'Lapdancers dressed as nuns put on a sexy strip for Silvio at one of his bunga bunga parties'

Saturday, September 10, 2011


အီတလီဝန်ကြီးချူပ်က ၎င်း၏အပျော်ကျူးသည့် ပါတီပွဲများတွင် ပွတ်သပ်မြူဆွယ်သည့် အကမယ်

လေးများအား သီလရှင်များကဲ့ သို့ ဝတ်ဆင်ခိုင်းကာ ခုနှစ်လွှာချွတ်ကခိုင်း...


Religious bent: New allegation claim Silvio Berlusconi enjoyed lapdancers dressed as nuns at his infamous parties
သူ့ အတွက်ကတော့ ဘာသာတရားဆိုတာ စိတ်ကစားစရာလေပဲလား...

Religious bent: New allegation claim Silvio Berlusconi enjoyed lapdancers dressed as nuns at his infamous parties
ခုနှစ်လွှာချွတ်ကသည့် အပျော်မယ်ကလေးများအား ခရစ်ယာန်သီလရှင်များကဲ့သို့ ဝတ်ဆင်စေကာကပြစေ
ခဲ့ သည်ကိုဖော်ထုတ်သိရှိခဲ့ ရသည့် အတွက် ကိုယ်ကျင့် သိက္ခာပျက်ယွင်းသူ၊ မသူတော်စာရင်းဝင် အီတလီ
ဝန်ကြီးချူပ် ဆီလ်ဗီယိုဘာလုစကိုနီ အားယခုအခါ ခရစ်ယာန်သာသနာတော်အား ထိပါးပုတ်ခတ်ပြစ်မှား
စော်ကားသူအဖြစ် ထပ်မံစာရင်းသွင်း သတ်မှတ်နိုင်ပြီဖြစ်ပါတယ်...
ဟီရိ၊သြတပ္ပ အရှက်အကြောက်တရားကင်းမဲ့ နေပြီဖြစ်သည့် အသက် ၇၄ နှစ်အရွယ်ရှိ နိုင်ငံရေးသမားကြီး
ဟာ ၎င်းစီစဉ်ကျင်းပတဲ့ ပျော်ပွဲပါတီပွဲများတွင် မိန်းကလေးငယ်များအား သီလရှင်ဆရာလေးများဝတ်ဆင်
လေ့ ရှိသည့် အတွင်းခံအင်္ကျီနှင့် ခေါင်းဆောင်းများအားဆင်မြန်းဝတ်ဆင်စေကာ သူနှင့် သူ၏မိတ်ဆွေများ
အား လိင်စိတ်ကြွစေသည့် အကများဖြင့် ဖျော်ဖြေတင်ဆက်စေခဲ့ ပါတယ်...
အသက် ၂၆ နှစ်အရွယ်ရှိ ဖာဒီအိုင်မန်း ရဲ့ ထုတ်ဖော်ပြောကြားချက်အရ အသက် ၂၅ နှစ်အရွယ်ရှိဗြိတိသျှ
သွေးတစ်ဝက်ပါသူကပြားမလေးသွားအထူးကု နီကိုးမီနက်တီ နှင့် အသက် ၂၅ နှစ်အရွယ်ရှိ ဘာဘရာဖက်
ဂီယိုလီ တို့ ဟာ (၀န်ကြီးချူပ်လည်းဖြစ် သူဌေးကြီးလည်းဖြစ်သည့် ) ဘာလုစကိုနီ၏ရှေ့ တော်မှောက်တွင် ပုရိသတို့ အကြိုက် ခပ်လန်းလန်းအကများဖြင့် မကပြခင် သီလရှင်ဆရာလေးများကဲ့ သို့ အယင်ဝတ်ဆင်
ခဲ့ ကြရတယ်လို့ သိရှိရပါတယ်...

မော်ရိုကိုနွယ်ဖွား မစ္စအိုင်မန်း ကထိုပါတီပွဲသို့ ဧည့် သည်အဖြစ်တက်ရောက်ခဲ့ ၇တာဖြစ်ပြီး သူမအားထိုကဲ့ 
သို့ သော်ပါတီပွဲများအား ရုပ်သံသတင်းကြေငြာသူ အီမီလီယိုဖီဒီ ( ၈၀ နှစ် ) နှင့် သတင်းမီဒီယာစီးပွားရေး
လုပ်ငန်းကိုယ်စားလှယ် လီလီမိုရာ ( ၅၅ နှစ် ) တို့ ကဖိတ်ကြားခဲ့ ကြတာဖြစ်ပါတယ်...
မီနက်တီ၊ ဖီဒီ နှင့် မိုရာ တို့ ဟာ ပါတီပွဲများတွင် ဖျော်ဖြေရန်အတွက် မိန်းကလေးအများအပြားအား စုစည်း
သိမ်းသွင်းခဲ့ တယ်လို့ ဆိုပါတယ်...
" ကျွန်မပါတီပွဲကိုသွားခဲ့ ပြီး ဆီလ်ဗီယိုဘာလုစကိုနီ အပါအ၀င်တစ်ခြားမိန်းကလေးတွေနဲ့ တွေ့ ခဲ့ ပါတယ်..
အဲဒီပါတီပွဲမှာ ဘာဘရာဖက်ဂီယိုလီ နဲ့  နီကိုးလ်မီနက်တီ တို့ လည်းရှိနေခဲ့ ပါတယ်...
ပါတီပွဲလုပ်တဲ့ အခန်းထဲမှာ တိုင်ဖက်ကဖို့ တိုင်တစ်ခုရှိနေပြီး (မိန်းကလေးတွေက ) သူတို့ က အနက်ရောင်
သီလရှင်အတွင်းခံအင်္ကျီတွေနဲ့ ခေါင်းဆောင်းအပါအ၀င် အနီရောင်လက်ဝါးကပ်တိုင်ကြက်ခြေလေးတွေပါ
ဝတ်ဆင်ထားကြပါတယ်...
ဒီဂျေ (ဂီတတေးသံများ စုစည်းတင်ဆက်သူ) ကတေးဂီတသီချင်းများအစွမ်းပြတင်ဆက်ပြီးနောက်ကောင်မ
လေး (အမျိုးသမီး) များက တစ်လွှာချင်းချွတ်သည့် ခုနှစ်လွှာချွတ်ပွဲပြသကာ နောက်ဆုံးတော့ အောက်ခံ၊
အတွင်းခံဘောင်းဘီများသာကျန်ရှိသည့်အချိန်တွင် တိုင်ပတ်ကပြကြရတာဖြစ်ပါတယ်..." တယ်လို့ မစ္စအိုင်
မန်း က ဗြိတိန်နိုင်ငံထုတ် သူရိယ သတင်းစာကြီးကိုပြောကြားခဲ့ ပါတယ်...

Brbara FaggioliNicole Minetti
ဘဘဗိုလ်ချူပ်ကြီး အဲလေ...ဘဘ၀န်ကြီးချူပ် ( ကွင်းပိုင်ကြီးလို့ လည်းခေါ်နိုင်တယ်လေ...အေစီမီလန်
ဘောလုံးကလပ်အသင်းကိုပိုင်လို့ ) အတွက် မျက်စေ့ အစာ၊ စိတ်အစာကျွေးတဲ့ အနေနဲ့ 
ဆရာလေးများကဲ့ သို့ ဝတ်ဆင်ကာ တစ်လွှာစီချွတ်ပြီး တိုင်ပတ်ကပြခဲ့ ရပါတယ်...
Bad habit: Nicole Minetti, left, and Barbara Faggioli allegedly wore nuns' tunics and headgear while performing a sexy striptease for Mr Berlusconi and guests
မစ္စအိုင်မန်း ကသူမအနေနှင့် မစ္စတာဘာလုစကိုနီအတွက် ဗိုက်လှုပ်၊ ခါးလှုပ်၊ တင်လှုပ် အကဟုခေါ်ဆို
သည့် belly dance ကပြခဲ့ ရသော်ငြားလည်း ယခုကဲ့ သို့ ဖျော်ဖြေနေရသည်ကိုမြင်တွေ့ ရသည့် အခါအံ့ 
သြတုန်လှုပ်သွားခဲ့ ရပါတယ် လို့ ဆိုပါတယ်...
ထူးထူးဆန်းဆန်းပင် သူမအနေနှင့် မစ္စတာဘာလုစကိုနီ အား လစ်ဗျားအာဏာရှင် မွန်မာကဒါဖီနှင့် အ
ကောင်းဆုံးဖြစ်အောင်မည်သို့ ပေါင်းသင်းပြောဆိုဆက်ဆံရန်အကြံပေးခဲ့ သေးသည်ဟု ထုတ်ဖော်ပြော
ကြားခဲ့ ပါတယ်...




