Showing posts with label သရော်စာ၊ဟာသ. Show all posts
Showing posts with label သရော်စာ၊ဟာသ. Show all posts
သိပ်စိတ်ဆိုးရတယ်
Tuesday, September 22, 2009
ဘယ်လိုလုပ်လိုက်တာလဲ...သိပ်စိတ်ဆိုးရတယ်...
အင်မတန်မှရိုးသားကြိုးစားတဲ.လုပ်ငန်းရှင်တစ်ယောက်ကသူအလိုရှိတိုင်းအခမဲ.၊ခွင်.ပြုချက်
တောင်းခံယူခြင်းမရှိပဲယူငင်သုံးစွဲနေတဲ.၀က်ဘ်ဆိုဒ်တစ်ခုဖျက်သိမ်း၊ပြောင်းရွှေ.သွားလို.စိတ်
ဆိုးမာန်ဆိုးနဲ.စာရေးလိုက်တာပါ...
ဖတ်ရှုပြီးပျော်ရွှင်ရယ်မောနိုင်ပါစေ....
မကြေနပ်ဘူး...လုံးဝမကြေနပ်ဘူး....
ဖုံး...ဆက်လိုက်ရမလား...ဆိုတဲ.သီချင်းလေးသတိရစရာပါပဲနော်....
ဒီ copy ၊ paste  ကိစ္စက ယခင်ကလည်းမြန်မာဘလော့ ဂ် လောကမှာဂယက်ရိုက်ခဲ့ ဖူးပါတယ်...
ကျွန်တော့ ဘလော့ ဂ်တွင်ဖော်ပြထားသောသတင်းများ၊ဓါတ်ပုံများသည်လည်းထိုထိုအင်တာနက်
စာမျက်နှာများကိုလိုက်လံဖတ်ရှုရာမှတွေ့ ရှိဖတ်မိသည်များကိုမိမိတစ်ဦးတည်းကြိတ်ဖတ်နေမည့် 
အစား...ကိုယ့် လိုအထူးအဆန်းလေးတွေကိုမှသိချင်သူ...ဗဟုသုတလိုလားသည့် လူကြီး၊လူငယ်များ
အားလည်းသိစေလိုသည့် အတွက်၎င်း၊တစ်ဆက်တည်းအင်္ဂလိပ်စာအရည်အသွေးဗဟုသုတပါတိုးပွား
စေရန်မူရင်းသတင်းများကိုပါထည့် သွင်းခဲ့ ပါတယ်...ကျွန်တော်ကိုယ်တိုင်လည်းအင်္ဂလိပ်စာဘာသာ
စကားကိုကျွမ်းကျင်သူတစ်ယောက်မဟုတ်သည့် အတွက်မိမိဘာသာပြန်ထားသောအကြောင်းအရာ
ချွတ်ချော်လွဲမှားခဲ့ ပါကတတ်သိနားလည်သူများသိရှိနိုင်ရန်၊ကျွန်တော့ အားသတိပေးပြောဆိုလမ်း
ညွှန်နိုင်ရန်လည်းရည်ရွယ်၍မူရင်းသတင်းများပါအင်္ဂလိပ်လိုထည့် သွင်းထားခြင်းဖြစ်ပါတယ်....
တစ်စုံတစ်ရာဘာသာပြန်အမှားအယွင်းများပါရှိပါကထောက်ပြ၊ပြောပြစေလိုပါတယ်...
တစ်ချို့ သံသယရှိသည့် သူများအတွက်လည်းကျွန်တော်ကိုယ်တိုင်ဖန်တီးထားသောအချက်အလက်
မဟုတ်ကြောင်း...
မည်သည့် သတင်းဌာန၊၀က်ဘ်ဆိုဒ်ကရကြောင်းအထောက်အထားပြလိုခြင်းလဲပါဝင်သည့် အတွက်မူရင်း
သတင်းရရာအင်တာနက်စာမျက်နှာအညွန်းများကိုပါပို့ စ်များအောက်ခြေတွင်တတ်နိုင်သလောက်ထည့် 
ပေးထားပါသည်...
မိမိရည်ရွယ်သည်ကလည်းအင်တာနက်သုံးစွဲသူမြန်မာလူငယ်လူလတ်များ ( အထူးသဖြင့် ပြည်တွင်းက)
အားဗဟုသုတရရန်ဖြစ်သည့် အတွက်ကျွန်တော်ဘာသာပြန်ထားသည်များကိုလည်းအလိုဆန္ဒရှိသလို
စီးပွားရေး အတွက်မှလွဲ၍ ( ငွေရေးကြေးရေးကိစ္စများမှလွဲ၍ ) အသုံးပြုနိုင်ပါသည်...
များများကူးယူဖော်ပြလေ...ကိုယ်ရည်ရွယ်ချက်အောင်မြင်လေပင်မဟုတ်ပါလော...
ဒါမှလူတွေပိုသိမည်လေ...
ငွေစက္ကအဟောင်းအနွမ်းများတွင်ရောဂါပိုးများပါသောပို့ စ်ဆိုလျှင်ကျွန်တော်စင်္ကာပူတွင်ရှိနေစဉ်ဖတ်မိ
သော Strait Times မှမူရင်းအင်္ဂလိပ်လိုသတင်းကိုသတင်းစာမှဖြတ်တောက်သိမ်းဆည်းထားခဲ့ ၍ဘာ
သာပြန်နှင့် မူရင်းတွဲတင်နိုင်ခဲ့ သည်....ထိုစဉ်ကယခုလိုအင်တာနက်တွင် Strait Times မှသတင်းမတင်
ယူပြီး forward mail များအဖြစ်ပို့ ကြသည်....
