Showing posts with label blogday: article. Show all posts
Showing posts with label blogday: article. Show all posts
Friday, September 9, 2011

Blogger ဆိုတာ ဘာလဲ 

ကျွန်တော်ဘလော့ ဂ်စတင်ဖွင့် လှစ်ဖန်တီးကာရေးသားခဲ့ သည်မှာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ဖြစ်၍ယခုဆို
လျှင် ၃ နှစ်ကျော် ၄ နှစ်နီးပါးသို့ တိုင်ခဲ့ လေပြီ...

အင်တာနက်အသုံးပြုရလွယ်ကူသောပြည်ပသို့ အကြောင်းအားလျော်စွာရောက်ရှိကာအလုပ်လုပ်ခွင့် ရခိုက်
အားလပ်ချိန်၊အားလပ်ရက်ကလေးများအတွင်း မိမိနိုင်ငံအကြောင်း၊ အမျိုးဘာသာ၊ သာသနာ၊ စာပေအနုပ
ညာ စသည်ဖြင့် ကောင်းနိုးရာရာ၊သတင်းများမှအစပြုပြီး ရှာဖွေဖတ်ရှုရာမှ မြန်မာစာဖြင့် ရေးထားသည့် ဘ
လော့ ဂ်များလည်း တွေ့ ရှိကာ ဖတ်ရှုမိခဲ့ ရပါတယ်...

ငယ်စဉ်ကပင်စာဖတ်ဝါသနာပါသူမို့ မြန်မာစာအုပ်၊ စာတန်း၊ ဂျာနယ်၊ စာစောင်များမရရှိနိုင်သည့် ဒေသဖြစ်
သည့် နိုင်ငံတွင်ရောက်ရှိနေသဖြင့် အလွယ်တကူရှာဖွေဖတ်ရှုနိုင်သည့် အင်တာနက်သတင်းစာမျက်နှာ၊ ဘ
လော့ ဂ်များ၊ ဖိုရမ်များသည်သာ ကျွန်တော့် အတွက် ဖတ်၍မကုန်နိုင်သည့် အင်တာနက်စာမျက်နှာများအ
ထက်က စာကြည့် တိုက်၊ဗဟုသုတပင်လယ်ကြီးပင်ဖြစ်ခဲ့ ရပါတော့ တယ်...

သို့ နှင့် ရှေ့ ကဘလော့ဂ်ဂါများရေးသားသည့် စိတ်ကူးချိုချိုအတွေးချိုချိုလေးများ၊ အတွေးသွက်သွက်အ
ရေးသွက်သွက်စာများ၊ အနုအလှဖြင့် သမုဒယစာများ၊ ဆွတ်ပျံ့ ကြည်နူး တိမ်းယစ်မူးရသည့် စာများ၊ ဘ၀င်
နှလုံးရွှင်ပြုံးစေသည့် စာများ၊ အံ့ သြဘနန်း အလွန်ထူးဆန်းဖွယ်အကြောင်းအရာများ ဖတ်ရှုခဲ့ ရပြီးသည့် 
နောက်တွင်တော့ မိမိသည်လည်း ထိုသူများကဲ့ သို့ ဖတ်ဖူးမှတ်ဖူး၊ တွေ့ ကြုံခဲ့ ဖူး၊ ခံစားရခဲ့ ဖူးသည်များကို
ပြန်လည်ပြောပြ၊ ရေးသားလိုစိတ်များ ဖြစ်တည်ခဲ့ ၇ပါသည်...

ထို့ ကြောင့် ပင် စု၊ တု၊ ပြု ဟူသောစကားအတိုင်း ဘလော့ ဂ်နှင့်ပါတ်သက်သည့် အကြောင်းအရာများအား
စုဆောင်းဖတ်ရှုကာ၊ ဆရာ့ ဆရာ(မ)ဘလော့ ဂ်ဂါများတည်ဆောက်ဖန်တီးသည်များကိုအတုယူကာ ကိုယ်
ပိုင်ဘလော့ ဂ်လေးတစ်ခု ပြုစုပျိုးထောင်ခဲ့ မိပါတော့ တယ်...

ပြည်ပရောက်အင်တာနက်အသုံးပြုနိုင်သူ၊ ကွန်ပြူတာအသုံးပြုတတ်သူများအနေနှင့် ဘလော့ ဂ်တစ်ခုပြု
လုပ်နိုင်ရန်မှာ အလွန်လွယ်ကူလှသည်မို့ ချက်ချင်းလုပ်ကာ စာတစ်ပုဒ်၊ ပုံတစ်ခုတင်ရုံမျှဖြင့် ဘလော့ ဂ်ဂါ
တစ်ယောက်ဖြစ်ရန်ကား မခက်ခဲလှပေ...
သို့ သော်လည်း ကိုသက်တန့် ပြောသလိုပင် သူများယောင်လို့ လိုက်ယောင်တာထက် ကိုယ်ပိုင်ဘလော့ ဂ်
ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကလေးတော့ ရှိထားသင့် ပေသည်...
မိမိဖတ်ဖူးမှတ်ဖူး၊ သင်ယူလေ့ လာခဲ့ ဖူးသည်များအား ပြန်လည်ဝေငှချင်သည်လား၊ မိမိဘ၀အတွေ့ အကြုံ
ခံစားချက်အတွေးများအား မျှဝေချင်သည်လား သေချာစဉ်းစားရပေမည်...
မည်သို့ ဆိုစေ စာမျက်နှာများထက်တွင်ရေးသားတော့ မည့် ဘလော့ ဂ်ဂါတစ်ယောက်အတွက်မရှိမဖြစ်လို
အပ်သည့် အချက်အလက်တစ်ခုကတော့ မရေးခင် မိမိဝမ်းစာ စာပေဗဟုသုတအဖြစ် စာဖတ်ထားသူဖြစ်ရ
ပါ့ မယ်...တတ်နိုင်လျှင်စာများစုံဖတ်ထားရပါမယ်...
သို့ မှသာ မိမိရေးမည့် အကြောင်းအကောင်းအဆိုးကိုခွဲခြားသိရှိနိုင်မည်မဟုတ်ပါလော...

စာအရေးအသားနှင့်ပါတ်သက်ပြီး ပါရမီပါသူအနည်းအကျဉ်း ( တစ်ကယ့် ကိုအနည်းငယ်လောက်သာ ) မျှ
လွဲ၍တော့ ကျန်သည့် သူအားလုံး သည်လမ်းခရီးကပင် လာခဲ့ ရမည်သာ...

နောက်တစ်ခုကတော့  ဘလော့ ဂ်ဂါဖြစ်ချင်လျှင် လောကဓံတရားကိုကြံ့ ကြံ့ ခိုင်နိုင်ရမည်ဟု ဆိုချင်ပါသေး
သည်...
အင်တာနက်ပေါ်တွင်အများသူငါဖတ်ရှုနိုင်ရန်တင်ထားသည်မို့ ၊လာရောက်ဖတ်ရှုသူများအားလည်း ၎င်းတို့ 
၏ခံစားချက်၊ သဘောထားများအား ရေးသားပြောဆိုနိုင်ရန် ( ကွန်မန့် ၊ စီဘောက် အစရှိသည်ဖြင့် )စီမံပေး
ထားကြသည်မို့ ယုံကြည်ကိုးကွယ်ရာဘာသာအမျိုးမျိုး၊ အယူအဆ၊ ခံစားချက်၊ အမြင်အမျိုးမျိုးရှိသူများ၏
ရေးသားပြောဆိုချက်များအား တွေ့ ရှိရမည်မှာမလွဲပေ...

တစ်ချို့ ကယဉ်ယဉ်ကျေးကျေးဖြင့် လာရောက်ခဲ့ ကြောင်းရေးသားပြောဆိုခဲ့ သလို တစ်ချို့ စိတ်ဓါတ်သိမ်
ဖျင်းယုတ်ညံ့ သူများကျတော့ လည်း ယုတ်ရင်းကြမ်းတမ်းစွာပြောဆို၊ ဆဲဆိုသွားနိုင်ပါသေးသည်...
တစ်ချို့ ကမိမိပေးချင်သည့် ၊ သိစေချင်သည့် အကြောင်းအရာကို ၎င်းတို့ လိုသလိုအဓိပ္ပါယ်ကောက်ယူကာ
အထင်လွဲ၊ အမြင်လွဲဖြစ်ပြီး ခြိမ်းချောက်ပြောဆို၊ ဆဲရေးတတ်သလို၊တစ်ချို့ ကျတော့ လည်း ချစ်ဖွယ်သော
စကား ချိုသာသောစကားတို့ ဖြင့် အားပေးပြောဆိုတတ်ကြပေသည်...
အဓိက ကတော့ မည်သို့ ပင်ပြောဆိုရေးသားနေကြစေကာမူလောကဓံတရားကို သူတော်ကောင်းကြီးများနှ
လုံးမူသည့် ပမာ လက်ခံနိုင်ရန်ပင်ဖြစ်သည်...်

မိမိတို့ ၏ဥစ္စာဓန၊ ပညာမာနဖြင့် ဆတ်ဆတ်ထိမခံနိုင်သူများ ဘလော့ ဂ်ရေးရန်မသင့် ပေ...

နောက်တစ်ခုကတော့ ကျွန်တော့် ခံယူချက်တစ်ခုဖြစ်သည့် မိမိဘလော့ ဂ်တွင် ၊ စီဘောက်တွင် လူအများ
ကွန်မန့် များများရရန်၊ လာရောက်နှုတ်ဆက်ခြင်းများများခံလိုခြင်း မရှိသင့် (နည်းသင့် )ခြင်းဖြစ်ပေသည်...

ပုထုဇဉ်တစ်ဦးပီပီ ကျွန်တော်သည်လည်း ကွန်မန့် များ၊ စီဘောက်များတွင် လူအများလာရောက်ရေးသား
ခြင်းကို အနည်းငယ်တော့ နှစ်သက်သဘောကျမိသည်ပင်...သို့ သော် မိမိဘလော့ ဂ်ရေးရခြင်း၏ရည်ရွယ်
ချက်ကားအဘယ်နည်း...အဓိကဦးတည်ချက်ကား မိမိသိသလို၊ ခံစားနားလည်သလို လူအများသိရှိဖတ်ရှု
စေရန်မဟုတ်ပါလော...

သို့ အတွက် လာရောက်ဖတ်ရှုသူရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ၎င်းတို့ အနေဖြင့် မှတ်ချက်ကွန်မန့် ရေးခဲ့ 
သည်ဖြစ်စေမရေးသည်ဖြစ်စေ၊ ၎င်းတို့ ရောက်ရှိခဲ့ ကြောင်း ခြေရာချန်ခဲ့ သည်ဖြစ်စေ၊ မချန်ခဲ့ သည်ဖြစ်စေ
မိမိမဖန်တီးနိုင်သည့် ၊ မစီမံနိုင်သည့် ကိစ္စအတွက် စိတ်ပင်ပန်းကာ မိမိရည်ရွယ်ရင်းဖြစ်သည့် ဘလော့ ဂ်
ရေးခြင်းအားထိခိုက်စေရပါမည်လော...

ဤသို့ ကွန်မန့် များခြင်း၊ လူချစ်လူခင်များခြင်းသည်လည်း မိမိ၏အရေးအသား၊ကြိုးစားအားထုတ်မှုပေါ်တွင်
သာမကဘ၀၊ဘ၀က ပါခဲ့ သည့် ပါရမီကုသိုလ်ကံတရားများလည်းအကြောင်းအချက်တစ်ခုအနေဖြင့် ပါဝင်
သည်ဟု ကျွန်တော်ကတော့ ယုံကြည်သည်...

တစ်ချို့ လူချစ်လူခင်ပေါသူများကျတော့ ဘာမှဟုတ်တိပတ်တိရေးသည်မဟုတ်တာတောင် လာရောက်ရေး
ကြသည့် ကွန်မန့် များ၊ နှုတ်ဆက်သည်များက အမြောက်အများပင်...

ထို့ ကြောင့် ရေးဆဲ၊ ရေးလတ္တံ့ သော်ဘလော့ ဂ်ဂါများအား အားပေးလိုသည်မှာ ကွန်မန့် ကြောင့် ၊ မိမိဘ
လော့ ဂ်အားလာရောက်ဖတ်ရှုသူအရေအတွက် hit counter ကြောင့် တော့ ဖြင့် စိတ်ဓါတ်မကျစေလို ...

နောက်တစ်ခုပြောလိုသည်ကတော့ အထူးသဖြင့် ကျွန်တော်တို့ လို စု၊ တု၊ ပြု သမားများအတွက်အဓိက
ရည်ရွယ်ပါတယ်...တစ်ချို့ လည်း သဘောထားချင်းတိုက်ဆိုင်ချင်မှတိုက်ဆိုင်နိုင်ပါလိမ့် မယ်...
ကျွန်တော့် ရဲ့ ဘလော့ ဂ်ရည်ရွယ်ချက်ကပင် အထက်တွင်ဆိုခဲ့ သည့် အတိုင်း မိမိဖတ်ခဲ့ ၊ မှတ်ခဲ့ ရသည်
ကို တစ်ခြားသူများအားလည်း ဖတ်စေချင်၊ သိစေချင်သည်မို့  (ဆရာကြီးဒေါက်တာသန်းထွန်းစကားနဲ့ ပြော
ရလျှင် " မအ " အောင်လို့ ) မိမိဘလော့ ဂ်တွင်တင်ခဲ့ ရေးခဲ့ သည်များကို ကူးယူကာ ( စီးပွားရေးအရ၊ အခ
ကြေးငွေတစ်စုံတစ်ရာဖြင့် အသုံးပြုသည်မှလွဲ၍ ) ထပ်ဆင့် ဖြင့် ဝေခြင်းများအားခွင့် ပြုသင့် ပါတယ်...
(ဥပမာ ...သူတို့ အခုမှသိကြသလား ဟူသည့် ဆောင်းပါးဆိုလျှင် ကျွန်တော်ပထမဦးဆုံးစတင်ဘာသာပြန်
ဖော်ပြခဲ့ တာဖြစ်ပါတယ်...
ဒါပေမယ့် ဝီကီမြန်မာလင့် ကအစ ဖိုရမ်များ၊ ဖော်ဝါ့ ဒ်မေးများ၊ ဘလော့ ဂ်များတွင် အကြိမ်ပေါင်းများစွာကူး
ယူဖော်ပြခဲ့ ကြလို့ မူရင်းဘာသာပြန်သူ ကျွန်တော့် အမည်ပင် သိသူမရှိလောက်ဖြစ်ခဲ့ ပါတယ်...
ဒါပေမယ့် ကျွန်တော်ဝမ်းသာကျေနပ်ပါတယ်...
သိစေချင်သည့် အကြောင်းအရာတစ်ခု လူအများသိရှိသွားကြသည်က မိမိမူလရည်မှန်းချက်ပင်...)

ကူယူးသူကတော့  သိရင်သိသလို ခရစ်ဒစ်ပေးနိုင်ရပါမယ်...သို့ သော်လည်း လူအများသိရှိဖတ်ရှုနိုင်လေ
မိမိရည်ရွယ်ချက်အောင်မြင်လေမို့ ကျွန်တော်ကတော့ ကူယူဖြန့် ချီခြင်းကို အားပေးပါတယ်...
မိမိကိုယ်ကိုယ်တိုင်ပင်လျှင် ဘလော့ ဂ်စတင်ကာစက ဖတ်မိကြိုက်မိသည်များကို ဖတ်ညွှန်းပင်အားမရလို့ 
ပြန်တင်ပေးခြင်းဖြင့် စတင်ခဲ့ ရသည်မဟုတ်ပါလော...

ကျွန်တော်ဆိုလျှင်လည်း သတင်းအချက်အလက်များကို မူရင်းသတင်းဌာနများမှ ကူးယူတင်ပြရသည်ပင်...
သို့ အတွက် ထိုသတင်းဌာနများကိုတော့ ခရက်ဒစ်ပေးပါသည်...
ကိုယ်ကိုယ်တိုင်ပင် သူများဆီမှ အလကားရယူပြီး သူများကိုယ့် ဆီက ယူလျှင်လည်းပေးသင့် သည်မဟုတ်
ပါလော...( ကိုယ်ပိုင် ရင်တွင်းဖြစ်ခံစားပုံဖော်ချက်များအား မဆိုလိုပါ...)
ကျွန်တော်ကတော့ ကိုယ်သေသွားလည်းကိုယ့် နောက်ဘာမှမယူသွားနိုင်သည့် အတူတူ ယခုရေးသားဖော်
ပြခဲ့ သည်များကိုလည်း လူအများသိစေရန်ရည်ရွယ်ချက်ဖြင့် ကူးယူဖော်နေသည်အတွက် ပိုတောင်ဝမ်းသာ
မိပါသေးသည်...
မိမိ၏ စွန့် လွှတ်နိုင်မှုအတွက် ခံနိုင်ရည်အားစမ်းသပ်မှုတစ်မျိုးဟုပင် သဘောပိုက်ထားလိုက်ပါသည်...

အချူပ်ဆိုရသော်အလကားနီးပါးရသည့် ဘလော့ ဂ်စပေါ့ ကြီးအား အကြောင်းပြုကာ မိမိရေးချင်သည်များ
အား ပြုပြင်တည်းဖြတ်မည့် ၊ဖြုတ်ပယ်ငြင်းဆန်မည့် အယ်ဒီတာများမရှိသည်ကိုအမြတ်ထုတ်ကာ ကလောင်
သွေးခွင့် ရသည် မိမိပေးချင်သည့် အကြောင်းအချင်အရာများအား လွတ်လွတ်လပ်လပ်တင်ပြခွင့် ရသည်
ဆိုသည့် အချက် (ကိုယ်ရေးသည့် စာ၊ ကိုယ်တင်သည့် စာကိုတော့ စိတ်ရှင်းရှင်းဖြင့် တာဝန်ယူနိုင်ရမည်
ပေါ့ ) ကိုသာလျှင် မျက်ချည်မပြတ် နှလုံးသွင်းကာ ပျော်ပျော်ရွှင်ရွှင်ဘလော့ ဂ်ဂင်းနိုင်ပါစေသတည်း...

ကဲ ...
ဆရာလေးကိုသက်တန့် ရေ...
ရေးဆိုလို့ သာရေးလိုက်ရတယ်...ဆရာ့ လိုနှုတ်ခမ်းနီမလေးတွေ ( အစ်မလတ်တွေ၊ အစ်မကြီးတွေလည်း
ပါ ပါတယ်...) ရဲ့ အသည်းစွဲဘလော့ ဂ်ဂါမဟုတ်လို့ အမှားအယွင်းပါယင် ခွင့် လွှတ်ပါဗျာ...

Are you ready to Celebrate Blog Day ?

Monday, August 29, 2011

ဘလော့ ဂ်ဒေးအကြောင်းသိမှတ်စရာ...


လာမည့် သြဂုတ်လ ၃၁ ရက်နေ့ ကို ဘလော့ ဂ်ဒေး ဆိုပြီး ကိုအောင် ( ပျူနိုင်ငံ ) ကစပြီးရေးလိုက်လို့ ဘ
လော့ဂ်ဂါတွေလည်း ဘုမသိဘမသိနဲ့ ( အများစုကတော့ သိပ်မသိကြဘူးပေါ့ လေ ) လိုက်ပြီးဘလော့ ဂ်
ဒေး( Blog Day ) အမှတ်တရပို့ စ်တွေရေးကြပါတယ်...
သိလို့ ပဲရေးရေး၊ မသိပဲနဲ့ ပဲရေးရေး အွန်လိုင်းပေါ်ကမြန်မာဘလော့ ဂ်ဂါများရဲ့ ရင်းနှီးနွေးထွေးစွာနဲ့ ချစ်ခင်
ရင်းနှီးစွာ မိမိတို့ စွဲလမ်းနှစ်သက်စွာဖတ်ဖြစ်ခဲ့ တဲ့ ၊ခင်မင်မိ၊လေးစားမိခဲ့ တဲ့ (အဲဒီကြားထဲကမှ ချစ်ကြိုးတွေ
သွယ်ကာရစ်သွားနိုင်ကြသေးလို့ ကန့် လန့် ကာနောက်ကွယ်မှာ ချစ်သူတွေဖြစ်သွားကြတဲ့ ) ဘလော့ ဂ်
ဂါများရေးစီစဉ်တင်ဆက်ရေးသားကြတဲ့ ဘလော့ဂ်တွေကို အမှတ်တရပြန်ရေးကြ၊ပြောဆိုကြ၊ ညွှန်းကြတာ
ကိုက စိတ်ရွင်လန်းချမ်းမြေ့ စရာပါပဲ...
ဒီနေ့ တော့ အင်တာနက်က သဘောကောင်းနေတာနဲ့ ( မနေ့ ကစိတ်ကောက်တော်မူလို့ ပို့ စ်မတင်ရဘူး )
ဘလော့ ဂ်ဒေးဆိုတာ ဘာလည်းလို့ မွှေနှောက်ကြည့် တော့ ဒီလိုလေးတွေ့ ခဲ့ ရသဗျာ...

မိတ်ဆွေ သင်ဟာဘလော့ ဂါတစ်ယောက်ဖြစ်နေခဲ့ မယ်ဆိုယင် ဘလော့ ဂ်ဒေး (ဘလော့ ဂ်
နေ့ ကလေး )အကြောင်းကိုတော့ စိတ်ဝင်စားလိမ့် မယ်လို့ ထင်ပါတယ်...

"ကမ္ဘာရွာမှာ တစ်ဦးနဲ့ တစ်ဦးချစ်ကြည်ရင်းနှီးစွာနဲ့ ဆုံတွေ့ ကြပါစို့ ...
ရှာဖွေလေတွေ့ ရှိလေထုံး နှလုံးမူပြီး...မိတ်သစ်ဆွေသစ်၊ သူငယ်ချင်းအသစ်တွေနဲ့ ဆုံတွေ့ ကြပါ
စို့ ..."


ဒါလေးကတော့ ဘလော့ ဂ်ဒေး ဖြစ်မြောက်ရေးအဖွဲ့ ရဲ့ ဆောင်ပုဒ်လေးပါပဲ...

ထိုဆောင်ပုဒ်လေးအတိုင်းပဲ နိုင်ငံအရပ်ရပ်၊ ဒေသအသီးသီးက ပန်းပေါင်းစုံပမာ ရင်တွင်းဖြစ်၊ အတွေးချိုချို
နဲ့ ဖန်တီးထားခဲ့ ကြတဲ့ ဘလော့ ဂ်တွေရဲ့ ပိုင်ရှင်တွေ တစ်ဦးနှင့် တစ်ဦး ချစ်ကြည်ရင်းနှီးစွာ သိရှိခင်မင်စေ
နိုင်ဖို့ ရည်ရွယ်ပါတယ်...
နှစ်စဉ်စုစုစည်းစည်းကျင်းပနိုင်အောင်တော့ သြဂုတ်လ ၃၁ ရက်နေ့ ကိုရည်ရွယ်ပါတယ်...
ဘာကြောင့် သြဂုတ်လ ၃၁ ရက်နေ့ ကိုသတ်မှတ်ရတာလည်းဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါ
တယ်...

ထိုနေ့ ကို အင်္ဂလိပ်ဂဏာန်းအက္ခရာများအဖြစ် ရေးချလိုက်တဲ့ အခါမှာတော့  3108 လို့ ဖြစ်လာပြီး အနုပ
ညာမြောက်စွာ ပန်းစာလုံးနဲ့ ပုံဖော်လိုက်ယင် BLOG  ဆိုတဲ့ စကားလုံးနဲ့ ဆင်တူဖြစ်လာပါတော့ တယ်...
အောက်ကပုံစံအတိုင်းလေးပေါ့ ...

he fixed date is August 31, because when written 3108, it resembles the word “Blog”. To clear this fact look at the image below. 

blogday techreuters Are you ready to Celebrate Blog Day (3108)

ရင်ထဲကခံစားချက်တွေချရေးတာပဲဖြစ်ဖြစ်၊ မိမိဘ၀၊ပါတ်ဝန်းကျင်၊ လုပ်ငန်းခွင်၊ ခရီးလမ်းပန်းအတွေ့ အကြုံ
မှစလို့ ဖတ်မိသမျှထဲက ကြိုက်နှစ်သက်တာတွေကိုပဲ ပြန်တင်တင် ဘလော့ ဂ်ဂါတစ်ယောက်ရဲ့ အဓိကတာ
ဝန်တစ်ရပ်ကတော့ မိမိဘလော့ ဂ်ကိုလာရောက်လည်ပါတ်သူများအား မှန်ကန်တဲ့ အကြောင်းအရာ၊ အ
ချက်အလက်နဲ့ အကျိုးရှိစေမယ့် ၊ သင်ခန်းစာယူနိုင်မယ့် ၊ ဗဟုသုတရစေမယ့် အရေးအသားတင်ပြချက်
တွေဖြစ်ရပါမယ်...
ဒါဟာ ဘလော့ ဂ်ဒေး ကျင်းပရခြင်းရဲ့ အစဦးရည်မှန်းချက်များပါပဲ...
ဒါကြောင့် မို့ ထိုနေ့ မှာတော့ ဖြင့် ( သို့ မဟုတ် ) ထိုနေ့ ကိုဂုဏ်ပြုတဲ့ အနေနဲ့ ဘလော့ ဂ်ဂါများအနေဖြင့် 
 *** မိမိဘလော့ ဂ်သို့ လာရောက်လည်ပတ်ဖတ်ရှုသူများအား မသိသေးသည့် ဘလော့ ဂ်အသစ် ငါးခု
လောက်ကိုတော့ ဆက်လက်ညွှန်းဆို၊မိတ်ဆက်ပေးသင့် ပါတယ်...
*** ဒါမှလည်း ဘလော့ ဂ်ကြွလာမိတ်သဟာတွေအနေနဲ့ အပြောကျယ်လှတဲ့ အင်တာနက်ကမ္ဘာထဲမှာ
မသိသေးတဲ့ ( သိပြီးသူများလည်းထပ်မံသွားရောက်လေ့ လာနိုင်ပါတယ်...) ဘလော့ ဂ်များကိုသွားရောက်
လေ့ လာဖတ်ရှုပြီး မိတ်ဆွေဖွဲ့ ကာ မိမိတို့ ရဲ့ အသိအမြင်၊ ဗဟုသုတ၊ ခံစားမှုကမ္ဘာသစ်တွေတွေ့ ရှိပျော်မွေ့ 
နိုင်မှာဖြစ်ပါတယ်...

ကဲ....မိတ်ဆွေတို့ ရေ...
ပျော်ပျော်ရွှင်ရွှင် ...ဘလော့ဂ်ဂင်းကြပါစို့ ...

ကျွန်တော်ညွှန်းဆိုချင်တဲ့မြန်မာဘလော့ ဂ်လင့် ခ်ငါးခုကတော့ ...

၁။ မြန်မာ့ တေးဂီတသံစဉ်ကိုခံစားနားဆင်လေ့ ကျင့် နိုင်မယ့်  စန္ဒယားအောင်ဝင်း
၂။ ဗုဒ္ဓဘာသာဆိုင်ရာတရားဒေသနာတော်များ၊ စာအုပ်များ၊ ဆောင်းပါးများ အင်္ဂလိပ်၊ မြန်မာ စုံလင်စွာ
    တစ်နေ၇ာထဲတွင်လေ့ လာနိုင်သည့်  ဓမ္မ၀က်ဘ် စာမျက်နှာ
၃။ အတွေးအား၊ ရေးအားကောင်းစွာနဲ့ စိတ်ကူးလှလှလေးတွေကို နုသွဲ့ စွာဖွဲ့ သီဖော်ညွှန်းတတ်တဲ့ 
    မပန်းနွယ်
၎။ အခုတော့ ဆက်မရေးတော့ ပေမယ့် ယခင်ရေးထားသမျှတွေအားလုံးဟာ ဖတ်မိယင်ရပ်လို့ မရနိုင်
    လောက်အောင်   အတွေးသွက်သွက်၊ အရေးသွက်သွက်နဲ့ ဘ၀င်နှလုံးကို ရွှင်ပြုံးစေဖို့ တစ်သွယ်၊
    ငေးရီကာဆွေးမှီစေဖို့  တစ်ဖုံ စာပန်းချီချယ်ကာသနိုင်တဲ့  ကိုနဗန
၅။ မြန်မာ့ စာပေဥယျာဉ်လို့ ခေါ်နိုင်တဲ့ စာအုပ်ပေါင်းစုံ၊ စာပေဟောပြောပွဲအသံဖိုင်များကိုပါ ဒေါင်းလုပ်ရ
    ယူနိုင်တဲ့  စကားဝါမြေအွန်လိုင်းစာကြည့် တိုက်

     တို့ ပဲဖြစ်ပါတယ်...

      ဆက်လက်သွားရောက်လေ့ လာဖတ်ရှု၊ ခံစားနိုင်ပါစေသတည်း ...

မှတ်ချက် ....
အထက်ပါဘလော့ ဂ်ပိုင်ရှင်၊ဖန်တီးသူ၊ ဘလော့ ဂါများနှင့် ကိုပီတာ တစ်ယောက်နှင့် မျှရင်းနှီးခင်မင်
သိကျွမ်းခြင်းမရှိပါ...



မူရင်းအင်္ဂလိပ်လိုသတင်းလင့် ခ်ကတော့ ဒီမှာပါ...

If you are a blogger, this will be interesting for you to know about the Blog Day.
Join the global conversation!
Explore, Discover and make new friends!
This is a motto of the  “www.Blogday.org , as the title Blog day is a organization which was created to dedicate a day to all the bloggers to know other bloggers from other countries, who are blogging at different blogs. The designated date is August 31 to celebrate the Blog Day.
Why to celebrate on a fixed date of August 31. There is interesting fact behind it.
The fixed date is August 31, because when written 3108, it resembles the word “Blog”. To clear this fact look at the image below.
blogday techreuters Are you ready to Celebrate Blog Day (3108)

How to Celebrate Blog day:
As a real Blogger it is our duty  to provide true and helpful knowledge to our visitors. This is thinking behind this day.
  • On Blog Day, bloggers recommend five new blogs to their visitors, so that readers discover new, previously unknown blogs.
  • On this day, blog readers will find themselves leaping around and discovering new, unknown Blogs, celebrating the discovery of new people and new bloggers.