Varieties of Photos...
Thursday, July 26, 2012
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ...
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါ
တယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
ဟိုတယ်ဝန်ထမ်းတစ်ယောက်သေတော့ ကောင်းကင်ဘုံကိုရောက်ဖို့ အသွား
တံခါးဝမှာ သူတော်စင်ကြီးပီတာနဲ့ တွေ့ ရသတဲ့ ... ( ဘလော့ ဂ်ဂါပီတာမဟုတ်ရပါဗျာ...)
 ကောင်းကင်ဘုံဝင်ခွင့် လူတွေ့ စစ်ဆေးရာမှာ ကိုပီတာ (သူတော်စင်) ကဆိုသတဲ့ ...
မောင်မင်းဘ၀မှာ အရက်သောက်၊ ဆေးချ မကောင်းတာမှန်သမျှ ( သူတော်ကောင်းတွေ
ရှောင်သမျှ ) အကုန်လုပ်ခဲ့ တယ်နော်... ဒါကြောင့် တို့ လိုလူကြီးလူကောင်းတွေနေတဲ့ နေ
ကိုင်လေးများသိပါရစေ...လို့ ဆိုပြီးမေးလိုက်တော့ မှ ကဲဒါဆိုလည်းဒီမှာနေပါတော့ 
ကွာလို့ သနားကရုဏာနဲ့ ဆိုပါသတဲ့ ...
ဒီကောင်လေးခမျာ ဟိုတယ်တစ်ခုက၀န်ထမ်းပါကွာ... သူကငရဲလိုနေရာမျိုးမှာနေခဲ့ 
လုပ်ခဲ့ ပြီးပါပြီ...တဲ့.ဟုတ်တယ်ဗျာ...ဟိုတယ်တစ်ခုမှာအလုပ်လုပ်ရတာရှိသမျှကာယ
ဥာဏအားတွေအကုန်လုံး ကြံရည်ညှစ်သလိုအညှစ်ခံရတယ်ဆိုတာလုပ်ဖူးမှပဲ
သိနိုင်ကြမှာပါ....
ကင်ဆာရောဂါသက်သာပျောက်ကင်းနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်ငါးမျိုးပါ...
ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ငရုပ်သီး၊ သစ်ကြံပိုး  တို့ ဖြစ်ပါတယ်...
နေပြည်တော်ရုပ်ရှင်ထုတ်လုပ်ရေး၊ သမ္မတရုပ်ရှင်လုပ်ငန်းစုမှ အကယ်ဒမီဆုရကားကြီးဖြစ်တဲ့ ...
ရုံပြည့် ရုံလျှံ ၀က်ဝက်ကွဲအားပေးခဲ့ ကြတဲ့ " မြန်မာ့ အရူးအပေါသုံးယောက် "
ဇတ်ကားကြီး....
 အင်တာနက်သုံးယင်း လေ့  ကျင့် ခန်းလည်းလုပ်ဖြစ်အောင်...
ဒီလိုလေးစီစဉ်ထားတယ်....
 ရေလုနေတဲ့ ကုလားတို့ ရွာ...
 ဒါလည်း ဘိုထိုင်ပါပဲဗျ... ဘိုလိုကိုမှ အားသန်သူများသုံးနိုင်ပါတယ်...
ငယ်မူငယ်သွေးတွေကြွနေလိုက်တာ...
 ကြိုက်ရာရွေးချယ်စီးစမ်းကွယ်...
မိသားစုအတွက် ဆင်းရဲပင်ပန်းစွာရုန်းကန်လုပ်ကိုင်ကြရပါတယ်... နောက် ၁၀ နှစ်မှာတော့ 
မျောက်တစ်ကောင်လိုပဲ မြေးမြစ်တွေကိုပျော်အောင်ထိန်းကျောင်းရပါတော့ တယ်...
စောင့် ကြည့် နေရတဲ့ အိမ်စောင့် ဘ၀ရောက်ရတော့ တာပါပဲ...
သြော်...လူနဲ့ တူတာဆိုလို့ ပထမနှစ် ၂၀ ပဲ တူတူတန်တန်နေရတယ်...
 ပိုက်ဘောမိလို့ အ၀င်ခံလိုက်ရတဲ့ သဘောပေါ့ ...
ပီပြင်ပါပေတယ်...
 သူ့ ဘ၀အတွက်ရင်လေးတယ်...
 ကဲ...သူ့ ထက်ထူးတဲ့ ဒီဇိုင်းရှိပါ့ ဦးမလား...
 ခွေးဆွဲတဲ့ ကလေးလှည်း...
 ရေထဲပစ်ချခံရတော့ ဘ၀ပြောင်းပြီး ကဏာန်းဖြစ်သွားပုံရတယ်...
ဘင်လာဒင်ကဏာန်း...
အိုင်ဖုံးနဲ့ ညီအစ်ကိုတော်တယ်လေ...
 မက်ထရစ်စနစ် ( တိုင်းတာရေးယူနစ်စနစ် ) သုံးနေဆဲနိုင်ငံဆိုလို့ ရွှေမြန်မာနဲ့ တစ်ခြားနိုင်ငံ
နည်းနည်းလေးပဲ ကမ္ဘာမှာကျန်ပါတော့တယ်...
အသိဥာဏ်ဗဟုသုတ နဲ့ ရိုးသားကြိုးစားမှုက ဘ၀အတွက် ၁၀၀ ရာခိုင်နှုံး အာမခံချက်
သြော်... ဒါပေမယ့်  လူယုတ်မာတွေကောင်းစားကြီးစိုးတဲ့ ခေတ်ပျက်မှာတော့ 
တလွဲလုပ်မယ်၊ မဟုတ်တာလုပ်မယ်ဆိုယင်အောင်မြင်ဖို့ ၁၀၃ ရာခိုင်နှုံး
ပင်ပင်ပန်းပန်းနဲ့ အပတ်တစ်ကုတ်ကြိုးစားစရာမလိုပဲ အေးအေးဆေးဆေး
လုပ်တဲ့ လူအတွက်ကတော့ ၁၄၃ ရာခိုင်နှုံး အောင်မြင်ပါတယ်တဲ့ ...
 တွေ့ လားကျွန်တော်တို့ အမျိုးသားတွေက ဘက်မလိုက်ဘူး...
မျှမျှတတရှိတယ်... အလယ်အလတ်ကြားနေတယ်...
 ဘ၀ဆိုတာ ကိုယ်ရောက်ရှိခံစားသိရှိရသလောက်
ပြောင်းလဲနေတာမျိုးပါ...
ဆောင်နိုင်တယ်ဆိုတဲ့ အယူရှိနေဦးမှာ ( ယောကျာင်္းမရသေးခင်အထိ ) လေယာဉ်ပျက်
မကျခင်အထိ ( ဘုရားတဖို့ မလိုသေးခင် ) ဘာသာမဲ့ တစ်ဦးဖြစ်နေဦးမှာပါ...
 ပြောသမျှယုံနေဖို့ ထက် မျက်စေ့ ဖွင့် နားစွင့် ပြီး လေ့ လာအကဲခတ်၊ မှတ်သားသင်ယူနိုင်ဖို့ က
ဘ၀မှာ ပိုရေးကြီးပါတယ်...
မခွဲခွာခင်ဘ၀...သင်္ဘောသားများနဲ့ ချစ်သူဇနီးမယားများ...
ဟိုခေတ်တုံးကရေကြောင်းခရီး၊ သင်္ဘောမထွက်ခင်နှုတ်ဆက်နေကြပုံပေါ့ ...
1 comments:
သားကြီး said...
ကိုပီတာရေဘ၀ရဲ့ နောက်ပိုင်းအချိန်တွေကတော့ နွား၊ မျောက်၊ခွေး တွေလိုပါပဲဆိုတဲ့အပုံကိုသဘောကျပြီးfacebookမှာတင်လိုက်တယ်ဗျိုး