ကျွန်တော်ဝမ်းသာရပါသည်...ကိုယ်ရည်ရွယ်သည်ကလည်းပြည်သူအများထိုရောဂါပိုးမွှားများအန္တရယ်ကို
သတိပြုသိရှိစေ၇န်မဟုတ်ပါလော....ကြံကြံဖန်ဖန် ထိုပို့ စ်ရေးသူကျွန်တော့် ထံသို့ ပင် forward mail
ဖြင့် ထိုဆောင်းပါးရောက်လာသေးသည်....
မိမိကိုယ်တိုင်ကသူများဝက်ဘ်ဆိုဒ်များမှကူးယူဘာသာပြန်ထားခြင်းဖြစ်၍ကိုယ့် ဆီကကူးယူဖော်ပြချင်သူ
များကိုလည်းကူယူဖော်ပြနိုင်စရပါမည်...မည်သည့် ဝက်ဘ်ဆိုဒ်၊ဘလော့ ဂ်မှလည်းကူးမရအောင်လုပ်ထား
သည်ကိုမတွေ့ ရပါ...တစ်ချို့ ရှိကောင်းရှိမည်ဖြစ်သော်လည်းမတွေ့ ဖူးပါ....
ဖော်ပြပြီးခရက်ဒစ်ပေးလျှင်ဝမ်းသာရပါမည်...မပေးလျှင်လည်းသူတို့ မသိ၍သာမပေး
ကြောင်းဟုနားလည်ခွင့် လွှတ်ရပါမည်....ဆက်တိုက်ကြီးတင်လျှင်တော့ အသိပေးနိုင်ပါသေးသည်မဟုတ်
ပါလော....
ကျွန်တော်ကိုယ်တိုင်ပင်ဘလော့ ဂ်စတင်ရေးသားစဉ်ကဖတ်မိကြိုက်မိတဲ့ မြန်မာဘလော့ ဂ်များကပို့ စ်များ
ပြန်လည်တင်ခဲ့ ဖူးလေသည်...တစ်ချို့ ခွင့် တောင်း၍၊တစ်ချို့ တော့ ခွင့် မတောင်းနိုင်ခဲ့ ....သို့ သော်မူရင်း
ရေးသူများနှင့် ဘလော့ ဂ်အမည်များကိုတော့ ဖော်ပြခဲ့ သည်သာ...
အတိုချူပ်ရသော်....ဗဟုသုတအလို့ ငှာပြန်လည်တင်ပြလိုသူများဆန္ဒရှိသလိုဖြန့် ဝေနိုင်ပါတယ်...
အားလုံးပျော်ပျော်ပါးပါးပေါ့ ....
What's left to eat !!!
Tuesday, May 12, 2009
Can't eat pork,
ဝက်သားလဲမစားရဲဘူး
Swine flu... 
ဝက်တုပ်ကွေး
Can't eat chicken,
ကြက်သားလည်းမစားရဲဘူး
Bird flu. 
ကြက်တုပ်ကွေး
Can't eat Beef, 
အမဲသားလဲမစားရဲဘူး...
Mad cow.... 
နွားရူးရောဂါ တဲ. ....
Can't eat eggs, 
ကြက်ဥ ဆိုယင်ကော...
Salmonella. 
ဝမ်းဖောဝမ်းယောင်ဖြစ်ပြီးဖျားတတ်တယ်ဆိုပဲ...
Can't eat fish, 
ငါးစားရမှာလည်းကြောက်တယ်...
heavy metal poisons in their waters. 
ရေထဲမှာသတ္တုအဆိပ်ဓါတ်တွေပါဝင်မှုနှုံးများနေတယ်တဲ.ဗျာ...
Can't eat fruits and veggies, 
သတ်သတ်လွတ်ပဲစားပါတော.မယ်လေ ဆိုပေမယ်လည်း....
insecticides and herbicides. 
ပိုးသတ်ဆေးတွေ..အရွက်ဆေး၊အသီးဆေးတွေဖျန်းထားတယ်တဲ.ဗျာ...
Hmmmmmmmmm!!!!!!!!!!!!! 
ကဲ.....
M
M
M
M
M
M
M
M
M
M
M
I believe that leaves Chocolate and ice cream!!!!!!!! 
 စားလို.ရတာဆိုလို.ချောကလက်နဲ.ရေခဲမုန်.ပဲကျန်တော.တယ်နော်....
Remember - - - 'STRESSED' 
ဒီမှာကြည်. ...အချက်ပို ( စဉ်းစားစရာအချက်အလက်တွေပိုလို.စိတ်တင်းကြပ်နေတာ)
ရဲ.ပြောင်းပြန်အဓိပ္ပါယ်က..
spelled backwards! is 
အချိုပွဲ တဲ.ဗျား....
'DESSERTS'
Send this to four people and you will lose 2 pounds
ကိုယ်အလေးချိန်ကျပြီးပိန်ချင်ယင်ဒီစာကိုတစ်ခြားသူလေးယောက်စီပို.ပါလေ...
Delete it and you will gain 10 pounds immediately! 
မပို.ပဲဒီစာကိုဖျက်ပစ်ယင်ခင်သန္တာသက်ချိုပြုံး(ဆင်ခန္ဓာဝက်ကိုယ်လုံး)ဖြစ်စေ...
       forward mail ထဲမှာတွေ.မိတာလေးပါ....
                 အသားငါးတွေကတော.ရောဂါပိုးမွားရှိတာပြောစရာမလိုပါဘူး...အသီးအနှံတွေ
ကိုပိုးသတ်ဆေးတွေ၊အပင်သန်ဆေး၊အသီးကြီးဆေးတေတရားလွန်ဖျန်းနေကြတာကိုဖွံ.ဖြိုးတိုး
တက်တဲ.နိုင်ငံတွေကသိကုန်လို. ဓာတုဗေဓဓါတ်မြေသြဇာနဲ.ပိုးသတ်ဆေးမသုံးတဲ. Organic
Farmတွေကဟင်းသီးဟင်းရွက်အသီးအနှံတွေကိုပဲဈေးကြီးပေးဝယ်ပြီးစားနေခြင်းဖြင်.ရေရှည်
ကျန်းမာရေးကိုဂရုစိုက်နေချိန်မှာကျွန်တော်တို.ရွှေပြည်ကြီးမှာတော.အသီးကြီးလေ၊အပင်တုတ်
လေဈေးပိုပေးပြီးအားပါးတရ၀ယ်ပြီးစားသောက်နေတာ(ကျွန်တော်တို.ကိုယ်တိုင်တောင်ပါဝင်
ပါတယ်လေ...)သေသေချာချာစေ.စေ.တွေးကြည်.ယင်အဲဒီအသီးအနှံ၊ဟင်းသီးဟင်းရွက်တွေ
ကိုသေသေချာချာဆေးကြောပြီးပိုးမွားတွေသေအောင်ချက်ပြုတ်တဲ.မိသားစုဟာတော်တော်
ရှားပါတယ်...သခွားသီး၊ခရမ်းချဉ်သီးအစ၊နံနံပင်ကြက်သွန်မြိတ်အဆုံးမချက်ပဲတော်ရုံဆေးပြီးဒီ
အတိုင်းအစိမ်းစားနေကြသေးတာပဲ...စိုက်တဲ.သူတွေကလည်းစီးပွားရေးတွက်ခြေကိုက်အောင်
ပိုးသတ်ဆေးစတာတွေကိုတရားလွန်အထိန်းအကွပ်မရှိသုံးနေကြတာကလား....ပြီးတော.
အဲဒီဖွံ.ဖြိုးပြီးနိုင်ငံတွေကအန္တရာယ်များလို.၊သတ်မှတ်စံချိန်စံညွန်းနဲ.မကိုက်ညီလို.ပယ်လိုက်တဲ.
ဓါတ်မြေသြဇာဆေးဝါးတွေကိုကျွန်တော်တို.တိုင်းပြည်တွေကအားပါးတရ၀ယ်သုံးနေကြရတာလေ...(တစ်ခြားအဆင်.မှီဆေးတွေနဲ.စာယင်ဈေးနှုံးသက်သာတယ်လေ...) ဒါကြောင်.လဲငယ်ငယ်ရွယ်ရွယ်နဲ.ကင်ဆာလိုရောဂါတွေဖြစ်ပြီးသက်တမ်းမစေ.ခင်သေကုန်လို.
နိုင်ငံအလိုက်သက်တမ်းတွေနိုင်းယှဉ်လိုက်ယင်ရွှေပြည်ကြီးကတစ်ဖြည်းဖြည်းနဲ.နောက်ရောက်
လာနေပြီမဟုတ်လား... တွေးလေကြောက်စရာကောင်းလေပါပဲ...ဒါပေမယ်လဲဘာတတ်နိုင်မလဲ
သဗ္ဗေသတ္တာကမ္မသကာလို.ပဲနှလုံးသွင်းရတော.တာပါပဲ....
--------------------------------------------------------------------------------
စက္ကူကျား စီမံကိန်း
Friday, July 4, 2008
ခေတ်သစ်နိုင်ငံရေးသရော်စာ (ဒေါက်တာလွန်းဆွေဘလော.မှကူးယူတင်ပြသည်။)
တခါက အင်မတန် သာယာလှပတဲ့ ခြုံဖုတ်စားကျက်ခင်းကြီးတခုမှာ တိရိစ္ဆာန်လေးတွေ စုပေါင်းနေထိုင်ကြ တယ်။ တနေ့တော့ ကျားဆိုးကြီး ရောက်လာတယ်။ တောကောင်လေးတွေအပေါ် ဗိုလ်ကျနေတယ်။ နေ့စဉ် သတ်ဖြတ် စားသောက်နေတဲ့အတွက် တိရိစ္ဆာန်လေးတွေဟာ အတော့်ကို ဒုက္ခရောက်နေကြသတဲ့။ ကျားဆိုး ကြီး နှိပ်စက်ထားတဲ့အတွက် တိရစ္ဆာန်လေးတွေဟာ သားတကွဲ မယားတကွဲဖြစ်ကြ၊ ဒုက္ခိတတွေ ဖြစ်ကြပေါ့။
ဒီတော့ သူတို့ဟာ ကျားဆိုးကြီးကို ခုခံတော်လှန်ကြသတဲ့။ ဘယ်လိုမှ မအောင်မြင်နိုင် ဖြစ်နေကြတယ်။ ကျားဆိုးကြီးကို နှိမ်နင်းတဲ့နေရာမှာ တကွဲတပြားစီ ဖြစ်နေလို့မရဘူး။ စုပေါင်းမှ ရမယ်ဆိုတာကို သူတို့လက် ခံထားတဲ့အတွက် ပြည်ထောင်စုခြုံဖုတ် အမျိုးသားကောင်စီ National Council of Union of Bush ၊ အတို ကောက် NCUB ကို ဖွဲ့စည်းပြီး ကျားဆိုးကြီးကို တအိအိနဲ့ တော်လှန်နေခဲ့ကြတာ အချိန်အတော်ကြာသွား ပြီဆိုပဲ။
သူတို့က တောထဲက ဆူပါပါဝါ တိရစ္ဆာန်ကြီးတွေ ထောက်ခံမှုရအောင် လော်ဘီလုပ်ဖို့ လိုတယ်ဆိုပြီး အစိုးရတခုကိုလည်း ဖွဲ့လိုက်သေးတယ်။ ဒီအစိုးရကိုတော့ National Coalition Government of Union of Bush – NCGUB လို့ ခေါ်ကြသတဲ့။ အစိုးရအဖွဲ့ကို ဒေါက်တာဖွတ်ကြားက ဦးဆောင်တယ်။ ဖွတ်ကြားကို အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် တင်ထားရတာကတော့ ကြားနဲ့ ကျားက အသံတူတယ်။ ဒီတော့ သူက ဝန်ကြီးချုပ် ဖြစ်သင့်တယ်လို့ တိရစ္ဆာန်တွေက ယူဆကြတယ်။ သူက အေးတယ်၊ စကားနည်းတယ်၊ ပြဿနာ မရှိနိင်ဘူးထင်ပြီး တိရစ္ဆာန်လေးတွေက တင်ထားလိုက်တယ်။ သူဦးဆောင်တဲ့အဖွဲ့ရဲ့ တာဝန်ကလည်း ကျားကိုခြောက်ဖို့ စက္ကူကျားရုပ်ကြီး တခုကိုလုပ်ပြီး ကျားယောင်ဆောင်ရတဲ့ တာဝန်တဲ့။ ဒါပေမယ့် သူက အရမ်းပျင်းပြီး အမြဲတမ်းခွေနေတဲ့အတွက် သူ့ကျားရုပ်ကြီးကို ဘယ်သူမှ ရှိတယ်လို့တောင် မထင်ကြတော့ဘူး။ တခါကဆို သူ့ကျားရုပ်ကြီးကို ကျားဆိုးကြီးက သေးနဲ့တောင် ပန်းသွားသေးရဲ့။
ဒါကြောင့် ကျားဆိုးကြီးကို ထိထိရောက်ရောက် နှိမ်နင်းမဲ့သူ မရှိတော့တဲ့အတွက် အခြေအနေက အတော့်ကို ဆိုးဝါးလာတာပေါ့။ တနေ့တော့ အလုပ်သမားခေါင်းဆောင် ကိုတောနွား ဦးဆောင်ပြီး အရေးပေါ် အစည်းအဝေး ခေါ်လိုက်ကြသတဲ့။
"ညီအကိုတော်တို့၊ ငါတို့ ဒီအတိုင်းနေလို့တော့ မဖြစ်တော့ဘူး။ တို့တိရိစ္ဆာန်တွေ မျိုးတုံးတော့မယ်။ ဒီတော့ ငါ့မှာ အကြံတခုရှိတယ်။ ငါတို့က အားနည်းသတ္တဝါတွေ ဖြစ်လို့သာ ခွေးမသား ကျားဆိုးကြီးက ငါတို့ကို နှိပ်စက်နေတာ။ ငါတို့သာ ကျားဆိုရင် သူ ဒီလိုနှိပ်စက်နိုင်ပါ့မလား။"
တောနွားက စကားကို ခဏဖြတ်ထားလိုက်တယ်။ တောသတ္တဝါလေးတွေဟာ တောနွားရဲ့လေကို မိသွားကြတယ်၊ ငြိမ်သက်သွားကြတယ်။ တောနွားက ဆက်ပြီး "ငါတို့ဟာ နွားမဟုတ်၊ လိပ်မဟုတ်၊ တကယ့်ကျားဖြစ်အောင် လုပ်ရမယ်။"
"တကယ့်ကျားဖြစ်အောင် လုပ်ရမယ်" ဆိုတဲ့စကားကို တောနွားက သုံးခါတိတိ ဆက်တိုက် ပြောလိုက်တဲ့အတွက် နားထောင်နေတဲ့ တောကောင်လေးတွေက ကြက်သီးတွေ ဘာတွေ ထသွားသတဲ့။ ခွေးအ တကောင်ဆိုရင် တောနွားရဲ့ စက္ကူကျားစီမံကိန်းသာ အောင်မြင်ရင် တိရစ္ဆာန်လေးတွေကို ခုတ်နိုင်မယ်၊ ဒါဆိုရင် အရိုးအရင်း စားရနိုင်တယ်လို့ ယူဆပြီး အူချင်သလို ဖြစ်လာတယ်။
တိရိစ္ဆာန်လေးတွေက "ဒီတော့ ဘာဆက်လုပ်မလဲ ဆရာကြီး" လို့ မေးလိုက်တဲ့အခါမှာ တောနွားက "ငါ့မှာ အကြံရှိတယ်။ ငါတို့ ကျားဆိုးကြီးထက်ကြီးတဲ့ စက္ကူကျားရုပ်တခု လုပ်ရမယ်။ ဒါပေမယ့် ဒီကျားက တကယ့်ကျားအတိုင်း ဖြစ်ရမယ်။ ကျားရဲ့ သဘာဝက သူ့ထက်မိုက်တဲ့ ကျားတကောင်ပေါ်လာရင် အမြီးကုတ် ထွက်ပြေးစမြဲပဲ။"
ဒါပေမယ့် ယုန်လေးတကောင်က "ကိုနွားကြီး၊ အရင်ကလည်း ကျနော်တို့ ကျားရုပ်တွေ လုပ်ခဲ့ဖူးတယ်။ ကျားရုပ်တွေ များလာတာပဲ အဖတ်တင်တယ်ဗျ။ ၁၉၈၈ တုန်းက ဦးခရု စင်ပြိုင်ကျားရုပ်တခု၊ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိင်ရတဲ့ လိပ်တွေနဲ့ ဖွတ်ကြီးဦးဆောင်ပြီး ကျားရုပ်တခု လုပ်ခဲ့သေးတယ်။ ကျားဆိုးကတောင် သေးနဲ့ပန်းသွား သေးတယ် မဟုတ်လား။"
မြက်စားနေတဲ့ တောင်ဆိတ်တကောင်ကလည်း "ဒရယ်တွေက ကျားဆိုးကြီး နှိပ်စက်နေတာ ဒီစားကျက်ကြီး ထဲမှာနေလို့ ဖြစ်ရတယ်လို့ ယူဆပြီး တလောကပဲ သီးခြားစားကျက်ခင်း နိုင်ငံတော်ဆိုပြီး ကြေညာတယ်။ ကျားရုပ်ကြီးတခုကို သူတို့လုပ်သေးတာပဲ။ ဒါပေမယ့် မထိရောက်ဘူး။ သူတို့ကျားအရုပ်က မိုးတွေရွာလိုက်လို့ ရေထဲမှာ ပျော်သွားတယ်ဗျ။"
ဖြူကောင်ကလည်း "ဟုတ်ပါရဲ့ဗျာ။ သူတို့က ကျားရုပ်တွေလုပ်ပြီး ကျားခြောက်ကြတော့ ကျုပ်တို့ကလည်း ကျားနဲ့ တူအောင်ဆိုပြီး ရိုသေပြ၊ အမြီးကုတ်ပြရတာပဲ။ ကျားဆိုးကိုလည်း ကြောက်ရ၊ ကျားတုကိုလည်း ရိုသေပြရ၊ အလုပ်က မတွင်လှဘူးဗျ။ ကျားရုပ်တခုတော့ ထပ်မလုပ်ပါနဲ့ဗျာ။ ရှစ်ကြီးခိုးပါရဲ့" လို့ ငိုမဲ့မဲ့ အသံနဲ့ တောင်းပန်တယ်။
ယုန်လေး၊ တောင်ဆိတ်နဲ့ ဖြူတို့က အလိုက်ကန်းဆိုးမသိ ဗိုလ်ပုံအလယ်မှာ ထောက်လိုက်တော့ တောနွားကြီးက ရှူးဆို ဒေါသထွက်သွားတယ်။ နှာခေါင်းက လေတွေကို ရှူးဆို တချက်မှုတ်လိုက်ရင်း "မင်းတို့ ပါးစပ်ပိတ် ထားစမ်း၊ ခွေးမသားတွေ။ ဘာနားလည်လို့လဲ။ ငါ့ကျားရုပ်စီမံကိန်းကို မကြိုက်ရင် မင်းမှာ ဘာအကြံရှိလဲ။ ကဲ၊ ခုပြော" လို့ တောနွားကဆိုတော့ ယုန်လည်း ပါးစပ်ပိတ်သွားတယ်။ တောင်ဆိတ်လည်း ဗျစ်တောက်ဗျစ်တောက်ပဲ လုပ်နိုင်တော့တယ်။ ဖြူက ကိုယ်ကို လုံးလိုက်တယ်။
ဒါပေမယ့် တောနွားရဲ့ ကျားရုပ်စီမံကိန်းကို ဒေါက်တာဖွတ်ကြားကလည်း အပြင်းအထန် ထပြီး ကန့်ကွက်တယ်။
"ဒီကိစ္စ ကျုပ်သဘောမတူနိုင်ဘူး။ ဒီမှာ ကိုတောနွား၊ ခြုံဖုတ်တခုတည်းမှာ ကြက်ဖနှစ်ကောင် မအောင်းသင့်ဘူး။ ကျားရုပ်တရုပ် ရှိပြီးသားကို နောက်ထပ်ကျားရုပ် ထပ်လုပ်တာ မဖြစ်သင့်ဘူး။"
သူကန့်ကွက်ရတဲ့ အကြောင်းက ကျားယောင်ဆောင်ထားရတဲ့ အရသာကို သူ သဘောခွေ့နေလို့ ဖြစ်တယ်။ ကျားဆိုးကြီးက ဖွတ်ကြား ကျားရုပ်ကို ဂရုမစိုက်ဘူး။ တောကောင်ငယ်လေးတွေကလည်း ဖွတ်ကြားကိုတွေ့ရင် အားနာပါနာနဲ့ "မစ္စတာ ကျားရုပ်ကြီးခင်ဗျား" လို့ အခေါ်ခံရတာကိုပဲ သူက သိပ်ကို သာယာနေတာကိုး။ ကျားသေးပန်း သွားတဲ့အတွက် ကျားသေးစော် နံနေတာကို သူ့ကိုယ်ကထွက်တဲ့ ကျားနံ့လို့ထင်ပြီး ပြုံးပြုံးနဲ့ ကျေနပ်နေသတဲ့။
ငယ်သူငယ်ချင်းတွေက ကိုဖွတ်ကြားလို့ တရင်းတနှီး ခေါ်ရင်တောင် သူက မကြိုက်ချင်တော့ဘူး။ ဖွတ်ကျား (ယပင့်နဲ့ ကျားထားတယ်) လို့ ခေါ်တဲ့သူကို သူက နေရာပေးတယ်။ သူ့ကျားရုပ်ကို ဖျက်ပြီး တောနွားက ကျားရုပ်အသစ်တခု လုပ်လာမှာကို စိုးရိမ်လာတယ်။
တောနွားက မျက်ဆန်ကြီး နီလာပြီး ဖွတ်ကြားကို စိုက်ကြည့်လိုက်တယ်။ ပြီးတော့ "ယူနိုးဟွိုင်း You know why?" (ဘာကြောင့်လဲ သိလား) လို့ ပြန်မေးတယ်။ သူ့အမေးကို သူ့ဖာသာ ဖြေလိုက်တယ်။ "ခင်ဗျားတို့ လုပ်ထားတဲ့ ကျားရုပ်တွေက ကျားနဲ့ မတူလို့ဗျ" လို့ ပြန်ဟောက်လိုက်တယ်။ ဆက်ပြီး "ငါလုပ်ပြမယ်။ တကယ်ကျားနဲ့ တူတဲ့ ကျားရုပ်။"
ဒါနဲ့ ဖွတ်ကြားလည်း ဘာမှပြန်မပြောနိုင်ဘူး ဖြစ်သွားတယ်။
တိရစ္ဆာန်လေးတွေက နောက်ထပ်ကျားရုပ်တခု ထပ်လုပ်ရမှာကို ချီတုံချတုံ ဖြစ်နေကြတယ်။ ကျားရုပ်တွေများပြီး တခုမှ အလုပ်မဖြစ်တာကို သိနေတယ်။ ဆုံးဖြတ်ချက်ချလို့ မရသေးလို့ အစည်းဝေးကို ခဏနားလိုက်တယ်။ သူများနားနေတဲ့ အချိန်မှာ တောနွားက မနားဘူး။ ကျန်တဲ့ တောသတ္တဝါလေးတွေကို လိုက်စည်းရုံးတော့သတဲ့။ သူ ကျားရုပ်လုပ်တဲ့အခါမှာ တိရစ္ဆာန်လေးတွေကို ကျားရေခြုံဖို့ အလှည့်ကျ တာဝန်ပေးမယ်ဆိုပြီး လက်သိပ်ထိုး စည်းရုံးတော့တယ်။ တိရစ္ဆာန်လေးတွေကလည်း ကျားရူးရူးနေတဲ့ကောင်တွေ ချည်းပဲဆိုတော့ ကျားရုပ်တခု ထပ်လုပ်မယ် ဆိုတာကို သဘောခွေ့နေကြသတဲ့။ တချို့ကောင်တွေဆိုရင် နောင်ဘဝမှာ ကျားဖြစ်ရပါစေလို့ တောထဲက ရသေ့ထံမှာ ဆုတောင်းကြတယ်။
တောနွားက သဘာပတိ တောဝက်ကြီးကို ကျားရေခြုံရမယ်လို့ မဲဆွယ်ထားတယ်။ "ဥက္ကဌကြီးခင်ဗျား၊ ခင်ဗျားနဲ့ ကျားရေလေးနဲ့ သိပ်လိုက်တာပဲ။ ကြက်သရေရှိတယ်။ ဒါမှ တခြားတိရစ္ဆာန်လေးတွေက ခင်ဗျားကို လေးစားမယ်"လို့ ပင့်ထားတယ်။ သဘာပတိကြီးလည်း အတော့ကို ပီတိဖြစ်တယ်။ ဒေါက်တာကိုရွှေလိပ်ဆိုရင် ကျားဖြစ်ချင်နေတာ ကြာပြီ။ ဖွတ်ကြားက သူ့ကို ချောင်ထိုးထားတယ်လို့ ခံစားနေရတယ်။ ဒါကိုသိတဲ့ တောနွားက "ခင်ဗျားလို အရည်အချင်းရှိတဲ့ လိပ်တကောင်ကို ဖွတ်ကြားက ကျားယောင်ဆောင်ဖို့ တာဝန်မပေးတာ ခင်ဗျားအတွက် ကျုပ်ရင်နာ တယ်" လို့ နှဲ့တယ်။ နှစ်ကိုယ်ကြားလေသံနဲ့ တောနွားက "ဒီမှာ ကိုလိပ်၊ ခင်ဗျား ကျားရေခြုံရစေမယ်။ ခင်ဗျား ကျုပ်ကို ထောက်ခံပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျားဆိုးကြီးက ဆိုးလွန်းလို့ပါ။ ကျုပ်လုပ်နေတာ ခင်ဗျားတို့ အတွက်ပါ" လို့ ပူပုံပန်းလှည့်ပြောတယ်။
သူက အိမ်ပြန်ရောက်တော့ သူမိန်းမ မရွှေလိပ်ပုကို ကြွားတယ်။ "မိန်းမရေ၊ ကိုတောနွားကြီးကလည်း ခက်တာပဲကွာ။ ခင်ဗျားအခွံက မာတယ်၊ သန်တယ်၊ ခင်ဗျား ကျားလုပ်မှ ဖြစ်တော့မယ်လို့ ကိုယ့်ကို မေတ္တာရပ်ခံနေတယ်။ မင်း ဘယ်လိုသဘောထားလဲ။"
မရွှေလိပ်ပုကလည်း "ဟုတ်လား၊ ဒါလင်။ ကျားဖြစ်ရင်တော့ ခင်လည်း ကျားမယား ဖြစ်ရပြီပေါ့။ ကိုယ့်ဖက် ကိုယ်ယက်နိုင်ပြီ" ဆိုပြီး အားရဝမ်းသာ ထောက်ခံလိုက်သတဲ့။
ပုတ်သင်ညိုကိုလည်း တောနွားက "အသင် ပုတ်သင်ညို၊ သင်က အရောင်ပြောင်းနိုင်တဲ့ အစွမ်းရှိတယ်။ ဘယ်သူမှ သင့်လို အရောင်ပြောင်းနိုင်စွမ်း မရှိဘူး။ ကျားအရောင်တိုင်း သင်ပြောင်းနိုင်မယ်လို့ ငါယုံကြည်တယ်။" သူက ဆက်ပြီး "သင့်ရဲ့မူရင်းအရောင်ကိုတောင် ကျုပ်မမှတ်တော့ဘူး" လို့မြှောက်ပေးလိုက်တဲ့အခါမှာ ပုတ်သင်ညိုဟာ သဘောအကျကြီး ကျနေတယ်။ ခေါင်းတငြိမ့်ငြိမ့်နဲ့ "ကျုပ်သဘောတူတယ်။ ကျုပ်သဘောတူတယ်" ဖြစ်သွားတာပေါ့။
တောနွားက တောကြောင်နဲ့ ချောင်းစပ်မှာတွေ့တယ်။ ပဋိသန္တာရစကားဆိုရင်း "နီတိဆရာတွေရဲ့အဆိုအရ ကျားဆရာက ကြောင်ကိုးဗျ။ အကြောင်းမညီညွတ်လို့ တညောင်ညောင်အော်နေရတာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့် တတောလုံး ပြေးကြည့်လို့မှ ကျားနဲ့တူတဲ့ အကောင်ကို ပြပါဆိုရင် ဘယ်မလဲ၊ ဘယ်သူကိုပြမလဲ။ ကိုရင်တော ကြောင်ကိုပဲ ပြရမှာပဲ။ ဒါကတော့ ကိုယ်လူကိုယ် တင်တယ်လို့ စွပ်စွဲလည်း ခံရမှာပဲ၊ ဟုတ်တာကိုဗျ။ ကျုပ်ရဲ့ မဟာစက္ကူကျား စီမံကိန်းမှာ ကျားသံလို အော်နိုင်တာ ကိုကြီးတောကြောင်ပဲ ရှိတာပဲ။ ဒီတာဝန်ကို ရဲရဲယူစမ်းပါ" လို့ မြှောက်ပင့်လိုက်တယ်။
ကျားသံနဲ့ တူတယ်လို့ မြှောက်လိုက်တဲ့အတွက် တောကြောင်ကလည်း သဘောခွေ့သွားတယ်။ "ခင်ဗျားတို့ တာဝန်ပေးတယ် ဆိုရင်တော့ အများကောင်းစားရေးအတွက်ပဲ ယူပါတယ်ဗျာ" ဖြစ်သွားတယ်။
ဒါနဲ့ အစည်းဝေး ပြန်စကြတယ်။ တောနွားက လိပ်နဲ့ ပုတ်သင်နဲ့ တောကြောင်ကို စည်းရုံးထားတဲ့အတွက် မဟာကျားရုပ် စီမံကိန်းကို အများစုက ထောက်ခံမဲ ရသွားတယ်။ သဘာပတိ တောဝက်ကြီးက ကျားရုပ်တခု လုပ်စေလို့ အတည်ပြုလိုက်တယ်။
ကျားရုပ်ကိုလုပ်ဖို့ တောနွားကိုပဲ တာဝန်ပေးလိုက်တယ်။ တောနွားလည်း ကျားရုပ်လုပ်တတ်တဲ့ လူတယောက်ကို ဘုရားပွဲဈေးက ရှာလာတယ်။ ဒီလူက ကျားရုပ်ကြီးကို လက်ခယူပြီး လုပ်ပေးလိုက်သတဲ့။
တောနွားလည်း ကျားရုပ်ကြီးကိုသယ်ပြီး စာကျက်ခင်းကြီးထဲကို ပြန်လာတယ်။ သူလုပ်လာတဲ့ ကျားရုပ်ကြီးကို တိရစ္ဆာန်လေးတွေရှေ့မှာ ပြလိုက်တယ်။ တိရစ္ဆာန်လောကတခုလုံး …
"ဟာ"
"အို"
"အလိုတော်"
"အလိုဗျာ"
ဆိုတဲ့ အာမေဋိတ်သံတွေလွမ်းသွားသတဲ့။ ကျားက တကယ်တူတယ်။ တချို့ဆိုရင် ထွက်ပြေးကြတယ်။ ကန့်ကွက်မိတဲ့ ယုန်က ထခုန်တယ်။ ဖွတ်ကြားက ယောင်ပြီး ခွေမိတယ်။
သဘာပတိ တောဝက်ကြီးက "ကျားအစစ်ထက်တောင် ကျားနဲ့တူတယ်" လို့ ချီးမွမ်းတယ်။ ဒီလိုဖြစ်နေတာတွေကို ကြည့်ပီး တောနွားကြီးက ပီတိဖြစ်နေသတဲ့။ တော်လှန်ရေးအောင်ပြီလို့ "ဖွတ်အဲ" လို့ တချက်တွန်လိုက်သတဲ့။ တောနွားကြီးက "ကဲ၊ ရဲဘော်တို့၊ မကြောက်ကြပါနဲ့။ ဒါက စက္ကူကျားပါ၊ ကျုပ် လုပ်ထားတာပါ။"
"ဟဲ့ကောင်၊ ဟိန်းဟောက်လိုက်စမ်း" လို့ အမိန့်ပေးပြလိုက်တယ်။ ကျားရုပ်ထဲမှာဝင်နေတဲ့ တောကြောင်က စပီကာကနေ ကျားသံလို တချက်ဟိန်းလိုက်တယ်။ တိရစ္ဆာန်တွေ အကုန်လုံး အမြီးမလှုပ်၊ နားရွက် မကုတ်ရဲဘူး ဖြစ်သွားတယ်၊ ငြိမ်ကျသွားတယ်။ ဉာဏ်မရှိတဲ့ တိရစ္ဆာန်လေးတွေက တောနွားကြီးကို လှိမ့်အထင်ကြီးသွားကြတော့ တာပေါ့။
"ကဲ၊ ရဲဘော်တို့၊ လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျားဆိုးကြီးကို နှိမ်နင်းတဲ့ တာဝန်ကို ကျုပ်ယူလိုက်ပြီ။ ကျုပ်ရယ်၊ ကိုလိပ်ရယ်၊ တောကြောင်ရယ်၊ ကျားရုပ်ထဲမှာ ဝင်ပြီး ကျားယောင်ဆောင်ပေးနေပါမယ်။ ကျားဆိုးကြီးကို ပြန်ချမယ်။"
တိရစ္ဆာန်လေးတွေလည်း ပြန်သွားကြတော့တယ်။ တောနွားတို့ အဖွဲ့လည်း ကျားရုပ်ကြီးထဲဝင်ပြီး စားကျက် အလယ်ကောင်မှာ ကျားဆိုးကြီး အလာကို စောင့်နေကြတယ်။
ဒီအချိန်မှာ ကျားဆိုးကြီးက ဗိုက်ဆာလာတဲ့အတွက် တောလည်ဖို့အတွက် စားကျက်လွင်ပြင်ထဲကို ရောက်လာတယ်။ စားကျက်ထဲက အရုပ်ကျားကို တွေ့သွားတယ်။ ရုတ်တရက် လန့်သွားသတဲ့။ ကျားနဲ့ သိပ်တူနေတာကိုး။ ကျားကြီးက အနီးနားကို မသိမသာနဲ့ ကပ်သွားတော့၊ ကျားရုပ်ကြီးထဲက တောနွား၊ လိပ်နဲ့ တောကြောင်တို့ဟာ ကျားသံမျိုးစုံ လုပ်ကြတာပေါ့။
ဒါပေမယ့် ကျားဆိုးကြီးက မပြေးဘဲ ရစ်သီရစ်သီ လုပ်နေသတဲ့။ ကျားမလို့ ထင်နေတယ်။ ဖီလင်တွေ တက်လာသတဲ့။ နောက်တော့ စိတ်မထိန်းနိုင်တော့ဘဲ ကျားဆိုးကြီးက ကျားရုပ်ကြီးပေါ် ခုန်တက်လိုက်ပြီး အချစ်နလန်ထတော့တာပဲ။
တောနွား၊ လိပ်နဲ့ တောကြောင်တို့လည်း သံပြိုင်အော်ကြတယ်။ သူတို့အော်လေ ကျားဆိုးကြီးက ဖီလင်တက်လေပဲတဲ့။
ကျားဆိုးကြီးကလည်း ဖွန်မကြောင်ရတာကြာတော့ အမေရိကန် အာကာသယာဉ်မှူးမ လီဆာနိုးဝပ်လို စိတ်တွေ ထခင်ျတိုင်း ထနေတော့တာပေါ့။
"ခင်ကလည်းကွာ၊ ကိုကိုကျားက အတည်ယူမှာပါ" လို့ ပတ်ချွဲနှပ်ချွဲ လုပ်လိုလုပ်၊ "ကောင်မ၊ သေနာမ၊ ငါလုပ်လိုက်ရ" ပုဏ္ဏက တိုက်လိုတိုက်၊ "ကိုကိုကျားတော့ ညီမကို စွဲပြီကွာ" လို့ ပလီစိခြောက်ချက် ဆိုလိုဆို၊ "မသာမ၊ နင် ငါ့အလို မလိုက်ရင်တော့ ဂုတ်ကိုခဲပြီး ခြေခွင်ရိုက်လှဲလိုက်မှာနော်" ပြောပြီး ဖနောင့်နဲ့ ပေါက်လိုပေါက်။ ဒီလိုနဲ့ ချော့တခါ ခြောက်တလှည့်နဲ့ နသားပါယား လုပ်တော့တယ်။
တောနွားကြီးတို့ အဖွဲ့လည်း ကျားဆိုးက မပြေးတဲ့အပြင် ဖွန်ကြောင်တာကိုပါ အဆစ်ခံနေရတယ်။ ငြင်းနေရင် ကျားဆိုးကြီး ရိပ်မိပြီး ကျားစာဖြစ်မှာ စိုးတာနဲ့ ကျားဆိုးကြီး ပြုသမျှကို သူတို့ငြိမ်ခံပေးနေရလေတော့သတည်း။
----------------------------------------------------------------
ကလေးတို့ရေ၊ အိမ်မှာ လူကြီးတွေမရှိတုန်း တယောက်ယောက်က
ကျားယောင်ဆောင်ဖို့ လာခေါ်ရင်တော့ မလိုက်သွားကြနဲ့နော်။
နေ့ကောင်းရက်သာ ဖြစ်ကြပါစေကွယ်။
Have a nice day!
သကြားမင်းကြီး