Self Made Tzar of Russia
Wednesday, June 9, 2010
ရုရှားက ဘုရင်ရူး...
ဒီဘိုးတော်ကတော့ ရုရှားနိုင်ငံက ရွာငယ်လေးတစ်ခုမှာနေပါတယ်တဲ့ ...
သူက သူ့ ကိုယ်သူ ရုရှားနိုင်ငံရဲ့ ဇာ ဘုရင်လို့ ထင်နေတယ်ဆိုပဲ...အဲဒီဘုရင်လို နေချင်ရှာတယ်ပေါ့ ...
ဒါကြောင့် သူ့ ရဲ့ အိမ်ကို ဘုရင့် နန်းတော်ဆောင်လို ဖြစ်အောင် သူကိုယ်တိုင် မွမ်းမံတန်ဆာဆင်ခဲ့ 
ပါတယ်...
သူကတော့ ဘယ်သူ့ ကိုမှဒုက္ခမပေးပဲ သူ့ ဘာသာသူယဉ်ယဉ်လေးပဲ စိတ်ကူးယဉ် ရူးနေတာမို့ ဘာ
မှ ကိစ္စမရှိပါဘူး...
ပြီးတော့သူ့ ဘာသာသူ ကိုယ်တိုင်တည်ဆောက်ဖန်တီးတာမို့ လည်း သူ့ ကိုချီးမွန်းသင့် ပါသေးတယ်...
မို့ အလွန်အန္တရယ်များပါတယ်...
This man lives in a small Russian village. His dream is to live like a Russian Tzar and that's the reason why he keeps on decorating his house to make it look like a royal mansion.
ငါသာလျှင် ဘုရင်...
မှန်ထဲမှာတောင် ကိုယ့် ကိုယ်ကို ကြည့် လို့ မ၀ဘူး....
ကြိုက်တတ်တာလေးတွေလည်း စုဆောင်းသိုမှီးထားသေးတယ်...
ဘယ်သူ့ မှဒုက္ခမပေး ...ကိုယ်တိုင်ဖန်တီးတယ်...
စံအိမ်နန်းနှင့် ကြငှန်းနှင့် ....
ရုပ်မြင်သံကြားစက်တော်ကြီးလည်း ရှိသေးတယ်...
ပန်းချီကားတွေနဲ့ လည်းတန်ဆာဆင်ထားသေးတယ်...
မကိုဋ်သရဖူ...သံလျက်တံဆပ်နဲ့ ....
ဘ၀ရှင်မင်းနဲ့ သူ၏ ပန်းချီကားများ...
အကော်ဒီယံလည်းတီးတတ်တာမို့ အနုပညာကိုလည်း ခံစားတတ်တယ်ပေါ့ ...
မလိုသူတွေ လာရောက်မနှောင့် ယှက်နိုင်အောင် ခြံတံခါးကိုပိတ်ထားပြီး...
ခြံထဲမှာလည်းခွေးတွေမွေးထားသေးတယ်...
သြော်....ဒါ့ ကြောင့် ကိုး....
ဘုရင်ရူး ရူးတာ သူ့  ရဲ့ ဗီဇကိုက ဒီဘ၀ ကပါလာတာဖြစ်ပုံရတယ်...
0 comments: