မင်္ဂလာပါမိတ်ဆွေများ ခင်ဗျား....
ကမ္ဘာရွာ၊ အရှေ့ အလယ်ပိုင်းဒေသ၊ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ တွင် ခြောက်နှစ်ကျော်ကြာမျှ လွတ်မြောက်နယ်မြေအဖြစ်အသုံးပြုလျှက်၊ ဘာသာရေး၊နိုင်ငံရေး (နိုင်ငံသားတို့ ရဲ့ အေ၇းမှန်သ
မျှ နိုင်ငံရေးလို့ ဆိုပေသကိုး....)၊ လူမှုရေးတည်းဟူသော ဧရာမဦးတည်ချက်ကြီးသုံးရပ် ( တို့ တာ
ဝန်အရေးသုံးပါး )
တို့ အား ကန္တာရ၀ဿတည်းဟူသော မေတ္တာမိုးများရွာသွန်းဖြိုးရာ
မြန်မာမိတ်
ဆွေများ၊ အစုအဝေး၊ အသိုင်းအ၀ိုင်းလေး၏ ဂုဏ်ရှိန်၊
ဘုန်းရှိန်ကိုအမှီပြုကာအားသွန်ကြိုးပမ်း
ဆောင်ရွက်ခဲ့ ပြီးနောက်
နိုင်ငံတော်တည်းဟူသော အကျွန်ုပ်၏ ကိုယ်၊နှုတ်၊ နှလုံးသုံးပါးစလုံးအား အစိုးရပေသည့် ကြင်သူသက်ထား၊
ရှုမငြီးသည့် ချစ်ဇနီး၏ အုပ်ချူပ်စိုးမိုးမှု အောက်သို့ လက်နက်
နှင်
့ငြိမ်းချမ်းရေးလဲလှယ်ကာ ဥပဒေဘောင်အတွင်းသို့  ပြန်လည်ဝင်ရောက်တော့ မည်ဖြစ်ပါ
ကြောင်း ( လာပါ၊ လာပါ၊ ပြန်လာခဲ့ ပါလို့ တစ်စာစာခေါ်တဲ့ သူကြီးကလည်းရှိနေသေးတယ်လေ )
ခင်မင်မဆုံး၊ ဂုဏ်ယူတသသ၊ ချစ်မိတ်ဆွေများအား အကြောင်းအသိပေးအပ်ပါသည်....
သို့ အတွက် ၄နှစ်ကျော်ကြာမျှ ရင်နှင့် အမျှတွယ်တာခဲ့ ရတဲ့ သည်ဘလော့ ဂ်လေးနဲ့ တော့ ခေတ္တ
ခဏခွဲခွါရဦးမှာဖြစ်ပါတယ်...
ရွှေပြည်ကြီးရောက်လို့ ရွှေပြမျိုးပြ၊ ယောက္ခမများရွာသို့ သွားရောက်လည်ပါတ်ပြီးမှပဲ ရရှိလတ္တံ့ 
သော အင်တာနက်ကွန်နက်ရှင်ဖြင့် ဆက်လက်အသက်သွင်း၊ ချက်ချင်းရောက်ကာ ဘလော့ ဂ်
ရွာတွင် အပူလုံးမကြွပဲ လူလုံးပြနိုင်မယ်လို့ လည်းမျှော်လင့် ပါတယ်...
လောလောဆယ်မည်သည့် အလုပ်အကိုင်မျှမရှိသေးသမို့ လည်း ၀ါသနာဘာဂီဆက်တိုင်းမှီသည့်
ကချွတ်ကချော် ထိုဘလော့ ဂ်တော်ကြီးယခင်ကာလများလို မြန်ကာမယွင်း မဆက်သွင်းနိုင်သည်
များကိုလည်း ချစ်မိတ်ဆွေများ ခွင့် လွှတ်ပါစေကြောင်း ဆုတောင်းလျှက်ပါ....
ယခုရွှေပြည်ကြီးတွင် အထူးခေတ်စားလှသော မီဒီယာ၊ ဂျာနယ် အလုပ်များရရှိခဲ့ လျှင်ဖြင့် အင်
တာနက်ဘလော့ ဂ်ရွာကြီးနှင့် အဆက်မပြတ်နိုင်ဟုမျှော်လင့် ရသည်မို့ အကျွန်ုပ်၏ဘလော့ ဂ်
အားလာရောက်ဖတ်ရှုမိသည့် တိုက်ပိုင်၊တိုက်ထိုင်၊ ဂျာနယ်ဆရာသခင် မိတ်ဆွေများ ဆက်သွယ်
နိုင်ပါကြောင်း....



