ဗီဒီယိုသီချင်းလေးကြည့် ပြီးတော့...
မြန်မာဖြစ်ရတာများဘယ်လိုလုပ်ပြီးဂုဏ်ယူရဦးမှာလည်းလို့ တွေးပြီးသက်ပြင်းမောကြီးချဖြစ်တယ်...
ကိုယ်ကပဲအသက်ကြီးနေလို့ လား...
မြန်မာပြည်မှာရှိနေခဲ့ တဲ့ အချိန်ကပဲနည်းလို့ လားတော့ မသိ...
သူတို့ ပြောနေ၊ ဆိုနေ၊ ကနေတာတွေကတော့ မျက်စေ့ ထဲနည်းနည်းလေးမှ ကြည့် လို့ မရပါ....
သံစဉ်ကိုတော့ နားထောင်လို့ ရနေဆဲ၊ ကြိုက်နေဆဲမို့ ကိုယ့် ကိုယ်ကိုတော့ သိပ်ခေတ်နောက်
မကျသေးဟုထင်မိပါသည်...
မူရင်းသီချင်းက ရုန့် ရင်းကြမ်းတမ်းသမျှ ကို ရွှေမြန်မာအနုပညာရှင်များကလည်းအားကျမခံ
လိုက်လံတုပ ကာပြောဆိုသရုပ်ဆောင်ထားသည်မှာ.....
ဒီလိုပုံ၊ ဒီိလိုအချိုးနဲ့ ဆိုယင်ဖြင့် .....
မျိုးချစ်စိတ်နှင့် ဇာတိမာန်ထက်သန်ရေးဆိုတဲ့ နေ့ စဉ်ထုတ်ဟာသစာစောင်ပါ ဦးတည်ချက်
များကတော့  ပရုတ်လုံးလို လုံးပါးပါးတော့ မည်သာ....
ရွှေပြည်တော် အနာဂတ်အရေးကတော့ ရင်လေးမိတော့ သည်သာ....
