WTF Products
Thursday, July 19, 2012
ခပ်ဆန်းဆန်းတီထွင်မှုပစ္စည်းများ...
နေ့ လည်းဂေါက်၊ ညလည်းဂေါက်၊ ဘယ်နေရာသွားသွားဂေါက်အကြောင်းပဲ စွဲလမ်းနေသူ
တွေအတွက် အထူးတီထွင်ပေးထားတဲ့ ဂေါက်ရိုက်ကစားနိုင်တဲ့ ပစ္စည်းလေးပါ...
အိမ်သာတက်နေယင်းတောင်ဆော့ ကစားလို့ ရပါတယ်...
စိတ်နာနာနဲ့ သူ့ မျက်နှာကို အတွင်းခံဘောင်းဘီမှာပုံလုပ်လိုက်ပါတယ်...
မလိုအပ်တဲ့ အမွှေးအမှင်များရိပ်ဖို့ လေ့ ကျင့် နိုင်တဲ့ အရုပ်လေးပါတဲ့ ...
ထိရှလွယ်တဲ့ ကိစ္စမို့ အလေ့ အလာများဖို့ လိုတယ်လေ...
ခေါင်းစားယင်မင်းဖြစ်တယ်လို့ ယုံကြသူများ...
ခေါင်းစုပ်ယင် မင်းလုပ်ရမယ်လို့ မှတ်ပြီး ဒီသကြားလုံး၊ စုပ်လုံးကိုသာ စုပ်ကြပေတော့ ...
ပြောချင်တာက အုန်းနို့ စွပ်ပြုတ်၊ ရေးလိုက်တာက ...
ဒါပေမယ့် ဘာသာတောင်မပြန်ရဲတဲ့ စကားလုံးပါပဲ...
မျှော်ရလွန်းလို့ လည်ပင်းတောင်ရှည်လာပြီလို့ အပြောနဲ့ တင်မဟုတ်
တကယ်သက်သေပြချင်သူများအတွက် လည်ပင်းရှည်စေမယ့် ကိရိယာပေါ်ပေါက်လာပါပြီ...
ပဒေါင်တွေလို ကြေးကွင်းတွေထာဝရစွပ်စရာမလိုတော့ ဘူးပေါ့ ...
နောက်ပြန်လည်တဲ့ နာရီလက်တံ....
နောက်ပြန်မလှည့် ဘူးဆိုတဲ့ ဆရာကြီးများ အဲဒီနာရီများဆောင်ထားကြလေသလားပဲ...
ပြောတော့ တစ်မျိုး၊ လုပ်တော့ တစ်မျိုးလေ...
အင်း.... တော်တော်လည်းနောက်တဲ့ လူတွေပဲ...
သူ့ ပစ္စည်းဘယ်လိုလူတွေက၀ယ်သုံးကြမှာလည်း...သူတို့ နိုင်ငံတွေမှာကလည်း
အူကြောင်ကြားတွေကပေါမှပေါဆိုတော့ သုံးတဲ့ သူတွေလည်းရှိမယ်ထင်ပါတယ်...
1 comments:
သိ င်္ဂါ ရ said...
ပြုံးချင်စရာတွေ ... :)