Floating Filipino Government Officials,

Friday, October 7, 2011

ရိုးသားကြိုးစားနေဟန်ဆောင်ကြသည့် ဖိလစ်ပိုင်

နိုင်ငံမှ အစိုးရအရာရှိများ၏ဖိုတိုရှော့ ပုံ... 

Philippines officials’ disaster area visit photograph Photoshopped

 

 ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊စည်းစိမ်တွေ၊ ပြည်သူပိုင်ပစ္စည်းတွေပျက်ဆီးဆုံးရှုံးတာကို
ကျွန်တော်တို့ အသေးစိတ်လေ့ လာစစ်ဆေးခဲ့ ကြပါတယ်လို့ ဟန်ဆောင်လိမ်ညာခဲ့ သည့် ဖိလစ်ပိုင်
နိုင်ငံမှ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ...

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တွင် လွန်ခဲ့ သည့် ရက်သတ္တပါတ်က နီဆက် ဟုအမည်ရှိသည့် တိုင်ဖုံးမုန်
တိုင်း တိုက်ခတ်သွားခဲ့ ပြီးနောက် အစိုးရပိုင်းဆိုင်ရာမှ လူမှုဆက်ဆံရေးဆိုင်ရာ သတင်းစာမျက်နှာ
တစ်ခုတွင် မုန်တိုင်းဒါဏ်ကြောင့် ပျက်စီးသွားခဲ့ ရသည့် အများပြည်သူသုံး ကမ်းနားပါတ်လမ်းတစ်ခု
အား တာဝန်ရှိပုဂ္ဂိုလ်သုံးဦးမှကြည့် ရှုစစ်ဆေးကာ သဘာဝဘေးဒါဏ်အပျက်အစီးအခြေအနေအား
ဆွေးနွေးနေကြဟန် ဖြင့် ဖိုတိုရှော့ ( ဖြတ်ညှပ်ကပ်၊ ပြုပြင်မွမ်းမံထားသည့် ၊ အစစ်အမှန်မဟုတ်သော)
ဓါတ်ပုံတစ်ပုံအား တင်ပြထားခဲ့ ပါတယ်...
အဆိုပါအင်တာနက်စာမျက်နှာသို့ ဝင်ရောက်ကြည့် ရှုသူတစ်ချို့ မှ ဓါတ်ပုံအား ဖိုတိုရှော့ နည်းပညာ
ဖြင့် ပြုပြင်စီမံထားသည်ကိုသတိပြုမိခဲ့ ကြပါတယ်...
အဆိုပါကိစ္စနှင့် ပါတ်သက်၍ ဖိလစ်ပိုင်အစိုးရမှ တောင်းပန်သည့် ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ 
ရပါတယ်....

အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ကွန်ပြူတာကျွမ်းကျင်သူများက အဆိုပါတာဝန်ရှိပုဂ္ဂိုလ်သုံးဦးအား
နောက်ပြောင် သရော်သောအားဖြင့်လက်စွမ်းပြသည့် ဖိုတိုရှော့ ပုံများပေါ်ထွက်ခဲ့ တာကို အောက်ပါအ
တိုင်း ရှုစားနိုင်ပါတယ်...

 အစိုးရက ဖိုတိုရှော့ နဲ့ လိမ်တော့ ဘာပုဒ်မမြောက်လေသလည်းတော့ မသိ
ကွန်ပျူတာကျွမ်းကျင်သူ ပြည်သူက အခုလိုဖိုတိုရှော့ လုပ်ယင်တော့ တာဝန်ဝတ္တရားနှောက်ယှက်မှု
အသရေပျက်မှုတွေနဲ့ များ တရားစွဲလေမလားပဲ...

 နောက်ဆုံးညစာစားပွဲတောင်ရောက်ရှိကြည့် ရှုစစ်ဆေးခဲ့ လိုက်ကြသေးတယ်...

 ပုလင်းတူ၊ ဗူးစို့ တစ်ခရီးတည်းသွား၊ လှိုင်းတစ်ခုထဲလည်းအတူတူ စီးခဲ့ ကြပါတယ်....

ဥရောပမြို့ ကလေးတစ်ခုက လူကူးမျဉ်းကျားကိုပါအရောက်သွားပြီးကြည့် ရှုစစ်ဆေးခဲ့ လိုက်ကြ
ပါသေးတယ်... ( ကဲ...ဆရာတို့ ကိုယ့် ထက်ပိုပြီးကျွမ်းကျင်တဲ့ သူနဲ့ တွေ့ တော့ ဘာတတ်နိုင်သေးလည်း)

ဖွံ့ ဖြိုးတိုးတက်လာတဲ့ နည်းပညာနဲ့ အတူ ကိုယ်ကျင့် ပျက်မှုတွေပါ များပြားလာတာမို့ အမှန်တရားဆို
တာ ရှားပါးလာခဲ့ ရတာပါပဲ...
အခုတော့ ဖြင့် seeing is believing ဆိုတာထက် seeing is deceiving ဆိုတာက ပိုမှန်နေသလား
လို့ တောင်ထင်မိလာစေပါတော့ တယ်...
ဘယ်အရာမဆိုချင့် ယုံကြဖို့ ပါပဲ...

ရွှေပြည်ကြီးက သတင်းတစ်ချို့ မှာလည်း အဲဒီလိုဖိုတိုရှော့ နဲ့ ပြန်ပြုပြင်ထားတယ်လို့ သတင်းတွေ
ပေါ်ထွက်ခဲ့ ဖူးပါတယ်...

ဒီပို့ စ်အောက်မှာတော့ ယခင် ဇွန်လကတင်ထားခဲ့ ဖူးတဲ့ တရုတ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များလမ်း
စစ်ဆေးနေသည်ကို ဖိုတိုရှော့ လုပ်ထားသည့် သတင်းဆောင်းပါးအားထပ်မံပြန်လည်တင်ပြထား
ပါတယ်...

Summary: After last week’s Typhoon Nesat passed through the Philippines capital city of Manilla, the Philippines government posted on a social media website a photo of 3 government officials standing on the rubble of a walkway destroyed by the typhoon discussing the disaster situation. Someone noticed that the photo was Photoshopped. The Philippines government Public Ministry has already made a statement of apology regarding this matter.



Floating Chinese Government Officials Inspect New Road


တရုတ်နိုင်ငံတွင်ဈန်ပျံနေသည့်အစိုးရအရာရှိများ

အသစ်ဖောက်လုပ်ထားသည့် လမ်းအားစစ်ဆေး...

 ဒါကတော့ မူရင်းအင်တာနက်စာမျက်နှာ (၀က်ဘ်ဆိုဒ် ) ကပုံပါ...

ဖြတ်ညှပ်ကပ်တော့ သူတို့ လည်းတော်တော်စိတ်ပါလက်ပါလုပ်ကြပုံရတယ်...ပြီးတော့ မှ
ပြည်နယ်လမ်းတံတားဆောက်လုပ်ရေးဝန်ကြီးမှ လမ်းသစ်ဖောက်လုပ်ပြီးစီးမှုအား
လာရောက်စစ်ဆေးကြည့် ရှု၍ လိုအပ်သည်များအားမှာကြားခဲ့ ဆိုပြီး 
သတင်းတင်လိုက်ပုံရပါတယ်...

Comments from Tianya:
အောက်က မှတ်ချက်လေးတွေလည်း ကြည့် နိုင်ပါသေးတယ်...
တရုတ်ပြည်ကြီးကလူတွေသူတို့ အစိုးရကိုပြောတာနော်...

"The number of people in the government who can do actual work are too few, they don’t even have anyone who can PS."

Ghosts! They don’t even have a shadow!
Ghosts! They don’t even have a shadow!
Ghosts! They don’t even have a shadow!
Ghosts! They don’t even have a shadow!

"This fully illustrates the conflict between the masses’ increasing intelligence and the government officials continuously declining morality. "

Do you still need to ask? One look and you know a temporary worker was responsible…
Such poor quality, tomorrow he’ll be fired. After all, he’s just a temporary worker.
[Embarrassing mistakes made by companies or the government in China are often blamed on mysterious "temporary" workers.]

အောက်ကပုံတွေကတော့ ပိပိရိရိလိမ်ညာလှည့် ဖြားခြင်းမလုပ်နိုင်ခဲ့ တဲ့ တရုတ်အစိုးရကို ကွန်ပြုတာကျွမ်း
ကျင်သူ အင်တာနက်အသုံးပြုသူတရုတ်နိုင်ငံသားများက ထိုအစိုးရသတင်းမှာပါဝင်ခဲ့ သည့် တာဝန်ရှိသူများ
ရဲ့ ပုံကိုပင်အသုံးပြုကာ ပျက်ရယ်ပြုလှောင်ပြောင်ဖန်တီးပြထားတဲ့ အထူးပြု၊ ဖိုတိုရှော့ ဓါတ်ပုံတွေပါပဲ...
In addition to uniformly ridiculing the poorly Photoshopped government photo, Chinese netizens began creating their own Photoshops which started simple by highlighting the government officials’ apparently floatation/levitation but then became increasingly ridiculous…



 ဒီလိုမျိုးကောင်းကင်ကနေကျလာသလိုဖြစ်အောင်...



တန်ခိုးကြီးတဲ့ မိုးနတ်မင်းကြီးကပဲဖန်ဆင်းလိုက်သလား...




ဒါမှမဟုတ်ဒီလိုနည်းနဲ့ မိုးကျရွှေကိုယ်တွေဖြစ်လာကြတာလား...

 အမေရိကားကိုလည်း သွားပြီးကြည့် ရှုစစ်ဆေးခဲ့ ကြသေးတယ်ထင်တယ်...


 အံ့ မခန်းစရာ လကမ္ဘာကိုတောင်ရောက်ခဲ့ တယ်ထင်ပ....

 ဟိုတုံးကတည်းက ကမ္ဘာကျော်ခေါင်းဆောင်ကြီးတွေနဲ့ ပဲ ရင်းနှီးကျွမ်းဝင်တွေ့ ဆုံခဲ့ ကြ...


 ယေရှုနဲ့ တောင်ညစာစားပွဲဝင်ရှုပ်လိုက်ကြသေးတယ်...
အဓိပ္ပါယ်တော့ မကိကိ တို့  မနိုင်းနိုင်း တို့ ကိုမေးမှရမယ်ထင်တယ်...

 ဟစ်တလာရဲ့ ဂျာမနီနာဇီတပ်မတော်လည်းသူတို့ သွားပြီးစစ်ဆေးခဲ့ ကြတယ်ပေါ့ ...


 အိုဘားမားနဲ့ သရုပ်ဖော်...

 အပြင်းစားအချစ် ရုပ်ရှင်ဇတ်ကားကြီးရိုကွင်းလည်း သူတို့ သွားကြသေးတယ်...

Contortionist with an extra string to her bow: Upside-down archer hits the target using her FEET

Wednesday, October 5, 2011

ကင်းမြီးကောက်ထောင်ကာခြေအစုံဖြင့် ပစ်ကွင်း

ကိုမှန်အောင်မြှားဖြင့် ပစ်နိုင်သူလေး...



အံ့ မခန်းပြကွက်ဆန်းများဖြင့် ပ၇ိတ်သတ်အားဖျော်ဖြေတင်ဆက်သည့် အမျိုးသမီးလေးတစ်ဦးဟာ သူမရဲ့ 
မယုံကြည်နိုင်လောက်ဖွယ် အံ့ သြထူးခြားသည့် ကိုယ်ခန္ဓာပျော့ ပြောင်းမှုကို အဆုံးစွန်ဆုံးသောအတတ်ဖြင့်
ဖန်တီးကွေးကောက်ကာ ကင်းမြီးကောက်ထောင်ပြီး ခြေထောက်ဖြင့် ပစ်မှတ်ကိုထိမှန်အောင်မြှားပစ်ပြနိုင်
ခဲ့ ပါတယ်...
အသက် ၂၄ နှစ်အရွယ်ရှိ လီလီယာစတီပါနိုဗာ ဟာ သာမန်လူတွေဆိုလျှင်ဖြင့် ခါးကျိုးနိုင်လောက်ဖွယ်ဖြစ်
သည့် ခန္ဓာကိုယ်ပုံစံအနေအထားဖြင့် ဟန်ချက်ထိန်းပြီးကင်းမြီးကောက်ထောင်ကာအခက်ခဲဆုံးပုံသဏ္ဍာန်
ဖြင့် ပေါင်းစပ်အစွမ်းပြခဲ့ တာဖြစ်ပါတယ်...
ချီးကျူးအံ့ သြဖွယ်ရာ၊မယုံနိုင်စရာကတော့ ခြေထောက်နှင့် ခြေချောင်းများကိုသာအသုံးပြုပြီး ခပ်လှမ်းလှမ်း
ရှိ ပစ်မှတ်စက်ဝိုင်းထဲသို့ မြှားတစ်စင်းဝင်အောင်ပစ်ပြနိုင်ခဲ့ တာလည်းဖြစ်ပါတယ်...


Stunning: Contortionist Lilia Stepanova takes extreme performances to a new level firing a bow and arrow over her own head using her feet
 အံ့ သြမင်သက်မိလောက်အောင်ကို ကျွမ်းကျင်လှပါပေတယ်...

Stunning: Contortionist Lilia Stepanova takes extreme performances to a new level firing a bow and arrow over her own head using her feet

သူမရဲ့ ကျွမ်းကျင်မှုဟာပြောင်မြောက်ထူးဆန်းလွန်းတာမို့ အမေရိကန်နိုင်ငံမှ ရုပ်သံအစီအစဉ်တွေများစွာ
တွင် ပါဝင်တင်ဆက်ခဲ့ ရပြီး နာမည်ကျော် အမေရိကန်မှ အစွမ်းအစရှိသူများ အစီအစဉ်ပြိုင်ပွဲ တင်ဆက်မှု
တွင် ဆီမီးဖိုင်နယ် ( အကြိုဗိုလ်လုပွဲအဆင့် ) အထိပင် ရောက်ရှိနိုင်ခဲ့ ပါတယ်...
" ကျွန်မရဲ့ ပြကွက်ကတော့ တစ်ခြားအားကစားနည်းများလို ပါပဲ....သူတစ်ပါးကိုယ့် ထက်သားမသွားစေချင်
ယင်တော့ အမြဲစူးစိုက်ပြီးလေ့ ကျင်နေရမှာမို့ ကျွန်မလည်း လေ့ ကျင့် မှုကိုမရပ်တန့် ပဲ ဆက်လက်လေ့ 
ကျင့် နေရပါတယ် လို့ သူမကဆိုပါတယ်...
စင်ပေါ်မှာတော့ အမှန်တကယ်ပြသချိန်ဟာ ငါးမိနစ်လောက်သာကြာပေမယ့် ထိုကဲ့ သို့ အမှားအယွင်းမရှိ
အောင်တင်ဆက်ပြသနိုင်ဖို့ က ပြကွက်တစ်ခုတိုင်း မစခင်တစ်နာလောက်ကြာအောင်လေ့ ကျင့် ယူရပါ
တယ်လို့ လည်း သူမကဆိုပါတယ်...
ဒါကတော့ ပရိတ်သတ်မသိနိုင်တဲ့ မတွေးမိတဲ့ ( ကျွန်မတို့ ဖျော်ဖြေတင်ဆက်သူတွေရဲ့ ကြိုးစားအားထုတ်မှု
အပိုင်းပါပဲ)အတွက် ကျွန်မပြောပြတဲ့ အခါမှာတော့ သူတို့ အမြဲပဲ အံ့ အားသင့် ကြရပါတယ်လို့ သူမကဆက်
ပြီးပြောပြခဲ့ ပါတယ်...
အခုတော့ ကျွန်မဒီကျွမ်းကျင်မှုနဲ့ ပဲအချိန်ပြည့် အသက်မွေးဝမ်းကျောင်းပြုနေပါပြီ...မကြာသေးခင်ကာလ
များကပဲစပြီးတစ်ခြားကျောင်းသားများကိုလည်း ခန္ဓာကိုယ်ပျော့ ပြောင်းစေနိုင်မည့် သင်ခန်းစာများကိုစ
တင်လေ့ ကျင့် သင်ကြားပေးနေပါပြီလို့ ဆိုပါတယ်...


