Are you ready to Celebrate Blog Day ?

Monday, August 29, 2011

ဘလော့ ဂ်ဒေးအကြောင်းသိမှတ်စရာ...


လာမည့် သြဂုတ်လ ၃၁ ရက်နေ့ ကို ဘလော့ ဂ်ဒေး ဆိုပြီး ကိုအောင် ( ပျူနိုင်ငံ ) ကစပြီးရေးလိုက်လို့ ဘ
လော့ဂ်ဂါတွေလည်း ဘုမသိဘမသိနဲ့ ( အများစုကတော့ သိပ်မသိကြဘူးပေါ့ လေ ) လိုက်ပြီးဘလော့ ဂ်
ဒေး( Blog Day ) အမှတ်တရပို့ စ်တွေရေးကြပါတယ်...
သိလို့ ပဲရေးရေး၊ မသိပဲနဲ့ ပဲရေးရေး အွန်လိုင်းပေါ်ကမြန်မာဘလော့ ဂ်ဂါများရဲ့ ရင်းနှီးနွေးထွေးစွာနဲ့ ချစ်ခင်
ရင်းနှီးစွာ မိမိတို့ စွဲလမ်းနှစ်သက်စွာဖတ်ဖြစ်ခဲ့ တဲ့ ၊ခင်မင်မိ၊လေးစားမိခဲ့ တဲ့ (အဲဒီကြားထဲကမှ ချစ်ကြိုးတွေ
သွယ်ကာရစ်သွားနိုင်ကြသေးလို့ ကန့် လန့် ကာနောက်ကွယ်မှာ ချစ်သူတွေဖြစ်သွားကြတဲ့ ) ဘလော့ ဂ်
ဂါများရေးစီစဉ်တင်ဆက်ရေးသားကြတဲ့ ဘလော့ဂ်တွေကို အမှတ်တရပြန်ရေးကြ၊ပြောဆိုကြ၊ ညွှန်းကြတာ
ကိုက စိတ်ရွင်လန်းချမ်းမြေ့ စရာပါပဲ...
ဒီနေ့ တော့ အင်တာနက်က သဘောကောင်းနေတာနဲ့ ( မနေ့ ကစိတ်ကောက်တော်မူလို့ ပို့ စ်မတင်ရဘူး )
ဘလော့ ဂ်ဒေးဆိုတာ ဘာလည်းလို့ မွှေနှောက်ကြည့် တော့ ဒီလိုလေးတွေ့ ခဲ့ ရသဗျာ...

မိတ်ဆွေ သင်ဟာဘလော့ ဂါတစ်ယောက်ဖြစ်နေခဲ့ မယ်ဆိုယင် ဘလော့ ဂ်ဒေး (ဘလော့ ဂ်
နေ့ ကလေး )အကြောင်းကိုတော့ စိတ်ဝင်စားလိမ့် မယ်လို့ ထင်ပါတယ်...

"ကမ္ဘာရွာမှာ တစ်ဦးနဲ့ တစ်ဦးချစ်ကြည်ရင်းနှီးစွာနဲ့ ဆုံတွေ့ ကြပါစို့ ...
ရှာဖွေလေတွေ့ ရှိလေထုံး နှလုံးမူပြီး...မိတ်သစ်ဆွေသစ်၊ သူငယ်ချင်းအသစ်တွေနဲ့ ဆုံတွေ့ ကြပါ
စို့ ..."


ဒါလေးကတော့ ဘလော့ ဂ်ဒေး ဖြစ်မြောက်ရေးအဖွဲ့ ရဲ့ ဆောင်ပုဒ်လေးပါပဲ...

ထိုဆောင်ပုဒ်လေးအတိုင်းပဲ နိုင်ငံအရပ်ရပ်၊ ဒေသအသီးသီးက ပန်းပေါင်းစုံပမာ ရင်တွင်းဖြစ်၊ အတွေးချိုချို
နဲ့ ဖန်တီးထားခဲ့ ကြတဲ့ ဘလော့ ဂ်တွေရဲ့ ပိုင်ရှင်တွေ တစ်ဦးနှင့် တစ်ဦး ချစ်ကြည်ရင်းနှီးစွာ သိရှိခင်မင်စေ
နိုင်ဖို့ ရည်ရွယ်ပါတယ်...
နှစ်စဉ်စုစုစည်းစည်းကျင်းပနိုင်အောင်တော့ သြဂုတ်လ ၃၁ ရက်နေ့ ကိုရည်ရွယ်ပါတယ်...
ဘာကြောင့် သြဂုတ်လ ၃၁ ရက်နေ့ ကိုသတ်မှတ်ရတာလည်းဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းလှပါ
တယ်...

ထိုနေ့ ကို အင်္ဂလိပ်ဂဏာန်းအက္ခရာများအဖြစ် ရေးချလိုက်တဲ့ အခါမှာတော့  3108 လို့ ဖြစ်လာပြီး အနုပ
ညာမြောက်စွာ ပန်းစာလုံးနဲ့ ပုံဖော်လိုက်ယင် BLOG  ဆိုတဲ့ စကားလုံးနဲ့ ဆင်တူဖြစ်လာပါတော့ တယ်...
အောက်ကပုံစံအတိုင်းလေးပေါ့ ...

he fixed date is August 31, because when written 3108, it resembles the word “Blog”. To clear this fact look at the image below. 

blogday techreuters Are you ready to Celebrate Blog Day (3108)

ရင်ထဲကခံစားချက်တွေချရေးတာပဲဖြစ်ဖြစ်၊ မိမိဘ၀၊ပါတ်ဝန်းကျင်၊ လုပ်ငန်းခွင်၊ ခရီးလမ်းပန်းအတွေ့ အကြုံ
မှစလို့ ဖတ်မိသမျှထဲက ကြိုက်နှစ်သက်တာတွေကိုပဲ ပြန်တင်တင် ဘလော့ ဂ်ဂါတစ်ယောက်ရဲ့ အဓိကတာ
ဝန်တစ်ရပ်ကတော့ မိမိဘလော့ ဂ်ကိုလာရောက်လည်ပါတ်သူများအား မှန်ကန်တဲ့ အကြောင်းအရာ၊ အ
ချက်အလက်နဲ့ အကျိုးရှိစေမယ့် ၊ သင်ခန်းစာယူနိုင်မယ့် ၊ ဗဟုသုတရစေမယ့် အရေးအသားတင်ပြချက်
တွေဖြစ်ရပါမယ်...
ဒါဟာ ဘလော့ ဂ်ဒေး ကျင်းပရခြင်းရဲ့ အစဦးရည်မှန်းချက်များပါပဲ...
ဒါကြောင့် မို့ ထိုနေ့ မှာတော့ ဖြင့် ( သို့ မဟုတ် ) ထိုနေ့ ကိုဂုဏ်ပြုတဲ့ အနေနဲ့ ဘလော့ ဂ်ဂါများအနေဖြင့် 
 *** မိမိဘလော့ ဂ်သို့ လာရောက်လည်ပတ်ဖတ်ရှုသူများအား မသိသေးသည့် ဘလော့ ဂ်အသစ် ငါးခု
လောက်ကိုတော့ ဆက်လက်ညွှန်းဆို၊မိတ်ဆက်ပေးသင့် ပါတယ်...
*** ဒါမှလည်း ဘလော့ ဂ်ကြွလာမိတ်သဟာတွေအနေနဲ့ အပြောကျယ်လှတဲ့ အင်တာနက်ကမ္ဘာထဲမှာ
မသိသေးတဲ့ ( သိပြီးသူများလည်းထပ်မံသွားရောက်လေ့ လာနိုင်ပါတယ်...) ဘလော့ ဂ်များကိုသွားရောက်
လေ့ လာဖတ်ရှုပြီး မိတ်ဆွေဖွဲ့ ကာ မိမိတို့ ရဲ့ အသိအမြင်၊ ဗဟုသုတ၊ ခံစားမှုကမ္ဘာသစ်တွေတွေ့ ရှိပျော်မွေ့ 
နိုင်မှာဖြစ်ပါတယ်...

ကဲ....မိတ်ဆွေတို့ ရေ...
ပျော်ပျော်ရွှင်ရွှင် ...ဘလော့ဂ်ဂင်းကြပါစို့ ...