Underage: Berlusconi is facing charges relating to nightclub dancer Karima El Mahroug, 17. The age of consent is 14 in Italy, but paying for sex with someone younger than 18 is a crime
 ကွင်းပိုင်ကြီး ၀န်ကြီးချူပ်ဘာလုစကိုနီဟာ ကပွဲရုံမှ အသက် ၁၇ နှစ်အရွယ်ရှိ ကချေသည်ကလေး
အယ်လ်မာရို့ နှင့်လည်း ဘဘနှင့် သမီးဇတ်လမ်းထွင်ခဲ့ မှုဖြင့် တ၇ားရင်ဆိုင်နေရပါတယ်...
အီတလီနိုင်ငံတွင် မိန်းကလေးများအသက် ၁၄ နှစ်အရွယ်တွင် နှစ်ဦးသဘောတူ ကြည်ဖြူလျှင်
လိင်ဆက်ဆံနိုင်ခွင့် ရှိပေမယ့် အသက် ၁၈ နှစ်အောက်အရွယ်ကို အခကြေးငွေပေးပြီး
ပျော်ပါးလျှင်တော့ ပြစ်မှုမြောက်ပါတယ်...

Underage: Berlusconi is facing charges relating to nightclub dancer Karima El Mahroug, 17. The age of consent is 14 in Italy, but paying for sex with someone younger than 18 is a crime
မစ္စတာဘာလုစကိုနီကတော့ ၎င်း၏အပျော်သက်သက်ပြုလုပ်သည့် ပါတီပွဲများတွင် ခင်မင်ရင်းနှီးစွာမိတ်ဆုံ
စားခြင်း၊ ၀ိုင်သောက်ခြင်း၊ စကားစမြည်ပြောခြင်း၊ သီချင်းဆိုခြင်းများကလွဲ၍ တစ်ခြားမည်သည့် မဖွယ်မရာ
မသင့် လျော်တာမျိုးမပါဝင်ပါဘူးလို့ အစဉ်တစ်စိုက်ငြင်းဆိုထားခဲ့ ပါတယ်...
သို့ သော်လည်း ၎င်းအနေနှင့် အသက် ၁၇ နှစ်အရွယ်ရှိ ခါးလှုပ်အကမယ်လေး ကရီမာအယ်လ်မာရို့ နှင့် 
အိပ်စက်ပျော်ပါးမှုဖြင့် လာမည့် လတွင် တရားစွဲဆိုခံရမှာဖြစ်ပါတယ်...
အီတလီနိုင်ငံတွင် မိန်းကလေးများအသက် ၁၄ နှစ်အရွယ်တွင် နှစ်ဦးသဘောတူ ကြည်ဖြူလျှင်လိင်ဆက်ဆံ
နိုင်ခွင့် ရှိပေမယ့် အသက် ၁၈ နှစ်အောက်အရွယ်ကို အခကြေးငွေပေးပြီးပျော်ပါးလျှင်တော့ ပြစ်မှုမြောက်
ပါတယ်...

တော်တော်ဆိုးတဲ့ ကွင်းပိုင်ကြီးပေပဲ...
ခရစ်ယာန်ဘာသာရဲ့ အထွတ်အမြတ်နိုင်ငံ၊မြို့ တော်မှာကိုပဲ အဲဒီဘာသာကိုစော်ကားတဲ့ အမှုပြုနိုင်ပါပေ
တယ်...( သူကိုယ်တိုင်လည်းအဲဒီဘာသာကို ကိုးကွယ်မှာအသေအချာပါပဲ...)

ဝီကီထဲကအဆိုအရတော့ ကောင်မလေးတွေခေါ်ပြီး ရင်ငွေ့ လှုံကာ ခုနှစ်လွှာချွတ်ပြီးတိုင်ပတ်ကခိုင်းတဲ့ 
ပါတီပွဲတွေ ( bunga bunga party ) လုပ်ဖို့ အခုတော့ သွားရှာပြီဖြစ်တဲ့ လစ်ဗျားအာဏာရှင်ကဒါဖီ ကြီးက
မစ္စတာဘာလုစကိုနီ ကိုနည်းပေးလမ်းပြသင်ကြားပေးခဲ့ တယ်ဆိုပဲ...

Bad boy Italian premier Silvio Berlusconi can now add blasphemy to his growing list of misdemeanors, after it was revealed that lapdancers dressed as nuns performed at his infamous 'bunga bunga' parties.
The seemingly shameless 74-year-old politician is said to have organised girls to wear religious tunics and head gear while performing sexy routines for him and his guests.
According to a statement from Fadile Imane, 26, half-British dental hygienist Nicole Minetti, 25, and Barbara Faggioli, 25, dressed as nuns before performing a sexy dance routine in front of Berlusconi.
Moroccan-born Miss Imane was a guest at the party, and said she had been invited to the parties by TV newsreader Emilio Fede, 80, and showbiz agent Lele Mora, 55.
Minetti, Fede and Mora allegedly recruited a string of women to be part of the entertainment at the parties.
Miss Imane is quoted in The Sun as saying: 'I went to the party and I met Silvio Berlusconi and the other girls, and also there was Barbara Faggioli and Nicole Minetti.
'In the party room where there was a pole for dancing they both put on dark nun tunics, including the headcover and a red cross.

'A DJ who was there played music and they both then performed a sexy striptease, eventually ending up dancing around the pole in their underwear.'
Of course, Miss Imane added that she was 'shocked' by the performance, despite admitting that she had 'performed a belly dance for Berlusconi'.
Bizarrely, she also revealed that she had advised Mr Berlusconi on how best to deal with Libyan dictator Muammar Gadaffi.

Mr Berlusconi has always denied that anything other than 'convivial dinners, wine, food, talking and singing' went on at the bunga bunga parties.




Nevertheless, he is facing trial next month of having sex with then 17-year-old belly dancer Karima El Mahroug.
The age of consent in Italy is 14 but, but paying for sex with a woman under 18 is prostitution with a minor, and therefore a crime.

အိန္ဒိယနိုင်ငံမှသစ်မြစ်တံတားများ...

Friday, September 9, 2011
အိန္ဒိယနိုင်ငံမှသစ်မြစ်တံတားများ...

ယနေ့ daily mail သတင်းစာတွင်ဖော်ပြထားသည့် သစ်မြစ်တံတားဆောင်းပါးပါအကြောင်းအ
ရာလေးကို လွန်ခဲ့ သည့် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ တွင် ကျွန်တော်ဘာသာပြန်တင်
ဆက်ခဲ့ ပြီးဖြစ်သည်...
ယခုထို သတင်းတွင်ပါရှိသည့် ဓါတ်ပုံများအားထပ်မံထည့် သွင်းကာ အသစ်တစ်ဖန်တင်ဆက်အပ်
ပါသည်....

အိန္ဒိယနိုင်ငံအရှေ.မြောက်ပိုင်းမိုးရေချိန်လက်မအများဆုံးရွာသွန်းသည့် ဒေသတွင်အလိုလျောက်ဖြစ်ပေါ် ပေါက်ထွန်းတဲ.သစ်ပင်ရဲ.အမြစ်များကနေတံတားပြုလုပ်ဖန်တီးထားတာကိုအခုလိုရင်သပ်ရှုမောဖွယ်ဓါတ်
ပုံများကိုကြည်.လျှင်သိနိုင်ပါတယ်....

ကမ္ဘာပေါ်မှာဒီလိုသစ်ပင်တံတားမျိုးတစ်ခြားဘယ်နေရာမှာမှမရှိပါဘူးတဲ့   ....


အံ.သြဖွယ်...နှစ်ထပ်သစ်မြစ်တံတား... ကိုအိန္ဒိယနိုင်ငံ ချာရာပါန်ဂျိပြည်နယ်တွင်တွေ.ရသည်။
Ficus elastica အမျိုးနွယ်ဝင်သစ်ပင်များသည်ပင်စည်အထက်ပိုင်းများမှပါသစ်မြစ်များပေါက်သဖြင်.
၎င်းအမြစ်များကိုချောင်းတစ်ဖက်ကမ်းသို.တိုင်အောင်ကိုင်းညွတ်စေပြီးတံတားပြုလုပ်ခြင်းဖြစ်သည်...
The living bridges of Cherrapunji, India are made from the roots of the Ficus elastica tree. This tree produces a series of secondary roots from higher up its trunk and can comfortably perch atop huge boulders along the riverbanks, or even in the middle of the rivers themselves.