Flexible: Lilia combines her seemingly back-breaking positions with elevated hand balancing to make her act even more difficult
 ပျော့ ပြောင်းစွမ်းဆောင်နိုင်မှုကတော့ တုနှိုင်းမမှီလို့ တောင်ဆိုချင်ပါတယ်...

Flexible: Lilia combines her seemingly back-breaking positions with elevated hand balancing to make her act even more difficult

Perfect poise: Lilia started training when she was just four
 အသက် ၄ နှစ်သမီးအရွယ်ကတည်းကစတင်လေ့ ကျင့် ခဲ့ သူလေး...

Perfect poise: Lilia started training when she was just four

 





A talented performer who discovered an amazing ability to bend her body into incredible positions has taken her performances to extreme new levels - shooting a bow and arrow with her feet.

Lilia Stepanova, 24, combines her seemingly back-breaking positions with elevated hand balancing to make her act even more difficult
In one of her most incredible acts, she shoots an arrow from a bow to a target in the distance - using only her feet and toes.

And she has even appeared on a number of hit US shows including a stint on America's Got Talent where she reached the semi finals.
She said: 'My act can never perfected because just like any other athlete you have to stay on top of it and always stay focused and keep training - I never stop training.
'It's a big part of my job, which to the audience might seem easy and fun, and while it is a lot of fun I put myself through a lot of pain.
'I'm on stage for my act for only five minutes but I also train and warm up before every single one of my performances for about an hour.
'That is something the audience doesn't see and probably doesn't even realise, so when I tell them they're always so surprised.
'It's become my full time job now but recently I've started training other students contortion.

Holy men of India, very colorful characters

Tuesday, October 4, 2011

ဆာဒူးမျိုးစုံအရောင်စုံ....



ယခုခေတ်တွင်ဆာဒူးဟုခေါ်ဆိုကြည့် အိန္ဒိယနိုင်ငံမှယောဂီကြီးများကာ ဗုဒ္ဓဘုရားရှင်မတိုင်မီလက်ထက်
ကတည်းကပင် တိတ္တိများ၊ တက္ကတွန်းများ၊ ပုရဗိုဇ်များစသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ရှိလာခဲ့ တာဖြစ်
ပါတယ်...
ကိလေသာတရားများကုန်ခန်းစေရန်၊ ဆင်းရဲငြိမ်းစေရန်တည်းဟူသောရည်ရွယ်ချက်ကားကောင်းမွန်လှ
သော်လည်း သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်းအကျင့် မှန်မဟုတ်သည့် ဆင်းရဲပင်ပန်းသည့် အ
ကျင့် နည်းလမ်းများကိုသာယုံကြည်ကျင့် ကြံတတ်ကြပါတယ်...
သာမန်လူများလိုက်နာကျင့် ကြံရန်မလွယ်ကူသည့် ခက်ခဲပြင်းထန်သည့် အကျင့် များအားကျင့် ကြံအား
ထုတ်နေကြသည်မို့ ဝီရိယနှင့် စိတ်ဓါတ်အရာတွင်တော့ အားကျအတုယူသင့် ပါတယ်...

