Showing posts with label funny. Show all posts
Showing posts with label funny. Show all posts

ကျွန်တော့် မိသားစုအမှတ်တစ်ရဓါတ်ပုံ.....

Thursday, September 10, 2009
ကျွန်တော့် မိသားစုအမှတ်တစ်ရဓါတ်ပုံ.....

အရှေ့အလယ်ပိုင်းဒေသ၊အာရပ်လူမျိုးတွေရှိတဲ့ နေရာရောက်ပြန်တော့ လည်းသူတို့ တစ်တွေ
ရဲ့ ပြုံးချင်စရာအကြောင်းလေးတွေ့ မိလို့ ရေးတင်လိုက်ပါတယ်...

တစ်ခါက ယူအေအီးမြို့ တော်အဘူဒါဘီကရှိတ်ဇာယက်ဗလီကြီးကိုလေ့ လာရေးခရီးရောက်ခဲ့ 
စဉ်တုံးကရှင်းလင်းပြောပြတဲ့ အာရပ်အမျိုးသားကသူတို့ အာရပ်ကလေးတွေဟာမိခင်ဖြစ်သူ
နဲ့ လူစည်ကားတဲ့ နေရာတွေကိုသွားယင်သူတို့ မိခင်နဲ့ လူချင်းကွဲသွားယင်ပြန်တွေ့ အောင်ရှာ
ဖို့ တော်တော်ခက်ပါတယ်တဲ့ ...ဟုတ်တော့ လည်းဟုတ်တာပါပဲ ...အားလုံးကခြေဖျားကနေ
ခေါင်းအဆုံး၊မျက်နှာအထိဖုံးတဲ့အ၀တ်အစားတွေ၊တစ်ရောင်တည်းသောအနက်ရောင်ချည်းပဲ
ဝတ်ထားတာဆိုတော့ ကလေးငယ်မှာ( အမှန်တော့ လူကြီးလည်းပြန်မှတ်မိဖို့ လွယ်မယ်မထင်
ပါ...) ဘယ်လိုလုပ်သူ့ မိခင်ကိုမှတ်မိနိုင်ပါ့ မလဲ နော်....








 
ဟုတ်ကဲ့ ကျွန်တော့် မိသားစုကိုသူတို့ အမျိုးသမီးတွေချည်းအမှတ်တစ်ရဓါတ်ပုံရိုက်ပေးခဲ့ တုံးကပေါ့ ...
ဘယ်ဘက်အစွန်ကကျွန်တော့် လေဒီပေါ့ ၊ အလယ်ဆုံးက အချစ်ဆုံးယောက္ခမကြီးလေ...
သူ့ ဘေးကတော့ တစ်ကယ်လှတဲ့ ခယ်မလေးပေါ့ ...အဲ နေဦး ဗျ !!!...မှားသွားလို့ ...
အလယ်ကကျွန်တော့် မိန်းမဖြစ်မယ်...သူ့ ညာဘက်ကသူ့ အမေကျွန်တော့် 
ယောက္ခမကြီးဖြစ်မယ်...အဲဒီနေ့ ကကျွန်တော့် အမေလဲပါတယ်...
သူတို့ ကလူကြီးဆိုတော့ အတူတူဘေးချင်းကပ်ရက်လေ..
သမီးလဲပါသေးတယ်...ဘယ်နားမှာပါလိမ့် !!!...အင်း...
ညာဘက်နားမှာဖြစ်လိမ့် မယ်...သူ့ ဘေးကသူ့ 
အမေပဲ...သေချာတယ် !!!...
အို...ရှုပ်နေတာပဲ !!!....မှတ်ကိုမမှတ်မိတော့ ဘူး....



ဒီပုံလေးကိုဒီဘလော့ ဂ်လေးကတွေ့ လို့ ဘာသာပြန်တင်ပေးလိုက်ပါတယ်...