မြန်မာဖြစ်ရတာဂုဏ်ယူပါဆိုပဲ...

Thursday, November 26, 2009
 Proud to be Myanmar....









ဗီဒီယိုသီချင်းလေးကြည့် ပြီးတော့...
မြန်မာဖြစ်ရတာများဘယ်လိုလုပ်ပြီးဂုဏ်ယူရဦးမှာလည်းလို့ တွေးပြီးသက်ပြင်းမောကြီးချဖြစ်တယ်...
ကိုယ်ကပဲအသက်ကြီးနေလို့ လား...
မြန်မာပြည်မှာရှိနေခဲ့ တဲ့ အချိန်ကပဲနည်းလို့ လားတော့ မသိ...
သူတို့ ပြောနေ၊ ဆိုနေ၊ ကနေတာတွေကတော့ မျက်စေ့ ထဲနည်းနည်းလေးမှ ကြည့် လို့ မရပါ....
သံစဉ်ကိုတော့ နားထောင်လို့ ရနေဆဲ၊ ကြိုက်နေဆဲမို့ ကိုယ့် ကိုယ်ကိုတော့ သိပ်ခေတ်နောက်
မကျသေးဟုထင်မိပါသည်...
မူရင်းသီချင်းက ရုန့် ရင်းကြမ်းတမ်းသမျှ ကို ရွှေမြန်မာအနုပညာရှင်များကလည်းအားကျမခံ
လိုက်လံတုပ ကာပြောဆိုသရုပ်ဆောင်ထားသည်မှာ.....

ဒီလိုပုံ၊ ဒီိလိုအချိုးနဲ့ ဆိုယင်ဖြင့် .....
မျိုးချစ်စိတ်နှင့် ဇာတိမာန်ထက်သန်ရေးဆိုတဲ့ နေ့ စဉ်ထုတ်ဟာသစာစောင်ပါ ဦးတည်ချက်
များကတော့   ပရုတ်လုံးလို လုံးပါးပါးတော့ မည်သာ....
ရွှေပြည်တော် အနာဂတ်အရေးကတော့ ရင်လေးမိတော့ သည်သာ....

10 comments:

Beauty Studio USA Branded Store said...

ဒီ MHA (Myanmar Hiphop Associate) အဖွဲ့ကတော့ မြန်မာပြည်မှာတော့ ဟော့ပဲအကိုရေ။ နောက်ပိုင်းဆယ်ကျော်သက်ကလေးတွေရဲ့ Idol ကောင်တွေလေ။ Third Genaration Hip Hop တွေဆိုပဲ။အတုခိုးမှာရင်တော့ တွေးရင်းနဲ့ ရင်ဘတ်ကြီး လေလံလာသဗျာ။

စန္ဒကူး said...

ရူးနေကြသလားအောက်မေ့ရတယ်..
(ကျုပ်ကခေတ်တုန်းတယ်ဘဲဆိုဆို)
သူတို့လုပ်မှဘဲ ဂုဏ်ယူဖို့မကောင်း ရှက်ဖို့ကောင်းလာပီ..း)

လူအေး said...

ရှက်သဗျာ ...း(

kiki said...

တလွဲဆံပင်ကောင်းနေကြတယ်။
အဆုံးထိတောင် မကြည့်ဖြစ်လိုက်ပါ ။
စိတ်ကုန်လွန်းလို့  ......

အတုယူသင့်တာတွေ မယူကြတဲ့ ဒီလိုလူတန်းစားတွေကို ဆွမ်းဆန်ထဲ ရောတဲ့ ကြွက်ချေးတွေလို့ ပဲ သဘောထားလိုက်ပါတယ် ။

မောင်ဝေး said...

ဒီဖက်က Ghetto ဓလေ့က သူတို့ဘဝအခြေအနေအရပေါ်ပေါက်လာရတာ၊ တို့ဗမာပြည်ကဟာတွေကတော့ သူများယောင်လို့ လိုက်ယောင်ရပါတယ် ပီပြင်တာလဲမဟုတ် တောင်မှန်းမြောက်မှန်းမသိတဲ့ဟာတွေကိုး၊ ဒါမျိုးတွေကူးစက်ပွားလာပြီး ကုစရာဆေး ရှာမတွေ့ကြမှာကိုပဲ စိုးရိမ်မိတယ်၊ ဒီမောင်တွေနဲ့ဟိုအကောင်တွေနဲ့ ဒီမိုးဒီလေ ဒီလူဒီအမျိုးတွေနဲ့ လက်ရှိအခြေအနေ၊ အိုး...စိတ်လေပါတယ်ဗျာ။

ဆောင်း said...

မြန်မာတမျိုးသားလုံး အရှက်ရအောင်သူတို့ လုပ်နေတာဘဲ။

စိတ်၏ဖြေရာ said...

ကျွန်မတို့ကခေတ်နောက်ကျတာလားသူတို့ကဘဲ
ခေတ်မှီနေတာလားမပြောတတ်တော့ပါ။
ဒီပုံအတိုင်းသာဆိုလူငယ်တွေရှေ့ရေးရင်လေးစရာ

ခီခန့် said...

ဟုတ်... ဟစ်ဟော့ကို.. နားလည်မှဝေဖန်ပါတဲ့... ဟစ်ဟော့ ဆရာကြီးတွေ.. ပြောတာပါ...။

hip hop ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုက.. ပွင့်လင်း တယ်တဲ့
နောက်ပြီး.. ဟစ်ဟော့က လမ်းမပေါ်က ဘ၀တွေကို... ပွင့်ပွင့်လင်းလင်း... ချပြတာပါ...။

လမ်းမပေါ်က ဘ၀ ၊ လမ်းမပေါ်က စရိုက်တွေကို.. အပွင့်လင်းဆုံးနဲ့.. အထိမိဆုံးချပြနိုင်တဲ့ သူတွေ (ရက်(ပ်)) အဆိုတော်တွေကို လမ်းမပေါ်က ဘုရင်လို့တင်စားကြပါတယ်..။

လမ်းမပေါ်က စရိုက်တွေဆိုတော့... ဗျာ...
ကောင်းတာရှိမယ်.. ဆိုးတာရှိမယ်...။
ဆိုးတာကိုလဲ ချပြရဲကြသလို...
ကောင်းတာကိုချပြကြတယ်... (ဥပမာ= ရဲလေး အမေသီချင်း)
ဆိုးတဲ့စရိုက်ကိုလဲ.. ချပြကြတယ်.. ဒီဗီဒီယိုဖိုင်ထဲက မိန်းခလေးတွေ.. အပြုအမှုပေါ့... မြန်မာနိုင်ငံမှာလဲ နိုက်ကလပ်တွေ.. မိုလိုပေါက်လာကြတယ်မလား.. အဲ့လိုမိန်းခလေးတွေ.. ပုံနေတာပဲလေ...။ ဟစ်ဟော့ဆိုတာကလဲ.. လမ်းမပေါ်ကစရိုက် ၊လမ်းမပေါ်ကဘ၀ကို ပဲအခြေခံပြီး ဖြစ်လာတာပါ..။

ကဲ့ဗျာ... ကျတော်လဲ မနေ့တနေ့ကမှနားထောင်လိုက်ရတဲ့... မိဘအကြောင်းသီချင်းကိုလက်တို့လိုက်ပါ့မယ်...။
http://myanmarmp3album.com/2009/11/24/14863/ ဒီလင့်မှာ.. သွားဒေါင်းလိုက်ဗျာ..။

တောင်ပေါ်သား said...

ကျနော်မြင်တာတော့ ဆားပက်ခံရတဲ့ တီကောင်တွေလို လူးနေတာပဲ တွေ့တယ် မခံစားတတ်ပါ အဲ့လို သီချင်းတွေကို


လေးစားလျက်
တောင်ပေါ်သား

kyaws said...

စိတ်ရှုပ်ဖို့ကောင်းတဲ့ကောင်တွေ၊ နိုင်ငံတော်အရေးကျတော့ နောက်ရောက်နေရော
သူတို့လိုကောင်တွေ ၂၀၀၇ မှာ ရှေ့ရောက်စေချင်တယ်
ဒါမှမြန်မြန် xxxxxx အေးရော