Professional Cuddler Charges $60 Per Hour of Cuddling and Snuggling
Monday, July 16, 2012
ကြင်နာစွာထွေးဖက်ထားမယ် တစ်နာရီ ဒေါ်လာ ၆၀
လူတွေဟာ ယုယကြင်နာစွာထွေးပွေ့ ကာ ဖက်ပြီး ချစ်ခင်ကြင်နာမှုကိုပြသ၊ လိုချင်ကြပါတယ်...
ပြီး ဆန်းဆန်းပြားပြားအချစ်မပါတဲ့ ရိုးရိုးသားထွေးပွေ့ ယုယပိုက်ထွေးနိုင်မယ့် အခွင့် ပေးတဲ့  ၁ နာရီလျှင် ဒေါ်လာ ၆၀ ကုန်ချမည့် အခပေးထွေးပွေ့ ဖက်ထားနိုင်သည့်  စီးပွားရေးလုပ်ငန်းတစ်ခု
တည်ထောင်ဖွင့် လှစ်ခဲ့ ပါတယ်...
ဘ၀မှာ အထီးကျန်လို့ ပဲဖြစ်ဖြစ်၊ စိတ်သောကရောက်လို့ ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို ထွေး
ဖက်ထားချင်စိတ်ကတော့ သင့် မှာ ပေါ်ပေါက်ခဲ့ မှာမလွဲပါဘူး... ဒါပေမယ့် ခက်တာက သင့် မှာ
ထိုသို့ ပြုလုပ်ရမည့် သူတစ်ဦးတစ်ယောက်မျှမရှိတာပါပဲ...
အခုတော့ အဲဒီအခက်အခဲကိုဖြေရှင်းပေးမယ့် အသက် ၂၉ နှစ်အရွယ် ဂျက်ကီဆယ်မြူယယ် အ
မည်ရှိ အမျိုးသမီးတစ်ဦးပေါ်ပေါက်လာပါပြီ...
လွန်ခဲ့ တဲ့ လကပဲ သူမဟာလုံးဝမသိကျွမ်းတဲ့ လူတွေကို သူမအား ထွေးပွေ့ ယုယစွာ ဖက်ထား
နိုင်မယ့် အခွင့် အရေးအတွက် ၁ နာရီ ဒေါ်လာ ၆၀ သာကုန်ကျမည့်  တစ်မူထူးခြားတဲ့ လုပ်ငန်း
တစ်ခု တည်ထောင်ခဲ့ လိုက်ပါတယ်...
" ကျွန်မကလည်း ပိုက်ထွေးယုယစွာ ဖက်ထားတာကိုနှစ်သက်သဘောကျပါတယ်... ဒါကြောင့် အ
ခုလိုစီးပွားရေးလုပ်ငန်းလုပ်ရတာ ကောင်းမယ်လို့ တွက်ဆမိပါတယ်... လူတော်တော်များများက
တော့ ဒီစိတ်ကူးကို သဘောမကျကြပါဘူး... ဒါကြောင့် ကျွန်မကတော့ ခပ်လျှိုလျှိုလေး ပဲအသေး
စားလုပ်ငန်းတစ်ခုအနေနဲ့ အပိုဝင်ငွေလေးရအောင်လုပ်လိုက်တာပါ..." လို့ စွန့် ဦးတီထွင် လုပ်
ငန်းရှင်မလေးကပြောကြားခဲ့ ပါတယ်...
ကျော် ဖြစ်ခဲ့ ရပြီး သူမဟာလည်း FOX, CNN စတဲ့ ကမ္ဘာကျော်သတင်းမီဒီယာကြီးတွေမှာ တွေ့ 
ဆုံမေးမြန်းခံရ၊ ဖေါ်ပြခံခဲ့ ရပြီးဖြစ်သလို နာမည်ကျော်ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့  ဂျင်မီဖယ်
လွန် နှင့် ညနက်ပိုင်းတွေ့ ဆုံးမေးမြန်းခန်းမှာလည်း ပါဝင်တင်ဆက်ဖို့ ရှိနေပါသေးတယ်...
  Photo: The Snuggery
သင့် သီလကိုသင်ယုံကြည်လျှင် လာခဲ့ ပါ... သင့် စိတ်တွေ နူးညံ့ လာစေရပါ့ မယ်...
ဂျက်ကီဟာ ဒီအခပေးကာ ဖက်ထားမယ် စီးပွားရေးလုပ်ငန်းအကြောင်းကို အထက်တန်းကျောင်း
သူဘ၀မှာပင်စတင် စဉ်းစားမိခဲ့ တာဖြစ်ပြီး သူမနဲ့ ညီမ ဖြစ်သူတို့ ဟာ လမ်းပေါ်မှာပဲ တစ်ခါဖက်
၁ ဒေါ်လာနဲ့ အပွေ့ အဖက်ခံခဲ့ ကြပြီး တစ်နေ့ လျှင် ဒေါ်လာ ၈၀ လောက်စီ ၀င်ငွေရရှိခဲ့ ကြပါ
သေးတယ်...
