Showing posts with label news: weird asia. Show all posts
Showing posts with label news: weird asia. Show all posts
Indian Villagers Worship “Dog God,” Not Palindromes
Wednesday, March 30, 2011
ခွေးနတ်ဘုရားကိုးကွယ်သည့် ရွာ...
ခွေးများကာ နေရာတစ်ကာအသုံးဝင်ကာလူသားများအတွက်အလွန်အကျိုးပြုလေသည်။ သူတို့ ကားလူတွေ
အတွက်အဖော်သဟဲပြုပေးသည်...တစ်နေ့ တာလုံးလုပ်ငန်းခွင်မှာပင်ပန်းနွမ်းနယ်လာခဲ့ သမျှ အိမ်ပြန်အ
ရောက်မှာ အမြီးနန့် ကာဝမ်းသာအဲလဲကြိုတတ်ကြသည်....အိန္ဒိယမှာဆိုလျှင်ဖြင့် သူတို့ ကြောင့် ပင်ဇတ်အ
နိမ့် အမြင့် ခွဲခြားခြင်းကိုချေဖျက်နိုင်ခဲ့ ပေပြီ.....
အိန္ဒိယနိုင်ငံ၊ရမ်နာဂါရမ်ခရိုင်၊ အေဗီဟာလီ ရွာကလေးတွင်တော့ အိန္ဒိယတောင်ပိုင်းသား ကာနာတကသား
တွေဟာ ဆရီနာရီဒိုးဗီရက်ပါ အမည်ရှိ ခွေးနတ်ဘုရားကို ကိုးကွယ်ကြပါတယ်...
အဆိုပါခွေးနတ်ဘုရားကျောင်းဟာ ထိုရွာကလေးရဲ့ အဓိကကိုးကွယ်ရာ ဆရီဗီရာမတ်စတီ ကမ်ပမ်မာ နတ်
ဘုရားကျောင်းရဲ့ နဘေးကပ်လျှက်တည်ရှိနေတာဖြစ်ပြီး ဒေသခံရွာသားများကတော့ အဆိုပါခွေးနတ်ဘုရား
ဟာ ရွာစောင့် နတ်ဘုရားကြီးရဲ့ လက်ထောက်နတ်ဘုရားငယ်ဖြစ်တယ်လို့ ကိုယုံကြည်နေကြပါတယ်....
3 18 2011 1 56 35 PM Indian Villagers Worship Dog God, Not Palindromes picture
ဘေးကင်းရန်ကွာ...အောင်ကြောင်းဖြာစေဖို့ ခွေးနတ်ဘုရာကိုကိုးကွယ်ကြတယ်...
ခွေးနတ်ဘုရားကိုယုံကြည်သူ ရာဂျေ့ ရှ် ကတော့ လူတွေကဒီကိုလာပြီးဆုတောင်းကြတာပါပဲ...ဆုတောင်း
ပြည်ကြတော့ လည်းတစ်ခါထပ်ပြန်လာပြီးတိုးလို့ ပူဇော်ကြပါတယ် လို့ ပြောကြားခဲ့ ပါတယ်...
ခွေးနတ်ဘုရား (ဘုရားကျောင်းစောင့် ရှောက်သူက အာရုံခံ၊ ပူးဝင်ပြောခြင်းဖြင့်) ဟာရှေးရေးမျှော်တွေးလို့ 
ဗေဒင်မေးချင်သူများအတွက် ဟောပြောပေးရုံတင်သာမက ဖြစ်ပေါ်လာမည့် ကပ်ဘေးဆိုးများကိုလည်းကြို
တင်နမိတ်ဖတ်သတိပေးတတ်ပါသေးတယ်...ထို့ အပြင်မွေးဖွားလာသည့် ကလေးငယ်များအတွက်အမည်
ပေးရာမှာလည်း အထင်ကရပါပဲ....
ခွေးနတ်ဘုရားကို ယုံကြည်မှုကိုဝပ်တွားသက်သေပြသည့် အနေဖြင့် ရွာသားအများစုကတော့ ၎င်းတို့ ရဲ့ ရင်
သွေး၊ ကလေးငယ်များကို နတ်ဘုရားရဲ့ အမည်ပေးတတ်ကြပါသေးတယ်...
ကလေးငယ်ဟာယောကျာင်္းလေးဖြစ်လျှင် ဗီရမ်နာ၊ မိန်းကလေးဆိုလျှင်တော့ ဗီရမ်မာ လို့ အမည်ပေးခေါ်
ဝေါ်ကြပါတယ်...
နှစ်အနည်းငယ်အတွင်းကို ဒီနာမည်နှစ်ခုဟာ အများဆုံးပေးခဲ့ ကြတဲ့ အမည်တွေပဲဖြစ်လာခဲ့ ပါတယ်...
ထိုထက်ပိုသည့် အချက်အနေနှင့် ထိုခွေးနတ်ဘုရားကြောင့် ပင် ( ခွေးကိုယုတ်ညံ့ သည်ဟု အယူအစွဲကြီး
မားသည့် အိန္ဒိယနိုင်ငံ ) ထိုကျေးရွာလေး၌ဇတ်အနိမ့် အမြင့် ခွဲခြားသည့် စနစ်ပျောက်ဆုံးပျက်ပြယ်ခဲ့ ရပါ
တော့တယ်...
ခွေးနတ်ဘုရားကျောင်းရဲ့ စောင့် ရှောက်နေထိုင်သူဘုန်းကြီးကတော့ ဇတ်နိမ့် တစ်ဦးဖြစ်ပါတယ်....အမှန်ဆို
လျှင်တော့ထိုဇတ်နိမ့် များကို အိန္ဒိယမှာဝိုင်းဝန်းပစ်ပယ်ရှောင်ကြဉ်ထားကြတာဖြစ်ပါတယ်...
ယခုတော့ ဇတ်နိမ့် တစ်ဦးက နတ်ဘုရားရဲ့ ကိုယ်စားလှယ်၊တမန်တော်ဘုန်းကြီးဖြစ်နေတာကိုက ဇတ်နိမ့် ၊
ဇတ်မြင့် ခွဲခြားသည့် အိန္ဒိယနိုင်ငံတွင် ခွေးနတ်ဘုရားရဲ့ အခန်းကဏ္ဍမည်မျှအရေးပါသည်ကို ညွှန်းဆိုပြနေ
သလိုဖြစ်နေပါတော့တယ်...
အသိဥာဏ်ဗဟုသုတမပြည့် စုံကြတော့ လည်းဒီလိုပါပဲ ...ထင်ရာမြင်ရာစွဲလမ်းယုံကြည်တတ်ကြတာလူ့ သ
ဘာဝလို့ တောင်ဆိုရမလားပဲ...
ရွှေပြည်ကြီးမှာလည်း မြင်းကိုကိုးကွယ်တဲ့ မြင်းဖြူရှင်နတ်ဆိုတာရှိသေးတာပဲမဟုတ်လား...
နတ်မြင်းစားဖို့ ဆိုပြီးမြေစာမြက်တွေငွေကုန်ခံပြီးဝယ်ကာစင်ပေါ်တင်တတ်ကြသေးတာပဲ...အမှန်တော့ ဒီ
မြင်းနဲ့ ဒီနတ် ထိုစဉ်ကသေခဲ့ ကြပြီးနောက်လည်းဆက်ပြီးမခွဲမခွာအတူရှိနေမယ်ဆိုတာ မဖြစ်နိုင်သလောက်
ပဲဆိုတာ ( လူကသေလို့ နတ်ဖြစ်တာတော့ ထားပါတော့ မြင်းကသေတော့မြင်းနတ်ဖြစ်ပြီးမြက်တွေဆက်စား
တယ်လို့ ယုံကြည်နေကြတာကြီးက ရယ်စရာအလွန်ကောင်းလှပါတယ်...)ဗုဒ္ဓတရားတော်တွေကို အတန်အ
သင့် လေ့ လာမှတ်သားနာယူဖူးသူတိုင်းအနည်းငယ်စဉ်းစားကြည့် ရုံမျှဖြင့့်သိနိုင်ပါတယ်...
အင်္ဂလိပ်လိုသတင်းလေးပါ...
Dogs are great for many things. They provide companionship, they greet you when you get home after a long day at work, and if you’re in India, they abolish the caste discrimination.
In the A V Halli village, situated in the Ramnagaram district of India, the Karnataka villagers of South India have taken to worshiping “Sri Naayidole Veerappa,” also known as “dog God.” The temple of the dog God is located right next to the temple of “‘Sri Veeramasti Kempamma,” a local village deity, and the villagers believe that the dog serves as the god’s lieutenant.
According to Rajesh, a devotee of Sri Naayidole Veerappa, ‘‘People come here and make wishes. They return to pay respects after their wishes are fulfilled.”
