German Hotel on Wheels Takes Tourists around the World

Thursday, June 3, 2010

ဂျာမနီက ကမ္ဘာလှည့် ဘတ်စ်ကားဟိုတယ်...



ဂျာမနီနိုင်ငံမှာပဲ လုပ်ငန်းကုမ္ပဏီရုံးခန်းရှိပါတယ်...



ဘတ်စ်ကားဟိုတယ် လို့ အဓိပ္ပါယ်ရတဲ့ Rotel ဟာ တည်းခိုလိုက်ပါသူတွေကို ကမ္ဘာတစ်ဝှမ်းလှည့် လည်
ပို့ ဆောင်ပေးနေခဲ့ တာလွန်ခဲ့ တဲ့ နှစ်ပေါင်းငါးဆယ်ကတည်းကပါပဲ...
အမှန်ပါပဲ...( Rotel ) ရိုတယ် ဆိုတာ RV လို့ ခေါ်တဲ့ အပန်းဖြေခရီးသွားယာဉ် ( ဘတ်စ်ကားအကြီးစား)
တွေလိုပါပဲ...သူကထူးခြားတာက သင့် ကိုကမ္ဘာကြီးအဆုံးအထိပို့ ပေးနိုင်မှာဖြစ်ပါတယ်... အဲ..သူတောင်း
တဲ့ ဈေးနှုံးနဲ့ ပေးနိုင်ယင်ပေါ့ ...
အဆိုပါ Rotel Tours ကမ္ဘာလှည့် ဘတ်စ်ကားဟိုတယ် ခရီးသွားလုပ်ငန်းကို ၁၉၅၉ ခုနှစ်မှာ ဂျာမာန်စွန့် 
ဦးတီထွင်သူစီးပွားရေးသမား ဂျော့ ဟိုတယ် ဆိုသူက စတင်တည်ထောင်ခဲ့ တာဖြစ်ပြီး ထိုအချိန်ကတည်း
က ကမ္ဘာတစ်ဝှမ်းခရီးစဉ်များပို့ ဆောင်ပေးနေခဲ့ တာပါ...


တိဗက်ပြည်၊ လာဆာမြို့ တော်...




ဆာဟာရကိုများဖြတ်နေတာလား...


အချစ်သစ္စာရှင်များရဲ့ ပြယုဂ် တာ့ ဂ်ျ မဟာ...



တိဗက် တောင်တန်းတွေကနေ၊ ပူလောင်ခြောက်သွေ့ တဲ့ ဆာဟာရသဲကန္တာရအပါအ၀င် အိန္ဒိယနိုင်ငံရဲ့ 
ကမ္ဘာကျော်တာ့ဂ်ျမဟာ အဆောက်အဦးအထိ ပို့ ဆောင်ပေးနေခဲ့ တာမို့ ဂျာမန်နိုင်ငံသား ကမ္ဘာလှည့် ခရီး
သွားများအဖို့ Rotel က မပို့ ပေးနိုင်တဲ့ နေရာဆိုလို့ ကမ္ဘာပေါ်မှာ မရှိသလောက်ပါပဲ...


လိုက်ကာနဲ့ အိပ်ယာတောင်ပါလိုက်သေး...

ဇစ်ပိတ်ပြီးကာနိုင်တဲ့ လိုက်ကာတွေအသုံးပြုနိုင်တဲ့ သုံးပေကျယ်ပြီး၊ သုံးပေမြင့် တဲ့ အိပ်စင်တွေသာပါရှိတာ
မို့ ဘတ်စ်ကားဟိုတယ်ဟာ တစ်ကယ်တော့ အဆင့် မြင့် ဇိမ်ကျတဲ့ ဟိုတယ်မဟုတ်ပါဘူး...
ဒါပေမယ့် သင့် ကိုအိပ်ယာ၊နေရာမရွေ့ မပြောင်းပဲကမ္ဘာတစ်ဝှမ်းသယ်ယူပို့ ဆောင်ပေးနိုင်တာကတော့ ဒီ
Rotel ဘတ်စ်ဟိုတယ် တစ်ခုပဲရှိပါတယ်...
အခက်အခဲအရှိဆုံးပြဿနာကတော့ ကားပေါ်မှာ ရေအိမ်ခန်း ( အိမ်သာ ) ပါရှိပေမယ့် ရေချိုးခန်းတွေလုံး
ဝမပါရှိတာပါပဲ...
ဒါပေမယ့် ထိုဟိုတယ်ဘတ်စ်ခရီးသွားလုပ်ငန်းကိုစီစဉ်သူများကတော့ တစ်ကိုယ်ရေသန့် ရှင်းဖို့ ၊ ကိုယ်
လက်သန့် စင်ဖို့ အတွက် သူတို့ ရဲ့ ဘတ်စ်ကားများဟာ လမ်းခရီးမှာ အခါအားလျော်စွာရပ်နားပေးပါတယ်
လို့ ဆိုပါတယ်...

လေယာဉ်စားရိတ်တွေ၊ တည်းခိုခန်းခ စားရိတ်တွေအများအပြားကုန်ကျမှာထက်စာယင်ခရီးစားရိတ်အကုန်
အကျ သက်သက်သာသာနဲ့ ကမ္ဘာ့ နိုင်ငံအနှံ့ အပြားကိုရောက်ရှိလည်ပတ်နိုင်တာမို့ တော်တ်ာကောင်းမွန်
တဲ့ အကြံပဲလို့ ဆိုချင်ပါတယ်...
ကမ္ဘာလှည့် ခရီးသည်တင်သင်္ဘောတွေလို ပိုင်ရှင်အနေနဲ့ လည်းဝန်ထမ်းတွေအမြောက်အများခန့် စရာမ
လို၊ ပင်မအရင်းအနှီးကလည်း ကားကြီးတစ်စီးနဲ့ လိုအပ်သမျှပြင်ဆင်ဖြည့် စွက်ရုံပဲမို့ သိပ်အကြီးအကျယ်
ကြီးမဟုတ်လို့ တည်းခိုလိုက်ပါလိုသူတွေအတွက် သက်သာတဲ့ နှုံးထားဖြစ်မှာ သေချာပါတယ်...



ယမုံနာမြစ်ကိုဖြတ်နေသလား...








နိုင်ငံအစုံ၊ ရှုခင်းအစုံတစ်ထိုင်တည်းနဲ့ ရောက်တာ...


သူတို့ ဆီလည်းရောက်သေးတယ်...



ခြေလက်ဆန့် ကာအညောင်းဖြေပါ....


ချက်ဖို့ ပြုတ်ဖို့ မီးဖို၊အိုးခွက် အစုံအလင်...


စားပွဲကုလားထိုင်များတောင်ပါလိုက်သေး...





The Rotel, a combination between a bus and a hotel, has been conducting worldwide tours for the last 50 years.
Yes, the Rotel is kind of like an RV, only it will take you to the end of the world, if the price is right. Rotel Tours was founded by a German entrepreneur (ironically named George Hotel), in 1959, and has since then conducted tours all around the world. From the mountains of Tibet to the scorching Sahara Desert, or the famous Taj Mahal, there’s literally no place the Rotel can’t take German tourists.

Featuring three-foot-wide and three-foot-high bunks, accessible through a zippered curtain, Rotel isn’t exactly the most comfortable hotel in the world, but it’s the only one that will take you around the world. The only serious problem is, while the Rotel features a bathroom, there are no showers. But the tour operator says its mobile hotels do make occasional stops, specifically for bathing purposes.

4 comments:

ဝက်ဝံလေး said...

မြန်မာနိုင်ငံရော ရောက်သလား မေးလိုက်ချင်သေးး အဟေးးးး အဟေးးးးးးးးး

ကာရံဆူး said...

မြန်မာနိုင်ငံရောက်ရင် တို့ လဲလိုက်မယ်လေ...၀က်ကလေးရေ...ခရီးတူတူသွားကြတာပေါ့....တို့ အရပ်နဲ့ တော့ ကားက အဆင်ပြေပါတယ်...ဟိဟိ

သွယ်လင်းဆက် said...

Robin Williams ပါတဲ့ ၂၀၀၆ က RV ဆိုတဲ့ ဇါတ်ကားကို သွားသတိရတယ်။ ကိုပီတာပြန်လာလို့ ဒီကိုဝင်လာခဲ့ရင် RV နဲ့ Dubai ကိုပြန်လိုက်ပို့မယ်။ :)

Anonymous said...

ကိုကြီးကားခဘယ်လောက်လဲတလက်စတည်းစုံစမ်းခဲ့ပါ