အကယ်၍သာ....

Thursday, October 29, 2009



ကဲ မနှင်းရေ....
     တက်ဂ်ထားတဲ့ ပို့ လေးဖြေပါပြီ...အကယ်၍သာကမ္ဘာများပျက်ခဲ့ ယင်တဲ့ ...
     ကိုယ်ရည်သွေးသလိုလည်းဖြစ်မှာစိုးရသေးတယ်ဗျာ...
     ရေးဆိုတော့ လည်းရေးပြီပေါ့ ....

၁။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..
ကျွန်တော့် ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့် ကိုယ်ကို ၊ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေကို၊မိသားစုကို...
စတဲ့ စွဲလမ်းနိုင်တာတွေအားလုံးကို မစွဲလမ်းမိအောင်သတိပေးနိုင်မယ့် ကျွန်တော်ကြည်ညိုတဲ့ 
ဆရာတော်ဘုရားကြီးတွေ၊ ( အများကြီးမဟုတ်ပါ...တစ်ပါးဆိုယင်တောင်လုံလောက်ပါပြီ....)
ပြီးတော့ ကျွန်တော်နဲ့ စိတ်သဘောအယူချင်းတူမျှတဲ့ ဓမ္မမိတ်ဆွေတစ်ယောက်နှစ်ယောက်ဆို
ယင်လည်းလုံလောက်ပါပြီ...
ကျန်တာတော့ စွဲလမ်းနိုင်တဲ့ အရာ၊လူပုဂ္ဂိုလ်၊ မည်သူတစ်ဦးတစ်ယောက်မျှ အနားမှာရှိမနေစေ
ချင်ပါ...ရှိနေခဲ့ မယ်ဆိုယင်လည်းတိုးတိုးတိတ်တိတ်နဲ့ ပဲရှိနေစေချင်ပါတယ်...။

၂။ဘာတွေခံစားနေရမလဲ..
ကျန်းမာရေးကောင်းနေမယ်ဆိုယင်တော့ ဘာကိုမှ အထူးအထွေ ခံစားနေရမယ် မထင်ဘူး...
သေခြင်းသဘောကိုတွေးတောဆင်ခြင်နေမိမလားပဲ...ဒါမှမဟုတ် ဖြစ်ပေါ်နေတဲ့ သဘာဝ
တရားတွေကို အရှိအတိုင်းပဲ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကပ်ပြီးသိနေချင်တယ်...။

၃။ ဘာတွေပြင်ဆင်ထားမလဲ
ကိုယ့် ဘ၀ရဲ့ နောက်ဆုံးအချိန်ကို ကိုယ်ပြုခဲ့ တဲ့ ဒါန၊သီလကောင်းမှုတွေကိုနှလုံးသွင်းပြီးနေစေ
မလား၊ သတိပဌာန် ဘာဝနာနဲ့ ပဲ သတိကပ်ပြီးနေမလား ဆိုတာကတော့  အဲဒီအချိန်မရောက်
ခင်အထိ ကြိမ်ဖန်များစွာကိုယ်ပြုခဲ့ တဲ့  အလုပ်က စကားပြောမှာပါ...အခုအထိတော့ ဒါန၊သီလ
ပြုတာက ပိုများနေပါသေးတယ်...
အမြတ်ဆုံးပန်းတိုင် အတွက်ကတော့ သတိဦးစီးတဲ့ စိတ်အာရုံစူးစိုက်မှု အလေ့ အကျင့် တရား
ဆိုတာသဘောပေါက်ထားပေမယ့်  အချိန်ပေးပြီးမလုပ်ဖြစ်သေးပါ...မလုပ်နိုင်သေးပါ...
လုပ်နိုင်အောင်တော့ ကြိုးစားရပါဦးမည်...


၎။ ၀မ်းနည်းမိမှာက
အဲဒီအချိန်အထိ လားရာဂတိမြဲတဲ့ အဖြစ်၊ ကျင့် ကြံအားထုတ်နိုင်သောခေတ်မှာ လူဖြစ်ခဲ့ လျှက်နဲ့ 
မကြိုးစား၊မကျင့် ကြံ၊အားမထုတ်ခဲ့ ရတာကိုပေါ့ ....ဒါကလောကုတ္တရာအပိုင်း...
လောကီပိုင်းကတော့ ဝမ်းနည်းစရာသိပ်ရှိမယ်မထင်ပါ...
အားလုံးဟာအချိန်တန်လျှင် ဒီလမ်းသွားရမှာမို့ ထူးပြီးတော့  တော့ ဝမ်းနည်းမိမယ်မထင်...
ဒါမှမဟုတ်....သံယောဇဉ်အားလုံးကိုဖြတ်တောက်နိုင်သေးသူ မဟုတ်ခဲ့ ယင်တော့ ဝမ်းနည်းပူ
ဆွေးဖြစ်မိဦးမှာပင်....