အပြစ်တွေကို မြစ်ရေနဲ့ အတူမျှောပစ်ဖို့ ဂင်္ဂါမြစ်ထဲဆင်းလာတဲ့ 
အ၀တ်မလွှမ်းတဲ့ တိတ္တိ၊တက္ကတွန်းဆာဒူးတွေ...

အိန္ဒိယနိုင်ငံရဲ့ အမျိုးသားအားကစားလို့ ခေါ်နိုင်တဲ့ ခရစ်ကက်အသင်းအားပေးသူ 
ခရစ်ကက်ဝါသနာရှင် ခရစ်ကက်ဆာဒူး...

ပြုံးပြုံးလေးသာနေပါကွယ်...
ကင်မရာမင်းဆာဒူး...

ဆေးပေးမီးယူ သူကြည်ဖြူတဲ့ ဆာဒူး...
အ၀ိဇ္ဇာနဲ့ တဏှာတရားကဖုံးလွှမ်းထားတော့ နှစ်ဦးစလုံး ရှက်ရကြောက်ရကောင်းမှန်းမသိကြတော့ ဘူး...

ဆောင်းနှင်းပွင့် လေးတွေနဲ့ အတူ အေးရာအေးကြောင်း ဆာဒူး...

အတ္တလိကမထာနုယောဂလို့ ခေါ်ရမယ့် အကျင့် မှားနဲ့ ဆာဒူး...
အနတ္တသံဟိတော...ကိုယ်အတွက်အကျိုးမရှိတဲ့ အကျင့် ပါတဲ့ ...မတော်လို့ ပြုတ်ကျယင်ဒုက္ခရောက်
ဦးမယ်မဟုတ်လားဗျာ...

ချေးအထပ်ထပ်ဆံကြစ်ခွေနဲ့ အရည်းကြီးဆာဒူး...

ရမ်းကုဆာဒူး...

ရေထဲမှာကိုယ်ဖော့ ပညာပဲတစ်ကယ်စွမ်းသလား...အာပေါကသိုဏ်းပဲရလေသလား...
လွန်ခဲ့ တဲ့ အနှစ် ၂၀လောက်က ပုသိမ်က င၀န်မြစ်ထဲမှာတော့ အဲဒီလိုရေထဲမှာ
ကိုယ်ဖော့ ပြီးအိပ်နိုင်တဲ့သူကိုတွေ့ ခဲ့ ဖူးပါတယ်...

နှစ်ပေါင်းများစွာ ညာလက်ကိုမြှောက်ထားသည့် ဆာဒူး...
သူ့ အကြောင်းသတင်းတစ်ပုဒ်တင်ပြခဲ့ ဖူးပါတယ်...

ဘုရားအလောင်းတော် သုမေဓါရှင်ရသေ့ ကတော့ အလျားမှောက်ကာ တံတားဆောက်ကာဖြင့် ပါရမီတော်
ဖြည့် ခဲ့ ပါတယ်....ဒီဆာဒူးကတော့ တံတားဆောက်တာမဟုတ်ပဲ ၀တ်ပြုဆုတောင်းနေပုံပါပဲ...

တံပိုးမှုတ်သည့်ဆာဒူး...

ယောဂအစွမ်းပြနိုင်သည့် ဆာဒူး...
ရုရှားတို့ အမေရိကန်တို့ က ကလေးမလေးတွေလည်းအဲဒီလိုအကြောပျော့ ကြပါတယ်...
သူတို့ လေးတွေကျတော့ ဒီလိုပုံစံမျိုးနဲ့ ဓါတ်ပုံအရိုက်ခံကြတာ ကမ္ဘာကျော်တယ်ဗျာ...

ဗလာအတိုင်းနေမှ ဗလာဖြစ်မှာ...
(ဗလာဆာဒူး...)

ကိုယ့် ကိုကြည့် ယင်သူ့ ကိုတွေ့ တယ်နော်...
သူလေးလည်း အိန္ဒိယရဲ့ ထက်ထက်မိုးဦးဖြစ်နေမလားပဲ...ဆာဒူးတောင်သဘောကျတယ်ထင်တယ်...

 

နူ

Sunday, October 2, 2011

အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ....

အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ 
ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ 
လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...


အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာချင်း
လွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...

မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...
သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်တောင်မှ
ခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...

တို့ နောက်မှာ အဘရှိနေတာမို့ ဘယ်သူမှတိုင်ရဲမှာမဟုတ်ဘူးလေ...

သူများထက်တစ်မူထူးတိုင်းလည်း ကောင်းတာမဟုတ်ဘူးနော်...

၂ ခါထဲတဲ့ လား...ရက်စက်ပါပေ့ ကွယ်...


ကမ္ဘာသစ်မြေပုံအညွှန်း...


မောင်ရင်တို့ ...ရွေးစရာကတော့ သုဿာန်နှစ်ခုပဲရှိတယ်...
ဆေးရုံတောင်မရှိဘူးနော်...


မိုးလေ၀သညွှန်ချူပ်တောင် ငိုသွားရမယ်...

ဘာပဲဖြစ်ဖြစ်စိတ်မညစ်ပါနဲ့ ဆိုတဲ့ အိုင်ယာလန်လူမျိုးတို့ ရဲ့ ဖီလော်ဆော်ဖီ...


အမြင်ချင်းမတူလိုက်ပုံက ....ကိုယ်တွေကတော့ရှင်းတယ်...တည့် ပဲမြင်တတ်ပါတယ်...
သူတို့ ကျမှသာ...အစုံအစေ့ ကိုနှိုင်းယှဉ်သုံးသပ်တော့ တာပဲ....

ပြန်ဆိုချက်ကတော့ ထိမိလွန်းပါတယ်...


 ဒီတိုယိုတာကိုရော လဲခွင့် ပေးမှာလား...

ငွေနဲ့ အရာရာကိုဝယ်လို့ မရပါဘူး...
စိတ်ဆင်းရဲပူပန်စေကြောင်း၊ ဒုက္ခအပေါင်းကိုဖြစ်စေတာငွေပါ...
ဒါကြောင့် မိတ်ဆွေခံစားနေရတဲ့ ဒုက္ခတွေကိုဖြစ်စေတဲ့ ငွေကို ကျွန်တော့် ကိုသာပေးလိုက်ပါ...
ဒုက္ခဆင်းရဲမှုအားလုံးမှ လွတ်မြောက်သွားပါလိမ့် မယ်...


ဘေးဒုက္ခနဲ့ တွေ့ လာခဲ့ ယင် ဦးစားပေးကယ်ဆယ်ရမှာက 
မရှိမဖြစ်တဲ့ မိန်းမ နဲ့ ဘီယာပါလေ....



ငိုတတ်တဲ့ ကလေး .... ___ ရတယ်ဆိုလို့ ...ကျွန်တော်လည်း ငိုပါရစေ...

Bashful benefactor leaves 10 million yen ($130,000) in Japanese toilet for tsunami victims

Saturday, October 1, 2011

ဆူနာမီဒုက္ခသည်များအတွက်အိမ်သာထဲတွင် ယန်း ၁၀ သန်း (ဒေါ်လာ ၁သိန်း 

၃သောင်း )ထားရစ်လှူဒါန်း...



