Showing posts with label article : dhamma. Show all posts
Showing posts with label article : dhamma. Show all posts
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ မှ မဟာမြိုင်ဆ၇ာတော်ဦးဇောတိကရဲ့ တရားပွဲ...
Thursday, January 21, 2010
မဟာမြိုင်ဆရာတော်ဦးဇောတိက ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ဟောကြားတဲ့ တရားပွဲကို ဗန်ကောက်
မြို့ မှာရှိတဲ့  ဗုဒ္ဓဂယာခန်းမ မှာပြုလုပ်ခဲ့ ပါတယ်...
ဆရာတော်က အင်္ဂလိပ်ဘာသာနဲ့ ဟောတာကို ထိုင်းအမျိုးသမီးတစ်ဦးက ထိုင်းဘာသာကို
တိုက်ရိုက်ပြန်ဆိုပေးပါတယ်...
အယုဒ္ဓယ တက္ကသိုလ်ရောက်မြန်မာရဟန်းတော်များနှင့် ဆရာတော်ဦးဇောတိက....
အကယ်၍သာ....
Thursday, October 29, 2009
ကဲ မနှင်းရေ....
     တက်ဂ်ထားတဲ့ ပို့ လေးဖြေပါပြီ...အကယ်၍သာကမ္ဘာများပျက်ခဲ့ ယင်တဲ့ ...
     ကိုယ်ရည်သွေးသလိုလည်းဖြစ်မှာစိုးရသေးတယ်ဗျာ...
     ရေးဆိုတော့ လည်းရေးပြီပေါ့ ....
၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့် ကိုယ်ကို ၊ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေကို၊မိသားစုကို...
စတဲ့ စွဲလမ်းနိုင်တာတွေအားလုံးကို မစွဲလမ်းမိအောင်သတိပေးနိုင်မယ့် ကျွန်တော်ကြည်ညိုတဲ့ 
ဆရာတော်ဘုရားကြီးတွေ၊ ( အများကြီးမဟုတ်ပါ...တစ်ပါးဆိုယင်တောင်လုံလောက်ပါပြီ....)
ပြီးတော့ ကျွန်တော်နဲ့ စိတ်သဘောအယူချင်းတူမျှတဲ့ ဓမ္မမိတ်ဆွေတစ်ယောက်နှစ်ယောက်ဆို
ယင်လည်းလုံလောက်ပါပြီ...
ကျန်တာတော့ စွဲလမ်းနိုင်တဲ့ အရာ၊လူပုဂ္ဂိုလ်၊ မည်သူတစ်ဦးတစ်ယောက်မျှ အနားမှာရှိမနေစေ
ချင်ပါ...ရှိနေခဲ့ မယ်ဆိုယင်လည်းတိုးတိုးတိတ်တိတ်နဲ့ ပဲရှိနေစေချင်ပါတယ်...။
၂။ဘာတွေခံစားနေရမလဲ..
ကျန်းမာရေးကောင်းနေမယ်ဆိုယင်တော့ ဘာကိုမှ အထူးအထွေ ခံစားနေရမယ် မထင်ဘူး...
သေခြင်းသဘောကိုတွေးတောဆင်ခြင်နေမိမလားပဲ...ဒါမှမဟုတ် ဖြစ်ပေါ်နေတဲ့ သဘာဝ
တရားတွေကို အရှိအတိုင်းပဲ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကပ်ပြီးသိနေချင်တယ်...။
၃။ ဘာတွေပြင်ဆင်ထားမလဲ
ကိုယ့် ဘ၀ရဲ့ နောက်ဆုံးအချိန်ကို ကိုယ်ပြုခဲ့ တဲ့ ဒါန၊သီလကောင်းမှုတွေကိုနှလုံးသွင်းပြီးနေစေ
မလား၊ သတိပဌာန် ဘာဝနာနဲ့ ပဲ သတိကပ်ပြီးနေမလား ဆိုတာကတော့  အဲဒီအချိန်မရောက်
ခင်အထိ ကြိမ်ဖန်များစွာကိုယ်ပြုခဲ့ တဲ့  အလုပ်က စကားပြောမှာပါ...အခုအထိတော့ ဒါန၊သီလ
ပြုတာက ပိုများနေပါသေးတယ်...
အမြတ်ဆုံးပန်းတိုင် အတွက်ကတော့ သတိဦးစီးတဲ့ စိတ်အာရုံစူးစိုက်မှု အလေ့ အကျင့် တရား
ဆိုတာသဘောပေါက်ထားပေမယ့်  အချိန်ပေးပြီးမလုပ်ဖြစ်သေးပါ...မလုပ်နိုင်သေးပါ...
လုပ်နိုင်အောင်တော့ ကြိုးစားရပါဦးမည်...
၎။ ၀မ်းနည်းမိမှာက
အဲဒီအချိန်အထိ လားရာဂတိမြဲတဲ့ အဖြစ်၊ ကျင့် ကြံအားထုတ်နိုင်သောခေတ်မှာ လူဖြစ်ခဲ့ လျှက်နဲ့ 
မကြိုးစား၊မကျင့် ကြံ၊အားမထုတ်ခဲ့ ရတာကိုပေါ့ ....ဒါကလောကုတ္တရာအပိုင်း...
လောကီပိုင်းကတော့ ဝမ်းနည်းစရာသိပ်ရှိမယ်မထင်ပါ...
အားလုံးဟာအချိန်တန်လျှင် ဒီလမ်းသွားရမှာမို့ ထူးပြီးတော့  တော့ ဝမ်းနည်းမိမယ်မထင်...
ဒါမှမဟုတ်....သံယောဇဉ်အားလုံးကိုဖြတ်တောက်နိုင်သေးသူ မဟုတ်ခဲ့ ယင်တော့ ဝမ်းနည်းပူ
ဆွေးဖြစ်မိဦးမှာပင်....
၅။ကြောက်လန့်မိတာက..
ရဟန္တာနဲ့ အနာဂမ်မဖြစ်သရွေ့ ကြောက်လန့် တတ်သေးတယ်ဆိုတော့  ကိုယ်လည်းကြောက်လန့် 
နေမိဦးမှာပါ....တရားနှလုံးမသွင်းနေခဲ့ ယင်ပေါ့ ....
၆။ကိုယ်နဲ့ အတူဆောင်ထားချင်တာ....ရှိနေချင်တာ...
ကိုယ့် ပတ်ဝန်းကျင်နဲ့  ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့ အရာအားလုံးကို သတိလေးနဲ့ သိနေနိုင်တဲ့ စိတ်
အလေ့ အကျင့် လေးပါ...ဖြစ်နိုင်ယင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဓမ္မစာအုပ်အချို့ နဲ့ 
ဖားအောက်တောရ ဆရာတော်ဘုရားကြီးရဲ့ တရားတော် အသံတော်တစ်ချို့ လည်းနောက်ဆုံးအ
ချိန်မှာ ဖတ်ရှု နာယူချင်ပါသေးတယ်...
၇။ဘာတွေများရေးမိလေမလဲ..
ဘာမှမရေးချင်ပါ...အဲဒီအတွက်ကိုလည်းစိတ်မရောက်စေချင်ပါ....
ဂ။တွေးမိတွေးရာ အတွေး
သတိမရှိတဲ့ အချိန်မှာတော့ တွေးမိတွေးရာတွေနေမိမှာပါပဲ... ကိုယ်ကချစ်တဲ့ သူ...ကိုယ့် ကိုချစ်
တဲ့သူ...ကိုယ်ပြုထားခဲ့ တဲ့ ကောင်းမှု၊မကောင်းမှုများ...အို...စုံလို့ စုံလို့ ... တွေးမိနေမှာကတော့ အများကြီးပါပဲ...ဒါပေမယ့် အဲဒီအတွေးတွေကိုဖြတ်ပြစ်ရမယ်.....ပစ္စုပ္ပန်အခိုက်လေးကိုပဲစိတ်ရှိနေ
အောင်ကြိုးစားရမယ်....
၉။ဂုဏ်ယူချင်တာက
ကျေးဇူးရှင်မိခင်ကြီးစိတ်ချမ်းသာအောင် အများကြီးမဟုတ်တောင် အတိုင်းအတာတစ်ခုအထိ
ပြုစုလုပ်ကျွေးနိုင်ခဲ့ ပြီ...( သူကကိုယ့် ကိုပြုစုလုပ်ကျွေးလာတာကနှစ်တွေအများကြီးလေ...)
မိခင်ကြီးအတွက် အနှိုင်းမဲ့ ကျေးဇူးဆပ်ခြင်းအားဖြင့်  သတိပဌာန် ၀ိပဿနာတရားများ ပွား
များအားထုတ်နိုင်အောင် တိုက်တွန်းအားပေး၊ ပို့ ဆောင်ကုသိုပြုနိုင်ခဲ့ ပြီ...
မိခင်ကြီးကိုယ်တိုင်ရဟန်းအမ ဖြစ်အောင်မိမိ ကိုယ်တိုင်ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ ပေး
ပြီးပြီ...
အနှိုင်းမဲ့ သာသနာတော်အတွက် အများကြီးမဟုတ်တောင် တစ်စုံတစ်ရာ ပွားများကျင့် ကြံ
အားထုတ်ကြိုးပမ်းခဲ့ ပြီ...ဒါန၊သီလ၊ဘာဝနာ....
အမြတ်ဆုံးသော အနှိုင်းမဲ့ ဓမ္မအလှူ ၊ လူမှုရေးအကူ...လူတစ်ဦးချင်းစီမှ၊ လူသားများစွာအ
တွက် ....
ကျွန်တော့် အသက်အရွယ်နှင့် စာလျှင်....အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်ဖွယ်ရာ
ကောင်းမှုများပြုခဲ့ ပေပြီ....
သာသနာရေး၊ဘာသာရေး၊လောကီလောကုတ္တ နှစ်ဖြာသော ဗဟုသုတများစွာ သိမြင်ပြန့် 
ပွားအောင်ကြိုးစားခဲ့ ပြီ....
စသည်...စသည်....
သေချာတာကတော့  ကျွန်တော်ဟာကမ္ဘာမြေကြီးအတွက် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်မနေခဲ့ 
တာပါပဲ...
၁၀။ရှာကြံဖြေသိမ့်မိတာက
သာသနာတော်ထွန်းကားတဲ့ ခေတ်နဲ့ တွေ့ ခဲ့ ရတယ်...အကျင့် သီလ၊ ပညာဥာဏ်တွေနဲ့ 
ပြည့် စုံတဲ့ ဆရာတော်ဘုရားကြီးတွေကို ဖူးတွေ့ ဆည်းကပ်ခဲ့ ရတယ်...( ဆရာတော်ဘုရား
ကြီးများကို ကိုယ်တိုင်ရော) ဓမ္မစာပေ၊ တရားအသံတော်များနှင့် ပါ ကြည်ညိုဆည်းကပ်နိုင်ခဲ့
တယ်...
မကောင်းမှုတွေပြုခဲ့ တာရှိပေမယ့် လည်း ငရဲကိုတိုက်ရိုက်၊သေချာပေါက်သွားနိုင်တဲ့  ပဉ္စာ
နန္ဒိယ ကံ ( အမိ၊အဖ သတ်တဲ့ ကံ ၊ မြတ်စွာဘုရားကိုသွေးစိမ်းတည်စေတဲ့ ကံ ၊ သံဃာ သင်း
ခွဲတဲ့ ကံ ၊  နိယတမိစ္ဆာဒိဌိ ယူတဲ့ ကံ ) တွေ မှလွတ် တဲ့ အတွက် အင်မတန်မှဆိုးဝါးတဲ့ ဘဝ
ကိုမရောက်နိုင်ဘူးလို့  ယုံကြည်ဖြေသိမ့် နိုင်တယ်...
အဲဒီအတွက် အနေမြတ်ခဲ့ တယ်...
၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်ကနေ စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့ 
တယ်၊ အစမထင်လည်ပတ်နေတဲ့ သံသရာဝဋ်ဆင်းရဲမှ ကင်းရာကင်းကြောင်းလမ်းစကောင်း
ကို စတင်ခြေလှမ်း ခဲ့ ရပြီ....
ကံလမ်းပေါ်လျှောက်လူတစ်ယောက် အဖြစ်မှသည် ဥာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်
အဖြစ်သို့ ရောက်ရှိခဲ့ ရပြီ...
ဒီထက်ဝမ်းသာစရာ ကား.....
မရှိနိုင်တော့ ပြီ....
ကြွားဝါလိုခြင်းအလျင်းမရှိပါပြီ.....
ရေးဆိုလို့ ရေးလိုက်ရပါပြီ....
အမြင်မတော်အမှားအယွင်းများရှိခဲ့ ယင်ခွင့် လွှတ်စေလိုပါတယ်...
ရွှင်လန်းချမ်းမြေ့ တရားတွေ့ ကြပါစေသော်ဝ်....
ဒူဘိုင်းရောက်ဓမ္မစေတီဆရာတော်၏တရားဓမ္မသဘင်....
Friday, October 16, 2009
ဒူဘိုင်းရောက်ဓမ္မစေတီဆရာတော်၏တရားဓမ္မသဘင်....
တရားပွဲသို့ ဆရာတော်ကြွရောက်တော်မူလာစဉ်....
ယနေ့  ၁၀.၀၉.၂၀၀၉ ခုနှစ်၊စနေနေ့ ညနေတွင် ယူအေအီးနိုင်ငံ၊ဒူဘိုင်းမြို့ ၊ Le Meridian Staff
Accomodation ကစားကွင်းပြင်တွင်ကျင်းပပြုလုပ်သော ဒူဘိုင်းတွင်ခေတ္တကြွရောက်သီတင်းသုံး
နေသောဓမ္မစေတီဆရာတော်ဘဒ္ဒန္တကောသလ္လ၏ဓမ္မသဘင်သို့ သွားရောက်၍တရားတော်များ
နာကြားကာဓမ္မဿဝနကုသိုလ်ယူဖြစ်ခဲ့ လေသည်....
အမှန်တော့ ဆရာတော်အားဆွမ်းကပ်ရာ Oasis Village New Accomodation သို့ ပင်နံနက်
၁၁  နာရီလောက်ကပင်ကြိုတင်ရောက်ရှိနေခဲ့ ပြီးဆရာတော်အားပင်နေ့ ဆွမ်းကပ်သည် ကိုဝိုင်း
ဝန်းကူညီဆက်ကပ်ကုသိုလ်ယူခဲ့ ရပေသည်...
ထိုမှဆရာတော်တရားပွဲကျင်းပမည့် အဆောင်ကွင်းပြင်သို့ သွားရောက်ကာ ဓမ္မသဘင်အတွက်
အလှဆင်ခြင်းကိုလုပ်အားပေးဖြစ်ခဲ့ သည်...
ကျယ်ဝန်းသောကွက်လပ်တွင် ဒူဘိုင်းရောက်သာသနာ့ ရောင်ခြည်အဖွဲ့ ဝင်လူငယ်များ၏အား
ကြိုးမာန်တက်ဖြင့် ဓမ္မသဘင်အတွက်ကြိုတင်ပြင်ဆင်နေကြသည်မှာ ကြည်နူးအားတက်ဖွယ်
ပင်...
ယခုတရားပွဲကျင်းပမည့် နေရာသည် ယခင်တရားပွဲများပြုလုပ်နေကျ ဒူဘိုင်း သီရိလင်္ကာ
ကောင်စစ်ဝန်၏အိမ်ခြံနေရာထက်ပိုမိုကျယ်ဝန်းသည်မို့  တရားနာပရိတ်သတ်များပို၍ဆန့် 
သည့် အပြင် အုတ်တံတိုင်းကာရံထားသောကစားကွင်းပြင်ဖြစ်သည့် အတွက်တရားနာသူများ
လည်းပိုမိုအေးချမ်းလွတ်လပ်စွာနာယူနိုင်ခဲ့ ကြပေသည်...
ကိုပီတာတို့ လည်းနေ့ လည်ပိုင်းမှစတင်ပြီးအခန်းအနားအတွက်ပြင်ဆင်ခြင်းများကိုကူညီကု
သိုလ်ယူပြီးနောက် ညနေပိုင်းတွင် အဆိုပါဝန်းအတွင်းမှအမည်မသိရွှေမြန်မာတစ်ဦး၏အ
ဆောင်သို့ ကူညီလုပ်ကိုင်သူများနှင့် လိုက်ပါကာ ကိုယ်လက်ဆေးကြောသန့် စင်ပြီး ညနေစာ
ထမင်းပါသွားရောက်စားသောက်ခဲ့ လေသည်...
LeMeridian အဆောင်မှမြန်မာဝန်ထမ်းများ၏သဒ္ဓါတရားကား အံ့ သြချီးမွမ်းလောက်ပေသည်....
သူတို့ နှင့် သိသူများရောမသိသူများပါ လှိုက်လှဲပျူငှာစွာဧည့် ဝတ်ကျေကြသည်မှာရွှေပြည်ကြီး
၏ကျေးလက်တောနယ်သို့  ပြန်ရောက်နေသလားဟုပင်ထင်ရသည်....ကျေးဇူးတင်၊သာဓုခေါ်
မိပါတယ် အမည်မသိရွှေဆရာတို့ ရေ...
သူတို့ မှာလည်းလာရောက်လည်ပတ်သူများကို ထမင်းကျွေးဧည့် ခံနေကြရသည်မို့ မည်သူမည်
ဝါဟုပင်နာမည်မေး၊မိတ်မဆက်အားပေ....
ညနေရှစ်နာရီတွင်ဆရာတော်ကြွရောက်လာပြီး တရားစတင်ဟောပါသည်....ဓမ္မသဘင်ရှေ့ ကွက်
လပ်အပြည့် အင်တိုက်အားတိုက်လာရောက်တရားနာယူကြသော ရွှေမြန်မာများကားများပြားလွန်း
လှသဖြင့် ဒူဘိုင်းတွင်ပြုလုပ်ခဲ့ သောတရားပွဲများတွင် ဤဓမ္မစေတီတရားပွဲကားတရားနာပရိတ်သတ်
အများဆုံးဖြင့် စံချိန်တင်သွားခဲ့ ပေသည်...လာရောက်ကြသည့် ရွှေမြန်မာများကားဒူဘိုင်းမြို့ အနှံ့ 
တွင်နေထိုင်လုပ်ကိုင်သူများတင်မကပဲ ယူအေအီးမြို့ တော်အဘူဒါဘီကပင်စီစဉ်ထားသောဘတ်စ်
ကားဖြင့် ပင်ရာရောက်တရားနာခဲ့ ကြရာဒူဘိုင်းရောက်(အဘူဒါဘီအပါအ၀င်)ရွှေမြန်မာများ၏ဘာ
သာအပေါ်ထားရှိသောစိတ်ဓါတ်နှင့် စည်းလုံးညီညွတ်မှုကို ဆရာတော်ပင်ထုတ်ဖော်ချီးကျူးခဲ့ ပေ
သည်....
ဆရာတော်ရောက်ခဲ့ ၊ဟောခဲ့ သောထိုင်ဝမ်၊ဟောင်ကောင်၊မလေး၊စင်ကာပူ၊သြစတေးလျ၊အမေ
ရိကန် စသည့် နိုင်ငံတကာတရားဟောပြောပွဲများတွင် ဒူဘိုင်းတရားပွဲကားပရိတ်သတ်အများဆုံး
ဟုဆ၇ာတော်အသိအမှတ်ပြုမိန့် ကြားခဲ့ ၇လောက်အောင်ဒူဘိုင်းရွှေမြန်မာများ၏ဘာသာရေး
စိတ်ဓါတ်ကားချီးကျူးအတုယူအားရစရာကောင်းလှပါသည်...
လောက၊သိပ္ပ၊ဓမ္မရေးရာဘက်စုံကျွမ်းကျင်နှံ့ စပ်ဗဟုသုတကြွယ်ဝသော ဆရာတော်၏တရား
တော်ကားဟောပြောရာတွင်ပရိတ်သတ်၏စရိုက်နှင့် အကြိုက်ကိုလိုက်ပြီးကျွမ်းကျင်စွာဟော
ပြောမှုတို့ ကြောင် ညဆယ်နာရီခွဲသည့် တိုင်အောင်နာ၍မငြီးနိုင်အောင်ရှိလှပေသည်....
ခေတ်လူငယ်လူငယ်များထေရ၀ါဒ လမ်းကြောင်းပေါ်မှသွေဖီမသွားစေရန်...ဗုဒ္ဓဘာသာ၏
သိပ္ပံပညာအချက်အလက်များနှင့် ကြောင်းကျိုးကိုက်ညီပုံများ၊မြတ်ဗုဒ္ဓ၏အမျိုးသမီးများအပေါ်
အဆင့် အတန်းမခွဲခြားပဲလူ့ အခွင့် အရေးအပြည့် အသိအမှတ်ပြု၊ကာကွယ်ပေးခဲ့  ပုံများကို
အကြောင်းအချက်အလက် ဝေေ၀ဆာဆာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ဟောကြားသွားခဲ့ ပါသည်...
ဘက်စုံဗဟုသုတပြည့် စုံကာ တရားဟောအတတ်ပညာပါကျွမ်းကျင်သောဆရာတော်ဖြစ်ရ
ကား တရားနာသူများမပျင်းမရိ၊မငိုက်မျည်းစေရန် ရယ်ရွှင်ဖွယ်အသောလေးများလည်း အခြေ
အနေကိုကြည့် ပြီး ကြားညှပ်၍ဟောကြားသွားရာ တရားနာသူများ ပျော်တစ်ပြုံးပြုံးနှင့် ကြည်နူး
ချမ်းမြေ့ ပျော်ရွှင်စွာနာကြားနိုင်ခဲ့ ရပေသည်...
ထိုထိုအင်တာနက်စာမျက်နှာများတွင် အငြင်းပွားဖွယ်အကြောင်းအရာများဖြင့်  တစ်မျိုး၊ တရား
တော်ကို များစွာသောနည်းလမ်းတို့ ဖြင့် တန်ဆာဆင်၍ ကျွမ်းကျင်လိမ္မာစွာဟောကြားနိုင်သော
ကြောင့် တစ်ဖုံ၊ဟောပြောရာတွင် တစ်ခြားဆရာတော်များနှင့် မတူ ကွန်ပြူတာ laptop ကိုရှေ့ 
တွင်ချ၍ ( ကျမ်းညွှန်းများ၊ တရားမှတ်စုများ ကိုးကားရန် )ဟောပြောတတ်သည်ကတစ်မျိုး စသည်
တို့ ကြောင့် မြန်မာနိုင်ငံတွင် top 5 ဓမ္မကထိကစာရင်းဝင်သော၊ သူ၏တရားပွဲရက်ရ၇န် အလွန်
ခက်ခဲသည်ဟု နာမည်ကြီးသောဆရာတော်၏တရားကို အစ္စလာမ်ဘာသာကြီးစိုးရာဒူဘိုင်းတွင်
နာကြားခွင့် ရသော ရွှေမြန်မာတို့ ကား ကံကောင်းလေစွ....
ထိုသို့ နာကြားခွင့် ရအောင်၊ ဆရာတော်အားဖူးမြော်ကြည်ညိုခွင့် ရအောင်၊လှူဖွယ်ပစ္စည်းများဖြင့် 
ဆက်ကပ်လှူဒါန်း ကုသိုလ်ပြုခွင့် ရအောင်တာဝန်ယူပင့် ဖိတ်၊စီစဉ်ဆောင်ရွက်ပေးသူများအားအထူး
လေးစားစွာဖြင့် ကျေးဇူးတင်အပ်၊ ကျေးဇူးတင်ထိုက်ပါပေသည်...