The dog God, in addition to serving as a sort of local fortune teller, seemingly warning the villagers of bad events to come, as proven to be a bit of inspiration for the naming of newborns.
In an attempt to prove their devotion to the dog God, many families have taken to naming their children after the dog God. If it’s a boy, the child is named Veerappa or Veeranna; girls are named Veeramma. Give it a few years and it’ll become the new “Steve” or “Jennifer.”
Beyond this, however, is the abolishment of caste discrimination that the dog God has brought to the village. The dog God’s priest is a member of the dalit caste, the Sanskrit of which means “broken to pieces.” In essence, they’re outcasts. Given the dalit status of the priest, the dog God’s significance in the village is incredibly important within the context of the Indian caste system.
China to the US: Take Our Women!
Wednesday, April 21, 2010
ယူမလား...ပေးမယ်...
မိတ်ဆွေကြီးအလို၇ှိယင် ...လိုချင်သလောက်ရပါတယ်ဗျာ...
အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ခဲ့ တဲ့ သတင်းမှတ်တမ်းတစ်ခုအရ လွန်စွာစိတ်ဝင်
စားဖွယ်ကောင်းလှသော သမိုင်းဝင်ဖြစ်ရပ်ဆန်းတစ်ခု တွေ့ ရှိသိမြင်ခဲ့ ကြရပါတယ်...
အဲဒါကတော့ ကွယ်လွန်သူ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီး ဥက္ကဌ မော်စီတုံးနဲ့ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး ဟင်နရီကစ်ဆင်ဂျာတို့ ရဲ့ စကားပြောခဲ့ တာကိုမှတ်တမ်းတင်ထားတာပါပဲ...
" ခင်ဗျားသိတဲ့ အတိုင်း (ကျွန်တော်တို့ ) တရုတ်ပြည်က အလွန်ဆင်းရဲပါတယ်...ကျွန်တော်တို့ မှာဘာမှ
များများစားစားမရှိပါဘူး....မိန်းမတွေပဲပေါပါတယ်...ဒါကြောင့် ခင်ဗျားတို့ အလိုရှိမယ်ဆိုယင် နည်းနည်း
ပါးပါး အယောက်တစ်သောင်းနှစ်သောင်း လောက်တော့ ပေးနိုင်ပါတယ်..." လို့ ဥက္ကဌကြီးမော်က ပြော
ခဲ့ ပါတယ်...
နောက်ထပ်မိနစ်အနည်းငယ်ကြာတော့ ဥက္ကဌကြီးက ထပ်ပြီးကမ်းလှမ်းပြန်ပါသေးတယ်..." ခင်ဗျားတို့ 
တရုတ်မလေးတွေ မလိုချင်ဘူးလားဗျာ...ကျွန်တော်တို့ အနေနဲ့ အယောက် ၁၀ သန်းအထိပေးနိုင်ပါ
တယ်..." လို့ သူက ထပ်ပြီးပြောခဲ့ ပါတယ်...
ဥက္ကဌကြီးကသူ့ ရဲ့ ကမ်းလှမ်းချက်ကို ထပ်ပြီးတိုးပေးခဲ့ တာပါလို့ ကစ်ဆင်ဂျာ ကရေးမှတ်ထားခဲ့ ပါတယ်...
" ကျွန်တော်တို့ ဆီမှာ အမျိုးသမီးတွေသိပ်ပေါတယ်ဗျာ...သူတို့ ကတစ်ချိန်လုံးကလေးတွေပဲမွေးနေကြ
တာမို့ ကျွန်တော်တို့ ဆီမှာ ကလေးတွေလည်း အများကြီးဖြစ်နေပါပြီ..." လို့ ဥက္ကဌကြီး မော်ကပြောခဲ့ 
တယ်လို့ ဆိုပါတယ်...
" ဒါဟာအင်မတန်ဆန်းကြယ်တဲ့ ကမ်းလှမ်းချက်ဖြစ်ပါတယ်...ကျွန်တော်တို့ အနေနဲ့ လေ့ လာစူးစမ်းရပါ
ဦးမယ်..." လို့ ကစ်ဆင်ဂျာ ကပြန်ပြောခဲ့ ပါတယ်...
အဆိုပါ စကားပြောဆိုချက်များဟာ ၁၉၇၃ ခုနှစ်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ မှာ ပြောဆိုခဲ့ ကြတာဖြစ်ပါ
တယ်...