ဂျပန်နိုင်ငံမှ ရက်ရောလှသည့် အမည်မသိ အလှူရှင်တစ်ဦးက ယခုနှစ်အတွင်းဖြစ်ပွားခဲ့ သည့် ဂျပန်ငလျင်
နှင့် ဆူနာမီဒုက္ခသည်များအတွက် ကူညီကယ်တင်နိုင်ရန် လှူဒါန်းငွေ ယန်း ၁၀သန်း ( ဒေါ်လာ ၁သိန်း ၃
သောင်း ) ကို အများပြည်သူသုံးအိမ်သာတစ်ခုထဲတွင် ချထားလှူပစ်ခဲ့ ပါတယ်...
ဈေးဝယ်ရာတွင်အသုံးပြုသည့် ပလတ်စတစ်အိတ်အတွင်းထည့် သွင်းထားသည့် အဆိုပါ အလှူငွေအထပ်
လိုက်ကြီးကို တိုကျိုမြို့ မြောက်ပိုင်းရှိ ဆာကာဒို မြို့ ခန်းမရဲ့ မသန်မစွမ်းသူများအတွက်ရည်ရွယ်ဆောက်လုပ်
ထားသည့် အိမ်သာအတွင်းတွင် တွေ့ ရှိခဲ့ ရတာဖြစ်ပါတယ်...
အလှူငွေစက္ကူများနှင့် အတူထိုအမည်မသိအလှူရှင်ရေးထားသည့် စာတွင် " ကျွန်တော်ဟာတစ်ကောင်
ကြွက်ပါ...ရှေ့ ဆက်ဘ၀မျှော်မှန်းချက်လည်းမရှိတော့ တာမို့ တိုဟိုကူ အရပ်မှပြည်သူများအသုံးပြုနိုင်ရန်
ဤငွေများကို ထားရစ်ခဲ့ ပါသည်..." ဟုဖေါ်ပြထားပါတယ်...



တိုဟိုကူဒေသ ဟာ လွန်ခဲ့ သည့် မတ်လကဖြစ်ပွားခဲ့ သည့် လူပေါင်း ၂ သောင်း သေဆုံးခဲ့ သောငလျင်နှင့် 
ဆူနာမီဘေးအပြင်းအထန်ခံခဲ့ ရသည့် နေရာလည်းဖြစ်ပါတယ်...
ထိုငွေကိုသုံးလအတွင်းလာရောက်မတောင်းဆိုပါက ကြက်ခြေနီအဖွဲ့ သို့ လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ 
မြို့ ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကပြောကြားပါတယ်...
" ဒီကိစ္စမှာ မည်သူမည်ဝါထားရစ်ခဲ့ တာကို မြင်တွေ့ တဲ့ မျက်မြင်သက်သေမရှိတာမို့ အဲဒီပုဂ္ဂိုလ်ဟာဘယ်
လိုလူမျိုးဖြစ်တယ်ဆိုတာကျွန်မတို့ မခန့် မှန်း၊ မမှန်းဆနိုင်ပါဘူး...
ကျွန်မတို့ တော့ တစ်ကယ့် ကိုအံ့ အားသင့် မိပါတယ်....အခုလိုစေတနာကောင်းနဲ့ လှူဒါန်းတာမို့ ကျွန်မတို့ 
ကျေးဇူးတင်ပါတယ်..." လို့ ထိုမြို့ တော်ပြောရေးဆိုခွင့် ရှိသူအမျိုးသမီးကပြောကြားခဲ့ ပါတယ်...

 

An anonymous donor has left 10 million yen ($130,000) in cash in a public toilet in Japan with instructions that it be used to help victims of this year's earthquake and tsunami.
The bundles of cash were found in a plastic shopping bag in a disabled toilet in the city hall of Sakado, a town north of Tokyo. Also inside was a note reading: "I am all alone. I have no future so let the people in Tohoku use it." 
Tohoku is the region devastated by the March earthquake and tsunami which left 20,000 dead. A city official says the the money will be handed over to the Red Cross if the anonymous donor does not reclaim it within three months.
"There was no witness to the act and we cannot guess what kind of person has been involved," city spokeswoman Masumi Sekiguchi said. "We were really surprised. We also feel thankful for such kindness."