  ကမ္ဘာပေါ်တွင်မိုးရေအစိုစွတ်ဆုံးဒေသဖြစ်သော Cherrapunji ရှိ ၀ါခါစစ် လူမျိုးစုများကရှေးနှစ်
ပေါင်းများစွာကပင်ဤသစ်ပင်မျိုးများ၏ခိုင်မာသန်းစွမ်းသောအမြစ်များ၏ထူးခြားမှုကိုသတိပြုမိခဲကြပြီး
သူတို.ဒေသရှိမြစ်ချောင်းပေါင်းများစွာကိုဖြတ်ကျော်နိုင်ရန်သစ်မြစ်တံတားများလိုအပ်သလိုတည်ဆောက်
ဖန်တီးနိုင်ခဲ.ကြသည်....
Cherrapunji is credited with being the wettest place on earth, and The War-Khasis, a tribe in Meghalaya, long ago noticed this tree and saw in its powerful roots an opportunity to easily cross the area's many rivers. Now, whenever and wherever the need arises, they simply grow their bridges.

 ရာဘာပင်ကဲ.သို.သောဤအပင်မျိုး၏အမြစ်များကိုလိုအပ်သည်.ဘက်သို. ဥပမာ.မြစ်တစ်ဖက်ကမ်းသို.
ရောက်စေရန် ကွမ်းသီးပင်၏ပင်စည်ကိုအခေါင်းပွပြုလုပ်ပြီးအမြစ်များထည်.သွင်းကာထိန်းကျောင်းညွှန်
ပြပေးသည်...အပင်မှထွက်ကာစ..ပါးလွာနူးညံ.သောအမြစ်များဘေးလို.ပြန်.ကားမသွားအောင်ကွမ်းသီး
ပင်စည်ကထိန်းချူပ်ပေးကာရှေ.သို.သာတိုးထွက်စေသည်...
မြစ်ချောင်း၏တစ်ဖက်သို.ရောက်သောအခါအမြစ်များကိုမြေတွင်တွယ်စေပြီးလုံလောက်သောအချိန်
ကြာမြင်.သောအခါလွယ်ကူစွာဖြတ်သန်းနိုင်သည်.သက်ရှိသစ်ပင်အမြစ်တံတားတစ်ခု
အဆင်သင်.ဖြစ်ပေါ်နေပေပြီ...
In order to make a rubber tree's roots grow in the right direction - say, over a river - the Khasis use betel nut trunks, sliced down the middle and hollowed out, to create root-guidance systems.
The thin, tender roots of the rubber tree, prevented from fanning out by the betel nut trunks, grow straight out. When they reach the other side of the river, they're allowed to take root in the soil. Given enough time, a sturdy, living bridge is produced.
 တစ်ချို.သစ်မြစ်တံတားများဆိုလျှင်ပေတစ်ရာကျော်သည်အထိရှည်လျားပြီးထိုသို.ပြီးပြည်.စုံ
ပြီးတောင်.တင်းခိုင်မာသည်.လူပေါင်းငါးဆယ်၏အလေးချိန်ကိုတစ်ချိန်တည်းဖြတ်သန်း
နိုင်သည်.စွမ်းအားရှိတံတားတစ်ခုဖြစ်ပေါ်လာရန်နှစ်ပေါင်းဆယ်နှစ်မှဆယ်.ငါးနှစ်
အထိစောင်.ရတတ်သည်...
The root bridges, some of which are over a hundred feet long, take ten to fifteen years to become fully functional, but they're extraordinarily strong - strong enough that some of them can support the weight of fifty or more people at a time.

 ဆက်လက်ရှင်သန်နေဆဲသစ်ပင်များ၏အမြစ်များဖြစ်ခြင်းကြောင်.အချိန်ကြာလာသည်နှင်.
အမျှတံတား၏ခံနိုင်ဝန်သည်လည်းပိုမိုးတိုးတက်ကြံ.ခိုင်လာပေသည်...
အချို.တံတားများမှာလွန်ခဲ.သောနှစ်ပေါင်းများစွာမှယနေ.ထိတိုင် ချာရာပါန်ဂျီ ဒေသ
အနီးတစ်ဝိုက်မှရွာသားများသုံးစွဲလျက်ရှိသည်...နောင်နှစ်ပေါင်းရာချီ၍လည်း
ဆက်လက်အသုံးပြုနေဦးမည်သာ....
Because they are alive and still growing, the bridges actually gain strength over time - and some of the ancient root bridges used daily by the people of the villages around Cherrapunji may be well over five hundred years old.

  ကမ္ဘာမှာတစ်ခြားဘယ်နေရာမှာမရှိတဲ.နှစ်ထပ်သစ်မြစ်တံတာ...
One special root bridge, believed to be the only one of its kind in the world, is actually two bridges stacked one over the other and has come to be known as the "Umshiang Double-Decker Root Bridge."

 Ancient solution: The 'double decker' living tree root bridge in the village of Nongriat in Meghalaya, India. Locals have been using the bridges for over 500 years
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့ သည့် နှစ်ပေါင်း ၅၀၀ ကျော်မှ ယနေ့ တိုင် ဘိုးဘွားဘီဘင်များလက်ထက်ကစပြီး
သဘာဝသစ်မြစ်တံတားများဖန်တီးအသုံးပြုခဲ့ ကြတာဖြစ်ပါတယ်...
Ancient solution: The 'double decker' living tree root bridge in the village of Nongriat in Meghalaya, India. Locals have been using the bridges for over 500 years


Nature's incredible engineering: Some of the bridges can hold more than 50 people at a time. Some can take ten to fifteen years before they are fully functional
သဘာဝရဲ့ မယုံကြည်နိုင်ဖွယ်ရာ အံ့  သြဖွယ်...
တစ်ချို့ သောသစ်မြစ်တံတားများဆိုလျှင် လူပေါင်း အယောက် ၅၀ ကျော် ခံနိုင်ရည်စွမ်းအား
ရှိပါတသည် ...သစ်မြစ်တံတားတစ်ခုဖြစ်တည်ဖို့ ကတော့ ၁၀ နှစ်မှ ၁၅ နှစ်အထိကြာမြင့် နိုင်ပါတယ်...
Nature's incredible engineering: Some of the bridges can hold more than 50 people at a time. Some can take ten to fifteen years before they are fully functional


Interwoven: A close up of the solid lattice work that makes the bridges so strong. The natural bridges are much sturdier than a conventional wooden bridge because they are still living so they do not rot
သဘာဝအတိုင်းပေါက်ကာယှက်နွယ်နေသည့် နွယ်မြစ်များက သစ်မြစ်တံတားကို ပိုမိုခိုင်မာတောင့် 
တင်းစေပါတယ်...သက်ရှိသစ်ပင်၊ သစ်မြစ်တွေဖြစ်တာကြောင့် မို့ လည်း မဆွေးမြေ့ ပဲတည်နေတာမို့ 
သမားရိုးကျ လူတို့ တည်ဆောက်ခဲ့ ကြသည့် တံတားများထက် သက်တမ်းပိုမိုရှည်ကြာပါတယ်...
Interwoven: A close up of the solid lattice work that makes the bridges so strong. The natural bridges are much sturdier than a conventional wooden bridge because they are still living so they do not rot





ကဲ....နောက်ဆုံးအနေနဲ.ဗီဒီယိုကလစ်လေးလဲကြည်.နိုင်ပါသေးတယ်....


ဒီပို.စ်လေးကို  ဒီနေရာကရပါတယ်...

Blogger ဆိုတာ ဘာလဲ 

ကျွန်တော်ဘလော့ ဂ်စတင်ဖွင့် လှစ်ဖန်တီးကာရေးသားခဲ့ သည်မှာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ဖြစ်၍ယခုဆို
လျှင် ၃ နှစ်ကျော် ၄ နှစ်နီးပါးသို့ တိုင်ခဲ့ လေပြီ...

အင်တာနက်အသုံးပြုရလွယ်ကူသောပြည်ပသို့ အကြောင်းအားလျော်စွာရောက်ရှိကာအလုပ်လုပ်ခွင့် ရခိုက်
အားလပ်ချိန်၊အားလပ်ရက်ကလေးများအတွင်း မိမိနိုင်ငံအကြောင်း၊ အမျိုးဘာသာ၊ သာသနာ၊ စာပေအနုပ
ညာ စသည်ဖြင့် ကောင်းနိုးရာရာ၊သတင်းများမှအစပြုပြီး ရှာဖွေဖတ်ရှုရာမှ မြန်မာစာဖြင့် ရေးထားသည့် ဘ
လော့ ဂ်များလည်း တွေ့ ရှိကာ ဖတ်ရှုမိခဲ့ ရပါတယ်...