ကျွန်တော်ညွှန်းဆိုချင်တဲ့မြန်မာဘလော့ ဂ်လင့် ခ်ငါးခုကတော့ ...

၁။ မြန်မာ့ တေးဂီတသံစဉ်ကိုခံစားနားဆင်လေ့ ကျင့် နိုင်မယ့်  စန္ဒယားအောင်ဝင်း
၂။ ဗုဒ္ဓဘာသာဆိုင်ရာတရားဒေသနာတော်များ၊ စာအုပ်များ၊ ဆောင်းပါးများ အင်္ဂလိပ်၊ မြန်မာ စုံလင်စွာ
    တစ်နေ၇ာထဲတွင်လေ့ လာနိုင်သည့်  ဓမ္မ၀က်ဘ် စာမျက်နှာ
၃။ အတွေးအား၊ ရေးအားကောင်းစွာနဲ့ စိတ်ကူးလှလှလေးတွေကို နုသွဲ့ စွာဖွဲ့ သီဖော်ညွှန်းတတ်တဲ့ 
    မပန်းနွယ်
၎။ အခုတော့ ဆက်မရေးတော့ ပေမယ့် ယခင်ရေးထားသမျှတွေအားလုံးဟာ ဖတ်မိယင်ရပ်လို့ မရနိုင်
    လောက်အောင်   အတွေးသွက်သွက်၊ အရေးသွက်သွက်နဲ့ ဘ၀င်နှလုံးကို ရွှင်ပြုံးစေဖို့ တစ်သွယ်၊
    ငေးရီကာဆွေးမှီစေဖို့  တစ်ဖုံ စာပန်းချီချယ်ကာသနိုင်တဲ့  ကိုနဗန
၅။ မြန်မာ့ စာပေဥယျာဉ်လို့ ခေါ်နိုင်တဲ့ စာအုပ်ပေါင်းစုံ၊ စာပေဟောပြောပွဲအသံဖိုင်များကိုပါ ဒေါင်းလုပ်ရ
    ယူနိုင်တဲ့  စကားဝါမြေအွန်လိုင်းစာကြည့် တိုက်

     တို့ ပဲဖြစ်ပါတယ်...

      ဆက်လက်သွားရောက်လေ့ လာဖတ်ရှု၊ ခံစားနိုင်ပါစေသတည်း ...

မှတ်ချက် ....
အထက်ပါဘလော့ ဂ်ပိုင်ရှင်၊ဖန်တီးသူ၊ ဘလော့ ဂါများနှင့် ကိုပီတာ တစ်ယောက်နှင့် မျှရင်းနှီးခင်မင်
သိကျွမ်းခြင်းမရှိပါ...



မူရင်းအင်္ဂလိပ်လိုသတင်းလင့် ခ်ကတော့ ဒီမှာပါ...

If you are a blogger, this will be interesting for you to know about the Blog Day.
Join the global conversation!
Explore, Discover and make new friends!
This is a motto of the  “www.Blogday.org , as the title Blog day is a organization which was created to dedicate a day to all the bloggers to know other bloggers from other countries, who are blogging at different blogs. The designated date is August 31 to celebrate the Blog Day.
Why to celebrate on a fixed date of August 31. There is interesting fact behind it.
The fixed date is August 31, because when written 3108, it resembles the word “Blog”. To clear this fact look at the image below.
blogday techreuters Are you ready to Celebrate Blog Day (3108)

How to Celebrate Blog day:
As a real Blogger it is our duty  to provide true and helpful knowledge to our visitors. This is thinking behind this day.
  • On Blog Day, bloggers recommend five new blogs to their visitors, so that readers discover new, previously unknown blogs.
  • On this day, blog readers will find themselves leaping around and discovering new, unknown Blogs, celebrating the discovery of new people and new bloggers.

9 comments:

မိုးယံ said...

နံပါတ် 2 နဲ့ ငါးကို တော့ သိတယ်...သွားတယ်.. သုံးတယ်.. ကျန်တာတွေ အတွက် ကျေးဇူးဦးပီတာ..

ဘလော့ဂ်ဒေးရဲ့ အဓိပ္ပါယ်တွေ ဆောင်ပုဒ်တွေ လည်း သိခွင့်ရလို့ကျေးတမာဒယ်ဗျာ.

ကိုဇော် said...

ဒီလို သေသေချာချာ တိတိကျကျလေး သိလိုက်ရလို့ ကျေးဇူးပဲ ကိုပီတာ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ-
http://ancientmyanmar.blogspot.com/
ရှေးမြန်မာ ဘလော့ကလေးကိုလည်းသွားကြည့်စေချင်ပါတယ်။
ကျနော်ရေးတဲ့ဘလော့မဟုတ်ပါဘူး-

သဒ္ဓါလှိုင်း said...

blog day ရက်လေးသတ်မှတ်ပုံလေးက ချစ်စရာကောင်းလိုက်တာ။ ဗဟုသုတလေးလည်း ရသွားပါတယ်။
"ကမ္ဘာရွာမှာ တစ်ဦးနဲ့ တစ်ဦးချစ်ကြည်ရင်းနှီးစွာနဲ့ ဆုံတွေ့ ကြပါစို့ ...
ရှာဖွေလေတွေ့ ရှိလေထုံး နှလုံးမူပြီး...မိတ်သစ်ဆွေသစ်၊ သူငယ်ချင်းအသစ်တွေနဲ့ ဆုံတွေ့ ကြပါစို့ ..."
ဆောင်ပုဒ်လေးအတိုင်း ကြိးစားကြပါစို့။
ခင်မင်လေးစားလျက်
သဒ္ဓါလှိုင်း

SHWE ZIN U said...

ကမ္ဘာရွာမှာ တစ်ဦးနဲ့ တစ်ဦးချစ်ကြည်ရင်းနှီးစွာနဲ့ ဆုံတွေ့ ကြပါစို့ ...
ရှာဖွေလေတွေ့ ရှိလေထုံး နှလုံးမူပြီး...မိတ်သစ်ဆွေသစ်၊ သူငယ်ချင်းအသစ်တွေနဲ့ ဆုံတွေ့ ကြပါစို့ ..."

ကိုပီတာ ရေ

ဗဟုသုတ တွေ အားလုံးအတွက်ကျေးဇူးပါ တကယ်ဘဲ ဆောင်ပုဒ်လေး အတိုင်း မှန်ကန်ပါလေတယ်

ကိုပီတာ ရဲ့ ဘလောဂ့် လေးကနေ မသိမမြင်မကြား ဘူးတာတွေ နဲ့ သင်ခန်းစာ ရစရာ တွေ အတွက် အမြဲအမှတ်ရ ကျေးဇူးတင် နေမှာပါ စာတွေ အများကြီး ကို ပျော်ပျော်ပါးပါး ရေးရင်း ချီတက် ကြမယ် နှစ်ပေါင်းများစွာ

ကိုအောင် said...

ဘလော့ရွာထဲက ကိုပီတာကြီးလည်း ဘလော့ဒေးမှာ ပျော်ရွှင်ပါစေ၊ တက်ဂ်ဖို့ မေ့သွားခဲ့တဲ့အတွက် ခွင့်လွှတ်ပါဗျာ၊ အပြင်မှာ ကျနော့်ကို တွေ့ခဲ့ရင် ဘီယာအသေတိုက်ပြီး အနိုင်ကျင့်နိုင်ပါတယ် ... :D

mstint said...

ဘလော့ဂ်ဂါတိုင်းသိသင့်တဲ့ အကြောင်းအရာလေးတွေ ရေးသားမျှဝေပေးတဲ့အတွက် ကျေးဇူးပါ ကိုပီတာရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

လင့်တွေကို ပေးတဲ့အတွက် ကျေးဖူးတင်ပါသည်၊
သွားရောက်ဖတ်လိုက်ပါဦးမည်
ပျော်ရွှင်ချမ်းမြေ့ပါစေ။

T T Sweet said...

ဘလော့ဂ်ဒေးသတ်မှတ်ပုံ ဆန်းဆန်းလေးကို သိလိုက်ရတော့ ကျေးဇူးပါ ကိုပီတာ။
ရယ်စရာ ပုံလေးတွေကြည့်ဖြစ်ပါတယ်။ အမြဲလည်ပတ်ဖြစ်ပါတယ်။