Snapped up: Villagers capture world's largest crocodile (which weighs one ton and is 21ft long)

Tuesday, September 6, 2011

ကမ္ဘာ့ အကြီးဆုံးမိကျောင်းကြီးအားဖမ်းမိ...




အလေးချိန် ၁ တန်ရှိပြီး အနည်းဆုံးတံငါသည်တစ်ယောက်အား ကိုက်သတ်စားသောက်ခဲ့ သည့် ဖိလစ်ပိုင်
နိုင်ငံမှ ကမ္ဘာ့ အကြီးဆုံးမိကျောင်းကြီးအား နောက်ဆုံးတွင်လူပေါင်း ၁၀၀ ဖြင့် သတိကြီးစွာထားကာဖမ်းဆီး
ရမိခဲ့ ပြီဖြစ်ပါတယ်...
အရှည် ၂၁ ပေရှိသည့် ဧရာမမိကျောင်းကြီးဟာ မကြာခင်နှစ်များအတွင်းအသက်ရှင်လျှက်ဖမ်းဆီးမိခဲ့ ရသ
မျှထဲတွင် အကြီးမားဆုံးဖြစ်ပါတယ်...
နှစ်ပေါင်း ၂၀ ကျော်ကြာ ထိုဧရာမရေသတ္တ၀ါကြီး၏ဘေးအန္တရယ်အားစိုးရိမ်ထိတ်လန့် စွာဖြင့် နေခဲ့ ကြရ
ပြီးနောက်တွင်တော့ ဖိလစ်ပိုင်နိုင်ငံ၊ ကျေးရွာတစ်ခုမှရွာသားများက ရက်သတ္တပါတ် ၃ ပါတ်ကြာအောင် စုံ
စမ်းကာ လိုက်လံရှာဖွေပြီးနောက် ချောင်းတစ်ခုအတွင်းမှဖမ်းဆီးခဲ့ မိခြင်းဖြစ်ပါတယ်...
ထိုမိကျောင်းကြီးနှင့် မတိမ်းမယိမ်းအရွယ်အစားရှိသည့်  အရှည် ၁၈ ပေရှိသြစတေးလျရေငံမိကျောင်းကြီး
တစ်ကောင်လည်း ကက်စီးယပ်စ် ဒေသတွင် ယခုထက်တိုင်ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ လွတ်မြောက်လျှက်
ရှိနေပါတယ်... 



Giant catch: Mayor Cox Elorde of Bunawan township, Agusan del Sur Province, pretends to measure a huge crocodile which was captured by residents and crocodile farm staff along a creek in Bunawanအဂူဆန်ဒယ်လ်ဆာ ပြည်နယ်က ဘူန၀မ်မြို့ ကလေး ရဲ့ မြို့ တော်ဝန်ကိုယ်တိုင်
စွပ်ကျယ်အင်္ကျီနဲ့ ဖမ်းဆီးရမိတဲ့ မိကျောင်းကြီးကို ဂုဏ်ယူဝံ့ ကြွားစွာ တိုင်းထွာနေဟန်...
Giant catch: Mayor Cox Elorde of Bunawan township, Agusan del Sur Province, pretends to measure a huge crocodile which was captured by residents and crocodile farm staff along a creek in Bunawan


ဖိလစ်ပိုင်နိုင်ငံတွင်ကျက်စားခဲ့ သည့် မိကျောင်းကြီးကျင်လည်ခဲ့ ရာဒေသကတော့ မြို့ တော်မနီလာမှအရှေ့ 
ဖက် မိုင် ၅၀၀ အကွာရှိ စီးပွားရေးမဖွံ့ ဖြိုးသည့် ၊ ဆင်းရဲနွမ်းပါးသောဒေသတစ်ခုဖြစ်သည့် အဂူဆန် အရပ်
ဒေသမှ မြစ်တစ်ခုအတွင်းဖြစ်ကာ ကျေးရွာသားများအနေဖြင့် ထိုမိကျောင်းအန္တရယ်အားအမြဲတစ်စေထိတ်
လန့် ကြောက်ရွံ့ နေကြရပြီး မည်သူတစ်ဦးတစ်ယောက်မျှ သတ္တိရှိစွာဖြင့် ဖမ်းဆီးနိုင်ခဲ့ ခြင်းမရှိပါဘူး...

 
သို့ သော် ရွာသားတံငါသည်တစ်ဦးပျေက်ဆုံးခဲ့ ပြီး မိကျောင်းစာဖြစ်ခဲ့ သည်ဟု အခိုင်အမာသံသယရှိခဲ့ ပြီး
နောက်တွင်တော့ ထိုသတ္တ၀ါကြီးအားဖမ်းဆီးနိုင်ရန်အတွက် အစီအစဉ်များချမှတ်ခဲ့ ကြပါတယ်...
မိကျောင်းကြီးအား စောင့် ကြည့် ရန်အတွက် အစောင့် များချထားခဲ့ ပြီးနောက် ကျွဲတစ်ကာင်အား ကိုက်
သတ်စားခဲ့ သည်ကိုကျေးရွာသားများတွေ့ ရှိခဲ့ ကြရပြီးနောက် လူသားစားခဲ့ သည်ဟု၎င်းတို့ သံသယရှိခဲ့ 
သည်မှာ မှန်ကန်ကြောင်းသိရှိခဲ့ ကြပါတော့ တယ်...


Price haul: Residents use their hands to measure the 21ft salt-water crocodile
 ဒီတစ်ခါတော့ အမှန်တကယ်ကိုပဲ ဒီလောက်ကြီးရှိပါတယ်... လို့ ဆိုနိုင်ပြီပေါ့ ...
Price haul: Residents use their hands to measure the 21ft salt-water crocodile


Long tail: Dozens of local residents gather around the animal, which is believed to have killed a fisherman
 အမြီးကိုယ်ကတော်တော်ရှည်ပါတယ်...

Long tail: Dozens of local residents gather around the animal, which is believed to have killed a fisherman

Posing: One of the heavily armed captors touches the beast for the camera
ခေတ်သစ်ရေမုဆိုး....

Posing: One of the heavily armed captors touches the beast for the camera



" ကျွန်တော်တို့ ဟာ ဒီတိရိစ္ဆာန်ကောင်ကြီးကို ရင်ဆိုင်ဖမ်းဆီးဖို့ တော်တော်စိုးရိမ်ထိတ်လန့် ခဲ့ ကြပါတယ်..
ဒါပေမယ့် ရွာသူရွာသားများနဲ့ သူတို့ ရဲ့ အိမ်မွေး၊ ခြံပေါက်တိရိစ္တာန်တွေကို ခြိမ်းခြောက်အန္တရယ်ပြုလာခဲ့ 
တာမို့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ မှာတာဝန်ရှိလာရတာပါပဲ...
နောက်ဆုံးဖမ်းဆီးမိတော့ ကျွန်တော့ ဖြင့် ကိုယ့် မျက်စေ့ တောင်ကိုယ်မယုံနိုင်လောက်အောင်ဖြစ်ခဲ့ ရပါ
တယ်...
တစ်ကြိမ်ထဲနဲ့ လူသုံးယောက်စလုံးကို ကိုက်သတ်ဝါးမြိုနိုင်လောက်အောင်ကြီးမားလွန်းလှပါတယ်..." လို့ 
ဒေသဆိုင်ရာမြို့ တော်ဝန် အက်ဒ၀င်အီလော့ ဒ် ကဆိုပါတယ်...
ချောင်းတစ်ခုအတွင်းထိုမိကျောင်းကိုမြင်တွေ့ ခဲ့ ကြရပြီးနောက်တွင်တော့ အမည်မပေးရသေးသည့် ရေဘု
ရင်မိကျောင်းဖမ်းဆီးနိုင်ရန်စစ်ဆင်ရေးတစ်ခုသဖွယ်စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်...
ရွာသားများဟာ ထောင်ချောက် ၄ ခု ဆင်ထားခဲ့ ပြီး ၎င်းထောင်ချောက်အားလုံးအား ၎င်း၏သန်မာလှသော
ပါးစပ်ဖြင့် ကိုက်ဖြတ်၊ ဖျက်စီးခဲ့ ပါတယ်...
ထို့ ကြောင့် ဒုတိယအကြိမ်အဖြစ် ပိုမိုတောင့် တင်းခိုင်မာသည့် စတီးကြိုးများဖြင့် ထောင်ချောက်ဆင်ခဲ့ ရာ
တွင်တော့ ထိုရေဘုရင်မိကျောင်းလည်း လွတ်အောင်မပြေးနိုင်တော့ ပေ...
ထောင်ချောက်တွင်ဖမ်းဆီးရမိပြီးနောက် ကမ်းပေါ်သို့ ဆွဲတွင်နိုင်ရန် အားကောင်းမောင်းသန်ယောကျာင်္း
ပေါင်း အယောက် ၁၀၀ ခန့် ခက်ခက်ခဲခဲဖြင့် ချောင်းကမ်းပါးပေါ်သို့ ဆွဲတင်ခဲ့ ကြရပြီး၊ ကြိုးများဖြင့် တုပ်
နှောင်ကာ ထရပ်ကားပေါ်သို့ ကရိန်း ( ၀န်ချီစက် ) ဖြင့် " မ " တင်ခဲ့ ရခြင်းဖြစ်ပါတယ်...

