Showing posts with label odd news : weird asia news. Show all posts
Showing posts with label odd news : weird asia news. Show all posts
Failed at Love? Take Two Days Off Work!
Saturday, December 5, 2009
အသည်းကွဲသလား...ဟုတ်စ....ခွင့် ယူစေ....
 Failed at Love? Take Two Days Off Work! picture
ချစ်မိတ်ဆွေ....
သင်အသည်းကွဲပြီးစိတ်ညစ်နေလို့ အလုပ်မှာအာရုံစူးစိုက်လို့ မရဖြစ်နေပါသလား....
စိတ်မညစ်ပါနဲ့ လေ၊ အသည်းကွဲတဲ့ ချစ်ညီအစ်ကိုရေ...
တရုတ်နိုင်ငံရှန်ဟိုင်းမြို့ အခြေစိုက်ကုမ္ပဏီတစ်ခုဟာ ယခုဆိုလျှင် အချစ်မြှားနတ်မောင်ရဲ့ နက်
ရှိုင်းစူးရှတဲ့ ဒဏ်ရာဒဏ်ချက်ကိုခံစားရသူ ၀န်ထမ်းတွေကို လစာမဖြတ်တဲ့ ယာယီရှောင်တခင်
ခွင့် ပေးမယ့် အချစ်ဒဏ်ကုစားခြင်းဆိုင်ရာ သက်သာချောင်ချိရေး အစီအစဉ်တစ်ခု စတင်နေ
ပြီဖြစ်ပါတယ်တဲ့ ....
ကြားသိခဲ့ ရတဲ့ အတွင်းသတင်းများအဆိုအရ အသည်းကွဲခဲ့ ရသူဝန်ထမ်းများအားလုံးနှစ်နှစ်
တစ်ကြိမ် လစာအပြည်နဲ့ ခွင့် နှစ်ရက်စီ ခံစားခွင့် ပြုမယ်လို့ ဆိုပါတယ်...( အသည်းကတော့
ခွင့် ခံစားချင်တဲ့ ဝန်ထမ်းအနေနဲ့  ကျွန်တော်/ ကျွန်မ ......သည် အချစ်ရေးတွင် ဆုံးရှုံးခဲ့ 
ရပါသည် လို့ ပုံစံရေးသားဖြည့် သွင်းပေးလိုက်တာနဲ့  သနားစရာ သင့် အတွက် အနားယူ
ခွင့် အလိုအလျောက် ကျရောက်လာမှာဖြစ်ပါတယ်...
ချစ်သူရည်းစားကိုဆုံးရှုံးလို့ အသည်းကွဲရသူအတွက် နှစ်ရက်တာဆိုတဲ့ အချိန်ကာလဟာဖြင့် 
ဖြေဆည်ရာရဖို့ အတွက်အချိန်ပမာဏလုံလောက်တဲ့ အပြင်ပိုတောင်ပိုနိုင်ပါသေးတယ်တဲ့ ...
အကယ်၍များ ကွာရှင်းပြတ်စဲခဲ့ ကြရတယ်ဆိုယင်ဖြင့် ခွင့် သုံးရက်ကြီးများတောင် ခံစားနား
နေနိုင်ပါတယ်ဆိုပဲ....( သြော် ....အသည်းကွဲတာတောင်မှ အချိန်အကန့် အသတ်နဲ့ ပ
ပျောက်အောင်နေရမယ့် သဘောပေါ့ နော်....လင်မယားကွဲတာဆိုလည်း သုံးရက်အတွင်း
နဂိုမူလအဖြစ်၊ ဥုံဖွ လုပ်ရမယ်ပေါ့ ....)
ယခုအချိန်အထိတော့ ထိုကုမ္ပဏီမှ မည်သည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မျှ ထိုအခွင့် အရေး
ကို ရယူခံစားခြင်းမရှိသေးပေမယ့် ရှန်ဟိုင်းတက္ကသိုလ်မှ ပါမောက္ခ Gu Jun  ကတော့   အခု
အသစ်ဖန်တီးလိုက်တဲ့ အစီအစဉ်ဟာ အလွန်ကိုအကျိုးရှိမယ်လို့ ယုံကြည်နေပါတယ်...
” အခုလို လစာအပြည့် နဲ့ ခွင့် ခံစားမှုပေးတာဟာ လုပ်ငန်းခွင်အတွင်းပိုမိုကောင်းမွန်တဲ့ ပတ်
ဝန်းကျင်အခြေအနေကိုဖြစ်လာစေမှာဖြစ်ပါတယ်...လုပ်ခ၊ လစာနှုံးထားမြင့် မားသလို၊ သက်
တွေလာရောက်လုပ်ကိုင်စေဖို့ ဆွဲဆောင်မှုတစ်ခု ဖြစ်စေပါတယ်...” လို့ သူကဆိုပါတယ်....
ထပ်မံလေ့ လာချက်များအရ ရှေးရိုးအစဉ်အလာမဟုတ်တဲ့ အဆိုပါနည်းစနစ်ကို ကျင့် သုံး
ခဲ့ တာ တရုတ်ပြည်က အဆိုပါကုမ္ပဏီက အစဆုံးမဟုတ်ပဲ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက်
အမျိုးသမီးဝန်ထမ်းများသာခန့် အပ်ထားတဲ့  Hime & Company အလှပြင်ပစ္စည်းဖြန့် ချီ
ရေးကုမ္ပဏီက စတင်ခဲ့ တယ်လို့ ဆိုပါတယ်...
ထိုဂျပန်ကုမ္ပဏီမှာတော့ အသက် ၂၉နှစ်နဲ့ ငယ်ရွယ်သူများအနေဖြင့် တစ်နှစ်လျှင် တစ်ရက်
မှ နှစ်ရက်အထိ အသည်းကွဲ ခံစားခွင့် ရပြီး၊ အသက်ကြီးသူများကတော့ သုံးရက်အထိရကြ
လေ့ ရှိပါတယ်...
အသက်နှစ်ဆယ်ကျော်တွေအနေနဲ့  အချစ်သစ်ကိုအမြန်ဆုံးရှာတွေ့ နိုင်ကြပြီး အသက် ၃၀
ကျော် မမတွေအတွက်တော့ မလွယ်ကူတော့ ပါဘူး...ပြီးတော့ သူတို့ တွေအနေနဲ့ ချစ်သူ
ရည်းစားနဲ့ ပြတ်စဲကြပျြီဆိုယင်လည်း အပြင်းအထန်ခံစားကြရပါတယ် လို့ ဂျပန်ကုမ္ပဏီရဲ့ 
အမှုဆောင်အရာရှိချူပ် Miki Hiradate  ကရှင်းပြခဲ့ ပါတယ်...
ဒူဘိုင်းမှာလည်းဒီလိုအစီအစဉ်ရှိယင်ကောင်းမယ်ထင်တယ်နော်...
ဟဲဟဲ ...ကျွန်တော့် အတွက်တော့ မဟုတ်ပါဘူးဗျာ....
မူရင်းကတော့ ဒီလိုပါဗျာ...
Does love have you so down that you are unable to concentrate at work? Fear not, my heartbroken brethren. A company based out of Shanghai now provides a love-based welfare program that allows employees temporary paid leave if they fall prey to the painfully sharp arrow of Cupid.
According to an inside source, all employees are guaranteed two days of paid leave once every two years. All an employee must do is mention that he or she has “failed at love,” after which it’s time for vacation, baby.
The premise behind this whole fiasco is that two days is plenty of time to come to terms with the loss of love. And in the case of a divorce, staff members are afforded a whopping THREE DAYS of paid leave instead.
Although nobody at the company has yet to take advantage of this lucrative opportunity, professor Gu Jun from Shanghai University is confident that the new-found system will eventually prove worthwhile: “The paid leave creates a warm working environment. Compared to a high salary, a comfortable working environment is more attractive for us.”
Further research revealed that the first company to ever initiate such an unorthodox methodology was in fact Hime & Company, a Tokyo-based cosmetics marketing firm staffed with just women.
Women 29 or younger are allotted one to two days per year, whereas the company cougars are afforded a maximum of three.
CEO Miki Hiradate explains: “Women in their 20s can find their next love quickly, but it’s tougher for women in their 30s, and their break-ups tend to be more serious.”
တံခါးမရှိ၊သော့ မခတ်တဲ့ ရွာ.... Shri Shanidev: The Doorless Village
Wednesday, September 16, 2009
တံခါးမရှိ၊သော့ မခတ်တဲ့ ရွာ.... 
Shri Shanidev: The Doorless Village
အံ့ သြဖွယ်နတ်ဘုရားကိုယ်ပွားကျောက်တုံး
အိန္ဒိယနိုင်ငံ၊မဟာရာရှတ္တရာ ပြည်နယ်မှ ရှာနီရှင်နာ.ဂ်ပူရ်ရွာကလေးမှရွာသူရွာသားများသည်သူတို့ ၏ရွာ
ကိုသူတို့ ကိုးကွယ်သည့် နတ်ဘုရားကစောင့် ရှောက်ကာကွယ်နေသည့် ဟုအခိုင်အမာယုံကြည်သည့် အ
တွက်ရွာထဲရှိအိမ်တိုင်းတွင်တံခါးပေါက်၊ပြတင်းပေါက်တခါးများနှင့် ယုတ်စွအဆုံးသော့ များကိုပင်အသုံးမ
ပြုကြကြောင်းသိရသည်...
သူတို့ ဟာဟိန္ဒူစနေဂြိုလ်နတ်မင်း ရှရီရှာနီဒေ့ ဗ် ကို အလုံးစုံကိုးစားယုံကြည်သည့် အတွက်ရွာအတွင်းတွင်
ပြတင်းပေါက်နှင့် တံခါးမင်းတုံး၊တံခါးချက်များကိုပင်လုံးဝအသုံးပြုခွင့် မပေးပေ....
လွန်ခဲ့ သောနှစ်ပေါင်း ၁၅၀ ခန့် မှစ၍ဤနတ်မင်းကိုကိုးကွယ်ခဲ့ သည်မှယခုအချိန်အထိရွာသားမည်သူတစ်
ဦးတစ်ယောက်၏အိမ်မျှဖောက်ထွင်းခိုးယူခံရခြင်းမရှိခဲ့ ဟုဆိုပါသည်....
ခိုးယူခဲ့ ပေမယ့် ထိုပစ္စည်းများအားလုံးကိုပြန်လည်လာရောက်ထားသွားရန်နတ်မင်းကစွမ်းဆောင်ပေးခဲ့ 
တယ်လို့ ဆိုကြပါတယ်...
လွန်ခဲ့ တဲ့  ၂၀၀၄ ခုနှစ်ကတည်းကရွာသူကြီးအဖြစ်တာဝန်ယူခဲ့ တဲ့ အမျိုးသမီးကြီးကတော့ ”  ကျွန်မ
တို့ ရွာမှာလုယက်ခိုးယူမှုတွေလုံးဝမရှိပါဘူး....တစ်ကယ်လို့ တစ်စုံတစ်ယောက်ကအဲဒီလိုလုပ်ခဲ့ မယ်
ဆိုယင်လည်းအဲဒီလူဟာမျက်စေ့ တွေကွယ်ကုန်ပြီးသူကျူးလွန်ခဲ့ တာကိုဝန်မခံမခြင်းဒီရွာကနေဘယ်
လုံခြုံစိတ်ချရတဲ့ ရွာပိုင်ဘဏ်အဆောက်အဦမှာအားလုံးအပ်နှံထားကြပါတယ်....”  ပြောဆိုခဲ့ ပါတယ်...
သူတို့ ကိုးကွယ်တဲ့ နတ်မင်းအထိန်းအမှတ်ရုပ်ထုကတော့ အမြင့်  ၅ ပေလောက်ရှိတဲ့ အနက်ရောင်
ကျောက်တုံးတစ်ခုဖြစ်ပါတယ်...
ဒေသခံရွာသားများရဲ့ အဆိုအရလွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကရေကြီးမှုအပြီးမှာအပျက်အစီးအဆောက်
အဦးတွေကြားထဲကနေထိုကျောက်တုံးကိုတွေ့ ရှိခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်..
သူတို့ ဟာကျောက်တုံးရဲ့ ထူးခြားတဲ့ စာသားနဲ့ ပုံသဏ္ဍာန်ကြောင့် အံ့ သြခဲ့ ရပြီးအဲဒီတုံးကကျောက်တုံး
ကိုတုတ်အရှည်တွေနဲ့ တွန်းထိုးပြီးရွေ့ တဲ့ အခါကျောက်တုံးမှသွေးတွေစီးကြခဲ့ လို့ ပိုမိုအံ့ သြတုန်လှုပ်
ခဲ့ ကြရပါတယ်တဲ့ .....
အစပိုင်းတော့ လူတွေဟာမကောင်းဆိုးဝါးတစ်ခုသဖွယ်ကျောက်တုံးကိုကြောက်ရွံ့ ခဲ့ ကြပေမယ့် နောက်
အဲဒီနောက်တော့ အဲဒီနတ်ဘုရားကိုယ်ပွားကျောက်တုံးကိုအမိုးအကာမဲ့ ကျောင်းတော်အဖြစ်ဆောက်
လုပ်ပူဇော်ဖို့ ဆက်ပြီးအိပ်မက်တွေပေးခဲ့ တယ်လို့ ဆိုကြပါတယ်...
နတ်ဘုရားကသူ့ ရုပ်တုကိုအမိုးအကာမဲ့ နေစေချင်သလိုရွာသားတွေကလည်းလိုက်ပြီးအတုယူကာသူ
တို့ အိမ်တွေကိုပြတင်းပေါက်၊တံခါးပေါက်များမတပ်ဆင်ပဲနေထိုင်ကြပါတော့ တယ်....အဲဒီလိုနေခြင်း
အားဖြင့် သူတို့ ဟာနတ်ဘုရားအလိုကျ၊နတ်ဘုရားနဲ့ နီးစပ်စွာနေထိုင်ကြတယ်လို့ ယုံကြည်ယူဆကြ
ပါတယ်.....
အဲဒီအပြင်သူတို့ နဲ့ နတ်ဘုရားအကြားမှာကြားခံရွတ်ဖတ်ပူဇော်ပေးမယ့် နတ်ဆရာ၊ဘုန်းကြီးလည်း
မလိုအပ်တော့ ပါဘူးတဲ့ ....ဒါပေမယ့် ကန့် သတ်ချက်တစ်ခုကတော့ ရှိပါတယ်....အမျိုးသမီးတွေက
တော့ နတ်ဘုရားရုပ်ထုအနားကိုမကပ်ရပါဘူး...သူတို့ အနေနဲ့ ဝတ်ပြုပူဇော်ချင်ယင်ခပ်လှမ်းလှမ်းက
နေသာပူဇော်ရပါမယ်တဲ့ ....
သို့ သော်အခုလိုအမျိုးသမီးတွေကိုခွဲခြားဆက်ဆံပေမယ့် ယောကျာင်္း၊မိန်းမမရွေးလူအားလုံးဟာနတ်
ဘုရားကိုကိုးကွယ်ယုံကြည်နေကြတာပါပဲ....
တစ်ကယ်တော့ အဲဒီနတ်ကျောင်းတော်ဟာအဲဒီဒေသတစ်ဝိုက်မှာတော့ နာမည်အကျော်ကြားဆုံးဆို
ယင်မမှားပါဘူး......
မူရင်းလေးလဲဖတ်နိုင်ပါတယ်....
Shani Shingnapur is a small village in Maharashtra, India that has been depending on their deity for crime prevention measures and thus, has so far avoided using doors, windows or even locks.Such is their faith in Shri Shanidev (Hindu God of Saturn), that they unofficially ban people from having normal safety mechanisms like latches, windows and doors.
The people of the town claim that ever since the deity’s idol was set up in the village around 150 years ago, no one has experienced theft or any such grievances.
However, there is some discrepancy about the exact nature and number of crime instances.
Many point out that there has not been a theft in their time, while others note that thieves are always attempting to rob them but that their deity always sends the items back to them.
On the other hand, the village chief from 2004 was forthcoming about crime deterrence factors in Shani Shinhnapur.
According to her, “There have been no robberies in the village. When someone has tried they have gone blind and unless they confessed they were unable to leave the village.”
She did however end the account with this statement: “We keep our money in banks that have been built outside the village”.
As for the idol in question, it is a tall black rock that stands at approximately 5 feet.
Locals state that, years ago, villagers found this rock amongst the debris brought by a bad flood. They were mystified by its texture and overall look and were even more surprised to find that the rock bled after being poked and probed with sticks.
Initial fear of the black stone gave way to wonder when people started having dreams that linked it to Lord Shani. Soon they received instructions through their dreams to construct an open-roof shrine for this earthly representation of their deity.
The roofless feature was followed by the doorless village concept, both of which emphasized the close bond between Lord Shani and his people.
Their rituals also followed this basic idea where pilgrims and patrons did not require the help of a priest for darshans (prayers).
However, there are some limits in this special relationship. The deity has placed a restraining order of sorts against women and thus, they can only worship him from afar.
Nonetheless, the shrine and the quirky details of its surrounds are accepted by men and women alike.
In fact, this religious structure is one of the most popular temples in the country.