ငယ်စဉ်ကပင်စာဖတ်ဝါသနာပါသူမို့ မြန်မာစာအုပ်၊ စာတန်း၊ ဂျာနယ်၊ စာစောင်များမရရှိနိုင်သည့် ဒေသဖြစ်
သည့် နိုင်ငံတွင်ရောက်ရှိနေသဖြင့် အလွယ်တကူရှာဖွေဖတ်ရှုနိုင်သည့် အင်တာနက်သတင်းစာမျက်နှာ၊ ဘ
လော့ ဂ်များ၊ ဖိုရမ်များသည်သာ ကျွန်တော့် အတွက် ဖတ်၍မကုန်နိုင်သည့် အင်တာနက်စာမျက်နှာများအ
ထက်က စာကြည့် တိုက်၊ဗဟုသုတပင်လယ်ကြီးပင်ဖြစ်ခဲ့ ရပါတော့ တယ်...

သို့ နှင့် ရှေ့ ကဘလော့ဂ်ဂါများရေးသားသည့် စိတ်ကူးချိုချိုအတွေးချိုချိုလေးများ၊ အတွေးသွက်သွက်အ
ရေးသွက်သွက်စာများ၊ အနုအလှဖြင့် သမုဒယစာများ၊ ဆွတ်ပျံ့ ကြည်နူး တိမ်းယစ်မူးရသည့် စာများ၊ ဘ၀င်
နှလုံးရွှင်ပြုံးစေသည့် စာများ၊ အံ့ သြဘနန်း အလွန်ထူးဆန်းဖွယ်အကြောင်းအရာများ ဖတ်ရှုခဲ့ ရပြီးသည့် 
နောက်တွင်တော့ မိမိသည်လည်း ထိုသူများကဲ့ သို့ ဖတ်ဖူးမှတ်ဖူး၊ တွေ့ ကြုံခဲ့ ဖူး၊ ခံစားရခဲ့ ဖူးသည်များကို
ပြန်လည်ပြောပြ၊ ရေးသားလိုစိတ်များ ဖြစ်တည်ခဲ့ ၇ပါသည်...

ထို့ ကြောင့် ပင် စု၊ တု၊ ပြု ဟူသောစကားအတိုင်း ဘလော့ ဂ်နှင့်ပါတ်သက်သည့် အကြောင်းအရာများအား
စုဆောင်းဖတ်ရှုကာ၊ ဆရာ့ ဆရာ(မ)ဘလော့ ဂ်ဂါများတည်ဆောက်ဖန်တီးသည်များကိုအတုယူကာ ကိုယ်
ပိုင်ဘလော့ ဂ်လေးတစ်ခု ပြုစုပျိုးထောင်ခဲ့ မိပါတော့ တယ်...

ပြည်ပရောက်အင်တာနက်အသုံးပြုနိုင်သူ၊ ကွန်ပြူတာအသုံးပြုတတ်သူများအနေနှင့် ဘလော့ ဂ်တစ်ခုပြု
လုပ်နိုင်ရန်မှာ အလွန်လွယ်ကူလှသည်မို့ ချက်ချင်းလုပ်ကာ စာတစ်ပုဒ်၊ ပုံတစ်ခုတင်ရုံမျှဖြင့် ဘလော့ ဂ်ဂါ
တစ်ယောက်ဖြစ်ရန်ကား မခက်ခဲလှပေ...
သို့ သော်လည်း ကိုသက်တန့် ပြောသလိုပင် သူများယောင်လို့ လိုက်ယောင်တာထက် ကိုယ်ပိုင်ဘလော့ ဂ်
ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကလေးတော့ ရှိထားသင့် ပေသည်...
မိမိဖတ်ဖူးမှတ်ဖူး၊ သင်ယူလေ့ လာခဲ့ ဖူးသည်များအား ပြန်လည်ဝေငှချင်သည်လား၊ မိမိဘ၀အတွေ့ အကြုံ
ခံစားချက်အတွေးများအား မျှဝေချင်သည်လား သေချာစဉ်းစားရပေမည်...
မည်သို့ ဆိုစေ စာမျက်နှာများထက်တွင်ရေးသားတော့ မည့် ဘလော့ ဂ်ဂါတစ်ယောက်အတွက်မရှိမဖြစ်လို
အပ်သည့် အချက်အလက်တစ်ခုကတော့ မရေးခင် မိမိဝမ်းစာ စာပေဗဟုသုတအဖြစ် စာဖတ်ထားသူဖြစ်ရ
ပါ့ မယ်...တတ်နိုင်လျှင်စာများစုံဖတ်ထားရပါမယ်...
သို့ မှသာ မိမိရေးမည့် အကြောင်းအကောင်းအဆိုးကိုခွဲခြားသိရှိနိုင်မည်မဟုတ်ပါလော...

စာအရေးအသားနှင့်ပါတ်သက်ပြီး ပါရမီပါသူအနည်းအကျဉ်း ( တစ်ကယ့် ကိုအနည်းငယ်လောက်သာ ) မျှ
လွဲ၍တော့ ကျန်သည့် သူအားလုံး သည်လမ်းခရီးကပင် လာခဲ့ ရမည်သာ...

နောက်တစ်ခုကတော့  ဘလော့ ဂ်ဂါဖြစ်ချင်လျှင် လောကဓံတရားကိုကြံ့ ကြံ့ ခိုင်နိုင်ရမည်ဟု ဆိုချင်ပါသေး
သည်...
အင်တာနက်ပေါ်တွင်အများသူငါဖတ်ရှုနိုင်ရန်တင်ထားသည်မို့ ၊လာရောက်ဖတ်ရှုသူများအားလည်း ၎င်းတို့ 
၏ခံစားချက်၊ သဘောထားများအား ရေးသားပြောဆိုနိုင်ရန် ( ကွန်မန့် ၊ စီဘောက် အစရှိသည်ဖြင့် )စီမံပေး
ထားကြသည်မို့ ယုံကြည်ကိုးကွယ်ရာဘာသာအမျိုးမျိုး၊ အယူအဆ၊ ခံစားချက်၊ အမြင်အမျိုးမျိုးရှိသူများ၏
ရေးသားပြောဆိုချက်များအား တွေ့ ရှိရမည်မှာမလွဲပေ...

တစ်ချို့ ကယဉ်ယဉ်ကျေးကျေးဖြင့် လာရောက်ခဲ့ ကြောင်းရေးသားပြောဆိုခဲ့ သလို တစ်ချို့ စိတ်ဓါတ်သိမ်
ဖျင်းယုတ်ညံ့ သူများကျတော့ လည်း ယုတ်ရင်းကြမ်းတမ်းစွာပြောဆို၊ ဆဲဆိုသွားနိုင်ပါသေးသည်...
တစ်ချို့ ကမိမိပေးချင်သည့် ၊ သိစေချင်သည့် အကြောင်းအရာကို ၎င်းတို့ လိုသလိုအဓိပ္ပါယ်ကောက်ယူကာ
အထင်လွဲ၊ အမြင်လွဲဖြစ်ပြီး ခြိမ်းချောက်ပြောဆို၊ ဆဲရေးတတ်သလို၊တစ်ချို့ ကျတော့ လည်း ချစ်ဖွယ်သော
စကား ချိုသာသောစကားတို့ ဖြင့် အားပေးပြောဆိုတတ်ကြပေသည်...
အဓိက ကတော့ မည်သို့ ပင်ပြောဆိုရေးသားနေကြစေကာမူလောကဓံတရားကို သူတော်ကောင်းကြီးများနှ
လုံးမူသည့် ပမာ လက်ခံနိုင်ရန်ပင်ဖြစ်သည်...်

မိမိတို့ ၏ဥစ္စာဓန၊ ပညာမာနဖြင့် ဆတ်ဆတ်ထိမခံနိုင်သူများ ဘလော့ ဂ်ရေးရန်မသင့် ပေ...

နောက်တစ်ခုကတော့ ကျွန်တော့် ခံယူချက်တစ်ခုဖြစ်သည့် မိမိဘလော့ ဂ်တွင် ၊ စီဘောက်တွင် လူအများ
ကွန်မန့် များများရရန်၊ လာရောက်နှုတ်ဆက်ခြင်းများများခံလိုခြင်း မရှိသင့် (နည်းသင့် )ခြင်းဖြစ်ပေသည်...

ပုထုဇဉ်တစ်ဦးပီပီ ကျွန်တော်သည်လည်း ကွန်မန့် များ၊ စီဘောက်များတွင် လူအများလာရောက်ရေးသား
ခြင်းကို အနည်းငယ်တော့ နှစ်သက်သဘောကျမိသည်ပင်...သို့ သော် မိမိဘလော့ ဂ်ရေးရခြင်း၏ရည်ရွယ်
ချက်ကားအဘယ်နည်း...အဓိကဦးတည်ချက်ကား မိမိသိသလို၊ ခံစားနားလည်သလို လူအများသိရှိဖတ်ရှု
စေရန်မဟုတ်ပါလော...

သို့ အတွက် လာရောက်ဖတ်ရှုသူရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ၎င်းတို့ အနေဖြင့် မှတ်ချက်ကွန်မန့် ရေးခဲ့ 
သည်ဖြစ်စေမရေးသည်ဖြစ်စေ၊ ၎င်းတို့ ရောက်ရှိခဲ့ ကြောင်း ခြေရာချန်ခဲ့ သည်ဖြစ်စေ၊ မချန်ခဲ့ သည်ဖြစ်စေ
မိမိမဖန်တီးနိုင်သည့် ၊ မစီမံနိုင်သည့် ကိစ္စအတွက် စိတ်ပင်ပန်းကာ မိမိရည်ရွယ်ရင်းဖြစ်သည့် ဘလော့ ဂ်
ရေးခြင်းအားထိခိုက်စေရပါမည်လော...

ဤသို့ ကွန်မန့် များခြင်း၊ လူချစ်လူခင်များခြင်းသည်လည်း မိမိ၏အရေးအသား၊ကြိုးစားအားထုတ်မှုပေါ်တွင်
သာမကဘ၀၊ဘ၀က ပါခဲ့ သည့် ပါရမီကုသိုလ်ကံတရားများလည်းအကြောင်းအချက်တစ်ခုအနေဖြင့် ပါဝင်
သည်ဟု ကျွန်တော်ကတော့ ယုံကြည်သည်...

တစ်ချို့ လူချစ်လူခင်ပေါသူများကျတော့ ဘာမှဟုတ်တိပတ်တိရေးသည်မဟုတ်တာတောင် လာရောက်ရေး
ကြသည့် ကွန်မန့် များ၊ နှုတ်ဆက်သည်များက အမြောက်အများပင်...

ထို့ ကြောင့် ရေးဆဲ၊ ရေးလတ္တံ့ သော်ဘလော့ ဂ်ဂါများအား အားပေးလိုသည်မှာ ကွန်မန့် ကြောင့် ၊ မိမိဘ
လော့ ဂ်အားလာရောက်ဖတ်ရှုသူအရေအတွက် hit counter ကြောင့် တော့ ဖြင့် စိတ်ဓါတ်မကျစေလို ...

နောက်တစ်ခုပြောလိုသည်ကတော့ အထူးသဖြင့် ကျွန်တော်တို့ လို စု၊ တု၊ ပြု သမားများအတွက်အဓိက
ရည်ရွယ်ပါတယ်...တစ်ချို့ လည်း သဘောထားချင်းတိုက်ဆိုင်ချင်မှတိုက်ဆိုင်နိုင်ပါလိမ့် မယ်...
ကျွန်တော့် ရဲ့ ဘလော့ ဂ်ရည်ရွယ်ချက်ကပင် အထက်တွင်ဆိုခဲ့ သည့် အတိုင်း မိမိဖတ်ခဲ့ ၊ မှတ်ခဲ့ ရသည်
ကို တစ်ခြားသူများအားလည်း ဖတ်စေချင်၊ သိစေချင်သည်မို့  (ဆရာကြီးဒေါက်တာသန်းထွန်းစကားနဲ့ ပြော
ရလျှင် " မအ " အောင်လို့ ) မိမိဘလော့ ဂ်တွင်တင်ခဲ့ ရေးခဲ့ သည်များကို ကူးယူကာ ( စီးပွားရေးအရ၊ အခ
ကြေးငွေတစ်စုံတစ်ရာဖြင့် အသုံးပြုသည်မှလွဲ၍ ) ထပ်ဆင့် ဖြင့် ဝေခြင်းများအားခွင့် ပြုသင့် ပါတယ်...
(ဥပမာ ...သူတို့ အခုမှသိကြသလား ဟူသည့် ဆောင်းပါးဆိုလျှင် ကျွန်တော်ပထမဦးဆုံးစတင်ဘာသာပြန်
ဖော်ပြခဲ့ တာဖြစ်ပါတယ်...
ဒါပေမယ့် ဝီကီမြန်မာလင့် ကအစ ဖိုရမ်များ၊ ဖော်ဝါ့ ဒ်မေးများ၊ ဘလော့ ဂ်များတွင် အကြိမ်ပေါင်းများစွာကူး
ယူဖော်ပြခဲ့ ကြလို့ မူရင်းဘာသာပြန်သူ ကျွန်တော့် အမည်ပင် သိသူမရှိလောက်ဖြစ်ခဲ့ ပါတယ်...
ဒါပေမယ့် ကျွန်တော်ဝမ်းသာကျေနပ်ပါတယ်...
သိစေချင်သည့် အကြောင်းအရာတစ်ခု လူအများသိရှိသွားကြသည်က မိမိမူလရည်မှန်းချက်ပင်...)

ကူယူးသူကတော့  သိရင်သိသလို ခရစ်ဒစ်ပေးနိုင်ရပါမယ်...သို့ သော်လည်း လူအများသိရှိဖတ်ရှုနိုင်လေ
မိမိရည်ရွယ်ချက်အောင်မြင်လေမို့ ကျွန်တော်ကတော့ ကူယူဖြန့် ချီခြင်းကို အားပေးပါတယ်...
မိမိကိုယ်ကိုယ်တိုင်ပင်လျှင် ဘလော့ ဂ်စတင်ကာစက ဖတ်မိကြိုက်မိသည်များကို ဖတ်ညွှန်းပင်အားမရလို့ 
ပြန်တင်ပေးခြင်းဖြင့် စတင်ခဲ့ ရသည်မဟုတ်ပါလော...

ကျွန်တော်ဆိုလျှင်လည်း သတင်းအချက်အလက်များကို မူရင်းသတင်းဌာနများမှ ကူးယူတင်ပြရသည်ပင်...
သို့ အတွက် ထိုသတင်းဌာနများကိုတော့ ခရက်ဒစ်ပေးပါသည်...
ကိုယ်ကိုယ်တိုင်ပင် သူများဆီမှ အလကားရယူပြီး သူများကိုယ့် ဆီက ယူလျှင်လည်းပေးသင့် သည်မဟုတ်
ပါလော...( ကိုယ်ပိုင် ရင်တွင်းဖြစ်ခံစားပုံဖော်ချက်များအား မဆိုလိုပါ...)
ကျွန်တော်ကတော့ ကိုယ်သေသွားလည်းကိုယ့် နောက်ဘာမှမယူသွားနိုင်သည့် အတူတူ ယခုရေးသားဖော်
ပြခဲ့ သည်များကိုလည်း လူအများသိစေရန်ရည်ရွယ်ချက်ဖြင့် ကူးယူဖော်နေသည်အတွက် ပိုတောင်ဝမ်းသာ
မိပါသေးသည်...
မိမိ၏ စွန့် လွှတ်နိုင်မှုအတွက် ခံနိုင်ရည်အားစမ်းသပ်မှုတစ်မျိုးဟုပင် သဘောပိုက်ထားလိုက်ပါသည်...

အချူပ်ဆိုရသော်အလကားနီးပါးရသည့် ဘလော့ ဂ်စပေါ့ ကြီးအား အကြောင်းပြုကာ မိမိရေးချင်သည်များ
အား ပြုပြင်တည်းဖြတ်မည့် ၊ဖြုတ်ပယ်ငြင်းဆန်မည့် အယ်ဒီတာများမရှိသည်ကိုအမြတ်ထုတ်ကာ ကလောင်
သွေးခွင့် ရသည် မိမိပေးချင်သည့် အကြောင်းအချင်အရာများအား လွတ်လွတ်လပ်လပ်တင်ပြခွင့် ရသည်
ဆိုသည့် အချက် (ကိုယ်ရေးသည့် စာ၊ ကိုယ်တင်သည့် စာကိုတော့ စိတ်ရှင်းရှင်းဖြင့် တာဝန်ယူနိုင်ရမည်
ပေါ့ ) ကိုသာလျှင် မျက်ချည်မပြတ် နှလုံးသွင်းကာ ပျော်ပျော်ရွှင်ရွှင်ဘလော့ ဂ်ဂင်းနိုင်ပါစေသတည်း...

ကဲ ...
ဆရာလေးကိုသက်တန့် ရေ...
ရေးဆိုလို့ သာရေးလိုက်ရတယ်...ဆရာ့ လိုနှုတ်ခမ်းနီမလေးတွေ ( အစ်မလတ်တွေ၊ အစ်မကြီးတွေလည်း
ပါ ပါတယ်...) ရဲ့ အသည်းစွဲဘလော့ ဂ်ဂါမဟုတ်လို့ အမှားအယွင်းပါယင် ခွင့် လွှတ်ပါဗျာ...
Wednesday, September 7, 2011

Crash survivor killed on walk of thanks 


ယာဉ်တိုက်မှုတစ်ခုတွင် အသက်ဘေးမှလွတ်မြောက်ခဲ့ သည့် စပိန်နိုင်ငံသားတစ်ဦးဟာ ထိုသို့ ကံကောင်း
ထောက်မမှုအတွက် အံ့ သြဖွယ်ဂုဏ်ကျေးဇူးများဖြင့်အသရေသျှမ်းတင့် စွာသော မယ်တော်မေရီ ကိုကျေး
ဇူးတော်ချီးမွန်းဖို့ အသွားမှာ ၎င်း၏အဒေါ်နှစ်ယောက်နှင့် အတူ ကားတိုက်ခံရပြီးသေဆုံးသွားခဲ့ ပါတယ်လို့ 
သက်ဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့ ပါတယ်...
အသက် ၄၀ အရွယ်ရှိကုန်တင်ကားမောင်းသူဟာ နိုင်ငံအနောက်မြောက်ပိုင်းရှိ၎င်း၏နေရပ်ဇာတိမြို့ အော်
ဒီးစ် မှ ကီလိုမီတာ ၃၀ ( မိုင် ၂၀ ခန့် ) ကွာဝေးသည့် ကိုင်အွန်မြို့ သို့ ဘုရားဖူးသူခြောက်ဦးနှင့် အတူလမ်း
လျှောက်သွားနေခဲ့ ကြတာဖြစ်ပါတယ် လို့ အော်ဒီးစ်မြို့ တော်ဝန်ရုံးမှ ပြောရေးဆိုခွင့် ရှိသူအမျိုးသမီးကဆို
ပါတယ်...





" ထိုသူဟာ လွန်ခဲ့ သည့် နှစ်ကဖြစ်ပွားခဲ့ သည့် ယာဉ်တိုက်မှုမှာ အသက်မသေပဲလွတ်မြောက်ခဲ့ တာဖြစ်ပြီး
၎င်းတို့ အားလုံးဟာ ကိုင်အွန်ကမယ်တော်ထံကျေးဇူးတော်ချီးမွမ်းဖို့ သွားရောက်နေခဲ့ ကြတာဖြစ်ပါတယ်.."
လို့ အဆိုပါအမျိုးသမီးကဆိုပါတယ်...
လွန်ခဲ့ သည့် စနေနေ့ ကဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်တွင် ထိုဘုရားဖူးအုပ်စုအား ကားဝင်တိုက်ခဲ့ ပြီး ထိုသူနှင့် 
အတူ အသက် ၄၉ နှစ် နှင့် ၅၉ နှစ်အရွယ်ရှိ အဒေါ်နှစ်ဦးတို့ ပါသေဆုံးခဲ့ ကြတာဖြစ်ပါတယ်...

အရပ်ထဲမှာဆိုယင်တော့ ဒီလိုအဖြစ်မျိုးနဲ့ သေဖို့ ကံပါလာတော့ လည်း ရှောင်လွှဲလို့ မရပဲသေရရှာတာပါ
လို့ ဆိုကြမှာပါပဲ...


A Spanish man making a pilgrimage to thank the "Virgin of Miracles" for his survival in a road crash was killed along with two aunts when a car hit them, an official said on Monday.
The 40-year-old truck driver was among a group of half a dozen pilgrims walking from his northwestern hometown of Ordes to Caion, about 30 kilometres (20 miles) away, said a spokeswoman for the mayor's office in Ordes.
He planned to walk the 20 miles to Caion so that he could give thanks at the shrine of the Virgin Mary.

"He survived a road accident last year and they were going to thank the 'Virgin of Miracles' of Caion" the spokeswoman said. "He did not even manage to walk one kilometre and was still in Ordes," she said.
The car struck the group of pilgrims on Saturday morning, killing the truck driver and his two aunts, aged 49 and 59.

Snapped up: Villagers capture world's largest crocodile (which weighs one ton and is 21ft long)

Tuesday, September 6, 2011

ကမ္ဘာ့ အကြီးဆုံးမိကျောင်းကြီးအားဖမ်းမိ...




အလေးချိန် ၁ တန်ရှိပြီး အနည်းဆုံးတံငါသည်တစ်ယောက်အား ကိုက်သတ်စားသောက်ခဲ့ သည့် ဖိလစ်ပိုင်
နိုင်ငံမှ ကမ္ဘာ့ အကြီးဆုံးမိကျောင်းကြီးအား နောက်ဆုံးတွင်လူပေါင်း ၁၀၀ ဖြင့် သတိကြီးစွာထားကာဖမ်းဆီး
ရမိခဲ့ ပြီဖြစ်ပါတယ်...
အရှည် ၂၁ ပေရှိသည့် ဧရာမမိကျောင်းကြီးဟာ မကြာခင်နှစ်များအတွင်းအသက်ရှင်လျှက်ဖမ်းဆီးမိခဲ့ ရသ
မျှထဲတွင် အကြီးမားဆုံးဖြစ်ပါတယ်...
နှစ်ပေါင်း ၂၀ ကျော်ကြာ ထိုဧရာမရေသတ္တ၀ါကြီး၏ဘေးအန္တရယ်အားစိုးရိမ်ထိတ်လန့် စွာဖြင့် နေခဲ့ ကြရ
ပြီးနောက်တွင်တော့ ဖိလစ်ပိုင်နိုင်ငံ၊ ကျေးရွာတစ်ခုမှရွာသားများက ရက်သတ္တပါတ် ၃ ပါတ်ကြာအောင် စုံ
စမ်းကာ လိုက်လံရှာဖွေပြီးနောက် ချောင်းတစ်ခုအတွင်းမှဖမ်းဆီးခဲ့ မိခြင်းဖြစ်ပါတယ်...
ထိုမိကျောင်းကြီးနှင့် မတိမ်းမယိမ်းအရွယ်အစားရှိသည့်  အရှည် ၁၈ ပေရှိသြစတေးလျရေငံမိကျောင်းကြီး
တစ်ကောင်လည်း ကက်စီးယပ်စ် ဒေသတွင် ယခုထက်တိုင်ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ လွတ်မြောက်လျှက်
ရှိနေပါတယ်... 



Giant catch: Mayor Cox Elorde of Bunawan township, Agusan del Sur Province, pretends to measure a huge crocodile which was captured by residents and crocodile farm staff along a creek in Bunawanအဂူဆန်ဒယ်လ်ဆာ ပြည်နယ်က ဘူန၀မ်မြို့ ကလေး ရဲ့ မြို့ တော်ဝန်ကိုယ်တိုင်
စွပ်ကျယ်အင်္ကျီနဲ့ ဖမ်းဆီးရမိတဲ့ မိကျောင်းကြီးကို ဂုဏ်ယူဝံ့ ကြွားစွာ တိုင်းထွာနေဟန်...
Giant catch: Mayor Cox Elorde of Bunawan township, Agusan del Sur Province, pretends to measure a huge crocodile which was captured by residents and crocodile farm staff along a creek in Bunawan


ဖိလစ်ပိုင်နိုင်ငံတွင်ကျက်စားခဲ့ သည့် မိကျောင်းကြီးကျင်လည်ခဲ့ ရာဒေသကတော့ မြို့ တော်မနီလာမှအရှေ့ 
ဖက် မိုင် ၅၀၀ အကွာရှိ စီးပွားရေးမဖွံ့ ဖြိုးသည့် ၊ ဆင်းရဲနွမ်းပါးသောဒေသတစ်ခုဖြစ်သည့် အဂူဆန် အရပ်
ဒေသမှ မြစ်တစ်ခုအတွင်းဖြစ်ကာ ကျေးရွာသားများအနေဖြင့် ထိုမိကျောင်းအန္တရယ်အားအမြဲတစ်စေထိတ်
လန့် ကြောက်ရွံ့ နေကြရပြီး မည်သူတစ်ဦးတစ်ယောက်မျှ သတ္တိရှိစွာဖြင့် ဖမ်းဆီးနိုင်ခဲ့ ခြင်းမရှိပါဘူး...

 
သို့ သော် ရွာသားတံငါသည်တစ်ဦးပျေက်ဆုံးခဲ့ ပြီး မိကျောင်းစာဖြစ်ခဲ့ သည်ဟု အခိုင်အမာသံသယရှိခဲ့ ပြီး
နောက်တွင်တော့ ထိုသတ္တ၀ါကြီးအားဖမ်းဆီးနိုင်ရန်အတွက် အစီအစဉ်များချမှတ်ခဲ့ ကြပါတယ်...
မိကျောင်းကြီးအား စောင့် ကြည့် ရန်အတွက် အစောင့် များချထားခဲ့ ပြီးနောက် ကျွဲတစ်ကာင်အား ကိုက်
သတ်စားခဲ့ သည်ကိုကျေးရွာသားများတွေ့ ရှိခဲ့ ကြရပြီးနောက် လူသားစားခဲ့ သည်ဟု၎င်းတို့ သံသယရှိခဲ့ 
သည်မှာ မှန်ကန်ကြောင်းသိရှိခဲ့ ကြပါတော့ တယ်...