၅။ကြောက်လန့်မိတာက..
ရဟန္တာနဲ့ အနာဂမ်မဖြစ်သရွေ့ ကြောက်လန့် တတ်သေးတယ်ဆိုတော့  ကိုယ်လည်းကြောက်လန့် 
နေမိဦးမှာပါ....တရားနှလုံးမသွင်းနေခဲ့ ယင်ပေါ့ ....

၆။ကိုယ်နဲ့ အတူဆောင်ထားချင်တာ....ရှိနေချင်တာ...
ကိုယ့် ပတ်ဝန်းကျင်နဲ့  ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့ အရာအားလုံးကို သတိလေးနဲ့ သိနေနိုင်တဲ့ စိတ်
အလေ့ အကျင့် လေးပါ...ဖြစ်နိုင်ယင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဓမ္မစာအုပ်အချို့ နဲ့ 
ဖားအောက်တောရ ဆရာတော်ဘုရားကြီးရဲ့ တရားတော် အသံတော်တစ်ချို့ လည်းနောက်ဆုံးအ
ချိန်မှာ ဖတ်ရှု နာယူချင်ပါသေးတယ်...

၇။ဘာတွေများရေးမိလေမလဲ..
ဘာမှမရေးချင်ပါ...အဲဒီအတွက်ကိုလည်းစိတ်မရောက်စေချင်ပါ....

ဂ။တွေးမိတွေးရာ အတွေး
သတိမရှိတဲ့ အချိန်မှာတော့ တွေးမိတွေးရာတွေနေမိမှာပါပဲ... ကိုယ်ကချစ်တဲ့ သူ...ကိုယ့် ကိုချစ်
တဲ့သူ...ကိုယ်ပြုထားခဲ့ တဲ့ ကောင်းမှု၊မကောင်းမှုများ...အို...စုံလို့ စုံလို့ ... တွေးမိနေမှာကတော့ အများကြီးပါပဲ...ဒါပေမယ့် အဲဒီအတွေးတွေကိုဖြတ်ပြစ်ရမယ်.....ပစ္စုပ္ပန်အခိုက်လေးကိုပဲစိတ်ရှိနေ
အောင်ကြိုးစားရမယ်....


၉။ဂုဏ်ယူချင်တာက

ကျေးဇူးရှင်မိခင်ကြီးစိတ်ချမ်းသာအောင် အများကြီးမဟုတ်တောင် အတိုင်းအတာတစ်ခုအထိ
ပြုစုလုပ်ကျွေးနိုင်ခဲ့ ပြီ...( သူကကိုယ့် ကိုပြုစုလုပ်ကျွေးလာတာကနှစ်တွေအများကြီးလေ...)

မိခင်ကြီးအတွက် အနှိုင်းမဲ့ ကျေးဇူးဆပ်ခြင်းအားဖြင့်  သတိပဌာန် ၀ိပဿနာတရားများ ပွား
များအားထုတ်နိုင်အောင် တိုက်တွန်းအားပေး၊ ပို့ ဆောင်ကုသိုပြုနိုင်ခဲ့ ပြီ...

မိခင်ကြီးကိုယ်တိုင်ရဟန်းအမ ဖြစ်အောင်မိမိ ကိုယ်တိုင်ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ ပေး
ပြီးပြီ...



အနှိုင်းမဲ့ သာသနာတော်အတွက် အများကြီးမဟုတ်တောင် တစ်စုံတစ်ရာ ပွားများကျင့် ကြံ
အားထုတ်ကြိုးပမ်းခဲ့ ပြီ...ဒါန၊သီလ၊ဘာဝနာ....
အမြတ်ဆုံးသော အနှိုင်းမဲ့ ဓမ္မအလှူ ၊ လူမှုရေးအကူ...လူတစ်ဦးချင်းစီမှ၊ လူသားများစွာအ
တွက် ....
ကျွန်တော့် အသက်အရွယ်နှင့် စာလျှင်....အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်ဖွယ်ရာ
ကောင်းမှုများပြုခဲ့ ပေပြီ....
သာသနာရေး၊ဘာသာရေး၊လောကီလောကုတ္တ နှစ်ဖြာသော ဗဟုသုတများစွာ သိမြင်ပြန့် 
ပွားအောင်ကြိုးစားခဲ့ ပြီ....
စသည်...စသည်....
သေချာတာကတော့  ကျွန်တော်ဟာကမ္ဘာမြေကြီးအတွက် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်မနေခဲ့ 
တာပါပဲ...


