Showing posts with label Idea. Show all posts
Showing posts with label Idea. Show all posts

နောက်ဆုံးတော့ ....

Wednesday, March 24, 2010




အခုတစ်လော အင်တာနက်စာမျက်နှာများနဲ့ လေလှိုင်းများမှာ အရှိန်အဟုန်ပြင်းစွာနဲ့ တိုက်ခတ်နေတဲ့ 
တွဲရေးခွဲရေး ပြဿနာများကြောင့်  ကိုပီတာလည်း တော်တော်ဦးနှောက်ခြောက်နေရပါတယ်...
လူအမျိုးမျိုးစိတ်အထွေထွေရှိကြတယ်ဆိုပေမယ့်  ကိုယ်လေးစားတဲ့ သူ၊ နာမည်ကျော်ကြား၊ ထင်ရှား
တဲ့ သူတွေရဲ့ အတွေးအခေါ်၊အယူအဆတွေကိုလည်း တွေ့ မြင်ဖတ်ရှုကြားသိနေရပါတယ်...
နိုင်ငံရေးဆိုတာကို ပုတ်လောက်ကြီးရေးပြတာတောင်မှ မှုံဝါးဝါးသာမြင်နိုင်လောက်တဲ့ ဗဟုသုတရှိသူ
မို့ လည်း လေးစားလောက်တဲ့ သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တတ်နိုင်သလောက်လေ့ လာနေမိ
ပါတယ်...
ဒါကြောင့် အမျိုးမျိုးသော ပုဂ္ဂိုလ်တွေရဲ့ အယူအဆတွေဖတ်ရှုနားထောင်ပြီး...


ကိုပီတာတစ်ယောက် တွေးလေလေ....
ဆွေးလေလေဖြစ်နေရပါတယ်...
ရွှေပြည်တော်ကမျှော်တိုင်းဝေးနေဦးမှာလေ...



ဒါကြောင့် ...
မျက်စေ့ စုံမှိတ်ပြီး သူ့ တစ်ယောက်ကိုပဲထောက်ခံတော့ မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်...

အားလုံးလည်း လွတ်လပ်စွာ ယုံကြည်နိုင်ပါတယ်...
နောက်ဆုံးကောက်ချက်ချလိုက်မိတာကတော့ ....


ခေတ်အဆက်ဆက်...ပါတီအဖုံဖုံ...ကိုယ်စားလှယ်လောင်းအသီးသီး...
*** ဘယ်သူမှ ပေးထားတဲ့ ကတိမတည်ပါ...
*** ဘယ်သူမှလည်းပြည်သူတွေခံစားနေရတာတွေကို စိတ်ရှည်ရှည်နဲ့ နားမထောင်ပါ...
*** ဘယ်သူမှလည်း ဆင်းရဲချို့ တဲ့ ပြီး ၊ အလုပ်အကိုင်မဲ့ နေသူတွေကို မကူညီကြပါဘူး...
*** ဘယ်သူမှ အာဏာရသွားယင် ဘာကိုမှ ဂရုမစိုက်ကြတော့ ပါဘူး...
*** ဘယ်သူမှလည်း အမှန်ကိုပြောကြတာမဟုတ်လေတော့ ...
*** ဒါကြောင့် ကျွန်တော်ကတော့ ....
VOTE FOR NOBODY

သူ့ ကိုပဲအားပေးထောက်ခံပါတော့မယ်...



ရွှင်လန်းချမ်းမြေ့ ကြပါစေ....