Showing posts with label photos: graphic: knowledge. Show all posts
Showing posts with label photos: graphic: knowledge. Show all posts
Interesting Facts about Human Body
Friday, May 18, 2012
 ဆံပင်ဘာကြောင့် ဖြူရတယ်....
အသက်ကြီးလာတဲ့ အခါ အရည်ဓါတ်တွေခြောက်ခမ်းလာလို့ ပါတဲ့ ...
အင်း...ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတဲ့ သူတွေကျတော့ ဘာကြောင့် ပါလိမ့် ...
သူတို့ ရော ငယ်ငယ်ရွယ်ရွယ်နဲ့ ခြောက်နေကြပြီလား...
 လက်ချောင်းလေးတွေဘာကြောင့် ပဲကြီးရေတွန့် ...
မရှိလို့ ရေနဲ့ အချိန်ကြာမြင့် စွာထိတွေ့ ခဲ့ ယင် အရေပြားတွေရေနူးပြီး လက်အရေခွံတွန့် ရတာ
ဖြစ်ပါတယ်တဲ့ ...
 ဘာကြောင့် ရှက်သွေးဖြာရတယ်...
စိတ်လှုပ်ရှားတဲ့ အခါ သွေးခုန်နှုံးတွေမြန်ပြီး မျက်နှာပြင်ဆီ ပို့ တဲ့ သွေးလွှတ်ကြောတွေ
ကနေ သွေးတွေပိုမိုထုတ်လွှတ်ပေးလို့ ရယ်...အားနာတတ်ခြင်းကို သိရှိခံစားတဲ့ အာရုံကြော
တွေ လှုပ်ရှားတဲ့ အခါ တွေရယ်ကြောင့် ရှက်သွေးဖြာရပါတယ်တဲ့...
သူတို့ ဆီမှာခေါ်တဲ့ ရယ်ရွှင်စေတတ်တဲ့ တံတောင်ဆစ်ရိုးဆိုတာ တစ်ကယ်တော့ 
ကျဉ်ကြောပါပဲ...
 ကိုကိုနဲ့ ချိုချို...
ဒီအကြောင်းအယင်ကပို့ စ်တစ်ခုမှာရှင်းပြခဲ့ ဖူးပါသေးတယ်....  သန္ဓေသားလောင်းများ
ဟာ  မိခင်ကိုယ်ဝန်ရှိပြီး ၁၀ ပါတ်ကနေ ၁၅ ပါတ် ကာလအထိ ယောကျာင်္းလေး၊ မိန်းကလေး
မကွဲပြားသေးပါဘူးတဲ့ ... ထိုကာလလွန်မြောက်ပြီးမှသာ ဖိုဟိုမုန်း၊ မဟိုမုန်းဓါတ်များ စတင်
ဖြစ်တည်ဝင်ရောက်လာပြီး ၀ိုင်ခရိုမိုဇုန်း အားကောင်းယင် ယောကျာင်္းလေး၊ အိတ်စ် ခရိုမိုဇုန်း
အားကောင်းယင် မိန်းကလေး ဖြစ်လာရတာပါပဲ...အဲဒီအခြေအနေမတိုင်မီကတည်းက 
သန္ဓေသားလောင်းများမှာ နို့ သီးခေါင်းဆိုတာ ဖြစ်နေခဲ့ ပြီဖြစ်ပါတယ်...မိန်းကလေးမဖြစ်
တော့ ပေမယ့် လည်း ထိုအင်္ဂါအစိတ်အပိုင်းကတော့ မကွယ်ပျောက်တော့ ပါဘူး...
ဒါကြောင့် မည်သူမဆို သန္ဓေသားဘ၀မှာတော့ မိန်းကလေးဖြစ်ခဲ့ ဖူးတယ်လို့ ဆိုနိုင်
မှာဖြစ်ပါတယ်...
 ဆီးရောင်ဘာကြောင့် ဝါရတယ်....
လူ့ ခန္ဓာကိုယ်ကနေ မလိုအပ်တဲ့ စွန့် ထုတ်ပစ်လိုက်တဲ့ အရည်ဓါတ်တွေဆိုတာ ကျောက်ကပ်
ကနေ စိစစ်စွန့် ထုတ်ရတာပါ...ထိုဓါတ်ထဲမှာ အဓိကပါတာကတော့ ဆားဓါတ်နဲ့ အမိုးနီးယား
ပြီး အရောင်ရယ်လို့ ဖြစ်လာတာပါပဲ... ရေသောက်များယင် ဆီးရောင်ဖျော့ ပြီး ရေသောက်နည်း
လေ ဆီးရောင်ရင့် လေပါပဲတဲ့ ...
 လူသားတစ်ယောက်အနေနဲ့ ဘယ်လောက်အမြန်ဆုံးပြေးနိုင်သလဲ....
တစ်နာရီ ၄၃ ကီလိုမီတာ၊ မိုင်း ၇၀ နှုံးက ဌာန်ကုန်ပါပဲ.....
အဲဒါလည်း အချိန်တိုကာလလေးပဲပြေးနိုင်တာပါ....
မယုံယင်ကိုယ့် ဘာသာကိုယ်စမ်းကြည့် နိုင်ပါတယ်...
နားရွက်တွေဟာ အမြဲပဲ ရှည်ထွက်နေတာလား...
လူတွေကတော့ ဆက်ပြီးမရှည်တော့ ပါဘူး...လူ့ ခန္ဓာကိုယ်မှာ မရပ်မနားဆက်လက်ကြီး
ထွားနေတာကတော့ နှာခေါင်းပါတဲ့ .... တစ်နှစ်ကို တစ်မီလီမီတာနှုံးနဲ့ ဆက်လက်ကြီးထွား
ရှည်လျားနေပါတယ်တဲ့ ...မယုံနိုင်စရာပါပဲ...
Monday, May 7, 2012
စိတ်ဝင်စားစရာအချက်အလက်များ....၂
ဗဟုသုတရစရာ၊ စိတ်ဝင်စားစရာ အချက်အလက်များပေါ့ ...
အသစ်အဟောင်းလဲလှယ်ပေါက်ရောက်ပါတယ်တဲ့ ...
 နာမည်ကျော်မင်းသား ဘရက်ပစ် ဟာ မကျော်ကြားစဉ်က ကြက်တစ်ကောင်ကဲ့ သို့ 
ပုံဖော်ထားသည့် ဝတ်စုံကိုဝတ်ဆင်ကာ အယ်ပိုလို၊ လိုကို အရပ်တွင် ဖျော်ဖြေခဲ့ ရပါတယ်...
လွှင့် ပြီးနောက်နေ့ မှာပဲ ၎င်းအားထိန်းကျောင်းလေ့ ကျင့် သူနှင့် လက်ထောက် ၂ ယောက်
တို့ အား ကိုက်သတ်ခဲ့ ပါတယ်...
 ကော်ဖီမစ်မှာပါတဲ့ ကော်ဖီမှုန့် က အနံ့ အသက်အမရှိပါဘူး...
သင် တစ်စုံတစ်ယောက်နဲ့ ချစ်သူတွေဖြစ်ခဲ့ ယင် အရင်းနှီးဆုံးသူငယ်ချင်း ၂ ဦးကို ဆုံးရှုံး
ဟုတ်တာပေါ့ ချစ်သူအတွက်ပဲအချိန်တွေပေးနေရလို့ သူငယ်ချင်းတွေက စိတ်ဆိုး
သွားမှာ အသေအချာပါပဲ...
ရေချိုးယင်းနဲ့ များ တစ်ခါတည်းအပေါ့ သွားကြမယ်ဆိုယင် ( အိမ်သာကိုမသုံးတော့ ရေဆွဲချ
စရာမလိုတဲ့ အတွက် ) နှစ်စဉ် ရေပမာဏ ၄၄၀၀ လီတာ၊ ၁၁၆၀ ဂါလံ ချွေတာပြီးဖြစ်
ပါလိမ့် မယ်တဲ့ .... ကမ္ဘာမြေကို ကာကွယ်ဖို့ ရေကိုချွေတာစို့ ....
အဲဒီအကြောင်း လွန်ခဲ့ တဲ့ ၁နှစ်၊ ၂ နှစ်လောက်က ဆောင်းပါးတစ်ခုဘာသာပြန်တင်ခဲ့ ဖူး
ပါသေးတယ်...
အင်တာနက်ပေါ်မှာ အလိမ်အညာဆုံး ၃ ခုက...
၁။ ဖေါ်ပြပါ စည်းမျဉ်း၊ စည်းကမ်းများအား ဖတ်ရှု၊ သိရှိပြီးဖြစ်ပါကြောင်း၊ သဘောတူပါကြောင်း...
၂။ လောလောဆယ်အွန်လိုင်းတွင်ရှိမနေပါ...
၃။ ကျွန်ုပ် အသက် ၁၈ နှစ်ပြည့် ပြီးဖြစ်ကြောင်း မှန်ကန်ပါတယ်...
ဟုတ်တယ်နော်...
အဲဒီအချက်အလက်တွေနဲ့ ပါတ်သက်ယင် ငြင်းမယ့် သူမရှိဘူးဆို့ ထင်ပါတယ်...
ကဲ...ဆရာတို့ ....သေးပေါက်တဲ့ ကြက် ရှိပြီဆိုတာ ယုံကြပြီမဟုတ်လား...
လူတတ်ကြီးလုပ်ပြီး ဟိုဟိုသည်သည် တော်ကီမပွားနဲ့ နော်...
အခုလိုအထောက်အထားနဲ့ ပြောလာယင် ဂွမ်းသွားမယ်...
ဆေးလိပ်သောက်သူမ မသောက်သူထက် မျက်နှာအရေပြားအတွန့် ၊ အရေးအကြောင်း ဖြစ်
နိုင်ခွင့် ၁၀ ဆပိုများပါတယ်...
ရှားစောင်းပင်တွေဟာ မီတာ ၂၀ အထိမြင့် နိုင်ပြီး နှစ်ပေါင်း ၃၀၀ အထိ သက်တမ်းရှည်နိုင်
ပါတယ်...ဒါကြောင့် လည်း ရှားစောင်းလက်ပတ်ဆေးဆိုပြီးဖော်စပ်ကြတာကိုး...
ဘယ်သူပဲဖြစ်ဖြစ် သန္ဓေတည်စမှာတော့ မိန်းကလေးပါပဲတဲ့ ...Y ခရိုမိုဆုံးလို့ ခေါ်တဲ့ 
မ အင်္ဂါမျိုးဗီဇ ဖြစ်တည်လာမှသာ ဖို၊မ ဆိုပြီးသန္ဓေသားက ကွဲပြားသွားတာမို့ ယောကျာင်္းလေး
များမှာလည်း နို့ သီးခေါင်းပါရှိနေတာဖြစ်ပါတယ်တဲ့ ... ဘာပဲဖြစ်ဖြစ်ယောကျာင်္းလေးများလည်း
ကြင်နာတတ်တဲ့ နှလုံးသားရှိတာ အဲဒီလို သန္ဓေတည်ကာစမှာ ဖို၊ မကွဲပြားတဲ့ အတွက် မ ဗီဇ
ရှိနေတာကြောင့် လည်းဖြစ်နိုင်ပါတယ်...
ယောကျာင်္းတစ်ယောက်ဟာ တစ်နှစ်မှာတော့ ပျမ်းမျှအားဖြင့်  ၆ ခါလောက် ငိုကြ၊ မျက်ရည်ကျ
တတ်ကြပြီး အမျိုးသမီးတစ်ယောက်ကတော့  အကြိမ် ၃၀ နဲ့ ၆၄ ကြိမ်ကြား ငိုတတ်ကြပါတယ်တဲ့
အကယ်၍သင်အနေနှင့်  colorful  လို့ များပါးစပ်ဟပြီး၊ နှုတ်ခမ်းဟပြီးရေရွတ်ခဲ့ ယင်...
I love you လို့ ပြောတာနဲ့ နှုတ်ခမ်းအနေအထားခြင်းအတူတူပါပဲတဲ့ ...
ဒါကြောင့် နှုတ်ခမ်းအနေအထားကိုကြည့် ပြီး ပြောတာဆိုတာနားလည်တဲ့ လူတွေဆို
ယင် အဓိပ္ပါယ်ကောက် လွဲသွားနိုင်တယ်....