ကြံကြံဖန်ဖန်တီထွင်မှု ၁၀ ခု...
Wednesday, April 18, 2012
ယခုဖော်ပြထားတဲ့ တီထွင်မှု တွေဟာကောင်းပေမယ့် အခုအချိန်အထိတော့ လူတွေသိပ်သုံး
ကြတာမတွေ့ ရသေးပါဘူး...
ပစ္စည်းတစ်ခုလူကြိုက်များဖို့ ဆိုတာ သုံးစွဲသူအတွက်လည်းအဆင်ပြေ၊ ဈေးနှုံးလည်းသက်သာ၊
ပုံစံဒီဇိုင်းကလည်း သစ်လွင်ဆန်းသစ်ရပါမယ်....
ပန်ကာတပ်တူချောင်း...
ပူပူလောင်လောင်ခေါက်ဆွဲပြုတ်ကိုအလျင်အမြန်အေးစေမည်ပေါ့ ...
 ဒါကတော့ ကျောယားသူတွေအတွက် ကုတ်ပေးမယ့် သူတွေကို နေရာအတိအကျ
ပြောပေးနိုင်မယ့် အင်္ကျီပါတဲ့ ...အင်း...ဟုတ်တော့ လည်းဟုတ်သားပဲ...
တစ်ခါတစ်လေဘယ်နေရာကယားသလည်းဆိုတာအတိအကျပြောပြဖို့ တော်တော်ခက်တယ်...
 အလိုအလျောက်လှည့် ပေးမည့် ရေခဲမုန့် ခွက်...
အင်း...ဒါလည်းဟုတ်တုတ်တုတ်ပဲ....ရေခဲမုန့် ခွက်ကို ကိုယ့် ဘာသာကိုယ်လှည့် နေစရာမလို
တော့ဘူး...သူ့ အလိုလိုလည်နေမယ်ပေါ့ ...
 အင်း ....ဖုံးပဲတစ်ချိန်လုံးပြောနေချင်သူတွေအတွက်၊ တစ်နေကုန်ရုံးမှာ ဖုံးနဲ့ ပဲအလုပ်များနေ
ရသူတွေအတွက် လေ့ ကျင့် ခန်းပါတစ်ပြိုင်နက်ထဲလုပ်ပြီးသားဖြစ်မယ့် တီထွင်ချက်ပါပဲ...
 ပေါင်မုန်မှာသုတ်မယ့် ထောပါတ်ကို အတောင့် လေးထဲထည့် ပြီးအသင့် လုပ်ပေးထားတာ...
တော်တော်သက်သာရာရှာတဲ့ လူတွေပါပဲ...
 ဒီပုံစံနဲ့ တစ်ရှုးဆောင်တာကိုတော့ ဘယ်သူမှကြိုက်ကြမယ်မထင်ပါဘူး...
အဲဒီလိုတစ်ရှူးဆောင်ရလောက်အောင်အခြေအနေဆိုယင်လည်း ဘယ်သူမှအပြင်ထွက်ကြမှာ
မဟုတ်ပါဘူး...ဒါကိုထွင်တဲ့ သူက နည်းနည်းတော့ ကြောင်ပုံရတယ်...
ဒါပေမယ့်  ဘယ်သူမှသိပ်မသုံးကြပါဘူး...ကရိကထများလို့ ပါပဲ...
 ကီးဘုတ်က အလှမ်းဝေးကွာတဲ့ စာလုံးတွေတစ်ပြိုင်နက်ထဲ၇ိုက်နိုင်မယ့် တုတ်တံပါတဲ့ ...
Ctrl , Alt , Del  တို့ ကိုတစ်ပြိုင်နက်ထဲနှိပ်နိုင်ပါတယ်...
 ဒါကတော့ အိမ်သာတက်ယင်း စာတမ်းဖတ်တတ်သူများအတွက်အထူးတီထွင်ပေးထားတဲ့ 
စာဖတ်ခုံပါပဲ...
ပီဇာစားတဲ့ အခါ  ဓါးရယ်ခရင်းရယ်သီးခြားစီသုံးနေစရာမလိုပဲ တစ်ပြိုင်နက်ထဲ ခရီးေ၇ာက်
စေမယ့် တီထွင်ချက်ပါ....
0 comments: