Showing posts with label ကျေးဇူးတင်စကား.... Show all posts
Showing posts with label ကျေးဇူးတင်စကား.... Show all posts
ကျေးဇူးအထူးတင်ရှိပါသည်....
Wednesday, March 10, 2010
မိမိဘလော့ ဂ်သို့ လာရောက်အားပေးဖတ်ရှုသူများ....
မဲပေးခဲ့ သူ မိတ်ဆွေဘလော့ ဂ်ဂါများ၊ ဘလော့ ဂ်ဖတ်သူ၊ စာဖတ်သူများ ....
ဆုပေးပွဲစီစဉ်ဆောင်ရွက်သူများ....
နှင့် တစ်ကွ...
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်...
အမှန်တော့ မိမိဘလော့ ဂ်စရေးခဲ့ သည် မှာ ၂၀၀၈ ခုနှစ်က ဖြစ်ပေမယ့်  ထိုစဉ်ကာလများကတော့ 
ဖတ်အားက ပိုပြီးသန်နေခဲ့ သည်မို့  ဖတ်မိလို့ ကြိုက်မိသည့် ဆောင်းပါးများကို ပြန်လည် တင်ပြနေခဲ့ 
မိသည်...မိမိအတွေ့ အကြုံများကိုတော့ အနည်းငယ်သာရေးဖြစ်ခဲ့ သည်...
၂၀၀၉ ခုနှစ် တွင် ဇွန်လ နောက်ပိုင်းမှစ၍ သတင်းတော်တော်များများဖတ်မိပြီး၊ မိမိဖတ်မိ၊ကြိုက်မိသည့် 
သတင်းများကိုလည်း မိမိကဲ့သို့ စာဖတ်ဝါသနာပါသူ၊ ဗဟုသုတလိုလားသူများလည်း သိစေလို၍ ကြိုးစား
ကာ ဘာသာပြန်ခဲ့ ခြင်းဖြစ်ပါသည်...
ထို့ အပြင် မိမိကိုယ်တိုင်အပါအ၀င်၊ ဘလော့ ဂ်သို့ လာရောက်သူများအားလည်း အပျင်းပြေ၊ ဘ၀အမော
ပြေစေရန် ရယ်ရွှင်ဖွယ်ဓါတ်ပုံကဏ္ဍလေးပါ တင်ဆက်ဖြစ်ခဲ့ သည်...
နေ့ စဉ် သတင်းချည်းပဲဆိုလျှင် ဖတ်သူလည်းပျင်း၊ ရေးသူလည်းငြီးငွေ့ နေမည်ဖြစ်၍ ပျော်ရွှင်ဖွယ်ရာ ရှာ
ဖွေတွေ့ ရှိသည့် ပုံများတင်ဖြစ်ခဲ့ ပါသည်...
မည်သို့ ဆိုစေ ဖတ်ရှုအားပေးသူများအတွက်၊ ဗဟုသုတတိုးကာ စိတ်ရွှင်လန်းချမ်းမြေ့ ရသည်ဆိုလျှင်
မိမိအားထုတ်ရကျိုးနပ်ပေပြီ....
ဘလော့ ဂ် စလုပ်ကာစ ဘာမျှမသိသေးသည့် အချိန်က စတင်ကူညီပေးခဲ့ သော ဒီ ကို ကျေးဇူးတင်
ရပါသည် ....( သူမကတော့ မိမိကိုမှတ်မိသိရှိတော့ မည်မထင်...ဘလော့ ဂ်စတင်ပြုလုပ်ရန်ကူညီပေး
ပြီးကတည်းက မိမိတို့ အဆက်အသွယ်မလုပ်ဖြစ်တော့ ...၀ါသနာပါရာလိုင်းချင်းမတူ၍ပင်... )
ကျေးဇူးပါ မဒီရေ....
၎င်းနောက် ပိုမိုလှပဆန်းသစ်သော ဘလော့ ဂ်ဒီဇိုင်းတန်းပလိတ်များပြောင်းပေးခဲ့ သည့်  ကိုချမ်း (သူ
လည်းအခုတော့ ဘလော့ ဂ်လောကမှ ပျောက်ချက်သားကောင်းနေပြန်သည်...) နှင့် တစ်ကွ ကူညီခဲ့ 
သူများအားလုံးကိုလည်းကျေးဇူးတင်မော်ကွန်းစကားဆိုအပ်ပါသည်...
နောင်လည်းဆက်ကူညီကြပါခင်ဗျာ...
ဒီဘလော့ ဂ်ပြိုင်ပွဲနှင့် ဘလော့ ဂ်ဆုရတော့ မိမိငယ်ဘ၀ ဇတ်ကြောင်းလေးတစ်ခု ပြန်သတိရမိပြန်ပါ
သေးသည်...
 ရှုလှည့် ပါမိတ်ဆွေ...
နောက်ဆုံးမဲပိတ်ပွဲနေ့ မဲစာရင်း...
ထိုစဉ်က မိမိမှာ အထက်တန်းကျောင်းသားဘ၀...
တစ်နေ့ နေ့ လည် ၃ နာရီမုန့် စားဆင်းချိန်အပြီးတွင် ကျောင်းသားကြီးများမှ မိမိတို့ အားလာရောက်ခေါ်
ကာ ကျောင်းအပေါ်ထပ်ခန်းမတွင် ခုံများစီရာတွင်ကူညီရန်ပြောသည်...
စာစီစာကုံးပြိုင်ပွဲရှိသည်ဟုဆိုပါသည်.... သို့ အတွက် ညနေပိုင်းတစ်လျှောက်လုံးစာမသင်ကြရတော့ ပဲ
အိမ်ပြန်ချင်သည့် ကျောင်းသားများကအိမ်ပြန်သွားကြကာ တစ်ချို့ ကတော့ ဟိုဟိုသည်သည်လျှောက်
သွားကြသည်...
မိမိနှင့် သူငယ်ချင်းသုံးလေးယောက်ကား နေပြင်းလှသည့် နေ့ လည် ၃ နာရီ၊ ၄ နာရီ အချိန်မို့ အိမ်သို့ 
လည်းမပြန်ချင်...အပြင်ရုပ်ရှင်ရုံ၊ ပန်းခြံများသို့ လျှောက်လည်ရန်မှာလည်း ထိုစဉ်က မိမိတို့ မှာ အထက်
တန်းကျောင်းသားများဖြစ်နေပေမယ့် အိမ်ရှိ မိဘများ၊ အစ်ကိုများကိုကြောက်ကြရသေးသည့် အတွက် 
တော်ရုံအပြင်သို့ ထွက်မလည်ရဲကြ...သို့ နှင့် မိမိသဘောကျနေသော ကောင်မလေးရှိသည့် အခန်းဘက်
သို့ သူမ ရှိလိုရှိငြား အကြိမ်ကြိမ် လှည့် ပါတ်လျှောက်ကြည့် သော်လည်းမတွေ့ ရသည့် အတွက်ကျောင်း
စာသင်ခန်းစင်္ကြန်များတစ်လျှောက် လမ်းသလားနေခဲ့ မိသည်...
မိမိတို့ သူငယ်ချင်းတစ်စု ထိုသို့ ကျောင်းကော်ရစ်ဒါတစ်လျှောက် ရည်ရွယ်ရာမရှိလျှောက်နေကြစဉ် ရုတ်
တရက် ထောင့် ချိုးတစ်ခုတွင် မိမိ၏အတန်းပိုင်ဆရာမနှင့် မျက်နှာချင်းဆိုင်တွေ့ မိကြသည်...
ဆရာမက မိမိတို့ အား ဘာကြောင့် ဟိုဟိုသည်သည်လျှောက်နေကြသနည်း၊ စာစီစာကုံးပြိုင်ပွဲ ၀င်ပါ
လားဟုဆိုသည်... ( အထူးသဖြင့် မိမိကို ဦးတည်ဆိုလိုပါသည်...အဲဒီကတည်းက ဆရာမတွေက အထင်
ကြီးတာ...)
မိမိတို့ က ပြိုင်ပွဲလုပ်မည်မှန်းကြိုမသိသည့် အတွက် ဘာမှကြိုတင်ပြင်ဆင်မထားကြောင်း၊ ဘာမှလည်း
မဖတ်ထားကြောင်း သို့ အတွက်မပြိုင်ချင်ပါဟု  ငြင်းသည်...
ထိုအခါဆရာမက အ ရန်ကောဆိုသည့် အကြည့် မျိုး ဖြင့်ကြည့် ကာလေသံတိုးတိုးဖြင့် ဝင်ရောက်ယှဉ်
ပြိုင်တဲ့ သူများအလွန်နည်းကြောင်း (မြို့ နယ်အတွင်း ကျောင်းပေါင်းစုံဖြစ်ပေမယ့် ) သို့ အတွက် သူမ
အတန်းမှ တပည့် ရင်းများဖြစ်သော မိမိတို့ အားဆုရမှာကျိန်းသေသည့် အတွက် ၀င်ရောက်ယှဉ်ပြိုင်ရန်
ဆူပူပြောဆို တိုက်တွန်းပါတော့ သည်...
