Showing posts with label ဆောင်းပါး။. Show all posts
Showing posts with label ဆောင်းပါး။. Show all posts

ကွန်ပြူတာအထူးပြုချက်သုံးထားတဲ.ဓါတ်ပုံ photo shot

Wednesday, December 24, 2008

စာဖတ် ပရိသတ်များ အတွက် လူ့ဘဝ ရရှိသော်လည်း ကံ၊ ကံ၏ အကျိုး ပဋိသန္ဓေ အကြောင်းနှင့် ဆက်နွယ်ကာ သံဝေဂ ရရှိစရာ ပုံရိပ်ကို ဖွင့်ဖော် ပြရလေသည်။ ပြည်ပရောက် 'တူလေး' လင်းလင်းမှ ...

အင်တာနက်မှ ပေးပို့လိုက်သော ထူးခြား လူသား နှစ်ဦး၏ ပုံကို ကြည့်ရှုရင်း သာမန်အမြင်၊ အသိဖြင့် မမြင် ကြည့်ကြပဲ တရားသဘော တရားသံဝေဂ အမြင်၊ အသိဖြင့် ကြည့်ရှုကာ အပ္ပမာဒေဋ္ဌ သမ္မာဒေဋ္ဌဖြင့် လူ့ လောကီ ဘုံဘဝမှာ စီးပွားရေး၊ ဥစ္စာ၊ လူမှုကိစ္စများ ရွက်ဆောင်ရင်းလည်း မိမိ တတ်နိုင်သမျှ ကာယကံ၊ ဝစီကံ၊ မနောကံ မှုများကို ကုသလ စွမ်းအားနှင့် ရွက်ဆောင် ကြစေချင်သည်။ ယခု ဓာတ်ပုံပါ လူသားမှာ အီရှန် နိုင်ငံသား၊ ပါရှန်းလူမျိုး ဖြစ်လေသည်။ ယောင်္ကျားဘဝ လူသားဘဝကို ပိုင်ဆိုင် ရရှိသော်လည်း ခန္ဓာကိုယ် အထက်ပိုင်း ပါရှိပြီး ခန္ဓာကိုယ် အောက်ပိုင်း မပါရှိပဲ တစ်ဦး၏ ဝမ်းဗိုက် အရှေ့ပိုင်းမှ နောက်တစ်ဦး၏ နောက်ကျောပြင်က တစ်ဆက်တည်း ခန္ဓာကိုယ်ခြင်း ဆက်နေလေပြီး လမ်းသွားလျှင် ကျန်တစ်ဦးက လက်နှင့် ထောက်၍ လှမ်းရသည်။ သူတို့မှာ တင်ပဆုံပိုင်း၊ ပေါင်တံ၊ ခြေထောက် မပါသလို၊ ကျင်ကြီး၊ ကျင်ငယ်စွန့်ရန် အင်္ဂါ မပါရှိပေ။ ယခုအရွယ် အထိ၊ အသက်ရှင် နေထိုင်ပုံမှာ တစ်ဦးစားသော အစာသစ်ကို အစာဟောင်း အဖြစ် စွန့်ချင်လျှင် ပုံမှာ မြင်တွေ့ရသည့် အတိုင်း ကျန်တစ်ဦး၏ ပါးစပ်မှ မစင်ကို စွန့်ထုတ် ပစ်ရလေသည်။ လူဖြစ်ရသော်လည်း သူများကဲ့သို့ အင်္ဂါ မစုံလင်သည့် အပြင် လူတောထဲ သွားလာနိုင်သော ဘဝမျိုး မဟုတ် ဒါတင်မက လူဟုသာ ဆိုသည် မစင်ကို ပါးစပ်မှ စွန့်ထုတ်ရသော ဝဋ်ကြွေးဒုက္ခ ကြီးမားပုံကို တွေးဆ ဆင်ခြင် ကြည့်ပါကုန်။
       သာမန် လူဘဝမှာတောင် မစင်နံ့ ရယုံမျှနှင့် ပျို့ချင်၊အန်ချင်၊ နှာခေါင်းပိတ်၍ ဝေးရာကို ပြေးရလေသည်။ ထိုသူတို့၏ နိစ္စဓူဝ ခန္ဓာကိုယ်ရှိက ဒုက္ခဝေဒနာကို တွေးဆကြပါကုန်၊ ထိုပုံကို ကြည့်ပြီး ကလေးတွေက အထူးအဆန်း သဖွယ် သဘောကျ ရယ်မော ကြည့်ကြသလို တွေးတတ်သော ကလေးက ''သူတို့ ဘာဖြစ်လို့ ဒီလို ကိုယ်ခန္ဓာကြီး ဖြစ်နေရတာလည်းဟင်'ဟု မေးလေတော့သည်။
       ''သိပ္ပံပညာအရ ကြည့်ပါလျှင် အမိမျိုးဥနှင့် အဖ မျိုးဥတို့ ဆက်သွယ်၍ ရရှိလာသော ရုပ်ဗီဇ ကလပ်စည်းများ တိုးပွားလာပြီး ''ရုပ်ခန္ခာ''တည်ဆောက်မှု သဘောတရား အရ အကြောင်း အားလျော်စွာ တွဲ၍ ရုပ်ခန္ဓာ ဖြစ်လာရခြင်း ဖြစ်ပေမည်။ သိပ္ပံပညာက ရုပ်ဗီဇ အကြောင်းကိုသာ အဖြေရှာနိုင်ပြီ။ နာမ်ဗီဇ မျိုးစေ့ အကြောင်းကို မသိရှိနိုင်ပေ။
       ထိုအဖြေကို သမ္မာသမ္ဗုဒ္စ ဘုရားရှင် ဖွင့်ဖော် ဟောကြား ဆုံးမခဲ့သည့် သဘာဝ ဓမ္မတို့၏ သိမ်မွေ့ နူးညံ့သော မြင့်သော တရား မြတ်သော တရားတွင် သတ္တဝါတို့၏ 'ကံ'နှင့် ကံ၏ အကျိုး၊ ကံစွမ်းအားများ အကြောင်း ကုသိုလ် အကုသိုလ် ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဆိုသည့် စက်သုံးပါး လည်ပတ်ပြီး နေ့စဉ် ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုများနှင့် မိမိခန္ဓာ ငါးပါးမှာ ကံစွမ်းအားများ ဝန်းရံလို့ နေလေသည်။
       ''ကံစွမ်းအားမည်သို့ ဝန်းရံနေတာလည်း''ဟု မေးလာပြန်ရာ ''သံလိုက်ဓာတ် မရှိတဲ့ ရိုးရိုး သံမဏိချောင်းပေါ်မှာ သံလိုက်ဓာတ် ပါတဲ့ သံချောင်းကို အပေါ်ကနေ ခပ်ခွာခွာ ထားပြီး ကြိမ်ဖန်များစွာ ပွတ်ဆွဲ ပေးနေပါက ထိုသံချောင်းထဲသို့ သံလိုက်ဓာတ်များ စီးဝင်သွားကာ၊ သံလိုက်ချောင်း ဘဝသို့ ကူးပြောင်းပြီး သံလိုက်ဓာတ်များ ဝန်းရံနေကြောင်း မျက်စေ့နဲ့ မမြင်ရပေမယ့် သံလိုက်အိမ်မြှောင်နဲ့ ထောက်ကြည့်မှ သိနိုင်တယ်လေ။ ဒီသဘောလိုပဲ လူတစ်ယောက်မှာ သူနေ့စဉ် ပြုခဲ့တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံမှု တွေက ကံစွမ်းအား အနေနဲ့ ဝန်းရံနေပြီး ဒီရုပ်၊ ဒီနာမ်ကို အထောက်ပံ့ ပေးနေတာပေါ့။
     ဒီလို ကံစွမ်းအားတွေက အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် ကံအဆောက်အအုံပေါ်မှာ မူတည်ပြီး ယောင်္ကျားဘဝ၊ မိန်းမဘဝ၊ ရုပ်ဆိုး၊ ရုပ်ချော၊ အသားဖြူတယ်၊ မည်းတယ်၊ အရပ်ရှည်တယ်၊ ပုတယ်၊ ကိုယ်အင်္ဂါ ပြည့်စုံခြင်း မပြည့်စုံခြင်း၊ လူစဉ်မမီ၊ ဥာဏ်ရည် ချို့တဲ့ခြင်း၊ ဆွံ့အ နားမကြားတာမျိုး မျက်စေ့ မမြင်တာမျိုး ခုလို ဓာတ်ပုံထဲကလို လူတော့ လူဖြစ်ပါရဲ့ လူဟု ပြော၍မရသော ဘဝပိုင်ရှင်မျိုး တွေကို ရရှိကြတာမှာ ပြီးခဲ့တဲ့ အတိတ်ဘဝက ပြုခဲ့တဲ့ ကံစွမ်းအား၊ အဆိုးအကောင်း ပေါ်မှာ အထောက်အပံ့ အကြောင်း ဖြစ်တည်ပြီး အကျိုး ခံစားကြရတာပါ။ လောဘ၊ ဒေါသ၊ မောဟ ပါဝင်တဲ့၊ အကုသလဟိတ်နဲ့ ပဋိသန္ဓေ တည်လာရင် ယခုလို ညံ့ဖျင်းသော ဘဝကို ရောက်ရှိကြရတာပဲ။ ဒါက ကလေးတို့ နားလည်အောင် ပေါ်ယံ ပြောပြရတာ တကယ် ပြောရရင် အကျယ်ချဲ့ရင် အများကြီးပဲ၊ မြင့်တဲ့ ဘဝ၊ မြတ်တဲ့ ဘဝကို ရချင်ရင် ကာယကံမှု၊ ဝဇီကံမှု၊ မနောကံမှုတွေကို စင်ကြယ်အောင် ထားနိုင်ပြီး ဘုရားကို ဘုရားမှန်းမသိ တရားကို လေးစား လိုက်နာ ကျင့်သုံး၊ သံဃာကို ဆည်းကပ်၊ မိဘ၊ ဆရာ စကား ရိုသေ လေးစား နာခံရင်ပဲ ကောင်းတဲ့ ကုသလ ကံစွမ်းအားတွေ မိမိခန္ဓာမှာ ဝန်းရံနေပြီ။ အခုလက်ရှိ ဘဝမှာလည်း အစစ၊ အဆင်ပြေလာမယ်။ ဘေးဒုက္ခကင်းဝေးမယ်။ နောင်ဘဝ ကူးခဲ့ရင်လည်း ခုလိုမျိုး လူစဉ်မမီတဲ့ ပဋိသန္ဓေဘဝကို မရရှိနိုင်တော့ဘူး။
      ''ဒါဆို သမီးတို့ ကာယကံမှု၊ ဝဇီကံမှု၊ မနောကံမှုကို ကောင်းအောင် စောင့်ရှောက် နေထိုင်ရင် ရပြီပေါ့နော်''
       ''သာဓု---သာဓု---သာဓုပါကွယ်''
      ထို လူထူးလူဆန်း ဓာတ်ပုံကို ကြည့်မြင်ပြီး အသိ၊ သတိတရား လေးများဖြင့် ကလေးတွေကလည်း ကြိုးစား နေထိုင်ဖို့ သဘောပေါက် သွားသလို စာရေးသူတို့လည်း အားလုံးသော လူသားတိုင်း ကုသလကံ စွမ်းအားများ ဖြစ်တည်စေပြီး အကုသလ ကံစွမ်းအားများ ကင်းဝေးအောင် စောင့်ရှောက် နေထိုင်ပြီး မြင့်သောဘဝ မြတ်သောဘဝ ရောက်ရှိအောင် ကြိုးစား အားထုတ် ကြပါစို့ဟု။ မေတ္တာဖြင့် ဖွင့်ဖော် လိုက်ပါတော့သည်။
