Showing posts with label general knowledge: Photo: Graphic. Show all posts
Showing posts with label general knowledge: Photo: Graphic. Show all posts
Saturday, January 7, 2012

ဟန်ဆောင်လောကကြီးဝယ်....

ဟန်ဆောင်မာယာများတဲ့ လူ့ လောကကြီးဝယ် မာယာများတဲ့စကားလုံးတွေရဲ့ ဆိုလိုရင်းတွေကိုလည်း
သိထားယင်လူမှုဆက်ဆံရေးလောကကြီးမှာ အဆင်ပြေနိုင်မယ်မဟုတ်ပါလားဗျာ....
မုသာဝါဒကိုရေလဲသုံးနေတဲ့ လောကကြီင်္းက တစ်ကယ်တော့စိတ်ကုန်စရာပါပဲ...


အမျိုးသမီးများ တော်ပြီနောက်မစားတော့ဘူးဆိုယင်...
အဲဒါအကုန်ကုန်အောင်စားပစ်မယ်လို့ ဆိုလိုပါတယ်တဲ့ ...

 လာနေပြီ...လမ်းတောင်ရောက်နေပြီဆိုယင် တစ်ကယ်တော့ အခုမှ ရေချိုးပြီးကာစပဲရှိနေဦးမှာ...
နောက်တစ်နာရီလောက်မှရောက်မှာ...

 ပွဲက ၁၀နာရီမှ စမှာပါဗျာဆိုယင် ၁၁ နာရီမထိုးခင်အထိရောက်မှာမဟုတ်ဘူးလို့ 
ဆိုလိုပါတယ်တဲ့ ...

 မင်းရဲ့ အောင်မြင်မှုသတင်းကောင်းအတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ် လို့ ပြောယင်...
မနာလိုလိုက်တာကွာ...ငါ့ လိုဆုံးရှုံးမှုတွေ၊မအောင်မြင်မှုတွေနဲ့ တွေ့ နေမယ်လို့ 
ကြိတ်ဆုတောင်းနေတာ...

 မင်းရဲ့ လက်ရာကိုတော့တစ်ကယ်ကြိုက်သွားပြီ...တစ်ကယ်ကိုထူးခြားပါတယ် လို့ ဆိုယင်
မစွံပါဘူးဗျာ...ကြိုက်ကိုမကြိုက်ပါဘူးလို့ ဆိုလိုတာ...

 နောက်နေ့ ကစပြီး အစားအသောက်လျှော့ မယ်၊ဆင်ခြင်မယ်လို့ ဆိုယင်တော့
ဘယ်တော့ မှလုပ်ဖြစ်မှာမဟုတ်ဘူး....
 ကလေးများယူကြစမ်းပါ...လင်ရယ်မယားရယ်မိသားစုရယ်ဆိုတာကလေးရှိမှ ပျော်စရာကောင်းတာ
လို့ များဆိုကြယင်တော့  သူတို့ လိုပဲ ဒုက္ခသုက္ခရောက်အောင်လို့ တိုက်တွန်းနေတယ်မှတ်ပါလေ...
 အခုလိုဆန်တင်စာရင်းထဲပါတာကို ဂုဏ်ယူမိပါတယ်ဆိုယင် ဆုမရလို့ ကတော့ 
စိတ်ဆိုးမှာ...


နောက်ထပ်တွေ့ ကြဦးမယ်လေ...လို့ များဆိုလို့ ကတော့ 
ဘယ်တော့ မှမတွေ့ ချင်တော့ပါဘူးလို့ အဓိပ္ပါယ်ရပါလိမ့် မယ်...

 လာလေ...တစ်ခုခုသွားသာက်ကြရအောင်လို့ များပြောယင် ...
မူးအောင်တိုက်ပြီးဦးအောင်နှိုက်ပါလိမ့် မယ်...

 ဒီအမျိုးသမီးလား ( ဆယ်လီလား...) မလှပါဘူးဗျာ...သူ့ ပုံစံကိုမကြိုက်တာ လို့ ပြောလာယင်...
အဲဒါ သူ့ အကြိုက်ပဲလို့ သာမှတ်လိုက်တော့....
 ကျွန်မလား သရုပ်ဆောင်လုပ်ပါတယ်လို့ ဆိုယင် သူ့ အလုပ်က စားပွဲထိုးလို့ သာမှတ်လိုက်တော့ ...
 တော်တော်ရယ်၇တယ်ဗျာ လို့ များပြောယင် သိပ်လည်းမရယ်ရပါဘူးတဲ့ ...
 ကျွန်မက မလှပါဘူးလို့ များပြောလာယင် သူမကိုနှစ်သိမ့် စေချင်လို့ ပြောတာလို့ သာမှတ်ပါဗျာ...
 ကိုယ့် အခန်းများလာပြီးတစ်ခုခုသောက်ပါလို့ ဆိုလာယင်တော့ သိတော့ ဗျာ...
သူတို့ ဆီမှပြောတာနော်...သဘောကောင်းပြီးတော့လိုက်မသွားလေနဲ့ ...
 ဒီနှစ်တော့ တစ်ခုခုထူးအောင်၊ စွမ်းဆောင်အောင်မြင်အောင်လုပ်ရမယ်လို့ ဆိုယင်...
အယင်အတိုင်းပဲ ဝေလေလေ
ပိုက်ဆံမရှိပါဘူးဆိုယင် တစ်ခြားသူတွေအတွက်မရှိတာ....
သူ့ အတွက်တော့ရှိပါလိမ့် မယ်တဲ့ ...