၁၀။ရှာကြံဖြေသိမ့်မိတာက
သာသနာတော်ထွန်းကားတဲ့ ခေတ်နဲ့ တွေ့ ခဲ့ ရတယ်...အကျင့် သီလ၊ ပညာဥာဏ်တွေနဲ့ 
ပြည့် စုံတဲ့ ဆရာတော်ဘုရားကြီးတွေကို ဖူးတွေ့ ဆည်းကပ်ခဲ့ ရတယ်...( ဆရာတော်ဘုရား
ကြီးများကို ကိုယ်တိုင်ရော) ဓမ္မစာပေ၊ တရားအသံတော်များနှင့် ပါ ကြည်ညိုဆည်းကပ်နိုင်ခဲ့
တယ်...
မကောင်းမှုတွေပြုခဲ့ တာရှိပေမယ့် လည်း ငရဲကိုတိုက်ရိုက်၊သေချာပေါက်သွားနိုင်တဲ့  ပဉ္စာ
နန္ဒိယ ကံ ( အမိ၊အဖ သတ်တဲ့ ကံ ၊ မြတ်စွာဘုရားကိုသွေးစိမ်းတည်စေတဲ့ ကံ ၊ သံဃာ သင်း
ခွဲတဲ့ ကံ ၊  နိယတမိစ္ဆာဒိဌိ ယူတဲ့ ကံ ) တွေ မှလွတ် တဲ့ အတွက် အင်မတန်မှဆိုးဝါးတဲ့ ဘဝ
ကိုမရောက်နိုင်ဘူးလို့  ယုံကြည်ဖြေသိမ့် နိုင်တယ်...

အဲဒီအတွက် အနေမြတ်ခဲ့ တယ်...

၁၁။ကျူးရင့်ချင်တဲ့ ဥဒါန်း
မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်ကနေ စစ်မှန်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ခဲ့ 
တယ်၊ အစမထင်လည်ပတ်နေတဲ့ သံသရာဝဋ်ဆင်းရဲမှ ကင်းရာကင်းကြောင်းလမ်းစကောင်း
ကို စတင်ခြေလှမ်း ခဲ့ ရပြီ....
ကံလမ်းပေါ်လျှောက်လူတစ်ယောက် အဖြစ်မှသည် ဥာဏ်လမ်းပေါ်လျှောက် လူတစ်ယောက်
အဖြစ်သို့ ရောက်ရှိခဲ့ ရပြီ...
ဒီထက်ဝမ်းသာစရာ ကား.....
မရှိနိုင်တော့ ပြီ....


ကြွားဝါလိုခြင်းအလျင်းမရှိပါပြီ.....
ရေးဆိုလို့ ရေးလိုက်ရပါပြီ....
အမြင်မတော်အမှားအယွင်းများရှိခဲ့ ယင်ခွင့် လွှတ်စေလိုပါတယ်...
ရွှင်လန်းချမ်းမြေ့ တရားတွေ့ ကြပါစေသော်ဝ်....

7 comments:

နှင်းနဲ့မာယာ said...

ကိုပီတာရယ် ကြွားတာမှမဟုတ်တာနော်..
တရားသဘောနဲ့ မြင်တတ်ဖို့
နေတတ်ဖို့ထက် သေတတ်ဖို့က ပိုအရေးကြီးတယ်လေ...
ကိုပီတာက အများကြီးရင့်ကျက်နေပီပဲ
ပထမ ပို့စ်လေးကိုလဲ သဘောကျတယ်....
ခုလို အတိုးနဲ့ အရင်းပေါင်းပြီး ၂ ပုဒ်ရေးပေးတာကျေးဇူးနော်...

kiki said...

ဖြစ်စေလိုတဲ့ ဆန္ဒ အဝဝ ပြည့်စုံ နိုင်ပါစေ ကိုပါတီရေ ..

သားကြီး said...

ဒီပိုစ်ကိုဖတ်ပြီးကိုပီတာကို
အများကြီးလေးစွားသွားတယ်
ဘာပြောရမှန်းတောင်မသိတော့ဘူး
ဘာရေးရမှန်းလည်းမသိဘူး
ကျနော့ကိုလည်းtagထားတယ်

my place said...

ကိုပီတာရေ
တရားပြည့်ဝတဲ့ ကိုပီတာ့အတွက် လေးစားပါတယ်။ ဂုဏ်ယူပါတယ်။
ကျွန်တော်လည်း အဲဒီလိုစိတ်ဓါတ်မျိုး ရှိအောင်ကြိုးစားရဦးမယ်။

စိမ်း... said...

စိမ်းတော့ စိတ်မအေးနိုင်သေးဘူး ကိုပီတာရေ... မိဘကျေးဇူး မဆပ်နိုင်သေးလို့... :(

An Asian Tour Operator said...

သာဓုဗျာ..။

Beauty Studio USA Branded Store said...

သာဓု၊ သာဓု၊ သာဓု လို့သာ သုံးကြိမ်ခေါ်သွားပ်တယ် ကိုကြီးတာရေ။