ကျမ်း-ဆရာကြီးဦးဌေးအောင် (မဟာသဒ္ဓမ္မဇောတိကဓဇ)၊
(၂၅)ကြိမ်မြောက်၊ဗုဒ္ဓဒေသနာသင်တန်း
မြနန်းရှင်





လျှပ်တစ်ပြက်ဂျာနယ်မှာဖော်ပြခဲ.တဲ.လူထူးလူဆန်းဓါတ်ပုံနဲ.ဆရာကြီးဦးဌေးအောင်ရဲ.တရား
စာပါဆောင်းပါးစာမျက်နှာဖြစ်ပါတယ်။
နည်းပညာတွေအစစအရာရာတိုးတက်လာနေတဲ.ခေတ်ကြီးမှာတစ်ခါတစ်ခါတော.လည်းဘယ်
ဟာကိုတော.ဖြင်.အစစ်၊ဘယ်ဟာအတုဆိုတာခွဲခြားယုံစားဖို.ခက်လာပါတော.တယ်။
အခုလည်းဟောပြောသူကအကျင်.သီလမှာလေးစားကြည်ညိုရတဲ.ကမ္မဌာန်းပြဆရာကြီးဆိုတော.
နည်းပညာနဲ.အလှမ်းဝေးတဲ.လူအများစုကယုံကြည်ကြမှာမလွဲပါဘူး။ကျွန်တော်တို.တောင်ညီလင်း
ဆက်ကသူ.ဘလော.မှာဒီဆောင်းပါးအကြောင်းရေးထားလို.ဒီဓါတ်ပုံဟာအစစ်မဟုတ်ပဲကွန်ပြူတာ
နည်းပညာနဲ.ဖန်တီးပြုလုပ်ထားတယ်ဆိုတာသိရတာပါ။
ဖြစ်နိုင်၏၊မဖြစ်နိုင်၏ယုံကြည်ဖို.ကတော.ရရှိတဲ.သတင်းရဲ.ဇစ်မြစ်ကိုကြည်.ပြီးဆုံးဖြတ်ရမှပါပဲ။အခုတော.
သတင်းဖော်ပြတင်ပေးတဲ.ဂျာနယ်အယ်ဒီတာကလည်းမစုံစမ်းမစဉ်းစားပဲအထူးအဆန်းကိုဦးအောင်တင်
နိုင်ယင်လူကြိုက်များပြီးဂျာနယ်ရောင်းကောင်းမှာကိုဦးစားပေးယင်တော.သတင်းအချက်အလက်မှား
ပေးမိလို.စာဖတ်သူတွေအတွက်အကျိုးရှိမှာမဟုတ်ပါဘူး။
ဆရာကြီးဦးဌေးအောင်အနေနဲ.တရားဓမ္မနှင်.သာမွေ.လျော်သူမို.ကွန်ပြူတာနဲ.ဖန်တီးထားတဲ.အဖြစ်မှန်
ကိုမသိတာအပြစ်မဆိုသာပေမယ်.အင်တာနက်ပေါ်တောင်တင်နိုင်တဲ.ဂျာနယ်တစ်ခုကတော.သတိထား
သင်.ပါတယ်။
နောက်ဆုံးတော.ဘယ်အရာမဆိုချင်.ချိန်ပြီးယုံကြည်ကြဖို.ပါပဲ။
နောက်ဆက်တွဲအနေနဲ.ဆောင်းပါးကိုသေချာထပ်ဖတ်ကြည်.တော.ဆရာကြီးဦးဌေးအောင်ရေးထား
တာလိုလိုအောက်ကအမည်ပါသူရေးထားသလိုဖြစ်နေတယ်။ညီလင်းဆက်ဘလော.မှာဖတ်လိုက်
ရတာကဦးဌေးအောင်ရေးထားတယ်ဆိုလို.ရေးလိုက်တာ။ဆောင်းပါးရေးသူကဦးဌေးအောင်ရဲ.ကျမ်းကို
ညွှန်းပုံရပါတယ်။