Saddest Picture of the Century

Sunday, May 29, 2011

 ရာစုနှစ်ရဲ့ ကြေကွဲဖွယ်အကောင်းဆုံးဓါတ်ပုံ...

ပူလစ်ဇာဆုရ ဆူဒန်နိုင်ငံတွင်ရိုက်ကူးခဲ့ သည့် ဓါတ်ပုံ....
Pulitzer Prize winning photograph in Sudan by Kevin Carter.


 
အဆိုပါဓါတ်ပုံကိုရိုက်ကူးခဲ့ သူ ကီဗင်ကာတာ...

ဒီဓါတ်ပုံကတော့ တကယ့် ကိုကြေကွဝမ်းနည်းစရာကောင်းလှပါတယ်...
ထိုကလေးသူငယ်ကို မကယ်တင်ပဲ ထိုဓါတ်ပုံရိုက်ကူးပြီး ချက်ချင်းထွက်ခွာသွားခဲ့ သူ ဓါတ်ပုံဆရာအပါအ၀င်
မည်သူမျှ ထိုကလေးငယ်ရဲ့ နောက်ဆက်တွဲကံကြမ္မာ မည်သို့ ဆက်ဖြစ်ခဲ့ သည်ကိုမသိရှိခဲ့ ကြရပါဘူး...

၁၉၉၃ ခုနှစ်၊ မတ်လ တွင် ကီဗင်ကာတာတစ်ယောက် ဆူဒန်နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်ခဲ့ ပြီးယခုဓါတ်ပုံ
ကိုရိုက်ယူခဲ့ တာဖြစ်ပါတယ်...
ထိုဓါတ်ပုံဟာသူ့ ကို နာမည်ကျော်ပူလစ်ဇာဆုကိုဆွတ်ခူးရယူနိုင်ခဲ့ သလိုသူ့ ရဲ့ သေမင်းကိုပါယူဆောင်လာ
ခဲ့ ပါတယ်...
ဓါတ်ပုံထဲမှာ အစားအစာငတ်မွတ်ခေါင်းပါးမှုဒါဏ်ကြောင့် အဟာရဓါတ်ပြတ်ကာသေလုမြောပါးဖြစ်နေသည့် 
ကလေးငယ် (မိန်းကလေး)တစ်ယောက်ဒုက္ခသည်ခိုလှုံရေး (ကယ်ဆယ်ရေးစခန်း) သို့ ရောက်အောင် အား
တင်းပြီး သွားနေခိုက် မောပန်းနွမ်းနယ်လွန်းလို့ ခေတ္တနားနေစဉ် လင်းတတစ်ကောင်က ထိုကလေးငယ်လေး
သေမည့် အချိန်ကို အနီးအနားတွင်စောင့် ဆိုင်းနေတာဖြစ်ပါတယ်...
ထိုထိတ်လန့် ဖွယ်ရာ ဓါတ်ပုံကြောင့် ပဲ အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တာရအတွင်းတစ်စိတ်တစ်ပိုင်း ပါ
ဝင်တည်ရှိနေသည့် ဆူဒန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ( အငတ်ဘေး ) အခြေအနေအမှန်ကို တစ်
ကမ္ဘာလုံးက လူတွေသတိပြုမိသွားခဲ့ ကြရပါတယ်...
ဓါတ်ပုံဆရာ ကီဗင်လည်း ကလေးငယ်ကို ကူညီကယ်တင်မည့် အစား မိနစ် ၂၀ လုံးလုံးအဆိုပါဓါတ်ပုံရိုက်
ကူးနိုင်ဖို့ ပြင်ဆင်စောင့် ဆိုင်းနေခဲ့ သည့် အပေါ် အသေအချာစစ်ဆေးမေးမြန်းခံခဲ့ ရပါတယ်...
ထိုဓါတ်ပုံရိုက်ကူးခဲ့ ပြီး ၃ လအကြာမှာတော့ သူဟာ ကိုယ့် ကိုယ်ကိုသေကြောင်းကြံကာ သေဆုံးသွားခဲ့ ရ
ပါတော့ တယ်....
( သိပ်ပြီးတော့ လည်းမဝေးလှတော့တဲ့ ကုလသမဂ္ဂကယ်ဆယ်ရေးစခန်းကို ထိုကလေးငယ်အား ကယ်ဆယ်
သယ်ယူပို့ ဆောင်မပေးခဲ့ သည့် ထိုဓါတ်ပုံဆရာ နောင်တအကြီးအကျယ်ရသွားမှာ အသေအချာပါပဲ....)
မစာမနာပြောရယင်တော့ သေသင့် ပါတယ်လို့ တောင်ဆိုရမလားပဲ...

ဘ၀မှာ ကိုယ်မျှော်မှန်းသလိုဖြစ်မလာသူများ၊ မျှော်လင့် မထားသည့် အခက်အခဲ၊ ကံမကောင်းအကြောင်းမ
လှမှုများဖြစ်ခဲ့ ရသများ၊ မိမိအလိုရှိသည့် အကြောင်းအရာ၊ ရုပ်ဝတ္တုပစ္စည်း၊ အခြေအနေ စသည် (တစ်ကယ်
တော့ လည်းထိုအရာများမရခဲ့ ၊ မဖြစ်ခဲ့ လို့ လည်း မိမိဘ၀ ပျက်မသွား၊ အသက်သေမသွားလောက်ပါ...)
များ မရရှိခဲ့ သူများ သတိပြု၊ ဆင်ခြင်ဖွယ်ရာပါပဲ...
တစ်ခါတစ်လေတော့ ကိုယ့်ဘ၀နဲ့ ကိုယ်၊ ကိုယ့် အတွေးနဲ့ ကိုယ်တော့ အေ၇းတစ်ကြီး၊ ဘ၀ပျက်မတတ်ခံစား
ထင်မှတ်ရပေမယ့် အခုလိုအခြေအနေဆိုးတွေနဲ့ နှိုင်းယှဉ်လိုက်ယင် ကိုယ်ကြုံတွေ့ နေရတာတွေ၊ ခံစားနေရ
တာတွေဟာ ထင်သလောက်အခြေအနေမဆိုးဘူးဆိုတာ တွေ့ လာရပါလိမ့် မယ်...

In March 1993 Kevin Carter made a trip to southern Sudan and took this photograph. The picture would later bring him the Pulitzer prize, but also death. The girl had stopped to rest while struggling to reach the refugee camp, nearby a vulture is waiting her to die. It is a horrific picture that gave people a true look at the dire condition in Sub-Saharan Africa.

Kevin then came under a lot of scrutiny for spending over 20 minutes setting up the photo instead of helping the child. Three months after taking the photo, he committed suicide.

 

4 comments:

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ -
အင်း---လုပ်ရက်ပါပေ့ဓါတ်ပုံဆရာရယ်---လို့ ဘဲ
အပြစ်တင်ရတော့မယ်ထင်ပါရဲ့ ဗျာ-

chubbycheeks said...

ဘယ်လိုလူလဲဗျာ..သေလုမျောပါးခလေးငယ်ကို မကယ်တင်ဘဲ ဓာတ်ပုံရိုက်ပြီးထွက်သွားရတယ်လို့။လူစိတ်မရှိတဲ့လူ ကိုလောကကြီးက ဒဏ်ခတ်လိုက်တယ်ဘဲ ပြောရတော့မှာဘဲဗျာ..။

YeAungThu said...

အမှန်တော့ ဒီဓာတ်ပုံကြောင့် အပြောင်းအလွဲတွေ အများကြီးဖြစ်လာနိုင်တယ် ။ ဓာတ်ပုံဆရာ သူ့ဓာတ်ပုံတပုံကြောင့် အဲ့ဒေသ တခုလုံးအတွက် အရေးပါတဲ့ ကူညီမူတွေ ရရှိလာနိုင်တယ် ပြီးတော့ ဒါဟာ တကမ္ဘာလုံး ချက်ခြင်းသိရှိသွားနိုင်တဲ့ ငတ်မွတ်မှု့ကို စာနာထောက်ထားမူတွေ ...အကူအညီတွေ ချက်ခြင်း ဖတ်ခေါ်လိုက်နိုင်တဲ့ ဓာတ်ပုံကောင်းတခုလို့ပဲထင်တယ် ။ သူ့အနေနဲ့ ကလေးလေးကို မကယ်တင်နိုင်လိုက်တိုင်အောင် သူ့အနေနဲ့ ဒီနိုင်ငံ ဒီဒေသအတွက် အကျိုးကျေးဇူး တခု ပေးဆပ်နိုင်လိုက်တယ်လို့မြင်မိတယ် ။ တကယ်လို့များ သူမရှိဖူး ဆိုရင်လဲ ဒီကလေး သေသွားနိုင်တာပဲလေ .. ဒါပေမယ့် ဒီဓာတ်ပုံ ရိုက်ခဲ့ပေးတဲ့အတွက် သူမှာ ဒီထပ်ပိုတဲ့လုပ်ဆောင်ချက် ဖော်ပြနိုင်ခဲ့တယ်လို့ ကျနော် မြင်မိပါတယ်။ ဓာတ်ပုံဆရာကို အပြစ်ဝိုင်းတင်လို့ သူ့ကိုသူ သတ်သေခဲ့ရတဲ့အဖြစ်ကိုတော့ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။

YeAungThu said...

ပို့စ်က စာသား နောက်ဆုံးကလွဲနေပါတယ်... ဓာတ်ပုံ ဆရာ အဲဒီ ပုံကို ရိုက်ခဲ့တုန်းက ဒုက္ခသည် စခန်းနားမှာ ရိုက်ခဲ့တာပါ။ ကလေးကို လင်းတ လဲ စားမသွားပါဘူး။ ကလေး မိဘတွေဟာ ဒုက္ခ သည် စခန်းမှာ အစာရေစာ ဝေနေတုန်းမှာမို့ အနားမရှိတာပါ။ Carter က အဲဒီ UN လေယာဉ်နဲ့ ခဏ လိုက်လာတဲ့သူသာ ဖြစ်ပါတယ်။ http://en.wikipedia.org/wiki/Kevin_Carter