Price haul: Residents use their hands to measure the 21ft salt-water crocodile
 ဒီတစ်ခါတော့ အမှန်တကယ်ကိုပဲ ဒီလောက်ကြီးရှိပါတယ်... လို့ ဆိုနိုင်ပြီပေါ့ ...
Price haul: Residents use their hands to measure the 21ft salt-water crocodile


Long tail: Dozens of local residents gather around the animal, which is believed to have killed a fisherman
 အမြီးကိုယ်ကတော်တော်ရှည်ပါတယ်...

Long tail: Dozens of local residents gather around the animal, which is believed to have killed a fisherman

Posing: One of the heavily armed captors touches the beast for the camera
ခေတ်သစ်ရေမုဆိုး....

Posing: One of the heavily armed captors touches the beast for the camera



" ကျွန်တော်တို့ ဟာ ဒီတိရိစ္ဆာန်ကောင်ကြီးကို ရင်ဆိုင်ဖမ်းဆီးဖို့ တော်တော်စိုးရိမ်ထိတ်လန့် ခဲ့ ကြပါတယ်..
ဒါပေမယ့် ရွာသူရွာသားများနဲ့ သူတို့ ရဲ့ အိမ်မွေး၊ ခြံပေါက်တိရိစ္တာန်တွေကို ခြိမ်းခြောက်အန္တရယ်ပြုလာခဲ့ 
တာမို့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ မှာတာဝန်ရှိလာရတာပါပဲ...
နောက်ဆုံးဖမ်းဆီးမိတော့ ကျွန်တော့ ဖြင့် ကိုယ့် မျက်စေ့ တောင်ကိုယ်မယုံနိုင်လောက်အောင်ဖြစ်ခဲ့ ရပါ
တယ်...
တစ်ကြိမ်ထဲနဲ့ လူသုံးယောက်စလုံးကို ကိုက်သတ်ဝါးမြိုနိုင်လောက်အောင်ကြီးမားလွန်းလှပါတယ်..." လို့ 
ဒေသဆိုင်ရာမြို့ တော်ဝန် အက်ဒ၀င်အီလော့ ဒ် ကဆိုပါတယ်...
ချောင်းတစ်ခုအတွင်းထိုမိကျောင်းကိုမြင်တွေ့ ခဲ့ ကြရပြီးနောက်တွင်တော့ အမည်မပေးရသေးသည့် ရေဘု
ရင်မိကျောင်းဖမ်းဆီးနိုင်ရန်စစ်ဆင်ရေးတစ်ခုသဖွယ်စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်...
ရွာသားများဟာ ထောင်ချောက် ၄ ခု ဆင်ထားခဲ့ ပြီး ၎င်းထောင်ချောက်အားလုံးအား ၎င်း၏သန်မာလှသော
ပါးစပ်ဖြင့် ကိုက်ဖြတ်၊ ဖျက်စီးခဲ့ ပါတယ်...
ထို့ ကြောင့် ဒုတိယအကြိမ်အဖြစ် ပိုမိုတောင့် တင်းခိုင်မာသည့် စတီးကြိုးများဖြင့် ထောင်ချောက်ဆင်ခဲ့ ရာ
တွင်တော့ ထိုရေဘုရင်မိကျောင်းလည်း လွတ်အောင်မပြေးနိုင်တော့ ပေ...
ထောင်ချောက်တွင်ဖမ်းဆီးရမိပြီးနောက် ကမ်းပေါ်သို့ ဆွဲတွင်နိုင်ရန် အားကောင်းမောင်းသန်ယောကျာင်္း
ပေါင်း အယောက် ၁၀၀ ခန့် ခက်ခက်ခဲခဲဖြင့် ချောင်းကမ်းပါးပေါ်သို့ ဆွဲတင်ခဲ့ ကြရပြီး၊ ကြိုးများဖြင့် တုပ်
နှောင်ကာ ထရပ်ကားပေါ်သို့ ကရိန်း ( ၀န်ချီစက် ) ဖြင့် " မ " တင်ခဲ့ ရခြင်းဖြစ်ပါတယ်...

ထိုမိကျောင်းကြီးအား ထားရှိရန်သီးသန့် နေရာသို့ မပို့ ဆောင်မီ ရွာသားများကတော့ ၎င်းတို့ ၏အောင်ပွဲ
ကို အမှတ်တ၇အဖြစ် အလုအယက်မိကျောင်းကြီးနှင့် ယှဉ်တွဲကာဓါတ်ပုံရိုက်ကူးခဲ့ ကြပါတယ်...
" ဒီကောင်ကြီးကတော့ တိရိ စ္ဆာဥယျာဉ်ရဲ့ အကျော်ကြားဆုံးဖြစ်တော့ မှာပါပဲ...
စိုးရိမ်ကြောက်လန့် စရာအဖြစ်မှ အမှတ်တ၇အထိမ်းအမှတ်အဖြစ် ဖမ်းဆီးနိုင်ခဲ့ လို့ ရွာသားများကလည်း
အလွန်ပျော်ရွှင်နေကြပါတယ်..." လို့ မြို့ တော်ဝန်မစ္စတာအီလော့ ဒ် ကပြောကြားခဲ့ ပါတယ်...
သို့ သော်လည်း လူဦးရေ ၃၇၀၀၀ ခန့် နေထိုင်သည့် ထိုဒေသရှိမြစ်ချောင်းများတွင် တစ်ခြားမိကျောင်းကြီး
များလည်းရှိနေသေးတာမို့ ယခုအောင်မြင်မှုအတွက် အပျော်လွန်ကာစိတ်ချလက်ချရှိပြီး ညအခါများတွင်
ညွှံတော ( မြစ်ချောင်းစပ် ) များသို့ အဖော်မပါ၊ တစ်ယောက်တည်းမသွားရောက်ကြဖို့ သတိပေးထားပါ
တယ်...


ရွှေပြည်ကြီးကကျေးလက်တောရွာတွေမှာဆိုယင်တော့ ဒီလောက်ကြီးတဲ့ မိကျောင်းဆို ရိုးရိုးသာမာန်မိ
ကျောင်းမဟုတ်၊ နတ်မိကျောင်းဆိုပြီး အပိုတွေချဲ့ ကားကာ ပူဇော်တဲ့ သူတို့ ၊ ပသတဲ့ သူတို့ နဲ့ ဖမ်းမိမှာ
တောင်မဟုတ်ပါဘူး...

 


It weighs one ton and is believed responsible for eating at least one fisherman, but this monster crocodile has finally been caught by 100 very cautious men.
Measuring 21ft, the massive creature is the largest crocodile captured alive in recent years.

The beast was caught, after a three-week hunt, in a creek in the Philippines by villagers who had lived in fear of it for more than 20 years.
Its nearest rival in the monster stakes is Cassius, an Australian salt-water crocodile which measures a 'mere' 18ft - and which is still on the loose in the Northern Territory.
The Philippine crocodile's domain was a river system in Agusan, a poverty-stricken region 500 miles south east of Manila, but while it was a constant threat to villagers no-one was brave enough to try to capture it.
However, when a village fisherman went missing and the crocodile became the chief suspect, plans were hatched in order to catch it.
It was placed under observation and when it was witnessed by several villagers killing a water buffalo they knew their suspicions were right.

'We were very nervous about tackling this beast but it was our duty to deal with it because it was a threat to many villagers and their farm animals,' said the local mayor, Mr Edwin Elorde.
'When I finally saw it after its capture I couldn't believe my eyes.
'It was big enough to swallow three men all at once.'
The operation to capture the crook - which has yet to be named - was set in place after it was seen in a creek.
Villagers set four net traps, which the crocodile destroyed with a mighty snap of its jaws.
So the second time around the villagers used traps made of steel cables and this time the animal failed to get away.
At least 100 men were required to pull the huge reptile on to the banks of the creek where, after a great deal of difficulty, it was bound up and then lifted by crane on to the back of a truck.
They weren't going to let the victory pass without having their photo taken, so many of the villagers posed beside their scaly captive before it was driven off to a confined area.
Despite the suspected death of the fisherman, the crocodile is destined for fame.
It is expected to be the star attraction at a new eco-tourism park that is being set up in Agusan.
'It will be the biggest star of the park,' said Mr Elorde.
'The villagers, of course, are very happy that they have been able to turn this dangerous crocodile from a threat into an asset.'
But the 37,000 people who live in the region have been told not to rest on their laurels.
Many other large crocodiles remain in the rivers and people have been told not to venture into marsh areas alone at night.
Monday, September 5, 2011

Free entry offered to virgins at Chinese park

အပျိုစင်များအခမဲ့ ဝင်ခွင့် ပြုမည့် တရုတ်ပြည်ကပန်းမန်ပွဲတော်...

