူရဲ့ ဆယ်ပုံတပုံလောက် ပေးပြီးရပ်လိုက်တာတို့ ကြုံရတော့တာပဲ၊ ရလာဒ်က NO ချင်တဲ့လူ အတော်များများ မနိုးလိုက်ရပါ၊

နာဂစ်က ဝင်ဖို့လမ်းကြောင်းရှာနေတုန်းမှာတော့ ပြည်တွင်းမှာ ကြိုတင်မဲတွေ တောင်းလို့ကောင်းတုန်း၊ ရုံးတွေ၊ စက်ရုံတွေ၊ စစ်တပ်တွေ မှာ ဘယ်ခရီးမှလဲ မသွားပဲနဲ့ ကြိုတင်မဲတွေကို အထက်လူကြီးတွေရှေ့မှာ ပေးရပါသတဲ့။

အဲသည်လောက်ခြောက်နေတြဲ့ကားက တယောက်က ကြက်ခြေခတ်လိုက်တော့ သူ့လူကြီးက “ဟေ့ကောင်၊ ဟေ့ကောင်၊ ဘယ်လို လုပ်လိုက် တာလဲကွာ” လို့ ထအော်ပါသတ့။ဲ နံမည်၊ လိပ်စာ ရေးထားတဲ့ အခြမ်းနဲ့ မဲခြမ်းကို တတွဲတည်းထားပြီး မဲပေးခိုင်းတာ၊ မဲကို စာအိတ်ထဲ ပြန်မထည့်ဖို့ မှာလိုက်တာ၊ “ဒို့ ဘာပေးပေး၊ အတည်ပြုမှာပါပဲကွာ” လို့ လိုက်ပြောတာ တွေကတော့ ကျုပ်ကိုယ်တွေ့ပါ။ ချဲ၊ ဘောလုံး၊ အရက်ပုန်း စတဲ့ ထွေအုပ်အခွန်ထမ်းတွေရှိတဲ့အိမ်တွေ၊ FRC မိဘဘိုးဘွားရှိတဲ့အိမ်တွေ၊ ဥပဒေပေါင်းစုံနဲ့ မလွတ်ကင်းတဲ့ အိမ်တွေ ရှေ့ဆုံးကနေ အိမ်လုံးကျွတ် ကြိုတင်ထောက်ခံမဲတွေ ပေးကြရတာပေါ့။

နာဂစ်နဲ့ လူတွေပိုးစိုးပက်စက်သေ၊ ဘဝတွေ ပိုးလိုးပက်လက်ဖြစ်နေတုန်း မဲပေးပွဲအတင်းလုပ်ပြန်ပါရော။ “ဒီအိမ်က တယောက်မှ လာမပေးရသေးဘူးနော်” လို့ အိမ်အထိ လာခေါ်ကြပါတယ်။ “ကိုယ့်သားသမီးတွေက ဝန်ထမ်းတွေဆိုတာသိရက်နဲ့ ပါပါးက မဲသွားမပေး ဘူး” ဆိုပြီး လာငိုနေလို့ အဖိုးကြီး ဆဲဆဲဆိုဆိုနဲ့ ထပြီး မဲသွားပေးတာလည်း ကြားရတယ်။

တအိမ်လုံး မလာနိုင်ရင် တယောက်ယောက်က ကိုယ်စားလာပေးပါဆိုပြီး လိုက်သွားတော့ နံမည်တွေပဲမေးပြီး မဲလည်း မပေးခဲ့ရတဲ့ တချို့ဆို လက်မှတ်တောင် မထိုးပေးခ့ရဲပါဘူး ၊ ရေဘေးသင့်ရွာတွေမှာ ရယက တယောက်တည်းက တရွာလုံးအတွက် ပေးခဲ့တာတွေ အများကြီးပါ။ တချို့နယ်တွေမှာ လျှို့ဝှက်အခန်းကို ဟောင်းလောင်းလုပ်ထားတာ၊ballpen ကို ကြိုးအတိုလေးနဲ့ချည်ထားတာ၊ မဲပုံးရှေ့မှာ ရဲတွေ ခုံတန်းချပြီး ထိုင်ကြည့်နေတာ၊ မဲကိုဖြတ်ပေးတဲ့ စားပွဲမှာတင် ပေးခိုင်းတာ စုံလုံ့ပါ ၊ ဆိုင်ရာ ရယကတွေ ရွှေဥာဏ်တော် စူးရောက်ရင် ရောက်သလိုပေါ့။

တကယ်တော့ ထောက်ခံမေဲ တမွှာ တကယ်လူမလာပဲ လုပ်ကြံပြီးထည့်ထားတာတွေနဲ့ ခြောက်လို့ပဲ ဖြစ်ဖြစ် ၊ကြောက်တတ်လို့ပဲဖြစ်ဖြစ် တနည်းနည်းနဲ့ ကြောက်လို့ထောက်ခံလိုက်ရတဲ့ မဲတွေက အများစုပါ၊ ထောက်ခံမဲ ၂၄.ရ သန်း အတွက် လက်မှတ် ၂၄.၇ သန်းပြနိုင် လား မေးလိုက်ရင် သိရမှာပါ၊ မကြောက်တဲ့သူတွေက ကန့်ကွက်ပြီးပါပြီ၊ ရလိုက်တဲ့ ၉၂.၄၈% ဟာ တကယ့် ထောက်ခံမဲမဟုတ်ပါဘူး၊ ကြောက်လို့ပေးလိုက်ရတဲ့ “ကြောက်ခံမဲ´ တွေသာလျှင် ဖြစ်ကြောင်းပါ။

နောက်ဆက် အကွန့်

“ဒါတွေအားလုံးကို ပြဖို့ သက်သေအထောက်အထားတွေ ခင်ဗျားမှာ ရှိလား” လို့တော့ မမေးနဲ့ဗျို့၊ မရှိဘူး။ ဒါပေမယ့်လူမမယ်တွေကို ဖယ်ထားရင် သက်သေ သန်း၄၀ လောက်ပြည်တွင်းမှာ ရှိပါတယ်။ တိုင်းသိပြည်သိ စစ်ချင်ရင်တော့ “လွပ်လပ်စွာ ပြောဆိုခွင့်” အရင်လို သဗျို့။ ရွာထဲမှာ စစ်ပြန်ကြီးက မုဆိုးမကို ပါးစပ်ဆို့ပြီး မုဒိန်းကျင့်တဲ့ အမှုကို ရုံးမှာ စစ်မယ်ဆိုရင် တရားလိုကို ပါးစပ်ဆို့ရက်ကြီးနဲ့ အမှန်ပြောခိုင်းလို့ မရသလိုပေါ့ဗျာ။ လောလောဆယ် လက်ဟန်ခြေဟန် အထာလေးနဲ့ မေးချင်ရင်တော့ ပြည်တွင်းက သူငယ်ချင်း တယောက်ယောက်ကိုသာ ဖုန်းဆက်ကြည့်လိုက်ပါဗျို့။

ပျော်ရွှင်ပါစေ

ရွှေဘ

0 comments: