Showing posts with label picture: funny/ knowledge. Show all posts
Showing posts with label picture: funny/ knowledge. Show all posts

Going to the beach...

Tuesday, May 8, 2012

ကမ်းခြေမှာ အပန်းဖြေမယ်...

ကမ်းခြေမှာအပန်းဖြေမယ်ဆိုပြီးသွားလိုက်တာ...မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲပြန်လာခဲ့ ရတဲ့ 
အတွေ့ အကြုံကိုများတင်ပြထားသလားပါပဲ...
အထင်နဲ့ အမြင်ဒီလိုတွေကွာခြားတတ်တာ လောကသဘာဝတစ်ခုပါပဲ...

သွားတုံးကတော့ ကြယ်ငါးလေးတွေများတွေ့ မလားရယ်လို့ ပေါ့ ...
တစ်ကယ့် တစ်ကယ်မှာတော့ ရေဗူးခွံညစ်စုတ်စုတ်ပဲတွေ့ ခဲ့ ရပါတယ်...

အိမ်ပြန်ရောက်တော့ လည်း ကမ်းခြေမှာ ကြည်နူးခဲ့ ရတာလေးတွေများ ပြန်ပြောင်းပြော
ကြရမလားအောက်မေ့ ပါတယ်...
နေရာတိုင်းမှာ သဲတွေတစ်ရှပ်ရှပ်နဲ့ ဖြစ်နေပါပကော...

ရေအောက်ကိုငုပ်ပြီး တိရိစ္ဆာန်ပေါင်းစုံများ မြင်ရမလားလို့ စိတ်ကူးအတွေးနဲ့ ....
လက်တွေ့ မှာတော့ တစ်ကောင်တစ်လေမှတောင်မမြင်....

နေဆာလှုံပြီး အသားအရေကိုဒီလိုလေးများဖြစ်မလားရယ်လို့ ...
ဖြစ်လာတာက လောင်ကျွမ်းအသား...

သဲသောင်ပြင် ဖြူမွမွမှာ သဲမှုန်လေးတွေခြေပေါ်မှာဖြူးပြီး ကြည်နူးမယ်ကြံ...
ခံစားလိုက်ရတာက ငရဲမီးအလား...

သဲမှုလေးတွေနဲ့ ရဲတိုက်ကြီးဆောက်မယ်ရယ်လို့ အစွမ်းပြပေမယ်...
ဖြစ်လာတာက.... သဲငုတ်တို...

အသည်းတစ်လှိုက်လှိုက်၊ ရင်တစ်ဖိုဖို ရေလွှာလျှောစီးမယ်ဆိုပေမယ့် လည်း...
ကျွမ်းထိုးမှောက်ခုံနဲ့ ပုံပျက်ပန်းပျက်ဖြစ်တာသာအဖတ်တင်....

ဒီလို အလန်းလေးတွေမြင်ရလိမ့် မယ်လို့ စိတ်ကူးတွေယဉ်ခဲ့ မိသော်လည်း...
ဒီလိုအဂွမ်းကြီးတွေနဲ့ သာတွေ့ ခဲ့ ရပါရောလား....

Will You Date For A SupersizedBombshell ?

Sunday, September 4, 2011
This summary is not available. Please click here to view the post.