 


တရုတ်နိုင်ငံ၊ ချန်ရှားမြို့ တွင်ကျင်းပမည့် ကျိုးလူ သဘာဝတောရိုင်းပန်းမန်ပွဲတော်သို့ ၁၉၈၉ ခုနှစ်၊ စက်
တင်ဘာလ ၁၇ ရက်နေ့ မတိုင်မှ မွေးဖွားခဲ့ သည့် ( အသက် ၂၂ အထက် ) အပျိုစင်မိန်းကလေးများအား
ဝင်ကြေးကောက်ခံခြင်းမရှိပဲ အခမဲ့ ပေးဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်...
အဆိုပါပွဲတော်ကို စက်တာဘာလ ၁၇ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟူနန်ပြည်
နယ်၊ လျူယန်းအရပ်ရှိ ကျိုးလူရှုခင်းသာအပန်းဖြေစခန်းတွင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်...






အခမဲ့ ဝင်ရောက်ခွင့် နှင့် လက်ဆောင်ရရှိရန်အတွက် မိန်းကလေးများဟာ ခိုင်လုံတဲ့ သက်သေပြချက်တစ်
ခုတော့ ယူဆောင်လာရမှာဖြစ်ပါတယ်...
လက်မှတ်စစ်ဆေးသည့် ကောင်တာအနေဖြင့် အဆိုပါမိန်းကလေးများ အပျိုစင်ဟုတ်မဟုတ်ကို မည်ကဲ့ 
သို့ စစ်ဆေးသည့် ရှိနိုင်မည်ဆိုသည်ကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်...
ခရီးသွားလာရေးလုပ်ငန်းဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရတော့  ၎င်းတို့ အနေနှင့် ကိုယ်ကျင့် သီ
လသိက္ခာဆိုင်ရာ ရိုးစားမှုစနစ်ဖြင့် သာမေးမြန်းစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်...
" ကျွန်တော် တို့ ကတော့ သူတို့ ( ထိုမိန်းကလေးများ ) ရဲ့ ရိုးသားဖြောင့် မတ်မှုကို ယုံကြည်လိုက်ပါမယ်.."
လို့ ထိုသက်ဆိုင်ရာတာဝန်ရှိသူကဆိုပါတယ်....

ဒီလိုပွဲမျိုးဆပွန်ဆာပေးတဲ့ သူကလည်း ငွေကြေးချမ်းသာကြွယ်ဝသူများသည်ဖြစ်ပြီး ရည်ရွယ်ချက်ကလည်း
မပြောပဲသိနိုင်ပါပေတယ်...

Women who were born before September 17, 1989, and claim to be virgins can enter the Zhouluo Wild Osmanthus Fragrans Festival in Changsha for free.
The festival will run from September 17 to 25 in Zhouluo Scenic Resort, Liuyang, in south China's Hunan Province.

Women have to bring valid identification to gain free admission and a free gift. How will the ticket booth know if its female guests are virgins?

According to a tourism official, they're going with the honour system. "We are simply trusting in their honesty," the official said.

Pubic hair collection seized from Govt official

တရုတ်ပြည်မှ ပြည်နယ်ပါတီအတွင်းရေးမှူးရဲ့ စုဆောင်းမှုဝါသနာ...

သေးအဖွဲလေးကအစ အမှတ်တရသိမ်းထားပါတယ်...


တရုတ်နိုင်ငံ၊ ကျန်စီပြည်နယ်၊ ပါတီအထွေထွေအတွင်းရေးမှူးဟောင်း ၀ူကျီမင်း ဟာသူ့ ဘ၀အတွက် ရည်
မှန်းချက်အတော်ကြီးကြီးမားမားတစ်ခုထားရှိခဲ့ ပါတယ်...
သူဟာ ၂၀၁၅ ခုနှစ်မတိုင်မီ အမျိုးသမီးပေါင်း အယောက် ၁၀၀၀ နှင့် ချစ်ရည်လူးကာချစ်ပွဲဝင်ချင်ခဲ့ ပါသ
တဲ့ ....
အကျင့် ပျက်လာဘ်စားမှုဖြင့် ၎င်းအားဖမ်းဆီးရန်အတွက် ရဲတပ်ဖွဲ့ မှသွားရောက်ခဲ့ ရာ အမျိုးသမီးနှစ်ဦးနှင့်
တစ်ချိန်တည်း အိပ်စက်ပျော်ပါးနေသည်ကို လွန်ခဲ့ သည့် လက တွေ့ ရှိခဲ့ ရပါတယ်...
၎င်းအားဖမ်းဆီးခဲ့ ပြီးနောက်ရဲတပ်ဖွဲ့ အနေဖြင့် ၎င်း၏ကိုယ်ပိုင်ပစ္စည်းများဖြစ်သည့် ကွန်ဒွန်များ၊လိင်မှုဆိုင်
ရာကာမအားဆေးများနှင့် မှတ်စုစာအုပ်နှစ်အုပ်တို့ ကိုသိမ်းဆည်းရမိခဲ့ ပါတယ်...
တစ်အုပ်ကတော့ ဝူ အနေနှင့် ချစ်ရည်လူးခဲ့ သည့် မိန်းကလေးများနှင့် ဆုံတွေ့ ခဲ့ သည့် နေ့ ရက်၊ အချိန်၊
နေရာများကို ရေးသားမှတ်တမ်းတင်ထားသည့် ၎င်း၏ဖိုင်တွဲလေးများမှတ်တမ်းစာအုပ်ဖြစ်ပါတယ်...
ထိုစာအုပ်ထဲတွင်ရေးမှတ်ထားသည့် အကြောင်းအရာများတွင် ၎င်း၏ အပျော်ချစ်သူမိန်းကလေးပေါင်း ၁၃၆
ယောက်တို့ ၏ အသေးစိတ်အချက်အလက်များ၊၎င်းတို့ အပေါ်ထားရှိသည့် သူ၏ခံစားမှုများ၊ ထိုမိန်းကလေး
များနှင့် ချစ်ပွဲဝင်ခဲ့ သည့် အပေါ် ၎င်း၏စိတ်ကြေနပ်မှုဆိုင်ရာ အဆင့် အတန်းသတ်မှတ်ချက်များပါဝင်ပါ
တယ်...
အခြားစာအုပ်တွင်တော့ မိန်းကလေးများ၏ မဖွယ်မရာအင်္ဂါအစိတ်အပိုင်းများမှ မွှေးအမျှင်များစုဆောင်ထား
တာဖြစ်ပါတယ်...
ထိုစာအုပ်တွင် မိန်းကလေးတစ်ယောက်စီ၏ မွှေးညှင်းများအား စာမျက်နှာတစ်ခုစီတွင် အသေအချာကပ်
ကာစုဆောင်းထားရှိတာဖြစ်ပါတယ်...
ဝူ၏ ချစ်သူမျိုးသမီးများတွင် အစိုးရဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသူများ၊အိမ်
ထောင်ရှင်မများ၊နှင့် ဆယ်ကျော်သက်မိန်းကလေးများပင် ပါဝင်သည်ဟုဆိုပါတယ်...


အမိုက်တကာ့ အမိုက်ဆုံးထဲမှာ ကာမအမှောင်ဟာအမိုက်ဆုံးဆိုတာတယ်မှန်ပါလား...
သတိ၊ အသိမရှိနိုင်တဲ့ အတွက်ရာထူးအဆင့် အတန်း၊ ဂုဏ်သိက္ခာကိုမှမထောက်နိုင်အောင်ဖြစ်ခဲ့ ရတာပါ
ပဲ....



Wu Zhiming – former Secretary General of Jiangxi Government in China – had set a great goal for himself.
He wanted to have sex with 1,000 women before 2015.
A police team sent to arrest Wu over corruption charges found him having sex with two mistresses at the same time last month.
After his arrest, police seized some condoms, sex enhancement pills and two books from him.
One of the books was a diary in which Wu recorded the dates, time and places of all his sexcapades.
Also jotted down were personal details of his 136 mistresses, his feelings and level of satisfaction of every sexual encounter with them.
Another book was a pubic hair collection. Wu had pasted his mistresses' pubic hairs on the pages – one page for each woman.
It was reported that Wu's mistresses included female officials, university students, housewives and even teenagers.
Wu was sacked from his post.

Source: Agencies

Will You Date For A SupersizedBombshell ?

Sunday, September 4, 2011
This summary is not available. Please click here to view the post.