Strange Superstitions From Around The World
Monday, September 17, 2012
ကမ္ဘာတစ်လွှားအယူသီးကြပုံများ....
လောဘ၊ ဒေါသ၊ မောဟ တရားတွေဖုံးလွှမ်းနေတဲ့ ပုထုဇဉ်လူသားတွေမို့ ဘယ်နိုင်ငံ၊ ဘယ်အရပ်၊
ဘယ်ဒေသ မှာပဲနေနေ ထင်ရာစွဲလမ်းယုံကြည်ယူဆနေတတ်ကြတာ ယခုလိုသိပ္ပံခေတ်ကြီးလို့ 
ဆိုရမယ့် အစစအရာရာတိုးတက်နေတဲ့ ကာလအထိတိုင်အောင် ရှိနေပါသေးတယ်....
လည်း ဘယ်လိုမှရှင်းပြလို့ မရနိုင်သေးတာတွေရှိနေပါသေးတယ်...
ဒါပေမယ့် ယုံတဲ့ သူတွေကတော့ ယုံနေကြဆဲ....
၁၉ ရာစုနှစ်လောက်တွေတုံးကတော့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးကြတဲ့ အခါ
သားသမီးမရမှာစိုးလို့ ဆလတ်ရွက်တွေကိုမစားကြတော့ ပါဘူးတဲ့ ... အဲဒီဆလတ်ရွက်
တွေကိုစားမိယင် သားသမီးမရနိုင်ပဲ မြုံသွားတတ်တယ်လို့ ယုံကြည်ခဲ့ ကြတယ်ဆိုပဲ...
လေ့ လာစမ်းစစ်ချက်များအရ မုန်လာဥနီများအား မျက်စေ့ အားတိုးစေသည်ဟုဆိုသော်လည်း
အပြည့် အ၀ပြန်မြင်အောင်တော့ မစွမ်းဆောင်နိုင်ပါဘူး...  ရှေးလူကြီးတွေဖန်တီးပြောဆိုခဲ့ 
ကြတာကတော့ ကလေးတွေကို အသီးအနှံတွေများများစားဖြစ်အောင် မုန်လာဥစားယင်
မျက်လုံးအားကောင်းတယ်ဆိုပြီး လက်ဆင့် ကမ်းပြောခဲ့ ကြတာ ဒုတိယကမ္ဘာစစ်ကြီး
ဖြစ်ကတည်းကပါပဲတဲ့ ... (စစ်ဖြစ်တော့ အသား၊ငါး ရိက္ခာရှားပါးတယ်လေ...)
ကျွန်တော်တို့ ငယ်စဉ်တုံးကလည်း ဤစာကိုမဝေသဖြင့် ဘယ်သူဖြင့် ဘယ်လိုဒုက္ခဆိုးတွေတွေ့ 
ကြုံရတယ်၊ ဝေလိုက်သဖြင့် ဘယ်လိုကံကောင်းခြင်းတွေဖြစ်လာတယ် စသည်ဖြင့် ဝေေ၀ဆာဆာ
ညွှန်းထားတတ်တဲ့ ကျိန်စာလိုလို၊ ရှမ်းဘုန်းကြီးရွှေပေလွှာဆိုပြီး ခေတ်ထခဲ့ ဖူးပါတယ်...
ဘာသာရေှးဗဟုသုတနည်း၊ ကိုယ်ကျင့် သီလမရှိ၊ လောဘ၊ ဒေါသ၊ မောဟ တရား
သူတစ်ပါးဒုက္ခရောက်အောင်ချောက်တွန်းမှုတစ်မျိုးပေါ့ ...
အခုတော့ သူတို့ ဆီလည်းဒါမျိုးရှိတယ်ဆိုပဲ...
ဟုတ်နိုင်လောက်ပါပေတယ်... 
မှင်သက်နေဆဲ...ချစ်နေဆဲ....
( တစ်ရံတစ်ခါဆီက၊ ဒဏ္ဍာရီအဖြစ်တစ်ခုလိုပေါ့ ....)
ကံကောင်းချင်သလား ညသန်းခေါင်ယံထပြီး စပျစ်သီးစားလိုက်ပါလေ.... ( ချဉ်တယ်လို့ တော့ 
စပိန်မှာတော့ နှစ်သစ်ကူးအခါသမယမှာ အနမ်းတွေပေးပြီးနှုတ်ဆက်မယ့် အစား တစ်နှစ်လုံး
ကံကောင်းခြင်းတွေဆောင်ကြဉ်းလာအောင် သန်းခေါင်ယံမှာ စပျစ်သီးစားကြတယ်တဲ့ ...
မိုက်လိုက်တဲ့ လူတွေဗျာ... နမ်းလည်းနမ်း၊ စားလည်းစားပေါ့ ...
အယူရှိခဲ့ ကြတာမို့  လူတစ်ယောက်ကိုတံမြက်စည်းနဲ့ လိုက်(ရိုက်) ဖို့ ကြိုးစားတယ်ဆိုယင်
ကံမကောင်းတတ်ဘူးလို့ အယူရှိကြပါတယ်...
(ဟုတ်ကဲ့ ...ပြည်ခွင်မြန်မာက စည်ပင်သာယာကို စိတ်ဆိုးအောင်မလုပ်ရဲပါဘူး....
တော်ကြာ လမ်းတစ်ခြမ်းပဲခင်းသွားမှဖြင့် .....)
ရုရှားမှာတော့ ပန်းပွင့် တွေကို စုံဂဏာန်းအရေအတွက်နဲ့ ပေးခြင်းဟာ သေဆုံးသူတွေအတွက်
ပန်းခြင်းလက်ဆောင်ဖြစ်ပါတယ်တဲ့ ... ဒါကြောင့် သဘောဖြူတဲ့ ရုရှားသူလေးတွေကို ချစ်နှင်းဆီ
လှလှလေးတွေပေးတော့ မယ်ဆိုယင်... တစ်ဒါဇင်မှာမိယင်တောင်မှ နောက်ထပ်တစ်ပွင့် တော့ 
မဖြစ်ဖြစ်အောင်ထပ်ထည့် လိုက်နော်... ကိုယ်တွေတော့ တစ်ပွင့် တည်းသောပန်းပေးမှာမို့ 
စုံဂဏာန်းဖြစ်မှာမပူရဘူးပေါ့ .... ( ဘာပန်းလည်းမမေးနဲ့ ...အသက်သာအသေခံလိုက်မယ်
မပြောဘူး... မပြောလည်းသိတဲ့ လူလည်တွေတော့ ရှိမှာပါဗျာ...)
ဆောင်အမျိုးသမီးတွေဟာ ဒိန်ခဲတွေကိုအထူးစီမံထားတဲ့ ဘီးသဏ္ဍာန်အိုးထဲထည့် ပြီးတည်ထား
လေ့ ရှိကြပါတယ်... ကိုယ်ဝန်ရင့် လာတာနဲ့ အမျှဒိန်ခဲသက်တမ်းလည်းတိုးပြီး ကလေးမွေးဖွား
တာနဲ့ မိသားစုဝင်တွေကို ဝေငှပေးကြရပါတယ်... ဒါပေမယ့် အိုးနှုတ်ခမ်းစပ်က ဒိန်ခဲတွေကို
တော့ ချန်လှပ်ထားရပြီး ကလေးငယ်ရေဖြန်းမင်္ဂလာ၊ နှစ်ခြင်းမင်္ဂလာ၊ ကင်ပွန်းတပ်ပွဲတွေမှာ 
ထိုအိုးခြမ်းကွင်းထဲကလေးကိုဖြတ်ကာ ကလေးဘ၀တစ်လျှောက်လုံး မင်္ဂလာအပေါင်းနဲ့ ပြည့် 
စုံစေဖို့ ဆုမွန်ကောင်းတွေတောင်းလေ့ ရှိခဲ့ ကြပါတယ်...
ထာဝစဉ်နုပျိုလိုပါသလား... ၀က်သစ်ချသီးကိုဆောင်ပါ...
ကံကောင်းခြင်းတွေဆောင်ကြဉ်းလာစေတယ်လို့ ရှေးခေတ်ဗြိတိသျှအမျိုးသမီးတွေယုံကြည်ကြ
ပြီး အမြဲနုပျိုနေရန် ၀က်သစ်ချသီးတွေဆောင်ထားခဲ့ ကြပါတယ်တဲ့ ...
အိုက်စ်လန်မှာတော့ ဆောင်းရာသီအတွင်း လှေကားဝ ( တံခါးဝ ) မှာထိုင်ပြီးသိုးမွှေးထိုး
ခြင်းမလုပ်ကြရပါဘူး... အအေးဓါတ်ပြင်းထန်တဲ့ ဆောင်းရာသီကာလပိုပြီးကြာရှည်တတ်
တယ်လို့ ယုံကြည်ကြပါတယ်....
0 comments: