သိပ်စိတ်ဆိုးရတယ်
Tuesday, September 22, 2009
ဘယ်လိုလုပ်လိုက်တာလဲ...သိပ်စိတ်ဆိုးရတယ်...
အင်မတန်မှရိုးသားကြိုးစားတဲ.လုပ်ငန်းရှင်တစ်ယောက်ကသူအလိုရှိတိုင်းအခမဲ.၊ခွင်.ပြုချက်
တောင်းခံယူခြင်းမရှိပဲယူငင်သုံးစွဲနေတဲ.၀က်ဘ်ဆိုဒ်တစ်ခုဖျက်သိမ်း၊ပြောင်းရွှေ.သွားလို.စိတ်
ဆိုးမာန်ဆိုးနဲ.စာရေးလိုက်တာပါ...
ဖတ်ရှုပြီးပျော်ရွှင်ရယ်မောနိုင်ပါစေ....
မကြေနပ်ဘူး...လုံးဝမကြေနပ်ဘူး....
ဖုံး...ဆက်လိုက်ရမလား...ဆိုတဲ.သီချင်းလေးသတိရစရာပါပဲနော်....
ဒီ copy ၊ paste  ကိစ္စက ယခင်ကလည်းမြန်မာဘလော့ ဂ် လောကမှာဂယက်ရိုက်ခဲ့ ဖူးပါတယ်...
ကျွန်တော့ ဘလော့ ဂ်တွင်ဖော်ပြထားသောသတင်းများ၊ဓါတ်ပုံများသည်လည်းထိုထိုအင်တာနက်
စာမျက်နှာများကိုလိုက်လံဖတ်ရှုရာမှတွေ့ ရှိဖတ်မိသည်များကိုမိမိတစ်ဦးတည်းကြိတ်ဖတ်နေမည့် 
အစား...ကိုယ့် လိုအထူးအဆန်းလေးတွေကိုမှသိချင်သူ...ဗဟုသုတလိုလားသည့် လူကြီး၊လူငယ်များ
အားလည်းသိစေလိုသည့် အတွက်၎င်း၊တစ်ဆက်တည်းအင်္ဂလိပ်စာအရည်အသွေးဗဟုသုတပါတိုးပွား
စေရန်မူရင်းသတင်းများကိုပါထည့် သွင်းခဲ့ ပါတယ်...ကျွန်တော်ကိုယ်တိုင်လည်းအင်္ဂလိပ်စာဘာသာ
စကားကိုကျွမ်းကျင်သူတစ်ယောက်မဟုတ်သည့် အတွက်မိမိဘာသာပြန်ထားသောအကြောင်းအရာ
ချွတ်ချော်လွဲမှားခဲ့ ပါကတတ်သိနားလည်သူများသိရှိနိုင်ရန်၊ကျွန်တော့ အားသတိပေးပြောဆိုလမ်း
ညွှန်နိုင်ရန်လည်းရည်ရွယ်၍မူရင်းသတင်းများပါအင်္ဂလိပ်လိုထည့် သွင်းထားခြင်းဖြစ်ပါတယ်....
တစ်စုံတစ်ရာဘာသာပြန်အမှားအယွင်းများပါရှိပါကထောက်ပြ၊ပြောပြစေလိုပါတယ်...
တစ်ချို့ သံသယရှိသည့် သူများအတွက်လည်းကျွန်တော်ကိုယ်တိုင်ဖန်တီးထားသောအချက်အလက်
မဟုတ်ကြောင်း...
မည်သည့် သတင်းဌာန၊၀က်ဘ်ဆိုဒ်ကရကြောင်းအထောက်အထားပြလိုခြင်းလဲပါဝင်သည့် အတွက်မူရင်း
သတင်းရရာအင်တာနက်စာမျက်နှာအညွန်းများကိုပါပို့ စ်များအောက်ခြေတွင်တတ်နိုင်သလောက်ထည့် 
ပေးထားပါသည်...
မိမိရည်ရွယ်သည်ကလည်းအင်တာနက်သုံးစွဲသူမြန်မာလူငယ်လူလတ်များ ( အထူးသဖြင့် ပြည်တွင်းက)
အားဗဟုသုတရရန်ဖြစ်သည့် အတွက်ကျွန်တော်ဘာသာပြန်ထားသည်များကိုလည်းအလိုဆန္ဒရှိသလို
စီးပွားရေး အတွက်မှလွဲ၍ ( ငွေရေးကြေးရေးကိစ္စများမှလွဲ၍ ) အသုံးပြုနိုင်ပါသည်...
များများကူးယူဖော်ပြလေ...ကိုယ်ရည်ရွယ်ချက်အောင်မြင်လေပင်မဟုတ်ပါလော...
ဒါမှလူတွေပိုသိမည်လေ...
ငွေစက္ကအဟောင်းအနွမ်းများတွင်ရောဂါပိုးများပါသောပို့ စ်ဆိုလျှင်ကျွန်တော်စင်္ကာပူတွင်ရှိနေစဉ်ဖတ်မိ
သော Strait Times မှမူရင်းအင်္ဂလိပ်လိုသတင်းကိုသတင်းစာမှဖြတ်တောက်သိမ်းဆည်းထားခဲ့ ၍ဘာ
သာပြန်နှင့် မူရင်းတွဲတင်နိုင်ခဲ့ သည်....ထိုစဉ်ကယခုလိုအင်တာနက်တွင် Strait Times မှသတင်းမတင်
ယူပြီး forward mail များအဖြစ်ပို့ ကြသည်....
ကျွန်တော်ဝမ်းသာရပါသည်...ကိုယ်ရည်ရွယ်သည်ကလည်းပြည်သူအများထိုရောဂါပိုးမွှားများအန္တရယ်ကို
သတိပြုသိရှိစေ၇န်မဟုတ်ပါလော....ကြံကြံဖန်ဖန် ထိုပို့ စ်ရေးသူကျွန်တော့် ထံသို့ ပင် forward mail
ဖြင့် ထိုဆောင်းပါးရောက်လာသေးသည်....
မိမိကိုယ်တိုင်ကသူများဝက်ဘ်ဆိုဒ်များမှကူးယူဘာသာပြန်ထားခြင်းဖြစ်၍ကိုယ့် ဆီကကူးယူဖော်ပြချင်သူ
များကိုလည်းကူယူဖော်ပြနိုင်စရပါမည်...မည်သည့် ဝက်ဘ်ဆိုဒ်၊ဘလော့ ဂ်မှလည်းကူးမရအောင်လုပ်ထား
သည်ကိုမတွေ့ ရပါ...တစ်ချို့ ရှိကောင်းရှိမည်ဖြစ်သော်လည်းမတွေ့ ဖူးပါ....
ဖော်ပြပြီးခရက်ဒစ်ပေးလျှင်ဝမ်းသာရပါမည်...မပေးလျှင်လည်းသူတို့ မသိ၍သာမပေး
ကြောင်းဟုနားလည်ခွင့် လွှတ်ရပါမည်....ဆက်တိုက်ကြီးတင်လျှင်တော့ အသိပေးနိုင်ပါသေးသည်မဟုတ်
ပါလော....
ကျွန်တော်ကိုယ်တိုင်ပင်ဘလော့ ဂ်စတင်ရေးသားစဉ်ကဖတ်မိကြိုက်မိတဲ့ မြန်မာဘလော့ ဂ်များကပို့ စ်များ
ပြန်လည်တင်ခဲ့ ဖူးလေသည်...တစ်ချို့ ခွင့် တောင်း၍၊တစ်ချို့ တော့ ခွင့် မတောင်းနိုင်ခဲ့ ....သို့ သော်မူရင်း
ရေးသူများနှင့် ဘလော့ ဂ်အမည်များကိုတော့ ဖော်ပြခဲ့ သည်သာ...
အတိုချူပ်ရသော်....ဗဟုသုတအလို့ ငှာပြန်လည်တင်ပြလိုသူများဆန္ဒရှိသလိုဖြန့် ဝေနိုင်ပါတယ်...
အားလုံးပျော်ပျော်ပါးပါးပေါ့ ....
7 comments:
khin oo may said...
ပြုံးသွားတယ်
:P said...
:)
အသိလေးတော့ပေးသင့်တာပေါ့ :D
zarni said...
This comment has been removed by the author.
စိမ်း... said...
သြော် ကြောက်နေရပါလားနော်...
မဆုမွန် said...
ဒုက္ခ တစ်မျိုးကြီးပါလားနော် သူ့က ကိုယ့်ဆီကလည်း သုံးသေးတယ် သူကပဲ ပြန် ရန်တွေကနေတယ် လွတ်နေလား မသိဘူးနော် ဟဟဟဟ
ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုမှီနေတဲ့ သူရှိတယ်ဆိုတာ သိရတော့ ဂုဏ်ယူလိုက်နော်
ဖြစ်တတ်ပါတယ် ရယ်စရာလို့သဘောထားနိုင်တာကိုက လေးစားသွားတယ်
kiki said...
မှန်လိုက်လေ ကိုပီတာရေ ..
လူအများသိစေချင်လို့  အပင်ပန်းခံ ရေးထားပြီး ဝေမျှတင်ပြထားတာဘဲလေ ။
တဆင့် ကော်ပီ လုပ်ဖြန့်ပေးတယ် ဆိုတာ ဝမ်းသာစရာပါဘဲ ..
ကိုယ်တိုင်ရေးထားတာလေးကို အသိမှတ်ပြုတဲ့ သဘောလောက်လေး ။ လေးစားတဲ့ သဘောလေး အနေနဲ့တော့ နဂို မူရင်း ရေးသူကို တွဲလျှက် ဖေါ်ပြပေးဖို့ သင့်ပါတယ် ။
Unknown said...
Thank you, brother!