ထိုမိကျောင်းကြီးအား ထားရှိရန်သီးသန့် နေရာသို့ မပို့ ဆောင်မီ ရွာသားများကတော့ ၎င်းတို့ ၏အောင်ပွဲ
ကို အမှတ်တ၇အဖြစ် အလုအယက်မိကျောင်းကြီးနှင့် ယှဉ်တွဲကာဓါတ်ပုံရိုက်ကူးခဲ့ ကြပါတယ်...
" ဒီကောင်ကြီးကတော့ တိရိ စ္ဆာဥယျာဉ်ရဲ့ အကျော်ကြားဆုံးဖြစ်တော့ မှာပါပဲ...
စိုးရိမ်ကြောက်လန့် စရာအဖြစ်မှ အမှတ်တ၇အထိမ်းအမှတ်အဖြစ် ဖမ်းဆီးနိုင်ခဲ့ လို့ ရွာသားများကလည်း
အလွန်ပျော်ရွှင်နေကြပါတယ်..." လို့ မြို့ တော်ဝန်မစ္စတာအီလော့ ဒ် ကပြောကြားခဲ့ ပါတယ်...
သို့ သော်လည်း လူဦးရေ ၃၇၀၀၀ ခန့် နေထိုင်သည့် ထိုဒေသရှိမြစ်ချောင်းများတွင် တစ်ခြားမိကျောင်းကြီး
များလည်းရှိနေသေးတာမို့ ယခုအောင်မြင်မှုအတွက် အပျော်လွန်ကာစိတ်ချလက်ချရှိပြီး ညအခါများတွင်
ညွှံတော ( မြစ်ချောင်းစပ် ) များသို့ အဖော်မပါ၊ တစ်ယောက်တည်းမသွားရောက်ကြဖို့ သတိပေးထားပါ
တယ်...


ရွှေပြည်ကြီးကကျေးလက်တောရွာတွေမှာဆိုယင်တော့ ဒီလောက်ကြီးတဲ့ မိကျောင်းဆို ရိုးရိုးသာမာန်မိ
ကျောင်းမဟုတ်၊ နတ်မိကျောင်းဆိုပြီး အပိုတွေချဲ့ ကားကာ ပူဇော်တဲ့ သူတို့ ၊ ပသတဲ့ သူတို့ နဲ့ ဖမ်းမိမှာ
တောင်မဟုတ်ပါဘူး...

 


It weighs one ton and is believed responsible for eating at least one fisherman, but this monster crocodile has finally been caught by 100 very cautious men.
Measuring 21ft, the massive creature is the largest crocodile captured alive in recent years.

The beast was caught, after a three-week hunt, in a creek in the Philippines by villagers who had lived in fear of it for more than 20 years.
Its nearest rival in the monster stakes is Cassius, an Australian salt-water crocodile which measures a 'mere' 18ft - and which is still on the loose in the Northern Territory.
The Philippine crocodile's domain was a river system in Agusan, a poverty-stricken region 500 miles south east of Manila, but while it was a constant threat to villagers no-one was brave enough to try to capture it.
However, when a village fisherman went missing and the crocodile became the chief suspect, plans were hatched in order to catch it.
It was placed under observation and when it was witnessed by several villagers killing a water buffalo they knew their suspicions were right.

'We were very nervous about tackling this beast but it was our duty to deal with it because it was a threat to many villagers and their farm animals,' said the local mayor, Mr Edwin Elorde.
'When I finally saw it after its capture I couldn't believe my eyes.
'It was big enough to swallow three men all at once.'
The operation to capture the crook - which has yet to be named - was set in place after it was seen in a creek.
Villagers set four net traps, which the crocodile destroyed with a mighty snap of its jaws.
So the second time around the villagers used traps made of steel cables and this time the animal failed to get away.
At least 100 men were required to pull the huge reptile on to the banks of the creek where, after a great deal of difficulty, it was bound up and then lifted by crane on to the back of a truck.
They weren't going to let the victory pass without having their photo taken, so many of the villagers posed beside their scaly captive before it was driven off to a confined area.
Despite the suspected death of the fisherman, the crocodile is destined for fame.
It is expected to be the star attraction at a new eco-tourism park that is being set up in Agusan.
'It will be the biggest star of the park,' said Mr Elorde.
'The villagers, of course, are very happy that they have been able to turn this dangerous crocodile from a threat into an asset.'
But the 37,000 people who live in the region have been told not to rest on their laurels.
Many other large crocodiles remain in the rivers and people have been told not to venture into marsh areas alone at night.

2 comments:

မိုးယံ said...

ဒီသတင်းကိုလည်း လာမယ့် ဆန်းဒေးမှာ မလေးရှားက ဂျာနယ်တွေမှာ ဓါတ်ပုံတွေ ဝေေ၀ဆာဆာ ဖေါ်ပြကြဦးမှာ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
အေးဗျာ---တော်တော်ကြီးတာဘဲနော်-သတင်းဌာနတွေ
မှာတော့ကြည့်လိုက်ရတယ်-ဒီလောက်တော့သတင်းစုံမသိ
ရဘူးပေါ့-အခုတော့ကိုပီတာကျေးဇူးကြောင့်သိရှိရလို့ 
ကျေးဇူးအထူးတင်မိကြောင်းပါခင်ဗျာ-