အင်တာနက်အကြောင်းသိကောင်းစရာ

Thursday, January 7, 2010





 အင်တာနက်အကြောင်း ....

ကျွန်တော်တို့ နေ့ စဉ်နီးပါးသုံးစွဲနေတဲ့ အင်တာနက်အကြောင်း ( အထူးသဖြင့် ပြည်ပရောက် ရွှေ
မြန်မာများ အများစုပေါ့ ....ပြည်တွင်းမှာတော့ လွတ်လွတ်လပ်လပ်၊ ဈေးသက်သက်သာ နဲ့ မသုံး
နိုင်ကြပါသေးဘူး...)  သုတေသနပြုထားတာလေးပါ....

တစ်နေ့ တာ လုံးမှာ တစ်ကမ္ဘာလုံးက ရှိသမျှလူတွေ သုံးလေသမျှ အင်တာနက်ကြီးရဲ့ အချက်အလက်
တွေပါတဲ့ ဗျာ....





A Day in the Internet (4 pics)

နေ့ စဉ်နဲ့ အမျှ ပို့ နေကြတဲ့ အီးမေးလ် တွေက စောင်ရေ... ၂၁၀ ဘီလီယံ တောင်ရှိတယ်ဆိုပဲ...
အမေရိကန် ပြည်ထောင်စု မှာ တစ်နှစ်လုံး ပို့ သမျှ ( စာတိုက်တွေကနေ ပို့ တာ ) စာတွေထက်
တောင် ပိုများပါတယ်တဲ့ ....
နာမည်ကျော် flickr ဆိုဒ် မှာ တင်တဲ့ ဓါတ်ပုံ အရေအတွက်က သုံးသန်းပါတဲ့ ....
အဲဒီပုံတွေကို print ထုတ်ပြီး ဓါတ်ပုံအယ်လ်ဘမ် ထဲကိုထည့် မယ်ဆိုယင် အယ်လ်ဘမ် ပေါင်း
သုံးသိန်း ခုနှစ်သောင်း ငါးထောင် လိုပါလိမ့် မယ်တဲ့ ....( တစ်နေ့ တာ တင်တဲ့ ဓါတ်ပုံနော်...)
ကိုပီတာဘလော့ ဂ် မှာတင်တဲ့ ပုံ ကနည်းနည်းလေးပါ...





A Day in the Internet (4 pics)



A Day in the Internet (4 pics)

နေ့ စဉ် မိုဘိုင်းလ် ဖုံးနဲ့ ပေးပို့ ပြောဆိုဆက်သွယ်တဲ့ ပမာဏက  ၄၃၃ သိန်း ၃ သောင်း ၉ ထောင်
၅ ရာ ၄၃ Gigabytes  ရှိပါတယ်တဲ့ ...
အဆိုပါသတင်းအချက်အလက်ပမာဏဟာ....

blue ray disc အချပ်ရေ.....  ၁.၇ သန်း...
ဒီဗီဒီ အချပ်ရေ......             ၉.၂ သန်း....
ဖလော်ပီဒစ်စ် လို့ ခေါ်တဲ့  အချပ်ရေ.... ၆၃.၉ ထရီလီယံ   သိုလှောင်ထားနိုင်ပါတယ်...

ကမ္ဘာနဲ့  အ၀ှမ်း မိုဘိုင်းလ် ဖုံးနဲ့ နေ့ စဉ်  ပြောဆိုဆက်သွယ်နေတဲ့ ကုန်ကျစားရိတ်က အမေရိကန်
ဒေါ်လာ ၁၄၅ သန်း ရှိပြီး...
အဲဒီအထဲက ဒေါ်လာ ၁၃ သန်းကတော့ နေ့ စဉ် မိုဘိုင်းလ် ဗီဒီယို ဂိမ်းတွေ ကြောင့် ကုန်ကျတာ
ဖြစ်ပါတယ်....






A Day in the Internet (4 pics)



နာမည်ကျော် facebook  အင်တာနက်စာမျက်နှာမှာ အသစ် စာရင်းသွင်းဝင်ရောက်ကြတဲ့ အဖွဲ့ 
ဝင်ပေါင်းက နေ့ စဉ် ၇ သိန်း ဖြစ်ပြီး အဲဒီအရေအတွက်ဟာ Guyana ကျွန်းရဲ့ လူဦးရေနဲ့ ညီမျှတဲ့ 
ပမာဏဖြစ်ပါတယ်...
အဲဒီ facebook မှာပဲ နေ့ စဉ် ၄၅ သန်းမျှသော အချက်အလက်အသစ်များ ရေးတင်ကြပြီး...
tweeter မှာ တော့  ၅ သန်း မျှ အသစ်တင်နေကြတာပါတဲ့ ....

မ ဘလော့ ဂ် ယင် မနေနိုင်တာကလွဲလို့   ..... ဆိုရအောင် ဘလော့ ဂ် addict  ( ဘလော့ ဂ်
အစွဲ အလမ်းကြီးသူတွေ ) ဖြစ်သူတွေနဲ့  ဘလော့ ဂ် ဂါတွေ ကလည်း နေ့ စဉ် ဘလော့ ဂ်ပို့ စ်
ပေါင်း ၉ သိန်း လောက် ရေးတင် / ကူးတင် နေကြပါတယ်တဲ့ ....
အဲဒီတစ်နေ့  တင်တဲ့ ဘလော့ ဂ်ပို့ စ်တွေကို နာမည်ကျော် နယူးယောက်တိုင်းစ် သတင်းစာမှာ
သာပုံနှိပ်ပြီးဖော်ပြရယင် ၁၉ နှစ်ကြာပါလိမ့် မယ်တဲ့ ဗျာ....

တစ်နေ့ တင်သမျှပို့ စ်သာ အကုန်ဖတ်ရယင် ၁၉ နှစ်တောင်ကြာသွားနိုင်တယ်နော်....

တော်ပြီဗျာ....
ဒီနေ့ ကစပြီး ပို့ စ်တွေကို ရက်ခြားပြီးတင်တော့ မယ်...






1 comments:

Anonymous said...

ဆိုင်တော့မဆိုင်ဘူး၊ဒါပေမဲ့ရေးလိုက်ပြီနော်။ကိုကြီးရေကိုယ့်blogမှာကိုယ်ကြိုက်တာတင်ခွင့်ရှိပါတယ်။ကိုယ်ကသူများblogမှာသွားပြီးရေးတာလည်းမဟုတ်ဘူး၊ပြီးတော့ကိုယ့်ဟာကိုယ်လုပ်ကြံရေးတာလည်းမဟုတ်ဘူး။အကိုးအကားနဲ့ပြောတာရေးတာ။သူများတွေလိုဘာသာရေးblogဆိုပြီးနာမည်တပ်ပြီးဒါတွေကိုသီးသန့်ရေးတာလည်းမဟုတ်ဘူး၊သုတရသစုံလင်အောင်ရေးတဲ့ကိုကြီးblogကိုအမြဲဖတ်ဖြစ်တယ်။ပြည်ပရောက်မြန်မာတွေ၊အထူးသဖြင့်မိန်းကလေးတွေမမှားသင့်တာမမှားရအောင်အမုန်းခံပြီးရေး
တာတွေလည်းတွေ့ရပါတယ်၊စေတနာကနေဝေဒနာဖြစ်တတ်တယ်တဲ့၊ညီမလေးမှာခံယူချက်တစ်ခုရှိတယ်၊"စေတနာသည်လူတိုင်းအတွက်မဟုတ်ပါ၊လူတိုင်းနှင့်တန်သည့်စေတနာပဲထားသည်"ကိုယ်လည်းခံရတာများလာတော့လူတွေအကြောင်းပိုသိလာတယ်။
nyiပြောသလို"ကျွန်တော်တို့ဘာသာ တစ်ကယ်ပြန့်ပွားစေချင်တယ်ဆိုရင် ဘာသာရေးနဲ့ ပက်သက်တဲ့ဆောင်းပါးတွေ ဗုဒ္ဓ၀င်တွေ များများတင်ပေးပါ..အကျိုးအများကြီးရှိပါတယ်..."ဟုတ်ပါတယ်၊ဒါပေမဲ့ဘာသာရေးနဲ့ ပက်သက်တဲ့ဆောင်းပါးတွေ ဗုဒ္ဓ၀င်တွေ ဆိုတာကိုယ့်ဘက်ကအရေးပဲရှိတယ်၊ခုပဲကြည့်ပါကိုပီတာပေးချင်တဲ့အရာတစ်ခုကိုဗုဒ္ဓဘာသာဝင်မြန်မာတစ်ယောက်ရဲ့ယူဆမှု့ကတစ်ခြားဖြစ်သွားတယ်။
ညီမလေးပြောချင်တာကကိုယ့်အချင်းချင်းတောင်ဒီလိုအတွေးမျိုးရှိရင်တခြားဘာသာဝင်များအတွေးကသာ၍ဆိုးပါလိမ့်မယ်။မှားပါများရင်အမှန်ဖြစ်ရော။်တခြားဘာသာဝင်များက
ဂေါတမကဒီလိုကြီးပါကွာလိုပြောပါများလာရင်မျိုးဆက်သစ်ဗုဒ္ဓဘာသာဝင်မြန်မာကလေးတွေကအမှန်လို့ထင်ကုန်မှာ။ကိုယ်တော်ချောကိုကျေးဇူးတင်တယ်၊သူမေးတဲ့မေးခွန်းတွေကိုညီမလေးတို့ပြန်ပြီရှင်းပြပေးရင်ပြီးရော။ဒါပေမဲ့နှစ်ဦးနှစ်ဖက်ညစ်ညမ်းစွာဆဲဆိုတာတော့မကြိုက်ဘူးဗျ။ကိုယ်တော်ချောသာမေးပုံမေးနည်းမှန်မယ်ဆိုရင်ညီမလေးယုံကြည်တယ်၊ဗုဒ္ဓဘာသာအကြောင်းကောင်းကောင်းရှင်းပြနိုင်မဲ့လူအများကြီးရှိပါတယ်။၊အမေးမတတ်တော့ဆဲသလိုဖြစ်သွားတော့လက်ရှောင်သွားကြတာပါအကိုရယ်။
နောက်တခုက"nyi: အကိုမွှေးတဲ့မီးက ဘာသာရေးစစ်ပွဲတွေ အထိ ဖြစ်သွားနိုင်တယ်နော်..."
debateတို့discussionတို့မလုပ်ရတော့ဘူးလား၊လူတွေရဲ့ခံယူချက်ပေါ်မှာပဲမူတည်ပါတယ်။စစ်ပွဲဖြစ်ချင်တဲ့လူကတော့တနည်းနည်းနဲ့ရှာကျန်ပြီးလုပ်မှာပဲ၊တခုပဲမေတ္တာရပ်ခံချင်တာdebateတို့discussionတို့လုပ်ချင်တယ်ဆိုရင်သက်ဆိုင်ရာwebsiteတွေမှာလုပ်ပေးကြပါ။အိမ်ရှင်ကတော့ဟင်းမျိုးစုံချက်မှာပေါ့၊ကိုယ်မကြိုက်တဲ့ဟင်းဆိုမစားပါနဲ့၊ကိုယ်မကြိုက်တဲ့ဟင်းတွေကြီးဘဲဆိုရင်တော့အဲဒီအိမ်ကိုသွားကိုမလည်ပါနဲ့တော့၊ညီမလေးကပညာသင်အဆင့်ပဲရှိပါတယ်၊
၊ခုပြောတာတွေမှာအမှားပါခဲ့မယ်ဆိုရင်ခွင့်လွှတ်ပေးပါနော်