Showing posts with label facts : knowledge. Show all posts
Showing posts with label facts : knowledge. Show all posts

အင်တာနက်အကြောင်းသိကောင်းစရာ

Thursday, January 7, 2010





 အင်တာနက်အကြောင်း ....

ကျွန်တော်တို့ နေ့ စဉ်နီးပါးသုံးစွဲနေတဲ့ အင်တာနက်အကြောင်း ( အထူးသဖြင့် ပြည်ပရောက် ရွှေ
မြန်မာများ အများစုပေါ့ ....ပြည်တွင်းမှာတော့ လွတ်လွတ်လပ်လပ်၊ ဈေးသက်သက်သာ နဲ့ မသုံး
နိုင်ကြပါသေးဘူး...)  သုတေသနပြုထားတာလေးပါ....

တစ်နေ့ တာ လုံးမှာ တစ်ကမ္ဘာလုံးက ရှိသမျှလူတွေ သုံးလေသမျှ အင်တာနက်ကြီးရဲ့ အချက်အလက်
တွေပါတဲ့ ဗျာ....





A Day in the Internet (4 pics)

နေ့ စဉ်နဲ့ အမျှ ပို့ နေကြတဲ့ အီးမေးလ် တွေက စောင်ရေ... ၂၁၀ ဘီလီယံ တောင်ရှိတယ်ဆိုပဲ...
အမေရိကန် ပြည်ထောင်စု မှာ တစ်နှစ်လုံး ပို့ သမျှ ( စာတိုက်တွေကနေ ပို့ တာ ) စာတွေထက်
တောင် ပိုများပါတယ်တဲ့ ....
နာမည်ကျော် flickr ဆိုဒ် မှာ တင်တဲ့ ဓါတ်ပုံ အရေအတွက်က သုံးသန်းပါတဲ့ ....
အဲဒီပုံတွေကို print ထုတ်ပြီး ဓါတ်ပုံအယ်လ်ဘမ် ထဲကိုထည့် မယ်ဆိုယင် အယ်လ်ဘမ် ပေါင်း
သုံးသိန်း ခုနှစ်သောင်း ငါးထောင် လိုပါလိမ့် မယ်တဲ့ ....( တစ်နေ့ တာ တင်တဲ့ ဓါတ်ပုံနော်...)
ကိုပီတာဘလော့ ဂ် မှာတင်တဲ့ ပုံ ကနည်းနည်းလေးပါ...





A Day in the Internet (4 pics)



A Day in the Internet (4 pics)

နေ့ စဉ် မိုဘိုင်းလ် ဖုံးနဲ့ ပေးပို့ ပြောဆိုဆက်သွယ်တဲ့ ပမာဏက  ၄၃၃ သိန်း ၃ သောင်း ၉ ထောင်
၅ ရာ ၄၃ Gigabytes  ရှိပါတယ်တဲ့ ...
အဆိုပါသတင်းအချက်အလက်ပမာဏဟာ....

blue ray disc အချပ်ရေ.....  ၁.၇ သန်း...
ဒီဗီဒီ အချပ်ရေ......             ၉.၂ သန်း....
ဖလော်ပီဒစ်စ် လို့ ခေါ်တဲ့  အချပ်ရေ.... ၆၃.၉ ထရီလီယံ   သိုလှောင်ထားနိုင်ပါတယ်...

ကမ္ဘာနဲ့  အ၀ှမ်း မိုဘိုင်းလ် ဖုံးနဲ့ နေ့ စဉ်  ပြောဆိုဆက်သွယ်နေတဲ့ ကုန်ကျစားရိတ်က အမေရိကန်
ဒေါ်လာ ၁၄၅ သန်း ရှိပြီး...
အဲဒီအထဲက ဒေါ်လာ ၁၃ သန်းကတော့ နေ့ စဉ် မိုဘိုင်းလ် ဗီဒီယို ဂိမ်းတွေ ကြောင့် ကုန်ကျတာ
ဖြစ်ပါတယ်....






A Day in the Internet (4 pics)



နာမည်ကျော် facebook  အင်တာနက်စာမျက်နှာမှာ အသစ် စာရင်းသွင်းဝင်ရောက်ကြတဲ့ အဖွဲ့ 
ဝင်ပေါင်းက နေ့ စဉ် ၇ သိန်း ဖြစ်ပြီး အဲဒီအရေအတွက်ဟာ Guyana ကျွန်းရဲ့ လူဦးရေနဲ့ ညီမျှတဲ့ 
ပမာဏဖြစ်ပါတယ်...
အဲဒီ facebook မှာပဲ နေ့ စဉ် ၄၅ သန်းမျှသော အချက်အလက်အသစ်များ ရေးတင်ကြပြီး...
tweeter မှာ တော့  ၅ သန်း မျှ အသစ်တင်နေကြတာပါတဲ့ ....

မ ဘလော့ ဂ် ယင် မနေနိုင်တာကလွဲလို့   ..... ဆိုရအောင် ဘလော့ ဂ် addict  ( ဘလော့ ဂ်
အစွဲ အလမ်းကြီးသူတွေ ) ဖြစ်သူတွေနဲ့  ဘလော့ ဂ် ဂါတွေ ကလည်း နေ့ စဉ် ဘလော့ ဂ်ပို့ စ်
ပေါင်း ၉ သိန်း လောက် ရေးတင် / ကူးတင် နေကြပါတယ်တဲ့ ....
အဲဒီတစ်နေ့  တင်တဲ့ ဘလော့ ဂ်ပို့ စ်တွေကို နာမည်ကျော် နယူးယောက်တိုင်းစ် သတင်းစာမှာ
သာပုံနှိပ်ပြီးဖော်ပြရယင် ၁၉ နှစ်ကြာပါလိမ့် မယ်တဲ့ ဗျာ....

တစ်နေ့ တင်သမျှပို့ စ်သာ အကုန်ဖတ်ရယင် ၁၉ နှစ်တောင်ကြာသွားနိုင်တယ်နော်....

တော်ပြီဗျာ....
ဒီနေ့ ကစပြီး ပို့ စ်တွေကို ရက်ခြားပြီးတင်တော့ မယ်...






ရေသန့် ဗူးခွံများအကြောင်း...

Wednesday, December 16, 2009
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် သောက်သုံးနိုင်သည့် ရေကောင်းရေသန့် ရရှိရန် အပြင်းအထန် စူးစမ်းရှာကြံနေကြရချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့်အခြားသောနိုင်ငံများကတော့ ပလတ်စတစ်ပုလင်းများဖြင့် ထည့်သွင်းရောင်းချသည့် သောက်ရေသန့်ပုလင်းများအတွက် ငွေကြေးပေါင်း ဘီလီယံများစွာအကုန်ခံ၍ ထုတ်လုပ်သုံးစွဲနေကြသည်....

အမှန်တော့ အမေရိကန်အပါအ၀င် ထိုနိုင်ငံများတွင် အသင့်သောက်သုံးနိုင်သည့် ရေကောင်းရေသန့်များက အလွယ်တစ်ကူရှိပြီးသားပင်...

ဤသည်ကို ပလတ်စတစ်ပုလင်းများတွင်ထည့်ကာ တမင်သက်သက် စားရိတ်ကုန်သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်များတောင်လိုပုံရုံသာ....

ခေတ်အဆက်ဆက်က လမ်းဘေးရေအိုးစင်ကရေသာ သောက်သုံးလာသော ကျွန်
တော်တို့ ရွှေပြည်ကြီးသည်လည်း ဤနည်းနှင်နှင်...

အမှန်တော့ မလိုအပ်ပဲ သန့် ရှင်းမှုအဆင့် အတန်းမကွာခြားလှသော၊ (တစ်ကယ်တော့ ရေသန့်ဗူးထဲကရေများကပင် ပို၍ သန့်ရှင်းမှုအနေအထား နိမ့်ပါလိမ့်ဦးမည်...) ရေများအတွက် ငွေများအဆမတန်အကုန်အကျခံသလို ထုတ်လုပ်လိုက်သော ရေနံဓါတုပစ္စည်းအခြေခံသည့် ပလတ်စတစ်ပုလင်းခွံများ လုံးဝမြေသြဇာဖြစ်သည်အထိ ပြိုကွဲပျက်စီးဖို့ နှစ်ပေါင်း ၁၀၀၀ ကျော်ကြာမြင့် လေသည်မို့ ဤ ပလတ်စတစ်အန္တရယ်ကိုတော့ အောက်ဖော်ပြပါ ပုံကိုလစ်လုပ်ပုံကြီးချဲ့ကာဖတ်ရှုခြင်းဖြင့် သိသာနိုင်ပါပေပြီ....

ရိုးရိုးသောက်သုံးနိုင်သည့် ရေသန့် တစ်ဂါလံကုန်ကျစားရိတ်နှင့်  ပြုပြင်ဖန်တီးထားသည့် သောက်ရေသန့် ( အဲဒီလိုခေါ်နေကြတာပါပဲ...) တစ်ဂါလံတို့၏ကုန်ကျစားရိတ်ကား အဆပေါင်း တစ်သောင်းမျှကွာခြားလေရကား.....

( နည်းလျှင်တော့ မသိသာ....အရေအတွက်များလျှင်ကား....တွေးကြည့်ယုံဖြင် သိသာနိုင်ပါသည်....)




ဘယ်သူအမြန်ဆုံး၊ ဘယ်သူအနှေးဆုံးလည်း....

Saturday, November 14, 2009

Who’s the Fastest and Who’s the Slowest 

ဒါကတော့ ဗဟုသုတလေးပေါ့ ...

ကမ္ဘာပေါ်မှာဘယ်တိရိစ္ဆာကအပြေးအမြန်ဆုံးလည်း...

အနှေးဆုံးလည်းဆိုတာလေ....

အမြန်ဆုံးကတော့ ချီတာကျားသစ်ပါတဲ့ ...

အနှေးဆုံးကတော့ သိကြတဲ့ အတိုင်း ခရု၊ပက်ကျိပေါ့ ....

အကောင်အမျိုးမျိုးရဲ့ အမြန်ဆုံးပြေးနှုံးတွေကိုဖော်ပြပေးထား

လို့ ဗဟုသုတတော့ ရမှာပါ....

Would you like to know what land animals are the fastest in the world and those who move the slowest?
Then click on ‘see more’. It is really interesting, personally, I learned many new things for myself.