ထို့ အပြင် မိမိတို့ စာသင်ခန်းရှိ စားပွဲပေါ်မှသူမ၏ခြင်းထဲတွင် ယနေ့ ထုတ်သတင်းစာပါကြောင်း၊ ထိုသ
တင်းစာတွင် မူးယစ်ဆေးဝါးဆန့် ကျင်ရေးနှင့် ပါတ်သက်သည့် ဆောင်းပါးပါကြောင်း၊ ယခုပြုလုပ်မည့် 
စာစီစာကုံးပြိုင်ပွဲမှာလည်း မူးယစ်ဆေးဝါးအထိမ်းအမှတ်ပြိုင်ပွဲဖြစ်ကြောင်းဖြင့် ထပ်ပြောကာ တိုက်တွန်း
သဖြင့် စိတ်မထင်လျှင် ကြိမ်လုံးဖြင့် ဆုချလေ့ ရှိသောဆရာမကို ကြောက်သဖြင့် ဝင်ပြိုင်၇န်ကတိပေး
လိုက်ရပါတော့ သည်...
ထို့ နောက် ဆရာမခြင်းထဲမှသတင်းစာကိုယူကာ အလျင်အမြန်အူယားဖားယားဖတ်ပြီး ၀င်ရောက်ယှဉ်ပြိုင်
ခဲ့ ရပါတော့ သည်...
ထိုနေ့ က၀င်ရောက်ပြိုင်ခဲ့ သူများကား အထက်ပါ မဲပေးပွဲစာရင်းကဲ့ သို့ ပင် ၆ယောက်ကြီးများတောင်....
သို့ အတွက် ဂေါ်ဖီစားကာ တော်ကီပွားတတ်သော ပီတာ ငနဲက ပထမဆုကြီးကို မျက်နှာပြောင်တိုက်
ကာ ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ ချေသေးသည်...
နောက်တစ်ပါတ် ဆုပေးပွဲလုပ်တော့ မျက်နှာပူသဖြင့် သွားမယူခဲ့ ချေ....
နောက်တစ်နေ့ ဆရာမက မြို့ နယ်ပညာရေးမှူးရုံးတွင်သွားယူရန်ပြောသဖြင့် သွားရာ ပညာရေးမှူးဆရာ
မကြီးက လူကြီးတွေကိုမျက်နှာပျက်အောင်လုပ်တယ်...ဆုပေးမယ့် ပါတီယူနစ်ဥက္ကဌ ကစောင့် နေသေး
တယ်ဟုဆိုကာ ခေါင်းကို သူမဖတ်နေသောစာအုပ်ထူကြီးဖြင့် ထုကာ အပိုဆုထပ်ပေးနေသေးသည်...
ထိုစဉ်က ရခဲ့ သော ဆုငွေ တစ်ရာ လည်း သူငယ်ချင်းများနှင့် လက်ဘက်ရည် ထိုင်ကာဖြုန်းပစ်လိုက်ပါ
သည်...( လူမိုက်နှင့် ငွေ အတူမနေဆိုတာ အဲဒီကတည်းကဗျ...)...
( အဲဒီတုံးက ငွေတစ်ရာ သူငယ်ချင်းဆယ်ယောက်လောက် လဘက်ရည်ဆိုင်ထိုင်နိုင်ခဲ့ ပါသည်...) 
ယခုလည်း ....
ဘလော့ ဂ် အကယ်ဒမီရွေးမည်ဆိုတော့ မိမိလည်းမသိ၊ မနှစ်က တော့ ထိုသတင်းများဖတ်ဖူးကြားဖူး
မိမိကိုယ်တိုင်မဲပေးခဲ့ ဖူးပေမယ့်  မြန်မာတို့ ထုံးစံအတိုင်းပွဲပြီးမီးသေ မေ့ မေ့ ပျောက်ပျောက်ပင်...
