ကျွန်တော့် မိသားစုအမှတ်တစ်ရဓါတ်ပုံ.....

Thursday, September 10, 2009
ကျွန်တော့် မိသားစုအမှတ်တစ်ရဓါတ်ပုံ.....

အရှေ့အလယ်ပိုင်းဒေသ၊အာရပ်လူမျိုးတွေရှိတဲ့ နေရာရောက်ပြန်တော့ လည်းသူတို့ တစ်တွေ
ရဲ့ ပြုံးချင်စရာအကြောင်းလေးတွေ့ မိလို့ ရေးတင်လိုက်ပါတယ်...

တစ်ခါက ယူအေအီးမြို့ တော်အဘူဒါဘီကရှိတ်ဇာယက်ဗလီကြီးကိုလေ့ လာရေးခရီးရောက်ခဲ့ 
စဉ်တုံးကရှင်းလင်းပြောပြတဲ့ အာရပ်အမျိုးသားကသူတို့ အာရပ်ကလေးတွေဟာမိခင်ဖြစ်သူ
နဲ့ လူစည်ကားတဲ့ နေရာတွေကိုသွားယင်သူတို့ မိခင်နဲ့ လူချင်းကွဲသွားယင်ပြန်တွေ့ အောင်ရှာ
ဖို့ တော်တော်ခက်ပါတယ်တဲ့ ...ဟုတ်တော့ လည်းဟုတ်တာပါပဲ ...အားလုံးကခြေဖျားကနေ
ခေါင်းအဆုံး၊မျက်နှာအထိဖုံးတဲ့အ၀တ်အစားတွေ၊တစ်ရောင်တည်းသောအနက်ရောင်ချည်းပဲ
ဝတ်ထားတာဆိုတော့ ကလေးငယ်မှာ( အမှန်တော့ လူကြီးလည်းပြန်မှတ်မိဖို့ လွယ်မယ်မထင်
ပါ...) ဘယ်လိုလုပ်သူ့ မိခင်ကိုမှတ်မိနိုင်ပါ့ မလဲ နော်....








 
ဟုတ်ကဲ့ ကျွန်တော့် မိသားစုကိုသူတို့ အမျိုးသမီးတွေချည်းအမှတ်တစ်ရဓါတ်ပုံရိုက်ပေးခဲ့ တုံးကပေါ့ ...
ဘယ်ဘက်အစွန်ကကျွန်တော့် လေဒီပေါ့ ၊ အလယ်ဆုံးက အချစ်ဆုံးယောက္ခမကြီးလေ...
သူ့ ဘေးကတော့ တစ်ကယ်လှတဲ့ ခယ်မလေးပေါ့ ...အဲ နေဦး ဗျ !!!...မှားသွားလို့ ...
အလယ်ကကျွန်တော့် မိန်းမဖြစ်မယ်...သူ့ ညာဘက်ကသူ့ အမေကျွန်တော့် 
ယောက္ခမကြီးဖြစ်မယ်...အဲဒီနေ့ ကကျွန်တော့် အမေလဲပါတယ်...
သူတို့ ကလူကြီးဆိုတော့ အတူတူဘေးချင်းကပ်ရက်လေ..
သမီးလဲပါသေးတယ်...ဘယ်နားမှာပါလိမ့် !!!...အင်း...
ညာဘက်နားမှာဖြစ်လိမ့် မယ်...သူ့ ဘေးကသူ့ 
အမေပဲ...သေချာတယ် !!!...
အို...ရှုပ်နေတာပဲ !!!....မှတ်ကိုမမှတ်မိတော့ ဘူး....



ဒီပုံလေးကိုဒီဘလော့ ဂ်လေးကတွေ့ လို့ ဘာသာပြန်တင်ပေးလိုက်ပါတယ်...

9 comments:

Anonymous said...

သိပါဖူး
တကယ်ပဲ ကိုပီတာ့အမျိုးသမီးလားလို့ 
အင်းခက်ပါ့နော်

khin oo may said...

ရှိသေးတယ။် ခေါက်ဆွဲစားတဲ့ပုံ မြင်ဘူးလား။

khin oo may said...

တစ်ကယ်များလလားလို့လာကြည့်တယ်။

kyalkalay said...

ခယ် မတွေ နဲ့တအိမ်ထဲနေရရင် ကွိုင်ပဲ

kiki said...

ဟားဟား ..
ကိုပါတီ ကြီးက ရှေ့မှာ ဆောင့်ကြောင့်နေတယ်ပေါ့လေ ..

နောက်ဆို စီးတဲ့ ဖိနပ်တွေ ကို မှတ်ထားပေါ့ ..
ဆင်တူတော့ မစီးစေနဲ့နော် ။

သားကြီး said...

ဟုတ်တယ် မမကိပြောသလိုပဲ ဖိနပ်တွေပဲ
မှတ်ထားရတော့မယ်
ဓါတ်ပုံသာရိုက်ထားတာ အိမ်ကိုဧည့်သာလာလို့ ဒီပုံက ဘယ်သူဘယ်ဝါပါဆိုတာပြောပြဖို့တောင် တော်တော်ရွာပတ်မယ့်ကိစ္စ အဟ :P

သားကြီး said...

ရုရှားမှာလည်းဒီလိုရှိတယ်အစ်ကိုရေ (၄) လုပ်ဦးလေဗျာ ရယ်ချင်လို့ပါ
ကိုပီတာရဲ့တချို့စာတွေက ပြန့်ကျဲနေတယ်နော်
စာကြောင်းကတစ်ဆက်တည်းမသွားဘူး
ကျနော့စက်ကြောင့်လား ကိုပီတာ တန်းပလိတ်ကြောင့်လား သိတော့ဝူးဗျာ

လင်းကြယ်ဖြူ said...

မြင်ဖူးတွေ့ဖူးကြုံဖူးပါ့ဗျာ..
ဒါနဲ့ warning letter တောင် အထက်ကပေးလို့
တသက်အမှတ်တရ..နောက်ကြုံမှပြောပြမယ်..
သူများဓါတ်ပုံရိုက်နေတာကို သွားရယ်မိလို့လေ..အဲ့သလိုရိုက်နေကြတာပေါ့...
မထိန်းနိုင်ဘူးခင်ဗျ....
ပျော်ပါစေ

စိမ်း... said...

အယ်... ဒွတ်ခပဲ ... ဘုရားစူး ကျိမ်ပြရမယ်...