Showing posts with label photos: knowledge. Show all posts
Showing posts with label photos: knowledge. Show all posts
How to Put a Whole Fruit into a Bottle
Wednesday, May 16, 2012
ပုလင်းထဲကိုအသီးတွေဘယ်လိုထည့် ....
အ၀ကျဉ်းတဲ့ ပုလင်းထဲ ဒီလိုသစ်သီးသီးတွေဘယ်လိုများထည့် လိုက်ပါလိမ့် လို့ မသိယင်တော့ 
တော်တော်စိတ်ရှုတ်ခံပြီးတွေးနေရမှာပါ...
နည်းသိတော့ လည်း အလွယ်လေးပါပဲ...အချိန်တော့ နည်းနည်းစောင့် ရမယ်ပေါ့ ....
ဒီနည်းနဲ့ လုပ်စားမယ့် ဘိုးတော်၊ နတ်ကတော်အတုအယောင်တွေကိုတော့ ဖြင့် သတိပြုကြ
ပေါ့ ...
တော်ကြာ သိကြားမင်းပေးတဲ့ ဂမ္ဘီရသစ်သီးဆိုပြီးလုပ်စားသွားဦးမယ်...
အမြင်ကတော့အင်မတန်မှကိုဆန်းပါတယ်...
အိမ်မှာအလှပြဖို့ အတွက်၊ ဒေသထွက်ကုန်အဖြစ်အမှတ်တရအဖြစ်ပါ
စီးပွားဖြစ်ရောင်းလို့ ရပါတယ်...
နည်းသိယင်တော့ အလွယ်လေးပါပဲ...
အသီးငယ်ငယ်လေးကတည်းက ပုလင်းခွံထဲထည့် ပြီးကြီးထွားစေလိုက်တာပါပဲ...
သင်ကြိုက်နှစ်သက်တဲ့ ပုလင်ပုံစံမျိုးစုံနဲ့ ထည့် သွင်းစမ်းသပ်နိုင်ပါတယ်...
အသီးရင့် ပြီဆိုယင်တော့ ကိုင်းကနေဖြတ်လိုက်ယုံပါပဲ...
ဒီလိုနည်းနဲ့ စီးပွားဖြစ်အမြောက်အများစိုက်ပျိုးနိုင်ပါတယ်...
Friday, May 11, 2012
တီထွင်စိတ်ကူး၊ ဥာဏ်ကွန့် မြူး...
လက်တွေ့ ဖြစ်လာတဲ့ စိတ်ကူးကောင်းလေးတွေပါပဲ...
မိမိတို့ လည်း နေ့ စဉ်ဘ၀ထဲက အကြောင်းအရာလေးတွေကို ဒီလိုစိတ်ကူးဥာဏ်ကွန့် မြူး
နိုင်ယင် တစ်ချီတည်းနဲ့ မူပိုင်ခွင့် တင်ပြီး သူဌေးဖြစ်နိုင်ပါတယ်...
ရေတံလျှောက်အဟောင်းတွေကို စွန့် ပစ်စရာမလို...
ပန်းအလှပင်လေးတွေစိုက်လို့ ရတယ်...
အုန်းဆံတံမြက်စီးအကြမ်းစားကိုလည်း ဒီလိုအကျိုးရှိအောင်ဖန်တီးအသုံးချနိုင်ပါသေးတယ်...
မီးသီးအကျွမ်း၊ အဟောင်းများကိုလည်း ဆီမီးခွက်အဖြစ်လုပ်နိုင်ပါသေးတယ်...
ဗီရိုလေးတွေအောက်ဖက်မှာ လျှောစင်ကလေးတွေလည်းလုပ်လို့ ရပါသေးတယ်...
ဖျော်ရည်ဗူး၊ နို့ ဗူးခွံတွေလည်း ဒီလိုလေးတီထွင်ပြီး သုံးနိုင်ပါသေးတယ်...
ခေါင်းဖြီးပြီး ဆံပင်တွေရှင်းထုတ်ရတာကလည်းတစ်ဒုက္ခဆိုယင် ဒီတီထွင်ချက်ကလေးက
တော့ တော်တော်အသုံးဝင်ပါလိမ့် မယ်...
ကလေးငယ်လေးတွေအိပ်ယင်းဟိုသည်မလှိမ့် နိုင်စေဖို့ ...
အောက်ကိုပြုတ်မကျတော့ ဘူးပေါ့ ...
ရေဗူးခွံဟောင်းများနှင့် စတိုင်ကျကျပန်းပင်ရေလောင်းနိုင်ဖို့ ...
လက်ဖြစ် ရေပူပေးတဲ့ စနစ်...
ဈေးကြီးပေးပြီး ၀ယ်ယူတပ်ဆင်နေစရာမလိုပါဘူး...
ခါးပါတ်ပါတ်လိုက်တာနဲ့ ကိုယ်အလေးချိန်ပါ တစ်ပြိုင်နက်တည်းသိစေ၇မည်....
ဒီလိုလေးလုပ်နိုင်တော့ နေရာလည်းသက်သာတာပေါ့ ...
ဘောစိ ကိုမျက်လှည့် ပြမယ့် ဟာလေးပေါ့ ...
အလုပ်ချိန်အတွင်း ခိုးအိပ်လို့ ရပါပြီ....
လက်ထိပ်မှာစွပ်လို့ ရမယ့် ခရင်းလေးတွေ...
ပွဲဈေးသွားယင် လူမကွဲစေဖို့ စိတ်ကူးကောင်းလေးပါ....
လက်ဘက်ခြောက်ခပ်မယ့် စိတ်ကူးလှလှလေး...
မီးလုံးလည်းမဟုတ်၊ မီးချောင်းလည်းမဟုတ်တဲ့ ....မီးပြား...
ရောင်စုံရေပန်းလေးတွေကျစေမယ့် အတွေးလှလှ စိတ်ကူးချိုချို...
ပျင်းရိငြီးငွေ့ ဖွယ်ကောင်းတဲ့ ကစားပွဲကို လှုပ်ရှားသက်ဝင်စေမယ့် 
အတွေးဒီဇိုင်းအလန်းလေး...
ထီးလိုလည်းမိုးလို့ ရတယ်...အိတ်လိုလည်းသုံးလို့ ရတယ်...
အချိုရည်ဗူးများကို အားရပါးရကိုင်နိုင်မည့် စိတ်ကူးကောင်း...
ပုံသွင်းကြက်ဥကြော်ပုံစံခွက်...
သိတယ်မဟုတ်လား...အသည်းပုံလေးထွင်ပြီးထမင်းကြော်ရောင်းလိုက်ရယင်....
ချစ်ကြည်နူးမယ့် သူတွေအတွက် အတွေးနုနု၊ စိတ်ကူးလှလှနဲ့ ထွင်တဲ့ စက်ဘီးတာယာ...
စာအုပ်ကိုတစ်မင်တစ်ကာဖိထားစရာမလို...
ကြည်လင်တဲ့ ရေနဲ့ အတူ ကြည်လင်တဲ့ ဖိုင်ဘာသားနဲ့ လုပ်ထားတဲ့ လှေနဲ့ မှလိုက်တော့ မှာပေါ့ ..
နေရာအခက်အခဲ... အခန်းကျဉ်းဆိုယင် လက်လည်းဆေး၊ အိမ်သာလည်းသွားလို့ ရတယ်...
မည်သူ့ ကိုမှ အကူအညီတောင်းနေစရာမလို...
လှေကားထစ်အတွက် ကုန်မယ့် နေရာကို အကျိုးရှိရှိအသုံးချမယ်...
ရေခဲလုံးလေးတွေရဖို့ တစ်ခါတည်း စုပြီးသားဖြစ်သွားတယ်....
ကြံကြံဖန်ဖန်တီထွင်မှု ၁၀ ခု...
Wednesday, April 18, 2012
ယခုဖော်ပြထားတဲ့ တီထွင်မှု တွေဟာကောင်းပေမယ့် အခုအချိန်အထိတော့ လူတွေသိပ်သုံး
ကြတာမတွေ့ ရသေးပါဘူး...
ပစ္စည်းတစ်ခုလူကြိုက်များဖို့ ဆိုတာ သုံးစွဲသူအတွက်လည်းအဆင်ပြေ၊ ဈေးနှုံးလည်းသက်သာ၊
ပုံစံဒီဇိုင်းကလည်း သစ်လွင်ဆန်းသစ်ရပါမယ်....
ပန်ကာတပ်တူချောင်း...
ပူပူလောင်လောင်ခေါက်ဆွဲပြုတ်ကိုအလျင်အမြန်အေးစေမည်ပေါ့ ...
 ဒါကတော့ ကျောယားသူတွေအတွက် ကုတ်ပေးမယ့် သူတွေကို နေရာအတိအကျ
ပြောပေးနိုင်မယ့် အင်္ကျီပါတဲ့ ...အင်း...ဟုတ်တော့ လည်းဟုတ်သားပဲ...
တစ်ခါတစ်လေဘယ်နေရာကယားသလည်းဆိုတာအတိအကျပြောပြဖို့ တော်တော်ခက်တယ်...
 အလိုအလျောက်လှည့် ပေးမည့် ရေခဲမုန့် ခွက်...
အင်း...ဒါလည်းဟုတ်တုတ်တုတ်ပဲ....ရေခဲမုန့် ခွက်ကို ကိုယ့် ဘာသာကိုယ်လှည့် နေစရာမလို
တော့ဘူး...သူ့ အလိုလိုလည်နေမယ်ပေါ့ ...
 အင်း ....ဖုံးပဲတစ်ချိန်လုံးပြောနေချင်သူတွေအတွက်၊ တစ်နေကုန်ရုံးမှာ ဖုံးနဲ့ ပဲအလုပ်များနေ
ရသူတွေအတွက် လေ့ ကျင့် ခန်းပါတစ်ပြိုင်နက်ထဲလုပ်ပြီးသားဖြစ်မယ့် တီထွင်ချက်ပါပဲ...
 ပေါင်မုန်မှာသုတ်မယ့် ထောပါတ်ကို အတောင့် လေးထဲထည့် ပြီးအသင့် လုပ်ပေးထားတာ...
တော်တော်သက်သာရာရှာတဲ့ လူတွေပါပဲ...
 ဒီပုံစံနဲ့ တစ်ရှုးဆောင်တာကိုတော့ ဘယ်သူမှကြိုက်ကြမယ်မထင်ပါဘူး...
အဲဒီလိုတစ်ရှူးဆောင်ရလောက်အောင်အခြေအနေဆိုယင်လည်း ဘယ်သူမှအပြင်ထွက်ကြမှာ
မဟုတ်ပါဘူး...ဒါကိုထွင်တဲ့ သူက နည်းနည်းတော့ ကြောင်ပုံရတယ်...
ဒါပေမယ့်  ဘယ်သူမှသိပ်မသုံးကြပါဘူး...ကရိကထများလို့ ပါပဲ...
 ကီးဘုတ်က အလှမ်းဝေးကွာတဲ့ စာလုံးတွေတစ်ပြိုင်နက်ထဲ၇ိုက်နိုင်မယ့် တုတ်တံပါတဲ့ ...
Ctrl , Alt , Del  တို့ ကိုတစ်ပြိုင်နက်ထဲနှိပ်နိုင်ပါတယ်...
 ဒါကတော့ အိမ်သာတက်ယင်း စာတမ်းဖတ်တတ်သူများအတွက်အထူးတီထွင်ပေးထားတဲ့ 
စာဖတ်ခုံပါပဲ...
ပီဇာစားတဲ့ အခါ  ဓါးရယ်ခရင်းရယ်သီးခြားစီသုံးနေစရာမလိုပဲ တစ်ပြိုင်နက်ထဲ ခရီးေ၇ာက်
စေမယ့် တီထွင်ချက်ပါ....
Chinese Counterfeiting at Its Worst
Tuesday, April 10, 2012
တရုတ်ပြည်တွင်ပြုလုပ်သည်....
အတုအပဆင်တူယိုးမှာပြုလုပ်တဲ့ နေရာမှာ ယခင် ၉၀ ကျော်ခုနှစ်များကတော့ ထိုင်းနိုင်ငံ၊ ဗန်
သွားဖူးတာကိုး...
အခုတော့ ပေါက်ဖော်ကြီးတို့ က အတုအပလုပ်တဲ့ နေရာမှာ ကမ္ဘာ့ ထိပ်သီးဖြစ်နေပါပြီ...
အောက်မှာတင်ပြထားတဲ့ ဓါတ်ပုံများသာကြည့် ကြပါကုန်...
A girl managed to document all of these fake brands being old in China, many of which are only one or two letters away from the real brand name.
  Nike ဆရာတွေ ငိုကြီးချက်မ ဖြစ်ရလောက်ပါပေတယ်...
Panasonic  လည်းသူနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် အတုအပအလုပ်ခံရရှာတယ်...
 Puma လောက်တော့ သနားတယ်...
 ခေါင်းလျှော်ရည်လား ....လာထား အကုန်လုံးဆင်တူယိုးမှားပဲ...
 Addidas လောက်တော့ ပျင်းသေးတယ်...
 Armani  လည်း နားထားပဲ...
 သူကလည်းအားကျမခံ Nike ကို အလစ်အငိုက် တွယ်လိုက်တာက...
 တံဆပ်ပဲယူတာနော်...နာမည်ကတော့ မတူပါဘူး...
 ပူးမားတံဆိပ်နဲ့ နာမည်ဆန်း...
 အရက်လည်းမချန်ပါဘူး...အတုလုပ်ပါတယ်...
 Crocodile လား.... မိကျောင်းဆိုတာ တရုတ်ပြည်မှာလည်းရှိတယ်လေ...
 ဂျလက် မုတ်ဆိတ်ရိတ်တဲ့ ကုမ္ပဏီကို ကျေးဇူးပဲ ....
 "  ၀ " တို့ နဲ့ စိတ်ကူးချင်းတူတဲ့ ကားလေ...
 လူတိုင်းကြိုက်တဲ့ ပန်းသီး...
ရွှေပြည်ကြီးမှာဆို လူရွှင်တော်တောင် ပန်းသီးနာမည်နဲ့ ရှိလိုက်သေးတယ်...
 ဆိုနီလည်း တရုတ်မ ဆိုနီယာနဲ့ တွေ့ တော့ နားကားသွားရရှာတယ်...
 ပလေးစတေရှင်း .... ၀ တို့ လည်းလုပ်တတ်တယ်လေ...