အခုအထိတော့ ထိုစဉ်ပြောခဲ့ တဲ့ တရုတ်အမျိုးသမီး ၁၀ သန်းကို အမေ၇ိကန်နိုင်ငံသို့ မပေးဖြစ်ခဲ့ တာ
ကျိန်းသေပါတယ်...
အခုတော့ လူဦးရေထိန်းချူပ်ရေးစီမံချက်ကြောင့်  ( တစ်အိမ်ထောင် ကလေးတစ်ယောက်၊ နှစ်ယောက်
သာ ယူရမည့် စီမံကိန်း ) တရုတ်ပြည်မှာလည်း မိန်းကလေးတွေတောင်ပြန်ရှားနေပါပြီ...
သူတို့ က သားယောကျာင်္းလေးကိုသာ အလိုရှိကြတာကိုး...
လေးစားလောက်ပါပေတယ် ....
ခေါင်းဆောင်ကြီးရယ်...
တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့ သို့ မခြား ကြင်နာသနားပါပေတယ်...
အင်္ဂလိပ်လိုလေးပါ....
An interesting piece of history was discovered in a document that the State Department’s historical office released. It was a conversation transcript between China’s Chairman Mao Zedong and US Secretary of State Henry A. Kissinger.
“You know, China is a very poor country,” Mao said. “We don’t have much. What we have in excess is women. So if you want them we can give a few of those to you, some tens of thousands.”
Mao circled back to the offer a few minutes later. “Do you want our Chinese women?” he asked. “We can give you 10 million.”
Kissinger noted Mao was “improving his offer,” and the chairman is on record then saying, “We have too many women … They give birth to children and our children are too many.”“It is such a novel proposition,” Kissinger replied. “We will have to study it.”
The conversation occurred in 1973 in Beijing, China and as far as we could find… the promised10 million Chinese women were not given to the US.
2,000,000+ Naked Hindu Men and Counting….
Saturday, March 6, 2010
ဂင်္ဂါမြစ်ထဲရေချိုးဆင်းတဲ့ ကိုယ်လုံးတီးဆာဒူးများ...
အပြစ်တွေကိုမြစ်ရေထဲမှာမျောပြစ်မည်...
သွားရော့ လဟယ်...
အများပြည်သူမြင်ကွင်းမှာ အ၀တ်အစားမပါပဲသွားလာနေတာမြင်ရမယ်ဆိုယင်တော့ တစ်ကယ်မဟုတ်
ပဲအိပ်မက်ထဲမှာဖြစ်ခဲ့ မယ်ဆိုယင်တောင်မိမိကိုယ်မိမိဘုရားတမိမှာအမှန်ပါပဲ...
ဒါပေမယ့် အိန္ဒိယနိုင်ငံက သူတော်စင်လို့ ဆိုတဲ့  ၂သန်းမျှသော အရေအတွက်ရှိတဲ့ ဆာဒူးများအဖို့ တော့ 
Kumbh Mela လို့ ခေါ်တဲ့ ပွဲတော်အတွင်း ဂင်္ဂါမြစ်ထဲကို ကိုယ်တုံးလုံးနဲ့  ရေဆင်းချိုးတာအတွက် ဘယ်
လိုမှစိတ်ထဲမနေကြပါဘူး...
တစ်ကယ်တော့ Kumbh Mela ဆိုတာက အမျိုးသားတွေ အထူးသဖြင့်သူတော်စင်ဆာဒူးတွေဟာ သူတို့ 
ရဲ့ အပြစ်တွေကို ပယ်ဖျောက်သန့် စင်ဆေးကြောစေနိုင်ဖို့ အလွန်ဝေးကွာတဲ့ နေရာဒေသတွေကနေ ကိုယ်
ဆင်းရဲပင်ပန်းမှုတွေကို သီးခံပြီးဂင်္ဂါမြစ်ဆီကိုလာရောက်ကြကာအုပ်စုလိုက်ဆုတောင်းရတာပါပဲ...
အပြစ်တွေအားလုံးကြေစေတာ...မြစ်ဂင်္ဂါ...
အများသိတဲ့ အတိုင်း ဟိန္ဒူလူမျိုးတွေဟာ ဂင်္ဂါမြစ်ကြီးမှာ ပြုခဲ့ မိတဲ့ အကုသိုလ်ကံအညစ်အကြေးတွေကို
ဖယ်ရှားသန့် စင်နိုင်တဲ့ စွမ်းအင်တွေရှိတယ်လို့ ယုံကြည်ကြပြီး ထိုမြစ်ထဲမှာ ရေချိုးသန့် စင်လိုက်ခြင်းဖြင့်
Moksha လို့ ခေါ်တဲ့ မွေးဖွားလာရခြင်း၊ သေဆုံးရခြင်းဆိုတဲ့ သံသရာစက်ဝန်းက လူသားတွေအသီးသီး
လွတ်မြောက်နိုင်ပြီး ထာဝရအမြဲတည်နေတဲ့ မဟာဗြဟ္မာကြီးရဲ့ ဝိဥာဉ်နဲ့ ပိုမိုနီးစပ်စေတယ်လို့ ယုံကြည်
ကြပါတယ်...
ဒါကြောင့် ဒီလိုအပြစ်တွေပြေပျောက်နိုင်ဖို့ အခွင့် အရေးတွေရဖို့ အိန္ဒိယနိုင်ငံရဲ့ မြို့ ကြီးလေးမြို့ ဖြစ်တဲ့ 
Prayag, Haridwar, Ujjain, နဲ့ Nashik မြို့ တွေမှာ  သုံးနှစ်တစ်ကြိမ် ရက်ပေါင်းတစ်ရာကြာတဲ့ အပြစ်
ဖြေ ပွဲတော်ကြီးကိုပြုလုပ်လေ့ ရှိကြပါတယ်...
ဒီဆောင်းပါးမှာပါတဲ့  ပုံတွေကတော့ လွန်ခဲ့ တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က Haridwar မြို့ မှာ ပြုလုပ်
ခဲ့ တဲ့ Pratham Shani Snan လို့ ခေါ်တဲ့ ပထမဦးဆုံး မြင့် မြတ်တဲ့ အပြစ်ကြေရေချိုးပွဲတော် ကဖြစ်ပါ
တယ်...
ထိုပွဲတော်ကိုတက်ရောက်ခဲ့ တဲ့ ရှေ့ နေတစ်ဦးဖြစ်သူ Anil Sharma ကတော့ ထိုဂင်္ဂါမြစ်ထဲရေဆင်း
ချိုးတာနဲ့ ပါတ်သက်ပြီး...” Kumbh ( ကုမ် ) ရာသီအတွင်းမှာ ကောင်းကင်က ကြယ်တာရာဂြိုလ်၊
နက္ခတ်တွေရဲ့ အနေအထားကြောင့် သင်ပြုသမျှကုသိုလ်တွေဟာ ဆတိုးပွားများစေပြီး အကုသိုလ်များ
ဟာလည်း ပယ်ပျောက်ကင်းစင်စေပါတယ်...” လို့ ထပ်လောင်းရှင်းပြခဲ့ ပါတယ်...
ဟိန္ဒို နက္ခတ်ဗေဒပညာရှင်များရဲ့ အဆိုအရ Kumbh Mela ပွဲတော်ဟာ ကြာသပတေးဂြိုလ်ကုမ်ရာသီ
ခွင် ( မာဃနက္ခတ် ) ထဲကိုဝင်ပြီး တနင်္ဂနွေဂြိုလ်ဟာလည်း မိဿရာသီ ( စိတြနက္ခတ် ) ထဲကိုဝင်ရောက်
တဲ့ ကာလဖြစ်ပါတယ်...
ဒါပေမယ့် ကုမ်ရာသီပွဲတော်ရဲ့ တစ်ကယ့် ဒဏ္ဍာရီအမှန်ကတော့ ဒီလိုမဟုတ်ပါဘူး...
ဒီလိုဒီလို အားပေးကြတာ....
ရှေးဟောင်းဟိန္ဒူဟာပေမှတ်တမ်းများအရ မိစ္ဆာနတ်များနဲ့ သူတော်ကောင်းနတ်များဟာ မသေရာအမတ
ထာဝရ၀ိဥာဉ်တော်ရေကြည်ကို ရယူပိုင်ဆိုင်ဖို့ အတွက် စစ်ခင်းခဲ့ ကြပါတယ်တဲ့ ...
ထိုစစ်ပွဲမှာ အမတ၊အမြိုက်သုခ ရေကြည်အစက်လေးစက်ဟာ ကမ္ဘာမြေပြင်ပေါ်ကိုကျရောက်သွားခဲ့ ပြီး
ဖေါ်ပြပါမြို့ ကြီးလေးမြို့ ဖြစ်လာတယ်လို့ ဆိုပါတယ်...
အမှန်တစ်ကယ်ပွဲတော်ကိုလာသူများအားလုံးကတော့ ကိုယ်တုံးလုံးမဟုတ်ကြပါဘူး...တစ်ချို့ ကအောက်
လိမ်းထားကြရုံပါပဲ...
ရှိကြပါတယ်...
” ကျွန်တော်တို့ ဟာအားလုံးကိုစောင့် ကြည့် နေကြတာဖြစ်ပြီး ဒီလိုနေ့ ဒီလိုပွဲတော်အတွက်ကြိုတင်ပြင်
ဆင်ထားကြပါတယ်...” လို့ ဒုတိယရဲမှူး Alok Sharma ကပြောပါတယ်...
ယခုနှစ်ပွဲတော်ကတော့ သူတော်စင်ဆာဒူးတွေက ကမ္ဘာကြီးပူနွေးလာနေမှုကို အထူးရည်ညွှန်းခဲ့ တာ
မို့ ပိုလို့ တောင်အထူးအရေးကြီးနေခဲ့ ပါတယ်...
ဆာဒူးကြီးများရဲ့ အကြီးအကဲ Soham Baba က ” ကျူပ်တို့ လိုသူတော်စင်ရသေ့ ဆာဒူးတွေဟာ ဟိမ
ဝန္တာတောင်ထွတ်တွေအထိသွားရောက်ပြီး တရားအားထုတ်၊ တရားထိုင်နေကြတာမို့ အခြေအနေတွေ
ဘယ်လောက်ဆိုးဝါးနေပြီ ( ကမ္ဘာကြီးပူနွေးမှု ) ဆိုတာရှင်းရှင်းလင်းလင်းသိမြင်နေကြပါတယ်...” လို့ 
ပြောကြားခဲ့ ပါတယ်....
” ရှေးနှစ်ပေါင်းများစွာက တည်ရှိလာခဲ့ တဲ့ ရေကန်များနဲ့  ရေတံခွန်များဟာ လွန်ခဲ့ တဲ့ နှစ်အနည်းငယ်
အထိရှိနေခဲ့ ပြီး အခုတော့ ခမ်းခြောက်ကုန်ကြပါပြီ...”  လို့ သူကဆက်ပြောခဲ့ ပါတယ်...
အင်္ဂလိပ်လိုသတင်းပါ...
Public nudity is a frightening prospect responsible for countless people screaming, “OMG! I’m naked!” in their dreams. No such fear burdened the minds of over 2 million Hindu men, however, as they waddled butt-naked through the Ganges River in celebration of Kumbh Mela.
Kumbh Mela is a mass pilgrimage wherein men, especially holy men (Sadhus), travel long distances and endure numerous physical discomforts for a chance to wash away their sins. You see, devout Hindus strongly believe that the Ganges River holds the power to eliminate past sins (Karma), thereby freeing the individual from the cycle of life and death (Moksha) and bringing them closer to the supreme being (Braham).
The 100-day festival occurs every three years across four cities: Prayag, Haridwar, Ujjain, and Nashik. The pictures included in this piece derive from Haridwar, where on February 12th, the Pratham Shani Snan (or First Royal Bath) was celebrated.
Anil Sharma, a lawyer who attended the festivities, explained the baths further, saying, “Because of the way the stars are aligned during the Kumbh, all the good things you do get multiplied and your sins are washed away.” According to Hindu astrologers, in fact, the Kumbh Mela occurs whenever the planet Jupiter enters Aquarius and the Sun enters Aries.
 The actual mythology behind Kumbh Mela is somewhat different, however. Ancient Hindu literature speaks of a war between the gods and demons over nectar needed to achieve a state of total immortality. During this conflict, four droplets of nectar spilled onto the Earth and landed at the four cities mentioned above.
As for the actual festivities, the truth is that not everyone was butt-naked. Some wore undergarments, while others merely smeared their bodies with ash. And on the outskirts of the river were throngs of cheering and dancing supporters, not to mention thousands of Po-Pos assigned to prevent stampedes and protect from a terrorist attack.
“We are keeping an eye on every moment,” said deputy inspector Alok Sharma. “We are well prepared for this day.”
This year’s festivities were of special importance because the Sadhus are trying to highlight the issue of global warming. Soham Baba, the de facto leader of the Sadhus, elaborated, “Sadhus like us who go up to the higher reaches of the Himalayas to meditate have a clear picture of how bad the situation is.”
He added, “Pristine lakes and waterfalls that existed till a few years ago have dried up.”
Scaredy-cat tigers
Saturday, December 26, 2009
 Identity ပျောက်နေတဲ့ ကျား....
တရုတ်နိုင်ငံမှ တိရိစ္ဆာန်ရုံတစ်ခုမှ ၀န်ထမ်းများဟာ သူတို့ ဆီမှာ ထိန်းသိမ်းပြသထားတဲ့ ကျား
တွေဟာ လှောင်အိမ်ထဲမှာ အစစအရာရာအဆင်သင့် ကျွေးမွေးပြုစုစောင့် ရှောက်ထိန်းသိမ်း
ထားခြင်းခံရလို့ ယဉ်ပါးလွန်းကာ သူတို့ အနေနဲ့ ကိုက်သတ်စားသောက်ရမယ့် ကြက်တွေ
ကိုတောင်မှ ကြောက်ရွံ့ နေတတ်ကြပါပြီလို့  ဆိုခဲ့ ပါတယ်...
Tiger steers clear of chicken /Quirky China News
Idenitiy ပျောက်တဲ့ ကျွန်တော်...
တရုတ်နိုင်ငံ၊ ချူံကင်း သားရိုင်းတိရိစ္ဆာန် ဥယျာဉ်တွင် အရွယ်ရောက်ပြီးသောရှားပါးတိရိစ္ဆာန်
ကျားဖြူကြီး ငါးကောင်ကို လာရောက်ကြည့် ရှုသူများအတွက်ပြသအပန်းဖြေနိုင်ရန် သင်
ကြားပြသမွေးမြူထားခဲ့ ပါတယ်...
တိရိစ္ဆာန်ရုံဝန်ထမ်းများအနေနဲ့  ကျားများမူလတောရိုင်းဇာတိဗီဇစိတ်မပျောက်ရန် ကြက်အရှင်
များကို ကျားလှောင်အိမ်အတွင်းပစ်သွင်းပြီးကျွေးခဲ့ ပေမယ် အောင်မြင်မှုမရခဲ့ ပါဘူး....(ကျား
များက မစားခဲ့ ကြပါဘူး...)
ကျားစာကျွေးသူ Shi Ruqiang က ကျားတွေရဲ့ ပင်ကိုယ်ဗီဇ အရ သူတို့ ဟာရိုင်းစိုင်းကြမ်းကြုတ်
ပြီးထိတ်လန့် စရာကောင်းရမှာဖြစ်ပေမယ့်  ထိန်းသိမ်းစောင့် ရှောက်မွေးမြူတဲ့ သူတွေရဲ့ ပြုစု
စောင့် ရှောက်မှုနဲ့ သူတို့ တစ်တွေမတောင့် မတ၊ သက်တောင့် သက်သာ နေခဲ့ ရလို့ ပင်ကိုယ်
တောရိုင်းသဘာဝဗီဇတွေ ပျောက်ဆုံးကုန်ပါပြီ...လို့ ပြောကြားခဲ့ ပါတယ်...
” ကျွန်တော်ဟာ သူတို့ ကိုကြက်အရှင်တွေနဲ့ ပစ်ပြီး စိတ်ဝင်စားအောင်လုပ်ခဲ့ ပါတယ်....ဒါပေ
မယ့် ဗျာ...ရယ်စရာအတော်ကိုကောင်းပါတယ်....ကျားတွေဟာ ကျွန်တော်သူတို့ ကိုဖမ်းပြီးစား
ဖို့ ပစ်ပေးတဲ့ ကြက်တွေကိုကြောက်ပြီး အနီးအနားကိုတောင်မသွားရဲကြဘူးဗျာ...
( သဘာဝ ရဲ့ လှုံ့ ဆော်မှုအရ ) ကြက်တစ်ကောင်က ကျားတွေကိုကြောက်လွန်းလို့ သတိလစ်
မေ့ မြောသွားတယ်...အဲဒီကြက်ဆီကိုတော့ ကိုယ်တော်ချောကျားတွေကသွားပြီး နမ်းကြည့် ကြ
တယ်....ဒါပေမယ့် အဲဒီကြက်လဲ သတိရပြီးထအော်ရော ကျားတွေမှာပြေးလိုက်တာ တန်းနေတာ
ပါပဲ....”  လို့ အဆိုပါ ၀န်ထမ်းကရှင်းပြခဲ့ ပါတယ်...
အခုတော့  တိရိစ္ဆာန်ရုံဝန်ထမ်းတွေဟာ ကျားတွေကိုလှောင်အိမ်ထဲကနေထုတ်ပြီး အပြင်မှာ တစ်
နေ့ ကို ၁၂ နာရီလောက်နေစေပြီး ပင်ကိုယ်စရိုက်တွေပြန်ပြီး ရောက်ရှိစေရန်လေ့ ကျင့် ပေးနေရ
ပါတယ်လို့ သူကဆက်ပြောပါတယ်...
ပြီးတော့ သူတို့ ဟာ တစ်ကယ့် ကျားရိုင်းတစ်ကောင်ကို ခေါ်ဆောင်လာပြီး ဘယ်လိုပြုမူနေထိုင်
သလဲဆိုတာကို လက်ရှိယဉ်ပါနေတဲ့ ကျားတွေသိရှိနိုင်အောင် ပြသပေးဖို့ စီစဉ်နေကြပါတယ်...
တစ်ကယ်လို့ အဲဒီလိုကြိုးပမ်းချက်တွေတစ်ခုမှ မအောင်မြင်ယင်တော့ သူတို့ ရဲ့ နေ့ စဉ်စားနေ
တဲ့ အစားအသောက်ကို လျှော့ ချရပါလိမ့် မယ်...ဒါမှ သူတို့ ဟာဆာလောင်မွတ်သိပ်မှုကိုခံစား
နားလည်လာပြီး သူတို့ ကိုယ်တိုင်အစားအသောက်ကို ရှာဖွေစားသောက်တတ်လာပါလိမ့် မယ်
လို့ အဆိုပါဝန်ထမ်းကပြောဆိုခဲ့ ကြောင်းပါခင်ဗျာ...
အဲဒီသတင်းလေးဖတ်ပြီး နည်းနည်းတော့ အတွေးနယ်ချဲ့ မိတယ်ဗျာ....
တိရိစ္ဆာန်တွေတောင်မှ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်၊ဗီဇနဲ့ ကင်းလွတ်ပြီးနေခဲ့ ယဉ် မူလဇစ်မြစ်
ကွယ်ပျောက်ပြီး ကိုယ်ဘာလဲ၊ ဘယ်ကလာတာလဲဆိုတာတောင်မေ့ တတ်ကြတယ်...
လူတွေလည်းဒီလိုပဲ....အခြေအနေအကြောင်းကြောင်းတွေကြောင့် မိမိရဲ့ မူလနေထိုင်ရာ
ဒေသ၊နိုင်ငံကနေခွဲခွဲပြီးရပ်ဝေးမြေခြားမှာ ဘာသာခြား၊လူမျိုးခြား၊ ယဉ်ကျေးမှုခြားပြီးနေ
ကြရလေတော့ အခါအခွင့် သင့် တိုင်းမိမိတို့ ဘာသာ၊လူမျိုး၊တိုင်းပြည်ရဲ့ အထိမ်းအမှတ်
စရိုက်လက္ခဏာများမပျောက်ပျက်ရအောင်ထိန်းသိမ်းစောင့် ရှောက်၊ ပြီး ရိုးရာယဉ်ကျေး
မှုပွဲလမ်း၊ အထိမ်းအမှတ်ပွဲများကိုကျင်းပသင့် ကြောင်း ထင်မိပါတယ်...
ကိုယ်သက်သာယင်ပြီးစတမ်း အေးရာအေးကြောင်းနေယင်တော့ ....
အမျိုးပျောက်မှာ၊ စိုးကြောက်လှပါသည် လို့ ပဲ.....
ဒါကမူရင်းအင်္ဂလိပ်လိုသတင်းပါ...
Zoo-keepers in China say their tigers have grown so tame that they're frightened of the chickens they're supposed to eat.
The Chongqing Wild Animal Park has five rare adult white tigers which were originally trained to perform tricks for visitors, reports the Chongqing Morning Post.
Keepers have been trying to encourage them to follow their natural instincts by throwing them live chickens - but without success.
Feeder Shi Ruqiang said: They're supposed to be wild and scary, but due to their soft lifestyles and human care they have gradually lost their wild nature.
"I have been trying to interest them with live chickens but it was quite a funny scene. The tigers were so scared that they wouldn't go near them.
"One chicken passed out and the tigers did eventually approach it - but then it woke up again and squawked and they ran for their lives!"
Shi says the keepers are now forcing the tigers to stay outside their cages for at least 12 hours a day to toughen them up.
And they are planning to introduce a wild tiger to show the domesticated big cats the ropes.
"If all else fails, we will simply cut down their rations until they are so hungry that they are forced to hunt for themselves," he added.