ထိုဆုပေးပွဲနီးကာမှ မိတ်ဆွေ ဘလော့ ဂ်ဂါနှစ်ယောက်မှ မိမိဘလော့ ဂ်ကိုပြိုင်ပွဲတွင်ထည့် ထားကြ
ကြောင်း၊ တစ်ခြားထည့် သွင်းသင့်  သည့် ဘလော့ ဂ်များပြောပြစေလိုကြောင်း ပြောတော့ မှ သတိရ
မိတော့ သည်...( ထိုဘလော့ ဂ်ဂါများမှာ ဆုပေးသည့် အဖွဲ့ တွင်မပါကြပါ...ထိုအဖွဲ့ မှဆရာများနှင့် 
တိုက်ရိုက်၊ သို့ မဟုတ်သွယ်ဝိုက်ပြီး သိကျွမ်းရင်းနှီးကြသူများသာဖြစ်သည်...)
ထိုအခါ မိမိက မဲစနစ်ဖြင့် ဆုပေးရွေးချယ်တာကောင်းပါကြောင်း သို့ သော် တစ်ခါတစ်ရံမှာဖြင့် တစ်
ကယ်စာရေးကောင်းသူများမှာ မိတ်ဆွေ၊သင်္ဂဟနည်းပါးသဖြင့် မဲအရနည်းကာ ဆုမရနိုင်ဖြစ်တတ်သော
ကြောင့် ထိုသူများအတွက် ရက်စက်ရာကျနိုင်ကြောင်း...သို့ သော် ကိုယ်လည်းမလုပ်နိုင်၊ မည်သူမျှလည်း
မလုပ်နိုင်သော ကိစ္စတစ်ရပ်ကို လူအမုန်းခံ၊ ဝေဖန်ပြစ်တင်ခံကာ ရည်ရွယ်ချက်ကောင်းကောင်းဖြင့် လုပ်
သည့် အတွက် မကန့် ကွက်ကြောင်းပြောကာ မိမိအနေဖြင့် သတင်းများလိုက်လံဖတ်ရှုနေရသည့် အ
တွက် တစ်ခြားဘလော့ ဂ်များကို စုံလင်အောင်လိုက်မဖတ်နိုင်ကြောင်း ပြောခဲ့ ရပါသည်...
သို့ နှင့် အချူပ်ဆိုရသော်...
သမိုင်းဘီးတစ်ပါတ်ပြန်လည်ကာ...ကံကွက်ကြားဖြင့် ....
ပါဝင်ယှဉ်ပြိုင်သူ ၆ ဦးမျှသာရှိသော ဘာသာပြန် ရသ အစုအဖွဲ့ တွင် ငမိုက်သား ပီတာ ဆုရခဲ့ ပါတော့ 
သည်...
အမှန်ဆိုလျှင် တွေးအား၊ ရေးအား၊ တင်ပြပုံအားကောင်းလှသော နိုင်းနိုင်း စနေ အစိမ်းရောင်လွင်ပြင်
( သူမတို့ တော့ စာရင်းတွင်မပါဝင်ပါ...)တို့ အပြင် လူကလည်းနုနု၊ စာသားလေးများ၊ တင်ပြပုံများကပါ နု
နုရွရွ၊ လှလှပပ လေးဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ( လေဒီကြီးများလည်း ပါနိုင်သပေါ့ ...) 
ဆရာလေးကိုသက်တန့် က မိမိထက်ပိုတော်ပါသည်... သူ့ ဘလော့ ဂ်လေးက ပိုပြီးသပ်ရပ်ကာ ချစ်စ
ရာကောင်းပြီး၊ တင်ပြပုံကအစ စနစ်တကျရှိပါကြောင်း ဘလော့ ဂ်ဂါတို့ ရဲ့ ဆရာကြီးတစ်ဆူကပင် မိမိ
ကို ဖွင့် ဟပြောကြားခဲ့ ပါသည်...( ဆရာလေးရေ...တစ်ကယ်ပါ...အဟုတ်ပါပဲဗျာ... )
နောက်ထပ်အထူးကျေးဇူးတင်ရှိကြောင်းပြောကြားလိုတာကတော့  ၆၊၃။၂၀၁၀ နေ့ က ပြုလုပ်ခဲ့ သော
ဒူဘိုင်း ဘလော့ ဂ်ဂါများတွေ့ ဆုံပွဲတွင် မိမိနှင့် အတူဆုရခဲ့ သော နှင်းနဲ့ မာယာ အားအမှတ်တရလက်
ဆောင်လေးများ ပေးကာ ခန့် ညားထည်ဝါစွာ စားသောက်ပွဲဖြင့် ပါတည်ခင်းဧည့် ခံခဲ့ သော မိတ်ဆွေ
များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...