အဖေဆိုတာ...
So true.ဒီအတွေးအခေါ်လေးကိုနှစ်ပေါင်းတော်တော်ကြာကြာကတည်းက မြန်မာလိုဖတ်ခဲ့ ဖူးပါတယ်...
အခုတော့ အင်တာနက်ပေါ်မှာ စာနဲ့ တကွဓါတ်ပုံလေးများနဲ့ ပါတွဲပြီးတွေ့ လို့ ပြန်လည်တင်ပြလိုက်ပါတယ်..
ကျွန်တော်အသက် ၄ နှစ်သားလောက်က...
ငါ့ အဖေဟာ အရာရာအားလုံးကိုတတ်သိနေတယ်...
ငါ့ ဘ၀ရဲ့ လိုရာအားလုံးကိုဖြည့် ဆည်းပေးနိုင်တယ်လို့ ယုံကြည်ခဲ့ တယ်....
ကျွန်တော် ၆ နှစ်သားအရွယ်လောက်ရောက်တော့
ကျွန်တော်နှိုက်နှိုက်ချွတ်ချွတ်၊ ရှာရှာဖွေဖွေ၊ ပေါက်ပေါက်ရှာရှာ၊ ကတ်သီးကတ်သတ်မေးသမျှ
အဖေမဖြေနိုင်တော့ ဘူး....
ကျွန်တော် ၈ နှစ်သားအရွယ်....
အဖေတို့ ခေတ်နဲ့ ကျွန်တော်တို့ ခေတ် အခြေခအနေချင်းမတူတော့ဘူးလေဗျာ...
၁၄ နှစ်သားအရွယ်မှာတော့....
အဖေဟာ ရှေးဟောင်းအဖိုးကြီး၊ ရှေးကျတဲ့ အဘိုးကြီးလို့ ထင်လာမိပါတော့ တယ်....
အသက် ၂၁ နှစ်အရွယ် ...မာန်အတက်ဆုံးအချိန်....
အဖေဘာတစ်ခုမှ အသေအချာသိတာမရှိဘူး...လို့ ထင်ခဲ့ ပါတယ်....
ကျွန်တော့် အသက် ၂၅ နှစ်ရောက်တော့ ....
နည်းနည်းစဉ်းစားဆင်ခြင်တတ်လာပါပြီ.... ဒီကိစ္စ ( ကျွန်တော်ကြုံတွေ့ နေ၇တဲ့ ပြဿနာ ) နဲ့ ပါတ်
သက်လို့ အဖေသိနားလည်နေပါလား...ဒါပေမယ့် လည်း အဖေ့ အသက်အရွယ်နဲ့ ဒါမျိုးသိတာ
မဆန်းပါဘူးလေ....
အသက် ၃၀ အရွယ်မှာတော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး အဖေ့ ဆီက အကြံအဥာဏ်တောင်းယင်
ကောင်းမယ်လို့ ကျွန်တော်တွေးလာမိပါပြီ....
အသက် ၃၅ နှစ်အရွယ်....
နောက်ဆို ဘယ်ကိစ္စမဆို အဖေ့ ကိုမတိုင်ပင်၊ မမေးမြန်းပဲ တစ်ဇွတ်ထိုးမလုပ်တော့ ဘူး...
လို့ စိတ်ဆုံးဖြတ်လိုက်ပါပြီ...
အသက် ၅၀ အရွယ်....
ဒီကိစ္စမှာ ငါ့ နေရာမှာ အဖေသာဆိုယင် ဘယ်လိုများလုပ်မလဲ....
ကျွန်တော် အသက် ၆၀....
အဖေဟာ တစ်ကယ့် ပညာဗဟုသုတနဲ့ ပြည့် စုံကြွယ်ဝလှပါတယ်...
ဒါပေမယ့် ငါသူ့ ကိုဘယ်တော့ မှ အလေးမထားခဲ့ ဘူး... အခုတော့ အဖေ့ ကို
ရှိစေချင်လိုက်တာ...အဖေသာရှိယင် သူ့ ဆီက ငါအများကြီး လေ့ လာသင်ယူနိုင်မှာ
အသေအချာပါပဲ...
အဖေဟာ တစ်ကယ့် ပညာဗဟုသုတနဲ့ ပြည့် စုံကြွယ်ဝလှပါတယ်...
ဒါပေမယ့် ငါသူ့ ကိုဘယ်တော့ မှ အလေးမထားခဲ့ ဘူး... အခုတော့ အဖေ့ ကို
ရှိစေချင်လိုက်တာ...အဖေသာရှိယင် သူ့ ဆီက ငါအများကြီး လေ့ လာသင်ယူနိုင်မှာ
အသေအချာပါပဲ...
ကျွန်တော်ငယ်စဉ်ကကွယ်လွန်သွားခဲ့ သည့် ဖခင်ကြီးသို့ အမှတ်တရ....
5 comments:
း(
စိတ်မကောင်းဘူး
so touching
ကိုပီတာရေ ရင်ကိုတိုက်ရိုက်ထိသွားပြီ...
ကျမအသက် ၄၃မှာ အမေဆုံးတော့ သူ့အသက်၇၇....
အမေမရှိမှဘဲ အမေဘယ်လောက်တော်လဲ ပိုသိတော့တယ်....
ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ
သေသေခြာခြာဖတ်သွားရင်း စိတ်ထဲမှာအရမ်းခံစားရပါတယ်ဗျာ--ကျနော်ဖေဖေဆုံး
သွားတာကျနော်မမြင်လိုက်ရဘူး-ဒါကြောင့်အဖေဆုံးတယ်
လို့လည်းစိတ်ထဲမှာမထင်မိဘူး-အခု ကိုပီတာ စာကိုဖတ်
မိတော့ ဖေဖေ ကိုလွမ်းမိတယ်ဗျာ-
It's so touching. This is real , every sons and daughters should appreciate and respect to their parents before it is too late. Thank you very much Ko Peter for this message and it directly hit into my deepest heart.
Post a Comment