Kate Moss becoming a Buddhist

Saturday, May 30, 2009
ကမ္ဘာကျော်မော်ဒယ်လ်ကိတ်မော့စ် ဗုဒ္ဓဘာသာသို့ ပြောင်းလဲခံယူဟုဆို

ကိတ်မော့စ်သည် ဗုဒ္ဓဘာသာသို့ ပြောင်းလဲခံယူလိုက်ပြီဖြစ်သည်။ နာမည်ကျော် ဗြိတိသျှ စူပါမော်ဒယ်လ်သည် ပါတီပွဲများ၊ အပျော်အပါးများတွင် ၀ါသနာထုံခဲ့သော်လည်း ယခုအခါတွင် ဘာသာတရားဘက်သို့ ပြောင်းလဲအာရုံစိုက်လာပြီး စိတ်၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ရှာဖွေရန် တရားထိုင်သော အလေ့အကျင့်ကိုလည်း ဂရုတစိုက် ပြုလုပ်နေကြောင်း သိရသည်။ သူမနှင့် ရင်းနှီးသော မိတ်ဆွေများက “ကိတ်က တကယ့်ကို ဗုဒ္ဓဘာသာဝင် ဖြစ်သွားပါပြီ။ သူက ဗုဒ္ဓကြေးဆင်းတုတစ်ဆူကို ပင့်ဆောင်ကိုးကွယ်နေပါတယ်။ အမြင့်(၄)ပေ၊ အနံ(၂)ပေရှိတဲ့ ရုပ်ပွားတော်ဟာ ခုဆိုရင် သူ့ရဲ့ဧည့်ခန်းထဲမှာ တင့်တင့်တယ်တယ် စံပယ်နေပါပြီ”ဟု ပြောကြားခဲ့ကြသည်။ “ကိတ်က တရားထိုင်ရတာ၊ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ကြားနာနေရတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးလိုက်တယ်လို့ ခံယူထားပါတယ်။ ခုဆိုရင် သူဟာ အေးချမ်းတည်ငြိမ်မှုကို ဗုဒ္ဓဘာသာကတဆင့် ရှာတွေ့သွားပါပြီ”ဟု အသက်(၃၅)နှစ်အရွယ် မော်ဒယ်လ်၏ မိတ်ဆွေများက ပြောကြားခဲ့သည်။ ယခုအခါ မော့စ်သည် သူမ၏ ယုံကြည်ကိုးကွယ်မှု အသစ်ဖြစ်လာသည့် ဘာသာတရားအတွက် မိတ်ဆွေများကို အတွေ့အကြုံ ဝေမျှနေသော်လည်း အချို့ကိစ္စများတွင် အဆင်မပြေသေးကြောင်း သိရသည်။ ဥပမာအားဖြင့် မော့စ်သည် ဗုဒ္ဓဆင်းတုရှေ့တွင် အမွှေးတိုင်များ ထွန်းညှိပူဇော်ပြီး သူမ၏ မိတ်ဆွေများအား အတူတကွ ၀တ်ပြုရန် ဖိတ်ခေါ်ခဲ့သော်လည်း အများစုသည် အမွှေးတိုင်နံ့ကြောင့် ချောင်းဆိုးနေကြကြောင်း မော့စ်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။ မော့စ်ကမူ သူမ၏ အပျော်အပါးမက်မှု၊ အနုပညာနယ်ပင်တွင် ကြုံတွေ့ရသည့် ဖိအားကြီးမားမှုများကို ဗုဒ္ဓ၏ ဒေသနာတော်များဖြင့် ဖြေဖျောက်ကုစားနိုင်မည်ဟု ယုံကြည်နေကြောင်း သတင်းရရှိသည်။

                 planet  သတင်းတွင်ဖတ်မိသည်ကိုပြန်လည်တင်ပြပါသည်။



The supermodel - famed for her wild partying - is reportedly showing an increasing interest in the religion and has started meditating in a bid to gain a sense of calm.


A source said: "She's really into Buddhism and has a bought a bronze Buddha. The 4ft by 2ft statue has pride of place in her living room.

"Kate wants to de-stress and is enjoying taking time out to meditate and learn about Buddhism. She finds it calming."

The British beauty is keen for her friends to share her new interest but is not having the response she hoped for.

The source added to Britain's Daily Mirror newspaper: "She lights sandalwood incense sticks in front of the statue and makes her friends do the same. The problem is that everyone just sits choking on the fumes."

Those close to Kate - who has a six-year-old daughter Lila Grace - are said to be hoping Buddhism can help curb her wild ways.

Last week, it was reported her friend and mentor, Topshop tycoon Sir Philip Green, warned the 35-year-old star to start behaving more responsibly.

A source revealed: "Philip told her straight she's partying too hard. He told her she needs to look after herself for her own good and warned she's ruining her looks with the alcohol.

"He won't take any nonsense - he's said if she lets her partying spiral out of control she'll end up back in rehab and she's old enough to know better."

0 comments: