Showing posts with label pictures: general knowledge. Show all posts
Showing posts with label pictures: general knowledge. Show all posts
Movitational Pictures
Sunday, September 9, 2012
စိတ်စွမ်းအားဖြည့် စာသား၊ ရုပ်ပုံကားချပ်များ...
သင့် ကိုမဖြစ်နိုင်ဘူး၊ ရူးနေတဲ့ သူ၊ မျှော်လင့် ချက်မရှိတဲ့ သူ၊ လမ်းပျောက်နေသူ လို့ စွပ်စွဲပြောဆို
နေသူတွေရှိနေပါစေ ထိုသူတွေစကားနားမယောင်လိုက်ပါနဲ့ ...မယုံလိုက်ပါလေနဲ့ ...
ပြင်းပြတဲ့ ဆန္ဒသာရှိပါစေ သင်ရအောင်စွမ်းဆောင်နိုင်ပါလိမ့် မယ်... ပထမဦးဆံး
ခြေလှမ်းသာလျှင်အခက်ခဲဆုံးလို့ ထင်ရမှာဖြစ်ပြီးနောက်ဆုံးမှာတော့ ပန်းတိုင်ကို
ရရှိရောက်ရှိမှာဖြစ်ပါတယ်... ဘယ်တော့ မှဇွဲမလျှော့ ၊ အရှုံးမပေးပါလေနဲ့ ...
သင်ဖြစ်မြောက်အောင်စွမ်းဆောင်နိုင်မှန်းထိုသူတို့ အားသိပါစေလေ...
လူတစ်ယောက်ကို လိမ်လည်လှည့် ဖြားနိုင်ခဲ့ မယ်ဆိုယင် အဲဒါဟာ သင့် ကိုယ်သင် လိမ်လည်လှည့် ဖြား
ခဲ့ တာလည်းဖြစ်ပါတယ်.... ( သူမသိပေမယ့် ကိုယ်သိနေတယ်မဟုတ်လား...)
ဒါသင်ကိုယ်တိုင်လျှောက်လှမ်းရမယ့် လမ်း... တစ်ခြားသူတွေဆိုတာ ( အပေါင်းအသင်းမိတ်ဆွေတွေ )
သင်နဲ့ အတူလျှောက်ရုံပဲလျှောက်ကြမှာ ဘယ်သူမှသင့် အတွက်ဆိုပြီးလျှောက်ပေးလို့ မရဘူး...
ဘာပဲဖြစ်ဖြစ် အစဦးဆုံးတစ်ခဏသာ အခက်ခဲဆုံးပါ... ပုံမှန်သာနေသားကျသွားယင် အခက်ခဲဆုံးဆိုတာ
လုပ်နေကျအရာကို ရပ်ပစ်လိုက်ဖို့ ပါပဲ....
လူတစ်ယောက်ကို ဘယ်လိုလူစားမျိုးဖြစ်တယ်လို့ သင်ဝေဖန်ဆုံးဖြတ်လိုက်တာဟာ ထိုသူကိုတော့
သင်အလိုရှိသလိုဖြစ်မသွားပေမယ့် သင်ကိုယ်တိုင်တော့ ဘယ်လိုလူမျိုးလည်းဆိုတာ ဖေါ်ပြလိုက်
တာပါပဲ....
သဘာဝအသီးအနှံစားပါ... အသီးအနှံတွေဟာသဘာဝကပေးတဲ့ အကောင်းဆုံးအစားအစာလက်ဆောင်
ပါပဲ... အစာကြေလွယ်တယ်...ခွန်အားဖြစ်စေတဲ့ အဟာရဓါတ်တွေပါဝင်ပါတယ်... ကင်ဆာရောဂါကို
တားဆီးတိုက်ဖျက်နိုင်တယ်... အနံ့ အရသာနဲ့ ပြည့် စုံတယ်... ကိုယ်တွင်းကိုယ်ပ သန့် ရှင်းကြည်လင်
စေတယ်...အဆိပ်အတောက်ပျယ်စေတယ်... ရောဂါပိုးမွှားများ ဖယ်ရှားတိုက်ထုတ်ပေးနိုင်ပါတယ်...
ငှက်ပျောသီးအကြောင်း သိကောင်းစရာအဖြာဖြာ...
ဝါသနာဘာဂီ ဆက်တိုင်းမှ.... အထုံဝါသနာအလေ့ အကျက်က လူတစ်ဦးရဲ့
ဘ၀နေထိုင်မှုဟန်ပန်စိတ်နေသဘောထားကို ထင်ဟပ်ပါတယ်...
စိတ်တည်ငြိမ်အေးချမ်း၍ အပြုသဘောဆောင်ပါစေ....
ထွက်သက်၊၀င်သက်ဖြင့် ကြီးပွားအောင်မြင်ရေး အကျဉ်းချူပ်....
မလိုလားအပ်သော အနိဌာရုံ၊ လောကဓံတရားများနှင့် ကြုံတွေ့ လာခဲ့ ရလျှင်...
သင်ရွေးချယ်စရာ ၃ ခုရှိပါတယ်....
ထိုအခြေအနေ၊ အဖြစ်အပျက်က သင့် ဘ၀အားလွှမ်းမိုးထိန်းချူပ်စေစားသွားစေမလား...
ထိုအဖြစ်အပျက်ကြောင့် သင့် ဘ၀အား ပျက်စီးသွားစေမလား...
ကြိုက်ရာနည်းလမ်းကို သင်ရွေးချယ်ပါလေ...
ကျန်းမာသန်စွမ်းလိုပါသလား...
သန့် ရှင်းလတ်ဆတ်သည်များကိုသာစားသုံးပါ....
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ...
ရေများများသောက်ပါ....
အပိုဆုအကျိုးဆက်များအဖြစ် စိတ်လက်ပေါ့ ပါးပျော်ရွှင်ခြင်း...
ကျန်းမာရွှင်လန်းခြင်းများမလွဲမသွေဖြစ်လာပါလိမ့် မည်...
သင်အလိုလားအပ်ဆုံးသောအရာအတွက် လတ်တလောဖြစ်လာသည့် 
ဆန္ဒလေးတစ်ခုဖြင့် မစတေးပစ်လိုက်ပါနှင့် ...
နေ့ သစ်တိုင်းဟာ ဘ၀ကိုပြောင်းလဲနိုင်စေမယ့် အခွင့် အလမ်းကောင်းသစ်တွေပါပဲ....
ကျွမ်းကျင်တတ်မြောက်သည့်မည်သူမဆို အစမှာတော့တပည့် ပါပဲ....
ဆန္ဒနဲ့ ဝီရိယသာရှိပါစေ....
A Father and Son
Thursday, December 29, 2011
အဖေဆိုတာ...
So true.
ဒီအတွေးအခေါ်လေးကိုနှစ်ပေါင်းတော်တော်ကြာကြာကတည်းက မြန်မာလိုဖတ်ခဲ့ ဖူးပါတယ်...
အခုတော့ အင်တာနက်ပေါ်မှာ စာနဲ့ တကွဓါတ်ပုံလေးများနဲ့ ပါတွဲပြီးတွေ့ လို့ ပြန်လည်တင်ပြလိုက်ပါတယ်..
ကျွန်တော်အသက် ၄ နှစ်သားလောက်က...
ငါ့ အဖေဟာ အရာရာအားလုံးကိုတတ်သိနေတယ်...
ငါ့ ဘ၀ရဲ့ လိုရာအားလုံးကိုဖြည့် ဆည်းပေးနိုင်တယ်လို့ ယုံကြည်ခဲ့ တယ်....
ကျွန်တော် ၆ နှစ်သားအရွယ်လောက်ရောက်တော့
ကျွန်တော်နှိုက်နှိုက်ချွတ်ချွတ်၊ ရှာရှာဖွေဖွေ၊ ပေါက်ပေါက်ရှာရှာ၊ ကတ်သီးကတ်သတ်မေးသမျှ
အဖေမဖြေနိုင်တော့ ဘူး....
ကျွန်တော် ၈ နှစ်သားအရွယ်....
အဖေတို့ ခေတ်နဲ့ ကျွန်တော်တို့ ခေတ် အခြေခအနေချင်းမတူတော့ဘူးလေဗျာ...
၁၄ နှစ်သားအရွယ်မှာတော့....
အဖေဟာ ရှေးဟောင်းအဖိုးကြီး၊ ရှေးကျတဲ့ အဘိုးကြီးလို့ ထင်လာမိပါတော့ တယ်....
အသက် ၂၁ နှစ်အရွယ် ...မာန်အတက်ဆုံးအချိန်....
အဖေဘာတစ်ခုမှ အသေအချာသိတာမရှိဘူး...လို့ ထင်ခဲ့ ပါတယ်....
ကျွန်တော့် အသက် ၂၅ နှစ်ရောက်တော့ ....
နည်းနည်းစဉ်းစားဆင်ခြင်တတ်လာပါပြီ.... ဒီကိစ္စ ( ကျွန်တော်ကြုံတွေ့ နေ၇တဲ့ ပြဿနာ ) နဲ့ ပါတ်
သက်လို့ အဖေသိနားလည်နေပါလား...ဒါပေမယ့် လည်း အဖေ့ အသက်အရွယ်နဲ့ ဒါမျိုးသိတာ
မဆန်းပါဘူးလေ....
အသက် ၃၀ အရွယ်မှာတော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး အဖေ့ ဆီက အကြံအဥာဏ်တောင်းယင်
ကောင်းမယ်လို့ ကျွန်တော်တွေးလာမိပါပြီ....
အသက် ၃၅ နှစ်အရွယ်....
နောက်ဆို ဘယ်ကိစ္စမဆို အဖေ့ ကိုမတိုင်ပင်၊ မမေးမြန်းပဲ တစ်ဇွတ်ထိုးမလုပ်တော့ ဘူး...
လို့ စိတ်ဆုံးဖြတ်လိုက်ပါပြီ...
အသက် ၅၀ အရွယ်....
ဒီကိစ္စမှာ ငါ့ နေရာမှာ အဖေသာဆိုယင် ဘယ်လိုများလုပ်မလဲ....
ကျွန်တော် အသက် ၆၀....
အဖေဟာ တစ်ကယ့် ပညာဗဟုသုတနဲ့ ပြည့် စုံကြွယ်ဝလှပါတယ်...
ဒါပေမယ့် ငါသူ့ ကိုဘယ်တော့ မှ အလေးမထားခဲ့ ဘူး... အခုတော့ အဖေ့ ကို
ရှိစေချင်လိုက်တာ...အဖေသာရှိယင် သူ့ ဆီက ငါအများကြီး လေ့ လာသင်ယူနိုင်မှာ
အသေအချာပါပဲ...
ကျွန်တော်ငယ်စဉ်ကကွယ်လွန်သွားခဲ့ သည့် ဖခင်ကြီးသို့ အမှတ်တရ....