Vietnamese police banned from wearing sunglasses and hiding behind trees

Monday, May 30, 2011

နေကာမျက်မှန်မတပ်ရ၊သစ်ပင်နောက်တွင်မပုန်းရတော့ သည့် ဗီယက်နမ်ရဲများ.. 


ဗီယက်နိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ( ပြည်ထဲရေးဝန်ကြီးဌာန ) မှ ရဲတပ်ဖွဲ့ ဝင်များအားအများပြည်သူ
များမြင်တွေ့ သိရှိနိုင်သည့် နေရာများတွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း နေကာမျက်မှန်တပ်ဆင်ထား
ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စာဖတ်ခြင်း၊ ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး ( ရှိုးထုတ်ခြင်း ) များမပြုလုပ်ရန်
တားမြစ်ပိတ်ပင်သည့် ညွှတ်ကြားချက် ထုတ်ပြန်ခဲ့ ပါတယ်...
အသစ်ထုတ်ပြန်လိုက်သည့် အမိန့် ညွှန်ကြားချက်အရ ဗီယက်နမ်ပြည်သူ့ ရဲများဟာ ကိုယ်အမူအရာ၊ နှုတ်အ
မူအရာ သင့် တင့် လျောက်ပတ်စွာရှိရမည်ဖြစ်ပြီး တာဝန်ချိန်တွင် တာဝန်ကျသည့် နေရာတွင်ရှိရမှာလည်း
ဖြစ်ပါတယ်...



မှတ်ထားနော်...အခုကစပြီး ဒါမျိုးတွေခွင့် မပြုတော့ဘူးတဲ့ ....
ဗီယက်နမ်မှာပြောပါတယ်...


ထိုညွှန်ကြားချက်အရ ရဲတပ်ဖွဲ့ ဝင်များဟာ ဖမ်းဆီးဒါဏ်ငွေရိုက်နိုင်ဖို့ သစ်ပင်များနောက်ကွယ်တွင် ပုန်း
အောင်းစောင့် ဆိုင်းနေတာမျိုးပြုလုပ်နိုင်မှာမဟုတ်ပါဘူး....
၎င်းတို့ ဟာတာဝန်ချိန်အတွင်းနှင့် ရဲတပ်ဖွဲ့ စခန်းအတွင်းအရက်သေစာသောက်စားခြင်းမှလည်းတားမြစ်
ထားခြင်းခံရသလို မည်သည့် အချိန်၊ မည်သည့် နေရာတွင်မဆို အရက်အလွန်အကျွံသောက်စားမူးယစ်ခြင်း
ကိုလည်း ခွင့် မပြုပါဘူးလို့ ဝန်ကြီးဌာနကဆိုပါတယ်...

ဒါ့ အပြင် လမ်းဘေးပလက်ဖောင်းပေါ်တွင်တည်ခင်းေ၇ာင်းချသည့် စားသောက်ဆိုင်များတွင်လည်း ၀ယ်ယူ
စားသောက်နိုင်ခွင့် မရှိပါဘူး...

ရွှေပြည်ကြီးမှာလည်း သစ်ပင်ကွယ်ပြီး အလစ်အငိုက်စောင့် ဖမ်းတတ်တဲ့ ယာဉ်ထိန်းရဲများရှိတာ အများပြည်
သူအသိပါပဲ...

လုပ်သင့် လုပ်ထိုက်တဲ့ စည်းကမ်း၊ တားမြစ်ချက်များပါပေပဲ...

The Vietnamese Ministry of Public Security have issued instructions banning police in the country from wearing black sunglasses, from smoking, from reading books and from putting their hands into pockets while on duty at public places.
Under the new order, officers from the People's Police of Vietnam must keep appropriate manners and be in the right position when on duty.
This means traffic police must not hide behind trees to ambush and issue fines.
They are also prohibited from drinking alcohol during their working time and at the police station, and are not allowed to be heavily drunk at any time or any place, the ministry said. They also cannot eat at restaurants that illegally encroach onto pavements.

Zimbabwean policeman held in jail for past three weeks for using Robert Mugabe’s personal toilet

Sunday, May 29, 2011

နေရာတကာဝင်မပါနဲ့ ....

The police officer was on duty at a trade fair in the city of Bulawayo earlier this month when he was caught using a loo reserved for President Robert Mugabe (pictured) 
အာဏာရှင်ကြီး ရောဘတ်မူဂါဘီ...

ဇင်ဘာဘွေနိုင်ငံ၊ ဘူလာဝါယိုမြို့ တွင်ယခုလအစောပိုင်း၌ပြုလုပ်ခဲ့ သည့် ၊ ကုန်စည်ပြပွဲမှ တာဝန်ကျရဲအရာ
ရှိတစ်ဦးဟာ နိုင်ငံတော်သမ္မတီး ရောဘတ်မူဂါဘီ အသုံးပြုဖို့ သီးသန့် သတ်မှတ်ထားသည့် အိမ်သာကိုမှ ( အန္တရယ်ကိုမလွယ်ထားနိုင်သဖြင့် )သွားရောက်အသုံးပြုခဲ့ မိသည့် အတွက် ဖမ်းဆီးခံရကာ ထောင်သွင်းအ
ကျဉ်းချထားခြင်းခံခဲ့ ရပါတယ်...
တာဝန်ကျရဲတပ်ကြပ် အလွိုက်စ်မာဘူနူ ဟာ အသက် ၈၇ နှစ်အရွယ်ရှိ အာဏာရှင်ကြီးရဲ့ ရွှေအိမ်သာကိုမှ
အသုံးပြုခဲ့ မိသဖြင့် လွန်ခဲ့ သည့် သုံးပါတ်လုံးလုံး ရဲစခန်းအချူပ်ထဲမှာ နေခဲ့ ရပါတယ်...

ဒေသဆိုင်ရာသတင်းများအရမှုခင်းရဲစုံထောက်ကြီးကို ဘူလာဝါယိုမြို့ ကကုန်စည်ပြပွဲမှာလွန်ခဲ့ သည့် မေလ 
၇ ရက်နေ့ က တာဝန်ချိန်တွင် ပျက်ကွက်ခဲ့ သည်ကိုတွေ့ ရှိခဲ့ ကြတာဖြစ်ပါတယ်...
အစောင့် ရဲတပ်သားများက မာဘူနူ ကိုတားဆီးဖို့ ကြိုးစားခဲ့ ကြပါသေးတယ်...သို့ သော်လည်း သူဟာ ထိုသူ
များကိုအတင်းအဓမ္မကျော်ဖြတ်ကာအိမ်သာထဲသို့ အလျင်အမြန်ဝင်ရောက်ပြီး တံခါးပိတ်ခဲ့ လိုက်တယ်လို့ 
ရဲတပ်ဖွဲ့ ၏တရားစွဲဆိုချက်တွင် ဖော်ပြထားပါတယ်...

သဘာဝရဲ့ စေ့ ဆော်မှုအရ မတားဆီးနိုင်သည့် ကိစ္စကိုဖြေရှင်းပြီးနောက် ရဲတပ်ကြပ်ကြီး မာဘူနူ ဟာ၎င်းရဲ့ 
တာဝန်များကိုဆက်လက်ထမ်းဆောင်ခဲ့ ပါတယ်...
သို့ သော်လည်း ရေအိမ်တော်အစောင့် များက ထိုအဖြစ်အပျက်ကို ရဲထောက်လှမ်းရေးများထံသတင်းပို့ ခဲ့ 
လို့ သူ့ ကိုနောက်တစ်နေ့ မှာ ဖမ်းဆီးခဲ့ ကြတာဖြစ်ပါတယ်...
ထိုစဉ်ကတည်းကစပြီး မာဘူနူတစ်ယောက် ရဲအချူပ်ခန်းမှာနေခဲ့ ရတာဖြစ်ပြီး ရဲတပ်ဖွဲ့ ဆိုင်ရာစည်းကမ်း
ဖောက်ဖျက်မှုအတွက် ကြားနာစစ်ဆေးမှုအတွက်ယနေ့ လာရောက်အစစ်ခံရမှာဖြစ်ပါတယ်...
ထိုကိစ္စနှင့် ပါတ်သက်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ မန်လင်ကိုစီမိုယို က ဌာနတွင်းဆိုင်ရာ ကိစ္စရပ်တစ်
ခုဖြစ်တယ်လို့ ပြောဆိုကာ သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ ပါတယ်...
အာဏာရှင်ရောဘတ်မူဂါဘီ ဟာဇင်ဘာဘွေနိုင်ငံကို ၁၉၈၀ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရအောင်
ကြိုးပမ်းရာတွင် ပါဝင်ဆောင်ရွက်ခဲ့ ပြီးကတည်းက အုပ်ချူပ်ခဲ့ တာဖြစ်ပါတယ်...

သူ့ ရဲ့ ဆိုးဝါးရက်စက်သည့် အုပ်ချူပ်မှုအောက်တွင် လျှို့ ဝှက်စုံထောက်အဖွဲ့ နှင့် ရဲတပ်ဖွဲ့ တို့ ဟာ နိုင်ငံရေး
အရ စိုးရိမ်ဖွယ်ရှိသူ့ များကို မတရားခြိမ်းခြောက်၊ နှိပ်စက်၊ အနှောင့် အယှက်ပေးခဲ့ ကြပါတယ်...
ယခုအခါ အိုမင်းချိနဲ့ နေပြီဖြစ်သည့် အာဏာရှင်ကြီးဟာ ၎င်း၏အာဏာသက် ၃၁ နှစ်အတွင်း နိုင်ငံကို ဆိုဗီ
ယက်နိုင်ငံပုံစံမျိုး သူရဲကောင်း၊ ကယ်တင်ရှင်ပုံစံမျိုးသဏ္ဍန်ဖန်တီးကာ တစ်နိုင်ငံလုံးကို အကြောက်တရား
ဖြစ်ထွန်းစေခဲ့ ပါတယ်...

အသက် ၈၇ နှစ်ရှိ အာဏာရှင်ကြီးကို လျှို့ ဝှက်ရဲထောက်လှမ်းရေးများနှင့် ကိုယ်ရံတော်တပ်ဖွဲ့ ကြီးက ၎င်း
သွားလေရာ လိုက်ပါကာ အထူးကာကွယ်စောင့် ရှောက်ပေးနေသည်ဟု လေ့ လာသူများက ဆိုပါတယ်...
၎င်း၏ယာဉ်တန်းနှင့် မတော်တစ်ဆကြုံကြိုက်မိသည့် ကားသမားများဟာလည်း ကိုယ်ထိလက်ရောက်ကျူး
လွန်နှိပ်စက်ခြင်းများခံရပြီး ဥပဒေအရ တိုင်တန်းအရေးယူခွင့် လည်းမရရှိခဲ့ ကြပါဘူး...
ယခုကဲ့ သို့ အိမ်သာအသုံးပြုမှုအတွက်ကြောင့် အဖမ်းခံရခြင်းအပေါ် လူ့ အခွင့် အရေးဆိုင်ရာ ရှေ့ နေ ဘီးထ
ရစ်မတက်တွာ ကတော့ ရဲတပ်ကြပ်ကြီးမာဘူနူကို မည်သည့် စည်းကမ်းချိုးဖောက်မှုဖြင့် တရားစွဲဆိုမှာဖြစ်
သလဲဆိုတာမေးခွန်းထုတ်လိုက်ပါတယ်...
" သမ္မတကြီးရဲ့ အိမ်သာဆိုတာကိုအတိအကျပြဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်ရှိရပါ့ မယ်...ဒါပေမယ့် အ
ခုဟာက အများပြည်သူသုံးအိမ်သာဖြစ်နေပါတယ်...
သူတို့ ( သက်ဆိုင်ရာတာဝန်ရှိသူတွေ ) ဟာအစိုးရပြန်တမ်းမှာကို ဒီကိစ္စကိုကွဲကွဲပြားပြားကြေငြာချက်ထုတ်
ပြန်ထားရမှာဖြစ်ပါတယ်... သူတို့ အဲဒီလိုမလုပ်ထားတာကတော့ သေချာပါတယ်ဆိုတာ ကျွန်မအလောင်း
အစားတောင်လုပ်ရဲပါတယ်..." လို့ ရှေ့ နေအမျိုးသမီးကဆိုခဲ့ ပါတယ်...

The police officer was on duty at a trade fair in the city of Bulawayo earlier this month when he was caught using a loo reserved for President Robert Mugabe has been arrested and held in jail .
Sergeant Alois Mabhunu has spent the past three weeks in police custody after he used the 87-year-old despot's loo.
According to local reports, the murder squad detective was caught short while on duty at a trade fair in the city of Bulawayo on May 7.
He rushed to the first toilet he could find, which had been reserved for use by the President Mugabe during his visit to the show.
Police guards tried to block Mabhunu's access, but he fought his way through and locked himself in, the police charge sheet reportedly claims.
Having relieved himself, Sergeant Mabhunu then resumed his duties. But the toilet guards reported the incident to the secret police and he was arrested the next day.
Mabhunu has been held in a police detention barracks ever since. He was due to appear before a police disciplinary hearing today.
Police spokesperson Mandlenkosi Moyo refused comment, saying it was an 'internal matter'.
Robert Mugabe has ruled Zimbabwe ever since he helped it win independence from Britain in 1980.
Under his despotic regime, the police and security services have harassed anyone thought to pose a political threat.

During his 31 years in power, the now frail former military leader has developed a fearsome, Soviet-style cult of personality.
Observers say the 87-year-old autocrat is fiercely protected by large squadrons of secret police and soldiers wherever he goes. 
Motorists who accidentally get in the way of Mugabe's motorcade are routinely assaulted and have no recourse to the law.

Commenting on the toilet arrest, human rights lawyer Beatrice Mtetwa questioned what offence Sergeant Mabhunu was being charged with.
'There has to be a law saying the toilet is the president's, but this was a public one', she said.
'They will have had to issue a proclamation in the government gazette specifying it. I bet they didn't do that.'

Saddest Picture of the Century


 ရာစုနှစ်ရဲ့ ကြေကွဲဖွယ်အကောင်းဆုံးဓါတ်ပုံ...

ပူလစ်ဇာဆုရ ဆူဒန်နိုင်ငံတွင်ရိုက်ကူးခဲ့ သည့် ဓါတ်ပုံ....
Pulitzer Prize winning photograph in Sudan by Kevin Carter.


 
အဆိုပါဓါတ်ပုံကိုရိုက်ကူးခဲ့ သူ ကီဗင်ကာတာ...

ဒီဓါတ်ပုံကတော့ တကယ့် ကိုကြေကွဝမ်းနည်းစရာကောင်းလှပါတယ်...
ထိုကလေးသူငယ်ကို မကယ်တင်ပဲ ထိုဓါတ်ပုံရိုက်ကူးပြီး ချက်ချင်းထွက်ခွာသွားခဲ့ သူ ဓါတ်ပုံဆရာအပါအ၀င်
မည်သူမျှ ထိုကလေးငယ်ရဲ့ နောက်ဆက်တွဲကံကြမ္မာ မည်သို့ ဆက်ဖြစ်ခဲ့ သည်ကိုမသိရှိခဲ့ ကြရပါဘူး...

၁၉၉၃ ခုနှစ်၊ မတ်လ တွင် ကီဗင်ကာတာတစ်ယောက် ဆူဒန်နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်ခဲ့ ပြီးယခုဓါတ်ပုံ
ကိုရိုက်ယူခဲ့ တာဖြစ်ပါတယ်...
ထိုဓါတ်ပုံဟာသူ့ ကို နာမည်ကျော်ပူလစ်ဇာဆုကိုဆွတ်ခူးရယူနိုင်ခဲ့ သလိုသူ့ ရဲ့ သေမင်းကိုပါယူဆောင်လာ
ခဲ့ ပါတယ်...
ဓါတ်ပုံထဲမှာ အစားအစာငတ်မွတ်ခေါင်းပါးမှုဒါဏ်ကြောင့် အဟာရဓါတ်ပြတ်ကာသေလုမြောပါးဖြစ်နေသည့် 
ကလေးငယ် (မိန်းကလေး)တစ်ယောက်ဒုက္ခသည်ခိုလှုံရေး (ကယ်ဆယ်ရေးစခန်း) သို့ ရောက်အောင် အား
တင်းပြီး သွားနေခိုက် မောပန်းနွမ်းနယ်လွန်းလို့ ခေတ္တနားနေစဉ် လင်းတတစ်ကောင်က ထိုကလေးငယ်လေး
သေမည့် အချိန်ကို အနီးအနားတွင်စောင့် ဆိုင်းနေတာဖြစ်ပါတယ်...
ထိုထိတ်လန့် ဖွယ်ရာ ဓါတ်ပုံကြောင့် ပဲ အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တာရအတွင်းတစ်စိတ်တစ်ပိုင်း ပါ
ဝင်တည်ရှိနေသည့် ဆူဒန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ( အငတ်ဘေး ) အခြေအနေအမှန်ကို တစ်
ကမ္ဘာလုံးက လူတွေသတိပြုမိသွားခဲ့ ကြရပါတယ်...
ဓါတ်ပုံဆရာ ကီဗင်လည်း ကလေးငယ်ကို ကူညီကယ်တင်မည့် အစား မိနစ် ၂၀ လုံးလုံးအဆိုပါဓါတ်ပုံရိုက်
ကူးနိုင်ဖို့ ပြင်ဆင်စောင့် ဆိုင်းနေခဲ့ သည့် အပေါ် အသေအချာစစ်ဆေးမေးမြန်းခံခဲ့ ရပါတယ်...
ထိုဓါတ်ပုံရိုက်ကူးခဲ့ ပြီး ၃ လအကြာမှာတော့ သူဟာ ကိုယ့် ကိုယ်ကိုသေကြောင်းကြံကာ သေဆုံးသွားခဲ့ ရ
ပါတော့ တယ်....
( သိပ်ပြီးတော့ လည်းမဝေးလှတော့တဲ့ ကုလသမဂ္ဂကယ်ဆယ်ရေးစခန်းကို ထိုကလေးငယ်အား ကယ်ဆယ်
သယ်ယူပို့ ဆောင်မပေးခဲ့ သည့် ထိုဓါတ်ပုံဆရာ နောင်တအကြီးအကျယ်ရသွားမှာ အသေအချာပါပဲ....)
မစာမနာပြောရယင်တော့ သေသင့် ပါတယ်လို့ တောင်ဆိုရမလားပဲ...

ဘ၀မှာ ကိုယ်မျှော်မှန်းသလိုဖြစ်မလာသူများ၊ မျှော်လင့် မထားသည့် အခက်အခဲ၊ ကံမကောင်းအကြောင်းမ
လှမှုများဖြစ်ခဲ့ ရသများ၊ မိမိအလိုရှိသည့် အကြောင်းအရာ၊ ရုပ်ဝတ္တုပစ္စည်း၊ အခြေအနေ စသည် (တစ်ကယ်
တော့ လည်းထိုအရာများမရခဲ့ ၊ မဖြစ်ခဲ့ လို့ လည်း မိမိဘ၀ ပျက်မသွား၊ အသက်သေမသွားလောက်ပါ...)
များ မရရှိခဲ့ သူများ သတိပြု၊ ဆင်ခြင်ဖွယ်ရာပါပဲ...
တစ်ခါတစ်လေတော့ ကိုယ့်ဘ၀နဲ့ ကိုယ်၊ ကိုယ့် အတွေးနဲ့ ကိုယ်တော့ အေ၇းတစ်ကြီး၊ ဘ၀ပျက်မတတ်ခံစား
ထင်မှတ်ရပေမယ့် အခုလိုအခြေအနေဆိုးတွေနဲ့ နှိုင်းယှဉ်လိုက်ယင် ကိုယ်ကြုံတွေ့ နေရတာတွေ၊ ခံစားနေရ
တာတွေဟာ ထင်သလောက်အခြေအနေမဆိုးဘူးဆိုတာ တွေ့ လာရပါလိမ့် မယ်...

In March 1993 Kevin Carter made a trip to southern Sudan and took this photograph. The picture would later bring him the Pulitzer prize, but also death. The girl had stopped to rest while struggling to reach the refugee camp, nearby a vulture is waiting her to die. It is a horrific picture that gave people a true look at the dire condition in Sub-Saharan Africa.

Kevin then came under a lot of scrutiny for spending over 20 minutes setting up the photo instead of helping the child. Three months after taking the photo, he committed suicide.

 

School in ban on hugging

Saturday, May 28, 2011

သတိ !!! လက်ဆွဲမနှုတ်ဆက်ရ၊ လက်ဝါးမရိုက်ရ၊ ဖက်ပြီးမနှုတ်ဆက်ရ...

သြော်...အတန်းဖော်သူငယ်ချင်း အချင်းချင်းတောင်ဒီလိုနှစ်သိမ့် မှုပေးလို့ မရပါလား.....

လန်ဒန်မြို့ မှကျောင်းတစ်ကျောင်းသည် တက်ေ၇ာက်သင်ကြားနေသည့် ကျောင်းသူ၊ကျောင်းသားအချင်းချင်း
တစ်ဦးနှင့် တစ်ဦး လက်ဝါးချင်းရိုက်ကာ အထိမ်းအမှတ်ပြုခြင်း၊ လက်ချင်းဆွဲကာနှုတ်ဆက်ခြင်းများအပြင်ရင်
ခွင်ချင်းအပ်ပြီး ဖက်ကာနှုတ်ဆက်ခြင်း ( မိန်းကလေးများအချင်းချင်း ) ကိုပင် ခွင့် မပြုပဲ တားမြစ်ခဲ့ ပါတယ်..
ယခုကဲ့သို့ ကျောင်းသား၊ကျောင်းသူများ တစ်ယောက်နှင့် တစ်ယောက် မထိရဟူသည့် စည်းကမ်းထုတ်ပြန်
တားမြစ်ရခြင်းမှာ အချင်းချင်း ရန်ဖြစ်ကြခြင်း၊ အနိုင်ကျင့် ကြခြင်းများမှတားဆီးကာကွယ်နိုင်ရန်အတွက် အုပ်
ချူပ်ရေးမှူးကစီမံခဲ့ ခြင်းဖြစ်ပါတယ်...

အသက် ၁၅ နှစ်ရှိ ဒေနာချူန်း အမည်ရှိကျောင်းသူဟာ သူငယ်ချင်းမိန်းကလေးဖြစ်သူတစ်ဦးကို ပွေ့ ဖက်
နှုတ်ဆက်ခဲ့ လို့ လန်ဒန်မြို့ တောင်ပိုင်း၊ ခရွိုင်ဒွန်အရပ်ရှိ The Quest ကျောင်းမှ ထိန်းသိမ်းခံခဲ့ ရပါတယ်...
အဒင်တန်ကွက်သစ်အနီးအနားမှာနေထိုင်သည့် အသက် ၃၃ နှစ်ရှိ မိခင်ဖြစ်သူ အနီတာကတော့ အဆိုပါ
စည်းကမ်းဟာ အစွန်းရောက်လွန်းပြီး သဘာဝလည်းမကျ၊ ရယ်စရာကောင်းနေကြောင်းဖြင့် ဆိုပါတယ်...
" အကယ်၍ ကလေးတွေဟာတစ်ဦးနဲ့ တစ်ဦး ပွေ့ ဖက်နှုတ်ဆက်ခြင်းမပြုနိုင်ကြရအောင်တားဆီးထားခံရ
မယ်ဆိုယင် သူတို့ တစ်တွေဟာ လူ့ ပါတ်ဝန်းကျင်၊ လူ့ အသိုင်းအ၀န်းမှာ ပြောဆိုနေထိုင်ဆက်ဆံတတ်ကြ
တော့ မှာမဟုတ်ပါဘူး...

နွေးထွေးတဲ့ ဆက်ဆံရေးဆိုတာငယ်ကတည်းကဒီလို ချစ်ချစ်ခင်ခင်နေမှ ဖြစ်လာရတာ...

ကျောင်းဆိုတာက ကလေးတွေကို လူမှုေ၇းဆက်ဆံတတ်အောင်၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ ဖက်နှုတ်
ဆက်ခြင်း စသည်ဖြင့် စတင်သင်ကြားပေးရမယ့် နေရာဖြစ်ရမှာပါ....တစ်စုံတစ်ခုမှားယွင်းလုပ်ဆောင်မိယင်၊
ထင်သလိုဖြစ်မလာခဲ့ ယင် ပွေ့ ဖက်ကာနှစ်သိမ့် မှုခံရမှ စိတ်သက်သာရာရတတ်ကြတာပါ....
ကျွန်မဖြင့် တစ်သက်လုံးအခုလို ရူးကြောင်ကြောင်နိုင်တဲ့ စည်းကမ်းမျိုးတစ်ခါမှမကြားဖူးပါဘူး..." လို့ ပြော
ကြားခဲ့ ပါတယ်...
ဆယ်တန်းကျောင်းသူ ဒေနာ ကလည်း " မနက်က သမီးရဲ့ သူငယ်ချင်းကို ဖက်ပြီးနှုတ်ဆက်မိတာနဲ့ သမီး
တစ်ယောက်ထဲခွဲထိုင်နေခဲ့ ရပြီး အနားပေးချိန်လည်းမသိလိုက်ရပါဘူး...သူတို့ ကသမီးတို့ ကိုစက်ရုပ်တွေလို
ဖြစ်အောင်လုပ်နေကြတာပါ..." လို့ ဆိုခဲ့ ပါတယ်...
ဆာရာဟုပ်ရဲ့ သမီး အသက် ၁၅ နှစ်အရွယ်ရှိကျောင်းသူလေးလည်း သူမရဲ့ သူငယ်ချင်းနှင့် လက်ဝါးချင်းရိုက်
ပြီး နှုတ်ဆက်မိလို့ ဒုက္ခရောက်ခဲ့ ရပါသေးတယ်...

" ဒါဟာတစ်ကယ့် ကိုအေးစက်စက်နိုင်လှတဲ့ စည်းကမ်းပါ...ကလေးတွေဟာ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ခင်
မှုတွေပျောက်ဆုံးကြမှာကတော့ ဝမ်းနည်းစရပါပဲ..." လို့ လည်းသူမကဆိုပါတယ်...
အဆိုပါကျောင်းတွင် အသက် ၁၁ နှစ်မှ ၁၈ နှစ်အတွင်းကျောင်းသား၊ကျောင်းသူ ၈၀၀ ရှိပါတယ်...

ကျောင်းသား၊ကျောင်းသူအချင်းချင်းတစ်ဦးနှင့် တစ်ဦးမသင့် မမြတ်ဖြစ်ရာကနေ အနိုင်ကျင့် မှုတွေ၊ ရန်ဖြစ်
မှုတွေအထိဖြစ်လာနိုင်တာမို့ တစ်ဦးနှင့် တစ်ဦး ထိတွေ့ ဆက်ဆံမှုမပြုလုပ်ရအောင်တားမြစ်ထားတာဖြစ်ပါ
တယ်လို့ ပြောရေးဆိုခွင့် ရှိသူကဆိုပါတယ်...
ကျောင်းအုပ် အန်ဒီခရော့ ဖ်ကလည်း ပညာသင်ကြားရေးနှင့် တစ်ဦးကိုတစ်ဦးလေးစားမှုမှာ မရှိမဖြစ်အရေး
ပါတဲ့ စည်းကမ်းသေ၀ပ်တဲ့ ပါတ်ဝန်းကျင်အခြေအနေဖြစ်ဖို့ ယခုလို စည်းကမ်းထိန်းချူပ်ခြင်းကအထောက်အ
ကူဖြစ်စေပါတယ်လို့ ထပ်လောင်းပြောကြားခဲ့ ပါတယ်....

A London school has banned pupils from giving each other high-fives, handshakes - or even HUGS.
Governors imposed the "no contact" rule as they say it prevents fighting or bullying.
Dayna Chong, 15, was thrown into detention for cuddling a female pal at The Quest Academy, in Croydon, South London.

Mum Anita, 33, from nearby New Addington, said the policy was "extreme" and "ludicrous".
She said: "If the kids can't even hug each other at school some of them will never learn how to be socially interactive.
"School is supposed to be where we start teaching our children how to be social - shaking hands, hugging, opening up. You need an embrace to comfort you when things go wrong. I've never heard of anything so crazy in my life."

Year Ten pupil Dayna said: "I was just hugging my friend in the morning to say hello and I had to sit on my own and miss out on break because of it.
"They're trying to turn us into robots."
Fellow mum Sarah Hope's 15-year-old daughter got into trouble for giving a friend a high-five.
She said: "It's a very, very cold policy. I think it's sad that the children are missing out on this sort of closeness."
The Quest Academy has 800 pupils aged from 11 to 18.
A spokesman said: "Physical contact between students is not allowed because it is often associated with poor behaviour or bullying and can lead to fighting."
Principal Andy Crofts added: "It creates a disciplined environment which is essential for learning and respect." -

www.thesun.co.uk
Friday, May 27, 2011


သင်ယူရအခက်ဆုံးနှင့် အလွယ်ဆုံးဘာသာစကားများ...





Most Crazy Shoes Ever

Thursday, May 26, 2011
ပုံစံအဆန်းဆုံးရှူးဖိနပ်များ...


ကြံကြံဖန်ဖန်...အသည်းယားအောင်သိပ်လုပ်တယ်...

လူ့ ခြေထောက်အစစ်နဲ့ တစ်ထေရာထဲပဲ...

ထူပါပေ့ ဆန်းပါပေ့ လို့ တောင်ဆိုနိုင်ပါတယ်...

ဟိုတုံးကတော့ ဆင်ကြယ်ဆိုပြီး ခေတ်စားခဲ့ တယ်...အခုတော့ လေဒီကြယ်ပေါ့ ...
ဟင်းချက်စရာမရှိယင်စွပ်ပြုတ်လုပ်သောက်လို့ ရမယ်...

သဘာဝအလှအပကိုမြတ်နိုးသူအတွက်...

ဂီတသံစဉ်တေးတွေကို စီဒီ၊ အမ်ပီသရီးနဲ့ လမ်းလျှောက်ယင်း၊ပြေးယင်းနားထောင်မယ်ပေါ့ ...

သူ့ ဒီဇိုင်းကလည်း ခပ်ဆန်းဆန်းပါပဲ....

ဆပ်ကပ်သမား၊ မျက်လှည့် ဆရာရဲ့ ဖိနပ်လေလား....

ခြေထောက်ကလေးကို မုန့် ဖက်ထုပ်လိုထပ်ထားမယ်....

ဒီဖိနပ်ပိုင်ရှင်ကတော့ 

မျက်လှည်ဆပ်ကပ်လူပျက်ကလောင်း ဖိနပ်ပေါ့ ...

How to make paper planes ?

Wednesday, May 25, 2011


ငယ်စဉ်ကတော့ လေယာဉ်ပျံတွေကျောင်းသုံးဗလာစာအုပ်ထဲကစာရွက်တွေဆုတ်ဖြဲပြီးပြုလုပ်ဆော့ ကစား
ခဲ့ ဖူးပေမယ့် အခုလောက်တော့ အမျိုးစုံမလုပ်တတ်ခဲ့ ပါဘူး...
သားငယ်၊သမီးငယ်များ၊ တူ၊တူမများ၊ ကလေးငယ်များကိုပြုလုပ်ပေးချင်သူများအတွက် ဗဟုသုတရစေဖို့ 
ရည်ရွယ်ပါတယ်...









































Indian Sadhu Has Kept His Right Hand Up for the Last 38 Years

Tuesday, May 24, 2011


၃၈ နှစ်ကြာ လက်မြှောက်ထားခဲ့ သည့် ဆာဒူး ...

 ကမ္ဘာမြေ...ငြိမ်းချမ်းပါစေ...

အိန္ဒိယနိုင်ငံမှ ဆာဒူးတွေဟာ ဘာသာရေးဆိုင်ရာကျင့် ကြံမှုအနေဖြင့် ခက်ခဲပင်ပန်းဆင်းရဲ၊ပြင်းထန်သည့် 
ကျင့် စဉ်မျိုးစုံကိုလုပ်ဆောင်ကြပါတယ်...
မတ်တပ်ရပ်အိပ်ခြင်း၊ တစ်သက်လုံးရေတစ်ခါမှမချိုးခြင်း၊ အချိန်ကာလအလွန်ကြာမြင့် စွာအစာမစားပဲဥပုတ်
စောင့် ခြင်း စည့် ဖြင့် အမျိုးစုံကျင့် ကြပါတယ်...
သို့ သော် အမ်မာဘာရတီအမည်ရှိ ဆာဒူကြီးရဲ့ ကျင့် စဉ်ကတော့ အထူးဆန်းဆုံးလို့ ဆိုနိုင်ပါတယ်...

အိန္ဒိယနိုင်ငံမှ ဆာဒူး အမ်မာဘာရတီ ဟာသူတော်စင်တစ်ပါးဖြစ်ပြီး သူရဲ့ ညာဖက်လက်ကို ၁၉၇၃ ခုနှစ်က
တည်းကမြှောက်ထားခဲ့ တာ ( အခုထက်ထိ ပြန်မချသေးဘူး.) လို့ သူကအခိုင်အမာပြောဆိုခဲ့ ပါတယ်...
ယခု နှစ်ပေါင်း ၃၈ နှစ်အကြာမှာတော့ သူ့ ရဲ့ လက်ဟာ ဘယ်လိုမှအသုံးပြုလို့ မရတဲ့ အရိုးနဲ့ အရေပြားသာ
လျှင်ဖြစ်နေခဲ့ ပေမယ့် သူကတော့ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှ သျှီဝ နတ်ဘုရားကို ကိုးကွယ်ယုံကြည်သူတွေအ
တွက် ပူဇော်ပသရာအထိမ်းအမှတ်တစ်ခုဖြစ်နေခဲ့ ပါပြီ...
၁၉၇၀ ခုနှစ်အထိ အမ်မာဘာရတီဟာ သာမန်လူလတ်တန်းစားတစ်ယောက်အဖြစ်ဘ၀ကို ရိုးရိုးအေးအေး
နေထိုင်ခဲ့ သူဖြစ်ပါတယ်...သူ့ မှာအလုပ်ရှိတယ်၊ အိမ်ရှိတယ်၊ ဇနီးမယားတစ်ယောက်နဲ့ ကလေးသုံးဦးရှိပါ
တယ်...
သို့ သော် တစ်နေ့ နံနက်ပိုင်းမှာသူအိပ်ယကနိုးလာခဲ့ ပြီးအရာရာအားလုံးကိုစွန့် လွှတ်ကာ ဟိန္ဒူသျှီဝ နတ်
ဘုရားကိုသာ အလုပ်အကျွေးပြုတော့ မယ်လို့ ဆုံးဖြတ်ခဲ့ ပြီးနောက်မှာတော့ ထိုမိသားစု၊ အလုပ်အကိုင်၊ အိမ်
စတာတွေဟာ သူ့ အတွက်ဘာမှအရေးမပါတော့ ပါဘူး...
သူဟာ ဆာဒူတွေဝတ်ဆင်လေ့ ရှိကြတဲ့ နံငယ်ပိုင်းလေးသာဝတ်ပြီး သုံးချောင်းထောက်ခရင်းခွတစ်ခုကိုကိုင်
ကာ အရပ်တစ်ကာလှည့် လည်သွားလာနေပါတော့တယ်....

သုံးနှစ်ကြာပြီးနောက် ၁၉၇၃ ခုနှစ်မှာတော့ အမ်မာဟာ သူ့ ကိုယ်သူလောကီအာရုံတွေခံစားနေဆဲပဲလို့ သိ
မြင်သဘောပေါက်လာခဲ့ လို့ ထိုအာရုံတွေမှကင်းဆိတ်စေရန် သူ့ ရဲ့ ညာဘက်လက်ကို တစ်ချိန်လုံးမြှောက်
ထားခဲ့ ဖို့ ဆုံးဖြတ်ခဲ့ လိုက်ပါတော့ တယ်....
ယခုနှစ်ပေါင်း ၃၈ နှစ်ကျော်ကြာခဲ့ ပြီးတာတောင် သူ့ လက်ကတော့ မြှောက်လျှက်ပဲရှိနေပြီး (အကြောတွေ
ဆိုင်းကုန်လို့ ) သူ့ အနေနဲ့ ထိုလက်ကိုလှုပ်ရှားအသုံးပြုချင်တယ်ဆိုယင်တောင် အသုံးပြုလို့ မရတော့ ပါဘူး။
တစ်ချို့ ကတော့အမ်မာဘာရတီဟာ ကမ္ဘာအနှံ့ အပြားဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် စိတ်မချမ်းမြေ့ ဖြစ်
ရလို့ ငြိမ်းချမ်းရေးအတွက် ရည်စူးပြီးသူ့ ရဲ့ ညာဖက်လက်ကိုမြှောက်ထားခဲ့ တာဖြစ်တယ်လို့ ဆိုကြပြန်ပါသေး
တယ်...

 
အတ္တကိလ မထာနုယောဂ လို့ ခေါ်တဲ့ ကိုယ့် ကိုယ်ကိုညှင်းပန်းနှိပ်စက်တဲ့ အကျင့် ပါပဲ...
စေတနာမှန်ပေမယ့်လုပ်ရပ်မမှန်တာကြောင့် လိုရာခရီးပန်းတိုင်မရောက်ပါဘူး...
 Photo via Rediff

ဟာရစ်ဒွါနယ်၊ ကမ်ဘ်မယ်လာဒေသမှ လူအများကြည်ညိုကြသည့် ဆာဒူးတစ်ပါးဖစ်သည့် အမ်မာ ကတော့ 
၎င်း၏လုပ်ရပ်ကြောင့် တစ်ခြားသောဆာဒူးများလည်း ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်စွာနေထိုင်နိုင်
ရေးအတွက် ၎င်းတို့ ရဲ့ လက်များကိုမြောက်စေဖို့ အားကျစေခဲ့ တာမို့ တစ်ချို့ သောဆာဒူးများက ၇ နှစ်၊ တစ်
ချို့ ၁၃ နှစ်၊ တစ်ချို့ ၂၅ နှစ်အထိတိုင်အောင် လက်များကိုမြှောက်ထားခဲ့ ကြပါတယ်...
သို့ သော်ဤကဲ့ သို့ ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အဓိကအရေးပါသည့် အစိတ်အပိုင်းတစ်ခု လုပ်ငန်းဆောင်
တာများမဆောင်ရွက်နိုင်ရုံသက်သက်မျှမဟုတ်ပဲ နာကျင်ကိုက်ခဲမှုဝေဒနာလည်း တော်တော်ခံစားကြရတာ
ဖြစ်ပါတယ်...

ဘာရတီကိုယ်တိုင်က အလွန်ပြင်းထန်သည့် နာကျင်ကိုက်ခဲမှုကိုအချိန်ကာလကြာမြင့် စွာခံစားခဲ့ ရပြီး ယခု
နောက်ပိုင်းတော့ ဆက်လက်မခံစားရတော့ပါဘူးလို့ ဆိုခဲ့ ပါတယ်....
ဒါဟာဘာကြောင့် လဲဆိုတော့ သူ့ ရဲ့ လက်ဟာ အထက်မရောက်အောက်မရောက်ပုံစံဖြင့်  ချည့် နဲ့ ပြီးသိမ်
သွားခဲ့ ကာ မည်သည့် အခါမျှ ညှပ်ခဲ့ ခြင်းမရှိတော့ သည့် လက်သည်းများဖြင့် အဆုံးသတ်နေသည့် ဆက်
လက်အသုံးပြုလို့ မရတော့ သည့် အရိုးစုတစ်ခုလိုဖြစ်နေခဲ့ တာဖြစ်ပါတယ်...

မြတ်ဗုဒ္ဓရဲ့ တ၇ားဦးဓမ္မစင်္ကြာမှာတော့ ထိုအကျင့် မျိုးကို အတ္တကိလမထာနုယောဂေါ ( မိမိကိုယ်ကိုပင်ပန်း
ဆင်းရဲစေသော၊ မိမိကိုယ်ကိုနှိပ်စက်သောအကျင့် ၊ အရိယာတို့ ရဲ့ အကျင့် မဟုတ်၊ အကျိုးစီးပွားနှင့်မဆက်
စပ်သည့် အကျင့် ၊ အကျိုးမရှိသည့် အကျင့်  လို့ ဟောကြားပါရှိပါတယ်...
ဒါပေမယ့် သတိပြုဖို့ ကတော့ထိုကဲ့သို့ ကျင့် ကြံခြင်းကို ကာမသုခလိကာနုယောဂေါ လို့ ခေါ်တဲ့ ကာမဂုံတ
ရားတို့ ၌မွေ့ လျော်ပျော်ပိုက်သောအကျင့် ( သောက်သောက်စားစားလူ့ မင်းသား၊ အပျော်မျိုးစုံခံစားသူတို့ 
ရဲ့ အကျင့် တရား ) ကဲ့ သို့ ယုတ်ညံ့ တယ်လို့ မဟောခဲ့ ပါဘူး...
ဘာဖြစ်လို့ လည်းဆိုတော့ သာမာန်သူတွေ၊ ဇွဲမရှိသူတွေမလုပ်နိုင်လို့ ပါပဲ...



Indian Sadhus perform all kinds of unusual tasks in the name of religion, like sleeping in an up-right position, never taking baths, fasting for long periods of time, but Amar Bharati’s choice is truly one of the most bizarre I’ve ever seen.
Sadhu Amar Bharati is an Indian holy man who claims he has kept his right hand raised in the air since 1973. Now, 38 years later, his hand is just a useless piece of skin and bone, but has become a symbol for Shiva worshipers around India.
Until 1970, Amar Bharati was an average middle-class man who lived a normal life. He had a job, a home, a wife and three children, but none of that mattered when he woke up one morning and decided to leave everything behind and dedicate his life to serving the Hindu god Shiva. He began wandering the roads of India dressed in his simple Sadhu clothes and carrying only his trusty Trishula (a metal trident). After three years, in 1973, Amar realized he was still too connected to the fading luxury and pleasures of mortal life, and decided to separate himself from them by raising his right arm and keeping it raised. 38 years later, his arm is still up and he couldn’t use it, even if he wanted to.
Other sources claim Amar Bharati felt disillusioned by all the fighting going on in the world, and decided to raise his right arm for peace. A respected Sadhu at the Kumbh Mela, in Haridwar, Amar has inspired other Sadhus to raise their arms for peace and harmony, and some of them have kept them raised for the last seven, thirteen, even 25 years. But doing something like this doesn’t just mean giving up the functionality of an important body part, it also implies dealing with a lot of pain. Bharati himself says he went through excruciating pain for a long time, but not anymore. That’s because his arm is completely atrophied and stuck in a bizarre, semi-vertical position, a useless bony structure ending in thick, twisted nails that he never clips.