သူမဟာ တစ်ကယ့် ပွေ့ ဖက်မှုဆိုင်ရာကျွမ်းကျင်ပညာရှင်လက်မှတ် မရခဲ့ ပေမယ့်  ရိုချက်စတာ
တက္ကသိုလ်မှ ဘွဲ့ ရရှိခဲ့ ပြီး လိင်မှုဆိုင်ရာညစ်ညမ်းမှုများမပါဝင်သည့် ယုယပိုက်ထွေးပွေ့ ဖက်ရေး
စွယ်စုံကျမ်းပါ ဖက်နည်း ၁၀၀ အကြောင်းကို သေချာကျန လေ့ လာခဲ့ ပြီးဖြစ်ပါတယ်...
သူမထံလာရောက်အားပေးကြတဲ့ ပွေ့ ဖက်သူများဟာ ဖဲမွေ့ ယာထက်လဲလျောင်းကာ နှစ်ကိုယ်
ယှဉ်တွဲလို့ ထွေးပွေ့ ထားတဲ့ ( ဇွန်းနှစ်ချောင်းနီးကပ်စွာချထားသလို ) ပုံစံဖြင့် လုပ်ငန်းသဘော
စတင်တတ်ကြပါတယ်လို့ ဆိုပါတယ်...
တစ်ခါတစ်ရံတော့ လည်း ရိုးရိုးလေးပဲချစ်ပါရစေ၊ ဖက်ပါရစေဆိုတဲ့ ဆရာသမားများက နောက်
ထပ်တစ်ဆင့် ထပ်တက်ကာ ချစ်ခရီးကြမ်းလျှောက်လှမ်းဖို့ တောင်းဆိုတတ်ကြပေမယ့် အများစု
က ဆိုပါတယ်...
 စွန့် ဦးတီထွင် လုပ်ငန်းရှင်...
Photo: 9WSYR video caption
တော့ လုပ်ငန်းမစခင်မှာပဲ အရေးကြီးအကြောင်းအရာအချက်အလက်တွေကို အမေးအဖြေပုံစံ
နဲ့ အခုလိုရှင်းပြထားပါတယ်...
မေး  ။ ထွေးပွေ့ ဖက်ထားခြင်းမစမှီ အရင်တွေ့ ဆုံကြပါသလား...( တစ်ခါတည်းတန်းပြီးဖက်ကြ
           ပါသလား )
ဖြေ ။  ဟုတ်ကဲ့ ...မဖက်ကြခင် တစ်ယောက်နဲ့ တစ်ယောက်မစိမ်းအောင်၊ သက်တောင့် သက်
          သာဖြစ်အောင်၊ ရင်းနှီးသွားအောင် ခဏတစ်ဖြုတ်အရင်တွေ့ ကြပါတယ်....
မေး  ။ ပွေ့ ဖက်နေကြယင်း စိတ်တွေကြွလာပြီး မထိမ်းနိုင်မသိမ်းနိုင်ဖြစ်လာကြယင် ရော....
ဖြေ  ။  အဲဒီအတွက်စိတ်မပူပါနဲ့ ရှင်... ဒါမျိုးကဖြစ်တတ်ပါတယ်... အဲဒီလိုအစက၇ိုးရိုးနောက်
           တော့ တစ်မျိုးတိုးလို့ ချစ်ချင်တာမျိုးခွင့် မပြုပေမယ့် ဒီလိုစိတ်တွေထကြွလာတာကြောင့် 
           လည်းကျွန်မကို အားနာစရာမလိုပါဘူး... စိတ်အနှောင့် အယှက်ဖြစ်စရာမလိုပါဘူး...
မေး ။ အဲဒီလိုထွးဖက်ထားတာမျိုးပြုလုပ်နေစဉ်အတွင်း အ၀တ်အစားတွေဝတ်ထားရပါသလား..
ဖြေ ။ ဟုတ်ပါတယ်.... အ၀တ်အစားတွေချွတ်ထားခွင့် လုံးဝမရှိပါဘူး...
အဆိုပါ ကြင်နာစွာထွေးဖက်ထားမယ် အင်တာနက်စာမျက်နှာမှာဖေါ်ပြချက်အရ လူသားချင်း ထိ
တွေ့ ပွေ့ ဖက်ခြင်းဖြင့် စိတ်သောကဝေဒနာများ ဖြေဖျောက်နိုင်တယ်လို့ ယုံကြည်တာကြောင့် ဂျက်
ကလင်းဟာ ဒီ အကြင်နာပေးမယ်ဖက်ထားကွယ် စီးပွားရေးလုပ်ငန်းကိုတည်ထောင်ခဲ့ တာပါလို့ 
သိရှိရပါတယ်...
ဒီ ယုယနွေးထွေးတဲ့ ရင်ခွင် နေရာလေးဟာ နေ့ စဉ်အပြိုင်အဆိုင်ရုန်းကန်လှုပ်ရှား နေရတဲ့ ခက်
ခဲပင်ပန်းလှတဲ့ ဘ၀ ကနေ ခွန်အားတွေဖန်တီးပေးမယ့် နူးညံ့ သာယာတဲ့ အတွေ့ အထိကိုပေး
မယ့် နောလေးပဲဖြစ်ပါတယ်...
လိင်မှုဆိုင်ရာ၊ အချစ်ရာဂတွေမပါတဲ့ ခန္ဓာကိုယ်ချင်းထိတွေ့ မှု၊ စိတ်ပိုင်းဆိုင်ရာ ပေါင်းစပ်မှုတွေ
ကြောင့် သိသာတဲ့ အကျိုးသက်ရောက်မှုတွေရှိကြောင်း သိပ္ပံနည်းကျ အထောက်အထားတွေရှိ
နေပေမယ့် အမေရိကန်တွေဟာ ဒီလိုအပြုအမူမျိုးမရှိကြပါဘူး...
ဒါကြောင့် ဒီနေရာလေးမှာ ဂျက်ကလင်းဟာ တစ်ဦးချင်းစီကို ကြင်နာစွာထွေးဖက်ထားခြင်းကို
သီးသန့် ပြုလုပ်ပေးနေပါတယ်...
လာရောက်ပွေ့ ဖက်သူဟာ ဂျက်ကလင်းနဲ့ တစ်ခန်းထဲမှာ နှစ်ယောက်တည်းရှိနေမှာဖြစ်ပေမယ့် 
ထိုအိမ်ထဲမှာတော့ လုံခြုံရေးအရ တစ်ခြားသူတွေရှိနေမှာဖြစ်ပါတယ်...
ကဲ...
ကိုယ့် ကိုယ်ကိုစိတ်ထိမ်းနိုင်တယ်ဆိုယင်တော့ သွားကြစို့ ဆရာတို့ ရေ....
ဒီရသေ့ စိတ်ဖြေနေရာကလေးကို...
ဒါကတော့ ထိုသတင်းဗီဒီယိုကလစ်ကလေးပါ...
A lot of people like to snuggle and cuddle, but Jacqueline Samuel, from New York’s Rochester area, actually opened her own business charging $60 for an hour’s worth of non-sexual cuddling and snuggling.
There are moments in life when you feel the need to cuddle, but you have no one to do it with. That’s where 29-year-old Jackie Samuel comes in. Last month she set up The Snuggery, a unique business that offers total strangers the chance to snuggle and cuddle with Jackie, for $60 an hour. “What I like to do is cuddle, so I figured it was a good thing to do. A lot of people didn’t like the idea so I figured it would be kind of an underground small-scale operation and provide a little extra income,” the young entrepreneur says. But her nutty idea already started attracting national attention and she’s already been featured on FOX, CNN and is set to make an appearance on Late Night with Jimmy Fallon.
Jackie started thinking about a business centered around cuddling at the start of grad school, and says she and her sisters even tried selling hugs on the street for $1 each, making up to $80 per day. And although she hasn’t been able to get certified as a professional cuddler, the University of Rochester graduate has studied the “Cuddle Sutra” and is versed in over 100 non-sexual positions. Still most of the time, she and her clients start out by spooning. Some of her affection-seeking customers (all men) have questioned her about getting some extra attention, but Samuel says most of them respect her boundaries.
To make sure there are no misunderstandings about what goes on during her cuddling sessions, Jacqueline has added a Q&A section where she tries to clarify the most important issues:
Q. Do we meet before we snuggle?
A. Yes, we do meet briefly prior to snuggling in order to make sure that we’re both comfortable and that our expectations are compatible.
Q. What if I become sexually aroused during my session?
A. Don’t worry, it happens! Although sexual activity is not permitted, arousal is perfectly normal and should not make anyone feel uncomfortable.
Q. Do clothes/pajamas always stay on for the duration of our session?
A. Absolutely! Nudity is not permitted.
According to The Snuggery site: “Jacqueline established The Snuggery because she believes in the healing power of touch. The Snuggery is a place to take a break from the hustle and bustle of life and focus on the simple restorative pleasure of touch. Though science has unquestionably supported the psychological and physical benefits of non-sexual touch, Americans distinctly lack it. It’s time for change. At The Snuggery, Jacqueline provides individuals with private snuggling sessions. She aims to make the world a gentler place, one snuggle at a time.”
Although Jackie and her cuddling partner are alone together in a room, there are more people present in the house, for security reasons.
0 comments: